← Chapters

စော်လိုက်တဲ့နေရာမှာတော့ ခင်များက အတော်ဆုံးပါပဲ....

Vol. 5 Ch. 65

စော်လိုက်တဲ့နေရာမှာတော့ ခင်များက အတော်ဆုံးပါပဲ....

Vol. 5 Ch. 65

လေယာဉ်မယ်လေး၏ နှလုံးသားကတော့ တဒုန်းဒုန်းဖြင့် ခုန်မြန်နေသည်။

သူမတွင်လည်း စိန်အဆင်တန်ဆာများ ရှိသောကြောင့် လင်းရီ၏ နာရီ ပေါ်ရှိ စိန်ပွင့်များမှာ မှာ အတုမဟုတ်ကြောင်း တပ်အပ် ပြော‌နိုင်ပေသည်။

ထို့ပြင် ပထမတန်း၌ လိုက်စီးသော မည်သည့်ခရီးသည်မဆို ရာထူးမြင့်မားသူများ ဖြစ်‌သောကြောင့်သဘာ၀အားဖြင့် ပစ္စည်းအတုများကို ၀တ်လိမ့်မည် မဟုတ်ပေ။

ဤသို့ဖြင့် သူမ ရွေးချယ်ရမည့်သူမှာ လုံး၀ လွယ်ကူသွားပေသည်။

"လူကြီးမင်း...ကျွန်မ တကယ်ပဲ တစ်ယောက် ရွေးမှ ဖြစ်မှာလားဟင်...."

စည်းမျဉ်းများကြောင့် လေယာဉ်မယ်လေးမှာ နောက်တစ်ခေါက် မေးမြန်လိုက်ပြန်သည်။

"ဒါပေါ့....."

"ကောင်းပါပြီရှင့်...."

လေယာဉ်မယ်လေးမှာ သူမဖုန်းကို ထုတ်၍ ဝီချက် စကန် ဖတ်ရန် ဟန်ပြင်လိုက်သည်။

တစ်ချိန်တည်းတွင် ဖေးဟောက်ယွီလည်း သူ၏ဖုန်းကို လေယာဉ်မယ်ထံသို့ တိုးကာ ဝီချက် လက်ခံရန်ပြင်ဆင်လိုက်၏။

သူ၏ အဆင့်အတန်းနှင့်ဆိုပါက ဝီချက်အအပ်ခံရမည့်သူမှာ သေချာပေါက် ဖေးဟောက်ယွီပင်။

သို့သော်လည်း မထင်မှတ်ထားစွာဖြင့် လင်းရီဘက်သို့လှည့်ကာ

"လူကြီးမင်းရှင့်...ဝီချက်နံပါတ်လေး ပြောပေးပါလား..ကျွန်မ ဝီချက် အပ်ချင်လို့ပါ..."လေယာဉ်မယ်လေး ချိုသာသောအပြုံးဖြင့် ပြောလိုက်၏။

ဟမ်..

ပထမတန်း၌ လိုက်စီးသော ခရီးသည်များအားလုံး အံ့အားသင့်သွားကြသည်။

ဘာတွေ ဖြစ်နေတာလဲဟ...

သူမက ပိုက်ဆံ ရှိတဲ့ ကောင်လေးကို မရွေးဘဲနဲ့ လေယာဉ်လတ်မှတ်ဖိုးတောင် မတတ်နိုင်တဲ့သူကို ရွေးလိုက်တယ်တဲ့လား....

သူမ ရူးများသွားပြီလားဟ...

"ကောင်းပြီ..ခဏလောက်စောင့်ဦးနော်..."

လင်းရီ သူ့ဖုန်းကို ထုတ်၍ လေယာဉ်မယ်လေးက်ု

စကန်ပေးဖတ်လိုက်ပြီး ဝီချက်အကောင့် လက်ခံလိုက်သည်။

လင်းရီနှင့် လေယာဉ်မယ်တို့ ဝီချက် အပ်လိုက်ကြသောအခါ ရှင်းယင် ပြုံး၍

"အစ်ကို...နင့်ရဲ့ သီအိုရီက မမှန်သလိုပဲနော်...."

ဖေးဟောက်ယွီ အရှက်ရသွား၏။

ဘယ်လို ငရဲလဲဟ...

"‌မိန်းကလေး...မင်းသူ့ကို ရွေးချင်တာ သေချာပြီလား...."

"ဒါပေါ့ရှင့်...အချစ်နဲ့ ပေါင်မုန့် ဘယ်ဟာရွေးမလဲဆို ကျွန်မ လယ်သမားကိုပဲ ရွေးပါရစေရှင်...."

ငိုးမပဲ

ဖေးဟောက်ယွီ သွေးအန်လုနီးပါးဖြစ်သွား၏။

"မင်းက ဒီမှာ အသစ် ဟုတ်တယ်မလား...."

"ဟုတ်ပါတယ်ရှင့်...ပထမတန်းမှာ တာ၀န်ကျတာ ပထမဆုံးပါ...."

"လက်စသတ်တော့ အဲ့တာကြောင့်ကိုး..."ဖေးဟောက်ယွီ၏ ခံစားချက်များ တစ်ဖန် ပြန်လည် ကောင်းမွန်လာပြီး "ကဲ ဒါဆို မင်းကိစ္စ ပြီးပြီဆိုတော့ ကိုယ့်အလုပ်ကို ပြန်သွားလုပ်တော့...."

နယူဘီလေးများမှာ လူ့ပတ်၀န်းကျင်၏ ရက်စက်မှုများကို မမြင်ဖူးသေးပေ။ သူမနေရာ၌ ရင့်ကျက်သော လေယာဉ်မယ်လေး တစ်ဦးဆိုပါက သူ့ကို ရွေးချယ်မည်မှာ မလွဲဧကန်ပင်။

လေယာဉ်မယ်လေး ထွက်ခွာသွားပြီးနောက် လင်းရီ သူ၏ ဖုန်းကို ခါယမ်းပြကာ...

"ဘယ်လိုလဲ ညီကို အရှုံးပေးပြီလားကွ..."

"ငါ့ဖ-င်ကြီးကိုပဲ အရှုံးပေးလိုက်..."

ဖေးဟောက်ယွီ ပြောလိုက်ပြီး "အဲ့လို မိန်းကလေးက ဘာသိဦးမှာမို့လို့လဲ...ငါတို့ နောက်ထပ် ဆက်ပြိုင်ကြမယ်...‌ဒီတစ်ခေါက်တော့ အတွေ့အကြုံ ရင့်ကျက်တဲ့ တစ်ယောက်ကို ရှာကြတာပေါ့ကွာ...."

"ဒီတိုင်း အရှုံးပေးလိုက်စမ်းပါကွာ...ဘာကိစ္စ ကိုယ့်ကိုယ်ကို နှိပ်စက်နေတာလဲ...."

"ဘာလို့လဲဆိုတော့ မင်ကို သင်ခန်းစာ ပေးချင်လို့ပေါ့ကွ...ရုပ်ချောတာက ငွေရှေ့မှာဆို ဘာမှ သုံးစား မရဘူးဆိုတာ ပြချင်လို့ပဲ...."

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ဖေးဟောက်ယွီ၏ ခေါင်းမာမှုကို အမှတ်ပြည့် ပေးလိုက်မိသည်။

"ညီကို...တစ်ချက်လှည့်ကြည့်လိုက်ဦး ..ဟိုမှာ အချောလေး တစ်ယောက် လာနေတယ်ကွ..."

ပထမတန်းမှ ခရီးသည်များအားလုံး နောက်သို့ လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည်နှင့် အမျိုးသမီးတစ်ဦး လမ်းလျှောက်လာသည်ကို မြင်လိုက်ကြရသည်။

အမျိုးသမီးမှာ ရှည်လျားသော ကြိုးတစ်ချောင်းတပ် ပခုံးသိုင်း အင်္ကျီနှင့် ဒူးလောက်ထိရောက်သော ခရမ်းရောင် စကတ်ကို ၀တ်ဆင်ထား၏။ နှာတံထိပ်၌လည်း ကြီးမားသော နေကာမျက်မှန် တစ်လက်ကို တပ်ဆင်ထားပြီး သူမ၏ အလှတရားကို ပြည့်စုံစွာ ရည်ညွှန်းနိုင်သော စကားလုံး ရွေးချယ်ရန် ခက်ခဲလှ၏။

ဟမ်

လာနေသော အမျိုးသမီးကို လင်းရီ မြင်သောအခါ ကြက်‌ေ-သ‌ေ-သသွား၏။

အဲ့တာ ကျီချင်းရန် မဟုတ်လား...

ဘာလို့ ဒီရောက်နေတာလဲဟ....

ပြတင်းပေါက်နားက ထိုင်ခုံက အလှလေးတစ်ယောက်အတွက်လို့ ပြောထားတာ မဆန်းတော့ပါဘူး..လက်စသတ်တော့ သူ့အတွက်ကိုး....

အကွက်လေးတွေတော့ လှသားပဲ...

"ဘယ်လိုတောင်လားဟ...ဒီလောက်လှတဲ့ မိန်းကလေး ကမ္ဘာပေါ်မှာ ရှိသေးတာလား...."

ဖေးဟောက်ယွီ သူ၏ နှလုံးသား ရူးသွပ်စွာ ခုန်ပေါက်နေသည်ကို ခံစားလိုက်ရ၏။

"ညီကို...ငါတို့ သူ့နား ဝီချက် တောင်းကြမယ်...မင်းစိန်ရဲလား..."

"ဘာကြောက်စရာ ရှိလို့လဲ...ငါကြောက်တာက မင်း အရှုံးကို လက်မခံနိုင်မှာကိုပဲ...."

"ဟားဟား ...ငါသာ ဒီတစ်ခေါက်ရှုံးခဲ့မယ်ဆိုရင် မင်းက အရမ်း အံ့ဩဖို့ကောင်းတယ်ဆိုတာ ၀န်ခံလိုက်မယ်ကွာ...."

"ကောင်းပြီလေ....."

ထိုအချိန်တွင် ကျီချင်းရန် လျှောက်လာပြီး လင်းရီဘေးနား ခပ်တည်တည်ဖြင့် ၀င်ထိုင်၍ မျက်နှာပေါ်တွက်လည်း မည်သည့်အမူအရာမျှ ရှိမနေ‌ချေ။ သူမနှင့် လင်းရီတို့ မသိကြသည့် အသွင် ဖမ်းထား၏။

"ဟဲလို အလှလေး...."

ကျီချင်းရန် ‌ထိုင်တော့မည့်အချိန်တွင် ဖေးဟောက်ယွီမှ စကားစပြောလိုက်သည်။

"မင်းဘေးနားက လူနဲ့ ငါက ဝီချက်အပ်...."

"ဘာဝီချက်လဲ...."

လင်းရီ ခပ်တည်တည်ဖြင့် မတ်တပ်ရပ်၍ သူ၏ လက်မောင်းများကို ကျီချင်းရန်၏ ခါးနား ရစ်ပတ်လိုက်ပြီး

"မင်းမှာ ဒီအလှလေးနား ဝီချက်တောင်းဖို့ အခွင်အရေး မရှိဘူးသားရီး..မင်းလစ်လိုက်တော့...."လင်းရီ ပြောလိုက်၏။

"ဘာ...."ကျီချင်းရန် ရှော့ခ်ရသွားခဲ့သည်။

ကောင်စုတ်က ဘာတွေလျှောက်လုပ်နေတာလဲဟ...ဒီမှာ လူတွေ အများကြီးရှိနေတယ်လေ...

"ငိုးပဲဟျောင့် ...မင်းဘာတွေ လုပ်နေတာလဲကွ...မိန်းကလေး တစ်ယောက်ကို ဘာမပြော ညာမပြောနဲ့ ဒီတိုင်းကြီး ဖက်ပစ်လိုက်တယ်ပေါ့...အဲ့တာက တေလေရဂျပိုးတွေရဲ့ အပြုအမူကွ...."ဖေးဟောက်ယွီ လက်ကို ဆတ်ခနဲ ဝှေ့ယမ်း၍ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ငါ့မှာ သူ့ကို တစ်စက္ကန့်ထဲနဲ့ ချစ်ကျွမ်း၀င်သွားအောင် လုပ်နိုင်‌တဲ့ အစွမ်းအစ ရှိလို့လေ...."

"လေကြီးမနေနဲ့...သူ လုံခြုံရေး ခေါ်မယ့် အချိန်ကိုသာ မင်း ဘုရားတပြီး စောင့်နေလိုက်တော့...."

"ဟားဟား....."

ပထမတန်းမှ ခရီးသည်များအားလုံး ရယ်မောလိုက်ကြ၏။

"ဒီကောင်လေးကတော့ အချောလေးမြင်တာနဲ့ ငမ်းငမ်းတက်တော့တာပဲ...."

"မကြာဘူး ကြည့်နေ..အဲ့ကောင် ပါးချခံရတော့မှာ...."

"သူတကယ်ကြီး အဲ့လို လုပ်လိုက်တယ်ပေါ့...အရမ်းကို လက်ရဲပြီး ယုံကြည်မှုတွေ လွန်ကဲနေတာပဲ...သူ့ကိုယ်သူ ဘယ်လိုကောင်များ မှတ်နေလဲ မသိဘူး..."

ဖေးရှင်းယင်နှင့် သူမ၏ အချစ်ဆုံး သူငယ်ချင်း လီယွီ့ရန်တို့ကတော့ ခေါင်းကိုယ်စီ ရမ်းမိလိုက်ကြသည်။

ဒါကြီးက ကိုးရို့ကားယား နိုင်လွန်းတယ်...

တခြားတစ်ဖက်တွင်တော့ ဖေးဟောက်ယွီ အရမ်း ဂုဏ်ယူလို့နေ၏။

ဒီကောင်ရဲ့ အပြုအမူတွေက ‌ေ-သလမ်းရှာနေတာပဲကွ....

"နင်ဘာတွေ လုပ်နေတာလဲ...ဒီမှာ လူတွေ အများကြီး ရှိနေတယ်လေ...."ကျီချင်းရန် မျက်နှာများ နီရဲနေပြီး ရှက်သွေးဖြန်းလျက် ပြောလိုက်၏။

"လခွမ်း...."

ကျီချင်းရန်၏ ညုတုတု အသံကို ကြားသောအခါ ရှိသမျှ လူအားလုံး အံ့အားသင့်သွားကြ၏။

ဒီမြင်ကွင်းက ဘာကြီးလဲကွ....

မိန်းကလေးက စိတ်တိုပြီး ပါးတွေ နားတွေ ရိုက်ရမှာ မဟုတ်ဘူးလား....

ဘယ်လို ငရဲလဲဟ...

"ဘာမှ မဟုတ်ပါဘူး...ငါက ဒီတိုင်း ငါဘယ်လောက် ဆွဲဆောင်မှု ရှိလဲဆိုတာ သိချင်လို့လေ...."

လင်းရီ ဖက်ထားသော လက်မောင်းများကို တင်းကြပ်ရင်း ပြောလိုက်၏။

"တော်ပြီလေ..လွှတ်တော့နော်..."

လူတွေအများကြီး ကြည့်နေသောကြောင့် သူမ မျက်နှာ ပူလောင်နေသည်။

ထို့ကြောင့် လင်းရီ ရင်ခွင်ထဲမှ အတင်းရုန်းထွက်လိုက်၏။

ပတ်၀န်းကျင် တစ်ခုလုံးတွင်တော့ ထူဆန်းသော လေထုတစ်ခုမှ ကြီးစိုးသွားတော့၏။

လခွမ်းပဲ...အတည်ကြီး တစ်စက္ကန့်တည်းနဲ့ ချစ်ကျွမ်း၀င်သွားတာလားဟ....

အေးပါကွာ...မိန်းကလေးတွေကို ပိုးပန်းတဲ့နေရာမှာကတော့ မင်းက ဆရာတစ်ဆူပါပဲ....

"ကဲ ဘယ်လိုလဲ ကိုယ့်လူ ဆက်ပြိုင်ချင်သေးလား...."

"ဘာလို့ ထပ်ပြိုင်နေဦးမှာလဲ...မင်းက သောက်ရမ်း အံ့ဩဖို့ကောင်းတယ် ညီကို...."ဖေးဟောက်ယွီ လက်မထောင်၍ ပြောလိုက်၏။

"မင်းကျေနပ်ရင် ပြီးတာပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောဆိုလိုက်၏။

"ငါက မင်းကို အံ့ဩဖို့ကောင်းတယ်လို့‌ပဲ ပြောတာ..ကျေတော့ မကျေနပ်ဘူး..."

"ဘာလို့လဲ...မင်းမကျေနပ်သာ ရှိရင် ထုတ်ပြောလို့ရတယ်...ငါ အားလုံး ဖြေရှင်းပေးမယ်...."

"ငါမင်းလောက် ရုပ်မချောဘူးဆိုတာတော့ ၀န်ခံပါတယ်..ဒါပေမယ့် မင်းထက်ပိုပြီး ပိုက်ဆံရှိတယ်လေ...အဲ့တာတောင်မှ ဘာလို့ မိန်းကလေးတွေက မင်းရင်ခွင်ထဲကြည့် ပစ်၀င်နေကြတာလဲဟ..."

ဖေးဟောက်ယွီ ပြောလိုက်သည်။

"အဟွတ် အဟွတ် အဟွတ်.."

လင်းရီ ပြောလိုက်ပြီး "မင်းက ငါ့လောက်မချောဘူးဆိုတာတော့ ငါလည်း လက်ခံတယ်..အနည်းဆုံးတော့ မင်းက မင်းကိုယ်မင်းတော့ သိသားပဲ...ဒါပေမယ့် မင်းက ငါ့ထက် ချမ်းသာတယ်ဆိုတာကတော့...ဒါနဲ့ပတ်သက်ပြီး မင်းကို ပြောရဦးမယ်...."

"ဘာလဲ....မင်းက ငါနဲ့ ဘယ်ကောင် ပိုက်ဆံ ပိုရှိလဲ ပြိုင်ချင်နေတာလား...."

ဖေးဟောက်ယွီ အထင်သေးစွာဖြင့် ပြောလိုက်၏။

ပိုက်ဆံက သူ့ရဲ့ အားသာချက်လေ..‌ေငွနဲ့ ပတ်သက်လာရင်တော့.ဘာကိစ္စ လင်းရီကို အနိုင်ပေးရမှာလဲ..

"ရတယ်လေ..မင်းကပြိုင်ချင်တယ်ဆိုလည်း ရတယ် ..ဘာပဲဆိုဆို ငါလည်း အားနေတာပဲလေ..."

ကျီချင်းရန်ကတော့ ဆွံ့အနေလျက်ရှိသည်။

ဒီလူတွေ ဦးနှောက် ထိထားတာများလားဟ...

သူတို့ ပိုက်ဆံ ရှိတိုင်းနဲ့ ဘာမဆို လုပ်လို့ရပြီများ ထင်နေကြလား မသိဘူး....

ဖေးဟောက်ယွီ သူ၏ ရိုးလက်စ် နာရီကို လင်းရီ ရှေ့ လှုပ်ရမ်း ပြလိုက်ပြီး အထင်သေးစွာဖြင့်

"မြင်လား..ဒါက ရိုးလက်စ်နာရီ..ငါဒါ၀ယ်ဖို့ တစ်သန်းကျော်တောင် သုံးထားတာနော်..ပြီးတော့ ပထမတန်းကနေ လေယာဉ်စီးတိုင်းလဲ လက်မှတ်ကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ၀ယ်စီးတာ...မင်းလိုမျိုး သူများ ဖြတ်ပေးမှ စီးဖူးတဲ့ ကောင်မျိုး မဟုတ်ဘူးကွ..."

ဖေးဟောက်ယွီ၏ စကားကိုကြားသောအခါ လူတိုင်း ရယ်မောလိုက်ကြ၏။

ဖေးဟောက်ယွီပြောနေသည်မှာ အမှန်ပင်။ လင်းရီကို အထင်သေးသောကြောင့် ပြောနေခြင်း မဟုတ်ပေ။

လေယာဉ်လက်မှတ်တောင် မ၀ယ်နိုင်တဲ့သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်နဲ့ ဥစ္စာချင်း ယှဉ်ချင်နေတယ်တဲ့လား....

ဒီကောင် သူ့ပေါင်သူ လှန်ထောင်းနေတာပဲ မဟုတ်လား...

"အိုကေ..ပထမတစ်ချက်အနေနဲ့ လေယာဉ်လက်မှတ်လောက်ကတော့ ကိုယ့်ဘာကိုယ် ၀ယ်လည်း ရတယ်...ပြဿနာ မရှိဘူး...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဒါပေမယ့် မင်းရဲ့ ရုပ်ရည်နဲ့ ဆိုရင်တော့ တစ်ယောက်ယောက်က မင်းကို လေယာဉ်လက်မှတ် ဖြတ်ပေးတာမျိုး ကြုံဖူးမယ် မထင်ပါဘူး...ဟင်း...အဲ့တာတွေ ကွာတယ်ဟ..."

ကျီချင်းရန် လင်းရီကို မသိမသာ ဆွဲဆိတ်လိုက်သည်။

ဒီကောင်က လေယာဉ်လက်မှတ်လေး ၀ယ်ပေးတာကိုများ ဘာတွေ ပုံကြီးချဲ့နေပါလိမ့်....

ဖေးဟောက်ယွီ မျက်နှာအမူအရာကတော့ ထူးဆန်းလို့နေ၏။

ကွာတယ်ဆိုတာက ဘာပြောချင်တာလဲဟျောင့်....

ကိုယ့်ကိုယ်ကို သောက်သူတော်ကောင်းကြီး မှတ်နေလား မသိဘူး...

ထို့နောက် လင်းရီ သူ၏ အင်္ကျီစကို ဖြည်းညင်းစွာ ပင့်တင်လိုက်၏။

ထိုအခါ ပီတက်ခ်ဖီလစ်ပီ ၁၇၅ နှစ်ပြည့် အထိမ်းအမှတ်နာရီမှာ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ထွက်ပေါ်လို့လာချေတော့သည်။

All Chapters