ရဲစခန်း ရှေ့တွင် နှစ်ယောက်တည်း ကမ္ဘာ
Vol. 6 Ch. 80
"ငိုးပဲ..."
တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ အမှန်တရားကို ရှာတွေ့သွားသောအခါ ေ-သလောက်အောင် ငိုချင်နေကြသည်။
သို့သော်လည်း မျက်ရည်များက ကျမလာခဲ့။
သူက Didi ရဲ့ ဒုတိယအကြီးဆုံး ရှယ်ယာရှင်တဲ့လား...
ငါအတိတ်ဘ၀က ဘာတွေများ မှားခဲ့မိလို့ ဒီလို ရန်သူများနဲ့ လာဆုံရတာလဲကွာ...
လင်းရီ မနီးမဝေး ရှိ Didi ဒရိုင်ဘာများကို လက်ဝှေ့ရမ်းပြလိုက်သည်။ လင်းရီ၏ အချက်ပြမှုကို မြင်တော့ ရိုင်ဘာအားလုံး လင်းရီထံ မောင်းနှင်လာကြ၏။
"ဒီနေ့ ကူညီပေးတဲ့ အတွက် ကျေးဇူးပါ ..."
ထို့နောက် လင်းရီ BMWကို လက်ညိုးထိုးပြလိုက်ရင်း "ဒီကောင်တွေရဲ့ ကားက ပျက်စီးသွားပြီဆိုတော့ ပို့ပေးဖို့ ဒုက္ခပေးရဦးမယ်..ဒါပေမယ့် ပို့ခတော့ ပေးမှာပါဗျ..."
"ကျုပ်တို့ ပို့ပေးဖို့ဆိုတာကတော့ ပြဿနာမရှိပါဘူးဗျ..ဒါပေမယ့် ခင်များကားကျတော့ကော...ကျုပ်တို့ ကရိန်းခေါ်လိုက်ရမလား..."
"ထားလိုက်တော့ကွာ...ဒီလိုတောင်ဖြစ်နေပြီဆိုမှတော့ ပြင်နေရင်းနဲ့ အလုပ်ရှုပ်ခံမနေတော့ဘူး.. ..ပစ်ထားခဲ့လိုက်တော့မယ်.."
ဟစ်....
အမျိုးသားဒရိုင်ဘာမှ ထိတ်လန့်တကြား ထခုန်လိုက်ပြီး
"ခင်များကားက ယာယီ လိုင်စင် နံပါတ်ပြားနဲ့ ဆိုတော့ ၀ယ်ထားတာ မကြာသေးဘူးမလား..."
"အင်း...ကျုပ် ဒီကားကို မနေ့တုန်းက ကားပြပွဲကနေ ၀ယ်လာခဲ့တာ...အစကတော့ ကျိုးဟိုင်ကို မောင်းသွားမလို့ပဲ..ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့တော့ ထင်မထားဘူး.... သောက်ရမ်း ၀မ်းနည်းဖို့ကောင်းတယ်ဗျာ"လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
ဒရိုင်ဘာများကတော့ လင်းရီ မျက်နှာပေါ်ရှိ အပြုံးကို မြင်သောအခါ မျက်နှာများ မည်းမှောင်သွားကြတော့သည်။
ငါတို့ မင်းမျက်နှာပေါ်မှာ ၀မ်းနည်းတာလည်း မမြင်မိပါလားကွ...
တခဏမျှ ပြောဆိုပြီးနောက် လင်းရီ တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ကို Didi ကားထဲသို့ ရွှေ့ပြောင်းလိုက်၏။
"ဒီနေ့ အတွက် ကျေးဇူးပဲနော်..လောလောဆယ် ကျုပ်လက်ထဲမှာ ငွေသား မရှိသေးလို့ နောက်ကျမှပဲ ဘောနပ်စ် စီစဉ်ပေးလိုက်မယ်..."
"ဘောနပ်စ် ပေးဖို့ မလိုပါဘူးရှင်...ကျွန်မတို့ မိသားစုက ဗုဒ္ဓဘာသာ၀င်တွေလေ..ဒီတော့ ကောင်းမှု လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်..."ဒရိုင်ဘာ၏ ဇနီးသည်မှ ဆိုလိုက်၏။
"ကောင်းပြီလေ..ခင်များတို့က ဘောနပ်စ် မလိုချင်ဘူးဆိုမှတော့ ခင်များတို့ရဲ့ မျှော်လင့်ခြင်း စီမံကိန်းထဲကို ယွမ် ၅၀၀,၀၀၀ ထည့်ပေးမယ်ဗျာ..."
"နေစမ်းပါဦး..ဘယ်လောက်လို့ ပြောလိုက်တယ်...ယွမ် ၅၀၀,၀၀၀ ဟုတ်လား..."
ဒရိုင်ဘာ၏ ဇနီးသည်မှ အံ့ဩတကြီး မေးမြန်းလိုက်၏။
"ဟုတ်တယ်..ကျုပ် ခင်များတို့ကို အဲ့လောက် ထောက်ပံ့ထားဖို့ စီစဉ်ထားတာ..."
"လူချောလေး..နောက်မနေစမ်းပါနဲ့..ယွမ် ၅ထောင်လောက်ဆိုရင်ကို ငါတို့က ကျေနပ်ပါပြီ..အဲ့လောက် အများကြီး ပေးဖို့ မလိုဘူး...."
"အာ...တကယ်တော့ ကျုပ်က Didi ရဲ့ ရှယ်ယာရှင်လေ..ဆိုတော့လည်း နောက်ကျမှ ဘယ်လောက်ပေးမလဲဆိုတာကို ဆုံဖြတ်ပေးတာပေါ့...."
ဖူး.....
လင်းရီ ဘယ်သူလဲဆိုတာ သိတော့ လင်မယားစုံတွဲမှာ သွေးအန်သွား၏....
"ရှင်က Didi ရဲ့ ရှယ်ယာရှင်ဆိုတော့ ကျွန်မယောက်ျားရဲ့ သူဌေးလို့ ဆိုလိုတာပဲ မလား..."
"အင်း...အဲ့လိုပြောလည်း ရပါတယ်...."လင်းရီ ခေါင်းညိမ့်လိုက်၏။
"အာ..ကျွန်မ ခုနက ပြောထားတာတွေ ပြန်ရုတ်သိမ်းလို့ရမလား..."ဒရိုင်ဘာ၏ ဇနီးသည်မှ မဝံ့မရဲလေး မေးလိုက်သည်။
"ကျွန်မတို့က ဗုဒ္ဓကို ယုံကြည်သက်၀င် တယ်ဆိုရင်တောင်မှ ထမင်းစားဖို့ လိုသေးတယ်လေ..."
"ကိစ္စမရှိဘူး...ကျုပ် Didiကို ခင်များတို့ရဲ့ ဘောနပ်စ်ကို အမြန်ဆုံး ထုတ်ပေးဖို့ ပြောလိုက်မယ်...."
"အဲ့တာဆိုလည်း ကျေးဇူးပါပဲကွယ်...."
လင်းရီ တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ကို ရဲစခန်းသို့ ခေါ်သွားသောအခါ ကျီချင်းရန် ခုံရှည်လေးပေါ်၌ ထိုင်၍ စောင့်နေကြောင်း မြင်လိုက်ရသည်။
"လင်းရီ..နင်ပြန်လာပြီပေါ့..ဘာမှ မဖြစ်ခဲ့ဘူးမလား..."
"ဘာတွေများ ထိခိုက်ဒဏ်ရာ ရခဲ့သေးလဲ..."
"ငါအဲ့ကောင်တွေကို ဖမ်းခဲ့ပြီးပြီ..ကျန်တာတွေကတော့ ရဲတွေနဲ့ တရားသူကြီးတွေ ကြည့်ကြပ် ရှင်းလိမ့်မယ်..."
"ဘော့စ်ကျီ...ကျုပ်အမှားကို နားလည်သွားပါပြီဗျာ..အခု အသိတရား ရသွားပါပြီ ပိုက်ဆံတွေတင်မကဘူး ကျုပ်အိမ်နဲ့ ကားကိုလည်း ပေးပါ့မယ် ..ကျုပ်ကို မဖမ်းပါနဲ့လားဗျာ....."
"ခုမှ ဘာတွေ လာပြောနေတာလဲ..."ကျီချင်းရန် ပြောလိုက်ပြီး "ရဲတွေက ၀မ်ကျန်းရီကို လည်း ဖမ်းပြီးသွားပြီ နင်တို့ တရားဥပဒေရဲ့ အပြစ်ပေးမှုကို ခံယူဖို့သာ ပြင်ထား...."
တင်ကွမ်းကျဲနှင့် တုန်ရွှမ်းတို့ အရှက်ရစွာဖြင့် ခေါင်းကို ငုံ့ထားကြသည်။
သူတို့ နှစ်ယောက်လုံးမှာ ချောင်ရန် အုပ်စု၏ ၀န်ထမ်းဟောင်းများ ဖြစ်သည့်အလျောက် ကျီချင်းရန်၏ စရိုက်ကို နားလည်ပေသည်။
ဤအခြေအနေထိ ရောက်လာခဲ့ပြီးမှတော့ သူမတို့ကို ခွင့်လွှတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
သူတို့ မရွေးချယ်ချင်သော်လည်း တရားဥပဒေ၏ အပြစ်ပေးမှုက်ုသာ ခံယူရပေတော့မည်။
သူတို့ နှစ်ယောက်ကို ရဲလက်သို့ အပ်ပြီးနောက် လင်းရီ ကျီချင်းရန်နှင့် စကားပြောရန် နောက်၌ ကျန်နေခဲ့၏။
"ဟမ်...နင့်ကားကော...."ရဲစခန်းမှ ထွက်လာပြီးနောက် ကျီချင်းရန် မေးလိုက်၏။
"မရှိတော့ဘူး...ကားက အတော်လေး ပျက်စီးသွားပြီ....."
လင်းရီ ပခုံးတွန့်လိုက်ပြီး "ငါတင်ကွမ်းကျဲတို့နောက် လိုက်တော့ အဲ့ကောင်တွေက လုံး၀ကို ကားမရပ်ပေးတာ..အဲ့တာနဲ့ ငါလည်း အမှောက် တိုက်ပစ်လိုက်တော့ ငါ့ကားလည်း အတော်လေး ထိခိုက်သွားတယ်လေ..အဲ့ဒါနဲ့ ငါလည်း ကရိန်းတွေ ဘာတွေ ခေါ်ပြီး မလုပ်ရှုပ်မခံချင်တာနဲ့ အဲ့မှာပဲ ပစ်ထားခဲ့လိုက်တယ်..."
"နင်ဘာလို့ အဲ့လောက် တုံးရတာလဲ...ငါဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေက နင့်ကား ၀ယ်ဖို့တောင် မလောက်တဲ့ဟာကို....."
"ငွေကြောင့်တော့ မဆိုင်ပါဘူးကွာ...."လင်းရီ ပြောလိုက်ပြီး
"ငါတို့ ဘော့စ်ကျီလေးရဲ့ မျက်နှာကြောင့်ပေါ့...ဘာမှ မပူနဲ့..ငါ အမြဲတမ်းမင်းနောက်မှာ ရှိနေမယ်..."လင်းရီ ပြောလိုက်၏။
"ဘာမှ ၀မ်းနည်းမနေနဲ့..ဒီတိုင်း ကားလေး တစ်စီးပါပဲကွာ....."
ကျီချင်းရန် ဟပ်ထိသွားပြီး မျက်လုံးမှ မျက်ရည်များ စီးကျလာတော့သည်။
သူမနောက် ပိုးပန်းသူများမှာ မရေမတွက်အောင် များပြားလှသော်လည်း လင်းရီကဲ့သို့ နောက်မှ ဖေးမ ကူညီပေးမည့်သူတော့ မရှိချေ။
"ငါက ငွေကြောင့် ပြောတာ မဟုတ်ပါဘူး...သူများကို ကားနဲ့ တိုက်တယ်ဆိုတာ ဘယ်လောက် အန္တရာယ်များလဲဆိုတာ နင်သိလား...နင် တစ်ခုခု ဖြစ်သွားရင်ကော... ငါ ဘယ်လိုလုပ်ရမလဲ...."
"ဘာမှ မဖြစ်ဘူး...ငါထိခိုက်မှ ရမယ်ဆိုရင်တောင်မှ အဲ့ကောင်တွေကို ရအောင် ဆွဲခေါ်လာခဲ့ဦးမှာ...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"နင် တကယ်....."
"ဟေး ဟေး....ခင်များတို့ နှစ်ယောက်..သတိလေး ဘာလေးလဲ ထားကြဦး ဒါက ရဲဌာနနော် ပြီးတော့ လမ်းတစ်ဖက်မှာလည်း သက်တံ့ရောင် မူကြိုကျောင်းကလည်း ရှိသေးတယ် ..ဒီမှာ လာပြီး နှစ်ယောက်တည်း ကမ္ဘာ လုပ်မနေနဲ့..ကလေးတွေ မြင်လို့ မကောင်းဘူး..."ရဲအစောင့်မှ ပြောလိုက်၏။
အာ....
ကျီချင်းရန် မျက်နှာ နီရဲသွားသည်။
ရှက်ဖို့ ကောင်းလိုက်တာ....
နှစ်ယောက်သား ရဲဌာနမှ အမြန် ထွက်လာလိုက်ပြီး ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
"ငါ့ကိစ္စကတော့ ပြီးသွားပြီ..နင်ကော ကျိုးဟိုင်ကို ဘယ်တော့ ပြန်သွားမှာ..."
"အဲ့ဒါဆိုလည်း ဒီနေ့ပဲ ပြန်ကြတာပေါ့...."
"ကောင်းပြီလေ..အဲ့ဒါဆိုလည်း ငါ လေယာဉ် လက်မှတ် ကြိုဖြတ်ထားလိုက်မယ်..."
လေယာဉ် လက်မှတ် ဖြတ်ပြီးနောက် လင်းရီတို့ အထုပ်အပိုးများ သိမ်းဆည်း၍ လန်ထျန်း မိဘမဲ့ဂေဟာသို့ သွားလိုက်ကြသည်။ မေမေ၀မ်အား နှုတ်ဆက် ပြီးနောက် ကျီချင်းရန် နှင့်အတူ လေယာဉ်ကွင်းသို့ ထွက်လာခဲ့လိုက်၏။
"မင်း ကုမ္ပဏီရဲ့ ဒုဥက္ကဌ ကျောက်နန်ပင်း ကို သိတယ်မလား...."လင်းရီ လေယာဉ်ပေါ်တွင် မေးလိုက်၏။
"ငါ တင်ကွမ်းကျဲကို စစ်မေးကြည့်တော့ သူ့ကို သတင်းပေးတာ ကျောက်နန်ပင်းတဲ့...မဟုတ်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး..."
"ဟင် ဟုတ်လား...ငါမရှင်းတာက ငါ ရန်ချိန်ရောက်နေတာကို နင်နဲ့ ငါကလွဲလို့ ဘယ်သူသိသေးလို့လဲ..."
"မင်း လေယာဉ်လက်မှတ် ဖြတ်ပြီးတော့ လေကြောင်းကုမ္ပဏီကနေ ပြေစာ လာတယ်လေ....အဲ့ဒီကနေ တစ်ဆင့် သူသိသွားတာနေမှာပေါ့..."
"အင်း..ဟုတ်သားပဲ..ငါဘာလို့ မေ့သွားပါလိမ့်..."
"ဟင်း.....ဒီလိုတွေ ဖြစ်လာလိမ့်မယ်လို့ ငါလည်း မျှော်လင့်မထားဘူး..."ကျီချင်းရန်မှ ပြောလိုက်လေသည်။
"ခုတော့ အားလုံး အိုကေသွားပြီ မလား ပြဿနာတွေ လည်း အားလုံး ရှင်းပြီး သွားပြီလေ..."
"ဒီကျောက်နန်ပင်းက တကယ့်ကို သစ္စာဖောက်ပဲ..လွန်ခဲ့တဲ့ တစ်နှစ်က ငါသာ သူ့ကို ဒုဥက္ကဌ ဖြစ်ဖို့ မထောက်ခံပေးခဲ့ဖူးဆိုရင် ဒီနေ့လို နေ့မျိုး ဖြစ်လာမှာတောင် မဟုတ်ခဲ့ဘူး...ငါတကယ်ကို အမြင်ကန်းခဲ့တာပဲ...."
"နားလည် ပေးလို့ရပါတယ်...ဘာလို့လဲ ဆိုတော့ လူတွေက လောဘကြီးတဲ့ သတ္တဝါတွေပဲလေ...."
လင်းရီ ထောက်ပြလိုက်၏။
"ငါအဲ့ကောင်ကို ခုပဲ ကိုင်တွယ်လိုက်မယ်...ငါ့ ကုမ္ပဏီမှာ သူ့လို သစ္စာဖောက်မျိုးကို ဆက်မထားနိုင်ဘူး...."
"မပူနဲ့..."လင်းရီ ပြောလိုက်ပြီး "သူကလည်း ဒုဥက္ကဌ ဖြစ်တာ ကြာပြီဆိုတော့ သေချာပေါက် ငွေမည်းတွေ ရှိမှာပဲ... သူ့ရဲ့ ခြေရာ လက်ရာတွေ ကို သေချာစစ်ဆေးပြီးတော့ အပြစ်ပေးလိုက်တာ ပိုပြီး ကျေနပ်အားရဖို့မကောင်းဘူးလား..."
"အွန်း...နင်ပြောတာ မှန်တယ်..."
ချင်းရန် ရုတ်တရက် လင်းရီမှာ သူမ၏ ကံကောင်းစေသည့် ကြယ်ပွင့်လေးဖြစ်ကြောင်း ကျီချင်းရန် သတိထားမိသွားသည်။
သူမ အကျပ်တည်းဆုံးအချိန်တွင် အမြဲတမ်း ထိရောက်သော နည်းလမ်းများကို ပြောပြလေ့ရှိသည်။
သူမ အရင်တုန်းက ဒီလောက်တော်တဲ့ လူကို ဘာလို့ သတိမထားခဲ့မိပါလိမ့်....
အကယ်၍ သူမသာ စောတွေ့ခဲ့ပါက ရာထူးတိုးပေး၍ သူမဘေးနား ထားထား လိုက်မည်။
ထိုအခါကျ သူလည်း ဘယ်သောအခါမျှ Didi မောင်းဖြစ်လိမ့်မည် မဟုတ်ပေ...
...........
ကျီချင်းရန်ကတော့ ကျောက်နန်ပင်းကို စုံစမ်းစစ်ဆေးရန် ဝီချက်မှ တစ်ဆင့် လူအများကြီးကို ဆက်သွယ် ရင်း လေယာဉ်ပေါ်တွင် အလုပ်ရှုပ်လို့နေသည်။
နှစ်နာရီကြား လေယာဉ်စီးပြီးနောက် သူတို့ ကျိုးဟိုင်သို့ ပြန်ရောက်သောအခါ ညနေ ၅ နာရီကျော်နေပြီ ဖြစ်သည်။
"ဒီည ငါ့အိမ်လိုက်ခဲ့ပါလား..ငါနင့်ကို ချက်ကျွေးမယ်လေ...."ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်၏။