← Chapters

ကလေးက အာဟာရ ရှိဖို့လိုတယ်..

Vol. 5 Ch. 67

ကလေးက အာဟာရ ရှိဖို့လိုတယ်..

Vol. 5 Ch. 67

လင်းရီ ကြက်‌ေ-သ‌ေ-သသွား၏။

ငါဘယ်တုန်းကများ မင်းကို မိတ်ဆက်ပေးချင်တယ်လို့ ပြောမိပါလိမ့်....

မင်းပဲ ဒီလိုက်လာခဲ့ချင်တယ်လို့ အရင်ပြောတာ မဟုတ်ဘူးလား....

ကောင်မ‌စုတ်လေး...မင်းကတော့ တင်ပါးကို ခပ်ဆတ်ဆတ်လေး ရိုက်ပြီး အပြစ်ပေးဖို့ လိုနေပြီတူတယ်....

"အိုး တကယ်ကြီးလား...တွေ့ရတာ ၀မ်းတာပါတယ် တူမလေးရယ်...."၀မ်ချွေ့ပင်း နားရွက်ချိတ်မတက် ပြုံးလိုက်ရင်း "အန်တီတို့က တစ်မိသားစုတည်း ဖြစ်သွားပြီဆိုတော့ အနှေးနဲ့ အမြန် တွေ့ရမှာပဲလေ..ဟုတ်တယ်မလား...."

"ဟုတ်တာပေါ့ရှင့်...လင်းရီလည်း အဲ့လိုပဲပြောတာလေ...."ကျီချင်းရန် မျက်တောင် တစ်ချက် မခတ်ဘဲ လိမ်လိုက်၏။

လင်းရီ : "....."

သွားပြီ... သူတော့ ငါ့ကို ကစားနေပြီ...

"သမီးကလည်း လူပဲလာရင် ရနေပြီကို ဘာလို့ ပစ္စည်းတွေ အများကြီး ၀ယ်လာတာတုန်း...အဲ့တာတွေက အရမ်းဈေးကြီးတယ်လေ...."၀မ်ချွေ့ပင်း ပျော်ရွှင်စွာ ပြောလိုက်၏။

"အဲ့လောက်ကြီး လည်း မဟုတ်ပါဘူး..သမီးက ဂေဟာမှာ ဘာလိုအပ်နေမှန်း မသိလို့ ထင်တာလေးတွေပဲ ရွေး၀ယ်ခဲ့လိုက်တယ်...."

‌၀မ်ချွေ့ပင်းကတော့ သူမ ကျီချင်းရန်ကို ကြည့်လေ ပို၍ နှစ်သက်လေလေ ဖြစ်နေတော့သည်။

သူမက လင်းရီ၏ နောက်ခံကို ဂရုမစိုက်ရုံတင်မက ပံ့လည်း ပံ့ပိုးပေးသေး၏။

ဒီလို မိန်းကလေးမျိုးက ဒီဘက်ခေတ်မှာ အရမ်းကို ရှားသွားခဲ့ပြီလေ....

"အဘိုးကြီး ကျောက်...ရှင် ကားထဲက ပစ္စည်းတွေ သွားယူလိုက်ဦး ကျွန်မ သူတို့ကို အထဲ အရင် ခေါ်သွားလိုက်ဦးမယ်..."

"အေအေး သွားလေ...ငါပြီးမှ လိုက်လာခဲ့မယ်..."

မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ သုံးထပ်မြောက်သို့ ရောက်သွားခဲ့၏။

သို့သော်လည်း သူတို့ ရောက်ရောက်ခြင်းပဲ ကလေး ငိုနေသည့် အသံကို ကြားလိုက်ရသည်။

"မေမေ၀မ်...အခုငိုနေတာ ဂေဟာက ကလေးလား...."

လင်းရီ မေးလိုက်၏။

"အင်း..ဂေဟာက ကလေးတော့ မဟုတ်ပါဘူးကွယ်..ဂေဟာ ရှေ့မှာ ထားသွားတာပဲ မြင်လိုက်တယ်.....ထားသွားတဲ့သူက ဘယ်သူမှန်း မသိတာနဲ့ မေမေ၀မ်လည်း ခေါ်ပြီး မွေးစားထားလိုက်တယ်လေ..."

"အဲ့တာဆို မွေးမွေးပြီးချင်းပဲ အစွန့်ပစ် ခံလိုက်ရတာပေါ့...."

"အင်း ...ခုထိ တစ်နှစ်သားလေးတောင် မရှိသေးဘူး...."

ကျီချင်းရန် နှလုံးသားလေး တုန်ခါသွား၏။ သူမမှာ ကလေးချစ်တတ်သူ တစ်ဦး ဖြစ်သောကြောင့် ထိုသို့သော စကားများ ကြားရသောအခါ သူမ၏ နုနယ်သော နှလုံးသားလေးမှာ တောင့်မခံနိုင်ခဲ့ချေ။

"ငါသာ နေ့တိုင်း ဒီလို အော်ငိုနေလို့ကတော့ သေချာပေါက် လည်ချောင်း နာမှာပဲ...."

"အန်တီ၀မ်...သမီးတို့ တစ်ချက်လောက် သွားကြည့်ကြည့်ရအောင်လား...သမီးက ကလေးငိုသံ ကြားရင် မနေတတ်လို့ပါ...."

"အဲ့တာဆိုလည်း အရင် သွားကြည့်ကြတာပေါ့ကွယ်..."

၀မ်ချွေ့ပင်း ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

သူတို့ ရောက်သွားသောအခါ ၀မ်ချွေ့ပင်းထက် အနည်းငယ် ငယ်ရွယ်သော အမျိုးသမီး တစ်ဦး ကလေးလေးကို စောင့်ရှောက်နေလေသည်။

ထိုအမျိုးသမီး၏ နာမည်မှာ လျိုကျွမ်း ဖြစ်ပြီး ဂေဟာမ သူနာပြု တစ်ယောက်ဖြစ်၏။ အလကား လုပ်ပေးသည်ဟု မဆိုသာသော်လည်း သူမ၏ လခမှာ ယွမ် တစ်ထောင်မျှ သာ ဖြစ်၏။

"ရို...ရီလေးတောင် ပြန်လာပြီလား...."

မူလက သောကရောက်နေသော လျိုကျွမ်းမှာ လင်းရီကို မြင်တော့ ချက်ချင်း ပြုံးပျော်ရွှင်သွားခဲ့သည်။

"နင်ကတော့ တစ်ခုခုပဲနော်...ကောင်မလေးကိုတောင် ဒီခေါ်လာ မိတ်ဆက်ပေးနေပြီပေါ့...."

"ဟီးဟီး ကျွန်တော်လည်း ခုတလော အားနေတာနဲ့ လာလည်တာလေဗျာ...."

"အင်းပါလေ...အလုပ်ပြင်ပမှာဆို ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့လည်း မေ့မနေနဲ့ဦး...တအားကြီး မပင်ပမ်းစေနဲ့...."

"ဟုတ်ကဲ့ပါ အန်တီလျို...."

"အစ်မ၀မ် ကျွန်မကို တစ်ချက်လောက် ကူညီပေးပါဦး...ကျွန်မ ပုခက်လွှဲနေရတာနဲ့‌တင် ညောင်းလှပြီ...သူ့အတွက် နို့ဖျော်ပေးထားတာလည်း ဘယ်လိုတိုက်တိုက် သောက်က်ု မသောက်တာ..."

လျိုကျွမ်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

"ဟုတ်လား...ငါလုပ်ကြည့်လိုက်ပါဦးမယ်လေ...."

၀မ်ချွေ့ပင်း ကလေးကို သူ့လက်ထဲ၌ ပွေ့လိုက်သည်။ကလေးမလေးမှာ အတော်လေး ချစ်စရာ ကောင်းလွန်း၏။ အထူးသဖြင့် သူမ၏ ကြယ်တာရာကဲ့သို့ နက်မှောင်တောက်ပနေသော မျက်လုံးများပင်။

"ကဲ ကြည့်ကြည့်ရအောင် ...ငါကူညီနိုင်ရင် ကူညီမှာပေါ့...."

သို့သော်လည်း လက်တွေ့တွင်တော့ ခက်ခဲလှ၏။

ကလေးမလေးမှာ ၀မ်ချွေ့ပင်း လက်ထဲသို့ ရောက်သည့်တိုင် ငိုနေဆဲ ဖြစ်၏။ အဆုံး၌ သူမလက်မောင်း ကျဉ်သွားသည်သာ အဖက်တင်ပြီး သက်ရောက်မှု မရှိပေ။

"အန်တီ၀မ်...သမီး စမ်းကြည့်လို့ရလား...."ကျီချင်းရန်

မဝံ့မရဲလေး မေးလိုက်သည်။

"ဘယ်ရမှာ...မင်းက ကလေးထိန်းတတ်လို့လား..."လင်းရီ သံသယကြီးစွာ မေးခွန်းထုတ်လိုက်၏။

"နင် ၀က်ပြေးတာကို တစ်ခါမှ မမြင်ဖူးဘူးလား..."ကျီချင်းရန် ပြောလိုက်ပြီး "ငါလည်း သူများတွေ ကလေးထိန်းတာ မြင်ဖူးပါတယ်နော်...အဲ့တာဆို အန်တီ၀မ်လည်း အနားယူလို့ရတယ် မဟုတ်ဘူးလား..."

ကျီချင်းရန်မှ ကူညီရန် ဆန္ဒရှိနေသောကြောင့် မေမေ၀မ်လည်း သူမကို အပြင်လူ တစ်ယောက်ကဲ့သို့ သဘောထားမနေတော့ပဲ ကလေးကို ပေးလိုက်လေသည်။

အံ့အားသင့်ကြီးစွာဖြင့် ကလေးမှာ ကျီချင်းရန် လက်ထဲသို့ ရောက်လျင်ရောက်ခြင်း အငိုတိတ်သွား၏။

ကျီချင်းရန်ပင်လျင် သူမ၌ ကလေးအငိုတိတ်စေသော စူပါပါဝါမျိုး ရှိနေလိမ့်မည်လို့ ထင်မှတ်မထားချေ။

"မြင်လား...ကလေးက ငါ့လက်ထဲရောက်တော့ လုံး၀ အငိုတိတ်သွားပြီနော်...."

"ငိုတာ မငိုတာက အကြောင်းမဟုတ်ဘူး...အဓိက အချက်က ကလေးကို နို့တိုက်ဖို့ပဲ..."

"ကလေးက ငိုတောင် မငိုတော့ဘူးလေ...နို့တိုက်တာက ငါ့အတွက် ခက်ခဲမယ်များ မှတ်နေလား...."

ကျီချင်းရန် ကတော့ ယုံကြည်ချက် အပြည့်နှင့်ပင်။ ကလေးက သူမကို နှစ်သက်သောကြောင့် နို့တိုက်ရာတွင်လည်း ပြဿနာရှိလိမ့်မည် မဟုတ်ဟု ယုံကြည်သည်။

၀မ်ချွေ့ပင်းထံမှ ကလေးနို့ဘူးကို ယူလိုက်ပြီး နို့တိုက်ရန် အဆင်သင့် ပြင်လိုက်သည်။

သို့သော်လည်း သူမ နို့ဘူးကို ကလေး ပါးစပ်နား တေ့ပေးလိုက်သောအခါ ကလေးမှာ နဂိုကထက်ပင် ပိုမို ကျယ်လောင်စွာ ငိုကြွေးလေတော့သည်။

ဆန်းကြယ်စွာဖြင့် နို့ဘူးကို ဖယ်လိုက်သောအခါ ကလေးမှာ အငိုတိတ်သွားပြန်သည်။

"ကဲ..အဲ့တာဆိုလည်း ကလေးကို ခဏလောက် ချီထားလိုက်ပေါ့ကွယ်...သူဗိုက်ဆာတဲ့အချိန်မှပဲ ပြန်တိုက်လိုက်တာပေါ့...."၀မ်ချွေ့ပင်း ပြောလိုက်၏။

ကျီချင်းရန်ကတော့ မိခင်မေတ္တာစိတ်များ ပြည့်လျှံနေပြီး "ရတယ်လေ..အန်တီ၀မ် အန်တီတို့ အရင်သွားနားလိုက်..သမီး ခဏ ပွေ့ထားလိုက်ဦးမယ်..."

"ကောင်းပြီလေ..အဲ့တာဆိုလည်း မေမေ၀မ် နင်တို့အတွက် ရေသွားခပ်လာခဲ့ပေးမယ်...နင်တို့တွေ စောနတုန်းက အလောတကြီးနဲ့ လာလိုက်ရတော့ ရေတောင် မသောက်ရသေးဘူးမလား..."

"ကျေးဇူးတင်ပါတယ် အန်တီ၀မ်...."

၀မ်ချွေ့ပင်း ထွက်သွားပြီး ကျီချင်းရန် ကတော့ လက်ထဲတွင် ကလေးချီလျက် မခင်တစ်ယောက်နှင့် တူနေခဲ့၏။

"အူဝါး...အူဝါး.."

ကလေးမလေး၏ အော်သံ ကြားတော့ ကျီချင်းရန် ချက်ချင်း နို့ဘူးကို ယူကာ သူမ ပါးစပ်နားတေ့ပေးလိုက်၏။

ကလေးမလေးမှာ သူ့သာသာ နို့သောက်တတ်သေး၍ တော်သေး၏ ။ မဟုတ်ပါက သူမမည်သို့ လုပ်ရမည် မသိတော့ချေ။

သို့သော်လည်း ကျီချင်းရန် ကလေးကို နို့ဘူးတိုက်တော့မည့် အချိန်တွင် သူမလက်မောင်းထဲရှိ ကလေးမလေးမှာ သန်မာသော လက်သေးသေးလေးများကို ဖြင့် သူမရင်ဘက်ကို ဆွဲချင်နေသည်။

"အူးဝါး..အူးဝါး..."

ကျီချင်းရန် ကြက်‌ေ-သ‌ေ-သသွားပြီး ကလေးမလေးမှာ သူမထံမှ နို့ကို တောင့်‌တနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"မရဘူးလေ...ငါ့မှာ အဲ့တာမှ မရှိတာ..."

ကျီချင်းရန် ကလေးမလေးကို တားချင်သော်လည်း ထိခိုက်နာကျင်သွားမည်ကိုလည်း စိုးရိမ်နေလေသည်။

ထို ခဏ၌ သူမ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတော့သည်။

လင်းရီ ကတော့ ကျီချင်းရန် ဖြစ်ပျက်နေသည်ကို အေးဆေး တည်ငြိမ်စွာ ဖြင့် ကြည့်ရှုလို့နေသည်။

ဟီးဟီး...ဘာဆက်ဖြစ်မလဲ မသိဘူး... စိတ်လှုပ်ရှားဖို့တော့ကောင်းသား

"နင်...မကြည့်နဲ့လေ...ဟိုဘက်လှည့်...."

"အေးပါ...မင်းက အရမ်းရှက်တတ်တယ်ဆိုတာ ငါသိတော့ ထွက်သွားပေးပါ့မယ်..အိုကေပြီလား...."လင်းရီ ပြောလိုက်ပြီး "ကလေးလေးက ငယ်သေးတယ်လေ...ဒီအရွယ်မှာ အာဟာရ ပြည့်ဖို့ လိုအပ်တယ်..မင်းတိုက်မှ ဖြစ်မှာနော်..."

"ငါ...ငါက ဘယ်လို တိုက်ရမှာလဲ...ငါ့မှာမှ အဲ့တာ မရှိတာ....."

"ဘာမှ မဖြစ်ဘူး...ငါမင်းကို ယုံတယ်..မင်းလုပ်နိုင်တယ်....."

"အဲ့တာက နင်ယုံတာ မယုံတာနဲ့မှ မဆိုင်တာ...."

ကျီချင်းရန် ရှက်လည်းရှက် စိုးလည်း စိုးရိမ်နေသည်။ သူမမှာ မိန်းမငယ်လေး တစ်ယောက်ဖြစ်ပြီး နို့စို့ချင်နေသော ကလေးငယ်လေး၏ ဆွဲယူခြင်းကို ခံရသည်ပင် ရှက်လွန်းလှ၏။ လင်းရီ ကြည့်နေမည်ဆိုလျင်တော့ ပြောစရာပင် မလိုတော့ချေ။

သူမ ယခု မည်သည့်နေရာ၌ ပုန်းရမည်ကိုပင် စဉ်းစားရ ခက်ခဲနေ၏။

"အန်တီ၀မ်...အန်တီလျို...."

ကျီချင်းရန်မှာ လမ်းဆုံးနေပြီဖြစ်သောကြောင့် ကြံရာမရသည့်အဆုံး အကူအညီခေါ်ရန်သာ ရွေးချယ်လိုက်တော့သည်။

ကလေးမလေးမှာ သူမကို အပြစ်ကင်းစင်သော မျက်လုံးမျာဖြင့် စူးစိုက်ကြည့်နေရှာသည်။ သို့သော်လည်း မတတ်နိုင်ပေ။ အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းလှ၏။

ကျီချင်းရန်၏ အော်ခေါ်သံကို ကြားသောအခါ ၀မ်ချွေ့ပင်းနှင့် လျိုကျွမ်းတို့ လာခဲ့ကြသည်။

ကျီချင်းရန်၏ အင်္ကျီများ တွန့်ကြေမွနေသည်ကို မြင်သောအခါ ဘာဖြစ်နေလဲဆိုတာ နားလည်သွားကြတော့၏။

သူမတို့ နှစ်ယောက်စလုံးမှာ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်သောကြောင့် ယခု ဘာဖြစ်နေလဲဆိုတာ ခန့်မှန်းနိုင်ပေသည်။

ကျီချင်းရန်၏ မျက်နှာကတော့ ရဲရဲနီလျက်ရှိပြီး ဖြစ်နိုင်ပါက ကျင်းတစ်ကျင်းတူး၍ ၀င်ပုန်းချင်နေမိတော့သည်။

အိုက်ယား...ရှက်ဖို့ကောင်းလိုက်တာနော်....

"ကောင်းပြီ...အန်တီပဲ ဒီကလေးမလေးကို ဆက်ထိန်းလိုက်တော့မယ် ..ရီလေးတို့လည်း ခုမှ ရောက်တာဆိုတော့ သွားနားလိုက်ကြတော့..."လျိုကျွမ်း ပြောလိုက်သည်။

ထိုသို့ဖြင့် သုံးယောက်သား ကူကယ်ရာမဲ့စွာ ထွက်ခွာသွားခဲ့ကြတော့၏။

၀မ်ချွေ့ပင်း၏ ရုံးခန်းသို့ ရောက်သောအခါ မေမေ၀မ်မှ တံခါးပိတ်လိုက်သည်။ ထို့နောက် အခန်းထဲတွင် တိတ်ဆိတ်သည့်လေထုကြီးက ကြီးစိုးသွားတော့၏။

"ကျီလေး...စိတ်ထဲထားမနေနဲ့နော်...."၀မ်ချွေ့ပင်း သူမကို နှစ်သိမ့်လိုက်၏။

"သမီးက တစ်ခါမှ အမေမဖြစ်ဖူးတော့ နားလည်သေးမှာ မဟုတ်ဘူး...ဒါက ကလေးသဘာ၀ပဲ...သမီးရဲ့ ပေါင်မုန့်ကြီးတွေက အရမ်းကြီးတော့ ကလေးက မနေနိုင်ပဲ ဆွဲချင်နေတာ မဆန်းဘူးလေ....."

All Chapters