← Chapters

သခင်လေးချင်းကို သင်ခန်းစာပေးနေတယ်..

Vol. 4 Ch. 56

သခင်လေးချင်းကို သင်ခန်းစာပေးနေတယ်..

Vol. 4 Ch. 56

ပထမတော့ ကျိုးဟိုင်ထောင် သူအမြင်မှားသည်ဟု ထင်နေခဲ့၏။

သို့သော်လည်း သေချာကြည့်လိုက်သည့်အခါ သူတို့ရှေ့ ရပ်နေသူက တကယ်ကြီး ဒါရိုက်တာလင်း ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။

"ဒါရိုက်တာလင်း...."

ရှရှင်းယွီ၊စွန်းရန် နှင့် ရန်ကျစ်ရွှမ်းတို့အားလုံး ကျိုးဟိုင်ထောင် လင်းရီကို ခေါ်တွင်လိုက်သော နာမည်ကြောင့် ဆွံ့အသွားကြတော့သည်။

သူမတို့ နားကြား မှားသွားလေသလောဟုတောင် ပြန်မေးယူရ၏။

"လင်းကြီး ...မင်းဘာလို့ ဒီရောက်နေတာ..."

ချင်းဟန် လင်းရီထံသွား၍ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

"ငါဒီတိုင်း သူငယ်ချင်း နှစ်ယောက်နဲ့ လမ်းလျှောက်နေတုန်း မင်းတို့နဲ့ ဆုံတာပါကွာ...."

ရန်ကျစ်ရွမ်း မျက်လုံး ပြူးသွားပြီး "သခင်လေးချင်း..ရှင်တို့ နှစ်ယောက်က အချင်းချင်း သိကြတယ်ပေါ့...."

"ဒါပေါ့...ငါတို့သိတာပေါ့ကွ...ငါက ဒီကားပြိုင်ပွဲကွင်းကြီးရဲ့ ပိုင်ရှင်လေ...ဘာလို့ မသိရမှာ...."

ဟစ်......

အားလုံး အံ့အသင့်သွားကြသည်။

လင်းရီ မည်သူဖြစ်ကြောင်း ကြားသိပြီးနောက် ရှရှင်းယွီနှင့် ကျန်သူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

အစ်ကိုရီက တကယ်ကြီး ကျိုးဟိုင် ကားပြိုင်ပွဲကွင်းရဲ့ ပိုင်ရှင်ပေါ့....

ဒီ‌လို ပြိုင်ပွဲကွင်းကြီး ၀ယ်ဖို့‌ဆို ဘယ်လောက်တောင် ကုန်ကျလိုက်မလဲ.....

"ချင်းကြီး...အဲ့ဒီ ရန်ကျစ်ရွှမ်းက မင်းသူငယ်ချင်းလား...."လင်းရီ ပေါ့ပါးစွာမေးလိုက်သည်။

"ဘယ်နားကတာ....ဒီတိုင်း ကစားစရာ အသစ်လေးပါကွာ .. "

ချင်းဟန်ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ မျက်လုံးထဲတွင်တော့ ရန်ကျစ်ရွှမ်းမှာ အချိန်မရွေး စွန့်ပစ်လို့ရသည့် အရုပ်တစ်ရုပ်ထက် မပိုပေ။ ထို့ကြောင့် သူမမှာ သူ့အတွက် ဘာမျှ မထူးခြားချေ။

"အဲ့တာဆို ပြောရလွယ်သွားတာပေါ့...ငါသူ့ကို ဒီမှာ လုံး၀ မမြင်ချင်ဘူး ငါ့ကောင်...အဲ့ကောင်မကို မောင်းထုတ်လိုက်ကွာ..."

"ရတာပေါ့ အသေးအမွှားလေးပါ..."

ချင်းဟန် ရန်ကျစ်ရွှမ်းဘက်သို့ လှည့်လိုက်ပြီး "သွားတော့ ..ဒီမှာ မင်းလုပ်စရာ ဘာမှ မရှိတော့ဘူး..."

ရန်ကျစ်ရွှမ်းနှင့် သူမ၏ အသင်းမှာ လုံး၀ ကြက်‌ေ-သ‌ေ-သသွား၏။..အဖြစ်အပျက်များမှာ မြန်လွန်းသောကြောင့် သူမတို့ အချိန်မှီအောင် မတုန့်ပြန်‌နိုင်တော့ချေ။

"သခင်လေးချင်း..ရှင်ပြောတော့ ကျွန်မကပဲ ဒီနေ့ တိုက်ရိုက်ထုတ်လွင့်ပိုင်ခွင့် ရှိတယ်ဆို ..ကျွန်မရဲ့ ပရိတ်သတ်တွေကိုတောင် ပြောထားပြီးသွားပြီ..တကယ်လို့ ဒီနေ့ မထုတ်လွင့်နိုင်ဘူးဆိုရင် ကျွန်မရှေ့ဆက် စထွင်မာ အလုပ်ကို ဘယ်မျက်နှာနဲ့ ဆက်လုပ်ရမှာလဲလို့........."

"အဲ့လို ဖြစ်အောင် မင်းပဲ လုပ်တာလေ...."

ချင်းဟန် ပြောလိုက်ပြီး "ငါ့ကောင် လင်းရီရဲ့ စရိုက်ကို သေချာလေး နားလည်တယ်..မင်းသာ သူ့ရှေ့မှာ မြောက်ကြွမြောက်ကြွ လုပ်မနေဘူးဆိုရင် သူက မင်းလို ပါမွှားလေးအတွက်နဲ့ စိတ်ရှုပ်ခံနေမှာတောင် မဟုတ်ဘူး...မျက်ရည်ထိုးကျွေးလည်း အလကားပဲ...ခုချက်ချင်း လစ်လိုက်တော့ မဟုတ်ရင် လုံခြုံရေး ခေါ်ရလိမ့်မယ်...."

"နားလည်ပါပြီရှင် ..နားလည်ပါပြီ...."

ရန်ကျစ်ရွှမ်း စိုးရိမ်စိတ်ကြီးစွာဖြင့် ပြောလိုက်သည်။ ချင်းဟန်မှာ ဒေါသကြီးသော လူပင်။ မည်သူမျှ သူနှင့် သွားမရှုပ်ရဲပေ။

ရန်ကျစ်ရွှမ်းနှင့် ကျန်သူများ ထွက်ခွာသွားသည်ကို မြင်သောအခါ လင်းရီ ကျိုးဟိုင်ထောင်ကို ကြည့်ဘိုက်ပြီး "ဒါလားကွ မင်းကိစ္စတွေကို ကိုင်တွယ်တဲ့ပုံစံက...သုံးယောက်ခေါ်ဖို့ ပြောထားရန် သုံးယောက်လုံးခေါ်လေကွာ..စည်းမျဉ်းအတိုင်းပဲလုပ်..."

"ဒါရိုက်တာလင်း..ကျွန်တော်..."

ကျိုးဟိုင်ထောင်မှာ သူ၏ အမူအရာကို ပြောမပြတတ်သည့် ဆွံ့အနားမကြား တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

တကယ်လို့ သခင်လေးချင်းသာ ၀င်မပါရင် ကျွန်တော်လည်း အဲ့အတိုင်း လုပ်မှာပေါ့ဗျာ.....

"ကောင်းပြီ..သူ့ကို ဆူမနေနဲ့တော့..ငါ့အမှားပါကွာ..."ချင်းဟန် ပြောလိုက်ပြီး "မင်းက မိန်းကလေး စထွင်မာနဲ့ သူငယ်ချင်းဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...."

"ဘာလို့လဲ...စထွင်မာတွေနဲ့ သူငယ်ချင်းလုပ်လို့မရဘူးလား...."

"ငါဆိုလိုချင်တာက အဲ့တာမဟုတ်ဘူး...သူမရဲ့ အရှေ့ပိုင်းကတော့ အဆင်ပြေပါတယ်..ဒါပေမယ့် တင်ကတော့ မကိတ်ဘူး...မင်းကြိုက်တဲ့ ပုံစံ မဟုတ်ပါဘူးဟ... "ချင်းဟန် မျက်စိတစ်ဖက်မှိတ်၍ ယောက်ျားချင်းသာ သိသော အထာဖြင့်ပြောလိုက်သည်။

"ဒါမှမဟုတ် ငါမင်းကို နိုင်ငံခြားက မြင်းမလေးတွေနဲ့ မိတ်ဆက်ပေးရမလား...အဲ့တာက သောက်ရမ်း စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ...."

ရှရှင်းယွီ ငိုချင်နေသော်လည်း မျက်ရည်များက ထွက်မလာခဲ့ပေ။

သူမက နည်းနည်းလေး ငယ်သေးတယ်ဆိုပေမယ့် ဖွံ့ဖြိုးမယ့် အလားအလာ ရှိသေးတယ်လေ..အဲ့ဒါကို သူတို့က ဘာလို့ ဒီလောက်ထိ ဖဲ့နေကြတာလဲလို့....

"ဟူး...တော်ပါကွာ တော်ကြာ ငါAကိုက်ပြီး ပြန်လာရရနေဦးမယ်...မင်းလည်း အဲ့တာတွေ တွေးနေမယ့်အစား နိုင်ငံ့ဂုဏ်ဆောင်မယ့် တစ်ခုခုလောက် လုပ်သင့်တယ်"

လင်းရီ ပြန်ပြောလိုက်သည်။

"ပြီးတော့ နောက်ကျရင် စည်းကမ်း လိုက်နာဖို့လည်း မေ့‌မနေနဲ့ဦး..မင်းလုပ်ရပ်က ကားပြိုင်ပွဲကွင်းရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်ကွ...."

စွန်းရန်နှင့် ရှရှင်းယွင်တို့မှာ လင်းရီ သခင်လေးချင်းဟန်ကို သင်ခန်းစာပေးနေသည်ပို မြင်သောအခါ ရှော့ခ်ရသွားကြတော့၏။

ရှင်းယွီရဲ့ သူငယ်ချင်းက ဘယ်သူများလဲ....

သူက ဘာလို့ သခင်လေးချင်းကိုတောင်မှ သင်ခန်းစာ ပေးဝံ့နေတာလဲဟ.....

ဒါကြီးက စွန်းလန်းတယ်ကွာ....

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ...မင်းက ဘော့စ်ဆိုမှတော့ မင်းစကားပဲ နားထောင်ရမှာပေါ့...."ချင်းဟန်ပြောလိုက်သည်။

"ဒါနဲ့ မင်းလည်း ဒီရောက်နေတာနဲ့ အတော်ပဲ ...နှစ်ပတ် သုံးပတ်လောက် ဆွဲလိုက်ရအောင် ..ငါ့လက်တွေက ပြိုင်ချင်လွန်းလို့ ယားနေပြီဟ..."

"ဘယ်နှစ်ခါပဲပြိုင်ပြိုင် မင်းရှုံးမှာက ရှုံးမှာကိုပဲ..ကိုယ့်ကိုယ်ကို နှိပ်စက်မနေစမ်းပါနဲ့ကွာ..."

"ငိုးပဲ..မင်းလည်း တစ်ခါလေး နိုင်တာကိုများ ကြီးကြီး ကျယ်ကျယ်တွေ လုပ်ပြနေသေးတယ်"ချင်းဟန် ရယ်မောလိုက်သည်။

"ငါ တာထွက်တဲ့ ပုံစံလည်း ပြောင်းပြီးသွားပြီ..ပြီးတော့ စကေးတွေကို ရှယ်ထရိန်းထားတာ‌နော်....အရင်တစ်ခေါက်ကလို ငါ့ကို လွယ်လွယ်လေး ယှဉ်နိုင်မယ် မထင်နဲ့..."

"အာ့ဆိုလည်း လာကွာ..ငါလည်း လက်ယားနေတာနဲ့ အတော်ပဲ..."

ထို့နောက် လင်းရီကားသော့ကို ကျိုးဟိုင်ထောင်ထံ ပစ်ပေးလိုက်ပြီး "ငါ့ကားကို တစ်ယောက်ယောက် မောင်းခဲ့ခိုင်းလိုက်ကွာ....."

ချင်းဟန်လည်းပဲ သူ့ကားသော့ကို ပစ်ပေးလိုက်ပြီး "ငါ့ကားကောပဲ...."

"ဟုတ်ကဲ့...တစ်ယောက်ယောက်ကို မောင်းလာခဲ့ခိုင်းလိုက်ပါ့မယ်...."

လင်းရီနှင့် ချင်းဟန် တို့ သွေးပူအောင် လုပ်နေတုန်း စွန်းရန် ရှရှင်းယွီကို ဘေးသို့ ဆွဲခေါ်လာကာ

" ရှင်းယွီ ရပ်မနေနဲ့လေ...လိုက်လွင့်ဖို့ ပြင်တော့..ဒီအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရရင် ငါတို့ အများကြီး ဆုံးရှုံးသွားလိမ့်မယ်...."

မကြာမီ လင်းရီ၏ ပန်ဂနီနှင့် ချင်းဟန်၏ လမ်ဘိုဂီနီတို့ အသီးသီး ရောက်ရှိလို့လာသည်။

နှစ်ယောက်သား ကားကိုယ်စီထဲသို့ ၀င်လိုက်ပြီး စက်နှိုးကာ ယှဉ်ပြိုင်ရန် အသင့် ဖြစ်နေကြသည်။

"လင်းကြီး..လောင်းကြေး တစ်ခုခု လောက်ချရအောင်ကွာ...မဟုတ်ရင် ပြိုင်ရတာ ပျင်းဖို့ ကောင်းနေမယ်..."

ချင်းဟန် ပြောလိုက်သည်။

"ရတယ်လေ..ဘယ်လို လောင်းချင်လဲ.."လင်းရီ မေးလိုက်၏။

"တစ်စက္ကန့်ကို ယွမ် ၁သိန်း.."ချင်းဟန် ပြောလိုက်ပြီး "ငါးပတ်ပြိုင်မယ်ကွာ..ဘယ်လိုထင်လဲ...ရှုံးတဲ့သူက နိုင်တဲ့သူကို နောက်ကျတဲ့ စက္ကန့်အလိုက် ပေးရမယ်...အဆင်ပြေလား..."

"ဒါပေါ့ လုံး၀ အိုကေတယ်....."

လင်းရီတို့နှစ်ဦး ဒီတိုင်း လောင်းကြေးချလိုက်သောအခါ စွန်းရန် စိတ်အခြေအနေ မကောင်းတော့ချေ။

သူယခင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးများ အသုံးအဖြုန်းမည်မျှကြီးကြောင်း ကြားဖူးသော်လည်း ယနေ့တွင်တော့ မျက်မြင် ကြုံတွေ့လိုက်ရချေပြီ။

ပုံမှန်အတိုင်း ကျိုးဟိုင်ထောင်က တာထွက်ဖို့ရာ အမှတ်စဉ် ရေတွက်၏။

ရေတွက်ပြီးသည်နှင့် တစ်ပြိုင်နက် စူပါကား နှစ်စင်းလုံးမှာ သားရဲကောင်ကြီးကဲ့သို့ မာန်ဖီ၍ ရှေ့သို့ တဟုန်သို့ ပြေးထွက်သွားကြသည်။

လင်းရီ၏ လမ်းပြမှုအောက်တွင် ချင်းဟန်၏ စကေးများမှာ အမှန်တကယ် တိုးတက်လာခဲ့၏။

သို့သော်လည်း အတွေ့‌အကြုံများသော ဒရိုင်ဘာ၊လင်းရီ၏ ရှေ့မှောက်တွင်တော့ အနည်းငယ် လိုအပ်မှုများ ရှိနေတုန်းပင်။ နှစ်ယောက်သား မီတာ ဒါဇင်မျှသာ မောင်းရသေးသော်လည်း လက်းရီ၏ ကားက အပြတ်သတ် ကျော်တက်သွားခဲ့၏။

ရှရှင်းယွီနှင့် စွန်းရန်တို့ကတော့ ကြည့်ရင်း သွေးများ ဆူပွက်ရင်း ဆူပွက်နေတော့သည်။

စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ....

ငါးပတ်ပြိုင်ပြီးနောက် ချင်းဟန်မှာ လင်းရီထက် ၂၁ စက္ကန့် နောက်ကျသွားခဲ့၏။

လင်းရီကတော့ ကားမောင်းရာတွင် လယ်ဗယ်တစ်ခုသို့ ရောက်နေပြီး ဖြစ်၏။

"ကဲ ..ရှုံးသွားတဲ့ ခံစားချက်လေး တစ်ချက်လောက်..."လင်းရီ ကားထဲမှ ထွက်ပြီးနောက် ရယ်မော၍ မေးလိုက်သည်။

"ငိုးပဲ....မင်းက သောက်ရမ်းကြမ်းတမ်း နေတာပဲ...ငါရက်တွေအများကြီး ထရိန်းထားတာတောင်မှ မင့်ခြေဖျားကို မမှီနိုင်သေးဘူး...."

လင်းရီ၏ စကေးများမှာ ပရော်ဖက်ရှင်နယ် ဒရိုင်ဘာအဆင့်သို့ ရောက်နေချိန်တွင် ချင်းဟန်က အပျော်တန်း ဒရိုင်ဘာ အဆင့်မျှသာ ရှိနေသောကြောင့် လင်းရီ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ချင်းဟန် အိပ်ကပ်ထဲမှ ချက်လက်မှတ်တစ်ခုကို ထုတ်လိုက်ပြီး သူ၏ နာမည်ကို လက်မှတ်ရေးထိုးကာ

"ငါရှူံးတာ ၀န်ခံတယ် ရော့..၂.၁ မီလီယမ်...."

လင်းရီ ချက်လက်မှတ်ကို ယူလိုက်ပြီး ကျိုးဟိုင်ထောင်ထံ ပေး၍ "ငါ့ကားပေါ်မှာ ခြစ်ရာ ရှိနေတယ်..အဲ့တာကို ပြင်ဖို့ တစ်ယောက်ယောက် ရှာပေးစမ်းပါ...."

"ဖက်ခ်...ဘာဖြစ်တာလဲဟ...တစ်ယောက်ယောက်က မင်းကားကို ခြစ်သွားတာလား...ဘယ်ကောင်လုပ်သွားလဲဆိုတာကော မင်းသိလိုက်လား...."ချင်းဟန် စိတ်တိုကြီးစွာ မေးလိုက်၏။

"ဘာမှ မဟုတ်ပါဘူးကွာ..ရေးကြီးခွင်ကျယ် လုပ်မနေစမ်းနဲ့..."

လင်းရီ စုန့်၀မ်ဝူကို ပြင်ခိုင်းမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ မတတ်နိုင်မှန်း သိတော့ကြောင့်ပင်။

သို့သော်လည်း ‌သင်ခန်းစာ တစ်ခုတော့ ကောင်းကောင်းပေးရလိမ့်မည်။

ကျိုးဟိုင်ထောင် ဖုန်းကို ထုတ်၍ ထိခိုက်ထားသော နေရာကို ဓာတ်ပုံရိုက်လိုက်သည်။

"ဒါရိုက်တာလင်း...ကျွန်တော် စက်ရုံကို ဖုန်းဆက်ပြီးတော့ နိုင်ငံခြားကနေ မက်ကန်းနစ် တစ်ယောက် ခေါ်ထားလိုက်မယ်..ဒါမှ အရာတွေ ကျန်မနေခဲ့မှာ...."

"ကောင်းပြီလေ...အဆင်ပြေသလိုတာ ကြည့်လုပ်လိုက်ကွာ...."

လင်းရီ ရှရှင်းယွီတို့ထံ ကြည့်၍ "မင်းတို့ ဒီမှာ နေရစ်ပြီးတော့ တိုက်ရိုက်ထုတ်လွင့်လိုက်ကြဦး...တစ်ခုခု လိုအပ်သာ ရှိရင် ကျိုးဟိုင်ထောင်ကို သာပြောလိုက်...သူက

မင်းတို့နဲ့ အကောင်းဆုံး ပူးပေါင်းပေးလိမ့်မယ်...ကဲ အခုတော့ ငါလည်း သွားတော့မယ်"

"ဟုတ်ကဲ့..အစ်ကိုရီ ကျေးဇူးပါနော်...."

"ဟဟား ရပါတယ်ကွ..."

ချင်းဟန် လင်းရီကို ကြည့်လိုက်ပြီ "မင်း Didi ပြန်သွားမောင်းတော့ မလို့မလား..."

"တော်တယ်..ငါ့ကောင် မင်းမှန်းတာ မှန်တယ်"

All Chapters