ငါမင်းကို သင်ခန်းစာ တစ်ခုပေးမယ်
Vol. 6 Ch. 79
"ဖက်..အဲ့ကောင် ငါတို့ကို ဘယ်လိုမှီလာတာလဲဟ..."
လင်းရီကားနောက်မှ လိုက်လာသည်ကို မြင်သောအခါ တင်ကွမ်းကျဲ ထိုင်နေရာမှ မြောက်တက်တော့ မလို ဖြစ်သွားသည်။
သူ လီလောင်ဟေးတို့ကို အချိန်၀ယ်ရန် စေလွှတ်လိုက်သော်လည်း လင်းရီ မည်ကဲ့သို့ လိုက်မှီလာလဲဆိုတာကို စဉ်းစားမရသေးချေ။
"ဘာမှ တွေဝေမနေနဲ့...မောင်းသာမောင်း...."တုန်ရွှမ်း ပြောလိုက်၏။
"မပူနဲ့ သူက ပြိုင်ကားမောင်းနေရင်တောင်မှ ငါ့ရဲ့ ကားမောင်းစကေးတွေကလည်း ထိပ်တန်းပဲလေ..သူ့လို လူငယ်လေးက ကားရဲ့ စွမ်းဆောင်ရည်ကို အပြည့်အ၀ အသုံးချနိုင်မှာ မဟုတ်ဘူး..."
ထိုသို့ပြောရင်း တင်ကွမ်းကျဲ လီဗာ နင်းလိုက်ပြီး ၁၉၀ အထိ တင်လိုက်သည်။
"ေ-သစမ်း..မင်းက ငါနဲ့ လာပြိုင်မောင်းချင်နေတာပေါ့..ငါကားမောင်းလာတာ..မင်းတစ်သက် ရှိပြီကွ ..ဘာကိစ္စ ကြောက်ရမှာလဲ..."
"မြန်မြန် သူကျွန်မတို့ကို မှီတော့မယ်..."
"ဖက်ခ်..."
တင်ကွမ်းကျဲ ကျိန်ဆဲလိုက်ပြီး "ငါက ၁၉၀ ထိ တင်ထားတာလေကွာ..အဲ့တာတောင် ဘာလို့ ငါ့ထက်မြန်နေတာလဲဟ...သူ၂၂၀ထိ တင်ပြီး မောင်းနေတယ်လို့တော့ မပြောနဲ့..."
ဘူဂတီ ချီရွန်၀မ်းနဲ့ BMW7 စီးရီးးတို့ ပြိုင်မောင်းနေကြသည်ကို မြင်သောအခါ Didi ယာဉ်မောင်းများ အံ့အားသင့်သွားကြပြီး "ဟျောင့်တွေရေ...ဇာတ်ကားရိုက်ရင်တောင် အဲ့လောက် မိုက်မှာ မဟုတ်တ်ဘူး..ခုဟာက သောက်ရမ်း ကြည့်ရမိုက်တယ်ကွာ..."
"ဟန်နီ..မြန်မြန်မောင်း...ဒါကို ဗွီဒီယို ရိုက်ထားရမယ်...."
"သဲကလည်း ကိုယ်တို့ မောင်းနေတဲ့ကားကိုလည်း ကြည့်ဦးလေကွာ..ယွမ် သောင်းဂဏန်းလောက်ပဲ ရှိတာ..ဂိတ်ဆုံးထိ တင်ရင်တောင် သူတို့ နောက်မီးကို မြင်ရမှာ မဟုတ်ဘူး..."
ငါးမိနစ်ကြာပြီးနောက် လင်းရီ တင်ကွမ်းကျဲတို့ကို လိုက်မှီသွား၏။ သူနောက်မှ ကားဟွန်းဆက်တိုက် တီးနေသော်လည်း တစ်ဖက်ကားမှာ လုံး၀ မရပ်တန့်ချေ။
ခရီးသည်ထိုင်ခုံ၌ ထိုင်နေသော တုန်ရွမ်းကတော့ အကြောက်လွန်နေပြီး "ဥက္ကဌတင် ကျွန်မတို့ ဘာလုပ်ကြမလဲ ...သူကျွန်မတို့ကို မှီသွားပြီ...."
"မကြောက်နဲ့..ရှေ့မှာ လမ်းခွဲ ရှိတယ်..ပြီးတော့ လမ်းကလည်း ရှယ်ကြမ်းတာ...သူ့ဘူဂတီ ဘယ်လောက် မိုက်ပါတယ်ပြောပြော အဲ့လမ်းပေါ်တော့ မမောင်းရဲလောက်ဘူး... "
"မဖြစ်နိုင်ဘူးနော်...အဲ့ကောင်က ဘာမှ ဂရုစိုက်တဲ့ကောင်မဟုတ်ဘူး...သူလိုက်လာရင်ကော..."
"လုံး၀ မလိုက်လာဘူး..."
တင်ကွမ်းကျဲ သေချာနေသည့်လေသံဖြင့် ပြောလိုက်ပြီး "ငါမြင်တာ မမှားဘူးဆိုရင် သူမောင်းတာ ဘူဂတီချီရွန်၀မ်းပဲ...အဲ့လိုမျိုးကားက ချိုင်းနားမှာဆို သန်း၄၀ ကျော်တယ်..တကယ်လို့ အဲ့ကောင်သာ ငါတို့နောက် လိုက်ခဲ့မယ်ဆိုရင် သူ့ကားပဲ ထိခိုက်သွားမှာ...သူ့ကား ထိခိုက်သွားရင် သူလည်း ရင်နာသွားမှာပေါ့...."
"အင်း..ရှင်ပြောတာလည်း အဓိပ္ပာယ်တော့ ရှိသား...."တုန်ရွှမ်း စိတ်သက်သာရ သွားလေသည်။
စူပါကားမှာ BMWကဲ့သို့ မဟုတ်ချေ။ ထိုကားများမှာ ဟိုင်းဝေး လမ်းပေါ်တွင်သာ မောင်းဖို့ သင့်လျော်၏။
သူတို့သာ ချိုင့်ခွက်များနှင့် ကြမ်းတမ်းသော လမ်းများ၌ မောင်းပါက အောက်ခြေကိုယ်ထည်မှာ ပျက်စီး သွားပေလိမ့်မည်။
သို့သော်လည်း BMW ကတော့ ခြားနား၏။ အရမ်းဆိုးသည့် လမ်းမှလွဲ၍ တခြားနေရာတွင် မည်သည့် အကျိုးသက်ရောက်မှုမျှ မရှိချေ။
သူမတို့ ထိုကားကို နောက်မှ ချန်ရစ်ထားခဲ့နိုင်တော့မည်။
"သေချာထိုင်ထား...ငါတို့ လမ်းကြမ်းတဲ့နေရာ ရောက်တော့မှာ..."
"ထိုင်ထားတယ်...မြန်မြန်သာမောင်း..."
တင်ကွမ်းကျဲ လီဗာပေါ် ခြေထောက်တင်လိုက်ပြီး ဘေးလမ်းသို့ တဟုတ်ထိုး မောင်းထွက်သွားသည်။
ထိုမြင်ကွင်းကို မြင်တော့ နောက်ရှိ Didi ယာဉ်မောင်းစုံတွဲတို့ သက်ပြင်းချမိလိုက်ကြသည်။
"ပြီးသွားပြီ...ဘူဂတီ လိုက်လို့မရတော့ဘူး..."
"အဲ့BMWမောင်းတဲ့သူက အတော်လေး ဉာဏ်ကောင်းတာပဲ..ဘယ်လမ်းကို ထွက်ပြေးရမလဲဆိုတာ နားလည်တယ်...ဘူဂတီက သေချာပေါက် လိုက်ရဲမှာ မဟုတ်ဘူး..."
"အမှန်ပဲ..ဘာပဲပြောပြော အဲ့တာက ဘူဂတီလေ..ဘယ်သူက အထိခိုက်ခံနိုင်မှာ..."
"ဘုရားရေ...ယောက်ျား ကြည့်လိုက်ဦး အဲ့ဒီဘူဂတီကလည်း နောက်က လိုက်သွားတယ်ဟ..."
ဘယ်လို ငရဲလဲဟ...
စုံတွဲမှာ အံ့အားသင့်သွား၏။
ညီကို မင်းမောင်းနေတာ ဘူဂတီလေကွာ....
ကိုယ်ထည်တွေ ပျက်စီးသွားမှာ မကြောက်ဘူးလားကွ...
မင်းအစား ရင်နာလို့ကို မဆုံးဘူး....
ဘူဂတီထဲတွင်တော့ လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး "မင်းတို့က မရပ်ချင်မှတော့ ပိုပြီး ကြမ်းကြမ်းတမ်းတမ်းလေး ကစားပေးရတာပေါ့"
ထိုသို့ တွေးပြီးနောက် လင်းရီ လီဗာတင်၍ နောက်တစ်ကြိမ် ကြမ်းတမ်းစွာ မောင်းတက်သွားပြန်သည်။
လင်းရီ နောက်မှ လိုက်လာသေးသည်ကို မြင်တော့ တင်ကွမ်းကျဲ မျက်နှာ စိမ်းပုပ်သွားပြီး "အဲ့ကောင် ရူးသွားပြီလားဟ...သူ့ကားကို မလိုချင်တော့ဘူးလား...၄၀ မီလီယမ်ကျော်တောင် တန်ကြေးရှိတာလေကွာ....."
"အခုက အဲ့တာတွေ ပြောရမယ့် အချိန်မဟုတ်သေးဘူး....သူက လိုက်မှီနေပြီ..သွက်သွက်မောင်း...သွက်သွက်ကလေးမောင်း...."
"ဘာ ကြောက်စရာရှိလဲ...ငါထွက်လာတုန်းက ဆီတွေ အပြည့် ဖြည့်လာပြီးသား နောက်ထပ် ကီလိုမီတာ ရာကျော်လောက်တဲ့ အထိ မောင်းဖို့က ပြဿနာမရှိဘူး...သူ့ရဲ့ ဘူဂတီက ဆီအေ-သစားတာ...နဲနဲလောက် မောင်းပြီးတာနဲ့ ဆီကုန်သွားတော့မှာ..ဒီကောင် ငါ့ကို ၀င်မတိုက်သရွေ့ကတော့ ငါအေးဆေး မောင်းလို့ရသေးတယ်..."
ဘန်း....
ကြွားဝါနေသော တင်ကွမ်းကျဲမှာ ရုတ်တရက် ဘန်း ဟူသော အသံကို ကြားပြီးနောက် BMW မှာ လည်ထွက်သွားပြီး လက်ရှိ စီယာတိုင်မှာလည်း ဂျင်လို မွေ့သွားခဲ့ကာ သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသည်။
တင်ကွမ်းကျဲ မျက်လုံးများ ပြူးကျယ်သွားပြီး "ငိုးမသာလေးက ရူးနေတာလားကွ..သန်း၄၀ ကျော်တန်တဲ့ ပြိုင်ကားကြီးနဲ့ ငါ့ကို လာတိုက်ရဲတယ်ပေါ့...."
တင်ကွမ်းကျဲ အံကြိတ်၍ ကျိန်ဆဲပြီးနောက်"ငါမင်းဆီက ၃၀ မီလီယမ်ပဲ ယူခဲ့တာလေကွာ..အဲ့တာကို ၄၀ မီလီယမ်ကျော်တန်တဲ့ ပြိုင်ကားကြီးနဲ့ လိုက်တိုက်တာတန်လို့လားဟ...."
ဘန်း...
နောက်တစ်ကြိမ် အသံ ထွက်ပေါ်လာပြီး လင်းရီ တင်ကွမ်းကျဲကားကို ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်တော့ အကျိုးသက်ရောက်မှုမှာ ပြင်းထန်သွားပြီး တင်ကွမ်းကျဲ၏ BMW 7 ကို သစ်ပင်နှင့် တိုက်မိသွားစေပြီး ရပ်တန့်သွားစေ၏။
တစ်ချိန်တည်းတွင် Didi စပယ်ရှယ်ကားများလည်း နောက်မှ လိုက်မှီလာခဲ့ကြ၏။
သူတို့ အစက တွေးထားခဲ့သည်မှာ ဘူဂတီပြိုင်ကားက BMW ကားကို ရပ်တန့်နိုင်မည်မဟုတ်ဟု တွေးထားခဲ့သော်လည်း ယခုလို မနီးမဝေး၌ ရပ်တန့်နေလိမ့်မည်ကိုတော့ ထင်မှတ်မထားချေ။
"ယောက်ျား...ကျွန်မ အမြင်တွေများ မှားနေသလားလို့ ..ဘူဂတီကားပိုင်ရှင်က BMW ကားကို တိုက်လိုက်တာ ဟုတ်ရဲ့လား........."
"ဖြစ်နိုင်တာပဲလေ...မဟုတ်ရင် ကားက ဘယ်လိုလုပ် သစ်ပင်နဲ့ တိုက်ပြီး ရပ်သွားမှာလဲ...."
"ဒီခုခေတ် သူဌေးသားတွေကတော့ အရမ်းကို ရူးသွပ်တာပဲ...သူတို့ဘယ်လိုတောင် လုပ်ရက်တာလဲနော်...ယွမ် သန်းဆယ်ချီတန်တဲ့ ကားကို ဒီလိုပဲ ဖျက်စီး ပစ်လိုက်တယ်ပေါ့...."
လင်းရီ ထိုင်ခုံခါးပတ်ဖြုတ်၍ ကားထဲမှ ထွက်လာခဲ့လိုက်သည်။
ထို့နောက် BMW ကားတံခါးကို ဖွင့်၍ အက်စီးဒန့်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ စုံတွဲကို ကြည့်လိုက်၏။
"ငိုးမသားတွေ...မင်းတို့ နှစ်ကောင် အတော်လေး ပြေးပြီးပြီဆိုတော့ ထွက်လာဖို့ အချိန်ပဲ မဟုတ်လား..."
တင်ကွမ်းကျဲမှာ ခေါင်းပေါက်ထားပြီး မျက်နှာတစ်ခုလုံး ေ-သွးချင်းချင်းနီရဲနေသော်လည်း မပြင်းထန်သောကြောင့် အသိစိတ်တော့ ရှိနေသေးသည်။
"ငိုးပဲ..မင်းက သောက်ရူးပဲကွ..ငါက မင်းဆီကနေ ၃၀ မီလီယမ်ပဲ ယူခဲ့တာ...အဲ့တာကို မင်းက၄၀ မီလီယမ်ကျော်တဲ့ ပြိုင်ကားကြီးနဲ့ လိုက်တိုက်တယ်ပေါ့....မင်းတန်တယ်လို့ ထင်နေတာလားဟျောင့်...."
လင်းရီ ကခုံးတွန့်လိုက်ပြီး "ဒါပေါ့ တန်တာပေါ့...ပထမဆုံးအနေနဲ့ မင်းတို့ကောင်တွေကို ဖမ်းမိသွားတယ်လေ...ကားက ပျက်စီးတော့ကော ဘာဖြစ်လဲ...ငါ့မှာ နောက်ထပ်လေးငါးစင်းလောက်ရှိသေးတယ်..တစ်စီးပျက်ရင် နောက်တစ်စီး လဲစီးရတာပေါ့ကွ....."
တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ မျက်နှာ မဲမှောင်သွား၏။
သူ့မှာ မီလီယမ် ဆယ်ချီတဲ့ ပြိုင်ကားတွေ အများကြီး ရှိတယ်ပေါ့....
အဲ့လိုကောင်က ဘယ်ကလာတာလဲဟ....
"ရေခဲ နတ်ဘုရားမလို့ နာမည်ကြီးတဲ့ ငါတို့ဘော့စ်ကို မင်းသိမ်းပိုက်နိုင်တာ မဆန်းတော့ပါဘူး...
လက်စသတ်တော့ မင်းမှာ အရည်အချင်း တစ်ချို့ ရှိလို့ကိုး...."
တင်ကွမ်းကျဲ စိတ်ပျက် အားငယ်စွာ ပြောလိုက်ပြီး
"ငါရှုံးကြောင်း ၀န်ခံတယ်..မင်းကြိုက်သလိုသာလုပ်တော့..."
"ဒါမင်း အရှုံးပေးတဲ့ ပုံစံပေါ့...."
"ဒါပေမယ့် ငါနားမလည်တာ တစ်ခုရှိသေးတယ်..."တင်ကွမ်းကျဲ ပြောလိုက်၏။
"နားမလည်သာ ရှိရင် မေး....ငါမင်းကို စိတ်အေးအေး နဲ့ သေခွင့်ပြုမယ်လို့ အာမခံရဲတယ်..."
"ငါက ကင်မရာတွေ နဲ့လွတ်အောင် ဆိုပြီးတော့ မြို့ပြင်ဘက်ကို ပြေးလာခဲ့တာလေ..အဲ့တာကို မင်းက ဘယ်လိုလုပ် လိုက်မှီသွားတာလဲ...."
"ရှင်းရှင်းလေးပါ...မင်းနောက်က လိုက်လာတဲ့ Didi စပယ်ရှယ်ကား အဖြူရောင်လေးတွေကို မြင်လား..."
"ငါမြင်တယ်လေ...အဲ့ကောင်တွေက ငါ့သတင်းတွေကို ရောင်းစားသွားတာပေါ့..."
တင်ကွမ်းကျဲ မယုံနိုင်သည့် လေသံဖြင့် မေးလိုက်၏။
"ဘာလို့ဆို ငါအမိန့်ပေးထားလို့လေ..."
"မဖြစ်နိုင်တာ...သူတို့က ဘာကိစ္စနဲ့ မင်းအမိန့်ပေးတာကို နာခံကြမှာ..."
"ဘာလို့လဲဆိုတော့ ငါကDidi ရဲ့ရှယ်ယာ ၂၀%ကို ကိုင်ထားလို့လေ...ဒုတိယအကြီးဆုံး ရှယ်ယာရှင်လို့တောင် ပြောလို့ရတယ်..ငါ့နှုတ်က အမိန့်ပေးလိုက်တာနဲ့ ရန်ချိန်မှာ ရှိတဲ့ ဒရိုင်ဘာအားလုံးက ငါ့အမိန့်ကို နာခံကြရမှာပဲ...ခုတော့ ဘာလို့ မင်းကို လိုက်မှီသွားလဲ ဆိုတာ နားလည်ပြီလား...."