← Chapters

ငါ့ကို ကိုယ်ရည်သွေးဖို့ အခွင့်အရေး မပေးမိစေနဲ့...

Vol. 5 Ch. 70

ငါ့ကို ကိုယ်ရည်သွေးဖို့ အခွင့်အရေး မပေးမိစေနဲ့...

Vol. 5 Ch. 70

လင်းရီ ခေါ်သံကြားသော အခါ နောက်လို့ လှည့်ကြည့်လိုက်၏။

အဖြူရောင် ၀တ်စုံနှင့် မိတ်ကပ် အထူကြီး လိမ်းခြယ်ထားသော အမျိုးသမီးတစ်ယောက်ယောက်နှင့် မျက်မှန်၀တ်ဆင်ထားသော အမျိုးသား တစ်ဦး သူတို့ ရှိသည့်နေရာသို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

လင်းရီ နာမည်ကို ခေါ်ဆိုလိုက်သော အမျိုးသမီးမှာ ရွှီရန် ဖြစ်ပြီး သူနှင့် ကောလိပ် အတူတက်ခဲ့သူ တစ်ဦးဖြစ်၏။

ဘွဲ့ကိုယ်စီ ရပြီးနောက် လင်းရီ ကျိုးဟိုင်၌ အခြေချနေစဉ် ရွှီရန်ကတော့ သူမ၏ မွေးရပ်မြေ ရန်ချိန်သို့ ပြန်သွားခဲ့သည်။

"ငါတို့ ဒီမှာ လာဆုံတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ..."လင်းရီ နှုတ်ဆက်လိုက်သည်။

"အင်း...အတော်လေး တိုက်ဆိုင်တာပဲနော်..."ရွှီရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

"ရန်ရန်...ဒါမင်းရဲ့ အတန်းဖော်လား...ကိုယ့်ကို မိတ်မဆက်ပေးတော့ဘူးလား..."ရွှီရန်ဘေးရှိ လူမှ ပြောလိုက်၏။

"သူကတော့ ကျွန်မတို့ ကောလိပ်တုန်းက သူငယ်ချင်း လင်းရီတဲ့.....သူ့ဘေးကတော့ သူ့ကောင်မလေး ဖြစ်မယ်"

အမျိုးသားမှာ ခေါင်း တစ်ချက် ညိမ့်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ စီးပွားရေးကတ်ကို ထုတ်ပေးလိုက်သည်။

"ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ...ငါက ရန်ချိန်နဲ့ ချွမ်ရှင်း သွင်းကုန်နဲ့ ပို့ကုန် ကူးသန်းရောင်း၀ယ်ရေး ကုမ္ပဏီ လီမီတက်ရဲ့ အထွေထွေ မန်နေဂျာ ကျိုးနင်ပါ...ဒါကတော့ ငါ့ရဲ့ စီးပွားရေးကတ်ပေါ့..."

ထိုသို့ ပြောလိုက်ရင်း ကျိုးနင် သူ့ကတ်ကို ကျီချင်းရန်ထံသို့ ကမ်းပေးလိုက်သည်။

ကျိုးနင်၏ အတွေးများကတော့ အတော်လေးကို မကောင်းဆိုးဝါးဆန်၏။

ကတ်ထဲတွင် သူ၏ သီးသန့် ဖုန်းနံပါတ်ကို ထည့်သွင်းထားပြီး ကျီချင်းရန် ကတ်ကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ဆက်သွယ်ဖို့ အခွင့်အရေး ရရှိ ပေလိမ့်မည်။

သို့သော်လည်း မျှော်လင့်မထားမိသည်မှာ ကျီချင်းရန် သူ့ကတ်ကို လက်ခံ၍ လင်းရီ လက်ထဲသို့ ထည့်ပေးလိုက်ခြင်းကိုပင်။

သူမ သိမ်းထားဖို့ ရည်ရွယ်ချက် မရှိ။

"လင်းရီ..နင် ဘွဲ့ရပြီးတော့ ကျိုးဟိုင်မှာ အခြေချနေတာမလား...ခုဘာတွေ လုပ်နေပြီလဲ...."

"ဘာလုပ်ရမှာ...Didi ပေါ့..."

"Didi...."ရွှီရန် အံ့အားသင့်သွားပြီး "မင်းက ငါတို့ အတန်းထဲမှာဆို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပါဟ...ဘာလို့ ဘွဲ့ရပြီးတော့ Didi မောင်းနေတာလဲ...ငါမှတ်မိသလောက်ဆိုရင် နင် ကျိုးဟိုင်မှာ တစ်ခုခု ကြီးကြီးမားမားတွေ လုပ်ပြမယ်ဆို...."

"Didiမောင်းတာလည်း ကောင်းတာပဲ မဟုတ်လား...ငါတော့ အမြဲတမ်း အဲ့ဒါနဲ့ အသက်မွေးမယ်လို့ စီစဉ်ထားတယ်..."

"ရန်ရန် ...ကျိုးဟိုင်မှာ နေဖို့ဆိုတာ တကယ်မလွယ်ဘူး...ပြီးတော့လည်း သာမန် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့တယ်ဆိုတော့ ကျိုးဟိုင်မှာ သိပ်ပြီး အလုပ်လျှောက်ရ လွယ်မှာ မဟုတ်ဘူး..ကိုယ့်ဘက်ကသာ တစ်ခုခုကို ထူးထူးချွန်ချွန် မကျွမ်းကျင်ထားဘူးဆိုရင် အဲ့လိုနေရာမျိုးမှာ လုပ်စားဖို့ ခက်ခဲလွန်းတယ်.... "

"အွန်း..အချစ်ပြောတာ မှန်တယ်..ဒါပေမယ့် Didi မောင်းမယ်ဆိုရင်တော့ ကျိုးဟိုင်မှာ နေဖို့ မလိုဘူးလို့တော့ ထင်တာပဲ...ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကားက မောင်းလို့ရတယ်လေ..."

ရွှီရန်ကတော့ ရင်ထဲတွင် ပျော်မြူးလို့နေ၏။

ကျောင်းတုန်းက လင်းရီ၏ ခန့်ညားသော ရုပ်ရည်ကြောင့် သူမလည်း အတင်းလိုက် ပိုးပမ်းခဲ့ဖူးသည်။ သို့သော်လည်း ထိုကောင်ဘက်မှ တစ်ခါမျှ လက်မခံခဲ့။

တော်သေးတာပေါ့...အဲ့တုန်းက ငါ့ကို ပြန်မကြိုက်ခဲ့လို့....

မဟုတ်ပါက သူမလိုချင်သောချမ်းသာ ပျော်ရွှင်မှု စည်းစိမ်ကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်ပေ။

လင်းရီဘေးရှိ မိန်းကလေးမှာလည်း သူ့၏ ရုပ်ရည်ထောင်ချောက်ထဲ၌ သက်ဆင်း သွားပြီး လှည့်စားခံလိုက်ရသူ ဖြစ်ပေလိမ့်မည်။

လက်ထပ်ထိမ်းမြားခြင်းမှာ ကိစ္စ ကြီးတစ်ခု ဖြစ်သည့်အပြင် ကြည့်ကောင်းသောကြောင့်သာ မဟုတ်ပါက မည်သူမျှ Didi မောင်းသည့်သူနှင့် အတူနေချင်လိမ့်မည် မဟုတ်ပေ။

"ရန်ရန် ပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ...ဒါပေမဲ့ အာလုံးက ဘ၀ကိုယ်စီနဲ့လေ..မင်းလည်း သူတို့ကို တွန်းအားပေးလို့မှ မရတာ..."

ကျိုးနင် ပြောလိုက်သည်။

"ငါလည်း အတိတ်တုန်းက ကျိုးဟိုင်မှာ နေခဲ့ဖူးတာပဲ..ဒါပေမယ့် အဲ့ဒီတုန်းကတော့ ငါ့ဘ၀ တက်လမ်းတွေက အကုန် ပိတ်လျက်ကြီးပဲ..အခု ရန်ချိန်ကို ရောက်မှပဲ ငါ့စီးပွားရေးတွေက ပိုပြီးတော့ တိုးတက်လာတာ...ငါထောင်ထားတဲ့ ကုမ္ပဏီရဲ့ အနိမ့်ဆုံး၀င်ငွေတောင်မှ ၁၀၀ မီလီယမ် ကျော်နေပြီ...တကယ်လို့ ငါသာ ကျိုးဟိုင်မှာပဲ တွယ်ကပ်နေမယ်ဆိုရင်တော့ ဒီနေ့လို အဖြစ်မျိုးကို ရောက်လာမှာတောင် မဟုတ်ဘူး...."

"ဒါကြောင့်မို့ ကွန်မက ရှင့်ကို အလားအလာရှိတဲ့ စိန်ပွင့်လေးပါလို့ ပြောတာပေါ့..."

ရွှီရန် ကျိုးနင်၏ လက်မောင်းကိုဖက်၍ ညုတုတု အသံလေးဖြင့် ပြောလိုက်၏။

"ညီကိုရီ...မင်းက ရွှီရန်ရဲ့ သူငယ်ချင်းဆိုတောဘ ရန်ချိန်ကို ပြန်လာခဲ့ပါလား..ငါ သင့်တော်တဲ့ အလုပ်စီစဉ်ပေးလို့ရတယ်...တကယ်လို့ ငါ့ကုမ္ပဏီကို လာခဲ့မယ်ဆိုလို့ကတော့ အနိမ့်ဆုံး လစာက ယွမ် တစ်သိန်းပဲ...Didi မောင်းတာထက်လည်း ပိုပြီး သက်တောင့်သက်သာ ဖြစ်စေရမယ်လို့ အာမခံတယ်..."

"ရပါတယ်...ငါ့ဘာငါ Didi မောင်းနေတာလည်း အဆင်ပြေပါတယ်..."

လင်းရီ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ကဲ..ငါတို့ အရင် သွားနှင့်ပြီ..."

"ဟေးဟေး...ဘာလို့ အဲ့လောက် လောနေတာလဲ...ငါမှတ်မိသလောက်ဆို နင်ကျောင်းတုန်းက ကားဖန်ကြီး မဟုတ်လား...ငါတို့နဲ့ အတူလိုက်ခဲ့ရင်း....အကြံဉာဏ်လေး ဘာလေး ပေးလို့ရတာပေါ့...."

ရွှီရန် လှမ်းပြောလိုက်၏။

"အင်း...ငါတို့ ဒီနေ့ လာဆုံတာလည်း ရေစက်ပဲနေမှာ...."ကျိုးနင် ပြောလိုက်သည်။

"ငါ့မှာ မောင်းနေကျ Audi A8 တစ်စင်းရှိတယ်တယ်...အဲ့ကောင်က မြို့ထဲ မောင်းလို့တော့ အဆင်ပြေပေမယ့် လမ်းကြမ်းတွေ ဆိုလို့ကတော့ တော်တော်လေး မမိုက်တာတယ်...‌ယွမ် သန်းအနည်းငယ်လောက် ပေးရပြီးတော့မှ ဈေးပေါတဲ့ SUV လောက်တောင်မှ အသုံးမကျဘူး..."

"အော်....ဟုတ်လား..."လင်းရီ ကျီချင်းရန်နှင့်အတူ ကားပြပွဲသို့ ၀င်ရောက်ရင်း သာမန်အတိုင်း ပြောလိုက်၏။

"ဒါပေမယ့် ငါတွေးနေတာ လန်ရိုဘာကလည်း အတော်လေး ကောင်းသလားလို့...ဒါပေမယ့် Lenus LX570ကလည်း မဆိုးပြန်ဘူး...ဘာရွေးလို့ ရွေးရမှန်းတောင် မသိတော့ပါဘူးကွာ...."ကျိုးနင် အပြုံးလေးဖြင့် သူကြုံနေရသည့် ဒုက္ခကို ကြွားဝါလိုက်သည်။

"ဟန်နီ ..ရှင်ပြောတော့ BMW X5 ဒါမှမဟုတ် တိုရိုတာ ရိုစတာ ကို ၀ယ်ချင်တယ်ဆို...ဘာလို့ခုမှ စိတ်ပြောင်းသွားတာလဲ..."ရွှီရန် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်၏။

"ငါခုလေးတင် စဉ်းစားမိလို့...အဲ့သောက် X5က တစ်မီလီယမ်ပဲ တန်ကြေးရှိတာလေ...ကို့ရဲ့ စီးပွားရေး လုပ်ငန်း‌တွေက တဖြည်းဖြည်း အဆင့်မြင့်လာပြီဆိုတော့ အဲ့လိုကားနဲ့ လုပ်ငန်းဆွေးနွေးရန် ကို့ပုံရိပ်နဲ့ ဘယ်ကိုက်တော့မှာ.....သောက်ရှက်ပဲ့တာပေါ့ဟ...."

"အင်း..ဟုတ်တယ်...ခုခေတ် လူတွေက ဈေးကြီးမှ ကြိုက်ကြတာ...ပိုပြီး ကောင်းတဲ့ ကားနဲ့ဆို စီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့က ပိုပြီး လွယ်ကူသွားပြီ...."

"ကိုတွေးနေတာနဲ့ ကွက်တိပဲ....."

ကျိုးနင် လင်းရီကို ပြုံးပြလိုက်ပြီး"ညီကိုရီက အဲ့ဒီနယ်ပယ်မှာ ကျွမ်းကျင်တော့ အကြံဉာဏ်လေး ဘာလေး ပေးပါဦးလား...."

"မင်းမှာသာ ပိုက်ဆံရှိရင် နှစ်စီးလုံး၀ယ်လိုက်လေ..ခေါင်းစားနေစရာ မလိုတော့ဘူးပေါ့...."

"အာ....."

ကျိုးနင် အရှက်ရသွားပြီး "ငါ့မှာ တစ်စင်းက ရှိပြီးသားလေ...အများကြီး ၀ယ်ရင်လည်း ဂိုထောင်ထဲ မဆံ့တော့ဘူး...."

"အဲ့တာဆိုလည်း ဘာတွေ ဗျာများနေတာ ဈေးပေါတာပဲ ရွေးလိုက်ပေါ့...."

ကျီချင်းရန် မနေနိုင်ပဲ ရယ်မောမိလိုက်သည်။

ဒီကောင်ကတော့ သူများကို ကြွားဖို့ အခွင့်အရေး တစ်စက်မှ မပေးဘူးပဲ....

"အဟမ်း အဟမ်း အဟမ်း....."

ကျိုးနင် ပေါ့ပါးစွာ ချောင်းတစ်ချက် ဟန့်လိုက်ပြီး "ငါက ငွေကြေးကို ဂရုစိုက်တဲ့ကောင် မဟုတ်ဘူး..ငါ့ကုမ္ပဏီရဲ့ ရောင်းအားကလည်း ၁၀၀ မီလီယမ် ကျော်သွားပြီဆိုတော့ အမြတ်ကလည်း သေချာပေါက် နည်းမှာ မဟုတ်ဘူး...ဒီတော့ ငါ့လို လူမျိုးက ကားစီးရင် အရည်အသွေးပိုင်းနဲ့ ကားရဲ့ ဘရန်းကို သေချာလေး ဂရုစိုက်ရတော့မှာ"

"ငါပြောပြီးသားပဲ မဟုတ်လား.ဈေးနှုန်းကို ဂရုစိုက်စရာ မလိုဘူးဆိုရင် နှစ်စီး ၀ယ်လိုက်လို့...."

"တကယ်တော့ နှစ်စင်းလုံး ၀ယ်ဖို့ဆိုတာက ပြဿနာတော့ မရှိဘူး..ဒါပေမယ့် တကယ့်ပြဿနာက ငါ၀ယ်ထားတဲ့ ဗီလာက ကားဂိုဒေါင်နှစ်ခုတည်း ပါတာ...ငွေကြေးက အဆင်ပြေပေမယ့် လက်တွေ့ အခြေအနေက ၀ယ်လို့ မရဘူး ဖြစ်နေတာ...."

ကျိုးနင် ခံစားချက်များ ကောင်းမွန်သွား၏။ သူလည်း အစက ဗီလာ၀ယ်ထားကြောင်း ကြွားရန် အခွင့်အရေး ရှာနေ၏။

သို့သော်လည်း လင်းရီက သူ့ကို ထိုသို့ ကြွားဝါရန် လမ်းဆင်ပေးလိုက်သကဲသို့ အံကိုက် ဖြစ်သွားသည်။

အဲ့ဒါက သူ ရှိုးပြဖို့ အခွင့်အရေးပဲ မဟုတ်လား....

"အဲ့တာဆိုလည်း နောက်ထပ် ကားဂိုထောင် ကြီးကြီး တစ်ခု ထပ်ဆောက်လိုက်ပေါ့ကွာ...ပြဿနာ ဖြေရှင်းပြီးသား ဖြစ်သွားပြီ မဟုတ်လား..."

ကျိုးနင် : ......

ကျိုးနင် မည်သို့ တုန့်ပြန်ရမည်ကိုပင် မသိတော့ချေ။

"ဟီးဟီး ညီကိုလင်း..မင်းရဲ့ အဆင်အတန်းနဲ့ နားမလည်တာတွေ အများကြီး ရှိသေးတယ်...ဂိုထောင် ဆောက်ချင်တိုင်း ဒီတိုင်း ဆောက်လိုက်လို့ မရဘူးလေ...."ကျိုးနင် အပြုံးလေးဖြင့် ပြောလိုက်၏။

"ငါက ငွေသုံးရမှာ ကြောက်တာမ‌ဟုတ်ဘူး..အရည်အသွေးကောင်းကောင်းနဲ့ ဘရန်းကောင်းတဲ့ ကားကို လိုချင်တာ..မဟုတ်ရင် လူတွေက ငါ့ကို လှောင်ရယ် ကြမှာပေါ့..."

"တစ်မီလီယမ်လောက်ပဲ ရှိတဲ့ ကားက ဘယ်လောက်များ ကောင်းနိုင်မှာမို့လို့...စကူတာလေးပဲ စီးရင်တောင် ပိုကောင်းဦးမယ်..."

ကျိုးနင် မျက်နှာ မည်းမှောင်သွားပြီး ကျိန်ဆဲ ချင်စိတ်ကို ထိန်းနေရသည်။

ငိုးပဲ...Didi မောင်းတဲ့ကောင်ကများ တစ်မီလီယမ် တန်ကြေးရှိတဲ့ ကားကို အထင်သေးနေတယ်ပေါ့....

ဒါ ချမ်းသာတဲ့ကောင်တွေကို မုန်းတီးတဲ့ ကီးဘုတ်ဖိုက်တာတွေရဲ့ လက်သုံးစကား မဟုတ်လား....

စိတ်၀င်စားဖို့တော့ ကောင်းနေပြီ...ဒီကောင်က ယွမ်တစ်သန်းကို အမှိုက်လိုမျိုး ပြောရဲနေတယ်ဆိုတော့.....

ကြည့်ရတာ ဒီနေ့ သူ့ကို သင်ခန်းစာ ကောင်းကောင်းလေး ပေးမှ ရတော့မယ်

All Chapters