ယွမ် ၁၀၀ မီလီယမ် လှူဒါန်းခြင်း
Vol. 5 Ch. 68
"အာ......"
"ဟုတ်ကဲ့...သမီးနားလည်ပါပြီ...."ကျီချင်းရန် ကိုးရို့ကားယား အမူအရာဖြင့် ပြောလိုက်သည်။
"ဒါပေါ့....."၀မ်ချွေ့ပင်း ပြုံးလိုက်ပြီး "ခုနကဟာ တွေ့တော့ ဘာလို့ ကလေးတွေက သူတို့အဖေကို မရှာကြလဲဆိုတာ နားလည်ပြီမလား...."
"မေမေ၀မ် ပြောတာ မှန်တယ်...."ကျီချင်းရန် ထောက်ခံလိုက်၏။
ထို့နောက် သူမ၏ မျက်နှာပူနေပြီး နားတွေပါ ရဲလာတော့သည်။
သို့သော်လည်း သူမသာ ထိုအခြေအနေနှင့် တစ်ဖန် ပြန်လည် ကြုံတွေ့ရမည်ဆိုပါက ကလေးမလေးကို ပွေ့ဖက်ပြီး သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်ပေးလိုက်မည်။ ထိုသို့ ပြုလုပ်ခြင်းက ပိုကောင်း၏။
ကလင် ကလင် ကလင်
၀မ်ချွေ့ပင်း၏ ဖုန်းမြည်လာခဲ့သည်။
"ဆင်းလာခဲ့ဦး...နင်ယွဲ့က သူ့ကောင်လေးနဲ့အတူ လာလည်တယ်..."ချွမ်ဖူ ပြောလိုက်သည်။
"တကယ်....တစ်ရက်ပဲရှိသေးတာလေ....ကောင်းတာပေါ့...."
ထို့သို့ ပြောပြီးနောက် ၀မ်ချွေ့ပင်း ဖုန်းချလိုက်သည်။
"ဘယ်သူလာတာလဲတဲ့...."လင်းရီ မေးလိုက်၏။
"နင်ယွဲ့ ပြန်လာတာလေ...လာ...အောက်ဆင်းပြီး သွားကြိုရအောင်...."
"ဟမ်...အတော်လေး တိုက်ဆိုင်ပါလားဟ...."
လင်းရီနှင့် ကျီချင်းရန်တို့ နောက်မှ လိုက်လာခဲ့ကြသည်။
"နင်ယွဲ့က ဘယ်သူကြီးလဲ...သူလည်း ဂေဟာမှာ ကြီးပြင်းခဲ့တဲ့ သူပဲလား...."
"အင်း..."
လင်းရီခေါင်းညိမ့်လိုက်ပြီး "သူ့နာမည်က ကော်နင်ယွဲ့တဲ့....ငါ့ထက် တစ်နှစ်ငယ်တယ်...ငါတို့ ဂေဟာကနေ အတူ ထွက်သွားပြီး တက္ကသိုလ် တက်ကြတာ.....သူမကတော့ ရန်မြို့ကို သွားပြီး ငါကတော့ ကျိုးဟိုင်ကို လာတက်တာပေါ့...."
"အိုး...ဒီလိုကိုး...."
ကော်နင်ယွဲ့မှာ ကျီချင်းရန်လောက် အရပ်မမြင့်သော်လည်း အရပ်နိမ့်သည့် မိန်းကလေးတော့ မဟုတ်ချေ။
အဖြူရောင် မိနီ စကတ်၊ အမဲရောင် ဒေါက်မြင့်ဖိနပ် နှင့် ရှည်လျားသော ဆံကေသာတို့မှာ သူမ၏ ဆွဲဆောင်မှုကို ပိုမိုတိုးပွားစေနေ၏။
သို့သော်လည်း သူမဘေးနား ရပ်နေသော သူကို မြင်တော့ လင်းရီ အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။
ထိုသူ၏ ပုံစံမှာ အသက်သုံးဆယ် အရွယ်လောက်ရှိပြီး ဗိုက်တွင် အဆီတရွှဲရွှဲနှင့် ယခုမှ ချမ်းသာဖူးသူကဲ့သို့ မျက်နှာထက်တွင် မြောက်ကြွမြောက်ကြွ အမူအရာက စိုးမိုးထား၏။ သိသာစွာပင် ကော်နင်ယွဲ့ထက် များစွာ အသက်ကြီးလေသည်။
ကော်နင်ယွဲ့ လက်ရမ်းပြလိုက်ပြီး သူမနားသို့ ကလေးတချို့ကို ခေါ်လိုက်သည်။
"မမနင်ယွဲ့...သားတို့ဖို့ ဘာရသာ ရှိတာတွေ ပါလာလဲဂျ...."ဂေဟာရှိ ကလေးငယ်များမှ ပျော်ရွှင်စွာဖြင့် မေးလိုက်သည်။
"ကားထဲမှာ ပါလာတယ်နော်...သွားယူလိုက်ကြ..."
"သောက်ကလေးတွေ...ဖြည်းဖြည်းဟ..ဒါက BMW 7 စီးရီးနော်...တစ်မီလီယမ်ကျော်တယ်...သွားမကိုင်နဲ့...မင်းတို့ရဲ့ ပေရေနေတဲ့ လက်နဲ့ ကိုင်လိုက်လို့ ညစ်ပတ်သွားရင် ငါရေဆေးနေရဦးမယ်..."ကော်နင်ယွဲ့ ဘေးရှိ လူကြီးမှ အော်ပြောလိုက်သည်။
နင်ယွဲ့ သူမလူကို လက်ဖြင့် ညင်သာစွာ တွန်းလိုက်ပြီး "သူတို့က ကလေးတွေပဲဟာကို...ဘာလို့ အဲ့လိုပြောတာလဲ...."
ဖက်တီးကြီးမှာ လုပ်ပြုံးလေးဖြင့် " ငါ့အမှားတွေပါကွာ...ငါ့အမှားတွေပါ...."
ကလေးများအားလုံးကို အရုပ်ကိုယ်စီ ဝေပေးပြီးနောက် နင်ယွဲ့ သူမလူ၏ လက်မောင်းကို ဖက်၍ လျှောက်လာခဲ့သည်။
"အစ်ကိုရီ နင်လည်း ပြန်လာပြီပေါ့...."
လင်းရီကို မြင်တော့ နင်ယွဲ့၏ အပြုံးမှာ တောက်ပလာပြီး ဖက်တီးကြီး၏ လက်မောင်းကိုလွတ်ကာ စကတ်လေးမ၍ လင်းရီထံသို့ ပြေးလာခဲ့၏။
"ငါလည်း ခုတလော အားနေတာနဲ့ မေမေ၀မ်တို့ဆီ လာလည်တာလေ...."
နင်ယွဲ့၏ မျက်လုံးများမှာ ကျီချင်းရန်ထံ ကျရောက်သွားပြီး "အစ်ကို သူမက ငါ့ခယ်မလား...ညီမနဲ့ မိတ်မဆက်ပေးတော့ဘူးလား...."
"ချင်းရန်...."
ကျီချင်းရန် သူမ၏ လက်ကို ရှေ့သို့ ဆန့်ထုတ်၍ နှုတ်ဆက်လိုက်သည်။
"ဟဲလို...လင်းရီက ငါ့ကို နင့်အကြောင်း အများကြီး ပြောဖူးတယ်...ဒီနေ့မှပဲ တွေ့ဖူးတော့တယ်...."
လင်းရီ ကျီချင်းရန်ကို တစ်ချက် ကြည့်လြိက်မိသည်။
ချင်းရန်က တကယ်ပဲ စကားဘယ်လို ပြောရမလဲဆိုတာ သိတာပဲ...
ထိုသို့ပြောလိုက်ပြီးနောက် သူမတို့ကြားရှိ ရင်းနှီးမှုမှာ ရုတ်ချည်း နီးကပ်လာတော့၏။
"ဟီးဟီး ..ဟဲလို ယောင်းမလေး..."ကော့နင်းယွဲ့ ပြောလိုက်ပြီး "ယောင်းမလေး နင်က အရမ်းလှတာပဲ...ဘာလို့ ငါ့အစ်ကိုကို လွယ်လွယ်နဲ့ ရခွင့် ပေးလိုက်တာလဲ...."
"ဟွန့်...သူကသာ အတင်းကြီး လိုက်တွယ်ကပ်မနေဘူးဆိုရင် ကျွန်မလည်း သူ့ကို လက်မခံပါဘူးနော်...."
လင်းရီ : "....."
ငါတော့ တစ်ကွက် ပြခံလိုက်ရပြန်ပြီ....
"ဟဲလို မစ်ကျီ...ကျွန်တော်က နင်ယွဲ့ရဲ့ ကောင်လေး ၀မ်ထောင်ပါ...ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဆိုပေမယ့် ကျွန်တော်တို့ မကြာခဏဆိုသလို တွေ့ပေးသင့်တယ်ထင်တယ်...."
၀မ်ထောင်၏ မျက်လုံးများက ကျီချင်းရန်ကို ကြည့်ရင်း မျက်လုံးများပင် ကျွတ်ကျလုနီးပါး ဖြစ်နေသည်။
တကယ်လို့ ကျီချင်းရန်ကိုသာ အမှတ် ၁၀၀ ပေးရမယ်ဆိုရင် နင်ယွဲ့ကိုတော့ ၈၀လောက်ပေါ့....
မိုးအောက်မြေပြင်တစ်ခွင်၌ ထိုကဲ့သို့သော ပစ္စည်းကောင်းမျိုးမှာ မြင်ရခဲ၏။
ဖက်...
လင်းရီ ၀မ်ထောင်၏ လက်ကို အဝေးသို့ ပုတ်ထုတ်လိုက်ပြီး
"ငါတို့က အပြင်လူတွေမှ မဟုတ်တာ...လက်ဆွဲနှုတ်ဆက်နေရင် တအားကြီး သူစိမ်းဆန်သလို ဖြစ်နေလိမ့်မယ်...."
၀မ်ထောင်၏ မျက်နှာ ရုပ်ဆိုးသွားပြီး..."ငါ-ိုးပဲ...မင်းငါ့ရဲ့ အခွင့်အရေးကို ပုတ်ထုတ်လိုက်တာပဲကွ...."
"ဟီးဟီး...မင်းပြောတာ မှန်ပါတယ်..ငါတို့က သူစိမ်းတွေမှ မဟုတ်တာ...တအားကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး...."
၀မ်ထောင်သူ၏ ခံစားချက်များကို ကောင်းစွာ ဖုံးကွယ်ထား၏။ သူနင်ယွဲ့နားမှ ထိုကောင်အကြောင်းကို ကြားဖူးနား၀ရှိ၏။
လင်းရီမှာ သူ၏ ရုပ်ရည်လေးကို မှီခို၍ ဤမျှ လန်းသော ကောင်မလေးကို သိမ်းပိုက်ထားသော သာမန် ရုံး၀န်ထမ်း အလုပ်သမားမျှသာဖြစ်သည်။
သို့သော်လည်း သူသာ ခွန်အား အလုံးစုံကိုသုံး၍ ကျီချင်းရန်ကို ဆွဲဆောင်ရန် ငွေအနည်းငယ်လောက်သာ ပစ်ပေးလိုက်ပါက ပွဲမှာ လွယ်ကူစွာ ပြီးသွားပေလိမ့်မည်။
"မစ္စတာလင်း...ကျုပ် ခင်များအကြောင်းကို နင်ယွဲ့ဆီကနေ အများကြီး ကြားဖူးပါတယ်...ခင်များက ဒီလောက် အရည်အချင်းရှိတဲ့ပုံပေါက်တာ ဘယ်ဌာနမှာ လုပ်လည်း မသိဘူးဗျ...."
"Didi ..ဘာလဲလုပ်မလို့...."
"Didi...."
ချွေ့ပင်း၊ကော်နင်ယွဲ့နှင့် ကျန်သူများအားလုံး အံ့အားသင့်သွားကြသည်။
လင်းရီက အိမ်ခြံမြေ အရောင်း ကုမ္ပဏီမှာ လုပ်နေတာ မဟုတ်ဘူးလားဟ....
ဘယ်တုန်းက Didi ကို အလုပ်ပြောင်းသွားတာတုန်း...
"ဒီတော့ မင်းက Didi ဒရိုင်ဘာပေါ့...ဟားဟား..."၀မ်ထောင် အူနှိပ်၍ ရယ်မောလိုက်သည်။
"ဒါဆိုရင်တော့ အလုပ်က တော်တော်ပင်ပမ်းမှာပဲ...တစ်နေ့လုံး အလုပ်လုပ်တောင် ပိုက်ဆံ ဘယ်လောက်မှ ရမှာ မဟုတ်ဘူး...."
"ဟားဟား...ဒါပေမယ့် ငါတို့အားလုံး အတူတူပါပဲ...ငါလည်း သံမဏိစက်ရုံ တစ်ခု ထောင်ထားတယ်...ကြိုးစားပြီး အလုပ်လုပ်တာတောင်မှ တစ်နှစ် ကို လေးငါးမီလီယမ်လောက်ပဲ ရတာ...."၀မ်ထောင် ပြောလိုက်သည်။
"ရှင်ဘာတွေ ပြောနေတာလဲ...."နင်ယွဲ့ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့သည်။
သူမတို့မှာ သွေးသား မတော်စပ်တော်လည်း ကလေးဘ၀ကတည်းမှစ၍ အတူယှဉ်တွဲ နေထိုင်လာခဲ့ကြသူများ ဖြစ်သောကြောင့် သူမတို့၏ ဆက်ဆံရေးမှာ သွေးရင်းများထက်တောင် ပျစ်သေး၏။
ထို့ကြောင့် လင်းရီ မကောင်းကြောင်း ပြောသည့်အခါ သူမ သည်းမခံနိုင်ခြင်းပင်။
"အင်း အင်း...ငါ စကားကြည့်ပြောပါ့မယ်ကွာ...."
၀မ်ထောင် အပြုံးလေးဖြင့် ပြောလိုက်သည်။
"အဲ့ဒါဆို ညီလေးရီ..ငါမင်းကို အစ်ကိုကြီး တစ်ယောက်အနေနဲ့ အကြံပေးလိုက်မယ်ကွာ...ကျိုးဟိုင်ဆိုတာက လူချမ်းသာတွေပဲ နေတဲ့နေရာ...မင်းလို လူတွေကတော့ အဲ့မှာ မနေသင့်ဘူး...ရန်ချိန်ကိုပဲ ပြန်လာပြီး ငါ့စက်ရုံမှာ အလုပ်လုပ်ပါလား...နင်ယွဲ့ မျက်နှာနဲ့ ငါမင်းကို အပိုယွမ်တစ်ထောင် ပေးမယ်ကွာ...မင်း ကျိုးဟိုင်မှာ နေရတာထက် ပိုပြီး သက်သာစေရမယ်လို့ ကတိပေးတယ်...."
လင်းရီ ၀မ်ထောင်ကို မျက်လုံးများ ကျဉ်းမြောင်းသွားသည်အထိ ပြုံးပြလိုက်၏။
ကိုယ်ရည်သွေးတာက ကျန်းမာရေးအတွက် ကောင်းလို့လား....
လူတိုင်းက ဘာလို့ ကိုယ်ရည်သွေးရတာ ကြိုက်ကြတာလဲမသိဘူး.....
"မင်းက ငါ့ထက် ၀င်ငွေသာရင် သာလိမ့်မယ်..ဒါပေမယ့် ဒီလာတဲ့အခါမှာ ငါတို့က ကုန်ကားအပြည့် ပစ္စည်းတွေ သယ်လာခဲ့တာနော်...အနည်းဆုံး မင်းတို့၀ယ်လာခဲ့တာထက် အဆနှစ်ဆယ်လောက် ပိုသာတယ်..."
"ဘာ...မင်း ဘာပြောလိုက်တယ်...ကုန်ကားအပြည့် ပစ္စည်းတွေ....ဟုတ်လား.."၀မ်ထောင်မေးလိုက်၏။
"အဲ့ထောင့်လေးနားမှာ ချထားတယ်..မင်းဘာမင်းကြည့်ကြည့်လိုက်..."
တောင်ကြီးသဖွယ် စုပုံနေသော စားစရာများနှင့် မုန့်များကို မြင်သောအခါ ၀မ်ထောင် ဆွံ့အသွားတော့သည်။
"ဒီတော့ အဲ့တာတွေ အားလုံး မင်း၀ယ်လာခဲ့တာပေါ့..."
"အမှန်ပဲ..."လင်းရီ ပခုံးတွန့်လိုက်ပြီး .."အဲ့တာတွေက ဈေးမကြီးပါဘူး..ဒါပေမယ့် မင်း၀ယ်လာခဲ့တာတွေထက်တော့ အများကြီးသာတယ်လေ...."
ငိုးပဲ...
၀မ်ထောင် စိတိထဲတွင် တိတ်တဆိတ် ကျိန်ဆဲ မိလိုက်သည်။ သူတွေးထားခဲ့သည်မှာ မိဘမဲ့ဂေဟာမှ ထိုစားစရာများကို ၀ယ်ထားသည်ဟုပင်။ သို့သော်လည်း လင်းရီ ၀ယ်ထားသည့် အရာများ ဖြစ်လိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
"ညီလေးလင်းကလည်း ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ...."၀မ်ထောင် အပြုံးလေးဖြင့် မေးလိုက်၏။
"တကယ်လို့ မင်းသာ Didi မောင်းတယ်ဆိုရင် အဲ့လောက် ငွေအများကြီး ရှာဖို့ဆိုတာ မလွယ်ဘူးလေကွာ...အဲ့ပစ္စည်းတွေ ၀ယ်ဖို့ဆို အနည်းဆုံး ဒေါ်လာ တစ်သောင်းလောက် ကျမှာပဲ...အဲ့လောက်ရဖို့ဆို တော်တော်လေး စုလိုက်ရမှာပေါ့...ဘာလို့သိတတ်သလိုသယောင် ဆောင်နေရတာလဲကွ...."
"ငါ လေးငါးလလောက် စုဆောင်းလိုက်ရတယ်ဆိုပေမယ့် မင်းလို သိတတ်ချင်ယောင်တောင် မဆောင်တဲ့ကောင်ထက်တော့ သာပါသေးတယ်ကွာ..."
၀မ်ထောင်မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လင်းရီဘေးနားရပ်နေသော ကျီချင်းရန်ကို တစ်ချက်ကြည့်ကာ..
"ဟီးဟီး ငါ့ကားက BMWဆိုတော့ ထရပ်ကားလောက်တော့ နေရာ ဘယ်ဆန့်မှာ ...အဲ့တာကြောင့် ငါ ပစ္စည်းတွေ အများကြီး ၀ယ်မလာတာလေ..ဒါပေမယ့် ဂေဟာက်ု ထောက်ပံ့ဖို့ အတွက် ယွမ် ၁၀၀,၀၀၀ ပြင်ဆင်ထားပေးတယ်..."
"ယွမ် ၁၀၀,၀၀၀ ထောက်ပံ့မယ်..."
၀မ်ချွေ့ပင်း ကြက်သေသေသွား၏။
ဂေဟာမှာ တည်ထောင်ထားတာ ကြာပြီဖြစ်သော်လည်း ဤမျှမျပြားသော ပမာဏ လက်ခံဖူးသည်ကတော့ ပထမဆုံး အကြိမ်ပင်။
"တစ်သိန်းကြီးကတော့ များလွန်းပါတယ်ကွယ်...နင်တို့လည်း ပိုက်ဆံရှာရတာ လွယ်ကူတာမှ မဟုတ်တာ...ခုလို ပစ္စည်းတွေ အများကြီး ၀ယ်လာပေးတာနဲ့တင် ကျေးဇူးတင်လှပါပြီ...."၀မ်ချွေ့ပင်း လျင်မြန်စွာ အကြံပေးလိုက်သည်။
"အန်တီ၀မ် ကျုပ်အတွက် စိတ်ပူပေးဖို့ မလိုပါဘူး...ကျုပ်ဦးစီးနေတဲ့ သံမဏိစက်ရုံက တစ်နှစ်ကို လေးငါးသန်းလောက် မြတ်တယ်...ပြီးတော့ ဒီနှစ်ထဲမှာပဲ အမြတ်ငွေ ဆယ်သန်းကို ထိုးဖောက်နိုင်လောက်တဲ့ အလားအလာတွေ ရှိနေတယ်...ဒီလောက် ငွေပမာဏလေးက ကျွန်တော့် အတွက်တော့ ဘာမှ မပေါက်ဘူး...."၀မိထောင် ပြောလိုက်သည်။
"Ddiမောင်းပြီး ပစ္စည်းလေးတွေ ၀ယ်ဖို့တောင် လေးငါးလလောက် စုနေရတဲ့ ညီလေးလင်းနဲ့တော့ ဘယ်တူမှာ...."
"မေမေ၀မ်ကလည်း သူတို့က ထောက်ပံ့ချင်နေမှတော့ လက်ခံထားလိုက်ပေါ့..."လင်းရီ ထိုသို့ ပြောလိုက်ပြီး "ခြင်တစ်ကောင်က ဘယ်လောက်သေးသေး သူ့အသားနဲ့သူ ရှိပါသေးတယ်ဗျ...."
"ညီလေးလင်း..မင်းပြောတာ သိပ်သဘာ၀ မကျသေးဘူးနော်...ခြင်တစ်ကောင် ဟုတ်လား....ယွမ် တစ်သိန်းက နည်းတဲ့ ပမာဏထဲတော့ မပါဘူးနော်...."၀မ်ထောင် ပြောလိုက်ပြီး
"မင်း ကျိုးဟိုင်မှာ တစ်နှစ်လောက် ဖ-င်စုတ်အောင် ထိုင်ပြီး ကားမောင်းရင်တောင်မှ အဲ့လောက် ပမာဏ မရနိုင်ဘူးမလား...ရခဲ့ရင်တောင်မှ ခုလို ထောက်ပံ့ဖို့ ဆန္ဒရှိလို့လား...."၀မ်ထောင် ထေ့ငေါ့သည့် လေသံဖြင့် ပြောလိုက်သည်။
"ငါတို့ ဒီကို ငွေကြေးထောက်ပံ့ဖို့ လာတာလို့တော့ မပြောနဲ့..."
"ငါ့အထင်တော့ မေ့လိုက်တာကောင်းမယ်နော...ဒီဂေဟာရဲ့ လက်ရှိ အရွယ်အစားနဲ့ဆိုရင် ယွမ်တစ်ရာ နှစ်ရာလောက်က ဘာမှ အသုံး၀င်မှာ မဟုတ်ဘူး...ကိုယ့်ဘာကိုယ် သုံးဖို့ပဲ သိမ်းထားလိုက်...Didiမောင်းရတာလည်း တော်တော်လေး ပင်ပမ်းနေရောပေါ...အဲ့ဒီပိုက်ဆံတွေနဲ့ အာဟာရ ရှိမယ့် ဟာလေးတွေ ၀ယ်စားပေါ့ကွာ...."
၀မ်ထောင် စီးကရက် တစ်လိပ်ကို ပါးစပ်၌ ခဲထားလိုက်ပြီး ကျီချင်းရန်ကို စူးစိုက်ကြည့်နေလိုက်သည်။
သူအတော်လေး ဒေါသထွက်နေ၏။ လင်းရီထံမှစကား တစ်လုံးမျှပင် မကြားချင်တော့ပေ။
မင်းက ငါနဲ့ ဘယ်ကောင် ပိုက်ဆံ ပိုရှိလဲ ယှဉ်ချင်တယ်ပေါ့...
ငါ့ပြိင်ဘက်တောင် ဖြစ်ဖို့ တန်လို့လားလို့ အရင်မေးလိုက်ဦး....
ငါ မင်းရဲ့ မိန်းကလေးကို ပေါ်တင် ယူပြမယ်ကွ....
"ခင်များပြောတာ မှန်ပါတယ်...ယွမ်လေးငါးရာလောက် ထောက်ပံ့လို့ ဘာမှ အသုံးမ၀င်ဘူး...."
လင်းရီ ပြောလိုက်သည်။
"ဒါမှပေါ့ကွ...လူဆိုတာ အမှန်ကို မြင်တတ်ရတယ်..."
"ကျုပ်စကား မဆုံးသေးဘူး...ကျုပ်ပြောချင်တာက ကျုပ်ယွမ် လေးငါးရာ ထောက်ပံ့မှာ မဟုတ်ဘူး...ယွမ်သန်း၁၀၀ ထောက်ပံ့ပေးမယ်လို့ ပြောချင်တာ...."