← Chapters

မာစီးတီးတောင်မှ ဘရန်းအသေးလေး ဖြစ်နေပြီလား.

Vol. 5 Ch. 74

မာစီးတီးတောင်မှ ဘရန်းအသေးလေး ဖြစ်နေပြီလား.

Vol. 5 Ch. 74

"ဒီတိုင်း အရောင်းအ၀ယ်စာချုပ်ပဲ အရင်‌ပြင်ထားလိုက်..ငါ ဟိုဘက်နားက Rolls-Royce သွားကြည့်လိုက်ဦးမယ်...ဒါပေမယ့် ဒီကားက မင်းတို့ ကျိုးဟိုင်ကို ပို့ပေးရမှာနော်...ဖြစ်ပါ့မလား..."

"ဒါပေါ့ရှင့်...ကျွန်မတို့ အဲ့ဒီမှာလည်း ဆိုင်ခွဲ ရှိပါတယ်...."

"‌ကောင်းပြီလေ..."

လိပ်စာကို ထားရစ်ခဲ့ပြီးနောက် လင်းရီ ကျီချင်းရန်ကို Rolls-Royceရှိသည့်နေရာသို့ ခေါ်သွားလိုက်သည်။

နှိုင်းယှဉ်ပါက Rolls-Royce နေရာရှိ အရောင်း၀န်ထမ်းများက ပို၍ ဖော်ဖော်ရွေရွေ ရှိသေးသည်။

ယူနီဖောင်း၀တ်ဆင်ထားသော အရောင်း အမျိုးသမီးမှာ လင်းရီ ကို နွေးထွေးစွာ ကြိုဆို လိုက်ပြီး "လူကြီးမင်း Rolls-Royceကို ကြည့်ချင်နေတာလားရှင့်...ဒါကဒီနှစ်ထုတ် နောက်ဆုံး မော်ဒယ်ပါ...ပြီးတော့ နောက်ထပ် အာမခံ ၀န်ဆောင်မှု....."

"ငါ က လာကြည့်တာမဟုတ်ဘူး...."

"ကြည့်နေတာ မဟုတ်ဘူးပေါ့...."

အရောင်းမိန်းကလေးမှာ ကြက်‌ေ-သ‌ေ-သသွားပြီး "လူကြီမင်း ပြောတော့ ဘန်ထလေ နဲ့ Rolls-Royceကို အတူ ၀ယ်ချင်တယ်ဆို...ဘာလို့ ခုမှ...."

"ဟုတ်တယ်လေ..ငါပြောတာ ငါ၀ယ်မယ်လို့ ပြောတာလေ...ကြည့်မယ်လို့ ပြောတာမှ မဟုတ်တာ....ဒီတော့...."လင်းရီ သူ၏ ဘဏ်ကတ်ကို ထုတ်ပေးလိုက်ပြီး "ကတ်ဖြတ်လိုက်တော့...လျို့ဝှက်နံပါတ်က ၀၀၀၀၀၀၀"

ဖူး.....

ထိုစကားကို ကြားသည့်သူတိုင်း ထပ်မံ သွေးအန်ရပြန်တော့သည်။

ငါ-ိုးပဲ ၁၅ မီလီယမ်နော်...အဲ့တာတောင် မျက်တောင်မခက် ၀ယ်လိုက်တယ်ပေါ့...

မင်းတို့ မိသားစုက ငွေတွေများပရင့် ထုတ်နေတာလားဟ.....

"သောက်ကျိုးနည်းကြီး လန်းတယ်ကွာ...ကား၀ယ်တာ မျက်တောင် တစ်ချက်တောင် မခတ်သွားဘူး..သခင်လေးချင်းနဲ့ ဥက္ကဌ ၀မ်တောင် ပိုက်ဆံကို အဲ့လို သုံးရဲမှာ မဟုတ်လောက်ဘူး......"

"ဘာတွေ ဖြစ်နေတာလဲဟ...ဒီကောင် Didi မောင်းရင်း ပိုက်ဆံတွေအဲ့လောက် ထောနေတာလားဟ..."

"အဲ့လိုဆိုမှတော့ သောက်ရမ်းဟော့တဲ့ မိန်းကလေးရတာ မဆန်းတော့ပါဘူးကွာ... လက်စသတ်တော့ သူတတ်နိုင်လို့ကိုး...."

လင်းရီ သူ၏ ဘဏ်ကတ်ကို အရောင်းမိန်းကလေးထံ ကမ်းပေးလိုက်၏။

ကျိုးနင်ကတော့ မျက်နှာ စိမ်းပုပ်နေသည်။

"ရန်ရန်...ဘာ...ဘာတွေ ဖြစ်နေတာလဲ....ဘာလို့ မင်းရဲ့ အတန်းဖော်က ဒီလောက် ချမ်းသာနေတာလဲ...သူ Didi နဲ့ အသက်မွေးနေတာ မဟုတ်လား...."

"အင်း...သူကိုယ်တိုင် ပြောတာ‌ပဲလေ..."ရွှီရန် စိုးရိမ်သောက ရောက်စွာဖြင့် ပြောလိုက်သည်။

"သူကိုယ်တိုင် ပြောနေမှတော့ ညာနေတာ မဟုတ်လောက်ဘူးထင်တယ်...."

ကျိုးနင်ကတော့ စိတ်အခြေအနေ ဆိုးရွား နေလေသည်။

ငါခုလေးတင် ဘီလီယမ်နာ ရှေ့မှာ ရှိုးပြနေမိတာ မဟုတ်လား...

ရှက်ဖို့ ကောင်းလိုက်တာကွာ....

အရောင်းအ၀ယ် စာချုပ် ချုပ်ဆိုပြီးနောက် လင်းရီ ကျီချင်းရန် နှင့်အတူ ထွက်သွားခဲ့သည်။ ထိုအချိန်တွင် ကျိုးနင် နောက်မှ လိုက်လာပြီး "ညီကိုရီ...မင်းက သောက်ရမ်း ရက်ရောတာပဲကွ...ဘန်ထလေနဲ့ Rolls-Royce ကိုတောင်မှ တစ်ပြိုင်တည်း ၀ယ်ပစ်လိုက်တယ်...ငါတော့ မင်းကို အရမ်း အထင်ကြီးမိသွားပြီ...."

"ရက်ရောတယ်...၁၀ မီလီယမ်လေးကိုများကွာ...ရက်ရောတယ်လို့ မခေါ်ဘူးဟ ညီကိုရ...."လင်းရီ ပြောလိုက်၏။

သူ၏ ပန်ဂနီကပင် ၂၈ မီလီယမ် တန်ကြေးရှိ၏။ ယခု သူကားနှစ်စီး ‌၀ယ်တာတောင်မ ၁၅ မီလီယမ်သာ ကျသင့်ပေသည်။ ဈေးကြီးတယ်လို့ မဆိုနိုင်သေးပေ။

"ငိုးပဲ...လန်းလိုက်တာကွာ...ငါ့အထင်တော့ ၁၅

မီလီယမ်က သူ့မျက်လုံးထဲမှာ ၁၅၀၀ ပဲနေမှာ...."

"ငါတို့လည်း ဘယ်အချိန်ကျမ သူ့အမြင့်လောက် ရောက်နိုင်မှာလဲကွာ..."

"ဒီလောက်လှတဲ့ အမျိုးသမီးသမီးရဲ့ နှလုံးကို သိမ်းပိုက်ထားနိုင်တာ မဆန်းတော့ပါဘူး...ငါတော့ အရမ်းကို မနာလိုနေပြီ...."

တခြားသူများကို အသာထား..ကျိုးနင်ပင် မနာလို ဖြစ်နေလေ၏။

"ညီကို လင်း ငါမင်းကို မေးချင်လို့...မင်းပြောတော့ Didi မောင်းတာဆို..ငါလဲ Didi မောင်းရင် မင်းလောက် ၀င်ငွေ ကောင်းနိုင်ပါ့မလား..."

"မသိဘူးလေ...ငါ့လို ပန်ဂနီနဲ့ Didi ပြေးရင်တော့ ကောင်းရင် ကောင်းမှာပေါ့ဟ...."

ဟစ်......

"သောက်ကျိုးနည်း...မင်းတကယ်ပဲ ပန်ဂနီနဲ့ Didi မောင်းတယ်ပေါ့...ငါသိသလောက် ဆိုရင် ပန်ဂနီ ဇွန်ဒါက ၂၈ မီလီယမ် တန်ကြေးရှိတယ်....ငိုးပဲ..ဒီခုခေတ် သူဌေးသားတွေကတော့ ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်းသိတာပဲ..."

ကျိုးနင် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့၏။ သူမျက်နှာ ဖြတ်ရိုက်ခံလိုက်ရုံတင်သာမက အပို တိုက်ခိုက်ချက်များကိုပင် ရရှိလိုက်သေးသည်။

ထိုအချိန်တွင်တော့ ၀တ်စုံပြည့်နှင့် သက်လတ်ပိုင်း လူကြီးတစ်ယောက် ၀င်လာပြီး ..."ဆရာ...ကျွန်တော်က ဘူဂတီ ပြခန်းက ‌အရောင်းမန်နေဂျာပါ.. ကျွန်‌တော်တို့ ဘူဂတီကို တစ်ချက်လောက် လိုက်ကြည့်ဖို့ စိတ်၀င်စားရဲ့လား မသိဘူးဗျ"

ထိုအချိန်တွင်တော့ ဇိမ်ခံကားရောင်းသည့်နေရာရှိ အရောင်းကိုယ်စားလှယ်စားလယ်များ၏ မျက်နှာများ စိမ်းပုပ်လာကြတော့သည်။

သူတို့ ဘယ်လိုလုပ် ဒီလို တိုင်ကွန်းမျိုးကို လွယ်လွယ်နဲ့ လက်လွတ်ပေးနိုင်မှာလဲ....

"ဘူဂတီ...."လင်းရီ ရေရွတ်လိုက်ပြီး "မှတ်မိပြီ...မင်းတို့ ဘူဂတီရဲ့ နောက်ဆုံးထွက် မော်ဒယ်က ဘူဂတီ ချီရွန်၀မ်း ဟုတ်တယ်မလား...."

"ဟုတ်ပါတယ်...ချီရွန်၀မ်းက ကျွန်တော်တို့ဘရန်းရဲ့ နောက်ဆုံးထွက် ကားမော်ဒယ်ပါဗျ...သူက စပိ လစ်မစ်ရီကော့ကို ချိုးဖြတ်ထားတာပါ...တစ်‌နာရီကို ၄၉၀ မိုင်လောက်အထိ နင်းလို့ ရပါတယ်ဗျ....ကမ္ဘာပေါ်မှာ ရှိတဲ့ ပြိုင်ကားတွေထဲမှာ အမြန်ဆုံးလို့တာင် ဆိုလို့ရပါတယ်...."

"အင်း...ငါ ချီရွန်၀မ်း အကြောင်း အများကြီးသိတယ်...ဒီ တ-ရုတ်ပြည်မှာ အဲ့ကားရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ...."

"ချီရွန်၀မ်းက တ-ရုတ်ပြည်မှာ ဆိုရင်တော့ နည်းနည်းလေး ဈေးကြီးပါတယ်...၄၃ မီလီယမ် လောက်ပေါ့ဗျာ..."အရောင်မန်နေဂျာမှ ပြောလိုက်၏။

"တကယ်လို့ ဆရာက ကားရဲ့ဈေးနှုန်းကို မကျေနပ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာ တခြားပြိုင်ကားကောင်းတွေလည်း အများကြီးရှိပါသေးတယ်...ဆရာ မြင်လိုက်တာနဲ့ အကြိုက်ဖြစ်စေရမယ်လို့ ရဲရဲကြီး အာမခံရဲပါတယ်ဗျ...."

ကားမှာ အနည်းငယ် ဈေးကြီးသော်လည်း မေးသူမှာ လင်းရီ ဖြစ်နေသောကြောင့် အရောင်းမန်နေဂျာမှာ အမှန်အတိုင်း ပြောပြလိုက်သည်။

"မင်းတို့ကောင်တွေ သူ့ကို အချဉ်ဖမ်းနေတာလားကွ...၄၃ မီလီယမ် တန်ကြေးရှိတဲ့ ကားကိုတောင် လာပြီး ပရိုမိုးရှင်း ဆင်းနေတယ်ပေါ့...."

"ချမ်းသာတဲ့ ဒုတိယမျိုးဆက်က ချမ်းသာတယ်ဆိုပေမယ့် ဉာဏ်ရှိတယ်... မင်းတို့ရဲ့ လှည့်ကွက်တွေထဲတော့ လုံး၀ မရောက်ဘူး....လစ်လိုက်တော့..."

"ချီရွန်၀မ်းက သောက်ရမ်း ဈေးကြီးလွန်းတယ်...ချိုင်းနားက လူဘယ်လောက်များများ တတ်နိုင်မှာတဲ့လဲ...."

"ကောင်းပြီ...လူတိုင်းပဲ..တစ်ချက်လောက် ငြိမ်ပေးကြပါ..."လင်းရီ အသံများ ဆူ‌ညံနေသောကြောင့် ခေါင်းကိုက်လာလေသည်။

"သူပြောတာတွေထဲ မှားနေတာလည်း တစ်ခုမှ မပါဘဲနဲ့...အဲ့တာကို ခင်များတို့က ဘာလို့ ဝေဖန်နေကြတာတုန်း...."

လင်းရီ အရောင်းမန်နေဂျာ၏ ပခုံးကို ပုတ်လိုက်ပြီး "ဒါက မင်းနဲ့ ဘာမှ မဆိုင်ဘူး...စိတ်ထဲ ထားမနေနဲ့..."

"အဆင်ပြေပါတယ်...အဆင်ပြေပါတယ်ဗျ....."

အရောင်းမန်ဂျာမှ ပြောလိုက်သည်။

"အာ့ဆိုလည်း တောင်းပန်တဲ့အနေနဲ့ စာချုပ်‌လေး လုပ်လိုက်ရအောင်..ငါချီရွန်၀မ်းကို ၀ယ်မယ်...."

"ဖက်ခ်...သူတကယ်ကြီး ၀ယ်လိုက်တယ်ဟ....အဲ့တာက ၄၃ မီလီယမ်တန်ကြေးရှိတဲ့ ချီရွန်၀မ်းလေကွာ...."

အောင်မယ်လေး....ဘယ်လောက်တောင် ကြောက်ရွံ့ဖို့ကောင်းလိုက်လဲ.....

"ဟုတ်...ဟုတ်ကဲ့...အခုချက်ချင်း စာချုပ်ယူခဲ့ပေးပါ့မယ်ဗျ....."

ထိုအချိန်တွင် Lykan၏ အရောင်းမန်မေဂျာ ရောက်လာပြီ "ဟဲလို လူကြီးမင်း ..ကျွန်တော်က လွိုင်ကန် အာရှပစိဖိတ် ဒေသရဲ့ အရောင်းဒါရိုက်တာပါဗျ...ကျွန်တော်တို့လည်း ဒီရဲ့ ကားပြပွဲကို နောက်ဆုံးပေါ် ကားမော်ဒယ်တွေ ‌သယ်လာခဲ့ပါတယ်...."

"ငိုးပဲ....ယူနစ် ၇ခုထဲက တစ်ခုကို ၆၆ မီလီယမ်နဲ့ ရောင်းလိုက်တဲ့ လွိုင်ကန်မလား...ချီရွန်၀မ်း ထက်တောင် အများကြီး ‌ဈေးကြီးနေသေးတယ်...."

"ခုလို ချမ်းသာတဲ့ သူကို တွေ့ရတာက ရှားတယ်ဆိုတော့ ရောင်းတဲ့ကောင်တွေလည်း ရူးသွပ်သွားပြီနေမှာ...."

လင်းရီ တခဏမျှ တွေးတောလိုက်ပြီး "ခင်များရဲ့ လွိုင်ကန်က အကန့်အသတ်နဲ့ ထုတ်တဲ့ကားမလား...."

"ဟုတ်ပါတယ်ဗျ...ကမ္ဘာပေါ်မှာ ၇ စီးပဲ ရှိတာပါ...."

"ကောင်းတာပဲလေ..တစ်စီးလောက် ယူလိုက်တာပေါ့...ငါလည်း မောင်းရင်း ငြီးငွေ့လာရင် နောက်တစ်စီး ချိန်းလို့ ရတာပေါ့...."

ထိုအချိန်တွင် တစ်စုံတစ်ယောက် လင်းရီထံ လျှောက်လာပြီး "ဆရာ...ကျွန်မက Koenigsegg ရဲ့ အရောင်းမန်နေဂျာပါရှင့်...."

"အင်း...ကျုပ်လည်းKoenigsegg ရဲ့ Rs မော်ဒယ်အသစ်အကြောင်း ကြားဖူးတယ်..."

"ဟုတ်ပါတယ်ရှင့်... Koenigseggရဲ့ မျိုးဆက်အသစ် Rs ကို ကာဗွန်ဘော်ဒီနဲ့ အသုံးပြုထားတာပါ...ပိုပေါ့ ပိုမြန်ပြီးတော့ ဒီRs ဂျန်နရေးရှင်းက အမိုက်ဆုံး အသံပါဝါရှိတယ်ဆိုတာ ရဲရဲကြီး အာမခံနိုင်ပါတယ်ရှင့်...တကယ်လို့ လူကြီးမင်းကသာ လမ်းပေါ်မှာ ထွက်မောင်းလိုက်လို့ကတော့ လူတိုင်းရဲ့ အာရုံစိုက်ခံရမှာ မလွဲမသွေပါပဲ...."

"အာ့ဆို ဈေးနှုန်ကကော...."

"၃၃ မီလီယမ် တည်းပါရှင့်...."

"အိုကေတယ်...စာချုပ်သာ သွားပြင်လာခဲ့လိုက်...."

အနီးတစ်ဝိုက်ရှိ လူများကတော့ အံ့အားသက့်ပြီးရင်း အံ့အားသင့်နေတော့၏။

ဘန်ထလေ ၄.၉ မီလီယမ်....

Rolls-Royce ၉.၃ မီလီယမ်.....

ဘူဂတီ ချီရွန်၀မ်း ၄၃ မီလီယမ်....

လွိုင်ကန် ၆၆ မီလီယမ်....

Koenigsegg Rs ၃၃ မီလီယမ်....

ကားများ အားလုံး၏ တန်ဖိုးကို စုပေါင်းလိုက်ပါက သန်း ၁၅၀ ကျော်သွားပြီ ဖြစ်၏။

ဒီလောက် ကားတွေ အများကြီး ၀ယ်ပြီးတော့...သူ ဘယ်နေရာမှာ သွားထိုးထားမှာလဲဟ....

လင်းရီ အရောင်းကိုယ်စားလှယ်များနှင့် တစ်ယောက်ပြီး တစ်ယောက် စာချုပ်ချုပ်နေသည်ကို မြင်သောအခါ ကျိုးနင် အလောတကြီး ပြေးလာပြီး "ညီကို ရီကတော့ ကားတွေ အများကြီးကို တစ်ပြိုင်တည်း ၀ယ်ပစ်လိုက်တာပဲ...ကျုပ်ကတော့ အများကြီး သင်ယူလိုက်ရပြီ...."

"အေးဆေးပေါ့...ငါလဲစီးဖို့ နောက်ထပ်ကားတွေ အများကြီး ၀ယ်ဦးမှာ...."

လင်းရီ၏ ဘာမျှ ဂရုမစိုက်သော အမူအရာကို မြင်သောအခါ ကြည့်ရှုနေသူအားလုံး မနာလို ဖြစ်သွားကြ၏။

အင်း ..ဒီနေ့တော့...ငါတို့ အမြင်တွေ ကျယ်သွားပြီပဲ

ရွှီရန် ကတော့ လင်းရီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ရှုလို့နေ၏။

အကယ်၍ သူမသာ တစ်နေ့ လင်းရီ ဤမျှ ချမ်းသာမည်ကို ကြိုသိခဲ့ပါက ကျောင်းတုန်းကတည်းပင် လက်ဦးမှု ရယူထားမိလိမ့်မည်။

ဟင်း...ငါဘာလို့ သူ့လိုလူစားမျိုးနဲ့ လွဲချော်ခဲ့မိပါလိမ့်....

"မန်နေဂျာရွှီ...အဲ့တိုင်ကွန်းက သွားတော့မယ်ထင်တယ်... ကျွန်မတို့လည်း သွားမေးကြည့်ရအောင်....Koenigsegg ရဲ့ အရောင်းမန်နေဂျာတောင်မှ ဒီတိုင်းကံ စမ်းလိုက်တာ အတည် ‌၀ယ်သွားသေးတာပဲ...."မာစီးတီးရုံဘက်မှ အရောင်းမိန်းကလေးတစ်ဦးမှ ပြောလိုက်၏။

"ကျွန်မတို့သာ သွားမေးရင် တစ်စီးလောက်တော့ရောင်းထွက်နိုင်လောက်တယ် မဟုတ်လားရှင့်..."

"သူ ခုလေးတင် Koenigsegg ကို ၀ယ်လိုတယ်ဆိုတာ မြင်တယ်မလား..."

အရောင်းကိုယ်စားလှယ်မှ နေ၍ "ငါတို့ဆီမှာ ရှိတဲ့ ဈေးအကြီးဆုံးကတောင် ၃ မီလီယမ်လောက်ပဲ တန်ကြေးရှိတာ...ဘယ်လိုလုပ် ငါတို့ကားကိုစိတ်၀င်စားမှာလဲ...ဒီလို အခြေအနေမျိုးမှာ ငါတို့လို ဘရန်းအသေးလေးတွေက အေးဆေးနေသင့်တယ်....."

အမျိုးသမီး အရောင်းမိန်းကလေးမှာ ရုတ်ချည်း ကြက်‌ေ-သ‌ေ-သသွားတော့၏။

သူမ ကမ္ဘာကြီးကို မြင်သည့်အမြင် ရုတ်တရက် ပြောင်းလဲသွားသကဲသို့ ခံစားလိုက်ရ၏။

မာစီးတီးတောင်မှ ဘရန်းအသေးလေး ဖြစ်နေပြီလားဟ......

All Chapters