ရှာရီထဲက အလှလေး..
Vol. 5 Ch. 62
ကျီချင်းရန်ကတော့ လင်းရီ၏ စကားလုံးများကို အံ့ဩမသွားခဲ့ချေ။
လင်းရီက မိဘမဲ့တစ်ယောက်၊ ယခု ပိုက်ဆံလည်း ရှိလာပြီဖြစ်သောကြောင့် သူ့အား ပြုစုစောင့်ရှောက်ခဲ့သော လူမှု အဖွဲ့အစည်းကို ကျေးဇူးဆပ်ချင်တာ မဆန်းပေ။
သို့သော်လည်း ကျေးဇူးသိတတ်ခြင်းဆိုသည်မှာ လူတိုင်းက တတ်နိုင်သော ကိစ္စတစ်ရပ် မဟုတ်ခဲ့ပေ။ ထို့ကြောင့် ကျီချင်းရန် လင်းရီနှင့် ပတ်သက်၍ ပို ပြီးအထင်ကြီး လေးစားသွားတော့၏။
"အင်း..သက်ဆိုင်ရာ ဌာနတွေကတော့ ဒီလို လူမှုဖူလှုံရေး အဖွဲ့အစည်း တည်ထောင်တာတွေကို လိုလိုလားလား ထောက်ခံကြမှာပါ..ပြီးတော့ ဥပဒေကိစ္စတွေမှာလည်း အဲ့လောက်တော့ မတင်းကြပ်ဘူး.... "
"အဲ့လိုဆိုရင်တောင် နောက်ဆုံး ဖောင်ဒေးရှင်း ဖွဲ့တော့မယ့်အချိန်ကျရင်တော့ သက်ဆိုင်ရာ ဌာနတွေက အတော်လေးတင်းကြပ်တဲ့ လုပ်ရိုးလုပ်စဉ်တွေ ရှိတယ်...တကယ်လို့ ထူးချွန်တဲ့ CFO နဲ့ COO ကသာ ဦးဆောင်မနေဘူးဆိုရင်တော့ ပြဿနာတွေ ဖြစ်လာလာမှာကတော့ သဘာ၀ပဲ...."
"ဘာပြဿနာတွေလဲတဲ့...."
"ပြည်သူ့ လူမှုဖူလှုံရေး ဖောင်ဒေးရှင်းတွေအတွက် အဓိက ၀င်ငွေက ဖောင်ဒေးရှင်းကို လှုတဲ့သူဆီကနေ လာတာလေ...တာ၀န်ခံတွေ အဲ့ငွေကို သူတို့အိတ်ကပ်ထဲမထည့်အောင်လို့ အရမ်းတင်းကြပ်တဲ့ စည်းမျဉ်းတွေ ချထားတာ..တကယ်လို့ ရှင်က ကလေးတွေအတွက် အသင့်စား ခေါက်ဆွဲခြောက်ထုပ်လေး တစ်ထုပ် ၀ယ်ပေးမယ်ဆိုရင်တောင် ရှင်က အစီရင်ခံစာတွေ ဘာအတွက် သုံးတယ် ဘယ်လောက် ကုန်တာတွေ အကုန် ချရေးပေးရမှာ.... "
ကျီချင်းရန် သူမ ခေါင်းကို မေးကိုပွတ်လိုက်ပြီး "လူတွေပဲလေ စက်တွေမှ မဟုတ်တာ..ဘယ်သူက
အဲ့လောက်ထိ တိကျနိုင်မှာလဲ.....တကယ်လို့ သူတို့ လုပ်ဆောင်ရမှာ တစ်ခုခု လစ်လပ်သွားလို့ကတော့ လူတွေ ဝိုင်းပြီး ရှုံ့ချတာ ခံရတော့မှာ...."
"တကယ်လို့ ငါက လှုဒါန်းတာတွေ လက်မခံဘဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်မယ်ဆိုရင်ကော အဲ့လို ပြဿနာမျိုးတွေ ရှိလောက်လား...."
"ဘယ်ရှိမှာ...ကိုယ်ထူကိုယ်ထဆိုရင်တော့ ရှင့်ကို ဘယ်သူကမှ ဝေဖန်ရှုတ်ချဖို့ အခွင့်အရေး မရှိဘူး...."
"ဒါပေမယ့် နင် သေသေချာချာလေးတော့ စဉ်းစားသင့်တယ်..ဘာလို့ဆိုတော့ ဒါက ပရောဂျက် အကြီးစားကြီးလေ..အစိုးရကတောင် သေချာလေး ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး...တစ်ယောက်ထဲ ပြဿနာတွေ ဖြေရှင်းဖို့ဆိုတာကလည်း ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူးနော်...."
ကျီချင်းရန် ဆက်မပြောခင် တခဏမျှ ရပ်တန့်လိုက်ပြီး "ရှင်က အရမ်းချမ်းသာပြီးတော့ မီလီယမ် အနည်းငယ်လောက် ဒီတိုင်းပစ်ထည့်နိုင်ရင်တောင်မှ လူမှုဖူလုံရေးအတွက်ဆိုရင်တော့ သမုဒ္ဒရာထဲ ရေတစ်စက် ကျသွားတာလောက်ပဲ ရှိမှာ...ဒီလိုပြောလို့လည်း ငါ နင့်ရဲ့အစီအစဉ်ကို ကန့်ကွက်နေတာ မဟုတ်ဘူးနော်...ဆန့်ကျင်ဘက်အနေနဲ့ ပိုပြီးတောင် ထောက်ပံ့ပေးဦးမှာ...နင့်ကို ဒီတိုင်း သေချာလေး စဉ်းစား ကြည့်ကြည့်ဖို့ ပြောချင်လို့..."
"ငါမင်းဆိုလိုချင်တာကို နားလည်တယ်..." လင်းရီ ပြောလိုက်ပြီး ..
"ဒီတော့လည်း လုပ်နိုင်တာကိုပဲ အကောင်းဆုံး လုပ်ကြတာပေါ့...."
"အွန်း...နင်က အရမ်း တော်တာပဲ..ငါဆိုရင်တော့ နင့်လို မလုပ်နိုင်လောက်ဘူး..."ကျီချင်းရန် လက်မထောင်၍ ပြောလိုက်သည်။
"မင်းကိုက ဒီတိုင်း ရိုးရိုးကုပ်ကုပ်လေး နေနေလို့ပါ...."
"ရိုးကုပ်တာမဟုတ်ပါဘူး..အဲ့လိုလုပ်ဖို့ အကြံဉာဏ်ကို ထွက်မလာတာ ဟီးဟီး..."
"ငါအရင်က အရောင်းဌာနာ လုပ်ခဲ့ဖူးတယ်ဆိုတာလည်း မေ့မနေနဲ့ဦးလေ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ငါလွန်ခဲ့တဲ့ သုံးလလောက်တုန်းက ကုမ္ပဏီကို အလုပ်စ၀င်ခါစတုန်းက မှတ်မိပါသေးတယ်..ယွီလီလီ ငါ့ကို အစည်းအဝေးခန်းထဲမှာ စတားစီးတီး အိမ်ယာမှာရှိတဲ့ အဆောက်အအုံကို နင်ကရောင်းခွင့် မပြုထားဘူးတဲ့... နောက်ကျမှ မင်းက အဲ့ဒီ နှစ်ထပ်တိုက်ခန်းတွေကို ကျိုးဟိုင်က ရွှေ့ပြောင်းအလုပ်သမားတွေဆီ တစ်လ ယွမ်နှစ်ရာ လောက်နဲ့ အလကား ပေးနေလုနီးပါး ငှားပေးလိုက်တာပဲ"
"ဟွန့် ရှင်တို့တွေကလည်းနော် အတင်းပြောဖို့လောက်ပဲ...."
လင်းရီ ပြုံးလိုက်ပြီး "ကောင်းပြီ..ငါဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်မရင်းနှီးတော့ မင်းငါ့ကို အများကြီး ကူညီပေးရမယ်နော်..."
"မင်းသာ ငါ့ကို ကူညီပေးမယ်ဆိုရင် အရင်ဆုံး ၁၀ မီလီယမ် ပေးထားလိုက်မယ် အဲ့ဒါပြီးမှ ကျန်တဲ့ ကိစ္စတွေ ဆက်ဆွေးနွေးကြတာပေါ့...."
"အင်း..ကောင်းပြီလေ..."
လင်းရီ သူ့လာရင်း ကိစ္စပြီးတော့ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
"ဒါဆို ငါသွားတော့မယ်..မင်းလည်း စောစော အနားယူတော့..."
"နင်ကလည်း Didi ကို ဒီတိုင်း အတွေ့အကြုံရဖို့ မောင်းနေတာ မဟုတ်ဘူးလား..အဲ့လောက်ကြီး အပင်ပမ်းခံမနေနဲ့လေ..ဘာမှ လုပ်စရာ မရှိတဲ့ အခါကျရင် အပြင်ထွက်ပြီး လမ်းလေး ဘာလေး လျှောက်ပေါ့...."
"မပူပါနဲ့ ငါ မနက်ဖြန်တစ်ရက်လောက် မောင်းပြီးတာနဲ့ သဘက်ခါဆိုရင် ထွက်သွားတော့မှာ..."
"သဘက်ခါကျရင် ထွက်သွားတော့မယ်..ကျိုးဟိုင်ကနေ ထွက်သွားတော့မလို့လား..."ကျီချင်းရန် စိုးရိမ်စိတ်ကြီးစွာဖြင့် မေးမြန်းလိုက်သည်။
"အင်း ငါ ရန်ချိန်ကို ခဏ ပြန်သွားမလို့လေ..အဲ့ဒီကနေ ထွက်လာခဲ့တာ နှစ်၀က်တောင်ရှိနေပြီဆိုတော့ သူတို့ကိုလည်း လွမ်းလှပြီ...."
ကျီချင်းရန် မျက်လုံးလေး ကလယ်ကလယ်ဖြင့် "အခုမှ သတိရတယ် ငါလည်း သဘက်ခါ ဘာမှ လုပ်စရာ မရှိဘူးပဲ..."
"ဟားဟား မင်းရဲ့ အရိပ်အမြွက်ကလည်း သိသာလွန်းပါတယ်ကွာ...မင်းလည်း လိုက်ခဲ့ချင်တယ်လို့ တည့်ပြောလိုက်ပါတော့လား..."
ကျီချင်းရန် ရှက်သွေးဖြန်းသွားပြီး "ဘယ်သူက နင်နဲ့ လိုက်မယ်လို့ ပြောလို့လဲ...ငါလည်း ခုမှ ကိုယ့်ကိုယ်ကို အနားပေးဖို့ အချိန်ခဏလေး ရတာပါနော်..ရှော့ပင်းတွေ ဘာတွေ ထွက်ရဦးမှာ...."
"ဟဟား...မင်းသဘောပဲ..."လင်းရီ လက်ဝှေ့ရမ်းလိုက်ပြီး အိမ်ပြန် အိပ်ရန် ပြင်လိုက်သည်။
"ဟေး...."
ကျီချင်းရန် လင်းရီကိုနောက်မှ လှမ်းခေါ်လိုက်ပြီး "အိမ်ကို တန်းပြန်နော်..နင့်ရဲ့ဟို သောက်ရူး သူငယ်ချင်းတွေနဲ့လည်း လျှောက်သဝေထိုး မနေနဲ့ဦး...."
"စိတ်ချပါ..ငါလည်း အဲ့ဒီက ကောင်မလေးတွေကို စိတ်မ၀င်စားပါဘူးဟ...ငါ့သာ အားနေရင် Didi အော်ဒါတွေပဲ ဆက်ယူ ပစ်လိုက်မယ်..."
"အဲ့လိုမှပေါ့..."ကျီချင်းရန် ကိုယ်တိုင် တံခါးဖွင့်ပေး၍ လင်းရီကို လိုက်ပို့လိုက်သည်။ "လမ်းမှာ ဂရုစိုက်လည်း မောင်းဦးနော်..."
"အေးပါဟ...."
လင်းရီ ကျိုကျုံး ဗီလာသို့ မောင်းသွားလိုက်ပြီး ရေနွေးဖြင့်ရေချိုးကာ သူ၏ အခန်းသို့ ပြန်၍ အိပ်စက်အနားယူတော့သည်။
မနက်ခင်းရောက်သောအခါ မနက်စာ စားရန် လင်းရီ ပန်နီဆူလာ ဟိုတယ်သို့ မောင်းသွားလိုက်၏။
လင်းရီ သခွားသီးသုတ် နှင့် ဂဏန်းကိတ် တစ်ပွဲသာ မှာလိုက်ပြီး ရိုးရှင်းသော နံနက်စာကို သုံးဆောင်လိုက်သည်။ ထို့နောက် ဂိမ်းအနည်းငယ် ကစား၍ Didi ပြေးသည့် သူ၏ လုပ်ငန်းကို စတင်လိုက်တော့သည်။
ယခင်ရက်တွေနှင့် နှိုင်းယှဉ်ပါက လင်းရီ၏ ကံဇာတာမှာ ယခုတလော ထူးထူးခြားခြား ကောင်းမွန်လို့နေ၏။
သူ အော်ဒါ သုံးခုမျှသာ လက်ခံလိုက်သော်လည်း သုံးခုလည်း မှ ကြယ်ငါးပွင့်ရီဗျူး ရရှိလိုက်သည်။
[မစ်ရှင် အောင်မြင်စွာ ပြီးမြောက်သွားပြီ
ဆုလဒ် : အတွေ့အကြုံမှတ် ၂၀၀,၀၀၀
အလုပ် ပြီးမြောက်နှုန်း : ၈၅%
ဆုလဒ် : ၅၀၀ မီလီယမ် ဒေါ်လာ... ]
"ဖက်ခ်...."
လင်းရီ စနစ်မှ ချီးမြင့်သော လက်ဆောင်ကို မြင်သောအခါ ကျိန်ဆဲမိလိုက်သည်။
စနစ်က ပေးတဲ့ဆုလဒ်တွေက ရက်ရောပြီးရင်း ရက်ရောလို့ပါလားဟေ့...မိုက်နေပြီကွာ...
မကြာမီ သူ၏ ဘဏ်အကောင့်ထဲသို့ စနစ်မှ ချီးမြင့်သော သန်း ၅၀၀ ရောက်ရှိလို့လာသည်။
သို့သော်လည်း လင်းရီ အာရုံအစိုက်ဆုံးကတော့ အလုပ်ပြီးမြောက်နှုန်း ၈၅% ဆိုသည့် နေရာလေးပင်။ အကယ်၍ သူသာ နောက်ထပ် ၅% ရရှိပါက သူအလုပ်အသစ်ကို ကြိုတင်ပြောင်းလဲ၍ ရပေတော့မည်။
တစ်ခုရှိသည်မှာ သူ၏ အဓိက ရည်ရွယ်ချက်က အလုပ်ပြောင်းရန် မဟုတ်။ ၁၀၀% ပြီးမြောက်အောင် လုပ်၍ စနစ်မှ ချီးမြင့်သော အန္တိမ ဆုလဒ်ကြီးပင်။
ယခု နှုန်းဖြင့်ဆိုပါက သူနောက်တစ်ပတ်ခန့် လုပ်ရုံမျှဖြင့် အလုပ်ပြီးမြောက်နှုန်းမှာ ၁၀၀%သို့ ရောက်ရှိနိုင်သည်။
သူတစ်လှမ်းခြင်းစီ လှမ်းရပေမည်။
ကျီချင်းရန် ပြောသကဲ့သို့ သူက အတွေ့အကြုံရရန်သာ လုပ်နေသောကြောင့် အရမ်းကြီး လုပ်ဖို့ မလိုအပ်ပေ။
ကလင် ကလင် ကလင်
လင်းရီဖုန်း မြည်လာခဲ့၏။ ကျိုးဟိုင်ထောင်မှ ဆက်လာခြင်းပင်။
"ဘော့စ်လင်း ကျွန်တော် ပန်ဂနီပြင်မယ့် မက်ကန်းနစ်ကို ဆက်သွယ်ပြီးသွားပြီ..သူ ဒီနေ့ပဲ ကျိုးဟိုင်ကို ရောက်လာမယ်တဲ့...အဲ့တာ သူရောက်တာနဲ့ ဘော့စ်ကားကို စပြင်လို့ ရပါပြီဗျ....."
"ကောင်းပြီလေ...အဲ့တာဆိုလည်း ငါ ကားကို ပန်နီဆူလာ ဟိုတယ်မှာ ထားခဲ့လိုက်မယ်..မင်းတစ်ယောက်ယောက်ကို သွားယူခိုင်းလိုက်...."
"ရက်စ် ဘော့စ်..."
လင်းရီကားကို ပန်နီဆူလာ ဟိုတယ်၌ ထားခဲ့ပြီးနောက် ကားငှား၍ ချောင်ရန် အုပ်စုဆီသို့ ဦးတည်လာလိုက်သည်။
ပန်ဂနီမှာ ဆေးပြန်မှုတ်နေသောကြောင့် သူ၏ ငယ်ဖော်ကြီး ရှာရီလေးမှာ သူ့တာ၀န်ကို ထမ်းဆောင်ရန် ကျရောက်လို့ လာချေပြီ။
ရှာရီလေးမှာ ကားပါကင်နေရာ၌ ယခုထိ ဖုန်တစ်လက်မလောက်ဖြင့် မပြောင်းလဲပဲ ရှိနေဆဲဖြစ်၏။ သူသာ အချိန်ရပါက သေချာလေး သန့်ရှင်းပေးရပေမည်။
ကလင် ကလင် ကလင်
လင်းရီဖုန်းမြည်လာခဲ့သည်။ ကျီချင်းရန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
"ဟဲ့..နင်ဘယ်ရောက်နေတာလဲ..."
"ငါလား...မင်းတို့ ကုမ္ပဏီရဲ့ ကားပါကင်မှာလေ...ဘာလုပ်မလို့လဲ...."
"ငါ MCKayle မှာ....အထုပ်တွေ အများကြီးနဲ့မို့ လာကြိုပေးဦးလို့...."
"နောက်မှပေါ့...ခုတော့ ကားက အရမ်းညစ်ပတ်နေလို့ ငါရေအရင် ဆေးလိုက်ဦးမယ်"
"နောက်မှဆေးတော့ဟာ..ငါ့ကို အရင်လာကြိုပေး..အထုပ်တွေ အတော်လေး များနေလို့..."
"ရတယ်လေ..."လင်းရီ ပြောလိုက်ပြီး "မိန်းကလေးဖြစ်တဲ့ မင်းတောင် ညစ်ပတ်မှာ မကြောက်ရင် ငါက ဘာကိစ္စ ကြောက်ရမှာလဲ...."
MCKayle မှာ ချောင်ရန် အုပ်စုနှင့် မဝေးသော နေရာ၌ တည်ရှိပေသည်။ ထို့ကြောင့် ဆယ်မိနစ်ခန့် မောင်းရုံမျှနှင့် လင်းရီ ထိုနေရာသို့ ရောက်ရှိသွားသည်။
ကျီချင်းရန် လမ်းဘေး၌ ရပ်နေပြီး အနက်ရောင် ဘောင်းဘီရှည် ခပ်ပွပွကို ၀တ်ဆင်ထားပြီး ဒေါက်မြင့် ဖိနပ်ကို စီးထား၏။ ထို့ပြင် ဆံပင်ကိုလည်း စတိုင်ကျကျ စည်းထားပြီး အဝေးမှ လှမ်းကြည့်မည်ဆိုပါက လုံး၀ ကို မော်ဒယ်တစ်ဦး ပိုစ့်ပေးနေသည်ဟု ထင်ရလောက်အောင်ကိုပင်။
"ကဲ ကားပေါ်တက်...."လင်းရီ ပြောလိုက်၏။
"ဟမ်...နင်က ရှာရီနဲ့ လာခဲ့တာလား..."ကျီချင်းရန် မေးလိုက်၏။
"ဘာလို့လဲ မင်းက ချိုင်းနားမိတ်ဆို မစီးချင်ဘူးလား...."လင်းရီ ပြုံး၍ မေးလိုက်သည်။
"ပေါက်တတ်ကရတွေ...."
ကျီချင်းရန် ကားတံခါးဖွင့်၍ အထုပ်များကို ကားနောက်ထိုင်ခုံ၌ ထားလိုက်၏။ "ကုမ္ပဏီကို အရင် သွားရအောင်..."
"ကောင်းပြီလေ..ဒါပေမယ့် ကားအရင် သွားဆေးမယ်..ပြီးမှ နင့်ကို လိုက်ပို့ပေးတာပေါ့...."
လင်းရီ ပြောလိုက်၏။
"ရတယ်လေ..နင်လုပ်ချင်သလိုသသာလုပ်...."
လင်းရီ ကားမောင်းထွက်လိုက်ပြီး ကားဆေးလို့ရမည့် နေရာတစ်နေရာကို ရှာဖွေလိုက်သည်။
ပန်ဂနီကို ဆေးပြန်လိုက်ပြီးပါက ရေဆေးရန် ကျိုးဟိုင်ထောင်ကို ပြောရမည်ဟု လင်းရီ မောင်းနေရင်း စဉ်းစားမိသွား၏။
မိနစ်အနည်းငယ်ခန့် လျှောက်မောင်းပြီးနောက် လင်းရီ ကားရေဆေးဆီလိုက် ဆိုင်ကြီးတစ်ဆိုင်ကို တွေ့လိုက်ရ၏။
တစ်ချိန်တည်းတွင်ပဲ ဆိုင်မှ ၀န်ထမ်းများအားလုံး ငွေရောင် အက်စတွန် မာတင် V8ရှေ့တွင် ဝိုင်းအုံနေကြ၏။
"ညီကို...မင်းရဲ့ဒီကား သေချာပေါက် ဈေးမပေါဘူးမလား...ငါ့ဆိုင် ကားရေဆေးခ တစ်နှစ် အမြတ်ငွေနဲ့တောင် ဒီကားကို ၀ယ်ဖို့ တတ်နိုင်မှာ မဟုတ်လောက်ဘူး...." ခပ်၀၀ဖြင့် ဆိုင်ပိုင်ရှင် ဖြစ်ဟန်ပေါ်သည့်တစ်ယောက်မှ ပြောလိုက်သည်။
ကားပိုင်ရှင်မှာလည်း အသက်ကြီးပိုင်းမှ မဟုတ်ချေ။ နှစ်ဆယ်ကျော်လေးသာ ဖြစ်ပြီး ရှပ်အင်္ကျီလက်တို နှင့် လက်ကြားတွင် စီးကရက်တစ်လိပ်ကို ညှပ်ထားသည်။ လက်မောင်းတွင်လည်း တက်တူးထိုးထားပြီး လူငယ်စတိုင် ခပ်လန်းလန်းပင်။
"ဒါပေါ့..တကယ် ဈေးမပေါဘူး...ကျုပ်၀ယ်တုန်းကဆို နှစ်မီလီယမ်တောင်ကျော်တယ်..ဒါပေမယ့် စိတ်ကြိုက်ပြန်ရွှိုင်းတာနဲ့ဆို သုံးမီလီယမ်လောက် သွားကျတာပေါ့.....ဒါတောင် ၀ယ်ထားတာ တစ်လပဲ ရှိသေးတာနော်...."
"ဝါး...မိုက်လိုက်တာ ညီကိုရာ..ကားအတွက် ပိုက်ဆံတွေ အဲ့လောက်အများကြီး သုံးရဲတယ်ပေါ့..."
ဖက်တီးကြီးမှ ပြောလိုက်ပြီး "ဒီလိုကားမျိုးနဲ့ဆိုလို့ကတော့ လမ်းပေါ်ရောက်တာနဲ့ စကီလေးတွေ ဝိုင်းဝိုင်းလည်နေတော့မှာပဲ ..ဟုတ်တယ်မလား..."
"မေးနေစရာတောင် လိုနေသေးလို့လား..."ကားပိုင်ရှင် လူငယ်လေးမှ ဂုဏ်ယူစွာ ပြောလိုက်သည်။
"ကျုပ် အမှန်အတိုင်းပြောပြမယ်..ဒီကားကို ၀ယ်တယ်ဆိုတာကလည်း စော်လိုက်ဖို့ပဲ...ခင်များသိလား..ကျုပ်နေ့တိုင်း ဘားရှေ့မှာ ကားထိုးလိုက်တာနဲ့ ကောင်မလေးတွေ ကျုပ်ဆီ ခုန်အုပ်ကြတော့တာ...
ဘာမှ တောင် မပြောရသေးဘူး..."
"အဲ့လောက်တောင် ကောင်းတာလားဟ...."
"ဒါပေါ့..."ကားပိုင်ရှင် လူငယ်လေးမှာ လက်ထဲညှပ်ထားသော စီးကရက်ကို တစ်ရှိုက်လောက် သောက်လိုက်ပြီး
"ခုခေတ် မိန်းမတွေက ငွေနောက်လိုက်ကြတာများတယ်...အထူးသဖြင့်တော့ အရမ်းလှတဲ့ ကောင်မလေးတွေပေါ့...ခင်များသာ စူပါကား မောင်းကြည့်လိုက်ပါလား...သူတို့ ကားပေါ်ရောက်တာနဲ့ အိုက်တယ်ပဲ လုပ်နေကြတော့မှာ....ဒါပေမယ့် ခင်များသာ ရှာရီ အစုတ်လေး စီးလို့ကတော့ လှည့်တောင် ကြည့်မှာမဟုတ်ဘူး...ခါးသီးပေမယ့် ဒါက အမှန်တရားပဲ...."
ထိုအချိန်တွင်ပဲ လင်းရီ ကားဆေးသည့်နေရာသို့ ရောက်ချလာသည်။
"သူဌေး..ကားရေဆေးမယ်ဗျို့..."
ထိုသို့ပြောပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ ခါးပတ်ဖြုတ်၍ ကားထဲမှ ထွက်လာခဲ့ကြသည်။
သို့သော်လည်း ကျီချင်းရန်ကို မြင်သည့်အချိန်တွင်တော့ .....
လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ...သူက
ခုလေးတင် ရှာရီနဲ့ဆို အလန်းလေးတွေ မရနိုင်ဘူး ဟောပြောနေတာ..ခုကျတော့ ရှာရီထဲကနေအလှလေး တစ်ယောက်ထွက်လာတယ်တဲ့လား...ဒါမျက်နှာ ဖြတ်ရိုက်လိုက်တာပဲကွ.....