← Chapters

အခန်း (၇၆)

Vol. 6 Ch. 76

အခန်း (၇၆)

Vol. 6 Ch. 76

"မင်း ဇစ်မပါတာ တစ်ခုခု ၀တ်လို့ မရဘူးလားဟ..."

လင်းရီ ရေချိုးခန်းထဲသို့ လျှောက်သွားရင်း ပြောလိုက်၏။

ရေချိုးခန်းထဲတွင်တော့ ကျီချင်းရန် အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး ဖြစ်နေသည်။ တခမ်းတနားကြီး ၀တ်ထားသည်ဟု မဆိုနိုင်သော်လည်း သာမန် ရိုးရိုးရှင်းရှင်း နှင့် ကြည့်လို့တော့ မဆိုးချေ။

"နင်တို့ ယောက်ျားလေးတွေက အဲ့လို လုပ်ပေးရမယ်ဆို သိပ်ပျော်တာ မဟုတ်ဘူးလား...ဘာတွေ ပွစိပွစိ လုပ်နေတာ...."ကျီချင်းရန် ဂုဏ်ယူစွာ ပြောလိုက်လေသည်။

"မှားတယ်..ငါတို့က ချွတ်ရတာပဲ ကြိုက်တာ..ဘာလို့လဲဆိုတော့ ချွတ်ပြီးရင် တိုက်ပွဲကြီး ဆင်နွဲလို့ရပြီလေ...ဆန့်ကျင်ဘက်လုပ်ပြီး မင်းက လာ၀တ်ခိုင်းမှတော့ တိုက်ပွဲကြီးက ဘယ်နားမှာ သွားရှိတော့မှာ..."

"ဘာတွေ လျှောက်ပြောနေတာ....နဲနဲလေး အလေးအနက် ထားပေးလို့ မရဘူးလားဟဲ့..."အရွယ်ရောက်ပြီးသည့် အမျိုးသမီးတစ်ယောက်အနေနှင့် လင်းရီ ဘာကို ဆိုလိုချင်နေမှန်း သူမနားလည်၏။

"လက်တွေ့ ဆန်စမ်းပါဟ..."

လင်းရီ ကျီချင်းရန် ဘေးသို့ သွားလိုက်ပြီး ဇစ်ကို အပေါ်သို့ ဆွဲပေးလိုက်သည်။ သို့သော်လည်း မရွေ့လာပေ။

တစ်ခုခုတော့ မဟုတ်သေးပါဘူးဟ...

"ခဏစောင့်ဦးနော်..ငါကတ်ကြေး သွားယူလိုက်ဦးမယ်..."

"ဟမ်...ဘာလုပ်မလို့..ငါ တစ်စုံတည်း ယူခဲ့တာနော်...နင်သာ ဖြတ်လိုက်မယ်ဆိုရင်တော့ ငါ့မှာ ၀တ်ဖို့ ရှိမှာ မဟုတ်တော့ဘူး..."

"မပူပါနဲ့...ငါမင်းရဲ့ စကတ်ကို မညှပ်ပါဘူး..."လင်းရီ ပြောလိုက်ပြီး "မင်းရဲ့ ပင်တီ အစွန်းက ဇစ်နဲ့ လာညှီနေလို့ အဲ့ဒီနေရာကို ဖြတ်လိုက်မယ်..."

ကျီချင်းရန် ရှက်သွေးဖြန်းသွားသည်။ ထိုကဲ့သို့သောရှက်ဖွယ် ကိစ္စမျိုးက သူမဆီ၌ ဖြစ်ပျက်နေလိမ့်မည်လို့ မမျော်လင့်ထားခဲ့ပေ။

"မဖြစ်နိုင်တာ...ငါ၀ယ်ထားတာတောင် မကြာသေးဘူး..ဘယ်လိုလုပ် ချည်စတွေက ပြေထွက်ကုန်တာ...."

"ဇာနဲ့ဆိုမှတော့ ဒီလို ဖြစ်တာက မဆန်းဘူ‌ေးလ..."

"တော်ပြီ..မပြောနဲ့တော့...နင့် ကတ်ကြေးပဲ သွားယူလိုက်တော့...."ကျီချင်းရန် ခရမ်းချဉ်သီး မျက်နှာ‌ဖြင့်ပြောလိုက်သည်။

လင်းရီ အတွင်းခံ၌ စွန်းထွက်နေသော ဇာစလေးကို ကတ်ကြေးဖြင့် သေချာ ဖြတ်တောက်လိုက်ပြီး စကတ်ကို သေချာ ဇစ်ဆွဲပေးလိုက်၏။

"မင်း၀ယ်ထားတဲ့ ဒီဇိုင်းလေးက လုံး၀ အလန်းပါလား..ဟယ်လိုကစ်တီပေါ်မှာမှ ဇာချည်လေးနဲ့...ဒီလို ဒီဇိုင်းမျိုးက တော်တော်လေး ဆန်းတယ်.."

"ဟွန့်...ဘာတွေ လျှောက်ပြောနေမှန်းမသိဘူး..."ကျီချင်းရန် အရှက်သည်းသွားပြီး "တစ်ခုခု အရင်သွားစားကြစို့..ဗိုက်ဆာနေပြီ..."

ကျီချင်းရန်၏ ရှက်နေသည့် အမူအရာကို မြင်တော့ လင်းရီလည်း အနည်းငယ် အံ့အားသင့်သွားသည်။

အေးစက်ပြီး ရင့်ကျက်တည်ငြိမ်စော စီအီးအိုမမတွင် ချစ်ဖို့ကောင်းသော အခြမ်းလည်း ရှိနေလိမ့်မည်လို့ ထင်မထားချေ။

ကိစ္စကိုယ်စီ ရှင်းပြီးနောက် နှစ်ယောက်သား ဟိုတယ်ရှိ စားသောက်ဆိုင်သို့ သွား၍ ရိုးရှင်းသော နံနက်စာကို သုံးဆောင်လိုက်သည်။

ထို့နောက် ရန်ချိန်ရှိ ရုံးခွဲသို့ ဦးတည်လိုက်ကြတော့၏။

......

ချောင်ရန် အုပ်စု...ရန်ချိန်ရုံးခွဲ....

"ဟုတ်ကဲ့...ဟုတ်ကဲ့...နားလည်ပါပြီ....ကျေးဇူးပဲနော် ဥက္ကဌကျောက်...."

ရုံးခန်းထဲတွင်တော့ ‌အထွေထွေ မန်နေဂျာ တင်ကွမ်းကျဲမှ တည်ငြိမ်သော အမူအရာဖြင့် ဖုန်းချလိုက်သည်။

ထို့နောက် ကျုံးဟွာ စီးကရက်ကို မီးညှိလိုက်ပြီး တစ်ရှိုက်လိုက်သောက်ကာ ဘေးသို့ အသာလေးချထားလိုက်၏။

"အတွင်းရေးမှူးလီ...ဘဏ္ဍာရေး တာ၀န်ခံ တုန် ကို ခေါ်ပေးစမ်း..."

"နားလည်ပါပြီ ဥက္ကဌတင်..."တံခါးအပြင်ဘက်မှ အသံထွက်ပေါ်လာသည်။

မကြာမီ ရုံးခန်းထဲသို့ အသက်သုံးဆယ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့သည်။

အမျိုးသမီး၏ နာမည်မှာ တုန်ရွှမ်း ဖြစ်ပြီး သူမ၏ ဖြောင့်စင်းသော ဆံကေသာတို့မှာ ပခုံးပေါ်သို့ ဖြာကျနေလေသည်။ ဒူးလောက်အထိသာ ရှည်သော အနီရောင် ရောင် စကတ်တိုကို ၀တ်ဆင်ထားပြီး တင်ပါးမှာလည်း စွင့်ကား၍ မိုးပေါ်သို့ ထိုးထွက်မတတ်ပင်။

"ဥက္ကဌတင်..."

"မင်းကို ဘာလို့ ခေါ်လိုက်ရလဲဆိုတာ သိလား...ငါမင်းကို အရေးတကြီး မေးစရာရှိလို့..."တင်ကွမ်းကျဲ ပြောလိုက်၏။

"ခုလောလောဆယ် ဘဏ်အကောင့်ထဲမှာ ငွေ ဘယ်လောက် ကျန်သေးလဲ..."

"၁၀ မီလီယမ် ကျန်သေးတယ်..တကယ်လို့ ရုံးချုပ်ကသာ ငွေမချပေးသေးဘူးဆိုရင် နောက်တစ်ပတ်ဆိုရင်တော့ ပရောဂျက်တွေ အကုန် ရပ်တန့်ရတော့မှာ..."တုန်ရွှမ်း အမှန်အတိုင်း ပြောလိုက်၏။

"တကယ်လို့ ရှင်သာ ပိုက်ဆံ လိုချင်တယ်ဆိုရင်တော့ အမြန်လုပ်သင့်တယ်နော်...ကျွန်မကို ကား၀ယ်ပေးမယ်လို့တောင် ကတိပေးထားတယ်မလား...ပိုက်ဆံရောက်လာတာနဲ့ ရှင့်စကားတွေကို ပြန်မရုတ်သိမ်းနဲ့...."

"မင်းရဲ့ ကားကို ခဏ ဘေးချိတ်ထားလိုက်ဦး .."တင်ကွမ်းကျဲ စိတ်မရှည်စွာ ပြောလိုက်ပြီး "အကောင့်ထဲမှာ ငွေ ဘယ်လောက် လိုသေးလဲ...."

ထိုစကားကြားတော့ တုန်ရွှမ်းလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားသည်။ "ကျွန်မ‌ အကောင့်တုတွေ ၃၀ မီလီယမ်လောက်တော့ လုပ်ပြီး သွားပြီ...နောက်ထပ် ၂၀ မီလီယမ်လောက် လိုနေသေးတယ်..."

"ငါ-ိုးပဲကွာ .."တင်ကွမ်းကျဲ ကျိန်ဆဲလိုက်ပြီး

"ဘာတွေများ ဖြစ်နေလို့လဲ...."

တုန်ရွှမ်း ပြောလိုက်ပြီး "စိတ်မပူနဲ့..ကျွန်မ နောက်တစ်ပတ်ဆိုရင် အကောင့်တွေ အားလုံးကို ပြင်ဆင် ပြီးသွားမှာ...အဲ့အခါကျ ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး...."

"နောက်ကျသွားပြီး ဘော့စ်ကျီက ရန်ချိန်ကို လွန်ခဲ့တဲ့ သုံးရက်ကတည်းလောက်ကနေ ရောင်နေတာ ..အချိန်မရွေး ငါတို့ဆီ ရောက်ချလာနိုင်တယ်..သူ အကောင့်တွေကို စစ်တဲ့အချိန်ကျရင် တစ်ခုခု မူမမှန်တာ တွေ့သွားမှာပဲ...အဲ့အခါကျရင်တော့ ငါတို့အားလုံး အဆုံးသတ်ပြီ...."

"မဖြစ်နိုင်တာ...ရန်ချိန်ကို ရောက်တာ သုံးရက်လောက် ရှိနေပြီလား...."တုန်ရွှမ်း အံ့ဩနေသည့်လေသံဖြင့် မေးလိုက်ပြီး "ဘာလို့ တစ်ယောက်မှ ကျွန်မကို သတင်းမပို့ကြတာလဲ...."

"ဒီတစ်ခါတော့ သူ တိတ်တိတ်လေး လာတာ..ရှောင်တခင် စစ်ဆေးဖို့ နေမှာပေါ့..."တင်ကွမ်းကျဲ ပြောလိုက်ပြီး "ဘော့စ်ကျီကတော့ လုံး၀ကို အံ့ဩစရာပဲ...ကျိုးဟိုင်နဲ့ အဝေးကြီးမှာရှိတဲ့ ရန်ချိန်က ပြဿနာကိုတောင်မှ အနံ့ခံနိုင်တယ် ...ဖြတ်ထိုးဉာဏ်ကတော့ အ‌တော်လေး ကြောက်စရာပဲ..."

"မဖြစ်နိုင်လောက်ဘူးနော်...ငါတို့ရဲ့ ရိုးအတဲ့ ဘော့စ်လေးက ဒီလိုအကြံမျိုး ထွက်လာမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား..ရှင့်သတင်းက မှားနေတာလားမသိပဲ."

"မဖြစ်နိုင်ဘူး...ခုလေးတင် ရုံးချုပ်က ဥက္ကဌကျောက် ငါ့ကို ဖုန်းဆက်လာတယ်...သူပြောတာတော့ ဘဏ္ဍာရေး ဌာနက လေကြောင်းကနေ ပြေစာတစ်ချို့ရောက်လာလို့ အဲ့တာ ဘော့စ်နဲ့ တွေ့ချင်နေတာ...အဲ့အခါကျမှ သူလည်း ဘော့စ်က ရန်ချိန်ကို ခရီးထွက်သွားမှန်း သိတာတဲ့..."

"အာ့ဆို ကျွန်မတို့ ဘယ်လို လုပ်ကြမလဲ...ကျွန်မတို့ လုပ်ရမယ့် အကောင့်အတုတွေကလည်း တော်တော်လေး လိုနေသေးတယ်..."တုန်ရွှမ်း စိုးရိမ်သောကရောက်စွာ ပြောလိုက်၏။

"ခုမှတော့ မထူးတော့ဘူး...မြန်မြန် အထုပ်ပိုးတွေ ပြင်ပြီး ပြေးရအောင်..."တင်ကွမ်းကျဲ ပြောလိုက်ပြီး "သူ မလာခင် လစ်ကြစို့...."

"အဲ့လို လုပ်လို့ မရဘူးလေ...၀မ်ကျန်းရီလည်း ကျွန်မတို့ ငွေအလွဲသုံးစား လုပ်ထားတဲ့‌အကြောင်း သိတယ်...တကယ်လို့ ကျွန်မတို့ နှစ်ယောက်တည်း ထွက်ပြေးသွားမယ်ဆိုရင် သူဖော်ကောင် လုပ်မှာပေါ့..."

"ဘော့စ်ရဲ့ အရည်အချင်းနဲ့ဆို သူမပြောလည်း ရှာတွေ့သွားမှာပဲ..အဲ့တော့ သူဖော်လည်း အလကားပဲ ဘာမှ အသုံးမ၀င်ဘူး..."တင်ကွမ်းကျဲ ပြောလိုက်လေသည်။

"အများကြီး မေးမနေနဲ့...မြန်မြန် သွားဖို့ ပြင်တော့...အော် ဟုတ်သားပဲ...မင်းလူတွေကိုလည်း ဟိုအကောင့်ထဲက ယွမ်ဆယ်သန်းကို အကုန်ထုတ်ခိုင်းထားလိုက်...တစ်ပြားတစ်ချပ်တောင် မကျန်စေနဲ့လို့..."

"ကောင်းပါပြီ...."

ဆယ်မိနစ်ခန့် ကြာပြီးနောက် တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ သူတို့ ပစ္စည်းများ သိမ်းဆည်းပြီး အ‌ေ‌ဆောက်အဦးအပြင်ဘက်သို့ ထွက်လာခဲ့ကြပြီး BMW စီးရီး၇ ထဲသို့ ၀င်လိုက်ကြ၏။

လင်းရီနှင့် ကျီချင်းရန်တို့လည်း ကုမ္ပဏီ အဆောက်အဦးသို့ အချိန်ကိုက် ရောက်လာခဲ့ကြသည်။

"ကြည့်လိုက်ဦး ဥက္ကဌတင်...ဘော့စ်ကျီက ခုနလေးတင် စူပါကားထဲက ထွက်လာခဲ့တာ...သူ့ဘေးနားမှာလည်း ခပ်ချောချောလေးတစ်ယောက် ပါလာခဲ့သေးတယ်..."

"ငါခု နားလည်သွားပြီ...ဘော့စ်ကျီက ဒီကို သူ့ဘဲနဲ့ လာကစားရင်း ငါတို့ ရုံးခွဲကို လမ်းကြုံ လာစစ်ဆေး‌တာပဲကွ...."

"ငိုးမပဲ....."

တင်ကွမ်းကျဲ စတီယာရင် ဘီးကို ရိုက်လိုက်ပြီး "ဘာလို့ ဒီအချိန်ကျမှ လာခဲ့တာလေကွာ...နောက်ရက်တွေကျမှ လာမယ်ဆိုရင် ဒီလိုတွေ ဖြစ်မှာ မဟုတ်ဘူး..."

"ကောင်းပြီ..ဆက်မပြောနဲ့တော့...ကျွန်မတို့ လေဆိပ်ကို အမြန်သွားပြီး နိုင်ငံခြားမှာ ခဏလောက် ပုန်းနေရအောင်...."

"ငါတို့ ခုလောလောဆယ် နိုင်ငံခြား သွားလို့မဖြစ်သေးဘူး...."တင်ကွမ်းကျဲ ပြောလိုက်ပြီး

"တကယ်လို့ ဘော့စ်ကျီသာ ငါတို့ကို တိုင်တန်းလိုက်မယ်ဆိုရင် ငါတို့ လေဆိပ်မှာ အဖမ်းခံရနိုင်တယ်....ခုလောလောဆယ်တော့ မြို့ပြင်မှာ ခဏလောက်ရှောင်နေပြီးတော့ ဘာဆက်လုပ်ကြမလဲဆိုတာ အစီအစဉ် ဆွဲကြတာပေါ့...."

"ကောင်းပြီလေ..ရှင်ပြောတဲ့ အတိုင်းပေါ့..ခုတော့ ဒီကနေ အမြန် သွားကြရအောင်..."

လင်းရီတို့ ရောက်သောအခါ လုံခြုံရေးအစောင့်မှာ ကျီချင်းရန်ကို မြင်တော့ အပြေးအလွှားလေး လာနှုတ်ဆက်သည်။

"ဘော့စ်ကျီ...ကြိုဆိုပါတယ်ဗျ.."

ကျီချင်းရန် ခေါင်းညိမ့်ပြလိုက်ပြီး ရုံးခန်းထဲသို့ တည့်မတ်စွာ ၀င်သွားလိုက်သည်။

ရုံးခန်းထဲရှိ အမျိုးသားကတော့ အသက်လေးဆယ် အရွယ်ရှိပြီး သူ၏ ရုပ်ရည်ကို အမှတ်ပေးရမည်ဆိုပါက ၇/၁၀ လောက်တော့ ပေးလို့ရသည်။ ၀တ်စုံပြည့်နှင့် ရုပ်ရည်ကတော့ သန့်သန့်ပြန့်ပြန့်ပင်။

လင်းရီ ရန်ချိန်ရုံးခွဲ၏ ဥက္ကဌ ၀မ်ကျန်းရီကို မြင်ဖူးပေသည်။

"ဘော့စ်ကျီကလည်း လာမယ်ဆို ကြိုပြောရောပေါ့...ကျွန်တော်တို့ လာကြိုပေးမှာပေါ့ဗျာ..."

၀မ်ကျန်းရီ တည်ငြိမ်ချင်ယောင် ဆောင်လိုက်၏။

"မလိုဘူး...မန်နေဂျာ အထက်ဆင့်က အမှုဆောင်အရာရှိတွေအားလုံးကို အစည်းအဝေးခန်းထဲ လာခဲ့ဖို့ ပြောလိုက်..ပြီးတော့ ဘဏ္ဍာရေး ဌာနက ဒီနှစ်ရဲ့ အကောင့်မှတ်တမ်းတွေကိုလည်း ယူခဲ့ခိုင်းလိုက်...ငါတစ်ချက်လောက် စစ်ဆေးကြည့်မယ်..."

All Chapters