အခန်း (၆၁)
Vol. 5 Ch. 61
"ငိုးပဲ..အတူတူနဲ့ အနူနူကိုများကွာ လာပြီး တမူထူးပြချင်နေသေးတယ်...ကြွားနေတာတွေ တော်လိုက်တော့ အိုကေ..."ချင်းဟန် ပြောလိုက်သည်။
"ငါပြောပြမယ်..ငါခု တွေ့ထားတဲ့ စကီလေးတွေက မင်းသမီး နီးနီးလောက် လန်းတယ်နော်..မင်းကြိုးစားပမ်းစားနဲ့ ရှာရင်တောင်မှ ဒီလောက်လန်းတာတွေ တွေ့မှာ မဟုတ်ဘူး..."
"နေပါကွာ...သူတို့ဘာသူတို့ ဘယ်လောက်လန်းလန်း အင်တာနက် ဆယ်လီလီ သာသာပဲ..ငါ့ဘေးနားက ကောင်မလေးနဲ့တော့ ဘယ်နှိုင်းလို့ရမှာ...."
"အောင်မာ..အလာကြီးပါလားဟ..ပုံပို့လိုက် ကြည့်ကြည့်ရအောင်...."
"ခဏစောင့်..."
လင်းရီ ဖုန်းကို လက်ဖြင့်အုပ်ထားလိုက်ပြီး အ၀တ်စားလဲခန်းထဲရှိ ကျီချင်းရန်ဘက်သို့ ခေါင်းလှည့်လိုက်သည်။
"ဟေး ချင်းရန်..မင်းမှာ ဆယ်လ်ဖီ ဖိုတိုလေး ဘာလေး မရှိဘူးလား..."
"ဆယ်လ်ဖီဓာတ်ပုံလား....."
"အေး..မင်းရဲ့ အလှဆုံးဆိုတဲ့ ပုံကို ငါ့ဆီ ပေးပို့လိုက်ကွာ....."
ကျီချင်းရန် အ၀တ်စား လဲနေတာကို ခဏ ရပ်၍
လင်းရီက ဘာလို့ ငါ့ရဲ့ ဆယ်လ်ဖီပုံကို လိုချင်နေတာလဲ...
ဖြစ်နိုင်တာ...သူငါ့ပုံကို သူ့ဖုန်းနောက်ခံပုံ ထားချင်လို့များလား....
"ခဏလေး...ငါရှာကြည့်လိုက်ဦးမယ်...."
ကျီချင်းရန် ဖုန်းကောက်ကိုင်လိုက်ပြီး သူမ အနှစ်သက်ဆုံးပုံကို လင်းရီထံ ပို့ပေးလိုက်သည်။
"ရောက်လား...."
ကျီချင်းရန် နေရောင်အောက်တွင် ရောက်ထားသော ဆယ်လ်ဖီ ပုံပင်။
သို့သော်လည်း သူမ၏ အပြုံးကတော့ နေမင်းကြီးထက်ပင် တောက်ပနေသေး၏။
"ရောက်တယ်...အရမ်းလှတာပဲ..."
ထို့နောက် လင်းရီ ပုံကို ချင်းဟန်ထံ ပို့လိုက်သည်။
"ငိုးပဲ ငိုးပဲ ငိုးပဲ...မင်း ညစ်နေတာမလား...ဒီပုံကို အွန်လိုင်းပေါ်ကဖိုတိုရှော့ကြီးကို သိမ်းထားတာမဟုတ်လားဟျောင့်..."ချင်းဟန် ပြောလာခဲ့သည်။
"ငါ ဘားတွေ ကလပ်တွေမှာ ကျင်လည်လာတာ ကြာနေပြီ...ငါ့ကို အရူးလုပ်လို့ ရမယ်များ ထင်နေလား...."
"သဘောလေ...ယုံချင်ယုံ မယုံချင်နေ..."
"တကယ်လို့ အဲ့ဒီပုံသာ လိုင်းပေါ်က သိမ်းထားတာ မဟုတ်ဘူးဆိုရင်..ငါ အဲ့သောက်အင်တာနက်ပေါ်မှာ လိုက်လွင့်ပြီး ချေးစားပြမယ်ကွာ...."
ထိုအချိန်တွင် ကျီချင်းရန် အ၀တ်လဲခန်းထဲမှ ထွက်လာပြီး သိချင်စိတ် ပြင်းပြစွာဖြင့်
"နင်ငါ့ ဆယ်လ်ဖီပုံနဲ့ ဘာလုပ်မလို့လဲ...."
ကျီချင်းရန်၏ နှလုံးသားလေးမှာတော့ မျှော်လင့် စောင့်စားမှုများဖြင့် ပြည့်နှက်နေသည်။
သူတကယ်ကြီး ငါ့ပုံကိုနောက်ခံ ထားမလို့လား မသိဘူးနော် ...အဟိ..ရှက်လိုက်တာ...
"ငါ့ကောင်တွေပေါ့ကွာ...သူတို့ A-list ဆယ်လီလေးတွေ ခေါ်ထားလို့ ပါမလားဆိုဘူး ပြောနေလို့ ... အဲ့ နှာခေါင်းတွေကို ဆယ်လီတွေထက် အများကြီးသာတဲ့ မိန်းကလေး ရှိသေးတယ်ဆိုတာ သက်သေပြချင်လို့...."
"အိုး....အဲ့လိုလား"
လင်းရီ နောက်ခံပုံအဖြစ် မထားသော်လည်း သူမ ရင်ထဲတွင်တော့ ၀မ်းသာနေဆဲဖြစ်၏။
အနည်းဆုံးတော့ သူမလှကြောင်း သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ မဟုတ်လား....
"အဲ့တော့ သူတို့ ဘာပြန်ပြောလဲတဲ့...."
"အဲ့ကောင်ပြန်ပို့လာတာကတော့..ဒီပုံက အွန်လိုင်းပေါ်က ဖိုတိုရှော့ကြီးတဲ့ ....အပြင်မှာသာ တကယ်အစစ် ရှိမယ်ဆိုရင် လိုက်လွင့်ပြီး ချေးစားပြမယ်ဆိုပဲ...."
ကျီချင်းရန် ကြောရိုးတစ်လျှောက် ကြက်သီးမွေးညင်းများ ထသွား၏။ ယောက်ျားလေးတွေက အတော် လေး ပေါက်တတ်ကရတွေ ပြောတတ်ကြတာပဲ.....
"အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ...ငါနင့်ဆီ နောက်တစ်ပုံ ပို့ပေးလိုက်ရမလား...."
"မလိုဘူး...."လင်းရီ ပြောလိုက်ပြီး "ဒီလာခဲ့..ဆယ်လ်ဖီအတူ ဆွဲရအောင် ...ပြီးကျမှ အဲ့ကောင်ကို လိုက်လွင့်ပြီး ချေးစားခိုင်းကြတာပေါ့...ဟားဟား"
"ဟမ်..အဲ့လိုဆို ငါမိတ်ကပ် နဲနဲလောက် ပုတ်လိုက်ရမလား...ဒီ၀တ်စုံနဲ့ ရိုက်လို့ကော အဆင်ပြေပါ့မလား.."
"အဆင်ပြေပါတယ်...မင်းရဲ့ ခုလို အနေအထားနဲ့တောင် အင်တာနက် ဆယ်လီတွေကို ရိုက်သ-တ်လို့ရနေပြီ...."
လင်းရီ လက်ဝှေ့ရမ်းလိုက်ပြီး
"မြန်မြန်လာ..."
"အို..အိုကေလေ..."
ချင်းရန် လင်ရီဘေးသို့ ရောက်သွားသောအခါ အနည်းငယ် ရင်ဖိုနေသည်။
"ဟမ်..မင်းကလည်း သစ်သားနဲ့ လုပ်ထားတာလားဟ...နဲနဲပါးပါးလောက် ပြုံးစမ်းပါ..."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ငါနဲ့ တအား အဝေးကြီး မနေနဲ့လေကွာ..လာပါဟ ငါမကိုက်စားပါဘူး..နဲနဲလောက် ကပ်ဦး..."
"ဟွန့်...ယုံရမှာလား....ဘယ်ကျားက ဥပုသ်စောင့်လို့လဲ"ကျီချင်းရန် မျက်စောင်းထိုးလိုက်၏။
"အဓိကကတော့ ငါတစ်ခါမှ ယောက်ျားလေးနဲ့ တွဲမရိုက်ဖူးဘူးလို့ဟေ့..ဒီတော့ ဘယ်လို ပို့စ်ပေးရမှန်း မသိဘူး...."
"ရတယ်..ငါ့နားလေးပဲ တိုးလာလိုက်...ငါကြည့်ကြပ် လုပ်လိုက်မယ်...."
ကျီချင်းရန် လင်းရီရင်အုံနား မှီလိုက်၏။
ဒီလို ပုံစံဆိုလည်း မဆိုးဘူးမလား....
ဤပုံစံက သူမတို့ နှစ်ဦးကို အရမ်းရင်းနှီးစေပုံ ပေါက်၏။ အကယ်၍ သူမသာ တခြားဘက်မှ ကြည့်မည့်သူဆိုပါက သူမတို့နှစ်ယောက်ကို ချစ်သူရည်းစား များဟုပင် ထင်မှတ်သွားနိုင်သည်။
ချလပ်
ဓာတ်ပုံမှာ ရိုက်ပြီးသွားပြီ ဖြစ်၏။ သို့သော်လည်း ကျီချင်းရန်မှာ ဘာမျှ မလှုပ်ရှားသေးချေ။
"ချီးထုပ်..ဘာတွေ ငိုင်နေတာ..."
ကျီချင်းရန် လင်းရီကို မျက်စောင်းထိုးလိုက်ပြီး အနေအထား ပြောင်းလဲကာ လင်းရီအနားမှ ခွာလိုက်၏။
"နင်ကတော့လေ...ပေါက်ကရတွေ ပြောဖို့ပဲ သိတယ်...အဲ့လို စည်းလွတ်ဝါးလွတ်တွေ ပြောမနေနဲ့..ကြပ်ကြပ် သတိထားနေ...."ကျီချင်းရန် လင်းရီကို ဆွဲဆိတ်လိုက်သည်။
ထို့နောက် သူတို့ နှစ်ဦးသား နောက်ထပ် ပုံစံ တစ်မျိုးဖြင့် ပိုစ့် ပြန်ပေးလိုက်သည်။
"မဆိုးဘူး...မဆိုးဘူး..."
လင်းရီ အားရကျေနပ်မှု အပြည့်ဖြင့် ပြောလိုက်ပြီး "ချင်းရန်...မင်းက အဲ့ဒီ အင်တာနက် ဆယ်လီတွေထက် အပုံကြီးသာတယ်...မင်းက လမင်းဆိုရင် အဲ့ဒီ အင်တာနက် ဆယ်လီတွေက ပိုးစုန်းကြူးလေးတွေပေါ့....."
ကျီချင်းရန်၏ မျက်နှာ အနည်းငယ် ရဲတက်သွားသော်လည်း ဘာမျှ မဖြစ်ဟန်ပြု၍ "ကျွတ်...နင်တို့ကောင်တွေကသာ အဆန်းလုပ်နေကြတာ...ယှဉ်ပြီးတော့ ဘာလုပ်ကြမှာ...."
"သူက ငါ့ကို အဲ့လို မိန်းကလေးတွေဆိုတာ ရှာရ အရမ်းခက်တာတဲ့ ..ငါလည်း ဘယ်အကြောခံနိုင်မှာ..သူ့ထက်သာတဲ့ မိန်းကလေး ရှိတယ်ဆိုတာ သက်သေပြချင်လို့ပေါ့ကွ"
ထို့နောက် လင်းရီ သူတို့ နှစ်ဦး တွဲရိုက်ထားသော ပုံကို ပို့ပေးလိုက်၏။
"သောက်ကျိုးနည်း...အစစ်လားဟ.."
"ဒါပေါ့ကွ...ဆောတီးပါ..ငါတို့တွေရဲ့ အရသာ က မတူဘူး...မင်းသာ ဒီထက်လှတဲ့ ကောင်မလေးမျိုးကို မရှာနိုင်ရင် ငါ့ကို ဖုန်းလာမဆက်နဲ့တော့...."
လင်းကီ ပြောလိုက်သည်။
"အိုး...ဟုတ်သားပဲ...မင်းလိုက်လွင့်ပြီး ချေးစားပြမယ်လို့ ပြောထားတာလည်း မေ့မနေနဲ့ဦးနော်...ငါ ရော့ကဒ်ဗုံးလေး လာကျဲချင်လို့...."
"သားရီး မင်းငါ့ကို လှည့်စားနေတာလားကွ...."
ကျီချင်းရန် သွားဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့သော လင်းရီ စာပြန်မနေတော့ချေ။
နှစ်ယောက်သား အောက်ထပ်သို့ အတူဆင်းသွားလိုက်ကြသည်။ နောက်ကျနေပြီဖြစ်သောကြောင့် လင်းရီ သူမကို အိမ်ပြန်ပို့ပေးရပေမည်။ ။
ပါကင်ထိုးသည့်နေရာသို့ရောက်သောအခါ ချင်းရန် အော်ဒါတင်ရန် ဖုန်းကိုင်လိုက်သည်။
"အော်ဒါတင်မနေနဲ့တော့..ဒီတိုင်းပဲ လိုက်စီးလိုက်..."လင်းရီ လက်ဝှေ့ယမ်း၍ ပြောလိုက်၏။
မစ်ရှင် ပြီးမြောက်နှုန်းမှာ (၁၇/၂၀)ရှိနေပြီဖြစ်၏။ အကယ်၍ တစ်ခုခု မျှော်လင့်မထားတာများ ဖြစ်မလာပါက မနက်ဆိုလျင် သူမစ်ရှင် ပြီးဆုံးလိမ့်မည်။
ထို့ကြောင့် သူကျီချင်းရန်၏ သိုးမွေးကို ဆက်ရိတ်နေရန် မလိုတော့ပေ။
မဟုတ်ပါက သူရိတ်ရင်း လက်လွန်သွားမည်ကိုလည်း စိုးရိမ်နေရသည်။
"နင်ပြောတော့ ဘ၀ အတွေ့အကြုံခံစားဖို့ဆို..ဒါပေါ့ ငါပေးရမှာပေါ့ဟဲ့..."ကျီချင်းရန်စနောက်လိုက်၏။
"တကယ်လို့ တစ်နေ့နေ့ နင်အိမ်၀ယ်တဲ့ အခါကျ ပိုက်ဆံမလောက်တော့ရင် ငါ့ကြောင့်ဆိုပြီး အပြစ်တင်နေဦးမယ်....."
"သဘောလေ...မင်းက သိုး၀၀ကစ်ကစ် ကြီးဆိုတော့ ငါကတော့ ရသလောက် ရိတ်ပစ်မှာပဲ...."
ကျီချင်းရန်၏ အော်ဒါကိုသာ လက်ခံလိုက်ပါက လင်းရီ မစ်ရှင်ပြီးမြောက်ရန် ခြေတစ်လှမ်း နီးကပ်သွားလိမ့်မည်။
ထိုအခါ သူလည်း ရန်မြို့သို့ အလည်သွားနိုင်ပြီဖြစ်၏။
"ဟမ့်..သိုး၀၀ကစ်ကစ် ဆိုတာ ဘာကို ပြောချင်တာ..."
လင်းရီ ဘာမျှ မပြောပဲ ရယ်မောရင်း ကျီချင်းရန်ကို ဗီလာသို့ ခေါ်လာခဲ့လိုက်၏။
"လာလေ..အထဲ၀င်ပြီး ရေတစ်ခွက်လောက် သောက်သွားဦး..."
ကျီချင်းရန် လောကွတ်ချော်လိုက်သည်။
"၀င်သွားတာကတော့ ပြဿနာမရှိဘူး..ဒါပေမယ့် အရင်တစ်ခေါက်ကလိုတော့ မင်းရဲ့ မိဘတွေ ရုတ်တရက်ကြီး မပေါ်လာလောက်ဘူး မလား...."လင်းရီ ရယ်မော၍ ပြန်မေးလိုက်၏။
"မင်း မိဘတွေက ရုတ်တရက် ပေါ်ပေါ်လာတတ်လို့ သူတို့လုပ်တာနဲ့တင် ငါလည်း စိတ်ရောဂါ ရတော့မယ်..."
"မပူနဲ့ ငါမလာခင်တုန်းကတည်းကနေ အဖေတို့ ဘာလုပ်နေလဲဆိုတာ လှမ်းမေးပြီးသား..သူတို့ လက်ရေးလှ ကျင့်နေတာတဲ့...အဲ့လိုဆို လာမှာ မဟုတ်တော့ဘူး...."
"ဒီတော့ မင်းက ငါ့ကို ၀င်စေချင်လို့ ကြိုပြင်ဆင်ထားတယ်ပေါ့.."
"ဘယ်သူက နင့်ကို ၀င်စေချင်နေလို့လဲ..."ကျီချင်းရန် ရှက်ရိပ်သမ်းသွားပြီး "ငါလည်း ဒီတိုင်း လောကွတ်ချော်လိုက်တာလေ...ရည်ရွယ်ချက်ရှိရှိ မေးတာမှ မဟုတ်တာ..."
"အေးပါဟ..ငါလည်း ဒီတိုင်း လျှောက်ပြောနေတာပါ..."လင်းရီ ထိုင်ခုံခါးပတ် ဖြုတ်လိုက်ပြီး "သွားစို့..ငါမင်းကို မေးခွန်းနည်းနည်းလောက် မေးဦးမယ်..."
"ဘာမေးမှာ..."ကျီချင်းရန် သိချင်စိတ် အပြည့်ဖြင့် မေးလိုက်သည်။
"အထဲမှာ ပြောကြတာပေါ့...."
"အိုကေ...."
လင်းရီ အိမ်ထဲသို့ ၀င်ရောက်ပြီးနောက် ဆိုဖာပေါ်တွင် အားရပါရ ထိုင်ချလိုက်သည်။
"တစ်နေ့လုံး ကားမောင်းထားတာဆိုတော့ နင်လည်း ပင်ပမ်းနေရောပေါ့...."
"နည်းနည်းပေါ့...."လင်းရီ ပြောလိုက်ပြီး "ငါက ဒီတိုင်း အချိန်ပိုင်းပဲ မောင်းလို့ပေါ့...အချိန်ပြည့်သာ မောင်းမယ်ဆိုလို့ကတော့ မချောင်ဘူး.... "
"ဒါပေါ့ဟ...ဒရိုင်ဘာလုပ်ရတာ လွယ်တယ်များ အောက်မေ့နေလား...."
ကျီချင်းရန် ရေခဲသေတ္တာနားသို့ လမ်းလျှောက်သွားလိုက်ပြီး "ဘာသောက်ချင်လဲ...ကော်ဖီလား...အယ်လ်ကိုဟောလား...."
"အာ...."
လင်းရီ တခဏမျှ စဉ်းစားပြီးနောက် "ရေပဲပေးလိုက်ကွာ...."
"ဘာလို့လဲ..ငါ့ရဲ့ စတော်ကင်တွေကို ပြန်သိမ်းပြီးပါပြီနော်..."
ကျီချင်းရန် ပြောလိုက်ပြီး "ပြီးတော့ နင်က အရမ်း ဆိုးတာပဲ...စတော်ကင်တွေ အားလုံးက အသစ်တွေကြီးပဲ ဒါတောင် အကဲပိုနေသေးတယ်..."
"ငါအဲ့လို မရည်ရွယ်ပါဘူးဟ....ဒီတိုင်း ရေလေး သောက်ချင်ရုံပါ...."
"ဟွန့်..ငါကနင်ဘာတွေ တွေးနေလဲဆိုတာ မသိဘူးများ ထင်မနေနဲ့...."
"အေးပါ အေးပါ...ငါတို့အမျိုးသားတွေက အမျိုးသမီးစတော်ကင်တွေ ထိချင်တယ်ဆိုပေမယ့် ဘယ်သူမှ ရေခဲသေတ္တာထဲမှာ တော့မမြင်ချင်ကြဘူး..အဲ့ဒါကြီးက အရမ်း ထူးဆန်းလွန်းတယ်..."
ကျီချင်းရန် လင်းရီကို ရေအေးတစ်ခွက် ယူလာခဲ့ပေးလိုက်၏။
" ဘာမှလည်း မဆိုင်ဘူး...ငါနင့်ကို မနိုင်လို့နော်..မဟုတ်ရင် ရိုက်ပစ်ပလိုက်ပြီ..ထားပါတော့ နင်ငါ့ကို ဘာတွေ မေးချင်နေတာ...."
"ဟိုလို အရေးကြီး ကိစ္စတော့ မဟုတ်ပါဘူးကွာ..."လင်းရီ ပြောလိုက်ပြီး
"ငါ မိဘမဲ့ကလေးတွေ စွန့်ပစ်ခံလိုက်ရတဲ့ ကလေးငယ်တွေ..ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ..ပြီးတော့ တခြား မသန်စွမ်းကလေးငယ်တွေအတွက် ဖောင်ဒေးရှင်း တစ်ခုလောက် ဖွဲ့ချင်လို့...အဲ့တာ နင့်အသိတွေထဲမှာ ဒီကိစ္စတွေနဲ့ ရင်းနှီးတဲ့ သူများ ရှိမလားလို့...ပြီးတော့ ဥပဒေနဲ့ လုပ်ရိုးလုပ်စဉ် အထူးခွင့်ပြုမိန့်တွေ ဘာတွေကော လိုအပ်သေးလား... "