← Chapters

ဘော့စ်လင်း...ခင်များလည်း ရောက်နေတာလား...

Vol. 4 Ch. 55

ဘော့စ်လင်း...ခင်များလည်း ရောက်နေတာလား...

Vol. 4 Ch. 55

"ဒါ....."

ရှရှင်းယွီလည်း ကြောင်အသွားပြီး ရှင်းပြဖို့ရာ စကားရှာမရ ဖြစ်နေ၏။

လင်းရီတို့ နှစ်ဦးလုံးမှာ ချမ်းသာသော ဒုတိယမျိုးဆက် သခင်လေးများ ဖြစ်ကြသော်လည်း ဒုတိမျိုးဆက်များကို အဆင့်အတန်းခွဲခြားထားသည်။

သခင်လေးချင်းကတော့ ကျိုးဟိုင်တွင် ထိပ်တန်းအဆင့်ဖြစ်ပြီး လူအနည်းငယ်သာလျင် သူနှင့် အဆင့်အတန်းချင်း ယှဉ်နိုင်၏။

သူမရဲ့ အစ်ကိုရီက ယွမ်သန်းနှစ်ဆယ်ကျော် ပြိုင်ကားကြီး စီးနိုင်လျင်တောင် သခင်လေးချင်းနှင့် ယှဉ်၍ ရမည် မဟုတ်ပေ။

"ဒါက မင်းတို့ကောင်တွေ နဲ့ ဘာမှ မဆိုင်ပါဘူး...ငါက ဒီတိုင်း အဲ့ကောင်က ဘယ်လောက်တောင် ဂုဏ်ရှိန်ဝါ ကြီးနေလဲဆိုတာ မြင်ချင်လို့..."

"ဟင့်..."

ရန်ကျစ်ရွှမ်း နှာမှုတ်လိုက်ပြီး "တောထဲမှာ ငှက်ပေါင်းစုံ ရှိတာမဆန်းဘူး..နင်က အိပ်ကပ်ထဲမှာ နှစ်ပဲခြောက်ပြားလောက် ရှိတာနဲ့ မောက်မာလို့ရပြီ ထင်နေတယ်ပေါ့...."

"အဲ့တာဆိုလည်း သူ့ကို သွားမေးလိုက်လေ...ငါကပဲ မောက်မာနေတာလား..အဲ့ကောင်ကပဲ မောက်မာနေတာလားလို့..."

လင်းရီ နောက်သို့ လှည့်လိုက်ပြီး "လာ...ရှင်းယွီ...မင်းတို့နှစ်ယောက် ငါနဲ့ လိုက်ခဲ့..."

ရှရှင်းယွီနှင့် စွန်းရန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး "ရှင်းယွီ ..နင်ခေါ်လာတဲ့သူက တကယ်ပဲ ငါတို့ကို အထဲ ခေါ်သွားပေးနိုင်ပါ့မလား..."

"ညီ...ညီမလည်း ‌ေ-သတော့ ‌မသေချာဘူး....ဒါပေမယ့်..အစ်ကိုရီကလည်း သာမညောင်ည လူစားမျိုးတော့ မဟုတ်ဘူး..."

"အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ...ငါတို့ သူ့နောက် လိုက်သွားကြမလား..."

စွန်းရန် ဆုံးဖြတ်ရ ခက်ခဲနေ၏။။

သခင်လေးချင်း၏ နောက်ခံနှင့် ဆိုပါက သူတို့ ရန်ကျစ်ရွှမ်းကို လုံး၀ စော်ကား၍ မရပေ။

တကယ်လို့ ငါသာ ၀င်သွားမယ်ဆိုရင် သခင်လေးချင်းကို သေချာပေါက် စိတ်မပျော်ရွင်အောင် လုပ်မိမှာပဲ ...

အဲ့လိုသာဖြစ်သွားလို့ကတော့ နောက်ဆို ငါ စထွင်မာအသိုင်းဝိုင်းမှာ ခက်ခဲဖို့ အလားအလာများတယ်...

"သွားစို့.."

ရှရှင်းယွီ အသက်ပြင်းပြင်း ရှူလိုက်ပြီး "အစ်ကိုကြီးရီနဲ့သာဆိုရင် ဓားတောင်ကိုပဲ ကျော်ရကျော်ရ..မီးပင်လယ်ကိုပဲ ဖြတ်ရဖြတ်ရ ညီမတော့ သွားမှာပဲ..."

"ပြဿနာမရှိတာ သေချာလို့လား...."

"ညီမလည်း ဘယ်သိမှာ အစ်ကိုရီ ပြောတာတော့ အဆင်ပြေတယ်တဲ့...ညီမတော့ အစ်ကိုရီကို ယုံတယ်..."

"ကောင်းပြီလေ...ငါလည်း သူ့ကို ယုံလိုက်မယ်..."

လင်းရီတို့၀င်လာသည်ကို မြင်သောအခါ ရန်ကျစ်ရွှမ်း

စိုက်ကြည့်လိုက်ပြီး "နင်တို့ကို သတိမပေးဘူးလို့မပြောနဲ့နော်...နောက်ကျမှ မောင်းထုတ်ခံရမှ အရှက်တွေ ကွဲနေဦးမယ်..."

"အစ်မရွှမ်..ဒီလို အရှုံးသမားတွေနဲ့ အဖက်လုပ်ပြီး စကားပြောမနေပါနဲ့..ညီမတို့လည်း သွားကြစို့..သူတို့ မောင်းထုတ်ခံရတဲ့အချိန်ကျရင် မှတ်တမ်းတင်ထားပြီး လိုက်လွင့်တဲ့ အချိန်ကျ ပြရမှာ...ဟီးဟီး အဲ့ဗွီဒီယိုကတော့ သေချာပေါက် ပေါက်တော့မှာပဲ..."

"အင်း..နင်ပြောတာ အဓိပ္ပာယ်ရှိတယ် ၀င်သွားကြစို့..."

ပြေးလမ်းထဲသို့ ၀င်ရောက်ပြီးနောက် အုပ်စု နှစ်ခုမှာ ကိုယ်စီ ခွဲသွားကြသည်။

"ဘုရားရေ..ပြေးလမ်းကြီးက အကျယ်ကြီးဟ..."

၀င်ရောက်ပြီးနောက် ရှရှင်းယွီမနေနိုင်ပဲ အံ့သြတကြီး ရေရွတ်မိလိုက်၏။

"ဒါက ကမ္ဘာ့အကြီးဆုံး ပြေးလမ်းတွေထဲက တစ်ခုလေ...တကယ်လို့ငါသာ ဒီမှာ ပြိုင်ပွဲ တစ်ခါလောက် လာကြည့်ခွင့်ရလို့ရှိရင် နောင်တမရှိပဲ ‌ေ-သနိုင်ပါပြီ..."စွန်းရန် ပြောလိုက်သည်။

"ညီမအထင်တော့ ဒီနေ့ လိုက်လွင့်ရင် သေချာပေါက် ပွဲဆူသွားတော့မှာပဲ..၀မ်းနည်းဖို့ ကောင်းတာက ခုလောလောဆယ် ပြိုင်တဲ့သူတွေ မရှိသေးတာပဲ..မဟုတ်ရင် ပိုပြီး မိုက်သွားမှာ"

"ငါတို့ ၀င်လို့ ရတာကိုပဲ ဟုတ်လှပြီ...အဲ့လောက်နဲ့ပဲ ကျေနပ်လိုက်တော့..."စွန်းရန် ပြောလိုက်၏။

"ရှင်းယွီ...မင်းတို့ မြန်မြန် လိုက်လွင့်ဖို့ ပစ္စည်းတွေ နေရာချတော့လေ...."

ရှရှင်းယွီ အနည်းငယ် စိုးရိမ်နေပြီး "အစ်ကိုရီ ဒီလိုလုပ်လို့ ပြဿနာမရှိဘူးဆိုတာ သေချာလို့လား..."

"စိတ်ငြိမ်ငြိမ်ထားစမ်းပါ...မင်းတို့ နဂိုအစီအစဉ်အတိုင်းပဲ လုပ်ကြ..ငါရှိနေရင် ဘယ်ကောင်မှ မင်းတို့ကို မောင်းမထုတ်စေရဘူး..."

"ကျေးဇူးပါနော်..အစ်ကိုရီ..."

လင်းရီ ထိုင်ခုံပေါ်၌ ထိုင်၍ ကျိုးဟိုင်ထောင်ကို ဖုန်းခေါ်ရန် ဟန်ပြင်လိုက်သည်။

ကျိုးဟိုင်ထောင်ကဲ့သို့သော သူမျိုးသာလျင် ရန်ကျစ်ရွမ်းကို ကိုင်တွယ်နိုင်လိမ့်မည်။

သို့သော်လည်း သူဖုန်းကို ခေါ်တော့မည့်အချိန်တွင် မနီးမဝေးမှ လူအချို့ လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။

လူနှစ်ဆယ်ကျော်လောက် ရှိပြီး သူမျက်နှာ ရင်းနှီးနေသော သူများလည်း ပါ၀င်ပေသည်။

ရန်ကျစ်ရွမ်းအပြင် ကျိုးဟိုင်ထောင်နှင့် ချင်းဟန်တို့မှာ အချင်းချင်းတီးတိုး ပြောနေကြပြီး သူတို့ ဘာပြောနေကြလဲဆို‌တာ‌ကိုတော့ မည်သူမျှ မသိပေ။

ချင်းဟန်နှင့် ကျိုးဟိုင်ထောင် ရောက်လာသည်ကို မြင်သောအခါ လင်းရီ ပြုံးလိုက်ပြီး ဖုန်းကို ဘေးသို့ ဖယ်လိုက်၏။

သူတို့ ဒီရောက်နေမှတော့ သူလည်း ဖုန်းခေါ်စရာ မလိုတော့ပေ။

"ရှင်းယွီ..ဟိုမှာ သခင်လေးချင်းနဲ့ ရန်ကျစ်ရွှမ်း..."

စွန်းရန် ထိတ်လန့်နေသည့် လေသံဖြင့် ပြောလိုက်သည်။

လိုက်လွင့်ဖို့ ပစ္စည်းများ ပြင်ဆင် နေသော ရှရှင်းယွင်မှာ စွန်းရန် ညွှန်ပြသော နေရာသို့ လှမ်းကြည့်လိုက်သည်။

အမှန်တကယ်ပင်။ ကြီးမားသော လူအုပ်ကြီး တစ်အုပ် သူမတို့ရှိသော နေရာသို့ လျှောက်လာခဲ့၏။

"အစ်...အစ်ကိုရီ...."

ရှရှင်းယွီ ‌လင်းရီ ဘေးနား ပြေးရပ်လိုက်ပြီး "သခင်လေးချင်းနဲ့ ရန်ကျစ်ရွှမ်းတို့ကဟိုမှာလာနေပြီ...ညီမတို့ ဘာလုပ်ကြမလဲ..."

"လာပလေ့စေပေါ့...ဘာတွေ စိုးထိတ်နေတာ...ကိုယ့်အလုပ်ကိုယ်သာ အေးဆေးလုပ်...."

"ဒါပေမယ့် သခင်လေးချင်းက ဒီက ပိုင်ရှင်နဲ့ ဆက်ဆံရေးကောင်းတွေ ရှိလောက်တယ်..ဖြစ်နိုင်တာက သူတို့...."

"ချင်းဟန်လည်း ဒီနေရာမှာ ဘာမှ အသုံးမ၀င်ဘူး...ဘာမှ စိတ်ပူစရာမနေနဲ့...ညီမလုပ်ရမယ့်ဟာသာ အေးဆေးလုပ်နေလိုက်..."လင်းရီ အေးဆေး ပြောလိုက်သည်။

"ဟုတ်..ဟုတ်ကဲ့ ဒါဆိုလည်း အစ်ကိုရီကိုပဲ အားကိုးလိုက်မယ်နော်...."

လင်းရီ ထို့ပြောလိုက်သော်လည်း ရှရှင်းယွီမှာ စိုးရိမ်နေတုန်းပင်။ သူမနောက်ထပ် ဘာပစ္စည်းကိုမျှ ပြင်ဆင်မနေတော့ချေ။

တစ်ချိန်တည်းတွင် ရန်ကျစ်ရွှမ်း၊ချင်းဟန်နှင့် ကျန်သူတို့ လင်းရီထံ လျှောက်လာခဲ့သည်။

"သခင်လေးချင်း...ကျွန်မကပဲ ဒီနေ့ လိုက်လွင့်ရမယ့်သူ ဖြစ်သင့်တာမလား..ဒါပေမယ့် အဲ့ဒီ တခြား နှစ်ယောက်ကလည်း အတင်း၀င်လာပြီး သူတို့လဲ လိုက်လွင့်မယ် လုပ်နေလို့... အဲ့တာ ဖြေရှင်းပေးရမှာနော်..."

ချင်းဟန် ခေါင်းမေ့ာ၍ မနီးမဝေးရှိ ရှရှင်းယွင်နှင့် စွန်းရန်တို့ကို ကြည့်လိုက်သည်။

"အဲ့နှစ်ယောက်က တခြား စထွင်မာ နှစ်ယောက် မလား..."ချင်းဟန် မေးလိုက်၏။

"ဟုတ်တယ်...သူတို့ပဲ...."

"ဒီနေ့ တစ်ယောက်ပဲ တိုက်ရိုက်ထုတ်လွင့်ပိုင်ခွင့် ရှိ‌တယ်လို့ မင်းမပြောပြလိုက်ဘူးလား...."

"ကျွန်မလည်း ပြောတာပဲ..ဒါပေမယ့် ရှရှင်းယွင်နဲ့ အတူလာတဲ့သူက သူတို့နှစ်ယောက်ကို ခေါ်ပြီး အထဲတောင် ၀င်လာလိုက်သေးတယ်...ပြီးတော့ မောက်မာတာလည်းလွန်ရော..ကျွန်မစကားကို အလေးတောင်မထားဘူး သူက....."ရန်ကျစ်ရွှမ်း ပြောလိုက်သည်။

"သူကပြောသေးတယ်...သခင်လေးချင်းမှာ ဘာအခွင့်အာဏာတွေရှိလို့ ကျွန်မကို တစ်ယောက်ထဲ ထုတ်လွင့်ပိုင်ခွင့်ပေးရတာလဲဆိုပြီးတော့တောင် ပြောလိုက်သေး...."

ချင်းဟန် ရယ်မောလိုက်ပြီး "စိတ်၀င်စားဖို့တော့ ကောင်းနေပြီ...ကျိုးဟိုင် တစ်မြို့လုံးမှာ ငါ့ကို မျက်နှာသာ မပေးရဲတဲ့သူဆိုတာ အတော်ရှားတယ်..."

"သခင်လေးချင်း...စိတ်လျှော့ပါ...ကျုပ်အဲ့ကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ်..."ကျိုးဟိုင်ထောင် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟူး...အဲ့တာဆိုလည်း ခင်များကို ဒုက္ခပေးရတော့မှာပဲ...."

"ခင်များက ဒီနေရာမှာ မန်နေဂျာဆိုတော့ ခင်များရဲ့စကားလုံးတွေက ကျုပ်ထက်ပိုပြီး ဩဇာကြီးတယ်..ဒါပေမယ့် ကျုပ်ကိုတောင် မျက်နှာ‌သာ မပေးတဲ့သူဆိုတော့ ကိုင်တွယ်ရ သိပ်လွယ်ကူမှာ မဟုတ်ဘူး..ဒီတော့ ကျုပ်ကိုယ်တိုင်သွားပြီး ဘယ်သူက အဲ့လောက်ထိ သတ္တိရှိလဲဆိုတာ ကြည့်လိုက်ဦးမယ်...."

"ကျုပ်လည်း အဲ့အတိုင်းပဲ တွေးထားတာ..ဒီနေ့ခေတ် သူဌေးသားလေးတွေက သူတို့အိပ်ကပ်ထဲမှာ ပိုက်ဆံလေးနည်းနည်းရှိတာနဲ့ ရှိုးပြချင်နေကြတာ...ဘယ်သူက သခင် ဘယ်သူက အစေခံလဲဆိုတာ သေချာသိအောင် ‌သင်ပြပေးဖို့တော့ လိုနေပြီ..."

ချင်းဟန် သူ၏ လက်မောင်းအကြီးကြီးကို ဆန့်ထုတ်လိုက်ပြီး ရန်ကျစ်ရွှမ်း၏ ခါးကိုဖက်ကာ စွန်းရန်နှင့် ရှရှင်းယွီတို့ထံ လျှောက်သွားလိုက်သည်။

"မင်းတို့နှစ်ယောက်....ဘယ်သူက ပေး၀င်လိုက်တာလဲ..."ချင်းဟန် အသံနိမ့်လိုက်ပြီး "ဒီနေ့ ထုတ်လွင့်ခွင့်က တစ်ယောက်ပဲ ရမယ်ဆိုတာ မင်းတို့ မသိဘူးလားကွ...."

ချင်းဟန်၏ အေးစက်သော မျက်နှာ‌ထားကို ကြုံတွေ့သောအခါ စွန်းရန် ကြောက်လန့်၍ တုန်လှုပ်လာတော့သည်။

ချင်းဟန်ကဲ့သို့သော ဒုတိယမျိုးဆက် သခင်လေးမှာ သူအပြစ်ပြုနိုင်သော သူမျိုး မဟုတ်ချေ။

ရှရှင်းယွီလည်း အနည်းငယ် ကြောက်‌လန့်လို့နေ၏။

သူမ ချင်းဟန်၏ ကြီးမြတ်သော နာမည်ကို ကြားဖူးသော်လည်း ယခုကို ကိုယ်တိုင်ဆုံရသည်ကတော့ ပထမဆုံးအကြိမ်ပင်။

သူ၏ အော်ရာမှာ အရမ်းကို သန်မာလိမ့်မည်လို့တော့ ရှင်းယွီ မျှော်လင့်မထားခဲ့ချေ။

ကြောက်ဖို့ကောင်းလိုက်တာ အမေရေ.....

"ဘာတွေ လျှောက်အော်နေတာလဲကွ...သူတို့ကို ငါပေး၀င်လိုက်တာ..."

ချင်းဟန်နှင့် ကျန်သူများ ပွဲကြည့်ခုံနားတွင် တစ်ယောက်ယောက်ပြောသံကြားသည်ကို မြင်သောအခါ လှည့်ကြည့်မိလိုက်ကြသည်။

လင်းရီပါလားဟ....

"သခင်လေးချင်း...သူပေါ့..."

ရန်ကျစ်ရွှမ်း လင်းရီ ကို လက်ညိုးထိုးလိုက်ပြီး "သူပေါ့...ခုလေးတင် တအား ထောင်လွှားနေတာ...ရှင့်ကိုတောင် တစ်စက်ကလေးမှ ခေါင်းထဲ ထည့်တာ မဟုတ်ဘူး....ရုပ်ရည်လေး နည်းနည်း ရှိတာနဲ့ မြင့်မြတ်သွားပြီး လူတိုင်းက ရိုအသေပေးရမယ်များ မှတ်နေလား မသိဘူး...သူက သခင်လေးချင်းရဲ့ အဆင့်အတန်းကိုတောင် ဂရုမစိုက်ဘူးနော်..."

ရှရှင်းယွီနှင့် စွန်းရန်တို့ နှစ်ဦးစလုံး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားကြသည်။

သွားပြီ....အစ်ကိုကြီးရီကတော့ ကျိုးဟိုင်ရဲ့ နဂါးကိုမှ ခေါင်းသွားပုတ်မိပြီ...

အဆုံးသ-တ်တော့မယ်ထင်တယ်.....

"ဒါရိုက်တာလင်း...ခင်များလည်း ဒီရောက်နေတာလားဗျ.."

All Chapters