အားလုံးကိုယူမယ်..အဲ့လောက်ကြီးလည်း ဈေးမကြီးပါဘူး...
Vol. 5 Ch. 73
"အွန်း ..အွန်း..ဒါပေမယ့် သဲကို အရင်ပေးမောင်းလို့ရလား..သဲတစ်သက်လုံး အဲ့လောက်ကောင်းတဲ့ ကားကြီး မမောင်းဖူးလို့...."ရွှီရန် ပြောလိုက်၏။
"ဒါပေါ့...ကို့ကားကလည်း သဲရဲ့ကားပဲလေ...သဲမောင်းချင်တဲ့ အချိန် ယူမောင်းလို့ရတယ်..."ကျိုးနင် မေးကလေးကိုင်၍ ပြောလိုက်သည်။
"ပြီးတော့ ဒီကားကလည်း ရည်ရွယ်ချက်ရှိရှိ ၀ယ်ထားတာလေ...အမှန်အတိုင်း ပြောရရင်တော့ သဲလေးအတွက်ပေါ့...ဒီတော့ စိတ်ကြိုက်သာမောင်း...."
လင်းရီ မျက်လုံးများ ကျဉ်းမြောင်းသွားသည်အထိ ပြုံးလိုက်မိသည်။
ဒီကောင် လေရိုက်တာကတော့ အတော်လေး မဆိုးပါလားကွ....
လင်းရီ ကျိုးနင်၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ သို့သော်လည်း အဆင့်အတန်းခြင်း ကွာခြားလွန်းသောကြောင့် ဂရုစိုက်မနေပဲ ဒီတိုင်း လွှတ်ထားလိုက်၏။
ကျီချင်းရန်၏ မျက်နှာထက်တွင်တော့ အထင်မြင်သေးသည့် အမူအရာများ ဖြစ်ပေါ်နေလေသည်။ သို့သေည်လည်း ကျိုးနင်ကတော့ ယခုထိ မမြင်ရှာသေေးချ။
ထင်ထားတဲ့ အတိုင်းပဲ..လူလူချင်းတူရင်တောင်မှ စရိုက်နဲ့ အပြုအမူတွေကတော့ ကွာခြားတာပဲ...
ယခုမတိုင်ခင်တော့ လင်းရီမှာ လူတိုင်းကို သူလိုကိုယ်လိုတွေဟု ထင်ထားခဲ့သော်လည်း ယခုတော့ သူက အဘက်ဘက်မှ သာလွန်နေကြောင်း နားလည်သွားတော့၏။
လင်းရီမှာ ပန်ဂနီ မောင်းနိုင်သော်လည်း ကျိုးနင်လောက်တော့ မမော်ကြွားချေ။
"ဒါလင် ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲနော်...."ရွှီရန် မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ "ဒါပေမယ့် သဲက မောင်းတာ သိပ်မကျွမ်းဘူးနော်...အချစ်ရဲ့ လန်ရိုဗာ ထိခိုက်သွားမှာ မစိုးရိမ်ဘူးလား..."
"ဘာမှ မဖြစ်ဘူး...ကားကြီး တစ်ခုလုံး စုတ်ပြတ်သပ်နေပါစေ...သဲ ဘာမှ မဖြစ်ရင် ရပြီ..."
မွ...မွ
ရွှီရန် ကျိုးနင်၏ ပါးကို နမ်းလိုက်၏။
"အချစ်က အရမ်းကို ကြင်နာတတ်တာပဲ...."
"သွားစို့..ငါဗိုက်သိပ်မကောင်းချင်သလို ဖြစ်လာလို့..."လင်းရီ ပြောလိုက်၏။
"ဘာလို့လဲ...ဆေးရုံသွားမလား...."
"မဟုတ်ဘူး...ငါနည်းနည်း အန်ချင်သလို ဖြစ်နေလို့...လေကောင်းလေသန့်လေး နည်းနည်းလောက်ရှူလိုက်ရင် အဆင်ပြေသွားမှာပါ...."
ကျီချင်းရန် ပါးစပ်အုပ်၍ ပြုံးလိုက်ပြီး "အဲ့တာဆိုလည်း သွားစို့လေ..."
ကျိုးနင်နှင့် ရွှီရန်တို့ လင်းရီနောက်မှ လိုက်လာခဲ့ကြသည်။
ရှေ့မှ ကျီချင်းရန်ကိုမြင်တော့ ကျိုးနင် စိတ်ထဲတွင် ကြိတ်ပြုံးလိုက်သည်။
ငါ့ရဲ့ လန်ရိုဗာကို မြင်ရင် ချမ်းသာတဲ့သူဆိုတာက ဘယ်လိုမျိုးကို ခေါ်လဲဆိုတာ မင်းနားလည်သွားလိမ့်မယ်...
အဲ့ခါကျရင်တော့ မင်းဘေးနားက ငမွဲကောင်နဲ့ ဆက်နေချင်ပါဦးမလားဆိုတာ သိချင်ပါသေးရဲ့....
"အချစ်...သူတို့က ဘန်ထလေ ပြတဲ့ နေရာကို သွားနေသလိုပဲ...."ရွှီရန် လမ်းလျှောက်နေရင်း ပြောလိုက်၏။
"သွားပါစေပေါ့...သူတို့သွားကြည့်တာ ပိုက်ဆံပေးရတာ မှတ်လို့....."
ကျီချင်းရန် ထိုနေရာသို့ ရောက်လျင်ရောက်ခြင်း လူတိုင်း၏ အမြင်အာရုံကို ဖမ်းစားသွားတော့သည်။
ကားတစ်စီးချင်းစီတိုင်း၏ ဘေးတွင် မော်ဒယ်အလှလေး တစ်ယောက်ဆီ ရှိနေကြ၏။
သို့သော်လည်း ကျီချင်းရန်နှင့် နှိုင်းယှဉ်မည်ဆိုပါက ဆီနှင့်ရေပင်။
"ငါ ကားရှိုးပွဲကို တစ်မနက်ခင်းလုံး ပတ်ကြည့်နေတာ..ဒီလောက်လှတဲ့ အမျိုးသမီးကိုတော့ ခုမှ ပထမဆုံး မြင်ဖူးတာပဲဟေ့...."
"လှတယ် ဆိုတာဘာလဲ...အဓိပ္ပာယ်ကို သိချင်ရင် သူ့ကိုသာ ကြည့်လိုက်တော့...နှ မြောဖို့ ကောင်းတာက သူမလို မိန်းကလေးတွေက ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေးတွေ အတွက်ပဲ..."
"ငါတော့ သောက်ရမ်းတွေ မနာလို ဖြစ်နေပြီ...ငါးသန်းထီသာ ပေါက်လို့ကတော့ ဘာလုပ်မလဲ သိလား...သူမလောက်နီးနီး လှတဲ့ မိန်းကလေးကို အရင်ရှာမယ်..ဟီးဟီး...."
နှစ်ဦးသား Rolls-Royce ရုံနှင့်ကပ်ရက် ဘန်ထလေ ရုံနား ရပ်လိုက်သည်။ ဘေးနား၀န်းကျင်ရှိ ဇိမ်ခံကားများမှာ မီးရောင်ကြောင့် တလက်လက်တောက်ပနေပြီး မျက်စိပင် ကျိန်းလု မတတ်ပေ။
"ဘယ်ကားက ပိုကောင်းတယ်လို့ ထင်လဲ.. Rolls-Royce လား..ဒါမှမဟုတ် ဘန်ထလေ လား..."လင်းရီ ဒီတိုင်း မေးလိုက်၏။
"ငါ့တော့ ဘယ်ဟာမှ သဘောမကျဘူး...ကြည့်ရတာ ရုပ်ဆိုးသလားလို့...."
လင်းရီ ဆွံ့အသွား၏။ မိန်းကလေးတွေ အကြိုက်ကလည်း ထူးဆန်းလှချည်လားဟ...
ဒီကား နှစ်စင်းလုံးက အရမ်းကို ကြည့်ကောင်းတယ် မဟုတ်ဘူးလား...
"ကား စွမ်းဆောင်ရည် ကောင်းမကောင်း အရင်ကြည့်ရတယ်..လှတာ မလှတာကတော့ နောက်မှပေါ့..."
"ကား၀ယ်ရင် လှမလှ ကြည့်ပြီးမှ ၀ယ်တာ မဟုတ်လား...."
"ကျိုးဟိုင်ရဲ့ စည်းမျဉ်းတွေအရဆိုရင် မြို့ထဲမှာ တစ်နာရီကို ၅၀ ကနေ ၆၀ လောက်ထိပဲ နင်းလို့ရမှာ...အဲ့လောက်ဆိုရင်တော့ မိနီဗန်လေး ၀ယ်စီးတောင် မဆိုးဘူး...တကယ်လို့ လမ်းကြမ်းတဲ့ မြို့ပြင်တို့ ဘာတို့ဆို
ရင်ဝောာင် ကားအကောင်းစားကြီးတွေက မိနီဗန်လေးတွေ လောက်တောင် အသုံးမ၀င်ဘူး...ဒါကြောင့် ကား၀ယ်ရင် စွမ်းဆောင်ရည်တွေ ကြည့်ပြီး ၀ယ်မနေနဲ့...ကြည့်ကောင်းရင် ၀ယ်သာချလိုက်တော့... "
ကျီချင်းရန် ချက်ကျလက်ကျဖြင့် ရှင်းပြလိုက်သည်။
အာ.....
လင်းရီ နောက်ဆုံးတော့ ကျီချင်းရန် အဘယ်ကြောင့် တစ်မီလီယမ်တန် မာစီးတီး စီးနေလဲဆိုတာ နားလည်သွားတော့၏။
အကြောင်းပြချက်ကတော့ ကြည့်ကောင်းသောကြောင့်ပင်။
"ဒီလိုဆိုရင်ကော...နှစ်ခုထဲက တစ်ခု ဘယ်ဟာက ပိုကြည့်ကောင်းလဲ..."လင်းရီ ပြောလိုက်၏။
ကျီချင်းရန် သူမ ပါးကို လက်ညိုးဖြင့် ထောက်လိုက်ပြီး "အဲ့လိုလား..စဉ်းစားကြည့်လိုက်ဦးမယ်..."
"လင်းရီ...မင်းက တော်တော် ရယ်ရတဲ့ကောင်ပဲကွ...."
ကျိုးနင် အပြုံးလေးဖြင့် ပြောလိုက်သည်။
"ငါတို့ ဒီကို ကားလာကြည့်တာ မဟုတ်ဘူးလားကွ...ဘာလို့ အတည်၀ယ်တော့မယ့် ပုံစံတွေ လုပ်နေတာလဲ...မင်းလေသံ နားထောင်ရတာ တကယ်ကြီး တစ်စီးလောက် ဆွဲတော့မယ့် ပုံစံကြီး...."
"ငါ၀ယ်တော့ကော......."
"လေကြီးမနေစမ်းပါနဲ့ကွာ ..မင်းDidi မောင်းတာ ငါမသိတာကျလို့...ဒီလို ဇိမ်ခံကားမျိုးကို မင်းဘယ်နှစ်မိုးလောက် စုပြီးမှ ၀ယ်နိုင်မှာလဲ...."ကျိုးနင် ရည်ရွယ်ချက်ရှိရှိ သူ့အသံကို မြင့်၍ ပြောလိုက်သည်။
"ငိုးပဲ...အဲ့ကောင်က Didi မောင်းတဲ့ကောင်လားဟ..."
ဘေးမှ ဝိုင်းကြည့်နေသူများမှ ကြားသွားပြီးနောက်
"ကြီးကြီးကျယ်ကျယ်တွေ ပြောနေလို့ ငါက သူဌေးသား မှတ်နေတာ..."
"ဟုတ်တယ်...ရုပ်တည်ကြီးနဲ့ ချနေတော့ ငါလည်း ယုံမိတော့မလို့..."
"ကြည့်ရတာတော့ သူ့ဘေးနားက အလှလေးလဲ ဟိုကောင်ရဲ့ တော်ကီတွေကြားထဲ နစ်မြောသွားလို့နေမှာ...မကြာခင် လက်တွေ့ ကို မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်ကွာ..."
"ငါဆို ကုမ္ပဏီတစ်ခုက အမှုဆောင် အရာရှိနော်...ဒါပေမယ့် Didi ဒရိုင်ဘာထက်တောင် နိမ့်ချပြီးနေတာ...အဲ့ကောင်လုပ်နေပုံကြီးက တရားလွန်ကြီးဟ...."
လူအများအပြား လင်းရီကို ဝေဖန် ရှုတ်ချသံကို ကြားသောအခါ ကျိုးနင် ရင်ထဲတွင် တိတ်တဆိတ် ပီတိ ဖြစ်လို့နေ၏။
ငါမင်းရဲ့ မာနတွေ အကုန်လုံးကို ရိုက်ချိုးပြမယ်....
ကိုယ့်ကိုယ်ကိုလည်း ပြန်မေးကြည့်လိုက်စမ်းပါဦး
မင်းလို နိမ့်ကျတဲ့ Didi ဒရိုင်ဘာက အလှလေးနဲ့ တွဲနေတယ်ဆိုတာ တတ်ရဲ့လားလို့....
"စဉ်းစား ပြီးပြီလား..."လင်းရီ ပတ်၀န်းကျင်ပို လျစ်လျူရှု၍ ကျီချင်းရန်ကို မေးလိုက်၏။
"ဟင့်အင်း...ကြည့်ရတာတော့ အတူတူပဲ...ဘယ်ဟာက ပိုကြည့်ကောင်းလဲ မသိတော့ဘူး..."
"လင်းရီ..မင်းဘာလို့ ငါပြောတာကို နားမထောင်တာလဲဟ...ငါတို့အားလုံးက အတွင်းသိ အဆင်းသိတွေပဲလေ...ဟန်ဆောင်စရာမှ မလိုတာ..."ကျိုးနင် ပြောလိုက်၏။
"ငါဟန်ဆောင်နေတယ်လို့ ဘယ်သူပြောလဲ...ဒီတိုင်း ကားလေး တစ်စင်းကိုများကွာ...ငါက ဟန်ဆောင်ပြီး ဘာလုပ်ရမှာ..."
ကျိုးနင် ပခုံးတွန့်လိုက်ပြီး "ပြီးတာပဲလေ...မင်းတတ်နိုင်ရင် ပြီးရောပဲ...ဒါပေမယ့် မင်းငါ့ကို ပြောတဲ့အတိုင်း တတ်နိုင်ရင် နှစ်စင်းလုံး ၀ယ်လိုက်ပေါ့..ဘာလို့ ခေါင်းအရှုပ်ခံနေမှာလဲ..."
"ဟားဟား...သူများကိုကျတော့ ပြောချင်ပြီး သူကိုယ်တိုင်ကျ အဲ့လို မလုပ်ရဲဘူးတဲ့လား...."
"အင်း...မင်းပြောမှပဲ သတိရတယ်..."လင်းရီ ပြုံးလိုက်သည်။
"အဲ့လိုဆိုမှတော့ နှစ်စီးလုံးယူလိုက်မယ်..အဲ့လောက်ကြီးလည်း ဈေးမရှိပါဘူး..."
ကျိုးနင် ကြက်ေ-သေ-သသွားတော့သည်။
"ဟျောင့်...မင်းဘာပြောလိုက်တယ်....နှစ်စီးလုံးယူမယ် ဟုတ်လား..."
"ဒါပေါ့...ကလေးတွေပဲ ရွေးချယ်ခွင့်ရှိတာလေ...ငါတို့လို အရွယ်ရောက်ပြီးတဲ့သူတွေက ဘယ်မျက်နှာနဲ့ ရွေးချယ်ရမှာ ..အကုန်လုံး ၀ယ်လိုက်ရင် ကိစ္စပြတ်ကရော မလား...."
စက္ကန့်အနည်းငယ်လောက် ဘန်ထလေ ကားရုံတွင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထို့နောက် လှောင်ရယ်သံများ ပွက်ပွက် ညံလာပြန်တော့၏။
"ဟားဟား...ရယ်လိုက်ရတာကွာ..ဒီသောက်ကလေးက ဘာတွေ လေဖှာက်ပြောနေပါလိမ့်..ဘန်ထလေ နဲ့ Rolls-Royce နှစ်စင်းပေါင်းရင် ၁၅ မီလီယမ်လောက်ရှိတယ်...အဲ့တာတောင်မှ အကုန်ယူမယ် လုပ်နေတယ်...ဟုတ်လား..."
"ကြွားတာကတော့ ကြွားပေါ့ကွာ..ဒါပေမယ့် အကြွားလွန်လို့ အမြင့်ရောက်သွားပြီး ပြုတ်ကျရင်တော့ အကျနာလိမ့်မယ်..."
"အေးလေကွာ...သူ့မာန အထိမခံချင်လို့ ပြောချင်တယ် ဆိုရင်တောင်မှ အဲ့လိုကြီးတော့ လက်လွတ်စပယ် ပြောလို့ မရဘူးလေ...တကယ်လည်း တတ်နိုင်တာမဟုတ်ပဲနဲ့"
လင်းရီ လက်ဝှေ့ရမ်းလိုက်ပြီး အရောင်းသမလေးကို ခေါ်လိုက်၏။
"လူကြီးမင်း....ဒီကားမော်ဒယ်က ဒီနှစ်ရဲ့ နောက်ဆုံးထွက်မော်ဒယ်ပါ...ဈေးကတော့ ၄.၈ မီလီယမ် ရှိတယ်..."
ရောင်းသည့် မိန်းကလေး၏ မျက်လုံးထဲတွင်တော့ အထင်သေးရိပ်များ တစ်စွန်းတစ်စ လှစ်ဟာနေသည်။
ဟွန့်...အဲ့လိုငကြွားတွေကို ဘာသောက်ထင်မှ မကြီးဘူး
"အဲ့တာက နောက်ဆုံး မော်ဒယ်မှန်း ငါလည်းသိတယ်...မင်းငါ့ကို သတိပေးဖို့ မလိုဘူး...."
ထိုသို့ပြောရင်း လင်းရီ နောက်ထပ် အရောင်းမိန်းကလေး တစ်ဦးကို လှမ်းခေါ်လိုက်ပြီး သူ၏ ဘဏ်ကတ်ကို ကမ်းပေးလိုက်သည်။
"ငါ ဒီရဲ့ ဘန်ထလေကိုယူမယ်..ရော့ ..ဒီမှာ ငါ့ရဲ့ ဘဏ်ကတ်...လျို့ဝှက်နံပါတ်က ၀၀၀၀၀၀၀...မင်းတို့ ရောင်းတဲ့ကတ်နဲ့ ငွေလက်ခံလိုက်..."
အရောင်းမိန်းကလေးမှာ ကြက်ေ-သေ-သသွားပြီး သူမ၏ လက်ထဲတွင် ကတ်ကို ကိုင်ကာ တုန်ရင်နေတော့၏။
ဘာမှ မမေးမမြန်းပဲနဲ့ ဒီလိုကြီး ၀ယ်ပစ်လိုက်တယ်ပေါ့...
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် အရောင်းမိန်းကလေးမှာ လင်းရီကတ်ကို ပြန်ပေးလိုက်၏။
"လူကြီးမင်း...ကျွန်မ ငွေလက်ခံ ပြီးပါပြီရှင့်...ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ပြင်ဆင်ပေးပါ့မယ်...."
ဟစ်.....
ထိုစကားကြားတော့ လူတိုင်း လေအေးများ ရှိုက်သွင်းမိလိုက်ကြသည်။
အတည်ကြီး ၀ယ်လိုက်တယ်ဟ....
ဒါက လေးမီလီယမ် ကျော်တဲ့ ဘန်ထလေကြီးလေကွာ....
ပထမဆုံး အခေါ်ခံလိုက်ရသော အရောင်းမိန်းကလေးကတော့ နောင်တအကြီးအကျယ်ရနေပြီး လက်ရှိဖြစ်နေသည်မှာ အိပ်မက်တစ်ခု ဖြစ်ပါစေဟုတောင် ဆုတောင်းနေမိ၏။
သွားပြီ...ငါရမယ့် ကော်မရှင်ခတွေတော့ သွားကုန်ပြီ....