← Chapters

မြန်မြန်လာနော်..ငါကြောက်တယ်

Vol. 4 Ch. 60

မြန်မြန်လာနော်..ငါကြောက်တယ်

Vol. 4 Ch. 60

လင်းရီ အသံ တစ်ချက်မျှ မထွက်ဘဲ ကော်ရစ်ဒါ ထောင့်တစ်နေရာ၌ ပုန်းနေလိုက်သည်။

မကြာမီ သူ တံခါးပိတ်သံကို ကြားလိုက်ရပြီး တံခါးလောခ့်ချသံကိုပါ ကြားလိုက်ရ၏။

ထိာအခါ လင်းရီ ပုန်းနေသည့်နေရာမှ ထွက်ပြီး ဤတစ်ခေါက်တော့ ခြေသံကျယ်ကျယ်ဖြင့် မီးခလုတ်ကို ပိတ်လိုက် ဖွင့်လိုက် ခဏခဏ လုပ်နေလိုက်သည်။

ဒူ ဒူ

လင်းရီဖုန်း တုန်ခါလာခဲ့၏။ ကျီချင်းရန်ထံမှ အသံမက်ဆေ့ခ်ျပို့လာခြင်းပင်။

"လင်းရီ...နင်ဘယ်ရောက်နေတာလဲ...ငါကုမ္ပဏီမှာ..အရေးကြီးလို့ ငါ့ကို အမြန်လာကြိုပေးပါလားလို့."

လင်းရီ မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီကောင်မလေးကတော့လေ..အခြောက်ခံနေရတာတောင်မှ ဘာလို့ စာရိုက်နေပါလိမ့်...

ဖုန်းခေါ်လို့ရနေတာပဲ မဟုတ်လား...

လင်းရီ စာပြန်မပို့မီ ကျီချင်းရန် ဖုန်းခေါ်လာခဲ့၏။

သို့သော်လည်း လင်းရီ မကိုင်ခဲ့။ သူမကို ဆက်လက် ခြောက်လန့်ချင်နေသေး၏။

"ငါမအားသေးဘူး..ခုအလုပ်ကိစ္စနဲ့ အပြင်ရောက်နေလို့...."

လင်းရီ ဝီချက်မှ တစ်ဆင့် စာပြန်ပို့လိုက်၏။

"နင် အခုလာလိုက်လို့မရဘူးလား...ငါ့အထင်တော့ ရုံးခန့်ရှေ့မှာ လူဆိုးတစ်ယောက် ရောက်နေတယ် ထင်တယ်...."

သို့သော်လည်း ယခုတစ်ခေါက်တွင်သော့ သူမ၏ အသံထဲတွင် ရှိုက်ငိုသည့်အသံများ ပါမလာတော့ချေ။

သိသာစွာပင် ကျီချင်းရန် ရိပ်မိသွားပုံပေါ်သည်။

သို့နှင့် လည်းရီလည်း သူ၏ ကြက်ဥထမင်းကြော် ပါဆယ်ထုပ်ကို ကိုင်ကာ ကျီချင်းရန်၏ ရုံးခန်းဆီသို့ လျှောက်လာခဲ့လိုက်သည်။

ဒုန်း ဒုန်း ဒုန်း

"ဘယ်သူလဲ..."

ကျီချင်းရန် အော်မေးလိုက်၏။

"ငါပြောလိုက်မယ်..ငါ့ကောင်လေးက ခဏနေဆိုရင် ရောက်လာတော့မှာနော်..ကျွန်မရှင့်ကို ကြောက်မယ်များ ထင်နေလား..ရုံးခန်းနားကနေ ထွက်သွားစမ်း..."

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ရယ်လိုက်မိသည်။

သူအမြဲတမ်း ချင်းရန်၏ မိန်းကလေး ဆန်သော အခြမ်းကိုသာ မြင်ဖူး၏။ သို့သော်လည်း သူမတွင် ကလေးဆန်သော အခြမ်းလည်း ရှိနေလိမ့်မည်လို လုံး၀ ထင်မထားချေ။

"အဲ့ဒါဆိုလည်း မင်းကောင်လေး လာတော့မယ်ဆိုမှတော့ ငါအရင် သွားတော့မယ်နော်...."

ဟမ်.....

တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသော အသံမှာ သူမနှင့် ရင်းနှီးနေသလို ခံစားမိလိုက်၏။

လင်းရီ အသံ မဟုတ်လား...

သူမ လျင်မြန်စွာ တံခါး ပြေးဖွင့်လိုက်သောအခါ တံခါးအပြင်ဘက်၌ အထုပ်ကလေးဖြင့် ပြုံးပြုံးကြီး ရပ်နေသော လင်းရီကို မြင်လိုက်ရ၏။

ကျီချင်းရန် သူမကိုယ်သူမ လင်းရီ ရင်ခွင်ထဲသို့ ပြေး၀င်သွားလိုက်ပြီး "အဟင့် အဟင့် အဟင့် ...နင်နောက်ဆုံးတော့ ရောက်လာပြီပေါ့...ငါထင်နေတာ လူဆိုးတွေ ငါတို့ ကုမ္ပဏီဆီ ရောက်လာတယ်ပေါ့...ငါ့မှာ လန့်လွန်းလို့ ‌ေ-သတော့မယ်သိလား..."

သို့သော်လည်း ကျီချင်းရန် မကြာမီ တစ်ခုခု မှားနေကြောင်း ရိပ်မိသွား၏။

သူမ လင်းရီ ရင်ခွင်ထဲမှ ထွက်လာလိုက်ပြီး မသင်္ကာစွာ ကြည့်လိုက်သည်။

"ငါနင့်ကို ခုနလေးတုန်းကမှ မက်ဆေစ့် ပို့လိုက်တာ မဟုတ်လား...ဘာလို့ ဒီလောက် မြန်မြန် ရောက်လာခဲ့တာလဲ...."

"ဘာလို့ဆို..ငါတစ်ချိန်လုံး အပြင်ဘက်မှာ ရှိနေလို့ပေါ့..."

ကျီချင်းရန်၏ အမူအရာမှာ ပျော်ရွှင်မှုမှ ဒေါသ အဖြစ်သို့ ပြောင်းလဲသွားတော့၏။

"ဒါဆို အပြင်မှာ တစ်ချိန်လုံး ရှိနေတာ နင်ပေါ့....ငါ့ကို ဘာလို့ အဲ့လို ခြောက်ရတာလဲလို့...."

လင်းရီ ဖုန်းကို ကိုင်ပြလိုက်ပြီး "ကိုယ့်ကိုယ်ကိုလည်း ကြည့်စမ်းပါဦး ..ညကိုးနာရီတောင် ကျော်တော့မယ်...ကုမ္ပဏီမှာလည်း မင်းကလွဲပြီး တစ်ယောက်မှ မရှိဘူး...ဒီမှာ မလုံခြုံဘူးဆို မသိဘူးလား ဟမ်.."

လင်းရီ၏ လက်ချာရိုက်ခြင်းခံရပြီးနောက် ကျီချင်းရန် သူမအတွက် ပြောပေးနေကြောင်း နားလည်သွား၏။

"ဟမ့် နောက်စရာရှားလို့ မီးခလုတ် ပိတ်လိုက်ဖွင့်လိုက်နဲ့ ခြောက်လှန့်ရတယ်လို့...."

"ဒါဆိုလည်း ဘာလို့ ဒီလောက် ညနက်တဲ့အထိ ကုမ္ပဏီမှာ တစ်ယောက်တည်း အလုပ်လုပ်နေတာလဲ...."

"နင်လာမယ်ဆိုရင်လည်း ငါ့ကို ပြောလို့ရတယ်လေ...ခြောက်တော့ မခြောက်နဲ့ပေါ့ဟဲ့.....နင်သိလား ငါခုလေးတင် သေမတတ် လန့်သွားတာနော်...."

ပြောရင်း ချင်းရန် သူမ မျက်လုံးထောင့်စွန်းမှ မျက်ရည်စများကို သုတ်လိုက်သည်။

သူမ အစတုန်းက အနည်းငယ် စိတ်ဆိုးနေသော်လည်း လင်းရီမှာ သူမကောင်းဖို့ အတွက် ပြောနေကြောင်း သတိထားမိသွားတော့ သူမ စိတ်မဆိုးရက်တော့ချေ။

"မင်းလို အလုပ်ကြမ်းပိုး တွေကလည်း ခပ်မာမာလေး ပြောမှ နားလည်တာကိုး မငိုနဲ့‌တော့ အလှတွေ ပျက်ကုန်လိမ့်မယ်..."

လင်းရီ ပြောလိုက်ပြီး " ငါမင်းကို သင်ခန်းစာ ပေးချင်လို့ အဲ့လို လုပ်လိုက်တာ...."

"သိပါတယ်..ငါလည်း ဒီတိုင်း အလုပ်တွေ ပြီးတော့မှာ မလို့ မနက်ဖြန်ထိ မစောင့်ချင်တော့လို့ ဆက်လုပ်နေလိုက်တာ...."ကျီချင်းရန် အမှား လုပ်ထားမိသော ကလေးလေး တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။

"ထားပါတော့လေ..ဒါနဲ့ နင့်လက်ထဲ ကိုင်ထားတာ ဘာအထုပ်ကြီးတုန်း..."

"ဥထမင်းကြော်....."

အိုး..သူက ငါ့အတွက် ၀ယ်လာပေါ့တာပေါ့လေ....

ကျီချင်းရန်၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားပြီး

အရမ်း ရိုမန်တစ် ဆန်လိုက်တာ..ငါ အချိန်ပိုဆင်းရင် ဘာမှ မစားတတ်တာကို သူသိတယ်ပေါ့....

နှစ်ယောက်သား ရုံးခန်းထဲသို့ ၀င်သွားကြ၏။

လင်းရီ ဆိုဖာပေါ်သို့ ထိုင်လိုက်ကြပြီး ပါဆယ်ဗူးလေးကို ဖွင့်လိုက်သောအခါ စားချင်စဖွယ် ရနံ့များ သင်းပျံ့လာသည်။

လင်းရီလည်း ဘာမျှ မစားရသေးသောကြောင့် ဗိုက်မှာ တဂွီဂွီ မြည်လာပြီး ပါးစပ်ထဲသို့ အလုတ်ကြီး တစ်လုတ် သွပ်လိုက်၏။

အား...အရသာ ရှိလိုက်တာကွာ....

"ဟင် ဟင်..."

ကျီချင်းရန် ထိုင်နေရင်း အေးခဲသွားတော့၏။

ငါ့အတွက် ၀ယ်လာပေးတာ ဟုတ်ဘူးပေါ့....

ဟမ့် ကောင်စုတ်ကြီး..ငါခုထိ ဘာမှ မစားရသေးတာ မသိဘူးလား...

တစ်ယောက်တည်း စားပစ်လိုက်တယ်ပေါ့...

"အဟွတ် အဟွတ် အဟွတ် "

ကျီချင်းရန် ခြောက်‌ကပ်ကပ် ချောင်းဆိုးလိုက်ပြီး

"ဟမ် ..မင်းအာခြောက်ရင်လည်း ရေသောက်ပါလား..."

"အင်း..ခုက ကိုးနာရီတောင် ကျော်နေပြီလေ...အလုပ်ကလည်း များနေတာ အခုထိပဲ..."

"အင်း..သိတယ်..."

"အဲ့ဒီတော့ ငါလည်း ဘာမှ မစားရသေးဘူးလေ..."ကျီချင်းရန် အထာလေးဖြင့် ပြောလိုက်၏။

"မင်းမှာ ဘီစကစ်သေးသေးလေး ရှိတယ် မဟုတ်ဘူးလား..ငါ့ဥထမင်းကြော်ကိုတော့ လာလုစားဖို့ မစဉ်းစားနဲ့နော် ငါတောင်မှ တစ်ယောက်စာပဲ ၀ယ်ခဲ့တာ..."

"ဘီစကစ်လေး စားရုံနဲ့ ဘယ်လိုလုပ် ဗိုက်ပြည့်မှာ..."

ကျီချင်းရန် လင်းရီ ထံ လှမ်းလာပြီး "ငါလည်း တစ်လုတ်လောက် စားချင်တယ်လေဟာ...."

"ဟမ်..မင်းက စီအီးအိုလေ...ဘာလို့ ဥထမင်းကြော်တွေ စားမှာလဲ..."

"ဘာဖြစ်လဲ..နတ်သမီးမှ မဟုတ်တာ...စားမှာပဲ..."

ကျီချင်းရန် ထပ်ပေါင်း၍ "ကုမ္ပဏီနဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာ ဟို စုံတွဲ ဖွင့်ထားတဲ့ ဆိုင်က ဥထမင်းကြော်ဆိုရင် အရမ်းစားကောင်းတာသိလား...ငါဆို အမြဲတမ်း ၀ယ်စားဖြစ်တယ်..."

လင်းရီ အနည်းငယ် အံ့အားသင့်သွားသည်။ ကျီချင်းရန် ဥထမင်းကြော် ၀ယ်စားလိမ့်မည်ဟု ထင်မှတ်မထားချေ။

"ဒါလည်း အန်တီလျိုရဲ့ ဥထမင်းကြော်ပဲလေ...."

"တကယ်ကြီးလား...."ကျီချင်းရန်၏ အမူအရာ တောက်ပလာပြီး "ငါမြည်းကြည့်လို့ရလား...."

မျက်လုံးရွဲကြီးများဖြင့် ကြည့်နေသော ကျီချင်းရန်ကို မြင်တော့ လင်းရီလည်း မငြင်းဆန်နိုင်တော့ပဲ တူကို ကမ်းပေးလိုက်သည်။

သို့သော်လည်း သူမ၏လက်က ရွေ့လျားမလာခဲ့။

"ဘာလို့လဲ..မစားချင်တော့ဘူးလား..."

"ခွံကျွေး..."

"မရဘူး...."

"နင်ငါ့ကို ခုလေးတင် ခြောက်လှန့်ထားတာ မရဘူး ခွံ့ကျွေးရမှာပဲ..."

"မင်းက အရွယ်ရောက်ပြီးနေပြီလေ..ဒါတောင်မှ ကလေးလို ဆိုးချင်နေတုန်းပေါ့...ဟူး ငါတော့ မင်းကို တကယ်မနိုင်တော့ဘူး...."

လင်းရီ ရွေးချယ်စရာ မရှိပေ။ တူဖြင့် အလုတ်သေးသေးလေး ညှပ်၍ ကျီချင်းရန် နှုတ်ခမ်းနား တေ့ပေးလိုက်သည်။

"ဝေါင်း...သူတို့ ကျော်တဲ့ ဥထမင်းကြော်က အကောင်းဆုံးပဲ..."ကျီချင်းရန် ရေရွတ်လိုက်၏။

"ငါ့ကို ၀က်ပေါင်ခြောက်လေး နည်းနည်းလောက်..."

"ကြက်ဥလေး ကောနော်...."

"ဟမ့် ကျွေးတာကို ကောင်းကောင်းမစားပဲ ဟိုဟာကျွေး ဒီဟာကျွေးဆိုလို့ကတော့ ငါပဲ အကုန်စားပစ်လိုက်မှာနော်..."လင်းရီ ထိုသို့ပြောလိုက်သော်လည်း ကြက်ဥနှင့် ၀က်ပေါ်ခြောက်ကိုယူ၍ ကျီချင်းရန် နှုတ်ခမ်းသို့ တေ့ပေးလိုက်၏။

"တော်ပြီ...၀သွားပြီ..."

"ဟမ်..နှစ်လုတ်ပဲ စားရသေးတယ် ၀သွားပြီပေါ့...."

"နင်လည်းပဲ တစ်နေ့လုံး ပင်ပမ်းထားတာလေ...နင်လည်း ဆာနေရောပေါ့..ငါ့ဘီစကစ်ပဲ သွားစားလိုက်တော့မယ်..."

"လုပ်ပါ စားပါဟ..ငါအဲ့လောက်လည်း စေတနာ မမွဲပါဘူးဟ..အဲ့လိုကြီး ကြည့်မနေစမ်းပါနဲ့..."လင်းရီ မယုံသင်္ကာဖြင့် ပြောလိုက်၏။

"ဟင့်အင်း..စားချင်တော့ဘူး..."ကျီချင်းရန် ခေါင်းခါရမ်းလိုက်ပြီး "နောက်ကျနေပြီဆိုတော့ အများကြီး စားလို့မရဘူးလေ..မဟုတ်ရင် ငါလုပ်နေတဲ့ ယောဂက အလကား ဖြစ်သွားလိမ့်မယ်...."

"ကောင်းပြီလေ..မင်းမစားချင်ဘူးဆိုလည်း မစားနဲ့ပေါ့...မြန်မြန် ပစ္စည်းတွေ သိမ်းပြီး အိမ်ပြန်ကြစို့..."

"အာ...စာဖိုင်တစ်ခုတည်းကျန်တာ...အဲ့တာလေးဖတ်ပြီးမှ ပြန်ရအောင်လား..."

"မင်းလုပ်ချင်သလိုသာလုပ်..ငါကတော့ စားပြီး လစ်မှာ...ငါနဲ့ လိုက်တာ မလိုက်တာကတော့ မင်းသဘောပဲ...."

"ကျွတ်...ဘာလို့ ဒီလောက်ထိ တဇောက်ကန်း ဖြစ်နေရတာလဲ...ကောင်မချောချောလေးနဲ့ ညနက်တဲ့ထိ အတူနေရာတာ မကောင်းဘူးလား..ဟမ့် ငတုံးကြီး..."

ကျီချင်းရန် စောဒက တက်ပြီးနောက် စားပွဲပေါ်သို့ ပြန်၍ စာရွက်စာတမ်းများ ဖတ်ရှုနေလိုက်သည်။

သူမ ဖတ်ရှုပြီးသွားသော်လည်း လင်းရီမှာ စားလို့ မပြီးသေးသောကြောင့် ဆက်လက်၍ ဖတ်ချင်ဟန် ဆောင်နေလိုက်သည်။

အဘယ်ကြောင့်ဆိုသော် လင်းရီကို ၀အောင် စားစေချင်သောကြောင့် ဖြစ်၏။

သူမကို တန်းစီ၍ ပန်းများ ပေးနေသော သူများမှာ ကလပ်တက်နေချိန် သူကတော့ ညနက်တဲ့အချိန်ထိ သူမကို တွေ့ရန် လာခဲ့သောကြောင့်ပင်။

"ငါပြီးပြီ ..လစ်တော့မယ်ဟေ့...."

"ငါလည်း ပြီးပါပြီနော်...."

ကျီချင်းရန်လည်း လင်းရီနှင့်အတူ တစ်ပါတည်း ထွက်ခွာရန် ပြင်ဆင်လိုက်၏။

သို့နှင့် ကွန်ပျူတာ ပိတ်လိုက်ပြီး ပစ္စည်းများ သိမ်းဆည်း လိုက်သည်။ ထို့နောက် အ၀တ်လဲခန်းထဲသွား၍ အ၀တ်သွားလဲလိုက်ပြီး အိမ်ပြန်ရန် အဆင်သင့် ဖြစ်နေတော့သည်။

ကလင် ကလင် ကလင်

လင်းရီဖုန်းသံမြည်လာပြီး ချင်းဟန်မှ ခေါ်ဆိုလာခဲ့ခြင်းပင်။

"ငါအဲ့ဒီ ငနဲကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပြီးသွားပြီ..မင်းအေးဆေး‌သာနေလိုက်တော့..."

"အေး‌အေး ... ဒါနဲ့သခင်လေးချင်းက ဘာလို့များ ဒေါသတွေ ထွက်နေတာတုန်း...ဘာလဲ မင်းရဲ့ အချိန်ကောင်းလေးကို နှောက်ယှက်သွားလို့လား"

"ဟားဟား.. မင်းက အရမ်း တည့်တိုးဆန်တာပဲကွ..."

ချင်းဟန် ရယ်မောလိုက်

ပြီး "မင်းခု ဘာတွေ လုပ်နေတာ..ငါအခု A-listထဲက ဆယ်လီလေးတွေ ရှာတွေ့ထားတယ်..လာပြီး ပျော်ချင်လား...အချိန်ကုန်ရတာ တန်စေရမယ်လို့ အာမခံတယ်..."

လင်းရီ ကျီချင်းရန်ကို ကြည့်၍ ပြုံးလိုက်ပြီး "နေပါစေကွာ...ငါ့မှာ ပိုကောင်းတဲ့ ကောင်မလေး ရှိပြီးသားကွ...မင်းရဲ့ A-list ဆယ်လီတွေကို ဘေးချိတ်ထားလိုက်တော့..."

စာစဉ် (၄) ပြီး၏။

All Chapters