← Chapters

မင်းဘာလို့ ငါ့ကို အော်နေတာလဲ...

Vol. 6 Ch. 78

မင်းဘာလို့ ငါ့ကို အော်နေတာလဲ...

Vol. 6 Ch. 78

ကျီချင်းရန် လင်းရီကို ကြည့်လိုက်မိသည်။ သူမ လင်းရီကို ထိုမျှ တွေးခေါ်တတ်လိမ့်မည်ဟု မျှော်လင့်မထားပေ။

တွေးကြည့်ပါက အမှန်ပင် တိုက်ဆိုင်လွန်း၏။

သူတို့ စောစော မလာခဲ့ပဲ အချိန်ကိုက်ရောက်လာခဲ့ခြင်းပင်။ ထိုအချက်မှာ သံသယ ၀င်ဖို့ အရမ်းကောင်း၏။

" သောက်ကလေး..မင်းတွေးတာကတော့ မဆိုးပါဘူး..."

"ငါမင်းကို ပြောလိုက်မယ်..ငါဒီကို ပိုက်ဆံတောင်းဖို့လာခဲ့တာ...မင်းတို့ ပိုက်ဆံမပေးရင် အေးဆေးနေရမယ် မကြံနဲ့...."

"တင်ကွမ်းကျဲက မင်းတို့ကို အကြွေးဘယ်လောက်တင်နေလဲတော့ ငါလည်း မသိဘူး...ဒါပေမယ့် ငါလည်း ပြောပြလိုက်မယ် အဲ့ကောင်က ငါတို့ငွေ သန်းသုံးဆယ်လောက်ကို အလွဲသုံးစား လုပ်သွားတာနော်..."လင်းရီ ပြောလိုက်၏။

"ပြီးတော့ မင်းတို့ လာခဲ့တုန်းက အောက်ထပ်မှာ ပြိုင်ကားတွေ့ခဲ့ရောပေါ့...ကြမ်းခင်းဈေးကတောင် ၄၃မီလီယမ်...တွက်ကြည့်ရင် ငါ့ကား တစ်စီး တန်ဖိုးတောင် မရှိဘူး......""

"ဒီတော့ ငါလုံး၀ ငွေကြေးကို ဂရုစိုက်တာ မဟုတ်ဘူး..ဒါက ငါတို့ ဂုဏ်သိက္ခာ အတွက် လုပ်နေတာ..."

"မင်းတို့ ဒီမှာနေပြီး သောက်ပြဿနာ ရှာလို့ရတယ်..အလွန်ဆုံးရှိမှ ငါတို့ ငွေလေးတချို့ ဆုံးရှုံးသွာရုံပေါ့..ဒါပေမယ့် မင်းတို့ကောင်တွေ ဒီနေ့ ဒီလို လုပ်ခဲ့လို့ ဖြစ်ပျင်ခဲ့သမျှကို ရှောင်နိုင်မယ်လို့ ထင်လား...."

"တကယ်လို့ ငါက သာ ပိုက်ဆံ ဆယ်သန်းနဲ့ မင်းတို့ကောင်‌ တွေကို ပညာပေးဖို့ လူငှားလိုက်မယ်ဆိုရင်ကော....ရလဒ်က ဘယ်လို ဖြစ်မယ်ထင်လဲ..ကူညီပေးချင်တဲ့သူတွေ ဒုနဲ့ဒေးပဲ..."

"ငါ့အထင်တော့ မင်းတို့တင်မဟုတ်ဘူး..မင်းတို့ မိဘတွေ...ကလေးတွေ..ဇနီးတွေ အားလုံးလည်း အေးဆေး နေရမယ်များ ထင်နေလား..ဒါငါမင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူးနော်...မင်းတို့ ဘယ်လို လုပ်မလဲဆိုတာ ကိုယ့်ဘာကိုယ် ဆုံးဖြတ်လို့ရတယ်....."

"ဒါ...."

ရောက်ရှိနေကြသော လူအားလုံး ဇ၀ဇဝါ ဖြစ်သွားကြ၏။

သူတို့ တင်ကွမ်းကျဲနား တစ်သောင်းယူပြီး ဒီလူတွေကို ပြဿနာရှာနေခြင်းပင်။

သို့သော်လည်း ထိုငွေ ပမာဏလောက်ဖြင့် သူတို့ မသားစု အဖက်ဆီး ခံရမည်ဆိုပါက ရသည်ထပ် ဆုံးရှုံးသည်က ပိုများနေသည်။

ပြိုင်ကား မောင်းနိုင်သော ဒုတိယမျိုးဆက် သခင်လေးများမှာ သူတို့ မလုပ်ရဲတာ မရှိချေ။ ထို့ကြောင့် လူတိုင်းက သူတို့ကို အပြစ်မပြုဝံ့ကြခြင်းပင်။

"ညီကို...ကျုပ်တို့မှားတယ်ဆိုတာ နားလည်သွားပြီ...ကျုပ်တို့ အခုပဲ ထွက်သွားပြီး ဘယ်တုန်းကမှ မတွေ့ခဲ့ကြသလိုမျိုး ဟန်ဆောင်ကြရအောင်

.. တစ်ခါလောက် အခွင့်အရေးလေး ပေးလို့ရမလား...."

"ရတာပေါ့...."

"ဟုတ်..ဟုတ်ကဲ့...ကျုပ်တို့ အခုပဲ ထွက်သွားပေးပါ့မယ်...."

လူတစ်ဒါဇင်ခန့် တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းထဲမှ ထွက်သွားခဲ့ကြသည်ယ ထို့နောက် အခြေအနေမှာ တစ်ဖန် ပြန်လည် ငြိမ်သက်သွားခဲ့ပြန်သည်။

ထိုစဉ် လင်းရီ ဖုန်းမြည်လာခဲ့ပြီး ထျန်းရန်မှ ခေါ်လာခဲ့ဖြင်းပင်။

"ဘော့စ်လင်း...မျိုးရိုးနာမည် လျိုနဲ့ တစ်ယောက်က ဘော့စ်ရှာခိုင်းထားတဲ့ ကားကို တွေ့ထားတယ်လို့ ပြောတယ်...ခုအဲ့ကားက မြို့ပြင်ကို မောင်းနေတာ...."

"ကောင်းပြီ..ဒရိုင်ဘာအားလုံးကို အဲ့ကားကို မျက်ခြေမပြတ် စောင့်ကြည့်ထားခိုင်းလိုက်..ပါ၀င်တဲ့သူတွေ အားလုံးကို ၅ထောင် ဆီ ချီးမြင့်မယ်လို့ကော ပြောလိုက်....."

"နားလည်ပါပြီ...ခုပဲ စီစဉ်လိုက်ပါ့မယ်...."

တင်ကွမ်းကျဲ၏ သတင်းကို ရပြီးနောက် လင်ူရီ အေးဆေးနေမနေတော့ပဲ ကျီချင်းရန်၏ လက်ကို ဆွဲကာ ရုံးခန်းထဲမှ ပြေးထွက်လာခဲ့လိုကသည်။

"နင်ခု ဘယ်သွားနေတာ..."ကျီချင်းရန် သောကရောက်နေသည့်လေသံဖြင့် မေးလိုက်၏။

"တင်ကွမ်းကျဲက သူအချိန်၀ယ်ဖို့ တရားလွန်ကြီးတွေ လုပ်ထားတာ...အခု လုံခြုံတဲ့ နေရာကို အရင်သွားကြမယ်...အဲ့တာမှ မင်း အအန္တရာယ်ကင်းမှာ...."

"ဒါပေမယ့်..ကုမ္ပဏီက လူတွေ ကျတော့ကော...."

"မင်းအဆင်ပြေနေသရွေ့ ငါဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး...."

လင်ူရီ သူမကို ရုံးခန်းတစ်လျှောက် ဆွဲခေါ်ခဲ့လိုက်၏။

ကျီချင်းရန် နှလုံးခုန်သံ အနည်းငယ် မြန်နေသည်။ လင်းရီသာ သူမဘက်ရှိပါက သူမအတွက် အားကိုးလို့ရမည့် လူရှိပြီး မည်သည်ကိုမျှ လည်း မကြောက်ရွံ့တော့သည့် ခံစားချက်ကို ရရှိလိုက်သည်။

နှစ်ယောက်သား ဘူဂတီထဲသို့ ၀င်ရောက်ပြီးသောအခါ လင်းရီ လီဗာကို နင်းလိုက်ပြီး တဟုန်ထိုး ထွက်လာခဲ့လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လင်းရီ ရဲစခန်းရှေ့သို့ မောင်းချလာပြီး

"ရဲကို ခေါ်ပြီးတော့ မြို့ပြင်နားက တံတားနားမှာ ပိတ်ဆို့ခိုင်းထားလိုက်...ပြီးတော့ အဲ့တာကိုလည်း တရား၀င်ကြေညာလို့မရဘူးနော်..မဟုတ်ရင် ချောင်ရန် အုပ်စုရဲ့ ရှယ်ယာတွေက မနက်ဖြန် အဝီစိ ရောက်သွားလိမ့်မယ်..."

"အဲ့တာဆို အခု နင်က ဘာလုပ်မှာ...."

"ငါသူတို့နောက် လိုက်သွားမယ်...."

"မရဘူး..အန္တရာယ်များလွန်တယ်..ငါနင့်ကို သွားခွင့်မပေးနိုင်ဘူး...."

"အပိုတွေ မပြောနဲ့...ငါပြောတဲ့ အတိုင်းပဲလုပ်..အခုသွားတော့..."

"သိပါပြီ..ဒါပေမယ့် နင်က ဘာလို့ ငါ့ကို အော်နေတာလဲ....."

လင်းရီ မှာစရာရှိတာ မှာပြီးနောက် ကားတံခါးများမှာ အော်တိုပိတ်သွားပြီး လီဗာပေါ်နင်းကာ တဟုန်ထိုး မောင်းထွက်သွားတော့၏။

တစ်ချိန်တည်းတွင် လင်းရီ စိတ်ထဲတွင် အစီအစဉ်တစ်ချို့ ဆွဲထားပြီးဖြစ်၏။ တွက်ချက်မှုများအရ တင်ကွမ်းကျဲသာ မြို့ပြင်မရောက်သေးပါက လမ်းပိတ်ထားရုံမျှနှင့် ဖမ်းမိနိုင်ပေလိမ့်မည်။

အခြားတစ်ဖက်တွင်တော့ သူတို့သာ မြို့ပြင်ရောက်သွားပြီးပါက ဖမ်းမိဖို့ရာ လွယ်ကူလိမ့်မည် မဟုတ်တော့ပေ။

ဒုတိယအနေဖြင့် ၃၀ မီလီယမ်မှာ လွန်စွာ သေးငယ် သော ပမာဏ မဟုတ်ချေ။ ထို့ပြင် ချောင်ရန် အုပ်စု၏ ဌာနအများစုလည်း ထိုအထဲတွင် ပါ၀င်နေလောက်၏။ ချောင်ရန် အုပ်စု၏ ဩဇာကလည်း ရန်ချိန်တွင် မကြီးမားသောကြောင့် ရဲစခန်းမှ လူမည်မျှ အသုံးပြုပေးနိုင်မည်နည်း။

အရေးအကြီးဆုံးမှာတော့..တင်ကွမ်းကျဲသာ လမ်းတံတားများကို ရှောင်ကွင်းပြီး သွားခဲ့ပါက ဖမ်းမိဖို့ရာ ပို၍ ပင် ခက်ခဲသွားပေလိမ့်မည်။

၀မ်ကျန်းရီအတွက်ကတော့ လင်းရီ လုံးဝ စိတ်မပူပေ...

သူထွက်ပြေးတာ မကြာသေးသောကြောင့် လမ်းကြောအခြေအနေအရ ယာဉ်ပိတ်ရင်း မီးပွိုင့်နားလောက်သာ ရှိဦးမည်။ ထျန်းရန်၏ ပူးပေါင်းဆောင်ရွင်မှုနှင့်ဆိုပါက ၀မ်ကျန်းရီကို ဖမ်းမိဖို့ရာ ခက်ခဲမည် မဟုတ်ပေ။

ထိုအကြောင်းတွေးရင်း လင်းရီ လိဗာကို တစ်ဆုံးနင်းကာ ထျန်းရန်ပေးသည့် အချက်အလက်အတိုင်း တင်ကွမ်းကျဲနောက် လိုက်တော့၏။

"ငိူပဲ..အဲ့တာ ဘူဂတီ ချီရွန်၀မ်းမဟုတ်လားကွ..ပြီးတော့ ယာယီ နံပါတ်ပြားနဲ့ ၀ယ်ထားတာတောင်မှ မကြာသေးဘူးထင်တယ်..."

"၄၃ မီလီယမ် တန်ကားကတော့ ထင်တဲ့ အတိုင်းပဲဟေ့..အသံကသောက်ရမ်းလန်းတယ်ကွာ..."

"၄၃ မီလီယမ် ပေးရတော့ကော ဘာဖြစ်လဲ..မီးနီတွေ့ရင် ရပ်ရမှာပဲ မဟုတ်ဘူးလား...."

ဘွန်း..ဘွန်း...ဘွန်း....

ဘူဂတီ ချီရွန်၀မ်းမှာ သားရိုင်းကဲ့သို့ အော်ဟစ်လိုက်ပြီး အရှိန်လျော့မည့်ဟန် မပြချေ။ ထိုသို့ဖြင့် မီးနီကိုပါ ဖြတ်သွား၏။

"ငိုးမပဲ..အဲ့ဒရိုင်ဘာ ဘယ်ကကောင်လဲကွ...သောက်ရမ်းတွေ အာဏာရှိနေတယ် နေမှာ မီးနီတောင် ဖြတ်မောင်းလိုက်သေးတယ်..ရဲဖမ်းခံရမှာ မကြောက်ဘူးလား မသိဘူးလားဟ...."

"အင်း...အဲ့ကောင်သာ ဖမ်းခံရလို့ကတော့ အရေခွံ စုတ်ခံရတော့မှာ..."

"ဒါပေမယ့်..ရဲတွေတောင် အဲ့ကောင်ကို ဖမ်းလို့မှီပါ့မလား...."

နာရီ၀က်ကြာပြီးနောက် လင်းရီ ရန်ချိန်မြို့စွန်နားသို့ ရောက်ရှိလာသည်။

"ဘော့စ်လင်း ရှင်လိုက်နေတဲ့ကားက တံတားနားတစ်ဝိုက်မှာ..ပြီးတော့ လမ်းသေးသေးလေးထဲ ၀င်သွားတယ်...လမ်းနံပါတ် ၃၆၂ ကျွန်မတို့ ဒရိုင်ဘာတွေလည်း အဲ့ကားနောက်မှာ ရှိတယ်...."

"သူတို့ကို အနီးကပ်လိုက်လို့ ပြောလိုက်..မင်းလည်း ငါ့ကို အချိန်နဲ့ တပြေးညီ သတင်းတွေ ပို့ပေး...အဲ့ကောင်တွေကို မျက်ချည် မပြတ်စေနဲ့..."

"နားလည်ပါပြီ ဘော့စ်..."

လင်းရီ သူ့ရှေ့ရှိ လမ်းကျဉ်းလေးကို မြင်သောအခါ မျက်စိများ ကျဉ်းမြောင်းသွားသည်။

ယခုတော့ တင်ကွမ်းကျဲ မည်သည့်နေရာ၌ ရှိလဲဆိုတာ သိပြီဖြစ်သောကြောင့် သူ့နောက်လိုက်ရန်သာ ကျန်တော့သည်။

သူ့အား ချီးမြင့်ထားသော ဆရာအဆင့် ယာဉ်မောင်းစကေးကို ထုတ်သုံးရန် အချိန်တန်လေပြီ...

သူ လီဗာပေါ်သို့ နင်းလိုက်ပိး ၁၈၀ တိုင်အောင် မြင့်လိုက်၏။

ထို့နောက် ဘူဂတီချီရွန်၀မ်းမှာ ဒေါသထွက်နေသော သားရိုင်းတစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေးထွက်သွားတော့သည်။

.......

လမ်းနံပါတ် ၃၆၂ တွင်တော့ တင်ကွမ်းကျဲ စီးကရက်လေးတစ်လိပ်ဖွာရင်း BMW ကို ဇိမ်ပြေနပြေဖြင့် မောင်းနေခဲ့၏။

"ရှင်ဘာလို့ ဆေးလိပ်သောက်နေတာလဲ..အာရုံစိုက်ပြီး မောင်းစမ်းပါဟ..."တုန်ရွှမ်း ကြိမ်းမောင်းလိုက်သည်။

"ဘာတွေ ကြောက်နေတာလဲ..ငါတို့ မြို့ထဲက ထွက်လာပြီးပြီလေ..ဒီဘက်မှာ ကင်မရာတွေလည်း မရှိဘူး...ဘယ်သူမှ ငါတို့ ဒီရောက်နေလဲဆိုတာ သိမှာ မဟုတ်ဘူး..."တင်ကွမ်းကျဲ အပြုံးလေးဖြင့် ပြောလိုက်၏။

"ရှင်ပြောချင်တာက အခု ကျွန်မတို့ လုံး၀ လွတ်မြောက်သွားပြီပေါ့နော်...."

"ဒါပေါ့..."တင်ကွမ်းကျဲ ပြောလိုက်ပြီး " အရင်ဆုံး ပုန်းဖို့ နေရာ တစ်နေရာ ရှာရအောင်..နောက်ကျမှ သတင်းတွေကို ရှောင်ဖို့ ‌နိုင်ငံခြားကို ခဏလောက် ထွက်သွားကြမယ်...ပြီးတာနဲ့ မင်းရဲ့ နိုင်ငံသားဖြစ်ခွင့်ကိုပါပြောင်းလိုက်..ဒီကိစ္စကြီးပြီးတာနဲ့ ငါတို့ထောပြီပဲ...ကျီချင်းရန်လည်း ငါတို့ကို ဘာမှ လုပ်လို့ မရဘူး...."

"ဖူး...ရှင်ပြောမှပဲ စိတ်အေးသွားတော့တယ်.."တုန်ရွှမ်း ရင်ဘက်ပေါ် လက်တင်လိုက်ပြီး "နောက်ဆုံးတော့ ဘာမှ ကြောက်ဖို့ မလိုတော့ဘူးပေါ့..."

"ဒါပေါ့..."

စီးကရက်ကို ပြာခါချရင်း တင်ကွမ်းကျဲ ခါးပတ်ဖြေလိုက်ကာ "လာစမ်း..ငါဒေါသတွေ အတော်ထွက်နေလို့ လာပြီးဖြေသိမ်းပေးစမ်း...."

"ငါတို့က ကားထဲမှာလေ..."တုန်ရွှမ်း ပြောလိုက်၏။

"ကားထဲရောက်နေတော့ကော ဘာဖြစ်လဲ...မင်းကားထဲမှာ ထိုင်ထ လုပ်နေကြမဟုတ်လား...."တင်ကွမ်းကျဲ ပြောလိုက်ပြီး..."ပြီးတော့ ခုလို အခြေအနေမျိုးမှာ လုပ်ရတာ စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား..."

"ရှင်က အရမ်းဆိုးတာပဲ...."

ထိုသို့ပြောပြီးနောက် တုန်ရွှမ်း ဆံပင်ကို စည်းကာ ခေါင်းကိုအောက်သို့ ငုံ့လိုက်သည်။

"နေဦး...ကျွန်မခုလေးတင် အဖြူရောင် ကားတစ်စီး နောက်က လိုက်နေတာ မြင်လိုက်သလိုပဲ...."

တုန်ရွှမ်း စိုးရိမ်စွာဖြင့် ပြောလိုက်၏။

"ငါမြင်ပြီးတာကြာပေါ့...မင်စာမဖတ်ဘူးလား..Didi စပယ်ရှယ်ကားတဲ့...ဒီတိုင်း Didi ကားတွေပါကွာ ဘာမှ စိုးရိမ်ဖို့ မလိုဘူး...မင်းလုပ်စရာ ရှိတာသာလုပ်...."

ဘွန်း ..ဘွန်း ..ဘွန်း...

နှစ်ယောက်စလုံး စိတ်ကြွနေချိန် နောက်မှ သားရဲဟိန်းသံကြီး မြည်ဟီးလာတော့သည်။

တုန်ရွှမ် အလန့်တကြား ခေါင်းမော့လိုက်ပြီး နောက်ကြည့်မှန်မှ တစ်ဆင့် ပြိုင်ကား တစ်စင်းကို တွေ့လိုက်ရ၏။

"ဥက္ကဌတင် ကြည့်လိုက်ဦး နောက်မှာ ပြိုင်ကား တစ်စင်း လိုက်လာနေတယိ..."

"မင်းတို့မိန်းမတွေကလည်း ပြိုင်ကားမြင်ရင် ပေါင်ကို မစိနိုင်တော့ဘူးလားကွာ....ငါပိုက်ဆံရှိလာရင် မင်းမောင်းဖို့ ပြိုင်ကား ၀ယ်ပေးမယ်...."

တုန်ရွှမ်း၏ ဆံပင်ပြန်ပြေသွားပြီး ပျာယာခတ်နေသော လေသံဖြင့် "ကျွန်မပြောချင်တာ အဲ့တာမဟုတ်ဘူး....အဲ့ကားက ဘော့စ်ကျီရဲ့ ရည်းစား မောင်းတဲ့

ဘူဂတီနဲ့ တူနေလို့.... "

All Chapters