← Chapters

ငါသူတို့နောက် လိုက်သွားလိုက်မယ်

Vol. 6 Ch. 77

ငါသူတို့နောက် လိုက်သွားလိုက်မယ်

Vol. 6 Ch. 77

၀မ်ကျန်းရီ စတင် ချွေးပျံလာလေသည်။

ဒုက္ခပဲ...ဘော့စ်ကျီကတော့ အချိန်ကောင်းမှ ရောက်လာတာပဲ...လိုနေတဲ့ ငွေက ၅၀ မီလီယမ်..အကောင့်လုပ်ထားတာက ၃၀ မီလီယမ်ပဲ ရှိသေးတာ နောက်ထပ် ၂၀ မီလီယမ်တောင် လိုသေးတယ်....

ဘော့စ်ကျီရဲ့ အစွမ်းအစနဲ့ဆို ရှာတွေ့ဖို့က မခက်ခဲလောက်ဘူး..ငါတို့တော့ အဆုံးသတ်ပြီ....

"နားလည်ပါပြီခင်ဗျ...ခုပဲ သွားစီစဉ်လိုက်ပါ့မယ်...."

၀မ်ကျန်းရီ ‌ကျီချင်းရန်၏ အမိန့်များကို မလေးမစား မလုပ်ရဲချေ။

ယခု လုပ်ရမည်ကတော့ ပြဿနာများကို မဖြေရှင်းခင် အရင်တည်ငြိမ်အောင် ပြုလုပ်ရမည်။

"အခုပဲ သွားမယ်..."

အမိန့်များပေးပြီးနောက် ကျီချင်းရန် လင်းရီ ကိုခေါ်၍ အမှုဆောင် အရာရှိ လေးဦးနှင့်အတူ အစည်းဝေးခန်းသို့ သွားလိုက်သည်။

သူတို့ ထွက်သွားပြီးနောက် ၀မ်ကျန်းရီမှာ တစ်ခုခု လွဲနေသလို ခံစားလိုက်ရ၏။

ဘော့စ်ကျီက ဒီမှာလေကွ...

ဟိုကောင် တင်ကွမ်းကျဲနဲ့ တုန်ရွှမ်းတို့က ဘယ်သွား‌ေ-သနေကြတာလဲဟ....

ပုံမှန်အားဖြင့် ထိုနှစ်ယောက်မှာ ဤနေရာ၌ ရှိနေရမည့် သူများ ဖြစ်၏။

တစ်ခုခုမှားနေကြောင်း သတိထားမိသောအခါ ၀မ်ကျန်းရီ အထွေထွေ မန်နေဂျာရုံးသို့ သွားကြည့်လိုက်သောအခါ တင်ကွမ်းကျဲမှာ ပျောက်နေ၏။

လွဲတော့ လွဲနေပြီ...

ထို့နောက် ၀မ်ကျန်းရီ ဘဏ္ဍာရေး ရုံးသို့ သွားကြည့်လိုက်သောအခါ တုန်ရွှမ်းလည်း ပျောက်နေပြန်သည်။

"မန်နေဂျာ တုန်က ဘယ်သွားနေတာလဲကွ... "

ဘဏ္ဍာရေးဌာနသို့ ရောက်သောအခါ တုန်ရွမ်းကို မတွေ့မိသဖြင့် ၀မ်ကျန်းရီ မေးလိုက်သည်။

"အစ်မတုန်က အထွေထွေ မန်နေဂျာ ရုံးကို သွားတာ ခုထိ ပြန်မလာသေးပါဘူးရှင့်...."ဘဏ္ဍာရေး ဌာနရှိ ၀န်ထမ်းတစ်ဦးမှ ပြောလိုက်၏။

"ဒါရိုက်တာ၀မ်...တစ်ခုခု ညွှန်ကြာစရာများ ရှိလို့လား မသိဘူး..."

"ဘော့ကျီက အခု ဒီရောက်နေတယ်..မင်းတို့ ဘဏ္ဍာရေး ဌာနက ငွေစာရင်း ရှင်းတမ်းတွေ အကုန် အစည်းအဝေး ခန်းထဲကို ပို့လိုက်...."

"နားလည်ပါပြီရှင့်...အခုပဲ အဆင်သင့် ပြင်ထားလိုက်ပါ့မယ်..."

ဝမ်ကျန်းရီ ဘဏ္ဍာရေးဌာန အပြင်ဘက်သို့ တမှိုင်မှိုင် တထွေထွေ ဖြင့် လျှောက်လာခဲ့သည်။

သူဘာဖြစ်နေလဲဆိုတာ ခန့်မှန်းပြီးဖြစ်၏။

တင်ကွမ်းကျဲ သတင်းကြိုရပြီးတော့ တုန်ရွှမ်းနဲ့အတူ ထွက်ပြေးသွားတာပဲ ဖြစ်ရမယ်....

"‌ေ-သစမ်း သူတို့ တကယ်ကြီး ငါ့ကို ရောင်းစားသွားကြတယ်ပေါ့...."

၀မ်ကျန်းရီ မည်သူမျှ မရှိသော နေရာတွင် ဖုန်းကို ဖွင့်လိုက်ပြီး တင်ကွမ်းကျဲ၏ ဖုန်းနံပါတ်ကို နှိပ်လိုက်လေသည်။

"တင်..ကွမ်း..ကျဲ...မင်း သောက်ရမ်းကောင်းတဲ့ကောင်...သတင်းကြိုရတာတောင် ငါ့ကို မပြောဘဲနဲ့ မင်းလူနဲ့ အတူ ထွက်ပြေးသွားရဲတယ်ပေါ့...."

"၀မ်ကြီး..ငါပြောတာကို နားထောင်ဦး..."တင်ကွမ်းကျဲ ပြောလိုက်ပြီး

"ကိစ္စတွေက ရုတ်တရက်ကြီး ဖြစ်သွားတော့ ငါတို့လည်း ဒီလို မဖြစ်ချင်ပါဘူးကွာ...ဖြေရှင်းဖို့ နည်းလမ်း မရှိမှတော့ ထွက်ပြေးရုံပဲ ရှိတော့တာပေါ့...."

"အဲ့ဒါဆို အခု ဘယ်လိုလုပ်ကြမလဲ...ဘော့စ်ကျီရဲ့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပဲ..သူက ဒီနေရာကို အကောင့်တွေ စစ်ဆေးဖို့ လာခဲ့တာ...ငါတို့ ငွေတွေ အလွဲသုံးစား လုပ်ထားတယ်ဆိုတာ ရှာတွေ့ဖို့ ဘယ်လောက်မှ ကြာမှာ မဟုတ်ဘူး...."

"ခုမှ အဲ့တာတွေ ပြောနေလည်း အသုံးမ၀င်တော့ဘူး....သူမ ဖြစ်စေချင်တဲ့ အတိုင်း လိုက်လုပ်ဖို့ပဲ ကျန်တယ်..မင်းလည်း မြန်မြန် ပစ္စည်းတွေ သိမ်းပြီး လစ်တော့ မဟုတ်ရင် မမှီဘဲ နေမယ်...."

"ခုမှတော့ ဘယ်လိုလုပ် ပြေးနိုင်တော့မှာလဲကွ...ဘော့စ်ကျီကဖြင့် ဒီကိုတောင် ရောက်နှင့်နေပြီ...ငါ အဖမ်းမခံရပဲနဲ့ မြို့ပြင်ကို ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...."

"ငါတို့က တစ်လှေတည်း စီးနေတဲ့သူတွေ ဆိုမှတော့ မင်းကို ကူညီပေးလိုက်မယ်..."

"ဘယ်လို ကူညီပေးမှာ...."

"ငါ လမ်းပေါ်က လူမိုက်နည်းနည်းနဲ့ ရင်းနှီးတယ်...ငါသူတို့ကို လွှတ်ပြီး ကုမ္ပဏီမှာ ပြဿနာ ရှာခိုင်းလိုက်မယ်..အဲ့တာဆို မင်းလည်း ထွက်ပြေးဖို့ အချိန် နည်းနည်းလောက်တော့ ရမှာပေါ့...."

"အဲ့တာဆိုလည်း အမြန်လုပ်တော့လေကွာ...ဘာလို့ အချိန်တွေ ဖြုန်းနေတာလဲ...."

"အေအေ...."

ဖုန်းချပြီးနောက် ၀မ်ကျန်းရီ ရုံးခန်းသို့ ပြန်မနေတော့ပဲ သူ့ကားဆီသို့ အလျင်အမြန်ပြေးကာ ထွက်ခွာသွားတော့သည်။

ဘဏ္ဍာရေး ဌာန၏ ငွေစာရင်း ရှင်းတမ်းများ အစည်းအဝေးခန်းသို့ ရောက်ရန် မကြာလိုက်ပေ။

လင်းရီကတော့ ငွေကြေးနှင့် ပတ်သက်၍ ဘာမျှ နားမလည်သောကြောင့် အခန်းထဲ၌ ထိုင်၍ ဂိမ်းဆော့နေလိုက်သည်။

တစ်ခြားတစ်ဖက်တွင်တော့ ကျီချင်းရန်မှာ ကုမ္ပဏီ၏ ငွေစာရင်းများနှင့် ပရောဂျက် အစီရင်ခံစာများကို လေးလေးနက်နက်နှင့် ဖတ်ရှုလို့နေ၏။

မကြာမီ ကျီချင်းရန် တစ်ခုခု မှားနေကြောင်း ခံစားမိသွားသည်။

သူမ အမှုဆောင်အရာရှိများကို ကြည့်လိုက်ပြီး "တင်ကွမ်းကျဲနဲ့ ၀မ်ကျန်းရီ..အဲ့နှစ်ကောင် ဘယ်မှာလဲ..."

မာချန်ဝူ အင်ဂျင်နီယာ ဌာန၏ ဒါရိုက်တာမှာ ဘေးဘီဝဲယာသို့ ကြည့်လိုက်ပြီး "ဒါရိုက်တာ၀မ်က ဘယ်ရောက်သွားတာလဲဟ..ခုလေးတင် ဒီနားမှာ ရှိနေတာ မဟုတ်ဘူးလား..."

အခြားသော အမှုဆောင် အရာရှိများလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ၀မ်ကျန်းရီ ဘယ်သွားခဲ့လဲဆိုတာ အဖြေရှာမရ ဖြစ်နေလေသည်။

လင်းရီလည်း ရှာကြည့်လိုက်သောအခါ ၀မ်ကျန်းရီမှာ အတည်ကြီး ပျောက်ဆုံးနေ၏။

တစ်ခုခုတော့ မဟုတ်သေးဘူး.....

ကုမ္ပဏီ၏ ဘော့စ်ကိုယ်တိုင် ဤနေရာသို့ရောက်ရှိနေသော်လည်း ဒုဥက္ကဌမှာ‌ေပေါ်မလာသေးချေ။

ထိုအခြေအနေက ပို၍ ထူးဆန်းစေသည်။

"ဘဏ္ဍာရေးဌာနက မန်နေဂျာကော ဒီမှာ ရှိလား..."လင်းရီ မေးလိုက်၏။

သူတို့၏ ထယးဆန်းသွားသော အမူအရာများကို ကြည့်ချင်းအားဖြင့် လင်းရီ ‌ထင်နေတာ မှန်ကြောင်း သေချာသွားစေသည်။

အကယ်၍ တခြား အကြောင်းပြချက်များသာ မရှိပါက ကုမ္ပဏီ၏ အကောင့်နှင့် ပတ်သက်၍ တစ်ခုခု မှားနေခြင်းပင်။

မဟုတ်ပါက ကုမ္ပဏီ၏ အရေးကြီးသော လူသုံးယောက်မှာ တစ်ချိန်တည်း ပျောက်ဆုံးသွားလိမ့်မည် မဟုတ်ချေ။

"ဘော့စ်ကျီ..ဘာတွေ ဖြစ်နေလဲ ဆိုတာ ပြောပြပေးလို့ရမလား..ကျုပ် သူတို့ကို ဖုန်းဆက် ကြည့်လိုက်ပါ့မယ်..."

"ကုမ္ပဏီအကောင့်ထဲက ငွေတွေက ထူးထူး ဆန်းဆန်း ၃၀ မီလီယမ်လောက် စာရင်းပျောက်နေတယ် ကျန်နေတဲ့ ဟာတွေကလည်း တစ်ခုခု မူမမှန်ဘူး...မြန်မြန် အဲ့သုံးကောင်ကို ဆက်သွယ်ကြစမ်း...."ကျီချင်းရန် အေးစက်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

စီနီယာ အမှုဆောင် အရာရှိများကတော့ ဆွံ့အနေကြ၏။ သူတို့လည်း ဉာဏ်ကောင်းသူများ ဖြစ်သောကြောင့် ဘာဖြစ်နေလဲဆိုတာ ချက်ချင်းနားလည်သွားသည်။

ဒီကောင်တွေကတော့ တော်တော်လေးကို မဆင်မခြင်လုပ်ကြတာပဲ..ဒီလောက်ငွေတွေ အများကြီးကို ဖျောက်ပစ်တယ်ဆိုတော့....

"ခေါ်ဖို့ မလိုဘူး..."လင်းရီ အသံနိမ့်၍ ပြောလိုက်၏။

ကျီချင်းရန် လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး "နင့်မှာ အကြံကောင်းတွေ ရှိလို့လား...."

"အဲ့သုံးကောင်က ထွက်ပြေးသွားလောက်ပြီ. မင်းသူတို့ကို ဖုန်းခေါ်လဲ အလကားပဲ..အခု အရေးအကြီးဆုံးက သူတို့ကို လိုက်ဖမ်းဖို့ နည်းလမ်းရှာဖို့ပဲ"

"အဲ့တာဆို ငါအခုပဲ ရဲကို ဖုန်းဆက်လိုက်မယ်..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "တကယ်လို့ ငါတို့သာ အခု ရဲကို ခေါ်မယ်ဆိုလို့ကတော့ ၀မ်ကျန်းရီကို မိဖို့ ဖြစ်နိုင်သေးတယ်...ဒါပေမယ့် တင်ကွမ်းကျဲ နဲ့ တုန်ရွှမ်းတို့ကိုကျ ဖမ်းမိဖို့ရာ မသေချာတော့ဘူး..."

ယခု လုံခြုံရေး နည်းပညာအရ တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ကို ဖမ်းမိဖို့ရာတော့ ပြဿနာမရှိပေ။ သို့သော်လည်း မည်သည့်အချိန်၌ ဖမ်းမိမလဲ ဆိုတာကတော့ ပြောဖို့ရာ ခက်ခဲပေသည်။

အကယ်၍ သူတို့ကို နောက်ဆုံး ဖမ်းမိလျင်တောင် ထိုအချိန်ကျ သူတို့လက်ထဲရှိ ငွေများကို ခြေရာလက်ရာ ဖျောက်ပြီးလောက်၏။

"အဲ့တာဆို ဘယ်လိုလုပ်ကြမလဲ...သူတို့ကို ဒီတိုင်းပဲ လွှတ်ပေးလိုက်ကြတော့မှာလား...."

"မပူနဲ့...."

လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး ကျီချင်းရန်နှင့် သူ ကုမ္ပဏီသို့ ရောက်စဉ်က တွေ့ခဲ့သော BMWကို ရုတ်တရက် သတိရသွား၏။

ချိုင်းနားတွင် BMWတစ်စီး၏ တန်ဖိုးမှာ အနည်းဆုံး တစ်မီလီယမ် တန်ကြေး ရှိ၏။

ရန်ချိန် ရုံးခွဲတွင်တော့ တင်ကွမ်းကျဲမှ လွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ စီးနိုင်လိမ့်မည် မဟုတ်ချေ။

"BMW 7 စီးရီးက တင်ကွမ်းကျဲရဲ့ ကားမလား..."လင်းရီ မေးလိုက်လေသည်။

"ဟုတ်တယ်..အဲ့ကားက သူ့ဟာပဲ..."

သူ၏ ခန့်မှန်းချက်ကို အတည်ပြုပြီးနောက် လင်းရီ ထျန်းရန် ကို မက်ဆေ့ခ်ျလှမ်းပို့လိုက်သည်။

ရန်ချိန်ရှိ Didi ဒရိုင်ဘာအားကို ထိုကားနံပါတ်အား မြင်တွေ့ပါက အကြောင်းက့ားရန် စေခိုင်းလိုက်သည်။

လင်းရီ၏ တွက်ချက်မှုများအရဆိုပါက ရန်ချိန်၏ ယာဉ်ကြောများမှာ ကျိုးဟိုင်ထက် များစွာ ကြပ်လေသည်။ ထို့ကြောင့် တင်ကွမ်းကျဲတို့ သိပ်အဝေးကြီး မရောက်နိုင်သေးလောက်ချေ။

အမိန့်များ ပေးပြီနောက် လင်းရီ ပြောလိုက်ပြီး "မပူနဲ့...ငါ့လူတွေကို စုံစမ်းထားဖို့ ပြောထားပြီးပိ မကြာခင် မင်းရဲ့ ငွေတွေ ပြန်ရတော့မှာ...."

ဆယ်ချီသော မီလီယမ်တန်ဖိုးမှာ လုံး၀ မနည်းချေ။ လင်းရီကား တန်ဖိုး နီးနီး ရှိ၏။

သို့သော်လည်း ယခု အခြေအနေကတော့ ခြားနား၏။ အကယ်၍ သူတို့သာ တင်ကွမ်းကျဲတို့ကို ငွေများနှင့် လွတ်မြောက်စေလိုက်ပါက စက်မှုလောကတွင် လူများ၏ လှောင်ပြောင်ရယ်မောခြင်းကို ခံရပေလိမ့်မည်။

"ရဲကို ခုချက်ချင်းခေါ်လိုက်တော့..ငါတို့ အတူ လက်တွဲလုပ်ရင် ပိုမြန်လိမ့်မယ်..."

"နားလည်ပြီ...."

ဘန်း...

ကျီချင်းရန် ရဲကို ဖုန်းခေါ်တော့မည့်အချိန်တွင် အစည်းအဝေး ခန်းထဲသို့ လူစိမ်း တစ်ဒါဇင်ခန့် ၀င်ရောက်လာခဲ့သည်။

သူတို့အားလုံး၏ ၀တ်ပုံစားပုံကို ကြည့်၍ လူကောင်းမဟုတ်မှန်းတော့ သိသာလှ၏။

"နင်တို့က ဘယ်‌ကကောင်တွေလဲ...."ကျီချင်းရန် အော်ဟစ်လိုက်သည်။

"ကျုပ်တို့က ဒီကို အကျွေး လာတောင်းတာ..တင်ကွမ်းကျဲက ကျုပ်တို့ကို အကြွေး တစ်မီလီယမ် တင်ထားတယ်...မြန်မြန် သူ့ကို ခေါ်လာခဲ့..မဟုတ်ရင် ခင်များဆို့ တစ်ယောက်မှ ထွက်သွားဖို့ မစဉ်းစားနဲ့..."

"အကြွေးလာတောင်းတာ...."

ကျီချင်းရန်မှာ အံ့အားသင့်နေရာမှ ဒေါသထွက်သွားခဲ့သည်။

တင်ကွမ်းကျဲမှာ သူမငွေတွေကို အလွဲသုံးစား လုပ်ရုံတင်မက အပြင်၌လည်း ပြဿနာ ရှာထားသေးသည်။ ယခုတော့ သူက ထွက်ပြေးသွားပြီး သူမကတော့ သူ၏ ဇာတ်ရှုပ်များကို ရှင်းပေးနေရ၏။

"တင်ကွမ်းကျဲက ဒီမှာ မရှိဘူး..ခုချက်ချင်း ထွက်သွားရင်ထွက်သွား..မဟုတ်ရင် ငါရဲကို ခေါ်လိုက်မယ်..."

ခေါင်းဆောင်ဖြစ်သူဟန်မှ ကျီချင်းရန်ကို ကြည့်၍ ပြုံးလိုက်ပြီး "ငါမင်းကို ရှင်းအောင် ပြောလိုက်မယ်..မင်းတို့ ဒီနေ့ ပိုက်ဆံ မပေးဘူးဆိုရင် ထွက်သွားရဖို့ မစဉ်းစားနဲ့...ရဲခေါ်ဖို့တောင် အခွင့်အရေး ရမှာ မဟုတ်ဘူးနော်.."

ကျီချင်းရန် ထိုင်ခုံကို ဒေါသတကြီးဖြင့် ရိုက်လိုက်ပြီး မတ်တပ်ရပ်ကာ.. "ဒါဂိမ်းကစားတယ်များ ထင်နေလား..နင်တို့ ဘယ်လိုတောင် လုပ်ဝံ့တာလဲ.."

"ကျုပ်တို့က လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာလေ...ဘာအပြစ်ရှိလို့လဲ..."

ခေါင်းဆောင်ဖြစ်သူမှ မေးစေ့ ပွတ်လိုက်ပြီး "ဒါပေမယ့် မင်းက အတော်လေးလှတော့ ငါနဲ့သာ တစ်ညလောက် အချိန်ဖြုန်းပေးမယ်ဆိုရင် တစ်မီလီယမ်ကို ကျေအေးပေးလို့ရတယ်နော်...."

"နင်....."

"ဆက်မပြောရဲတော့ဘူးလား"

လင်းရီ သူ့လက်ကို ကျီချင်းရန် ပခုံးပေါ်သို့ တင်လိုက်ပြီး စိတ်ငြိမ်ငြိမ်ထားရန် အချက်ပေးလိုက်သည်။

လင်းရီ သူမ နောက်တွင် ရှိနေသောကြောင့် ကျီချင်းရန် အားရှိသလို ခံစားလိုက်ရ၏။

"ငါထင်တာ မှန်မယ်ဆိုရင် တင်ကွမ်းကျဲက မင်းတို့ကို အကြွေးမတင်ထားဘူး..ငါတို့ ရဲခေါ်မှာ စိုးလို့ အဲ့ကောင်ကနေ မင်းတို့ကို ပြဿနာရှာဖို့ ငှားထားတာမလား..အဲ့တာမှ သူပြေးဖို့ အချိန်ပိုရမှာလေ....."

All Chapters