ငါ့ကို ဒူးထောက်ခိုင်း နေရင် ဘယ်လိုလုပ်ပေးမလဲ....
Vol. 4 Ch. 58
"ဟုတ်တယ်..သားက အနာဂတ်ကျ အနုပညာနယ်ပယ်ထဲ ၀င်ရဦးမှာ..ခုတော့ မဖြစ်နိုင်တော့ဘူး...ခင်ညားတို့ လျော်ပေးနိုင်လို့လား..."
လင်းရီ လျှောက်သွား၍ ရုပ်တည်ကြီးဖြင့် ပြောလိုက်သည်။
"ညီလေး...မင်းရုပ်ရည်နဲ့ဆိုရင် ဘယ်လိုမှ အနုပညာ နယ်ပယ်ထဲ ၀င်ဖို့ မဖြစ်နိုင်ဘူး...ပါကျဲနေရာဆိုရင်တော့ မပြောတတ်ဘူးပေါ့ကွာ..."
နောက်ဘက်ရှိ ကူကျင်းရှန်မှ တခစ်ခစ် ရယ်မောမိနေတော့၏။
ဒါကြီးက တည့်တိုးဆန်လိုက်တာဟယ်....
ယခုခေတ် မိဘများကတော့ အမှန်တရားကို ရှင်းလင်းစွာ မမြင်နိုင်ကြတော့ချေ။ ကျန်သူများကို အပထား၊လင်းရီ၏ ရုပ်ရည်နှင့်ပင် အနုပညာ နယ်ပယ်ထဲသို့ ခြေချရန် အနည်းငယ် လိုအပ်နေဆဲဖြစ်၏။
"နင်ဘာပြောတာလဲ...ငါ့သားကို ရုပ်ဆိုးတယ်လို့ ပြောချင်တာလား..."ဖက်တီးလေး၏ အမေ အော်ဟစ်လိုက်သည်။
"ခင်များတို့ သားအမိတွေ ကိုယ့်ရုပ်ရည်ကိုလည်း ပြန်ကြည့်လိုက်ဦး...မဖြစ်နိုင်တာကြီးတွေကို စဉ်းစားနေသေးတယ်...၀က်တွေ လေပေါ်ပျံတဲ့ အချိန်ကျ ဖြစ်ရင်ဖြစ်နိုင်မှာပေါ့...."
"ငါနင့်ကို လျှောက်မပြောနဲ့လို့ ပြောနေတယ်လေ...နင်တို့ ဒီနေ့ ဖြေရှင်းချက်ကောင်းကောင်းမပေးနိုင်ရင် ဒီကိစ္စ ဒီမှာတင် ပြီးမယ် မကြံနဲ့...."
"သူကပဲ သမီးကို အရင်လာအနိုင်ကျင့်တာလေ...."
ကုန်းကျင်း ပြောလိုက်၏။
"သူနင့်ကို အနိုင်ကျင့်တော့ကော ဘာဖြစ်လဲ တစ်တန်းတည်းသားချင်း ငါ့သားရဲ့ အနိုင်ကျင့်ခံရတာကိုတောင်မှ ဂုဏ်ယူရဦးမယ်...နင်ငါ့သားအနိုင်ကျင့်တာကို သည်း......."
ဖြန်း
လင်းရီ စကားတစ်ခွန်းမျှ မပြောပဲ ဘွားတော်၏ ပါးကို ပိတ်ချထည့်လိုက်သည်။
"နင်...နင်ငါ့ကို ရိုက်ရဲတယ်...."
အမျိုးသမီးကြီးမှာ သူမ၏ မျက်နှာကို လက်ဖြင့်ကိုင်ရင်း မျက်စိပြူးကျယ်လျက် မေးလိုက်၏။ လင်းရီ သူမကို ရိုက်လိမ့်မယ်လို့ သူမဘယ်တုန်းကမျှ ထင်မထားခဲ့ပေ။
"နင်....."ကျင်းရှန် ခေါင်းခါရမ်းလိုက်သည်။
လင်းရီလိုမျိုး သဘောကောင်းတဲ့ ဒုတိယမျိုးဆက်သခင်လေးတွေ ဘယ်လောက်များများ ရှိလို့လဲ....
"ကျုပ်ဒီတိုင်း ပါးပါးလေးပဲ ချလိုက်တာနော်...ဒါပေမယ့် ဒီအတိုင်း ဆက်ပြောနေမယ်ဆိုရင်တော့ ဆေးရုံရောက်သွားလိမ့်မယ်...."
"ဆရာမကူ...ကြည့်လိုက်စမ်း..ခင်များ ကျောင်းသူရဲ့ မိဘက ကျောင်းမှာတောင် ကိုယ်ထိလက်ရောက် စော်ကားနေတယ်...ဘာမှ မလုပ်ပေးတော့ဘူးလား...ကျုပ်ကို ဖြေရှင်းချက်ကောင်းကောင်း မပေးလို့ကတော့ ခင်များတို့ရဲ့ ကျောင်းအုပ်ကြီးနဲ့ သွားတိုင်မယ်....."ဖက်တီးလေး၏အဖေမှ ပြောလိုက်သည်။
"လကြောက်ကြီး...ကျုပ်က ခင်များမိန်းမကို ရိုက်လိုက်တာတောင်မှ ပြန်မချရဲပဲ ကျောင်းအုပ်ကြီးကို သွားရှာချင်နေတယ်ပေါ့...ခင်များ အဲ့တာပဲ လုပ်ရဲတာလား...."
"ငိုးမသားလေး...မင်းဘာပြောတယ်...."
ဖက်တီးလေး၏ ဖခင်မှာ ကူကျင်းရှန်ဘက်သို့ လှည့်၍ "ဆရာမကူ...ခင်များ ဒါကို ကိုင်တွယ်နိုင်လိမ့်မယ်လို့တော့ မျှော်လင့်တယ်...."
ကူကျင်းရှန်၏ အမူအရာမှာ ချက်ချင်း အလေးအနက် ဖြစ်သွား၏။
"ရှင်းနေတာပဲလေ...ရှင်တို့ဘက်က အရင်စမှားတာ မဟုတ်လား...ကျောင်းအုပ်ကြီးကို ရှာလည်း အလကားပဲ...."
"ကောင်းတယ်...မင်းတို့က ဖြေရှင်းချက် မပေးချင်ကြဘူးပေါ့...."
ဖက်တီးလေး၏ အဖေမှာ ဒေါသမွှန်နေပြီး "ငါမင်းတို့ သိအောက် ပြောပြလိုက်မယ်..ငါက ကျုံးဟန် ကုမ္ပဏီရဲ့ HRပဲ...မင်းတို့ မကိုင်တွယ်ပေးဘူးဆိုရင် ဥပဒေရေးရာဌာနက ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကိုင်တွယ်ခိုင်းလိုက်မယ်...."
"ကျုံးဟန် ကုမ္ပဏီ..."
လင်းရီ ရေရွတ်လိုက်သည်။ ထိုနာမည်က သူနှင့် အတော်လေး ရင်းနှီးနေသယောင်ရှိ၏။
အဲ့တာက ချင်းဟန်ရဲ့ ကုမ္ပဏီမဟုတ်လား....
ကျိုးဟိုင်၏ နာမည်ကျော်ကြားသော သခင်လေးတစ်ယောက်ဖြစ်သည့် ချင်းဟန်၏ ကိုယ်ရေးအချက်အလက်များမှာ လျို့ဝှက်ချက်မဟုတ်ပေ။
အင်တာနက် အမြဲသုံးသည့် မည်သူမဆို ရင်းနှီးနေပြီးဖြစ်၏။
"ရှင်အဲ့လိုပြောလည်း ကျွန်မရဲ့ သဘောထားတွေကတော့ ပြောင်းမှာ မဟုတ်ဘူး..."
ကူကျင်းရှန် ပြောလိုက်ပြီး "ရှင် ဒီကိစ္စကို ပုံကြီးမချဲ့ဘူးလို့ မျှော်လင့်တယ်..."
"ကောင်းပြီလေ...မင်းတို့ ဒီနေ့ ပြောတာတွေကို မှတ်ထားကြ...ငါကိုယ်တိုင် ကိုင်တွယ်တဲ့ အချိန်ကျရင် မင်းတို့နှစ်ယောက်တင်မဟုတ်ဘူးနော်...တစ်ကျောင်းလုံးပါဒုက္ခရောက်သွားအောင် လုပ်ပြမယ်..."
ကူကျင်းရှန် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ ယနေ့ခေတ် လူ့အသိုင်းအဝိုင်းမှာ ကျိုးကြောင်းဆီလျော်မှု မရှိချေ။
အကယ်၍ ထိုကဲ့သို့သော မြင်ကွင်းမျိုးသာ ဖြစ်ပေါ်လာပါက ကျောင်း၏ ပုံရိပ်ကို ထိခိုက်စေမှာ အမှန်ပင်။
သူမအတွက်တော့ ကိစ္စမရှိချေ။ အလုပ်အသစ် ရှာလို့ရ၏။ သို့သော်လည်း ရှောင်ကျင်းလေးအတွက်တော့ ပြဿနာရှိနိုင်ပေသည်။
"မစ်ကူ...သူတို့ပြောတာကို စိတ်ထဲ ထားမနေနဲ့..."လင်းရီ ပြောလိုက်ပြီး "သူတို့ကြိုက်သလောက် လုပ်စမ်းပါစေ...ဖြုတ်ခုန်လို့ ဖုန်မထပါဘူး...."
လင်းရီ ရှောင်ကျင်း၏ ခေါင်းကို ပုတ်လိုက်ပြီး "သွားစို့...ကျင်းကျင်းရဲ့ မိဘတွေ စောင့်နေလောက်ပြီ...ပြန်ကြရအောင်..."
"အွန်း....."
ရှောင်ကျင်းကတော့ ကူချင်းရန်ကဲ့သို့ အများကြီး တွေးတောမနေချေ။ သူမအတွက်တော့ လင်းရီ ရှိသည်နှင့် အရာအားလုံး အိုကေ၏။
လင်းရီနှင့် ရှောင်ကျင်းတို့ ထွက်ခွာသွားသောအခါ ကျန်ရှိနေသော သားမိသားဖ သုံးယောက်လုံး ကူကျင်းရှန်ကိုကြည့်၍ "မစ်ကူ...ကျုပ်ရှင်းအောင် ပြောထားခဲ့မယ်..ကျုပ်မနက်ဖြန် အဲ့ကလေးမရဲ့ မိဘတွေ ကျုပ်တို့ကို လူသိရှင်ကြား တောင်းပန်တာ လိုချင်တယ်..ပြီးတော့ ဆေးဖိုးဝါးခ ယွမ် ၂သိန်းကောပဲ ..မဟုတ်ရင်တော့ ခင်များ အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ထားလိုက်တော့...."
"ကျွန်မတောင်းပန်ပါတယ်...အဲ့လိုတော့ လုံး၀ လုပ်မပေးနိုင်ဘူး...."
လင်းရီ၏ စကားလုံးများက ရှောင်ကျင်းအတွက် ခွန်အား ဖြစ်စေရုံသာမက ကူကျင်းရှန်အတွက်လည်း ရဲဆေး တစ်ခွက်ဖြစ်၏။
လင်းရီက ပန်နီဆူလာဟိုတယ်ရဲ့ ပိုင်ရှင်...ပြီးတော့ ယွမ်သန်း၂၀ ကျော်တဲ့ ပြိုင်ကားတောင် စီးနိုင်သေးတာပဲ...ဘာကိစ္စ ဒီလို ရုံး၀န်ထမ်းတွေကို ကြောက်ရမှာလဲ....
"အဲ့ဒါဆိုလည်း စောင့်ကြည့်ထားလိုက်တော့...."
ထိုသို့ပြောပြီး နောက် သားမိသားဖ သုံးယောက်လုံး စာသင်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ တခဏမျှ ကြာသော် သူတို့ရှေ့တွင် လင်းရီနှင့် ရှောင်ကျင်းတို့ကို တွေ့လိုက်ရ၏။
"အဖေ...သူတို့ဟိုမှာ..."ဖက်တီးလေး ရှေ့သို့ ညွှန်ပြလိုက်ပြီး "အဲ့လူကြီးက အမေ့ကို ရိုက်သွားတာ...သားတို့ ဒီတိုင်း လွှတ်ပေးလိုက်လို့ မဖြစ်ဘူးနော်..."
"လီတ၀မ်...ရှင်သာ ယောက်ျားတစ်ယောက်ဆိုရင် သူ့ကို အခုချက်ချင်း သွားပြီး သင်ခန်းစာ ပေးခဲ့လိုက်...."
"မပူနဲ့ မိန်းမ ...ငါအခုပဲ သူတို့ကို မှတ်လောက်သားလောက်အောင် ပညာပေးလိုက်မယ်...."
သားမိသားဖ သုံးယောက်လုံး အလျင်စလို ပြေးသွားကြပြီး "ဟိုရှေ့ကကောင်..ရပ်စမ်း..."
လင်းရီတို့ ကျောင်းထဲမှ ထွက်တော့မည့်အချိန်တွင် နောက်မှ အသံကြား၍ လှည့်ကြည့်လိုက်သောအခါ သူတို့နှင့် အချင်းများခဲ့သည့်မိသားစုကို တွေ့လိုက်ရ၏။
"ဘာတုန်း...."လင်းရီ ခပ်ပြတ်ပြတ် မေးလိုက်သည်။
"ဟျောင့် မင်းငါ့ဇနီးကို ရိုက်သွားတာလေ..အဲ့ဒီကိစ္စက ခုထိ မပြီးသေးဘူးကွ...."
"မပြီးသေးဘူးဆိုတော့လည်း မပြီးသေးဘူးပဲ ထားလိုက်တာပေါ့... မကျေနပ်လည်း ကြိုက်သလိုသာလုပ် ကျုပ်ခင်များကို စောင့်နေမယ်"
"ဟားဟား ကြိုက်သွားပြီ သတ္တိရှိရင် မင်းနာမည်ငါ့ကိုပေးလိုက် ..မင်းမနက်ဖြန် ငါ့ကို လာပြီး တောင်းပန်ရမယ်ဆိုတာ လောင်းရဲတယ်.... "
လင်းရီ ချက်ချင်း ပြန်မဖြေသေးပေ။ ခဏရပ်တန့်၍
"ခင်များက ကျုံးဟန် ကုမ္ပဏီက မလား..."
"ဘာလဲ..ကြောက်ချေးတွေ ပန်းနေပြီလား...မင်းကြောက်ရင်လည်း ခုချက်ချင်း ဒူးထောက်ပြီးတော့ ငါ့မိန်းမကို တောင်းပန်လိုက်စမ်း...."
ရန်ဖြစ် စကားများသံကို ကြားသောအခါ ပတ်၀န်းကျင်မှ လူများ စုဝေးလာကြတော့၏။
"ငါကျုံးဟန် ကုမ္ပဏီကို ကြားဖူးတယ် ...အဲ့တာ ချင်းဟန်ရဲ့ ကုမ္ပဏီမလား..."
"အဲ့ ချင်းဟန်က ကျိုးဟိုင်မှာ နာမည်ကြီးနေတဲ့ ဒုတိယမျိုးဆက် သခင်လေးဆိုတာလား..."
"အမှန်ပဲ...အင်တာနက်ပေါ်မှာ သောက်ရမ်း ထောင်လွှားနေတဲ့ကောင်လေ..."
"ဟာ..အဲ့လိုဆိုလို့ ဒီကောင်ကတော့ သေချာပေါက် အဆုံးသတ်လှမှာ မဟုတ်တော့ဘူး...သူက ကျုံးဟန် ကုမ္ပဏီက တစ်ယောက်ယောက်ကို အပြစ်ပြုလိုက်မိပြီဆိုတော့..... "
လီတ၀မ် ခါးထောက် ရင်ကော့၍ "သောက်ကလေး..မင်းလည်း ကြားတယ်မလား..ကျုံးဟန်ကုမ္ပဏီက ဘယ်လို အာဏာတွေ ရှိလဲဆိုတာ မင်းလည်း သိပြီးလောက်ရောပေါ့...မင်းကို အခု အခွင့်အရေး ပေးနေတုန်း မဖြုန်းတီးမိစေနဲ့...."
"ရတယ်...စိတ်မပူနဲ့...ကျုပ်ဖုန်းတစ်ကောလောက် ဆက်လိုက်ဦးမယ်...."
ဖုန်း၀င်သွားသောအခါ
"ဟျောင့် ချင်းကြီး မင်းတို့ ကုမ္ပဏီရဲ့ HRက ငါ့ကို ဒူးထောက်ပြီး သူ့မိန်းမကို တောင်းပန်ခိုင်းနေတယ်ဟျောင့် အဲ့တာ ငါဘယ်လို လုပ်ရမလဲ...."
"ငိုးပဲ....မင်းငါ့ကို ချေးစကားတွေ လာပြောနေတာလားကွ...ငါတို့ ကုမ္ပဏီမှာ အဲ့လို သောက်ရူးတွေ မရှိဘူး...."
"ဟျောင့် ငါနောက်နေတာ မဟုတ်ဘူးဟ...."
"အေးအေး...ငါကိုယ်တိုင် ဒီချီးထုပ်က ဘယ်သူလဲဆိုတာ ရှာလိုက်မယ်...ငါမကြာခင် မင်းကို အဖြေပြန်ပေးလိုက်မယ်..."
"အေးအေး..."
လင်းရီ ဖုန်းချလိုက်ပြီး ဟားတိုက်လိုက်သည်။
"ဟားဟား စောင့်နေလိုက်စမ်းပါ..ခင်များကို မကြာခင် တစ်ယောက်ယောက် ဖုန်းခေါ်လာတော့မယ်..."
လီတ၀မ် လင်းရီ ဖုန်းပြောနေသည်ကို ရှင်းလင်းစွာ နားထောင်လိုက်ရသည်။
ထိုကောင် သူတို့ကုမ္ပဏီက တစ်ယောက်ယောက်နှင့် စကားပြောနေသည်မှာ အမှန်ပင်။
"မင်း...မင်းဘယ်သူ့ကို ဖုန်းခေါ်လိုက်တာလဲ....."
"ချင်းဟန်...."
လီတ၀မ် တစ်စက္ကန့်လောက် အေးခဲသွားပြီးနောက် အားရပါးရ အော်ရယ်မိလိုက်သည်။
"ဘာ...ချင်းဟန်..မျိုးမစစ်လေး မင်းငါ့ကို နောက်နေတာလား....."
လီတ၀မ် ရယ်ရလွန်း၍ မျက်ရည်ပင် မဆည်နိုင်တော့ချေ။ "တကယ်လို့ မင်းသာ တခြား အမှုဆောင် အရာရှိတွေကို ဖုန်းခေါ်လိုက်တယ်ဆိုရင်တော့ ငါယုံချင် ယုံလိုက်ဦးမယ်...ဒါပေမယ့် ဟားဟား...မင်းက သခင်လေးချင်းကို ဖုန်းခေါ်လိုက်တယ်လို့ ပြောလိုက်တော့....လခွီးမှတောင် မယုံဘူးကွ...."
"ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ပြီးမှ ပြောပါကွာ...ငါတို့ သခင်လေးချင်းက မင်း သိချင်တိုင်း သိလို့ရတဲ့ လူစားမျိုးများ မှတ်နေလား...."
"ငါတို့ သခင်လေးချင်းရဲ့ ဖုန်းနံပါတ်က ပေါပေါပဲပဲ ရနိုင်တယ်များ မှတ်နေလား...လူငယ်လေး...မင်းကြွားချင်တယ်ဆိုရင်လည်း ယုတ္တိရှိရှိလေးတော့ လုပ်လေကွာ....."