အကောင်းဆုံး ဥထမင်းကြော််
Vol. 4 Ch. 57
"ငိုးပဲ...မင်းက သောက်သုံးမကျတဲ့ကောင်ပဲကွ...စထွင်မာ လှလှလေးကို ထားခဲ့ပြီးတော့ Didi သွားမောင်းမယ်ပေါ့..."
"မင်းဒါတွေ နားမလည်ပါဘူးကွာ...ငါ့နည်းလမ်းနဲ့ ငါ အပမ်းဖြေနေတာ...မင်းကော ငါနဲ့အတူ Didi ပြေးဦးမလား..."
"ဘာကိစ္စ ပြေးရမှာ...အဲ့ကောင်မလေးတွေက ငါ့ကားထဲ ရောက်တာနဲ့ အိုက်ကြတော့တာပဲ...ငါလဲ ဘယ်လိုလုပ် တောင့်ခံနိုင်မှာ..."
"ဘာလို့ဆို မင်းက ပိုက်ဆံတွေ အများကြီးနဲ့ မျောက်ကြီး ဖြစ်နေလို့ နေမှာပေါ့ကွ...အဲ့လိုကောင်တွေက ပိုပြီးတော့ အရူးလုပ်ရ လွယ်တယ်လေ..ဟားဟား"လင်းရီ ဟာသလုပ်လိုက်သည်။
"လစ်စမ်းဟျောင့်...ကိုယ့်ဘာကိုယ်ပဲ Didi မောင်းနေလိုက်..ငါလည်း တစ်နေ့ကျ မင်းကား ငှားစီးပြီး မကောင်းတဲ့ ရီဗျူးတွေ ပေးပစ်ဦးမယ်...."
"မင်းသာ မကောင်းတဲ့ ရီဗျူး ပေးလို့ကတော့ ငါလည်း မင်းကို သေအောင် ရိုက်သတ်ပြမယ်...."
နှစ်ယောက်သား ရယ်ရယ်မောမော ဟာသလုပ်ပြီးနောက် လင်းရီ မောင်းထွက်သွားလိုက်၏။
ကားပြိုင်ပွဲကွင်းမှ ထွက်လာပြီးနောက် လင်းရီ သူ၏ အလုပ်ပြီးမြောက်နှုန်းကို တစ်ချက် ကြည့်လိုက်သည်။
ရှရှင်းယွီထံမှ ရီဗျူးကောင်းနှင့် ဆိုလျင် ယခု သူ့တွင် မစ်ရှင် ၁၄ခု ပြီးနေပြီးဖြစ်၏။ ထို့ကြောင့် ယနေ့ သို့မဟုတ် မနက်ဖြန်အတောအတွင်း မစ်ရှင် ပြီးမြောက်ရန်မှာ ပြဿနာ ရှိတော့မည် မဟုတ်ပေ။
ထိုသို့ဖြင့် လင်းရီ နေ့လည်စာ စားပြီးနောက် ည ၆ နာရီအထိ Didi ဆွဲနေလိုက်သည်။ ဗိုက်ဆာလာသည့်အချိန်မှသာ ရပ်နားလိုက်တော့၏။
ဘ၀အတွေ့အကြုံ ခံစားရန်သာ ဖြစ်သောကြောင့် ကြိုးစားပမ်းစား လုပ်ရန် မလိုအပ်ချေ။
လင်းရီ ယနေ့ တစ်နေ့တည်း အော်ဒါရှစ်ခု ရရှိခဲ့သည်။
အမျိုးသမီး ခရီးသည် သုံးဦးကတော့ သူ့ကို ကြယ်ငါးပွင့် ရီဗျုး ပေး၍ ကျန်သူများကတော့ ကြယ်လေးပွင့်သာ ပေးခဲ့၏။
လင်းရီလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေလေသည်။
သူဒီလောက် ၀န်ဆောင်မှု ကောင်းနေတာတောင်မှ ဘာလို့ ရီဗျူးကောင်းလေးတွေ မပေးနိုင်ရတာလဲဟ...
သို့သော်လည်း (၁၇/၂၀) ဟူသော နေရာလေးကို မြင်သောအခါ သူ၏ စိတ်မှာ ပြန်လည် ပျော်ရွှင်သွားတော့၏။
ကျန်တာကိုတော့ မနက်ဖြန်မှ ဆက်မယ်ကွာ...
ဘာပဲဆိုဆို မစ်ရှင်ပြီးအောင် လုပ်ရတာ မခက်ပါဘူးဟ....
လင်းရီ ခေါင်းမော့၍ ကြာသပတေး ဟူသော စားသောက်ဆိုင်လေးကို ကြည့်လိုက်သည်။ လင်းရီ ရုတ်တရက် သူ စားနေကျ ဆိုင်အိုလေးတွင် ထမင်းကြော်မစားရတာတောင်မှ အတော်ကြာနေပြီဖြစ်ကြောင်း အမှတ်ရသွားတော့၏။
လင်းရီ ပြောပြောနေသော စားသောက်ဆိုင်အိုလေးမှာ သက်လတ်ပိုင်း စုံတွဲနှစ်ယောက် ဦးစီးသော ဆိုင်ကလေးပင်။
အဓိကဟင်းပွဲမှာ ဥထမင်းကြော် ဖြစ်ပြီး အရသာရှိရှိနှင့် ဈေးလည်း တန်လှ၏။။
ချောင်ရန် အုပ်စုနှင့် တစ်လမ်းတည်းသာ ခြားသောကြောင့် လင်းရီ နေ့လည် နေ့ခင်းတိုင်း ထိုနေရာ၌ စားလေ့ရှိသည်။
သူ မစားဖြစ်တာလည်း နှစ်ရက်သုံးရက်ရှိပြီဆိုတော့ လင်းရီ သူ၏ အာသီသကို ဖြေသိမ့်ရန် လမ်းဘေး၌ ကားရပ်၍ လမ်းကြားလေးရှိ စားသောက်ဆိုင်အိုလေးထဲသို့ ၀င်သွားလိုက်သည်။
မနီးမဝေးရှိ ယာယီတဲလေး တစ်တဲတွင် စုံတွဲနှစ်ယောက် ဆိုင်သိမ်းနေသည်ကို လင်းရီ မြင်လိုက်သောအခါ
"အန်တီလျို...ဒီနေ့ ဘာလို့ အစောကြီး သိမ်းနေတာလဲဗျ....."
သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ လင်းရီကို မြင်တော့ ပြုံးပြလိုက်ပြီး "ရို...လင်းရီ ပါလား...ဘယ် လေတိုက်လို့များ ရောက်လာပါလိမ့်....."
" ဘယ်လေမှ မတိုက်ပါဘူးဗျာ..ကျွန်တော် အန်တီရဲ့ ထမင်းကြော်ကို မစားရတာကြာတော့ စားချင်လွန်းလို့ လာခဲ့တာ...."
"ရတာပေါ့...ဘာစားချင်လဲ...ဥထမင်းကြော်လား..ဒါမှဟုတ် တခြား ဘာစားချင်လဲ...."
"အာ..ဒီနေ့ ဆိုင်သိမ်းပြီဆိုမှတော့ မစားတော့ဘူး..နောက်နေ့မှပဲ လာစားလိုက်မယ်လေဗျာ...."
"ရတယ်...ဟိုကလေး ရှောင်ကျင်းကြောင့်ပေါ့...သူ့မှာ ၀တ်စရာ အင်္ကျီတွေ မရှိတော့ဘူးတဲ့...အဲ့တာကြောင့် အန်တီတို့ ဆိုင်စောစောသိမ်းနေတာလေ..သူ့ကို သွားကြိုပြီးရင် အ၀တ်အစားလေး ဘာလေး သွား၀ယ်ပေးမလို့...."
"ဘာပဲဖြစ်ဖြစ် ထမင်းလေးကြော်တာ မကြာပါဘူးဟယ် ..စားချင်တာသာ ပြောလိုက် မင်းဦးလေးကုန်းကို အန်တီ ကြော်ခိုင်းလိုက်မယ်..."
အန်တီလျို အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဒီလိုဆိုရင်ကော...ကျွန်တော် အန်တီတို့ကိုယ်စား ရှောင်ကျင်းကို သွားကြိုလာပေးမယ်...ဦးလေးတို့ကတော့ ထမင်းကြော်ထားနှင့်ပေါ့ဗျာ...."
"အာ..မကောင်းဘူးထင်တယ်နော...အန်တီတို့သားကို အရင်တုန်းကလည်း ဒုက္ခတွေ အများကြီး ပေးပြီးသွားပြီ...."
လင်းရီ အလုပ်ဆင်းပြီးနောက် ထမင်းကြော်စားရန် ဤနေရာသို့ လာနေကြဖြစ်၏။ ထိုလင်မယား အလုပ်များနေ၍ သူမတို့ သမီးလေးကို မကြိုနိုင်သည့်အချိန်တွင်းသူကပဲ ကိုယ်စား သွားကြိုပေးလေ့ရှိသည်။
"ပြောနေစရာ မလိုပါဘူးဗျာ..အချင်းချင်းတွေကိုပဲ..."လင်းရီ ထိုသို့ပြောရင်း နောက်သို့ လှည့်၍ သွားဟန်ပြင်လိုက်သည်။
"ဟေ့ကောင်လေး...ဘာလို့ ဒီလောက်လောနေရတာလဲ...အန်တီတို့ မင်းဘာစားမလဲဆိုတာတောင် မသိသေးဘူးလေ...."
"ရှယ်အရသာရှိတဲ့ ဥထမင်းကြော်..အဲ့ထဲမှာ ၀က်အူချောင်းနည်းနည်းရယ်၊ ၀က်ပေါင်ခြောက် နည်းနည်း၊ကြက်ဥပြတ်နှစ်လုံးနဲ့ အစပ်ချောင်းတွေ ထည့်ပြီး လုပ်ထားပေးလိုက်ဗျို့.... "
"ရို...လစာထုတ်တဲ့နေ့လားဟ..."
"ဟဟား...လစာထုတ်တဲ့နေ့ မဟုတ်ရင်တောင် ရှယ်ဆွဲတဲ့နေ့ပဲဗျ...."လင်းရီ ရယ်ရင်း ပြန်ပြောလိုက်သည်။
အန်တီလျို၏ သမီးလေးမှာ ကုန်းကျင်းဖြစ်ပြီး ကျိုးဟိုင် အထက်တန်း ကျောင်းသူတစ်ဦးဖြစ်၏။
အထက်တန်းကျောင်း နယ်ပယ်တွင် ကျိုးဟိုင် အထက်တန်းကျောင်းမှာ မဆိုးသည့် ကျောင်းထဲတွင် ပါ၀င်ပေသည်။
ထိုကျောင်းမှ အထက်တန်းပြီးမြောက်သည့်သူတိုင်း
စင်ဟွာ တက္ကသိုလ်နှင့် ရန်တက္ကသိုလ်သို့ သွားရန် အဆင့်မှီကြပေ၏။
ကျိုးဟိုင် အထက်တန်းကျောင်းသို့ရောက်သောအခါ လင်းရီ ကျောင်းဂိတ်၀တွင် လာကြိုသူ မိဘများ၊ကားများဖြင့် ပြည့်ကြပ်နေကြောင်း တွေ့လိုက်ရသည်။ လင်းရီ ပတ်၀န်းကျင်ကို တစ်ချက် လျှောက်ကြည့်လိုက်ပြီး မကြာမီ ကားပါကင်ထိုးသည့်နေရာကို ရှာတွေ့ သွားတော့၏။
နာရီကို ကြည့်လိုက်သောအခါ ညနေခုနစ်နာရီကျော်နေပြီဖြစ်သော်လည်း အထက်တန်း တတိယနှစ် ကျောင်းသားများမှာ အတန်းမဆင်းသေးချေ။ အဆောင်မီးများမှာ လင်းထိန်နေပြီး ယခုထိ စာကြိုးစားနေကြသည်။
လင်းရီ ဆယ်မိနစ်ကျော်ကျော်လောက် ထိုင်စောင့်ပြီးသောအခါ ခေါင်းလောင်းသံ မြည်ဟီးလာ၏။
ကျောင်းသားများ သူတို့နောက်ကျောတွင် ကျောပိုးအိတ်ကိုယ်စီဖြင့် ထွက်လာရန် သိပ်မကြာလိုက်ချေ။
လင်းရီ နောက်ထပ် အကြာကြီး စောင့်နေသော်လည်း ရှောင်ကျင်းမှာပေါ်မလာခဲ့။
"ဟေး ညီလေး...အထက်တန်း တတိယနှစ်တွေက အတန်းမဆင်းသေးဘူးလားကွ...."
လင်းရီ ကောင်လေးတစ်ယောက်ကို ဆွဲပြီး မေးလိုက်သည်။
"သားကိုလွှတ်..."ကောင်လေး ပြောပြီး ထွက်ပြေးသွား၏။
ထိုအချိန်တွင် ကောင်မလေးတစ်ယောက်မှနေ၍
"ဂျူတီကျနေတဲ့ ကျောင်းသားတစ်ချို့တော့ ကျန်သေးတယ်ရှင့်....."လင်းရီထံမှ မျက်လုံးမခွာနိုင်ပဲ ပြောလိုက်သည်။
"အိုး..နားလည်ပြီ ကျေးဇူးပဲနော် ညီမလေး...."
"ရပါတယ်ရှင့်...."
လင်းရီ နောက်ထပ် မိနစ်အနည်းငယ်လောက် စောင့်နေသော်လည်း ရှောင်ကျင်းမှာ ရောက်မလာသေးချေ။
သူ့စိတ်ထဲ တစ်ခုခု ထင့်နေပြီး အတန်း တစ်ဆီသို့ သွားလိုက်သည်။
"မစ်ကူ...ဒီကိစ္စကို ဘယ်လိုလုပ်ပေးမှာ...ဒီကလေးမ ကျွန်မသားကို ဘယ်လိုတွေ လုပ်ထားလဲဆိုတာကြည့်စမ်းပါဦး...."
"သူသမီး ဆံပင်ကို အရင်လာဆွဲတာလေ...ပြီးတော့ သမီးရဲ့ အင်္ကျီပေါ်မှာ စာတွေလည်း လျှောက်ရေးသေးတယ်...မဟုတ်ရင် သမီးလည်း ဒီလို လုပ် မဟုတ်ဘူး..."
"ဟမ်...အဲ့တာ ကျင်းကျင်း အသံ မဟုတ်လား...."
လင်းရီ ရှောင်ကျင်း၏ အသံကို မှတ်မိသွားပြီး အတန်းတစ်ဆီသို့ ခပ်သွက်သွက်ကလေး လျှောက်သွားလိုက်သည်။
လင်းရီ အတန်းထဲသို့ ၀င်၀င်ချင်း ခဏမျှ ရပ်တန့်လိုက်ပြီး
ဟမ်..အဲ့ဒီ ပိုဒီယမ် ယူနီဖောင်းနဲ့က ကူကျင်းရှန် မဟုတ်လား....
ကူကျင်းရှန်မှာ အပြာရောင် ဂျင်းပန် အမျိုးသမီး ရှပ်အင်္ကျီနှင့် အနက်ရောင် အားကစားဖိနပ်ကို စီးထားပြီး သူမ၏ နူးညံ့ရိုးရှင်းသော အလှတရားကို ပေါ်လွင်နေစေသည်။
သို့သော်လည်း သူအရင်တုန်းက ရှောင်ကျင်းကို လာကြိုစဉ်က အတန်းပိုင်ဆရာမမှာ ကူကျင်းရှန် မဟုတ်ခဲ့။
ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဆရာမအသစ်တစ်ယောက်မှာ ရောက်ရှိလို့လာ၏။
လင်းရန် အတန်းထဲသို့ ၀င်ရောက်လာသောအခါ ကျင်းရှန်လည်း အံ့ဩသွား၏။
အဲ့တာ ငါတွေ့ခဲ့တဲ့ ကျိကျိတက် ချမ်းသာတဲ့ သူဌေးလေး မဟုတ်လား.....
သူဘာလို့ ဒီရောက်နေတာလဲ....
"အစ်ကိုရီ....."
ကူကျင်းရှန် ဘာမျှ မပြောနိုင်ခင် ရှောင်ကျင်း ပြေးသွားပြီး လင်းရီ လက်မောင်းကို ပြေးဖက်လိုက်သည်။
"ရှောင်ကျင်း..အန်တီက ဆိုင်သိမ်းနေလို့ အစ်ကိုမင်းကို လာကြိုတာ...."
ထို့နောက် လင်းရီ မနီးမဝေးတွင် ဒေါသထွက်နေသော မျက်နှာဖြင့် ရပ်နေသော သက်လတ်ပိုင်း စုံတွဲကို ကြည့်လိုက်သည်။
သူတို့ရှေ့၌ မျက်နှာတွင် သွေးစသွေးနများဖြင့် ရပ်နေသော ဖက်တီးလေးတစ်ယောက်ဘည်း ရှိသေး၏။
ကြည့်ရတာတော့ ရှောင်ကျင်း၏ ပြောင်မြောက်သော လက်စွမ်းကို ဖော်ပြထားပုံပင်။
"ရှောင်ကျင်း ..ဘာတွေဖြစ်နေတာ..မင်းအတန်းဖော်တွေနဲ့ ရန်ဖြစ်နေတာလား...."
"သူကပဲ ညီမကို အရင် အနိုင်ကျင့်တာ"ရှောင်ကျင်း ငိုမဲ့မဲ့လေးဖြင့် ပြောလိုက်သည်။
လင်းရီ၏ ရောက်ရှိလာမှုက ရှောင်ကျင်း ကို အားတက်စေသည်။ ထို့ကြောင့် သူမ မည်သူ့ကိုမျှ မကြောက်တော့ချေ။
"အစ်ကိုရီ...ကြည့်လိုက်ဦး ညီမအင်္ကျီမှာ ဆီတွေနဲ့ မှင်ရာတွေ ကြီးပဲ....."
"အင်း...အစ်ကို နားလည်တယ်...."
လင်းရီ ရှောင်ကျင်း၏ ခေါင်းကို ပွတ်ပေးလိုက်ပြီး သူမကို ရှေ့မှ ကာကွယ်ထားပေးလိုက်၏။
"ခင်များတို့သားကလည်း မှားတာပဲ...ဒါပေမယ့် ကျင်းကျင်းကလည်း သူ့ကို ပြန်လုပ်ထားပြီးပြီဆိုတော့ ကျေပြီလို့ပဲ သတ်မှတ်ရအောင်...ဒီကိစ္စကို ဒီမှာတင် ပြီးလိုက်တော့...."
ကူကျင်းရှန် အနည်းငယ် အံ့အားသင့်သွားသည်။ လင်းရီမျှ ထိုမျှ စကားပြောရလွယ်လိမ့်မည်လို့ သူမ မထင်မှတ်ထားခဲ့ချေ။
အကယ်၍ တစ်ခြားတစ်ယောက်ဆိုပါက သူတို့ ရူးသွပ်သွားပြီး ဝုန်းဒိုင်းကြဲနေလောက်ချေပြီ။
"ကျေပြီ ဟုတ်လား....."ဖက်တီးလေး၏ အမေ ဖက်တီးမကြီးမှ မေးလိုက်သည်။
"မင်းမျက်လုံးနဲ့ သေချာကြည့်စမ်း...ငါ့သားရဲ့ ချောမောခန့်ညားတဲ့ မျက်နှာလေးက ပျက်စီးသွားပြီ...သူက နောက်ဆိုရင် အနုပညာနယ်ပယ်ထဲ ၀င်ရမှာမှာ ..ခုတော့ မဖြစ်နိုင်တော့ဘူး...မင်းအဲ့ဒီအတွက် တာ၀န်ယူပေးနိုင်လို့လား...."