← Chapters

ငါမင်းရဲ့ ဓာဆီဖြည့်ကဒ်ကို ယူမယ်...

Vol. 5 Ch. 72

ငါမင်းရဲ့ ဓာဆီဖြည့်ကဒ်ကို ယူမယ်...

Vol. 5 Ch. 72

"ဘာကွ...ငါ့ဘာငါ ကြည့်ရမယ်...."

လင်းရီ ပြောလိုက်ပြီး .."မင်းတို့ လုပ်ရမှာ မဟုတ်ဘူးလား...ကားကို ငါတို့ဆီ ရှင်းပြပေးရမှာ မင်းတို့ ရောင်းတဲ့ကောင်တွေ အလုပ်မဟုတ်ဘူးလားကွ...."

"ကျုပ်အခု အလုပ်များနေတယ်...ခင်များကို ရှင်းပြပေးဖို့ အချိန်မရှိဘူး..."အရောင်းကိုယ်စားလှယ် ပြောလိုက်ပြီး "ခင်များ ၀ယ်ချင်ရန် ကိုယ့်ဘာကိုယ်ကြည့်..."

ဟုဆိုကာ လက်ကမ်းစာစောင် တစ်ရွက်ကို ကမ်းပေးလိုက်သည်။

"ကိုယ့်ဘာကိုယ် ကြည့်ရမယ်ဆိုရင် ဘာကိစ္စ မင်းကို လိုအပ်တော့မှာလဲ..."

"၀ယ်ချင်တဲ့ လူတွေက ခုလို ပျင်းဖို့ကောင်းတဲ့ ဟာတွေ မေးပြီးတော့ အချိန်မဖြုန်းဘူး...ဒီတော့ ကျုပ်အချိန်တွေကို လာမဖြုန်းနဲ့ ...အိုကေ..."

"ဟျောင့်...မင်း ဒါဘာအချိုး ချိုးတာလဲကွ...."

လင်းရီ သူ့လက်ထဲရှိ လက်ကမ်း စာစောင်ကို ပစ်ချလိုက်ပြီး ကျီချင်းရန်နှင့် အတူ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

"ညီကို စိတ်လျှော့ပါဦးဟ...ရောင်းတဲ့ကောင်တွေက အဲ့လိုပဲ...သူတို့ အဲ့လို လုပ်လို့ ဒီနေ့ ထွက်သွားတဲ့သူတွေ မနည်းတော့ဘူး..." ဖြတ်သွားဖြတ်လာ တစ်ဦးမှ ပြောလိုက်လေသည်။

"အဲ့ဒါကတော့ သာမန်ပဲလေ...ဘယ်သူကမှ ဒီကားက်ု ၀ယ်မှာမှ မဟုတ်တာ....တကယ်လိုချင်တဲ့သူတွေကလည်း ကြိုမှာထားပြီးလောက်ပြီ..လာကြည့်တဲ့သူတွေထဲကတော့ ဘယ်သူကမှ မ၀ယ်လောက်ဘူး..."

"ဒီလူငယ်လေးကလည်း နည်းနည်းလွန်ပါတယ်ကွာ...သူ၀ယ်မှာလည်း မဟုတ်ပဲနဲ့ကို ဘာလို့ သွားမေးနေလဲ မသိဘူး...ပြဿနာ ရှာချင်နေလို့နေမှာ...."

"နင်ဘယ်သွား မလို့လဲ..."

ကျီချင်းရန်လည်း အနည်းငယ် မပျော်မရွှင် ဖြစ်သွားပြီး "ငါတို့က ဒီမှာ ငွေလာသုံးတာလေ...အဲ့ဒါကိုများ သူတို့ လုပ်စာ ထိုင်စားနေတဲ့ စောက်‌ခွက်တွေနဲ့..."

"ခွေးက ငါ့ကို ကိုက်ရင် ငါပြန်ကိုက်လို့ ရလား...ဒီမှာ ကားတွေ အများကြီး ရှိပါတယ်ကွာ...တခြားကားတွေပဲ သွားကြည့်ကြတာပေါ့...."လင်းရီ ပြောလိုက်၏။

"ညီကို မင်းပြောလိုက်တဲ့ပုံက ရေလည်လန်းတာပဲကွ..."

ပြောလိုက်သူကတော့ သူတို့ မျက်နှာချင်းဆိုင်ရှိ ပတ်ထရိုချိုင်းနား ယူနီဖောင်း ၀တ်ဆင်ထားသည့် အမျိုးသားပင်။

"ဒီ ငိုးမသားတွေက တစ်ချိန်လုံး အဲ့တိုင်းပဲ...."

"ဟုတ်လား...နောက်ဆုံးကျတော့ ဘယ်လိုတွေ ဖြစ်သွားလဲ..."

လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။

"ဘာဖြစ်ရမှာလဲဗျ..နောက်ဆုံးကျတော့လဲ အဲ့ကောင်တွေ သောက်ချိုးကို မကြိုက်တာနဲ့ပဲ ထွက်သွားကြတယ်လေ..."

လင်းရီ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှ ပြန်မပြောခဲ့။ သူ စားပွဲပေါ်တင်ထားသော ဓာတ်ဆီကတ် တစ်ကတ်ကို ယူလိုက်ပြီး

"ဓာတ်ဆီ ကတ်တွေကကော ဘယ်လိုရောင်းတာ..."

"အမျိုးအစား သုံးမျိုး ရှိတယ်..၁၀,၀၀၀တန်..၅,၀၀၀ တန်နဲ့ ၁,၀၀၀ တန် ...ခုလို ကားပြပွဲမှာဆိုရင်တော့ ဘရားသားကိာ ၉၈% ဒစ်စကောင့် ပေးလို့ရတယ်....."

လင်းရီ သူ့လက်ထဲရှိ ဓာတ်ဆီကတ်ကို ဟိုလှန်ဒီလှန် လုပ်လိုက်ပြီး ကတ်တစ်ချို့လောက် ၀ယ်ထားရန် လိုအပ်သည်ဟု ခံစားမိလိုက်သည်။ သူကတ်အားလုံးကို မေမေ၀မ်ဆီသို့ လွှဲပေးလိုက်မည်။ ထိုအခါ ဆီဖြည့်ရန် ခေါင်းစားခံရန် မလိုတော့ချေ။

"အားလုံးပေါင်း ဘယ်နှစ်ခု ရှိလဲ..."

"ကျွန်တော် ပြောပြီးပြီ မဟုတ်လား..သုံးမျိုးရှိပါတယ်လို့...၁၀,၀၀၀၀တန် ၅,၀၀၀တန်နဲ့ ၁၀၀၀တန် တွေလေ..."

"ငါဆိုလိုတာက မင်းမှာ ဒီလို ဓာတ်ဆီကတ်တွေ အားလုံးပေါင်း ဘယ်နှစ်ကတ်ရှိလဲလို့ မေးချင်တာ...."

"နောက်မနေစမ်းပါနဲ့ဗျာ...ကျွန်တော်တို့ ကတ် ဆယ်သန်း ယူလာခဲ့တယ်...ပြီးတော့ ရှစ်သန်းတောင် ကျန်နေသေးတယ်...."

"ကောင်းပြီလေ...ငါအားလုံးယူမယ်..."

ဖူး....

ပက်ထရိုချိုင်းနားမှ ၀န်ထမ်းမှာ သွေးအန်လု နီးပါးဖြစ်သွားပြီး "ဘာပြောလိုက်တယ်...ကျန်နေတဲ့ ကတ်ရှစ်သန်းလုံး ယူမယ်...."

"အင်း...ရော့ဒီမှာ ငါ့ရဲ့ ဘဏ်ကတ်..."လင်းရီ သူ့ရဲ့ ကတ်ကို ထုတ်ပေးလိုက်ပြီး "သေချာလည်း ဖြတ်မိအောင် လုပ်ဦး..."

"ဟုတ်...ဟုတ်ကဲ့ပါဗျ..."

ဘိ ဟူသော မြည်သံနှင့်အတူ ကတ်ဖြင့် အောင်မြင်စွာ ပေးချေပြီး ဖြစ်၏။

ဓာတ်ဆီကတ် ရောင်းသည့်သူကတော့ အံ့အားသင့်လိုနေ၏။

ငါက ဒီတိုင်း ပျင်းလို့ စကား လျှောက်ပြောနေတာလေကွာ...ဒါတောင် ကတ်တွေ အားလုံး ရောင်းထွက်သွားတယ်တဲ့လား....

"လခွမ်း...သူက ကတ်ရှစ်သန်းကို တစ်ခါတည်း ၀ယ်လိုက်တာတဲ့လား..."

ကားပြပွဲ ဧရိယာအတွင်းရှိ လူများအားလုံး အံ့အားသင့်သွားကြသည်။ ဒီတိုင်ကွန်းက ဘယ်ကနေ လာခဲ့တာလဲဟ....

တစ်ခါတည်းနဲ့တောင် ကတ်တွေ အများကြီးကို ၀ယ်ပစ်လိုက်တယ်...

မာစီးတီးဘန်ဇ် ဧရိယာအတွင်းရှိ အရောင်းအသင်းမှ လူများအားလုံးလည်း အံ့အားသင့်သွားကြသည်။ အထူးသဖြင့် လင်းရီအား စော်ကားခဲ့သည့် လူပင်။ အံ့ဩလွန်း၍ ပါးစပ် အဟောင်းသား ဖြစ်နေလေသည်။

သူက ဓာတ်ဆီကတ် ရှစ်သန်းကို တစ်ပြိုင်တည်း ၀ယ်နိုင်မှတော့ လေးမီလီယမ်ပဲ တန်ကြေးရှိတဲ့ ကားကိုလည်း ၀ယ်နိုင်တယ် မဟုတ်ဘူးလား....

"ငိုးပဲ....ကျန်းတဲ့ထျန်...မင်းဘာလုပ်လိုက်လဲ ကြည့်လိုက်စမ်း..."

အဘိုးကြီးတစ်ယောက် ရောက်လာပြီး ထိုလူအား အော်ငေါက်လိုက်၏။

"ဒီကားကို ရောင်းရရင် ကော်မရှင်ခ ဘယ်လောက်ရမလဲ ဆိုတာ မင်းနားမလည်ဘူးလားကွ...အဲ့တာတွေ အကုန်လုံးကို မင်းဖျက်ဆီးပစ်လိုက်ပြီဟျောင့်...."

"ဒါရိုက်တာ...သူချမ်းသာမှန်း ကျွန်တော် မသိခဲ့လို့ပါ‌ဗျာ....."

"ငိုးပဲ...တ-ရုတ်ပြည်မှာ ဘောစိတွေ ဒီလောက်ပေါတာ...ဘယ်သူပိုက်ဆံရှိလဲ မရှိလဲ ဆိုတာ မင်းက တပ်အပ်ပြောနိုင်လို့လားကွ..."အရောင်း ဒါရိုက်တာမှာ ထိုသူအား အော်ဟစ် ငေါက်ငမ်းလိုက်ပြီး "သွားစမ်း...အဲ့ဒီသူဌေးကို ချက်ချင်း သွားတောင်းပန်လိုက်..."

"ဟုတ်...ဟုတ်ကဲ့ပါဗျ...."

ဓာတ်ဆီကတ်များကို ၀ယ်ယူပြီးနောက် လင်းရီ လန်ထျန် ဂေဟာ၏ လိပ်စာကို ချန်ထားရစ်ခဲ့လိုက်ပြီး ကတ်များကို ထိုနေရာသို့ ပို့ခိုင်းလိုက်၏။

သူတို့နှစ်ယောက်သား ထွက်ခွာတော့မည့် အချိန်တွင်ကျန်းတဲ့ထျန်နှင့် အရောင်း ဒါရိုက်တာတို့ အပြေး ကလေးရောက်လို့လာပြီး "လူကြီးမင်း ကျွန်တော်

ကိုယ့်ကို မိတ်ဆက်ပေးပါရစေ..ကျွန်တော်က မာစီးတီဘန်ဇ် ပြခန်းရဲ့ အရောင်းဒါရိုက်တာ ချန်လျိုပါ...စောနက ဖြစ်ရပ်က ကျွန်တော် သတ်မမူမိလိုက်တဲ့ အတွက် ကျွန်တော့်အမှားပါခင်ဗျ...ဒီက လူကြီးမင်းကပဲ ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ... "

"အဲ့တော့ ကျုပ်က ဘာလုပ်ပေးရမှာ..."

လျိုချန် လေးစားသမှုဖြင့် ပြုံးလိုက်ပြီး "လူကြီးမင်း S351DT ၀ယ်ချင်နေတာမလား...ကျွန်တော်ကပဲ အချက်အလက် အပြည့်စုံကို ရှင်းပြပေးပါ‌ရစေခင်ဗျ..."

"မေ့လိုက်တော့...ဒီမှာ ဘရန်းတွေ ရိုက်-သ-တ်လို့ မကုန်တာတောင်မှ ဘာကိစ္စ မင်းတို့ ဘရန်းကို ရွေးရမှာတုန်း..."

"လူကြီးမင်းရယ်..စိတ်လျော့ပါဦးဗျ...လူကြီးမင်း ခုထိ စိတ်တိုနေတုန်းဆိုတာ ကျွန်တော်နားလည်ပါတယ်...လူကြီးမင်း ကျေနပ်လောက်တဲ့ ဖြေရှင်းချက်ကို ပေးပါ့မယ်ဗျ...."

ထိုနောက် လျိုချန် ဒေါသသံဖြင့် "ကျန်းတဲ့ထျန် ...မင်းတံဆိပ်ကို ဖြုတ်ပြီး အထုပ်တွေသိမ်း လစ်လိုက်တော့...."

"ဒါရိုက်‌တာ...မလုပ်ပါနဲ့ဗျာ...."

ကျန်းတဲ့ထျန် အံ့အားသင့်သွားပြီး အလျင်အမြန် လင်းရီကို ၀ပ်ချ တောင်းပန်တော့သည်။

"လူကြီးမင်း...ကျွန်တော် တောင်းပန်ပါတယ်ဗျာ...လူကြီးမင်းကို နိမ့်ချ ဆက်ဆံ ခဲ့မိလို့ မှားပါတယ်..ကျွန်တော့်လို နိမ့်ကျတဲ့ကောင်နဲ့ ပြိုင်မတုပဲ ခွင့်လွှတ်ပေးလို့ရမလားဗျာ..... "

"မင်းကို အလုပ်ထုတ်တာက ငါမှ မဟုတ်ပဲ...ငါ့ကို တောင်းပန်လို့လဲ အကျိုးမရှိဘူး..."လင်းရီ ပေါ့ပါးစွာ ပြောဆိုလိုက်သည်။

"ကျန်းတဲ့ထျန်...ခုမှ နောင်တရနေလည်း အခါနှောင်းသွားခဲ့ပြီ...မင်းခုချက်ချင်း ထွက်မသွားဘူးဆိုရင် ငါလုံခြုံရေးကို ခေါ်လိုက်တော့မယ်..."

ကျန်းတဲ့ထျန် သူ၏ တံဆိပ်ကို ဖြုတ်လိုက်ပြီး လူတိုင်း၏ အကြည့်အောက်တွင် နောင်တရစွာဖြင့် ထွက်ခွာသွားလေတော့သည်။

"မင်းနဲ့ တန်တယ်...မာစီးတီးလေး ရောင်းနေတာနဲ့ပဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ အောက်မေ့နေလား မသိဘူး..."

"ဟုတ်ပ...စူပါကားတွေ ရောင်းတဲ့ကောင်တွေတောင်မှ အဲ့ကောင်လောက် မမော်ကြွားဘူး..."

"အဲ့တာ လူတွေကို အထင်သေးပြီး နိမ့်ကျ ဆက်ဆံလို့ ဖြစ်ရတာလေ...ကျန်တဲ့သူတွေလည်း သူ့ကို ကြည့်ပြီး နမူနာ ယူထားသင့်တယ်...."

"ကောင်းပြီလေ...ခင်များကလည်း အရမ်းကို အလေးအနက် ဖြစ်နေမှတော့ ကျွန်တော့် ကတ်ကို ဖြတ်လိုက်...S351DT ကို ကျွန်တော် ယူလိုက်တော့မယ်...."လင်းရီ ကတ်ပေးရင်း ပြောလိုက်၏။

"လန်းလိုက်တာကွာ...လေးမီလီယမ် တန်ကြေးရှိတဲ့ကားကိုတောင်မှ မျက်တောင် တစ်ချက်မခတ်ပဲ ၀ယ်ပစ်လိုက်တယ်..."

"သူက ဓာတ်ဆီ ကတ်တွေ ရှစ်သန်းဖိုးလောက် ၀ယ်ထားတာနေမှာ...ခုလည်း လေးမီလီယမ်တန်တဲ့ ကားက်ု ၀ယ်လိုက်ပြန် ပြီ...နောက်နေတာလားကွ..."

"ဒီလောက် ချောတဲ့ ကောင်မလေး သူ့ဘေးနားမှာ ရှိနေတာ မဆန်းတော့ပါဘူး..သူက တစ်ခုခုတော့ တစ်ခုခုပဲ..."

ငွေချေပြီးနောက် လင်းရီ လန်ထျန်း ဂေဟာ၏ လိပ်စာရို ပေးခဲ့လိုက်ပြီး ကားကို ထိုနေရာသို့ ပို့ခိုင်းခဲ့လိုက်၏။

"သွားစို့..ငါတို့ ဒီနေရာမှာ ပြီးပြီဆိုတော့ ဧရိယာ Aကို တစ်ချက် သွားကြည့်ကြည့်ရအောင်..."

လင်းရီ ကျောဆန့်လိုက်သည်။ သူ့တွင် ပန်ဂနီ တစ်စင်းတည်းသာ ရှိသောကြောင့် လဲစီးရန် ကားအနည်းငယ်လောက်တော့ ၀ယ်သင့်၏။

ပန်ဂနီကြီးပဲ နေ့တိုင်းမောင်နေရသောကြောင့် သူလည်း ငြီးငွေ့လာ‌ချေပြီ...

တခြား စူပါကားများ မောင်းနှင်ရခြင်း၏ ခံစားချက်ကိုလည်း တွေ့ကြုံချင်သေး၏။

ထိုသို့ဖြင့် နှစ်ယောက်သား ကားပြပွဲ၏ အချက်အချာကျသော ဧရိယာAသို့ ရောက်ရှိလာခဲ့ကြသည်။

ထိုနေရာ၌ ချမ်းသာသော ဒုတိယမျိုးဆက် ဘီလီယမ်နာများ မရှားပါးချေ။ သို့သော်လည်း သူတို့ကတော့ ပြိုင်ကားမောင်းရခြင်းကို ပိုမိုအားသန်ကြသည်။ ထို့ကြောင့် သူတို့ထဲက မည်သူတစ်ဦးတစ်ယောက်ကမျှ မည်သည့်အကြောင်းပြချက်မျိုးဖြင့် ယခုလို ပြပွဲကြီးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။

"လင်းရီ...နင်တို့ ဒီရောက်နေပြန်ပြီပေါ့...."

လင်းရီတို့ ဧရိယာAကို ရောက်လျင်ရောက်ချင်း ရွှီရန် နှင့် ကျိုးနင်တို့ စုံတွဲကို တွေ့လိုက်ရ၏။

"အင်း ..ငါတို့လည်း ဒီမှာ ကားလာကြည့်တာလေ..."လင်းရီ သာမန် လေသံဖြင့် ပြောလိုက်၏။

"အမှန်ပဲ...ကားပြပွဲက တစ်နှစ်မှ တစ်ခါလောက်ပဲ ကြုံရတာဆိုတော့ ငါတို့ မကြည့်ရင် နှမြောစရာကြီး..."

"ရန်ရန်...ကိုတို့လည်း သွားကြည့်ရအောင်လေ..ကား၀ယ်ရင်း အလုပ်ရှုပ်နေတာနဲ့ပဲ သေချာတောင် မကြည့်ရသေးဘူး...လင်းရီတို့လည်း ရောက်လာပြီဆိုမှတော့ အတူသွားကြည့်ကြတာပေါ့...ပြီးရင် ရှော့ပင်းထွက်ပြီး စားရင်းသောက်ရင်း ပြည်ပက တင်သွင်းလာတဲ့ လန်ရိုဗာကြီး စီးရတဲ့ ခံစားချက်ကို မျှဝေကြတာပေါ့....."ကျိုးနင် အပြုံးလေးဖြင့် ပြောလိုက်သည်။

All Chapters