← Chapters

အဲ့တာက အတော်လေး ပျော့တယ်

Vol. 5 Ch. 66

အဲ့တာက အတော်လေး ပျော့တယ်

Vol. 5 Ch. 66

လင်းရီ၏ နာရီကို မြင်သောအခါ အခန်းထဲရှိ လူတိုင်း မျက်လုံးများ ပြူးကျယ်သွား‌ကြတော့၏။

"ဒီနာရီကို ဘယ်နေရာမှာ မြင်ဖူးပါလိမ့်....."

"ငါမှတ်မိပြီ...အဲ့တာပီတက်ခ်ဖီလစ်ပီရဲ့ ၁၇၅နှစ်ပြည့် အထိမ်းအမှတ် နာရီပဲ...ပြောကြတာကတော့ အာရှ-ပစိဖိတ် ဒေသမှတောင်မှ တစ်လုံးတည်းရှိတာတဲ့...ပြီးတော့ ဈေးကလည်း ၁၇.၅ မီလီယမ်နဲ့ ရောင်းတာနော်..."

"ဘုရားရေ...အဲ့လောက်ဈေးကြီးတာလားဟ...."

နာရီ၏ ဈေးနှုန်းကို သိရှိပြီးနောက် လူတိုင်း ကြက်‌ေ-သ‌ေ-သသွားကြတော့သည်။

၁၇.၅ မီလီယမ်တန် နာရီလေ...မင်းအဲ့လောက် ငွေရှိနေရင်လည်း ဘာလို့ ပထမတန်းကနေ လိုက်စီးနေသေးလဲ....

ကိုယ်ပိုင်လေယာဉ်နဲ့ သွားသင့်တာ မဟုတ်လားဟ....

ငါတို့လို သာမန်လူတွေရဲ့ အခက်အခဲကို နားလည်ချင်လို့ဆိုရင်တောင်မှ အဲ့လောက်ထိ လုပ်ဖို့ မလိုဘူးလေကွာ....

"မင်း....မင်း နာရီက သောက်ရမ်း ဈေးကြီးတာပဲဟ.... "

ဖေးဟောက်ယွီ ထိတ်လန့်လွန်း၍ စကားပင် ထစ်အထစ်အ ဖြစ်သွားခဲ့၏။

နာရီ၏ ဈေးနှုန်းမှာ သူနားလည်သည်ထက်ပင် ကျော်လွန်နေခဲ့သည်။

"မင်းကလည်း ယွမ်၁၀ သန်းကျော်လေးများကိုကွာ...အဲ့လောက်ကြီးလည်း ဈေးမကြီးပါဘူးဟ..ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းပါနဲ့...."

"ငိုးပဲ...ယွမ်၁၀ သန်းကျော်နေတာကိုတောင်မှ ဈေးမကြီးသေးဘူး လုပ်နေတယ်ပေါ့...မင်းငါ့ကို နောက်နေတာလားဟျောင့်...."

"အာ...ကြည့်ရတာ မင်းကျေနပ်သွားပြီထင်တယ်...ဒီတော့ ငါတို့ ထပ်မပြောကြတာပေါ့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"မပူနဲ့...ငါလုံး၀ လုံး၀ ကျေနပ်သွားပြီ...."

ဖေးဟောက်ယွီ သူ့ကိုယ်သူ တိုဖူးတုံးနှင့် ခေါင်းဖြင့်ရိုက်၍ သ-တ်သေချင်နေ၏။ လင်းရီလောက် ရုပ်မချောရုံတင်မက ငွေကြေးယှဉ်သည့်အခါ၌လည်း အနိုင်မရရှိခဲ့ပေ။

ဟင်း.....ဘာလို့ ငါ့ကို အခွင့်အရေး တစ်ခါလောက်တောင် မပေးရတာလဲကွာ....

မကြာမီ လေယာဉ်စတင် ပျံသန်းသွားပြီး လူတိုင်း ကိုယ့်အလုပ်ကိုယ် အာရုံစိုက်နေကြတော့၏။

"ဆိုစမ်းပါဦး..မင်းက ရန်ချိန်ကို ဘာလိုက်လုပ်မှာ....ငါနဲ့ အတူ ခရီးသွားချင်လို့တော့ လာမပြောနဲ့...."

ကျီချင်းရန်၏ အချိန်မှာ တန်ဖိုး ရှိလွန်း၏။ လင်းရီ အထင်တော့ သူမတွင် သူ့နောက်လိုက်၍ ကစားရန် အချိန်ရှိမည် မထင်ပေ။

"ဘယ်ကသာ...ငါ အဲ့ဒီမှာ ရုံးခွဲ ဖွင့်ချင်လို့ ..နင်နဲ့ လမ်းကြုံတာနဲ့ အဖော်ရအောင် အတူသွားဖို့ ဆုံးဖြတ်လိုက်တာလေ...."

"အင်း...နားလည်ပြီ..."

ကျီချင်းရန်စိတ်ကြီး၀င်စွာဖြင့်"ဒါပေမယ့် ဒီနေ့ ငါ့မှာ ဘာမှ လုပ်စရာ မရှိဘူး...တကယ်လို့ နင်သာ တောင်းတောင်းပန်ပန်နဲ့ ဂေဟာဆီ အဖော်လိုက်ပေးဖို့ တောင်းဆိုရင်တော့ အားနာပါးနာနဲ့ လိုက်ပေးလို့ရတယ်နော်...."

"တကယ်ကြီးလား....."

"ဟွန့် ဆုတောင်းလေ..ငါကလျှောက်ပြောနေတာ.."

‌ဘေး‌မှ ဖေးဟောက်ယွီကတော့ လင်းရီနှင့် ကျီချင်းရန်တို့ တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောနေကြသည်ကို ကြည့်ရင်း ကြိတ်မနိုင်ခဲမရ ဖြစ်နေ၏။

အကယ်၍ သူသာ လင်းရီနှင့် မဆုံခဲ့ပါက ဤမျှ ဆက်စီကျသော မိန်းမလှလေးမှာ သူနှင့် ဇာတ်လမ်းလေး တစ်ပုဒ်လောက်တော့ ရှိသွားလောက်သည်။

‌ေ-သစမ်းကွာ...ငါဒီနေ့ ဘာလို့ ထွက်မလာခင် ဇာတာ မစစ်ဆေးခဲ့မိပါလိမ့်...ဘာလို့ ရန်ချိန်ကိုမှ သွားဖို့ ရွေးချယ်လိုက်ရသလဲကွာ.....

လေယာဉ် ဆင်းသက်ပြီးနောက် နှစ်ယောက်သား လေယာဉ်ပေါ်မှ ဆင်းကာ တက္ကစီငှား၍ မိဘမဲ့ဂေဟာသို့ သွားရန် အဆင်သင့် ဖြစ်နေခဲ့ကြသည်။

"အစ်ကို...ငါသူ့ရဲ့ ဝီချက် အကောင့် လိုချင်တယ်လို့...."

ဖေးရှင်းယင် ပြောလိုက်ပြီး "ငါသာ အခု မတောင်းရင် နောက်ဆို သူနဲ့ ဘယ်တော့မှ ဆုံဖြစ်လောက်တော့မှာ မဟုတ်ဘူး...."

"နင်က ဝီချက်တောင်းပြီး ဘာလုပ်မှာ...သူက ရုပ်ချောရုံတင် မကသေးဘူး...ပိုက်ဆံလည်း ရှိတယ်ဆိုတော့ သေချာပေါက် ပတ်စားနေတဲ့ပလေးဘွိုင်းပဲနေမှာ...."ဖေးဟောက်ယွီ မနာလိုစိတ်ကြီးစွာဖြင့် ပြောလိုက်၏။

"မင်းသာ သူ့ဝီချက်အကောင့် သွားတောင်းလို့ကတော့နော်...ငါမင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးဦးမယ်...."

"အိုး...အိုး.."

လင်းရီ နောက်သို့လှည့်၍ ဖေးဟောက်ယွီကို ကြည့်လိုက်ပြီး "ချမ်းသာပြီး ရုပ်ချောတာ ငါ့အပြစ်ဆိုပေမယ့်...မင်းမှာ ငါ့ကို စော်ရှုပ်တဲ့ကောင်လို့ ခေါ်ဖို့ အခွင့်အရေး မရှိဘူး...."

"မင်းတို့ နှစ်ယောက်က သိတာဖြင့် မကြာသေးပဲနဲ့ ကောင်မလေးနား သွားပြီးတော့ ခါးတောင်ဖက်လိုက်သေးတယ်...အဲ့တာ စော်ရှုပ်တဲ့ကောင် တွေရဲ့ အပြုအမူ မဟုတ်လို့ ဘာကြီးတုန်း..."

ကျီးချင်းရန် မထိန်းနိုင်ပဲ ရယ်မောမိလိုက်သည်။

သူတို့ တစ်ခရီးတည်း အကြာကြီး လေယာဉ်စီးလာတာတောင်မှ လင်းရီနဲ့ သူမရဲ့ ဆက်ဆံရေးကို ခုထိ မရိပ်မိသေးဘူးလားဟ....

ဒီ‌သူဌေးသားလေးက‌ နည်းနည်းပိန်းပေမယ့် ချစ်ဖို့တော့ ကောင်းသား....

လင်းရဖိ ကျီချင်းရန်၏ ခါးကို တစ်ဖန် ပြန်ဖက်လိုက်ပြီး "ငါတို့က မြင်မြင်ချင်း ချစ်မိသွားကြတာ...မကြာခင် မင်္ဂလာ ဆောင်တော့မှာ...မင်းကိုပါ ဖိတ်လိုက်ရဦးမလား...."

"ငိုးပဲ...မင်းငါ့ကို သောက်ပိန်းများ အောက်မေ့နေလားကွ....."ဖေးဟောက်ယွီ ပြောလိုက်ပြီး "လာ...သွားစို့...."

ကျီချင်းရန်ကို လင်းရီ ရသွားခြင်းက ဖေးဟောက်ယွီအတွက် ဘ၀ အနှစ်သာရများ ပျောက်ဆုံးသွားသကဲ့သို့ ခံစားစေလိုက်ရသည်။

သူ၏ မိမိကိုယ်ကိုယ် ယုံကြည်ချက်များကိုပင် ထိခိုက်သွားစေ၏။

"လူကဖြင့်သွားနေပြီကို...နင်က ဘာလို့ ခုထိ လက်မလွှတ်သေးတာလဲ...နင်ငါ့ကို တစ်လမ်းလုံး အသားယူလာခဲ့တာတောင်မှ ငါဘာမှ မပြောရသေးဘူးနော်...."

"ငါလည်း ဇာတ်လမ်း အတိုင်း လုပ်ဖို့ လိုနေလို့ပါဟ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် အဲ့တာလေးက အရမ်းနူးညံ့ပျော့ပျောင်းနေတာပဲနော်...ငါဘာကြွပ်သားမှကို မခံစားရတာ..."

(ဗိုက်ခေါက်ကလေးကို ပြောချင်တာပါ)

"နင်ဘာတွေ လျှောက်ပြောနေတာလဲ...."ကျီချင်းရန် လင်းရီကို ဆွဲဆိတ်လိုက်ပြီး "ဒီမှာစောင့်နေ..ငါသန့်စင်ခန်း သွားမလို့...."

"ဟမ်...လေယာဉ်ပေါ်မှာ သွားပြီးပြီ မဟုတ်လား...ရူးသွားပြီလားဟ..."

"နင်ကမှ ရူးနေတာ..."ကျီချင်းရန် ရှက်သွေးဖြန်းသွားပြီး "နင်ငါ့အတွင်းခံထဲ လျှောက်ကမျဉ်းထားတာလေ...အဲ့တာ သွားလဲမလို့..."

"အိုး..နားလည်ပြီ...သွားလေ...ငါနောက်တစ်ခါကျရင် ပိုပြီး ညင်သာပေးမယ်...."

ကျီချင်းရန် : .......

မိနစ် အနည်းငယ် ကြာပြီးနောက် ကျီချင်းရန် သန့်စင်ခန်းထဲမှ ထွက်လာခဲ့၏။ ထို့နောက် နှစ်ယောက်သား ကားငှား၍ မိဘမဲ့ဂေဟာသို့ ဦးတည်လိုက်တော့သည်။

နာရီ၀က်ခန့် ကားစီးပြီးနောက် လင်းရီ တက္ကစီခရှင်းပေးလိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့လိုက်၏။

လမ်းတစ်ဖက်တွင် သုံးထပ် အဆောက်အုံကြီး တစ်ခုရှိပြီး အဖြူရောင် ကျောက်ပြားကြီးပေါ်တွင်၎င်းနေရာ၏ အမည်နာမကို စာလုံးအကြီးဖြင့် ရေးထိုးထားသည်။

"လန်ထျန်း မိဘမဲ့ကလေး ပြုစု စောင့်ရှောက်ရေးဂေဟာ...."

ခြံ၀န်းထဲ၌ အရမ်းမကြီးသော ကစားကွင်းသေ‌းသေးလေး တစ်ခုလည်း ရှိသေး၏။ တိုင်းတာရမည် ဆိုပါက ဘတ်စကက်ဘော တစ်ကွင်း အရွယ်အစား မျှသာ ရှိ သော်လည်း ထိုနေရာကတော့ မိဘမဲ့ဂေဟာရှိ ကလေးများ မြူးတူးဆော့ကစားရာ နေရာဖြစ်၏။

"ရန်ချိန်က မြေဈေးကွက်တွေက ရန်ကျင်းနဲ့ ကျိုးဟိုင်က မြေတွေလောက် ဈေးမကြီးဘူးဆိုပေမယ့်...ဒီလောက်ကြီးတဲ့ မြေကွက်ကြီးကတော့ သန်းဆယ်ချီ တန်ဖိုး ရှိမှာပဲ..."ကျီချင်းရန် ခံစားချက် တချို့ ဖြင့် ပြောလိုက်၏။

"ငါလည်း တစ်ခါတစ်လေ စဉ်းစားမိတယ်...တကယ်လို့ မေမေ၀မ်သာ ဒီမြေကွက်ကို ရောင်းပြီး ထိုင်စားနေမယ်ဆိုရင်တောင်မှ တစ်ဘ၀လုံး သူဌေးမကြီး အဖြစ်နဲ့ ဇိမ်ခံနေလို့ရတယ်..ခုတော့ ဒီမှာပဲ အခြေချပြီး ငါတို့လို ကလေးတွေကို စောင့်ရှောက်ပေးနေတာ...မေမေ၀မ်ရဲ့ အ၀တ်အစားတွေဆို ယွမ်တစ်ရာတောင် မကျော်တဲ့ ဘေဆိုင်ကဟာတွေ ကြီးပဲ..."

"ကြီးမြတ်တဲ့ နှလုံးသားက ဆိတ်ငြိမ်တယ်...ငါ့မှာ ပိုက်ဆံ အများကြီး ရှိပေမယ့် သူမလောက်တော့ နှလုံးသားက မကြီးမြတ်ဘူး...."

"ကဲ..ဒီမှာပဲ ရပ်ပြီ တမှိုင်မှိုင် တထွေထွေ လုပ်မနေနဲ့...အရင်ဆုံး ၀င်သွားကြရအောင်..."

ကျီချင်းရန် သူမ နာရီကို တစ်ချက်ကြည့်လိုက်ပြီး "ခဏလောက် ‌ထပ်စောင့်လိုက်ရအောင်...."

"ဟမ် ဘာဖြစ်လို့လဲ.. တခုခု ဖြစ်နေလို့လား...."

ကျီချင်းရန် ခေါင်းညိမ့်၍ ဖုန်းခေါ်ဆိုလိုက်ပြီး

"ဟဲလို...ကားဆရာရေ..မရောက်သေးဘူးလား...."

"ကျုပ် လန်ထျန်း မိဘမဲ့ဂေဟာကို ရောက်တော့မှာပါဗျ...အဖြူနဲ့ ခရမ်း ၀တ်ထားတယ်...ကျွန်တော့်ကို မြင်ရင် သတိထားမိမှာပါ...."

ကျီချင်းရန် စကား အနည်းငယ် ပြောပြီးနောက် ဖုန်းချလိုက်၏။

"တစ်ယောက်ယောက်ကို စောင့်နေတာလား..."

"အွန်း...ဟုတ်တယ်...သူတို့ ခဏနေ ရောက်လာတော့မယ်တဲ့...."

"အိုကေလေ....."

သူမလည်း သွားဖို့ အလျင်လိုနေသော်လည်း ရောက်တော့မည် ဆိုသောကြောင့် စိတ်ရှည်စွာဖြင့် မိနစ်အနည်းငယ်လောက် ထပ်စောင့်လိုက်သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် အဖြူရောင် ကုန်ကားတစ်စီး သူတို့ရှေ့သို့ ရောက်ချလာခဲ့သည်။ အသားမည်းသော လူကြီးတစ်ဦးမှ သူ၏ ခေါင်းကို ကုတ်လိုက်ပြီး "မစ်...ခင်များက မစ်ကျီချင်းရန်လားဗျ...."

"ဟုတ်ပါတယ်...ကျွန်မပါ..."ကျီချင်းရန် ပြောလိုက်ပြီး "ကားဆရာရေ...ကားကို ပြန်လှည့်ပေးလို့ရမလား...မျက်နှာချင်းဆိုင်နေရာကမှ လန်ထျန်း မိဘမဲ့ဂေဟာလေ...."

"ဟုတ်ကဲ့ ရပါတယ်ဗျ...."

ဒရိုင်ဘာ စက်နှိုးလိုက်သည်။

ထိုအချိန် လင်းရီ ကျီချင်းရန်ကို ကြည့်လိုက်ပြီး

"မင်း တစ်ခုခု ၀ယ်လာခဲ့တာလား...."

"အင်း...နင်လည်း ဒီကိုလာဖို့ဆိုတာ လွယ်တာမှ မဟုတ်ပဲ...လက်ဗလာနဲ့ လာလည်တယ်ဆိုတာ ဘယ်ကောင်းပါ့မလဲ..ဒါကြောင့် ငါနင့်ကိုယ်စား တစ်ခုခု လုပ်ပေးထားတာလေ..."

လင်းရီ မနေနိုင်ပဲ ရယ်လိုက်မိသည်။

ငါလေယာဉ်ပေါ် မတက်ခင် ဂေဟာရဲ့ နာမည်ကို မေးတာ မထူးဆန်းတော့ပါဘူး...

လက်စသတ်တော့ ဒါကြောင့်ကိုး....

"ကျေးဇူးပဲနော်...."

"ဘာလို့ ကျေးဇူးတင်နေတာတုန်း...."ကျီချင်းရန် ပြောလိုက်ပြီး "သွားစို့..."

လင်းရီ အိတ်ကပ်ထဲမှ သော့ကို ထုတ်၍ တံခါးဖွင့်လိုက်သည်။ ထိုအခါမှသာ ပစ္စည်းများ တင်လာသည့် ကားမှာ ခြံ၀န်းထဲသို့ ‌၀င်ရောက်နိုင်မည် ဖြစ်၏။

ခြံ၀န်းထဲသို့ ရောက်စောအခါ ကျီချင်းရန် ကလေးများကစားကွင်းထဲတွင် ပြေးလွှားဆော့ကစားနေကြသည်ကို မြင်လိုက်ရသည်။

ယောက်ျားလေး အယောက်နှစ်ဆယ် ခန့်မှာ ဘောလုံးကစားနေကြပြီး မိန်းကလေးများကတော့ တခြားတစ်ဖက်တွင် သူ့နည်းသူ့ဟန်ဖြင့် ဆော့ကစားနေကြသည်။သူမတို့ မျက်နှာပေါ်ရှိ အပြစ်ကင်းစင်သော အပြုံးလေးများမှာ ပန်းပွင့်လေးများကဲ့သို့ မြင်သူတကာ ရင်အေးလောက်စေ၏။

"တိုကြီးရီ...."

လင်းရီ ခြံ၀န်းထဲသို့ ခြေချကာ ရှိသေး..ကလေးများအားလုံး လင်းရီထံသို့ ဝိုင်းလာကြ၏။

"ငါသွားတာ နှစ်၀က်လောက်ပဲ ရှိပါသေးတယ်...မင်းက ဘာလို့ ဒီလောက် ၀တုတ်လာတာလဲဟ....."

လင်းရီ ပြုံးပြ၍ ကလေးမလေး တစ်ယောက်ကို ဖက်လိုက်သည်။

"မေမေ၀မ် ပြောတာတော့ သမီး ကြီးလာရင် ဝိတ်ကျသွားလိမ့်မယ်တဲ့...အခု နည်းနည်း ၀ကစ်နေတာက ဘာမှ မဖြစ်ဘူးတဲ့..."

ကျီချင်းရန် ကလေးမလေး၏ စကားကို ကြားတော့ တခစ်ခစ် ရယ်မောမိလိုက်သည်။

"မင်းကတော့ နေ့တိုင်း စားချင်တာတွေ လျှောက်စားပြီး အကြောင်းပြချက်တွေ ပေးနေတာပဲ..."လင်းရီ ကလေးမလေး၏ ပါးက်ု ဖျစ်ညစ်၍ ပြောလိုက်၏။

"ဟီးဟီး တိုကြီးရီ..ဒီက မမက ဘယ်သူကြီးလဲ....အရမ်းလှတာပဲနော်"

"အဲ့တာဆိုလည်း မမလှလှလို့ပဲ ခေါ်လိုက်ပေါ့...."

"အွန်း..."

"ညီလေးရေ...အစ်ကို့ကို တစ်ချက်လောက် လာကူပါဦးဟ..ဒီမှာ ပစ္စည်းတွေ အများကြီးမလို့...."

ကုန်ကားဆရာမှာ အပေါက်၀မှနေ၍ လှမ်းအော်ပြောလိုက်သည်။

"မင်းတို့ရဲ့ မမလှလှက မင်းတို့အတွက် ပစ္စည်းတွေ အများကြီး ၀ယ်လာတယ်တဲ့..သွားသယ်ကူပေးလိုက်ဦး...."

ကျီချင်းရန် မျက်နှာ အနည်းငယ် ရဲသွား၏။ လင်းရီ စကားချိုချိုလေး ပြောတတ်လိမ့်မည်ဟု ထင်မထားချေ။

ကလေးများ မျက်နှာပေါ်ရှိ ပျော်ရွှင်သော အပြုံးများကို မြင်လိုက်ရသောအခါ လင်းရီလည်း ထပ်တူ ပီတိဖြစ်နေ၏။

ကားတံခါး ပွင့်သောအခါ ဂေဟာမှ ကလေးများအားလုံး ကားဆီသို့ ပြေးသွားလိုက်ကြသည်။

သို့သော်လည်း ရုတ်တရက် ကားရှေ့တွင် အားလုံး ရပ်လိုက်ကြ၏။ တစ်လှမ်းမျှပင် မရွေ့တော့ချေ။

"ရီလေး...နင်ပြန်လာမယ်ဆိုတာ ဘာလို့ မေမေ၀မ်ကို ကြိုမပြောထားတာလဲ...နင်ကြိုက်တဲ့ ဟင်းပွဲတွေကိုတောင် မချက်ရသေးဘူး...."

သုံးထပ် အဆောက်အဦးထဲမှနေ၍ သက်လတ်ပိုင်း စုံတွဲ နှစ်ယောက် ထွက်လာခဲ့ကြသည်။

၀မ်ချွေ့ပင်း၏ ခန္ဓာကိုယ်မှာ အရပ်ပုသောကြောင့် အနည်းငယ် ၀‌သယောင် ထင်ရသည်။ သို့သော်လည်း သူမ မျက်နှာပေါ်ရှိ အပြုံးကတော့ ကြင်နာလှ၏။

သူမဘေးနားရှိ အမျိုးသားကတော့ သူမ၏ ခင်ပွန်း ကျောက်ချွမ်ဖူး ဖြစ်ပြီး ဂေဟာ၏ လုံခြုံရေးအစောင့်လည်း ဖြစ်၏။

"ကျွန်တော် မေမေ၀မ်တို့ကို အံဩသွားအောင် လုပ်ချင်လို့လေ...အဲ့တာကြောင့် တိတ်တိတ်ကလေး လာခဲ့တာ...."

၀မ်ချွေ့ပင်းနှင့် ကျောက်ချွမ်ဖူးတို့၏ အကြည့်များက ကျီချင်းရန်ထံ ‌ကျရောက်သွားပြီး

"အဲ့တာဆိုရင်တော့ အတော်လေး အံ့ဩသွားတယ်ပြောရမှာပဲ...မေမေတို့က နင့်ကို ကောင်မလေး တစ်

ယောက်လောက် ရှာခိုင်းပြီးတော့ ဒီကို မြန်မြန် ခေါ်လာခဲ့ခိုင်းမလို့ လုပ်နေတာ..... ..နင်က ခေါ်တောင် လာနေပြီပေါ့..."

"ဘယ်နားကသာ...သူ့ဘက်က လိုက်ချင်လွန်းလို့......"

"အတိကျပါပဲရှင်...သမီးတို့ တွေ့တာတောင် မကြာသေးဘူး...သူက သမီးကို အန်တီတို့နဲ့ မိတ်ဆက်ပေးချင်တယ်ပဲ ပြောနေတာ...."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။

All Chapters