← Chapters

အခန်း (၆၉)

Vol. 5 Ch. 69

အခန်း (၆၉)

Vol. 5 Ch. 69

ဖူး....

၀မ်ထောင် သွေးအန်လု နီးပါး ဖြစ်သွား၏။

"ဘာပြောလိုက်တယ်...သန်း တစ်ရာ လှူဒါန်းမယ်...."

၀မ်ထောင် တစ်ယောက်တည်း မဟုတ်ပေ။ လူတိုင်းနီးပါး သူတို့ နားကြားမှားသည်ဟုတောင် ထင်နေကြ၏။

တကယ်လို့ မင်းသာ တစ်မီလီယမ်လို့ ပြောမယ်ဆိုရင်တောင်မှ ယုံရင် ယုံပေးလိုက်ဦးမယ်ကွာ....

ခုဟာက ၁၀၀ မီလီယမ်ကြီးဆိုတော့......

"ဟုတ်တယ်လေ...ဘာမှားလို့လဲ...အဲ့ပမာဏက အရမ်း များနေလို့လား...."

"ဟားဟား....."

၀မ်ထောင် ရယ်ရလွန်း၍ မျက်ရည်များပင် ထွက်ကျလာသည်။

"နောက်မနေစမ်းနဲ့...၁၀၀ မီလီယမ်ဆိုတာ ဘယ်လောက်လဲဆိုတာကော မင်းနားလည်ရဲ့လား...ငါ့ရဲ့ကိုယ်ပိုင် လုပ်ငန်းကို နှစ်ပေါင်းများစွာ ဦးစီးလာတာတောင်မှ အဲ့လောက်အများကြီး မစုမိသေးဘူး...မင်းက Didi မောင်းပြီး အဲ့လောက် စုမိတယ်လို့တော့ ငါ့ကို လာမပြောနဲ့...."

"‌ထားလိုက်တော့ ရီလေး...မင်းတို့လည်း ဒီကို တစ်ခေါက်ရောက်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်ပဲ...မီးဖိုချောင်ထဲ အရင်သွားပြီး စားကြရအောင်...ဒီကိစ္စတွေ နောက်မှ‌ ပြောကြတာပေါ့...."

လင်းရီ ဒေါသထွက်နေသောကြောင့် သူ၏မာနကို ကာကွယ်နေကြောင်း ၀မ်ချွေ့ပင်း နားလည်ပေသည်။

"အန်တီ၀မ်...ကျွန်တော်တို့ စားလို့မရသေးဘူး..အဲ့ကောင် ၁၀၀ မီလီယမ် ဘယ်လို လှူဒါန်းမလဲဆိုတာ ပြောလို့ မပြီးသေးဘူး...အဲ့ကောင် ဘယ်လိုတွေ လုပ်မလဲဆိုတာ ကျုပ်သိချင်သေးတယ်...."

"မင်းလေသံ ‌နားထောင်ရ‌သလောက်တော့ ငါကပဲ အဲ့လောက် ငွေလေးကို မတတ်နိုင်တဲ့ ပုံစံ ပေါက်နေပါလား...."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဟားဟား...ငါက မင်းကို ဘယ်လိုလုပ် သံသယ၀င်ရဲမှာလဲကွာ..."၀မ်ထောင်အားရပါးရ ရယ်မောလိုက်ပြီ "တကယ်လို့ မင်းသာ အဲ့လောက် လှူနိုင်လို့ရှိရင် ငါလည်း တစ်ဘီလီယမ် လှူမယ်ကွာ...ငါက သူဌေးဆိုတော့ ..ဘာပဲပြောပြော မင်းတို့ထက် ၀င်ငွေ များတယ်....ဒီတော့ ပိုပြီး လှူဒါန်း ပေးရမှာပေါ့...."

၀မ်ထောင်၏ မျက်နှာမှာ နီလည်းမနီ ဖြူလည်း မဖြူလျော်နေချေ။ ပုံမှန်အတိုင်း ပြောလိုက်ခြင်းသာ။

သို့သော်လည်း ငွေသား ၁၀၀ မီလီယမ် ဆိုပါက တောင်ကြီးသဖွယ် စုပြုံနေလိမ့်မည်။

ဒီကောင် သေချာပေါက် သူ့ကောင်မလေးရှေ့မှာ မိမိုက်ချင်သလို လုပ်ချင်နေလို့ လျှောက်ပြောနေတာပဲ ဖြစ်ရမယ်....

ဟာဟား ကံဆိုးချင်တော့ ငါ ၀မ်ထောင် ဆိုတဲ့ ကောင်နဲ့ လာတိုးတာကိုးကွ....

ဒီနေ့တော့ မင်းကို ကမ္ဘာကြီးက ဘယ်လောက်ကြီးမားလဲဆိုတာ မြင်အောင် ပြပေးမယ်...

"ဒါဆိုရင်တော့ ငါကပဲ မင်းကို ဂေဟာကိုယ်စား ကျေးဇူးတင်ရတော့မှာပဲ...."

ထို့သို့ပြောပြီးနောက် လင်းရီ ဖုန်းကိုင်၍ ဘဏ်မန်နေဂျာကို ဖုန်းခေါ်လိုက်သည်။

"ကျုပ် ခင်များဆီ ဘဏ်ကတ်နံပါတ် ပို့ပေးလိုက်မယ်...အဲ့ဒီ အကောင့်ထဲကို ငွေသား ၁၀၀ မီလီယမ် လွဲထားပေးလိုက်...."

လင်းရီ ဓာတ်ပုံ အယ်လ်ဘန် ထဲတွင် ၀မ်ချွေ့ပင်း၏ ဘဏ်ကတ်ကို မြင်ဖူးသောကြောင့် ထိုနံပါတ်ကို မန်နေဂျာထံ ပို့ပေးလိုက်၏။

ကျန်တာကတော့ စောင့်ဆိုင်းနေရုံပင်။

ချွေ့ပင်းနှင့် ချွမ်ဖူတို့ စုံတွဲကတော့ မယုံကြည်နိုင် ဖြစ်နေလေ၏။

လင်းရီ လျှောက်ပြောနေတာ မဟုတ်ဘူးပေါ့...သူတကယ်ကြီး ၁၀၀ မီလီယမ် လွှဲတော့မှာလား...

၀မ်ချွေ့ပင်း၏ နှလုံးသားမှာ မြင်းကဆုန်ပေါက် ပြေးနေသကဲ့သို့ တဒုတ်ဒုတ် ဖြစ်နေပြီး သွေးဖိအားများပင် မြင့်တက်လုနီးပါး ဖြစ်နေတော့သည်။

ဒင်

၀မ်ချွေ့ပင်း ဖုန်း အသံမြည်လာပြီး ဖွင့်ကြည့်လိုက်သောအခါ ဘဏ်မှ မက်ဆေ့ချ်ပို့လာခြင်းပင်။

တစ်နောက်ရှိသုည အတန်းလိုက်ကြီးကို မြင်သော

အခါ သူမ မြဲမြံစွာပင် မရပ်နိုင်တော့ဘဲ ချွမ်ဖူအား ကိုင်ထားရ၏။

"ရီလေး...နင် နင်တကယ်ကြီး ၁၀၀ မီလီယမ် လွှဲလိုက်တယ်ပေါ့...."၀မ်ချွေ့ပင်း အိပ်မက်မက်နေသကဲ့သို့ မေးမြန်လိုက်သည်။

"ဒါပေါ့ဗျ...ကျွန်တော် မေမေ၀မ်တို့ကို ထောက်ပံ့ဖို့ ပိုက်ဆံ ရှာနေတာတောင် အတော်လေး ကြာနေပြီ....."

"မဖြစ်နိုင်ဘူး...."

"မင်းမှာ ဘယ်လိုလုပ် ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိနေတာလဲ...."၀မ်ထောင် စိတ်ကယောက်ခြောက်ခြားဖြစ်နေသကဲ့သို့ ပြောလိုက်၏။

လင်းရီ ၀မ်ချွေ့ပင်း၏ ဖုန်းကို ယူလိုက်ပြီး "မက်ဆေ့ခ်ျက ဒီမှာ...ရော့...မင်းသောက်လုံးနဲ့ ကိုယ့်ဘာကိုယ်သာ ကြည့်လိုက်တော့...."

၀မ်‌ထောင်လည်း တစ်နောက်မှ သုည အတန်းလိုက်ကြီးကို မြင်သောအခါ စိတ်အခြေအနေ ဆိုးရွားသွားတော့၏။

ဘယ်လို နိုင်ငံလဲကွ....၁၀၀မီလီယမ်ကို တစ်ခါတည်းနဲ့ လွှဲပြောင်းပေးလိုက်တယ်တဲ့လား....

"ငါ့ကတိကို တည်ပြီးပြီနော်...ဆိုတော့ မစ္စတာ ၀မ်...ခင်များရဲ့ တစ်ဘီလီယမ် လှုဒါန်းမှုကြီးကကော ဘယ်တော့ လာမှာလဲ...."

ကျီချင်းရန် ပါးစပ်အုပ်၍ တခစ်ခစ် ရယ်မောမိလိုက်သည်။

သူမတောင်မှ လင်းရီ လှည့်ကွက်ထဲ နှစ်ကြိမ်လောက် ရောက်ခဲ့မှတော့ ၀မ်ထောင်ဆိုတာကတော့ ကလေးအကွက် သာသာပါပဲလေ....

"ဒါ......"

၀မ်ထောင် မည်သို့ တုန့်ပြန်ရမည်ကို မသိဘဲ အလွန်အမင်း အရှက်ရလျက်ရှိသည်။ သူ၏ စက်ရုံလေးမှာ တစ်နှစ်လျင် သန်းအနည်းငယ်ခန့် အမြတ်ရရှိသော်လည်း လခပေးလိုက်ပါက မည်မျှ သိပ်မကျန်တော့ပေ။ သူမည်သို့ တစ်ဘီလီယမ် ငွေသားကို လှူဒါန်းနိုင်မည်နည်း။

ဤသည်မှာ မျက်နှာဖြတ်ရိုက်ခံလိုက်ရခြင်းပင်။

"ဘာလို့လဲ...မတတ်နိုင်ဘူးလား...."

"မင်းပဲ ခုနက သောက်ရမ်း ချမ်းသာနေသလို လုပ်နေတာ မဟုတ်လား...စက်ရုံပိုင်ရှင်ကြီးက Didi မောင်းတဲ့ ငါ့လောက်တောင် ပိုက်ဆံ မရှိတော့ဘူးတဲ့လားဟ...."

၀မ်ထောင့် နဖူးတွင်တော့ ချွေးအေးများ စို့နေလျက်ရှိသည်။ သူ့တွင် အခွင့်အရေးရှိပါက ကျွင်းတစ်ကျွင်းတူး၍ပင် ၀င်ရောက် ပုန်းအောင်းခြင်နေမိတော့၏။

"အာ....ငါ့မှာ လုပ်စရာ ရှိမှန်း ခုမှ သတိရတယ်...အရင်သွားလိုက်တော့မယ်နော်..."

၀မ်ထောင် သူ့ကားထဲသို့ ကမ်းကတန်း ပြေး၀င်သွားပြီး မောင်းထွက်သွားတော့၏။

"၀မ်ထောင်...."နောက်မှ နင်ယွဲ့ ‌အော်ခေါ်လိုက်သော်လည်း

"နင်ယွဲ့ ထားလိုက်တော့...သူက လူကောင်းနဲ့လည်း မတူဘူး...မင်းသာ သူနဲ့ အတူနေရင် ပျော်ရွှင်နိုင်မှာ မဟုတ်ဘူး...."လင်းရီ ပြုံး၍ ပြောလိုက်သည်။

"နားလည်ပါပြီ အစ်ကိုရီ...."

နင်ယွဲ့ လင်းရီကို မလေးမစား မပြုရဲချေ။ ထို့ကြောင့် ၀မ်ထောင်ကို လွှတ်ထားလိုက်ရတော့၏။

"ရီလေး...မေမေ့ကို ပြောစမ်း...ဒီပိုက်ဆံတွေကို ဘယ်လို ရလာတာ...ကျိုးဟိုင်မှာ အလုပ်သွားလုပ်တာ တစ်နှစ်တောင် မပြည့်သေးဘူး...ဘာလို့ ဒီလောက် ပိုက်ဆံတွေ အများကြီးရခဲ့တာလဲ...သား မကောင်းတာတွေများ လုပ်နေတာလား...."

ချွေ့ပင်း သူမလက်ထဲတွင် ဖုန်းကို ကိုင်ထားလျက် စိတ်သောက ရောက်စွာဖြင့် မေးမြန်းလိုက်သည်။

"အာ...ကျွန်တော် ဒီတိုင်း စီးပွားရေး အသေးလေး လုပ်ရင်း ရလာတဲ့ သန့်ရှင်းတဲ့ ပိုက်ဆံတွေပါဗျ...မေမေ၀မ်တို့ စိတ်သန့်သန့်နဲ့ သုံးလို့ ရတယ်...."

"အေးပါကွယ်..ဒါပေမယ့် ၁၀၀ မီလီယမ် ဆိုတာက နည်းတဲ့ ပမာဏ မဟုတ်ဘူးလေ...အဲ့လောက်ကြီးပေးလိုက်တော့ ရီလေးမှာ အခု သုံးစရာကော ကျန်သေးရဲ့လား....တော်ပြီ မေမေ၀မ် ဒီလောက်ကြီးတော့ လက်မခံနိုင်ဘူး...ကျိုးဟိုင်က ရန်ချိန်လို မဟုတ်ဘူး...နေရာတိုင်းက ငွေထွက်ပေါက်တွေကြီးပဲ...."၀မ်ချွေ့ပင်း အနည်းငယ် စိုးရိမ်နေသေးသော လေသံဖြင့် ပြောလိုက်၏။

"မေမေ...စိတ်ချလက်ချသာ ယူလိုက်စမ်းပါဗျ...ကျွန်တော့မှာ အများကြီး ကျန်ပါသေးတယ်...."

လင်းရီ သူ့လက်မောင်းကို မေမေ၀မ် ပခုံးပေါ်သို့ တင်လိုက်ပြီး "ထမင်းသွားစားကြစို့...ဗိုက်ဆာနေပြီ..."

"ကောင်းပြီလေ..သွားစားကြတာပေါ့...မေမေ၀မ် ရီ‌လေးကြိုက်တတ်တဲ့ အမဲသား စတူးလေး လုပ်ပေးထားတယ်..."

"ဟီးဟီး မေမေ၀မ်က ကျွန်တော့် အကြိုက်ကို သိတာပဲဗျ...."

စားပြီး သောက်ပြီးနောက် ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့ ဂေဟာမှ ကလေးများနှင့်အတူ ကစားနေကြသည်။

ကျီချင်းရန် ကဲ့သို့ အလှလေးက ကြိုးခုန်တတ်လိမ့်မည်ဟု လင်းရီ မျှော်လင့်မထားပေ။

သူမ၏ စကေးများမှာ တော်တော်လေး အထင်ကြီးဖို့ ကောင်း၏။

"ရီလေး...နင်လည်း ကြာကြာနေမှ တစ်ခါပြန်လာတာဆိုတော့ နဲနဲကြာအောင် နေသွားပါဦးလား... ‌"၀မ်ချွေ့ပင်း ညင်သာစွာ ပြောလိုက်၏။

"ဒါပေါ့ဗျ..ကျွန်တော်လည်း ဒီမှာ ရက်နည်းနည်းလောက် နေဖို့ စိတ်ကူးထားတာ..."

လင်းရီတွင် နဂိုကတည်းက အစီအစဉ် တချို့ ရှိပြီးထားဖြစ်၏။ ထိုကိစ္စများ ပြီးမှသာလျင် ကျိုးဟိုင်သို့ ပြန်ဖို့ ဆုံးဖြတ်ထား၏။

"အဲ့ဒါဆို ရီလေးနဲ့ နင်ယွဲ့တို့အတွက် အခန်း သွားရှင်းပေးထားလိုက်ဦးမယ်နော် ....ဒီမှာပဲနေခဲ့ကြ....ဟုတ်ပြီလား....လိုက်မလာခဲ့ကြနဲ့..."

"သမီးကတော့ ဒီမှာ မနေတော့ဘူး...ဟိုတယ်မှာ ဘွတ်ကင် လုပ်ထားတာ ရှိတယ်..."နင်ယွဲ့ ပြောလိုက်၏။

လင်းရီ ကတော့ ကိစ္စ မရှိပေ။ ကျီချင်းရန်သာ မနေနိုင်မှာ ‌စိုးရိမ်မိသည်။

မည်သို့ပင် ဆိုစေကာမူ သူမမှာ သူနှင့်မတူ လိုက်လာခဲ့သူ ဖြစ်၏။ ထို့ကြောင့် ကျောခင်းဖို့ နေရာတစ်နေရာ ရှာပေးရပေမည်။

"ကောင်းပြီလေ...အဲ့တာဆိုလည်း မေမေ၀မ် တွန်းအား မပေးတော့ဘူး..."

ထို့နောက် စကားအနည်းငယ် ပြောပြီးနောက် လင်းရီ ကြယ်ငါးပွင့် ဟိုတယ်တစ်ခုရှာ၍ ကျီချင်းရန်အတွက် အခန်း စီစဉ်ပေးလိုက်သည်။

နောက်တစ်နေ့ နံနက်ခင်းတွင် နှစ်ယောက်သား ဟိုတယ်၌ မနက်စာ စားရင်း

"ဒီတော့...ဒီနေ့နင်ဘာတွေ လုပ်ဖို့ အစီအစဉ်ရှိလဲ..."

"ငါလား...မနေ့က သတင်းထဲမှာတော့ ဒီနေ့ ကားပြပွဲ လုပ်မယ်ကြားတယ်..အဲ့တာ တစ်ချက်လောက် သွားကြည့်ရင် ကောင်းမလားလို့..."

"ဟမ်...နင့်မှာ ပန်ဂနီ ရှိပြီးသား မဟုတ်လား..ဘာလို့ ကားတွေ ထပ်၀ယ်နေဦးမှာလဲ..."

ကျီချင်းရန် မေးလိုက်၏။

"သိတယ်လေ...ဒါပေမယ့် ဂေဟာအတွက် ကားနည်းနည်းလောက် ၀ယ်ပေးမလားလို့...အဲ့တာဆို နောက်ကျ ငါလည်း ကလေးတွေနဲ့ လျှောက်လည်လို့ ရတာပေါ့...."

ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး"အင်း..ဟုတ်သားပဲ"

"မင်းကကော..ဒီမှာ ရုံးခွဲ ဖွင့်ဖို့ နေရာကြည့်မယ်ဆို..အဲ့တာ မသွားသေးဘူးလား..."

"လောစရာ မလိုပါဘူး...နင်နဲ့ တူတူ ကားပြပွဲ အရင်သွားကြတာပေါ့..."

စားပြီးနောက် နှစ်ယောက်သား တက္ကစီငှား၍ ရန်ချိန် နိုင်ငံတကာ ကွန်ဗန်းရှင်းစင်တာသို့ ထွက်လာခဲ့ကြသည်။

ရန်ချိန်၏ မြို့ပြအဆင့်အတန်းမှာ ကျိုးဟိုင်ထက် အနည်းငယ် နိမ့်ကျနေသော်လည်း တရုတ်ပြည်၏ ထိပ်တန်းမြို့ကြီးများထဲမှ တစ်ခု ဖြစ်နေဆဲဖြစ်၏။

ထို့ကြောင့် ကားပြပွဲသို့ သူဌေးအများအပြား ရောက်ရှိနေကြသည်။

အပြင်ဘက်ရှိ ကြေညာဘုတ်မှ တစ်ဆင့် ပြသထားသော ဇိမ်ခံကား ဘရန်းများကို တွေ့မြင်နိုင်သည်။

ဤနေရာ၌ မည်သူမဆို ငွေရှိရုံနှင့် ကားတစ်စီးခန့် အသာအယာလေး ရယူနိုင်ပေသည်။

လင်းရီတို့ ကားထဲမှ ထွက်လျင်ထွက်ချင်း တစ်စုံတစ်ယောက်မှ သူ့နာမည်ကို ခေါ်သံကြားလိုက်ရသည်။

"ရို...လင်းရီ နင်လည်း ကားပြပွဲ လာကြည့်တာလား...."

All Chapters