ဒီတော့ မင်းက သေးတာတွေ ကြိုက်တာပေါ့
Vol. 5 Ch. 71
"အချစ်ရေ ထားလိုက်..အဲ့လိုကောင်ကို မေးမနေနဲ့တော့..."
ရွှီရန် ပြောလိုက်ပြီး "လင်းရီ သိသမျှက အင်တာနက်က ဟာတွေ ကြီးပဲလေ...ပြီးတော့ သူကိုယ်တိုင်တောင်သိတာ တစ်ခုမှလည်း မပါဘူး...မလကား မှန်းရွှီးရမ်းတုပ်..သဲအထင်တော့ လန်းရိုဗာက အတော်လေး ကောင်းတယ်လို့ ခံစားရတယ်...ကြည့်လိုက်တာနဲ့လုံး၀ကို ကြီးစိုးနိုင်တဲ့ ပုံပေါက်တယ်လေ"
"ဟီးဟီး...သဲပြောတာ မှန်တယ်...နောက်မှ သွားကြည့်ကြတာပေါ့...ကားသာ ရှိရင် တစ်ခါတည်း ၀ယ်ပစ်လိုက်မယ်..."
"အွန်း...."
ကျီချင်းရန် ခေါင်းခါယမ်းမိလိုက်သည်။
ဒီလူတွေက တစ်ခုခုတော့ တစ်ခုခုပဲ
အထဲရှိ ပြခန်းထဲတွင်တော့ ဇိမ်ခံကား မြောက်မြားစွာကို ပြသထား၏။
မီလီယမ်ပေါင်းများစွာ တန်ကြေးရှိသော ဇိမ်ခံကားများလည်း ရှိ၏။ ထိုစာတစ်ကြောင်းတည်းနှင့်ပင် ရန်ချိန်တွင် ချမ်းသာသော လူဦးရေ မနည်းကြောင်း သိနိုင်ပေသည်။
"အချစ်...လန်ရိုဗာ ပြထားတဲ့ အခန်းက ဧရိယာ Bမှာနေမယ်...အဲ့ဒီကို သွားကြည့်ရအောင်လေ..."ရွှီရန်မှ ပြောလိုက်၏။
"ဧရိယာဘီက ဒီတိုင်း သာမန် အိမ်စီးကားတွေ ပဲရောင်းတာ...အဲ့ဒီကို မသွားနဲ့...."
"လန်ရိုဗာက ချိုင်းနားမိတ် မဟုတ်ဘူးလား...သဲတို့က အဲ့ဒီကို မသွားရင် ဘယ်သွား၀ယ်ကြမှာလဲလို့...."
"ကိုတို့က ချိုင်းနားမိတ်တွေမစီးဘူး...ဒီတော့ နိုင်ငံခြားက တင်သွင်းလာတဲ့ ကားတွေပဲ ၀ယ်စီးကြမှာ...."
ကျိုးနင် အပြုံးလေးဖြင့် ပြောလိုက်၏။
"ဒါပေမယ့် တင်သွင်းလာတဲ့ ကားတွေကလည်း ယွမ် ထောင်ဂဏန်းလောက်လေး ကွာတာကလွဲလို့ ဒီဇိုင်းတွေကလည်း အတူတူပဲမဟုတ်လား.ဘာလို့ ပိုက်ဆံတွေ အကုန်ခံ ပြီး ၀ယ်နေဦးမှာလဲ ..."
ကျိုးနင် သူ့လက်မောင်းကို ရွှီရန် လက်အုံနား ထား၍ "အဲ့ကားတွေနဲ့ အမြင်ချင်းတူပေမယ့် အထဲမှာကျ ကွာခြားချက်တွေ အများကြီးပဲ...အနာဂတ်မှာ ကို့သဲလေးက သူငယ်ချင်းတွေနဲ့ ကားမောင်းတဲ့ချိန် ချိုင်းနားမိတ်ကြီး စီးနေရင် သဲကို လူတွေ ဝိုင်းကဲ့ရဲ့ ကြမှာပေါ့...ယောက်ျားကောင်းတစ်ယောက် အနေနဲ့ ကိုယ့်မိန်းကလေးကို ဘယ်လိုလုပ် လူရယ်ခံခိုင်းရက်မှာ...."
"အိုး...အချစ်က သဲအပေါ် ဘာလို့ ဒီလောက်တောင် တွေးပေးတတ်ရတာလဲလို့..."
ကျိုးနင် ကျီချင်းရန်ကို ရည်ရွယ်ချက် ရှိရှိ ကြည့်လိုက်သည်။ ဉာဏ်ကောင်းသည့် မိန်းကလေးဆိုလျင် သူပြောလိုက်သည့် စကား၏ အတိမ်အနက်ကို နားလည်လောက်၏။
ဤမျှ အရိပ်အမြွက်တွေ အများကြီး ပေးနေတာတောင်မှ သူမ မည်သည်ကို ရွေးရမလဲ မသိလျင်တော့ ကျီချင်းရန် စိတ်ရူးပေါက်နေသည်ပဲ ဖြစ်ရမည်။
"သဲက ကိုယ့်အမျိုးသမီးဆိုမှတော့ သဲအပေါ်မှ မကောင်းရင် ဘယ်သူ့အပေါ် သွားကောင်းရမှာလဲ..."ကျိုးနင် လင်းရီ နှင့် ကျီချင်းရန်တို့ကိုကြည့်၍ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကဲ ငါ့ကောင်တို့...အတူသွားကြရအောင်..."
"ထားလိုက်တော့ ...တခြားကားတွေပဲ သွားကြည့်ကြည့်ရအောင်..."လင်းရီ ပြောလိုက်သည်။
"ရို...ဆောတီးပါ.."ကျိုးနင် ပြုံးလိုက်ပြီး "ငါတို့ ရည်မှန်းချက်တွေ မတူဘူးဆိုတာ မေ့သွားတယ်...မင်းတို့ သာမန် အိမ်စီးကားလေးတွေ ပြတဲ့နေရာကို သွားကြည့်သင့်တယ်..."
"လင်းရီ ခေါင်းရမ်းလိုက်ပြီး'ဧရိယာ C ကို သွားကြည့်ကြမယ်..."
"ဧရိယာ C"
ကျိုးနင်နှင့် ရွှီရန်တို့ မနီးမဝေးရှိ ဧရိယာ Cကို ကြည့်၍ ပြုံးလိုက်ပြီး "ညီကိုရီ...ဧရိယာCက ကုန်တင်ကားတွေနဲ့ ဘတ်စ်ကားတွေ ရောင်းတာလေ...အဲ့ဒီကို သွားပြီး ဘာလဲလုပ်မှာ..."
"ငါ၀ယ်ချင်လို့လေ ..မရဘူးလား..."
"ဒါပေါ့..ရတာပေါ့..."ကျိုးနင် ပြုံးလိုက်ပြီး "တွေးကြည့်ရင် အဲ့ဒီကားတွေကလည်း မဆိုးပါဘူး...ကုန်ကား တစ်စီးလောက် ၀ယ်ပြီး လုပ်စားမယ်ဆိုရင်တောင် Didiမောင်းတာထက်တော့ ပိုပြီး ၀င်ငွေကောင်းဦးမယ်...ညီကိုရီ မင်းက အရမ်းကို စီးပွားရေး အမြင်ရှိတာပဲ...."
လင်းရီ ကျိုးနင်၏ စကားကို လျစ်လျူရှုလိုက်ပြီး ကျီချင်းရန်နှင့်အတူ ဧရိယာCသို့ သွားလိုက်၏။
"မင်းနဲ့ ထွက်လာခဲ့မိတာ အကြံကောင်းတော့ မဟုတ်ဘူး..."
"ငါနဲ့လာခဲ့တာ အကြံကောင်း မဟုတ်ဘူးဆိုတာ ဘာပြောချင်တာ...ငါလည်း ဘာမှ မလုပ်ပဲနဲ့..."
"ခုခေတ် လူတွေက အချောလေး တွေ့ရင် အထင်ကြီးအောင် ရှိုးပြချင်ကြတယ်လေ...အဲ့တာနဲ့ပဲ ငါ့ကို သူတို့အဆင့်ရောက်အောင် ဆွဲခေါ်နေကြတယ်...."လင်းရီ ပြောလိုက်သည်။
"နင်ငါ့ကို အဲ့ဒီအတွက် အပြစ်တင်လို့မှ မရတာ...."ကျီချင်းရန် ပျော်ရွှင်စွာ ပြောလိုက်၏။
"တွေးကြည့်လိုက်...တကယ်လို့ ငါကသာ ဂျက်မားဆိုရင် ငါ့ဘေးမှာ ဒီလို အချောလှလေး ရှိနေတာကို တခြား ယောက်ျားလေးတွေက မနာလိုမယ်လို့ ထင်လား...."
"နင်ပြောတဲ့ ပုံစံက ငါကပဲ နင်နဲ့ မတန်သလို ဖြစ်နေပြီ...."
"ငါမပြောပါဘူး...မင်းကိုယ်မင်းပဲ ပြောနေတာ မဟုတ်ဘူးလား..."
"နင်...ကောင်စုတ်..."
ထိုအချိန် လင်းရီ ကျီချင်းရန်၏ ခါးကို ဖက်လိုက်ပြီး သူမကို နေရခက်အောင် လုပ်လိုက်သည်။
"နင်ဘာတွေ လုပ်နေတာလဲ...ဒီမှာ လူတွေ အများကြီး ရှိနေတယ်လေ...."
"ငါလဲ နည်းနည်းလောက် ဟိတ်ဟန်ထုတ်ဖို့ လိုလို့လေ...ငါကနတ်သမီးလေးလို လှတဲ့ ကောင်မလေးကို ပွေ့ဖက်ထားနိုင်တယ်..အဲ့ကောင်တွေက ငါ့လို လုပ်နိုင်လို့လား..."
"ဟမ့် ..မြှောက်ပင့်မနေစမ်းနဲ့...."
ကျီချင်းရန် ဆတ်ကနဲ ပြောလိုက်သော်လည်း လင်းရီ၏ အပြူအမူကိုတော့ မတားဆီးခဲ့ပေ။
"နင်က ဘယ်လို ကားမျိုး ၀ယ်ချင်တာလဲ...စဉ်းစားထားတာ ရှိလား..."ဧရိယာ Cသို့ရောက်သောအခါ ကျီချင်းရန်မှ မေးလိုက်၏။
"ငါ ဘတ်စ်ကား နှစ်စီးလောက် ၀ယ်ချင်တယ်..ဂေဟာမှာက ကလေး အယောက်လေးဆယ်လောက် ရှိတော့ သူတို့ကို ကစားကွင်းတွေ ဘာတွေ ခေါ်သွားရင် ထိုင်ခုံနေရာ လုံလုံလောက်လောက် ရှိဖို့ လိုတယ်လေ..."လင်းရီ တခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"ပြီးရင် ထရပ် တစ်စီးလောက်ကောပဲ..သူတို့ ပစ္စည်းတွေ ၀ယ်ရင် သယ်ရလွယ်အောင်...နောက်ပြီး စကူတာ တစ်စီးလည်း ဧရိယာ Aရောက်ရင် ၀ယ်ကြတာပေါ့..."
"ကောင်းပါတယ်..သွားစို့...ငါတော့ အဲ့တာတွေ ဘာမှ နားမလည်ဘူး..."
လင်းရီ ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ ဧရိယာCမှာ ရောနှော ဧရိယာ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
အိမ်စီးကားများနှင့် ပြည်ပမှ တင်သွင်းလာသော ကားများ အားလုံးကို ဤနေရာ၌ ခင်းကျင်းပြသထားသည်။ သို့သော်လည်း သူ့အမျိုးအစား အလိုက်တော့ ခွဲခြားထား၏။
ထရပ်ကားများ၊ဘတ်စ်ကားများနှင့် အခြားသော ယာဉ်ကြီး ယာဉ်ငယ်များလည်း ရှိနေကြသည်။ သို့သော်လည်း မည်သည့်နိုင်ငံမှ ထုတ်လဲ ဆိုတာ တစ်ခုတော့မသိပေ။
ကားရုံများအပြင် ပက်ထရိုချိုင်းနား နှင့် စီနိုပက်တို့၏ ရုံများလည်း ရှိကြ၏။
သူတို့ကတော့ သဘာ၀အားဖြင့် ကားလာရောင်းသည် မဟုတ်ပဲ ဓာတ်စီကို အဓိကထား၍ လာရောက်ရောင်းချကြခြင်းပင်။
အဘယ်ကြောင့် ဆိုသော် ဤဧရိယာ၌ ပြသထားသော ကားများမှာ ကားကြီးများ၏။ ထို့ကြောင့် ဓာတ်ဆီ ဖြည့်သည့်အခါ ဓာတ်ဆီကတ်များကို အသုံးပြုကြရလေသည်။
အကယ်၍ သူတို့သာ ကုမ္ပဏီတစ်ခုခုနဲ့ ပါတနာ ဖြစ်ပါကလည်း ကတ်မြောက်များစွာကိုပါ ရောင်းချနိုင်ပေလိမ့်မည်။
"လင်းရီ ဟိုကားကို ကြည့်စမ်းပါဦး...တာယာတွေကလည်း မြင့်လိုက်တာ..ငါ့ခါးတောင် ရောက်တော့မယ်..."
လင်းရီ ကြည့်လိုက်သောအခါ သူမညွှန်ပြနေသည်မှာ BILT 389 ကားဖြစ်၏။ ထိုမျှကြီးမားသော။ကားကြီးကိာ မြင်တော့ သူမ အံ့ဩစွားတာ မထူးဆန်းချေ။
"အဲ့ကားက ထရန်စဖောင်မာ ကို ပုံစံယူထားတာလေ..ဓာတ်ဆီ အရမ်းစားတယ်..တ-ရုတ်တွေထဲကတော့ ဘယ်သူမှ ဒီလိုကားမျိုး ၀ယ်မှာ မဟုတ်ဘူး..."
"အိုး..ဒါပေမယ့် ကြည့်ရတာတော့ ရမ်းမိုက်တယ်နော်..."
"ဟုတ်လား...အာ့ဆို မင်းကြိုက်ရင် တစ်စီး ၀ယ်ပေးမယ်လေ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"တော်ပါ...မလိုချင်ပါဘူး..."
ကျီချင်းရန် ခေါင်းခါရမ်းလိုက်ပြီး "ငါကားပေါ်တောင် တက်နိုင်မှာ မဟုတ်လောက်ဘူး...အရမ်း ကြီးလွန်းတယ်...."
"ကြီးလေ ကောင်းလေ မဟုတ်ဘူးလား...မင်း ကြီးတာတွေ မကြိုက်ဘူးပေါ့...."
"ကြိုက်ပါဘူး..သေးရင် ပိုပြီး သက်တောင့်သက်သာ ဖြစ်သလားလို့...."
"အိုး...ဒီတော့ မင်းက သေးတာ ပိုကြိုက်တယ်ပေါ့...."
ကျီချင်းရန် : .....
ခဏမျှ လျှောက်ပတ်ကြည့်ပြီးနောက် လင်းရီ ဘတ်စ်ကား တစ်စင်းရှေ့တွင် ရပ်လိုက်သည်။ ဤနေရာသို့ လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ဘတ်စ်ကား ၀ယ်ရန်ပင်။
"ဘုရားရေ...ရန်ချိန် ကားပြပွဲကြီးက ကားတွေ အရမ်းကို စုံတာပဲ...မာစီးတီးဘန်ဇ် S351DT တောင် ရှိတယ်ပေါ့...."
ထိုအချိန်တွင်တော့ လူအများအပြား ခရမ်းရောင် ဘတ်စ်ကား တစ်စင်းနားတွင် ဝိုင်းအုံနေကြ၏။
သာမန်ဘတ်စ်ကားများနှင့် ယှဉ်ပါက ထို S351DT မှာ
ကျီးကန်းအုပ်ထဲသို့ ရောက်နေသော ဒေါင်းကဲ့သို့ သိသာထင်ရှားလှ၏။
နှစ်ထပ် ဒီဇိုင်း၊ မာစီတီးဘန်ဇ် လိုဂိုနှင့် S351DT နှင့် BILT 389 တို့မှာ ဧရိယာ Cထဲတွင် မျက်စိအဖမ်းစားဆုံး ဖြစ်နေလေသည်။
"ဒါပေမယ့် ဈေးက ၄.၉ သန်းတဲ့... ငါးသန်းတောင် ရောက်တော့မယ်....ဘယ်ကုမ္ပဏီက ၀ယ်မှာ..."
"ဒီကားတွေက ကုမ္ပဏီသုံးတာမဟုတ်ဘူးဟ...ရာထူးမြင့်တဲ့သူတွေပဲ စီးနိုင်ကြတာ...ဒါပေမယ့် ဒူဘိုင်းက သူဌေးတွေကတော့ ခြွင်းချက်ပေါ့...."
"မင်းပြောတာ ဖြစ်နိုင်တယ်...အဲ့တာကြောင့် ရောင်းတဲ့ကောင်တွေက ငါတို့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်တာ မထူးဆန်းပါဘူးကွာ...ငါတို့က သူတို့ရဲ့ ပစ်မှတ်မှ မဟုတ်တာ..."
လင်းရီ S351DTကို မြင်သောအခါ သိပ်မဆိုးဟု ခံစားရ၏။ နှစ်ထပ် ပုံစံ ဒီဇိုင်းနှင့် လူအများကြီး ဆံ့မည့်ပုံပင်။အကယ်၍ လုံလောက်ပါက တစ်စီးနှင့်တင် ကိစ္စ ပြတ်သွားလောက်၏။
"ဒီကားက ဘယ်လောက်လဲ...."
လင်းရီ အမျိုးသား ရောင်းသူ တစ်ဦးကို မေးလိုက်၏။
ရောင်းသည့် အမျိုးသားမှာ သူ့ဦးခေါင်းကို မော့ကြည့်လိုက်ပြီး သူ့ဘေးတွင် ရပ်နေသော ကျီချင်းရန်ကို မြင်သောအခါ ရှော့ခ် ရသွားတော့၏။
လှရက်လိုက်တာကွာ....
"၄.၉ မီလီယမ်..."အရောင်းကိုယ်စားလှယ်မှ ပြောလိုက်သည်။
"ငါမေးချင်တာက...ဒီကားရဲ့ အသေးစိတ်အချက်အလက်ကို သိချင်တာ..."
၄.၉ မီလီယမ်တန်ကြေးရှိသော ဘတ်စ်ကားတစ်စင်း၏ ဈေးနှုန်းမှာ မိုးလောက်မြင့်နေပြီး ဖြစ်၏။ အကယ်၍ သူတို့၌သာ အထူး ဝိသေသ လက္ခဏာများ၊လုပ်ဆောင်ချက်များ မပါရှိပါက ထိုကဲ့သို့သော ဈေးနှုန်းဖြင့် ရောင်းချနိုင်လိမ့်မည် မဟုတ်ချေ။
"ကိုယ့်ဘာကိုယ် ဖတ်လေ...ကျုပ်အခု အလုပ်များနေတယ်...ခင်များနဲ့ စကားပြောဖို့ မအားသေးဘူး..."