နဲနဲလေး မများလွန်းဘူးလား....
Vol. 5 Ch. 63
နှစ်ယောက်သား ကားထဲမှ ထွက်လာပြီးနောက် ကားရေဆေးပေးမှာကို စောင့်ရင်း ဘေးတစ်ဖက်၌ အတူရပ်လိုက်သည်။
"သားရီး...ဒီရှာရီက မင်းဟာလားဟျောင့်...."
လင်းရီ အက်စတွန်ကားပိုင်ရှင်၏ မေးခွန်းကို ကြားသောအခါ တခဏမျှ စဉ်းစားလိုက်သည်။
ဘယ်လိုတောင် ပိန်းတဲ့ မေးခွန်းပါလိမ့်....
"ငါ့ကားမလို့ ငါမောင်းလာခဲ့တာပေါ့ကွ...."
"ငါလည်း အရင်တုန်ူက ရှာရီမောင်းဖူးပါတယ်ဟ...ငါ့တုန်းကကျတော့ ဘာလို့ အလှလေးတွေ မတွေ့တာလဲ...."
"အာ...."လင်းရီ တခဏမျှ တွေးတောလိုက်ပြီး "မင်းဒီလို မေးလိမ့်မယ်လို့တော့ ငါမမျှော်လင့်ထားဘူး...."
"ညီကို မင်းကလည်း ရှာရီနဲ့တောင် အလှလေးတစ်ယောက်ရမှတော့ ခင်များရဲ့ စော်လိုက်တဲ့ နည်းလမ်းတွေကလည်း လယ်ဗယ်တစ်ခုကို ရောက်နေလောက်ပြီထင်တယ်...."
ကျီချင်းရန် ပြုံးရုံသာပြုံးလိုက်ပြီး ဘာမျှ ၀င်မပြောခဲ့ပေ။
ဟွန့်...ဒီသစ်သားတုံးကြီး လင်းရီ ကို တစ်ခါလောက်တော့ မျက်နှာသာ ပေးလိုက်ပါမယ်လေ....
"အင်း..ဒီမေးခွန်းကိုလည်း လုံး၀ မမျှော်လင့်မထားဘူး...ဒါပေမယ့် အနှစ်ချုပ် ပြောရမယ်ဆိုရင်တော့ အချက် တစ်ခုတည်းပဲ ရှိတယ်..."
"ဘာအချက်များလဲ...."
"မင်းရဲ့ မျက်နှာပေါ်မှာ မူတည်နေတယ်လေ...."
အက်စတွန်ကားပိုင်ရှင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့၏။
သောက်ကျိုးနည်း...ခင်များ အမှန်အတိုင်း ပြောလေဗျာ....
ရုပ်ချောတာနဲ့ အလှလေးတွေက အော်တို လိုက်လာမယ်လို့များ ကျုပ်ကို ဂျင်းထည့်ချင်နေတယ်ပေါ့....
ကားရေဆေးပြီးနောက် လင်းရီ ကားထဲသို့ ၀င်လိုက်သည်။ ကျီချင်းရန်လည်း လှပကျော့ရှင်းစွာဖြင့် လင်းရီဘေးနားသို့ ၀င်ထိုင်လိုက်၏။
"ငိုးပဲကွာ...."
အက်စတွန်ကား ပိုင်ရှင်မှာ သူ့ကားတာယာကို ပိတ်ကန်လိုက်ပြီး
"ရှာရီ အစုတ်နဲ့တောင် အလှလေးကို လိုက်နိုင်မှတော့ ငါက ဒီကောင်ကြီး မောင်းပြီးတော့ ဘာလို့များ စော်လိုက်နေပါလိမ့်......"
ကားရေဆေးဆီလိုက်ပိုင်ရှင်ကတော့ စီးကရက် တစ်လိပ်ကို တိတ်ဆိတ်စွာ ရှိုက်လိုက်ပြီးနောက်....
"ရှောင်လျို့ ကားဂိုထောင်ထဲက ငါ့ရဲ့ ရှာရီကို ထုတ်ခဲ့စမ်းကွာ ဆေးပြန်ရွှိုင်းရအောင်...."
"အစ်ကိုကြီး...ခင်များက ကြည့်ကောင်းတာလည်း မဟုတ်ပဲနဲ့...ဆေးပြန်ရွှိုင်းပြီး ဘာလုပ်မှာ...."
"ဟျောင့် မင်းဒီမှာ အလုပ် ဆက်မလုပ်ချင်တော့ဘူးလားကွ....."
...........
"စကားမစပ် နင် မနက်ဖြန် ရန်ချိန်ကို သွားတော့မယ်လို့ ပြောတယ်နော်...."ချောင်ရန် အုပ်စုသို့ ရောက်သောအခါ ကျီချင်းရန်မှ မေးလိုက်၏။
"အင်းလေ...ဘာလဲဖြစ်လို့...."
"ဘာမှ မဟုတ်ပါဘူး...ငါနင့်အတွက် လေယာဉ်လက်မှတ် ကြိုဖြတ်ထားပေးတယ်လို့ ပြောမလို့ပါ...မနက်ဖြန် ၁၀:၁၂ မှာ လေယာဉ်ထွက်လိမ့်မယ်...."
"ချင်းရန် ..ကျေးဇူးပဲကွာ...."
"မလိုပါဘူး...နင်လည်း ငါ့ကို အရင်က ကူညီပေးထားတာပဲ မဟုတ်လား...အဲ့တာ ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်.... "ကျီချင်းရန် ပြောရင်း ဆံပင်ကို နားထင်နောက်သို့ သပ်၍ "ငါသွားတော့မယ်နော်....
ဝာာ့တာ....."
ကျီချင်းရန်ကို ပြန်ပို့ပေးပြီးနောက် လင်းရီလည်း အိမ်သို့ ပြန်လာခဲ့လိုက်သည်။
အလုပ်ပြီးမြောက်နှုန်းမှာ ၈၅%ရှိနေပြီ ဖြစ်သော်လည်း လင်းရီ Didi မောင်းရန် လိုအပ်နေဆဲပင်။
သို့သော်လည်း သူရန်ချိန်မှ ပြန်လာသည့်အခါမှသာ ပြန်ပြေးရပေမည်။ သူ၏ ရှာရီလေးမှာ Didi မောင်းရန် အိုဟောင်းလွန်းလှ၏။
မဟုတ်ပါက သူ မကောင်းသည့်ရီဗျူး အစုလိုက်အပြုံလိုက် ပေးခြင်းခံရပြီး ဆက်မောင်းနိုင်မည်တောင် မဟုတ်ပေ။
ရေကူးကန်ဘေး၌ လဲလျောင်းရင်း လင်းရီ ဖုန်းကောက်ကိုင်၍ အချိန်ဖြုန်းရန် ဂိမ်းက်ု ဖွင့်လိုက်လေသည်။
အကယ်၍ ကျီချင်းရန်သာ ဤနေရာ၌ ရှိပါက သူတစ်ပတ်နှစ်ပတ်လောက် ရေအတူကူးလိုက်မည် ဖြစ်ပြီး ကြည်နူးဖွယ်ကောင်းသော အချိန်လေးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
ယခုတော့ ဂိမ်းထဲသို့ ၀င်၍ ကျွီရိုကျင်း ကိုကိုင်ကာ တစ်ယောက်ထဲ ဂိမ်းကစားနေရ၏။
သူ့အသင်းသားများ ရွေးချယ်ထားသည့် ဟီးရိုးများကိုကြည့်ရင်း လင်းရီ မဆိုးသလို ခံစားလိုက်ရသည်။ ကိုင်သည့်သူများသာ စကေးအတော်အတန် ရှိနေသရွေ့တော့ နိုင်ရန် အခွင့်အရေး များလှပေသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်
သူတို့၏ အဓိက တာဝါနှစ်ခု အချိုးခံလိုက်ရသည်ကို မြင်သောအခါ လင်းရီ သည်းမခံနိုင်တော့ပဲ ကျိန်ဆဲရန် ပြင်လိုက်တော့သည်။
ကျွီရိုကျင်း : လုပန် မင်း မဆော့တတ်ရင်လည်း အိမ်ပြန်ပြီး အိပ်နေလိုက်ကွာ...အလကားငါတို့ အချိန်တွေကို လာဖြုန်းမနေနဲ့....
လုပန် ခုနစ် : ငါဆော့နေတာ ဘာဖြစ်လို့လဲ..နောက်ထပ် အကောင်လေးတွေ နည်းနည်းလောက် စားပြီးရန် အိုင်တမ်ထွက်တော့မှာပါနော်...
ကျွီရိုကျင်း : ခုမှ ပွဲစတာ ဆယ်မိနစ်ပဲ ရှိသေးတယ် ..မင်းက ကိုးခါလောက် တစ်ဖက်အသင်းကို လှူပြီးနေပြီ ..အဲ့တာတောင် အရှက်မရှိ အိုင်တမ်ရတော့မယ်လို့ ပြောထွက်သေးတယ်ပေါ့....မင်းဦးနှောက်ကို ခွေးချီသွားတာလားကွ...ဂိမ်းဖျက်ပြီးတာ အိပ်နေလိုက်တော့ဟေ့.....
ဆင်းသက်လာသူ : ဟျောင့်တွေ ဆဲမနေကြနဲ့
..ယဉ်ယဉ်ကျေးကျေး ပြောကြ...
ရှန်းယွီ : ပွဲက ခုမှ စတာပါဟ...ဟိုက် ဘုရားရေ...သူ့နာမည်ကို ကြည့်လိုက်စမ်း..မိန်းကလေးနေမှာဟ....
ကျွီရိုကျင်း : ဘာကို မိန်းကလေးလဲ...စကေးနုလို့ အဆဲမခံရအောင် ကောင်မလေး နာမည် ချိန်းထားတဲ့ကောင် နေမှာပေါ့....
လုပန် ခုနစ် : နင်ပဲ စကေးနုတာ.. ငါက မဆော့တာကြာလို့...ပုံမှန်ဆို ငါ့စကေးတွေက နင့်ထက် အသာကြီးပဲ....
ကျွီရိုကျင်း : လေကြီးမနေနဲ့...မထွက်ခင် အိမ်ပြန်လိုက်ဦး ..မဟုတ်ရင် နောက်ထပ် ကေးထပ်ပေးနေဦးမယ်...
လုပန် နံပါတ်ခုနစ် : ငါလေကြီးနေတာ မဟုတ်ဘူးနော်...ငါက အိုင်အိုနီယာမှ ဒိုင်းမွန်းအဆင့်နော်...
ကျွီရိုကျင်း : အိုင်အိုနီယာမှာ နံပါတ် ၁ လောက်လေးကိုများ စာဖွဲ့နေသေးကွာ..ငါ ဇူအန်းမှာ ခြောက်နှစ်ဆက်တိုက် ဗိုလ်ဆွဲလာတာကွ...အဲ့တာတောင် ငါ ထုတ်မပြောဘူးနော်...ငါတို့အချိန်တွေ လာဖြုန်းမနေနဲ့ကွာ...မြန်မြန် ထွက်သွားလိုက်တော့....
ရှန်းယွီ : အစ်ကိုကြီးကတော့ အံ့ဩစရာပဲ..ကျွန်တော်ဆို အဲ့ဒီအဆင့်ကို မရောက်လိုက်ဘူး...
ဟုန်ရိ : ငါလည်း အတူတူပဲ...သုံးပွဲလောက်နဲ့ လစ်သွားတာ....
လုပန် ခုနစ် : ငါသာ ထွက်သွားလိုက်ရင် နင်တို့ 4 vs 5 ဖြစ်ပြီး ရှုံးသွားမှာနော်...
ကျွီရိုကျင်း : မင်းသာ ဆက်ရှိနေရင်လည်း 4 vs 6 ဖြစ်နေဦးမှာပဲ...
လုပန် ခုနှစ် : .....
လုပန် ခုနစ် : ငါမပါဘဲနဲ့ နင်တို့ နိုင်နိုင်တယ်ဆိတာ လုံး၀ မယုံဘူး....
"ရန်သူ စွန်း မှ သ-တ်ဖြတ်ခြင်း ခံလိုက်ရပါပြီ.."
"ရန်သူ နွီဝါးမှ သ-တ်ဖြတ်ခြင်း ခံလိုက်ရပါပြီ..."
ကျွီရိုကျင်း နှစ်ကြိမ်ဆက်တိုက် သ-တ်ဖြတ်မှု...
"ရန်သူ စွန်းဝူခုံးမှ သ-တ်ဖြတ်ခံလိုက်ရပါပြီ .."
ကျွီရိုကျင်း - သုံးယောက်ဆက်တိုက် သ-တ်ဖြတ်အနိုင်ရမှု...
"ရန်သူ Big Qiao မှ သ-တ်ဖြတ်ခြင်း ခံလိုက်ရပါပြီ .."
ကျီရိုကျင်း တစ်ကြိမ်တည်း လေးကြိမ်ဆက်တိုက် လှပစွာ သတ်ဖြတ်နိုင်မှု....
"ရန်သူ လန်ကျင်း ဘုရင်မှ သ-တ်ဖြတ်ခြင်း ခံလိုက်ရပါပြီ...."
ကျွီရိုကျင်း ငါးကြိမ်ဆက်တိုက် ပြောင်မြောက်စွာ သတ်ဖြတ်နိုင်မှု....
လင်းရီ ငါးကြိမ်ဆက်တိုက် သ-တ်ဖြတ်ပြလိုက်သောအခါ သူ့အသင်းသားများ၏ အားပေးချီးမြောက်မှုများ စခရင်တစ်ခုလုံး ပြည့်လျှံသွားတော့၏။
ရှန်းယွီ : သောက်ကျိုးနည်း ငါးကြိမ်ဆက်တိုက်ဟ..နတ်ဘုရား ကျွန်တော်မျိုးရဲ့ အရိုအသေ ပေးမှုကို လက်ခံပေးပါ....
ဟုန်ရိ : နတ်ဘုရား..ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ သူငယ်ချင်း တောင်းဆိုမှုကို လက်ခံပေးပါဦး....
လျိုချန် : ကဲ ဂေါင်ကြီးတို့ ဆက်ဆွဲလိုက်ကြရအောင်..
ထိုစဉ် ကျိုးဟိုင်ရှိ ဈေးကြီးသော အိမ်ယာ တစ်ခုတွင်တော့ မီတာ တစ်ရာ ပတ်လည်ရှိသော အိမ်လေးထဲတွင် အမျိုးသမီးတစ်ယောက် အဖြူရောင် ရှပ်အင်္ကျီကို ၀တ်ဆင်၍ သူမဖုန်းလေးကို ငေးကြည့်နေရှာသည်။
အမျိးသမီးမှာ အသားအရည် ပြည့်ပြည့်ဖြိုးဖြိုး ရှိပြီး ရှည်လျားသော ခြေတံလေးများကို ပိုင်ဆိုင်ထား၏။ သူမ၏ ယောက်ယပ်ခပ်နေသော ဆံပင်များမှာ မျက်နှာ တစ်ခုလုံးနီးပါး ဖုံးအုပ်ထားသော်လည်း ထိုပုံစံလေးကပင် သူမ၏ ဆွဲဆောင်မှုကို တိုးပွားစေနေသည်။
အမျိုးသမီး၏ နာမည်ကတော့ ရှောင်ထျန်ပင်။ သူမက ကျိုးဟိုင် တက္ကသိုလ် လူငယ်အသင်းကော်မတီ၏ ဒါရိုက်တာတစ်ယောက်ဖြစ်၏။ ကျောင်းကိစ္စများအပြင် သူမ နှစ်သက်သော ဝါသနာမှာ ဂိမ်းကစာခြင်းပင်။
သို့သော်လည်း လူအနည်းငယ်သာလျင် ရှောင်ထျန်၏ ဝါသနာကို သိရှိကြပေသည်။
"ဟမ့်...သူစားပွဲလှန်ပစ် လိုက်တာပဲ..."
သူမတို့ ခုရောက်နေသည်မှာ ရန့်မမြင့်သော်လည်း တစ်ကိုယ်တော် ငါးယောက်ဆက်တိုက် သ-တ်ဖြတ်ပြသွားခြင်းကတော့ဖြင့် အထင်ကြီးဖွယ် ကောင်းလွန်းလှ၏။
ကျွီရိုကျင်း : ရတယ်လေ...သူငယ်ချင်းလုပ်ပြီး အတူဆော့ကြတာပေါ့....
လုပန် ခုနစ်မှလွဲ၍ ကျန်သူများမှာ စကေးမဆိုးပေ။ အားလုံး တက်ညီလက်ညီဖြင့် ကြိုးစားပါက ရန့်တက်နိုင်လောက်၏။
ပြိုင်ဘက်ကင်းရတာ အထီးကျန်လွန်းတယ်...ရက်အနည်းငယ်အတွင်း တတိယမြောက် ဘုရင်တစ်ပါး ပေါ်ထွန်းလာတော့မယ်....
လုပန် ခုနစ် : ငါလည်း နင့်ကို သူငယ်ချင်း အပ်လိုက်မယ်...အတူဆော့ရအောင်လေ...
ကျွီရိုကျင်း : ဘာကိစ္စ အတူဆော့ရမှာ...ငါတော့မင်းကို ကယ်ရီ မပေးနိုင်ဘူးနော်....
ပွဲပြီးနောက် လင်းရီ သူငယ်ချင်း ဖြစ်ခွင့် တောင်းဆိုမှု အများအပြား နှင့် သီးသန့် မက်ဆေ့ခ်ျ ပို့လာမှုများကို ရရှိလိုက်သည်။
စကတ်အတွန့်လေး : နင်သာ ငါ့ကို ကယ်ရီပေးမယ်ဆိုရင် ငါ LOL မှာ ပြန်ပြီး ကယ်ရီပေးမယ်...
ပို့လာသည့် မက်ဆေ့ခ်ျကို ကြည့်ရင်း ဤမက်ဆေ့ခ်ျမှာ လုပန် ခုနစ်မှ ဖြစ်မည်ဟု လင်းရီ မှတ်ချက်ချလိုက်၏။
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : မင်းက အရမ်းလေးလွန်းတယ်...ငါ မသယ် ပေးနိုင်ဘူး...
စကတ်တွန့်လေး : ငါက ၉၉ပေါင်ပဲ ရှိတာပါနော်
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : မင်းက ပေါင်တစ်ရာ မကျော်ရင် ရင်ဘက်ပြားရင်ပြား ၊ မပြားရင် ပုလို့ပဲ...ဒါပဲ ငါ့ကို ဆက်မနှောက်ယှက်နဲ့တော့...
လင်းရီ ရှောင်ထျန်ကို လျစ်လျူရှုလိုက်ပြီး တခြားသူများနှင့် နောက်တစ်ပွဲ ဆက်ဆော့လိုက်သည်။
ဆိုဖာပေါ်တွင်တော့ ရှောင်ထျန် သူမဖုန်းကို စိတ်ဆိုးစွာဖြင့် ကောက်ပစ်လိုက်သည်။
"ဟွန့် ဘာတွေ ထောင်လွှားပြနေတာ...နင်ကယ်ရီမပေးလဲ ငါ့ဘာငါ ရန့်တင်နိုင်ပါတယ်နော်...."
ထိုသို့ဖြင့် တစ်ကိုယ်တော် စွန့်စားခန်းကြီး စတင်လိုက်တော့သည်။
နာရီ၀က်ခန့် ကြာပြီးနောက်....
သူမ ဆော့ရင်းဆော့ရင်းဖြင့် အရှုံးမှာ သုံးပွဲဆက်သွားသည်။
ရှောင်ထျန် သူမဖုန်းကို ကိုင်ရင်း "ငါ့သူ့ကို ကယ်ရီပေးဖို့ သွားတောင်းဆိုလိုက်ရင် ကောင်းမလား..."
တီးတိုး ရေရွတ်လိုက်သည်။
ရှောင်ထျန် တခြား အကောင့်တစ်ခုဖြင့် လင်းရီ၏ တိုက်ပွဲ မှတ်တမ်းကို စစ်ဆေးကြည့်လိုက်သောအခါ သုံးပွဲဆက်တိုက် အနိုင်ရရှိထားပြီး ပွဲတိုင်းလည်း MVP ရရှိထား၏။
သူမ၏ စိတ်အခြေအနေမှာ ချက်ချင်း ဆိုးရွားသွားတော့သည်။
စကတ်အတွန့်လေး : နင်ငါ့ကို ကယ်ရီပေးမှာလား မပေးဘူးလား ပြော.....
ပြိုင်ဘက်ကင်း
ကြက်တောင်ပံ : ငါမင်းကို ကယ်ရီမပေးနိုင်ဘူးလို့ ပြောပြီးပြီလေကွာ.....
စကတ်အတွန့်လေး : နတ်ဘုရားရယ်..ကျေးဇူးပြုပြီး ကျွန်မကို ကယ်ရီပေးပါနော်....နော်လို့...
ရှောင်ထျန် သူမ၏ ဝှက်ဖဲ ဖြစ်သည့် ချွဲချွဲနွဲနွဲဖြင့် တောင်းဆိုလိုက်သည်။
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ဆုတောင်းလေ
စကတ်အတွန့်လေး : ....