အာဖရိကကို ဒိုးလိုက်တော့
Vol. 4 Ch. 59
"ယုံချင်ယုံ မယုံချင်နေလေ...ကျန်တာ ကျုပ်နဲ့ ဘာမှ မဆိုင်တော့ဘူး...."
"ဟားဟား....."
လီတ၀မ် မျက်ရည် ကျသည်အထိ အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။
"ငါ့အထင် မင်းခုထိ ငါတို့ သခင်လေးချင်းက ဘယ်သူလဲဆိုတာ မသိသေးဘူးထင်တယ်...ဘီလီယမ်နာတွေတောင်မှ သခင်လေးချင်းရဲ့ ဖုန်းနံပါတ်ကို ရချင်သလို ရနိုင်တယ်များမှတ်နေလား...ဟမ် မင်းက ဒီလိုမျိုးတောင် ပြောရဲတယ်ပေါ့...မင်းအိပ်မက်ထဲမှာတောင်မှ အဲ့လို ပြောလို့မရဘူးကွ...."
လီတ၀မ်၏ စကားများက လူအုပ်ကြီး၏ ထောက်ခံမှုကို ရရှိသွားသည်။
ချင်းဟန်ဆိုသူမှာ ကျိုးဟိုင်တွင် ကျိကျိတက် ချမ်းသာသူ တစ်ယောက် ဖြစ်ရုံသာမက အင်တာနက်ပေါ်တွင်လည်း ပုံရိပ်ကြီးမားသူ တစ်ယောက်ဖြစ်၏။
အေးလေ ...သာမန် ချမ်းသာရုံလောက်နဲ့ သူ့နဲ့ တွေ့လို့ရပြီများ မှတ်နေလားမသိဘူး....
"ဒီကောင်လေးက အတော်လေး စိတ်၀င်စားဖို့ကောင်းတာပဲ...သူက ချင်းဟန်နဲ့ သိတယ်တဲ့လား...."
"ဟားဟား...တကယ်လို့ သူသာ ချင်းဟန်နဲ့ သိတယ်ဆိုရင် ငါလည်း ဒေါ်နယ်-ထရန့်နဲ့ သိတယ်ကွ...."
"ငါ့အထင်တော့ သူက အွန်လိုင်း ၀တ္တုတွေ အဖတ်များပြီးတော့ အဓိက ဇာတ်ကောင်ရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်နေတဲ့ပုံစံမျိုးပဲ...ဒါပေမယ့် ဒါက လက်ရှိဘ၀လေကွာ..ပုံပြင်စာအုပ်မဟုတ်ဘူး...."
"အင်း...ဖြစ်နိုင်တာက သူ အဖတ်လွန်ပြီး ရူးသွားတာနေမှာ...."
ဟားဟား......
တီ တီ -
လင်းရီ အိတ်ကပ်ထဲ ထည့်ထားသော သူ၏ ကားသော့ကို နှိပ်လိုက်သောအခါ ပန်ဂနီ၏ ဇင်ယော်ငှက် တောင်ပံကဲ့သို့သော ကားတံခါးများ ပွင့်လာပြီး အတင်းတုတ်နေသည့် အသံဗလံများကို ငြိမ်သက်သွားစေတော့၏။
"ေ-သစမ်း ပန်ဂနီဇွန်ဒါကြီးဟ ..ငါဘာလို့ ခုနတုန်းက မမြင်မိပါလိမ့်..."
"ငါတော့ အရင်တုန်းက မြင်ဖူးတယ်...ငါ ပုံတွေတောင် ရိုက်ဖူးသေးတယ်...."
"ဒီကားက ယွမ်သန်း၂၀ကျော် တန်ကြေးရှိတာနော်...ငါပြောပြမယ် ကျိုးဟိုင်က သူဌေး......"
"သွားစို့ ကားထဲ၀င်..."
လင်းရီ ပြောလိုက်သည်။
"အစ်ကိုရီ..ရှာရီလေးကော..ညီမသူ့ကို ရှာနေတာ ကြာပြီ ခုထိ မတွေ့သေးဘူး...."
"မင်းအစ်ကိုက အဲ့ဒီကား မမောင်းတော့ဘူးလေ..ခု ပန်ဂနီ လဲလိုက်တာ...."
ဟစ်....
"ပန်ဂနီက အစ်ကိုရီရဲ့ကား....."
"ဘာကွ...."လီတ၀မ် အံ့အားသင့်သွားသည်။
ဒီမျိုးမစစ်လေးက ပန်ဂနီမောင်းတာတဲ့လား...
နောက်နေတာမဟုတ်ဘူးလား....
"ဘာလို့လဲ ဖြစ်လို့မရလို့လား...."လင်းရီမေးလိုက်ပြီး ရှောင်ကျင်းနှင့်အတူ လူအုပ်၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ပန်ဂနီထဲ ၀င်သွားလိုက်၏။
လီတ၀မ် အရူးတစ်ယောက်ကဲ့သို့ ခံစားနေသည်။
သူဘာလို့ ပန်ဂနီ စီးနိုင်တဲ့သူကိုမှ ခြိမ်းခြောက်ခဲ့မိပါလိမ့်....
ကလင် ကလင် ကလင်
လီတ၀မ်၏ ဖြန်းသံ မြည်လာခဲ့၏။ အမည်မသိ ဖုန်းနံပါတ်ပင်။
"မင်းက လီတ၀မ်လား..."
ကျုံးဟန် ကုမ္ပဏီမှာ ပရော်ဖက်ရှင်နယ် မန်နေဂျာများ၏ အောက်တွင် စီမံခန့်ခွဲထားသောကြောင့် သဘာ၀အားဖြင့် ချင်းဟန် သိပ်ပြီး ၀င်စွက်ဖက်မှု မရှိပေ။ ထို့ကြောင့် ကုမ္ပဏီ၏ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ သိပ်မရင်းနှီးနေချေ။
သူတစ်ဖက်လူ၏ အထောက်အထားကို အရင်ဆုံး အတည်ပြုပြီးမှ ကျန်တာ ဆက်ပြောရလိမ့်မည်။
"ဟုတ်တယ်ငါပဲ...မင်း ဘယ်ကကောင်လဲ...."
"ငါချင်းဟန်ပဲ..."
"အိုး...သခင်လေးချင်းလားဗျ..."လီတ၀မ် သေးထွက်လုမတတ် ကြောက်ရွံ့သွား၏။
သခင်လေးချင်းက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်လာတယ်တဲ့လား...
လုံး၀ကို မယုံနိုင်စရာပဲ...
"ငိုးပဲ..မင်းေသာက်ပါးစပ်ကြီးနဲ့ ငါ့ကို သခင်လေးချင်းလို့ လာမခေါ်နဲ့...မင်းက ငါ့ညီကို လင်းရီနဲ့ သွားရှုပ်ထားတယ်ပေါ့...အသက်ရှင်ရတာ ပင်ပမ်းနေလို့လားကွ.."ချင်းဟန် ကျိန်ဆဲလိုက်သည်။
" မြန်မြန် ခုချက်ချင်း ပစ္စည်းတွေသိမ်းပြီးတော့ ကျုံးဟန် ကုမ္ပဏီကနေ လစ်လိုက်တော့ ..ငါတို့ ကုမ္ပဏီက မင်းလို ဘရိန်းမရှိတဲ့ကောင်တွေကို မလိုအပ်ဘူး...."
ချင်းဟန်၏ အော်ငေါက်သံကို ကြားသောအခါ လီတ၀မ်၏ ဝိဉာဏ်မှာ သူ၏ ခန္ဓာကိုယ်ကို နှုတ်ဆက်သွားတော့၏။
ထိုအချိန် တခဏလေးတွင်ပဲ သူအားလုံး သဘောပေါက်သွားတော့သည်။
ပန်ဂနီမောင်းတဲ့သူက လင်းရီ...
သူတကယ်ပဲ ကြွားနေတာ ဟုတ်ဘူးပဲ...
သူတကယ်ကြီး သခင်လေးချင်းကို ဖုန်းခေါ်ခဲ့တယ်.....
"သခင်လေးချင်း..ဒီအဘိုးကြီးရှင်းပြတာကို နားထောင်ပေးပါဦး ကျုပ်ကို အခွင့်အရေးနောက်တစ်ခေါက်လောက် ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်...ကျုပ်အခုပဲ သူ့ကို သွားတောင်ပန်လိုက်ပါ့မယ်ဗျာ...."လီတ၀မ် ငိုကြွေးမြည်တမ်းနေ၏။
"ကျုပ် အိမ်နဲ့ ကား၀ယ်ဖို့ ငွေချေးထားတာဗျ...သခင်လေးသာ ကျုပ်ကို အလုပ်ဖြုတ်လိုက်မယ်ဆိုရင် ကျုပ်ဘ၀ကတော့ ရေစုန်မျောပါပြီ...."
"ရတယ်လေ...အာဖရိကမှာ လူနည်းနေတာနဲ့ အတော်ပဲ...မင်းအလုပ်မထွက်ချင်ဘူးဆိုရင်လည်း အာဖရိကကို သွားလိုက်...."
ထို့သို့ပြောပြီးနောက် ချင်းရန် အချိန်ဖြုန်းမနေတော့ပဲ ဖုန်းချလိုက်၏။
ဘုတ်
လီတ၀မ်၏ ဖုန်းပြုတ်ကျသွားပြီး သူကိုယ်တိုင်လည်း မြေကြီးပေါ်သို့ ဖင်ထိုင်လျက်သား လဲကျသွားသည်။
"ဘာဖြစ်နေတာလဲ...ရှင်ဘာလို့ အောက်မှာ ထိုင်နေတာလဲဟဲ့...."လီတ၀မ်၏ မိန်းမမှ မေးလိုက်သည်။
"သွားပြီ မိန်းမ..ငါတို့ မစော်ကားသင့်တဲ့သူကို စော်ကားခဲ့မိပြီ ပန်ဂနီ မောင်းတဲ့ကောင်က တကယ်ကြီး သခင်လေးချင်းနဲ့ ရင်းနှီးတယ်...ခု သခင်လေးချင်း ငါ့ကို ဘာတစ်ခွန်းမှ မမေးပဲ အလုပ်ထုတ်ပစ်လိုက်ပြီဟ....."
လီတ၀မ်၏ ဇနီးလည်း အံ့အားသင့်သွား၏။ သူမယခုတော့ အလွန်အမင်း နောင်တရလို့နေသည်။
"အာ့ဆိုလည်း ရှင်က ဘာလုပ်နေတာလဲ...သူ့နောက်အမြန်လိုက်ပြီး တောင်းပန်လေ...."
"ဟုတ်တယ်..ဟုတ်တယ်...သွားတောင်းပန်ရမယ်...."
လီတ၀မ် နောက်ဆုံးမျှော်လင့်ချက်လေး တစ်မျှင်ဆွဲ၍ လင်းရီထံသို့ ပြေးပြီး တောင်းပန်လိုက်၏။
"သခင်လေးလင်း...ခဏလောက်စောင့်ပါဦး..."
လင်းရီ မောင်းထွက်တော့မည့် အချိန်တွင် လီတ၀မ်၏ ခေါ်သံကို ကြားသောအခါ ကားတံခါး ပြန်ဖွင့်လိုက်သည်။
"ဘာတုန်း..."
ဘုန်း...
လီတ၀မ် ချက်ချင်း ဒူးထောက်ချ၍ ကိုယ့်ကိုယ်ကို အဆက်မပြတ် ပါးရိုက်နေတော့သည်။
"သခင်လေးလင်း ကျုပ်တို့မှားပါတယ်...နောက်ထပ် အခွင့်အရေး တစ်ခါလောက် ..တစ်ခါတည်းပဲ ပေးပါဗျာ...ကျေးဇူးပြုပြီး သခင်လေးချင်းကို အလုပ်မဖြုတ်ဖို့ ပြန်ပြောပေးပါလား...."
"ဟမ့်..ဒီနေ့ ငါနဲ့ တွေ့တာ ကံကောင်းလို့ပေါ့..မဟုတ်ရင် ရှောင်ကျင်းရဲ့ မိဘတွေ မင်းတို့နှစ်ကောင်ကြောင့် သေလုမြောပါး အနိုင်ကျင့်ခံရလောက်ပြီ..."လင်းရီ ပြောလိုက်သည်။
"မင်းတို့ စကတည်းက အကျိုးဆက်ကို တာ၀န်မယူနိုင်ဘူးဆိုရင်လည်း မစနဲ့လေ...လုပ်ရဲမှတော့ ခံရဲရမှာပေါ့ကွ.... "
ထို့နောက် လင်းရီ ကားတံခါးပြန်ပိတ်လိုက်ပြီး ရှောင်ကျင်းနှင့်အတူ ထွက်သွားတော့၏။
မကြာမီ ရှောင်ကျင်းနှင့်အတူ စားသောက်ဆိုင်လေးသို့ ပြန်လာခဲ့လိုက်သည်။
"ပါး..မား...သမီး ပြန်လာပြီ..."
"မြန်မြန် အစ်ကိုရီကို ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်လေ...."
အန်တီလျိုမှ အပြုံးလေးဖြင့် ပြောလိုက်၏။
"သမီးက အစ်ကိုရီကို ပြောပြီးသားပါနော်...."ရှောင်ကျင်း လျှာထုတ်၍ ပြောလိုက်ပြီး "မား..အစ်ကိုရီက ကားအသစ်လဲထားတာနော်...အရမ်းလှတာပဲ သိလား...."
"ဒါဆိုလည်း သမီး စာတွေ အများကြီးကြိုးစား..
ပြီးကျ ကုမ္ပဏီအကြီးကြီးမှာ အလုပ်လုပ်ပြီးတော့ ကား၀ယ်ပေါ့...."
"အွန်း..."
"ရီလေး လာလေကွာ..."
ရှောင်ကျင်း၏ ဖခင်မှ လက်ထဲတွင် ပါဆယ်ထုပ်ကလေးဖြင့် ပြောလိုက်သည်။
"မင်းရောက်လာတာ ကွက်တိပဲ..ခုလေးတင် ချက်ပြီးသွားတာ..ပူတုန်းလေး စားလိုက်နော်..."
"ဟီး ဟီးကျေးဇူးတင်ပါတယ်ဗျ..."လင်းရီ ပိုက်ဆံရှင်းမည်လုပ်၍ ပြောလိုက်၏။
"ဟေးဟေး ရီလေး ..ဒါ ဦးတို့ ကျွေးတာ..ပေးစရာ မလိုဘူး..."
"အာ...ရှောင်ကျင်းကို ကြိုပေးတာက ကြိုပေးတာပဲလေ..ပေးရမှာက ပေးရမှာပဲ...."
"တော်ပြီ....မင်းက ရှောင်ကျင်းကို ခေါ်လာပေးတာနဲ့တင် ဦးတို့က ကျေးဇူးတင်လှပြီ..ဘာလို့ မင်းပိုက်ဆံက်ု ယူရမှာလဲ...."
"မယူလို့ မရဘူး...."လင်းရီ ယွမ် တစ်ရာတန် လက်တစ်ဆုပ်လောက် ထုတ်၍ အန်တီလျို၏ လက်ထဲသို့ အတင်းထိုးပေးရင်း ကားဆီသို့ လျင်မြန်စွာ ပြေးလာခဲ့လိုက်သည်။
သက်လတ်ပိုင်း စုံတွဲကတော့ ကြောင်အလျက် ကျန်နေခဲ့၏။
အချိန်မှာ ရှစ်နာရီ ကျော်နေပြီဖြစ်သည်။
လင်းရီ လျှောက်သွားမနေတော့ပဲ အိမ်သို့ ပြန်ရန်သာ စီစဉ်လိုက်တော့၏။
"ဟမ်...."
လင်းရီ မီးပွိုင့်စောင့်နေတုန်း ချောင်ရန် အုပ်စု၏ အပေါ်ထပ်တွင် မီးလင်းနေသည်ကို မြင်လိုက်ရသည်။
"ဘာတုန်းဟ...ကျီချင်းရန်က ခုထိ အလုပ်မဆင်းသေးဘူးလား...."
မီးစိမ်းသောအခါ လင်းရီ ကန့်လန့်ဖြတ် ပြန်မောင်းလိုက်ပြီး ချောင်ရန် အုပ်စုထံ ဦးတည်လိုက်သည်။
သူ့တွင် ဘာမျှ လုပ်စရာ မရှိသောကြောင့် ကျီချင်းရန်ထံ သွားလည်ရန် ဆုံးဖြတ်လိုက်၏။
ကားပါကင်ထိုးပြီးနောက် လင်းရီ ဓာတ်လှေကားထဲသို့ ၀င်၍ အပေါ်ဆုံးအထပ်ကို နိတ်လိုက်သည်။
အပေါ်ဆုံးအထပ်တွင် ကော်ရစ်ဒါနှင့် ကျီချင်းရန်၏ ရုံးခန်းမှ လွဲ၍ အားလုံး မီးများ ပိတ်ထားပြီး ဖြစ်၏။
ဒီကောင်မလေး ဒီနေ့ ကားမခေါ်တာ မထူးဆန်းတော့ပါဘူး...လက်စသတ်တော့ အချိန်ပို ဆင်းနေတာကိုး.....
စားပွဲခုံပေါ်တွင် စာဖိုင်အထပ်လိုက်ကြီး ရှိနေပြီး ဘေးတွင် ပန်းရောင် ကော်ဖီခွက်လေး တစ်ခွက်ချကာ လက်ထဲတွင်လည်း ဘီစကစ်တစ်ချပ်ကို ကိုင်ထား၏။
အချိန်ပို လုပ်နေရသည့်တိုင် သက်တောင့်သက်သာ ဖြစ်နေသည့်ပုံ ပေါက်နေသည်။
ထိုအချိန်တွင်တော့ ကျီချင်းရန်၏ အာရုံမှာ စာဖိုင်များထဲတွင် လုံး၀ ရောက်နေပြီး လင်းရီ တံခါး၀၌ ရပ်နေသည်ကို သတိမမူမိသေးပေ။
"ဒီကောင်မလေးက အလုပ်လုပ်နေတာ မလွန်ဘူးဟ..တစ်ရုံးလုံး ပြန်သွားကြကုန်ပြီ..သူတစ်ယောက်ထဲ ကျန်ခဲ့တာ မကြောက်ဘူးလား မသိဘူး...."
လင်းရီ နောက်သို့ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်လိုက်ပြီး ကော်ရစ်ဒါရှိ မီးခလုတ်ကို ဖိလိုက်သည်။
ထိုအခါ ရုံးခန်းတစ်ခုလုံး မှောင်မည်းသွားတော့၏။
တစ်စက္ကန့်မျှ ကြာပြီးနောက် လင်းရီ ခလုတ်ကို ပြန်ဖွင့်လိုက်သည်။
ထိုသို့ နှစ်ကြိမ်လောက် ဆက်တိုက် ပြုလုပ်လိုက်၏။
"အဲ့နားက ဘယ်သူလဲ...."
ကျီချင်းရန်၏ အသံထွက်ပေါ်လာသည်။ သို့သော်လည်း အသံမှာ အနည်းငယ်မသိမသာ တုန်ခါနေ၏။
လင်းရီ ဘာမျှ မပြောဘဲ ရယ်ချင်နေသည့်စိတ်ကို အနိုင်နိုင် ထိန်းထားရသည်။
ဒေါက် ဒေါက် ဒေါက် ...
ကျီချင်းရန် ရုံးခန်းထဲမှ ဒေါက်ဖိနပ်စီး၍ ထွက်လာသည့်အသံကို ကြား နေရ၏။
"အဲ့နားက ဘယ်သူလဲ...ငါနဲ့ လာမကစားနဲ့နော်...."
ဤတစ်ကြိမ်တွင်တော့ သူမရင်ထဲရှိ စိုးရိမ်ပူပန်မှုမှာ ပို၍ ပေါ်လွင်လာသည်။