← Chapters

ကျင်းရှို့တောင်ဆီ ပြန်သွားခြင်း

Vol. 61 Ch. 839

ကျင်းရှို့တောင်ဆီ ပြန်သွားခြင်း

Vol. 61 Ch. 839

“ ရွေးချယ်စရာ နှစ်ခုက ဘာတွေလဲ ” ထန်ကျန်းမန်က သိချင်စိတ်ကို ချုပ်တည်းမထားနိုင်တော့ဘဲ မေးလိုက်သည်။

“ ပထမတစ်ခုက ငါ မင်းကို တစ်နာရီ မဟုတ်သေးဘူး.... တစ်နာရီ‌‌တောင် မကြာစေရဘူး သင်ပေးလိုက်ရင် အောင်ဖို့ သေချာတယ်။ မင်းကို သင်ပေးမဲ့ဟာနဲ့ဆိုရင် မင်းအတွက် အောင်ဖို့က အလွယ်လေး ဖြစ်သွားလိမ့်မယ် ”

မိုဝူကျိ စကားမဆုံးခင် ထန်ကျန်းမန်က စိုးရိမ်တကြီး ပြောလိုက်သည်  “ အစ်ကိုကြီးမို ပြောတာက ကျမကို ခဏလေး သင်ပေးလိုက်ရင် ကြယ်သုံးလုံး စာမေးပွဲ သေချာပေါက် အောင်မယ်ပေါ့ …. အဲဒါတင် မကသေးဘူး။ အဖွဲ့အစည်းရဲ့ ပဏာမ ရွေးချယ်ပွဲမှာလည်း ထိပ်ဆုံးသုံးယောက်ထဲ ပါနိုင်တယ်ပေါ့ ”

“ ဟုတ်တယ် ” မိုဝူကျိက ခေါင်းညိတ်ပြလိုက်သည် “ အဲဒါတင် မကသေးဘူး။ တကယ်လို့ မင်း စာမေးပွဲ မဖြေဘဲ စိမ်ခေါ်မှု တန်းလုပ်ရင်တောင် အောင်ပြီးတော့ တိယွမ်ဂြိုဟ်ဆီ သွားနိုင်လိမ့်မယ် ”

မိုဝူကျိက အာကာသ ညွှန်ကြားရေး ပူးပေါင်းအဖွဲ့နှင့် ကမ္ဘာမြေ အာကာသ ညွှန်ကြားရေး အဖွဲ့ကြားမှ ကွာခြားချက်ကို မသိပေ။ သူက မေးဖို့ရာလည်း စိတ်မပါပေ။

“ အစ်ကိုကြီးမိုရဲ့ စကားက အမှန်ပဲလား။ လူတစ်သောင်းလောက်ဖြေတာတောင် ၂၀ လောက်ပဲ အောင်တာနော် ” ထန်ကျန်းမန်၏ အသံက အနည်းငယ်ပင် တုန်ယင်နေလေ၏။ မိုဝူကျိက ခိုင်မာစွာ ပြန်ပြောလိုက်လေ၏  “ ငါ့စကားတွေက ရွှေထက်တောင် အလေးချိန်စီးသေးတယ် ... အမှန်ပဲ ”

သူ့ချီသွေးကြော ၁၀၈ ခုလုံးမှာ အပြည့်အဝ ဆက်သွယ်ပြီးသွားပြီ ဖြစ်၏။ သူ့အသိစိတ်ပင်လယ်မှာ ပြန်မကောင်းလာသေးသော်လည်း သူ့လက်ရှိစွမ်းရည်မှာ အင်မော်တယ်လောက၌ ထိပ်ဆုံး၌ ရပ်တည်နေနိုင်ဆဲ ဖြစ်သည်။ အကယ်၍ သူက ထန်ကျန်းမန်ကို ကူညီပေးလိုက်ပြီး သူမက သားရဲအချို့ကိုပင် အနိုင်မယူနိုင်လျှင် သူက အင်မော်တယ် ဧကရာဇ် အတုအယောင်သာ ဖြစ်ပေလိမ့်မည်။

“ ကျမ ဒီဟာကို ရွေးမယ် ” ထန်ကျန်းမန်က ပြောဖို့ရာ တုံ့ဆိုင်းမနေပေ။

မိုဝူကျိက သက်ပြင်းချကာ  “ နောက်ထပ် တစ်ခုကို မကြားချင်တော့ဘူးလား ”

ထန်ကျန်းမန်၏ ပင်ကိုယ်စရိုက်မှာ မဆိုးလှသော်လည်း သူမက သူ့တပည့် ဖြစ်ဖို့ရာ မသင့်တော်သေးပေ။ သူမအနေနှင့် ခေါင်းအေးအေးထားကာ  ရွေးချယ်စရာ နှစ်ခုလုံးကို နားထောင်ပြီးမှ ဆုံးဖြတ်ချက် ချသင့်သည် မဟုတ်ပါလော။

သူက ထန်ကျန်းမန်အား တပည့်အဖြစ် လက်ခံရန် တွေးမိသွားသည့် အကြောင်းအရင်းမှာ သူမက သူ့ကို ကူညီပေးခဲ့၍ ဖြစ်၏။ အကယ်၍ ထန်ကျန်းမန်၏ ဓားချက်ကြောင့်သာ မဟုတ်လျှင် သူ့အသက်ရှုလမ်းကြောင်းကို နှိုးဆွလာနိုင်မည် မဟုတ်ပေ။ သူ့အခြားသော ချီသွေးကြောများကိုလည်း နှိုးဆွလာနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် သူ့၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့ ဖြစ်၏။

ဤတစ်ကြိမ် သူ့အသိစိတ်ပင်လယ်မှာ အတော်လေး ထိခိုက်သွားပေသည်။ သူ့ကြယ်တာရာပင်လယ် နည်းစနစ်နှင့် သဘာဝကျီဆေးလုံးများပင် ဘာမှမကူပေးနိုင်ပေ။ ထို့ကြောင့် သူ့အနေနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းအပေါ်သာ မှီခိုထားရ၏။ ရှည်လျားလှသော ဖြစ်စဉ် တစ်ခု ဖြစ်နေသော်လည်း ထိုဓားချက်ကြောင့် ဖြစ်လာနိုင်ခြင်း ဖြစ်ပေသည်။

ထို့အပြင် ထန်ကျန်းမန်က အတော်လေး ကြင်နာတတ်ကာ နောက်ဆုံး စိတ်မဆုံးဖြတ်လိုက်ခင်အထိ ဓားရိုက်ချက်ဖြင့် အသာလေး ဆယ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့သေးသည်။ မိုဝူကျိက ကောင်းကင်ကျီးဂြိုဟ်၌ပင် သူ့အမွေအနှစ်ကို ချန်ထားခဲ့သေးသည် မဟုတ်ပါလော။ ယခု သူ့အမွေအနှစ် တစိတ်ပိုင်းအား ကမ္ဘာမြေ၌ ချန်ထားခဲ့ရန် ရည်ရွယ်ထားပေသည်။ ထိုလူက သေချာပေါက် သွေးဆာတတ်သည့်သူ မဖြစ်ရပေ။

ရှန်းကျစ်ယန်သည်လည်း မဆိုးလှပေ။ သို့သော် မိုဝူကျိက တစ်ချက်ကြည့်ရုံဖြင့် ရှန်းကျစ်ယန်၏ ပါရမီဖြင့် မဖြစ်နိုင်ကြောင်း ပြောနိုင်လေ၏။ ကမ္ဘာမြေလိုမျိုး ဝိညာဉ်စွမ်းအား ကင်းမဲ့သည့်နေရာမျိုးတွင် ပါရမီ လစ်ဟာနေခြင်းမှာ အချိန်ဖြုန်းတီးမှု တစ်ခုသာ ဖြစ်ပေသည်။ သူက ချီသွေးကြော ဖွင့်ဆေးဖြင့် တပည့်တစ်ယောက်အား ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ပေးရမည့် အချိန်မျိုး မရှိပေ။ ထို့ကြောင့် သူက ရှန်းကျစ်ယန်အား ကြွယ်ဝမှုတချို့ကို ပေးခဲ့ခြင်း ဖြစ်၏။

ထန်ကျန်းမန်၏ မျက်နှာမှာ အနည်းငယ် နီရဲသွားလေ၏။ သူမက စိတ်လှုပ်ရှားလွန်းနေသည့်အတွက် တည်ငြိမ်မှု ပျောက်ဆုံးသွားလေသည်။ သူမက နေရခက်စွာ မေးလိုက်လေ၏  “ အစ်ကိုကြီးမို … အဲဆို ဒုတိယရွေးချယ်မှုက ဘာလဲဟင် ”

“ ဒုတိယရွေးချယ်မှုက မင်းအနေနဲ့ တိယွမ်ဂြိုဟ်ကို သွားဖို့ လက်လျော့လိုက်ပြီး ငါ့ကို ဆရာအဖြစ် လက်ခံလိုက် …. မင်းကို တစ်လ သင်ပေးမယ်။ အဲဒီ တစ်လပြီးသွားရင် ရလဒ်က မင်းအပေါ် မူတည်တယ် ” မိုဝူကျိက လေးလေးနက်နက် ပြောလိုက်သည်။

သူက အင်မော်တယ် ဧကရာဇ် တစ်ဦး ဖြစ်၏။ ကမ္ဘာမြေကဲ့သို့သော ဝိညာဉ်စွမ်းအား ပြတ်လပ်နေသော နေရာမျိုးတွင်ပင် တစ်လတာအချိန်မှာ ထန်ကျန်းမန်အား ယွမ်ဒန်အဆင့်အထိ ရောက်စေပြီး ကျင့်ကြံရေး လမ်းစဉ်အပေါ် လျှောက်စေဖို့ လုံလောက်သည်ထက် ပိုပေသည်။

“ အာ …” ထန်ကျန်းမန်က ရေရွတ်လိုက်လေ၏။ သူမက မိုဝူကျိအား မည်သို့ ငြင်းရမည်ကို မသိပေ။ ပထမရွေးချယ်မှုမှာ သူမဆန္ဒအတိုင်း တိယွမ်ဂြိုဟ်ကို သွားစေနိုင်ဖို့ ဖြစ်ပြီး တစ်ဖက်တွင် ဒုတိယရွေးချယ်မှုမှာ မိုဝူကျိလက်အောက်တွင် တစ်လတာ သင်ကြားခွင့် ရမည် ဖြစ်ကာ တိယွမ်ဂြိုဟ်ကို သွားဖို့ အခွင့်အရေးအား လက်လွှတ်လိုက်ရမည် ဖြစ်၏။

မိုဝူကျိက ထန်ကျန်းမန်၏ အမူအယာကို တစ်ချက်ကြည့်ရုံဖြင့် သူမ တွေးနေသည်ကို သိလိုက်၏။ သူ့စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်သွားကာ “ မင်းမှာ ရွေးချယ်ဖို့ တစ်ခါပဲ အခွင့်အရေး ရမယ်။ ဒီရွေးချယ်မှု ပြီးသွားရင် ပြောင်းလဲလို့ မရတော့ဘူး။ ပြောင်းလဲခွင့် ပေးမှာ မဟုတ်ဘူး  ”

ထန်ကျန်းမန်က နှုတ်ခမ်းစေ့ထားကာ  “ အစ်ကိုကြီးမို ညီမ ပထမတစ်ခုကို ရွေးပါ့မယ်။ စစ်ဆေးမှုတွေကို တစ်နာရီအတွင်း အောင်မဲ့ဟာ … ”

“ ဟုတ်ပြီ … ငါ့ရှေ့မှာ နောက်ကျောပေးပြီး ထိုင်လိုက် ” မိုဝူကျိက ဘာမှဆက်မပြောတော့ပေ။ ထန်ကျန်းမန်က ရွေးချယ်ပြီးသွားပြီ ဖြစ်သည့်အတွက် သူ့အနေနှင့် ဆက်လက် ရှင်းပြနေမည် မဟုတ်ပေ။ တစ်ယောက်ချင်းစီ၏ လမ်းတိုင်းမှာ ကိုယ်တိုင် ဆုံးဖြတ်ချက် ချရခြင်းသာ ဖြစ်၏။ ဆုံးဖြတ်ချက် မှန်သည် ဖြစ်စေ၊ မှားသည် ဖြစ်စေ အကျိုးဆက်ကို တာဝန်ယူရပေမည်။ ထန်ကျန်းမန်၏ အမြင်အရ သူမအတွက် အကျိုးရှိဆုံး ဖြစ်မည့်အရာကို ရွေးချယ်သွားခြင်းသာ ဖြစ်ရာ သူမအနေနှင့် မှားယွင်းသော ရွေးချယ်မှု မဟုတ်ပေ။

“ ဟုတ်ကဲ့ ” ထန်ကျန်းမန်က မိုဝူကျိရှေ့ စိတ်လှုပ်ရှားစွာ ထိုင်လိုက်သည်။

မိုဝူကျိ၏ အသံမှာ သူမ ဘေးနားကနေ ထွက်ပေါ်လာပြီး “ မျက်လုံးကို မှိတ်ထားပြီးတော့ ခန္ဓာကိုယ်ကနေ အစ စိတ်အဆုံး ကိုယ့်ဘာသာ တည်ငြိမ်ဖို့ ကြိုးစား …. ”

ထန်ကျန်းမန်က မိုဝူကျိ၏ ညွှန်ကြားချက်အတိုင်း လိုက်နာလိုက်သည်။ ရုတ်တရက်ဆိုသလို သူမ ခေါင်းထိပ်ဖျားမှ စီးဆင်းလာသော နွေးထွေးသည့် ခံစားချက်တချို့ကို ခံစားမိလိုက်သည်။ ထိုစဉ် သူမက ရေပူစမ်းထဲ ဝင်သွားသည့်အလား  ရေပူစမ်းက သူမ ခန္ဓာကိုယ်ပေါ်မှ အညစ်အကြေးများကို ဆက်တိုက် သန့်စင်ပေးနေသည်။

ထိုစဉ် ထန်ကျန်းမန်က သူမ ခန္ဓာပေါ်မှ အညစ်အကြေးများမှာ ထွက်သွားကြောင်း ခံစားမိလိုက်ရသည်။ သူမက မျက်လုံးဖွင့်ကာ ကြည့်ချင်သော်လည်း သူမ မျက်ခွံ့များက အရမ်းကို လေးလံနေပြီး မျက်လုံး ဖွင့်ကြည့်လို့ မရပေ။

အချိန်အတော်ကြာမြင့်ပြီးနောက် သူမခေါင်းကို ရေခဲဆေးနှင့် ဆေးလိုက်သည့်အလား ခံစားမိလိုက်သည်။ သူမ စိတ်ကား ပို၍ ရှင်းလင်းလာသည်။ အချက်အလက် အမြောက်အမြားက သူမ ဦးနှောက်ထဲ ဝင်လာကာ ပြီးပြည့်စုံသည့် လက်သီးတိုက်ကွက်နှင့် ဓားတိုက်ကွက်တို့က သူမ စိတ်ထဲ ပေါ်လာသည်။ ထို့နောက် ပေါ့ပါးသွက်လက်သည့် နည်းစနစ်တစ်မျိုး ပေါ်လာပြန်သည်။

ထန်ကျန်းမန်က ထိုခံစားချက်မှာ ထာဝရ ကြာရှည်ခံနေဖို့ ဆုတောင်းနေမိစဉ် ရုတ်ချည်းဆိုသလို အစအနမကျန်ရလေအောင် ပျောက်ကွယ်သွားတော့သည်။

ထန်ကျန်းမန်က မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည့်အခါ မိုဝူကျိကလည်း သူမအား အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ အစ်ကိုကြီးမို ကျမလေ … ”

ထန်ကျန်းမန်က စကားတစ်ဝက်သာ ပြောလိုက်သော်လည်း တစ်ခုခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ သူမ တစ်ကိုယ်လုံးမှာ ပို၍ ပေါ့ပါးလာလေ၏။ တစ်ချိန်တည်းဆိုသလို သူမ စိတ်လည်း ပို၍ ရှင်းလင်းပြတ်သားလာသည်။ အကယ်၍ ယခု တစ်ယောက်ယောက်က သူမအား နက်နဲသည့် စာကြောင်း ပေးလျှင်ပင် စာတစ်လုံးမှ မလွဲစေရဘဲ မှတ်ထားနိုင်ပေလိမ့်မည်။

သူမက သိုင်းပညာကို ကောင်းကောင်း မလေ့ကျင့်ဖူးသည်မှာ သိသာသော်လည်း အားကောင်းကာ ယုံကြည်ချက်ရှိလာသည်ဟု ခံစားမိလိုက်သည်။ သူမက အားကောင်းသော သိုင်းပညာရှင်များပင် သူမကို ဘာမှလုပ်နိုင်မည် မဟုတ်ကြောင်း သေချာသိလိုက်သည်။

ထန်ကျန်းမန်က ထရပ်ပြီးနောက် လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။

“ ခွမ်း ” အခန်းငယ်လေးအတွင်းရှိ လက်ဖက်ရည်ကြမ်း ပန်းကန်များက သူမ လက်သီးချက်အောက်တွင် တစစီ ဖြစ်သွားလေသည်။

မိုဝူကျိက ပြောလိုက်လေ၏

“ မင်းရဲ့ အရိုးတွေနဲ့ လမ်းကြောင်းကို သန့်စင်ပေးလိုက်ပြီ။ မင်းရဲ့ စိတ်ထဲကိုလည်း တချို့ဟာလေးတွေ ထည့်ပေးထားတယ်။ မင်းအနေနဲ့ အားလုံးကို လေ့ကျင့်ဖို့ ရက်အနည်းငယ်တော့ လိုလိမ့်မယ်။ ပြီးရင်တော့ မင်း စာမေးပွဲ ဝင်ဖြေလို့ ရပြီ။

မင်းရဲ့ လက်သီးတိုက်ကွက်ကို နေ့တိုင်း လေ့ကျင့်ဖို့ မမေ့နဲ့။ အဲဒါက မင်းရဲ့ သက်တမ်းကို မတိုးပေးနိုင်ပေမဲ့ မင်းရဲ့ အတွင်းအား တိုးမြင့်စေဖို့ ကူညီပေးလိမ့်မယ် ”

ထန်ကျန်းမန်က မိုဝူကျိ၏ စကားများကို ပြန်မဖြေပေ။ သူမက ထိုသည်က အမှန်တကယ် မဟုတ်သလို ခံစားနေမိသည်။ သို့သော်လည်း သူမ ခန္ဓာကိုယ်ပေါ်က အပြောင်းအလဲများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

“ မဟုတ်သေးပါဘူး … ညီမ ခန္ဓာကိုယ်က အညစ်အကြေးတွေ ထွက်သွားတာမျိုးကို မှတ်မိလိုက်တယ် ” ထန်ကျန်းမန်က သူမ ခန္ဓာကိုယ်၏ ဖြစ်စဉ်အကြောင်း အမှတ်ရသွားလေ၏။

မိုဝူကျိက အမှိုက်ပုံးထဲမှ ဥတစ်လုံးစာ အညစ်အကြေးအလုံးလေးကို လက်ညိုးထိုးပြလိုက်ပြီး  “ အဲဒါ မင်းခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေလေ … ငါ ဖယ်ပေးထားတာ ”

ထိုသည်မှာ အညစ်အကြေးဖယ် နည်းစနစ်တမျိုးသာ ဖြစ်၏။ မိုဝူကျိအတွက် အရိုးသန့်စင်ခြင်း လုပ်ငန်းစဉ်ကား ပို၍ ခက်ခဲပေ၏။ သူ့အနေနှင့် ထန်ကျန်းမန်၏ အလားအလာကို မြင့်တက်ပေးနိုင်ဖို့ မဖြစ်နိုင်ပေ။ သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း တစ်ခုသာ ရှိနေပြီး အသိစိတ်ပင်လယ်က သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းပေါ် မူတည်နေလေ၏။ သဘာဝကျီဆေးလုံးက စိတ်စွမ်းအားကို ပြန်လည် ဖြည့်တင်းပေးနိုင်သော်လည်း သူ့တွင် သဘာဝကျီဆေးလုံး မကျန်ရှိတော့ပေ။

ထို့အပြင် သူ့အသိစိတ်ပင်လယ် အပြည့်အဝ ပြန်လည် မကောင်းမွန်သေးခင် ဆေးလုံးဖော်စပ်ခြင်းအား မလုပ်ဆောင်ရဲပေ။

“ နောက်ဘူတာက ချီခို့မြို့ ဖြစ်ပါတယ်။ ချီခို့မြို့မှာ ခရီးဆုံးမဲ့ ခရီးသည်များ အဆင့်သင့်ပြင်ထားကြပါရှင် ”

ရထားစနစ်မှ ကြေညာသံ တစ်ခု ထွက်ပေါ်လာသည်နှင့် မိုဝူကျိက မတ်တတ်ရပ်လိုက်သည်  “ မင်းကိုယ်မင်း ရက်အနည်းငယ်လောက် လေ့ကျင့်ကြည့်လိုက် … ပြီးရင် စာမေးပွဲ ဝင်ဖြေလို့ ရပြီ။ ငါ အခု သွားနှင့်ပြီ ”

“ အစ်ကိုကြီးမို …. ကျင်းယန်ကို လိုက်ပို့ပေးရမှာ မဟုတ်ဘူးလား ” ထန်ကျန်းမန်က အမြန် မေးလိုက်သည်။

မိုဝူကျိက ပြန်ဖြေလိုက်လေ၏ “ အခု ငါ့ဆီမှာ နေရာရှာဖို့ နည်းလမ်း ရှိတယ်။ အခု မင်း ဆက်လိုက်ပို့ပေးဖို့ မလိုတော့ဘူး ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက အခန်းငယ် တံခါးကို ဖွင့်ကာ လူအုပ်နှင့်အတူ ထွက်သွားလိုက်သည်။

မိုဝူကျိ ပျောက်ဆုံးသွားသည့်အချိန်မှ  ထန်ကျန်းမန်က မိုဝူကျိအား မေးလိုသော မေးခွန်းများစွာ ရှိနေကြောင်း ရုတ်ချည်း အမှတ်ရလိုက်မိသည်။ သူမက ရထားမှ စိုးရိမ်တကြီး အမြန်ထွက်လိုက်သည့်အချိန် မိုဝူကျိက ပျောက်ကွယ်သွားပြီ ဖြစ်၏။

ထန်ကျန်းမန်က ခြေလှမ်းခပ်သွက်သွက် လှမ်းလိုက်သည်။ သူမက တစ်ခုခု ပျောက်ဆုံးလွဲချော်သွားသလို ခံစားနေရသည်။

သို့သော်လည်း သူမက ခြေလှမ်းမြန်မြန် လှမ်းလိုက်သည်နှင့် မီတာတော်တော်များများအထိ ရောက်သွားကြောင်း သိလိုက်မိသည်။ ထန်ကျန်းမန်က အံ့အားသင့်သွားကာ ရပ်တန့်မိလိုက်သည်။ ထို့နောက် သူမက အံ့အားသင့်သည့် အကြည့်များကို လျစ်လျူရှုကာ မြင်ကွင်းမှ မြန်မြန် ထွက်လာလိုက်သည်။ နောက်ဆုံးတွင် မိုဝူကျိ၏ စကားများကို နားလည်သွားပေသည်။ သူမအနေနှင့် အင်အားအသစ်ကို နေသားကျဖို့ရာ အချိန်တစ်ခုမျှသာ လိုအပ်ပေသည်။

ယခု မိုဝူကျိ၏ စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှာ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ရာ ထန်ကျန်းမန် လိုက်ပို့ဖို့ မလိုတော့ပေ။ သူ့အနေနှင့် ကျင်းယန်ဆီ ပျံသန်းသွားရုံ ဖြစ်၏။ သူက ကျင်းရှိ့တောင် တစ်ခုလုံးကိုပင် အလွယ်လေး ရှာနိုင်လိမ့်မည်။

………………

ကျင်းရှို့တောင်

ဤသည်မှာ မရင်းနှီးသည့် နေရာ မဟုတ်ပေ။ မိုဝူကျိ ယခင်ကတည်းက ရောက်ဖူးပေ၏။

ကျင်းရှို့တောင်မှာ ကျင်းယန်မြို့အနားတွင် ရှိပြီး ကျင်းယန်အတွင်းမှ အမြင့်ဆုံးတောင်အဖြစ် မှတ်ယူ၍ ရပေသည်။ ပထမဆုံးအကြိမ် မိုဝူကျိ ရောက်လာစဉ်က ကျင်းရှို့တောင်၏ ကြီးမားထည်ဝါမှုကို ခံစားမိခဲ့သည်။ ကျင်းယန်မြစ်မှာလည်း အနီးအနားတွင် ရှိနေသည့်အတွက် ကျင်းရှို့တောင်မှာ ဟိတ်ဟန်တစ်မျိုးကို ပေးစွမ်းနေလေ၏။

ကျင်းရှို့တောင်က မြစ်အနားတွင် ရှိနေသော်လည်း ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးပေ။ ကျင်းရှို့တောင်တွင် အမြင့်အပြင် တခြားသော ထူးခြားသည့် လက္ခဏာများ မရှိနေသည့်အတွက်ကြောင့် ဖြစ်၏။

ယနေ့ မိုဝူကျိက ကျင်းရှို့တောင်သို့ နောက်တစ်ဖန် ရောက်လာလေသည်။ ယခု ကျင်းရှို့တောင်မှာ မီးခိုးရောင်သဲများနှင့် ကျောက်တုံးများဖြင့် ပြည့်နှက်နေပြီး လူသူကင်းမဲ့လှပေသည်။ ကျင်းယန်မြစ်မှာလည်း လွန်ခဲ့သည့်နှစ်များစွာကတည်းက ခမ်းခြောက်သွားဟန် ပေါ်၏။ ယခု မြစ်ကမ်းဘေးမှာ အမှိုက်အမျိုးမျိုးနှင့် ပြည့်နှက်နေသည်။

မိုဝူကျိက ကျင်းရှို့တောင်ထိပ်၌ ရပ်နေသည်။ သူက ဘာမှမပြောဘဲ တိတ်ဆိတ်နေဆဲ ဖြစ်သည်။ အကယ်၍ ဝမ်ရှောင်ချီသာ ကျင်းယန်မြစ်သည် အမှိုက်ပစ်သည့်နေရာလိုမျိုး ဖြစ်လာမည်ကို သိထားလျှင် သူ့အုတ်ဂူအား ဤနေရာ၌ လုပ်ပေးခဲ့မည် မဟုတ်ပေ။

မိုဝူကျိက သက်ပြင်းတစ်ချက် ချကာ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။

ကျင်းရှို့တောင်က မသေးပေ။ သို့သော် မိုဝူကျိ၏ ကျင့်ကြံဆင့်ဖြင့် သူ့အနေနှင့် ကျင်းရှို့တောင် တစ်ခုလုံးအား အာရုံခံကြည့်ဖို့ အချိန်များစွာ မလိုအပ်ပေ။

ဆယ်မိနစ်အတွင်း မိုဝူကျိက ကျင်းယန်မြစ်ဘေးရှိ တောင် အခြမ်းသို့ ဆင်းသက်လိုက်သည်။ သူက လက်ဖဝါးကို ဖြန့်ကာ မြေကြီးမှ ကြယ်သီးတစ်လုံးကို ဆုပ်ကိုင်လိုက်လေ၏။

သူက ဒုတိယဘဝတွင် ရှိနေသော်လည်း ကမ္ဘာမြေတွင် ရှိခဲ့စဉ်က ဝတ်ဆင်ခဲ့သော အင်္ကျီမှ  ကြယ်သီးဖြစ်ကြောင်း ခံစားမိပေသည်။ ဤနေရာကား ဝမ်ရှောင်ချီက သူ့အုတ်ဂူ တည်ပေးဖို့ ရွေးချယ်ထားသော နေရာသာ ဖြစ်ပေလိမ့်မည်။

***

All Chapters