အခန်း (၈၁)
Vol. 6 Ch. 81
"တော်ပြီ...ရပြီ ကျေးဇူးပဲ"
လင်းရီ ငြင်းလိုက်၏။ "မင်းက ဘယ်လို ချက်ရမှန်းတောင် မသိတာ ငါက မင်းကျွေးတာကို ဘယ်လို သတ္တိနဲ့ စားရမှာလဲဟ..."
"နင်ငါ့ကို အဲ့လောက်တောင် အထင်သေးနေတာလား..."ကျီချင်းရန် မျက်နှာငယ်လေးဖြင့် ပြောလိုက်ပြီး "ငါက တ-ရုတ်အစားအစာတာ မကျွမ်းတာနော် အနောက်တိုင်း အစားအစာ ကတော့ လုံး၀ ပရော်ဖက်ရှင်နယ် အဆင့်ပဲ ...ငါနင့်ကို စတိတ်ခ် လုပ်ပေးမယ်...လျှာလည်သွားစေရမယ်ဟာ..."
"ဒီတိုင်း ခေါက်ဆွဲပဲ လုပ်လိုက်ပါလား...အချိန်ကုန်လည်း သက်သာတာပေါ့...."
"ခေါက်ဆွဲလား..."ကျီချင်းရန် တခဏမျှ စဉ်းစားလိုက်ပြီး "ငါ စပါဂတီ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ သိတယ်...အိုး နင်ငါ့ကို ကူညီပေးလိုက်တာပဲ..ကျေးဇူး တင်လိုက်တာနော်..."
"ကဲပါလေ...မင်းက အဲ့လောက် ပြောနေမှတော့ မင်းရဲ့ လက်ရာကို တစ်ခါလောက် လိုက်စား ကြည့်ဦးမယ်..."
"ကျွတ်..နင်ဒီလို စားခွင့်ရတာကို ကျေးဇူးတင်ရမှာနော်..တချို့ဆို စားချင်တာတောင် စားဖို့ အခွင့်အရေး မရဘူး...."ကျီချင်းရန် ဂုဏ်ယူစွာ ပြောပြလိုက်၏။
လေဆိပ်မှ ထွက်ခွာပြီးနောက် လင်းရီ ၏ ရှာရီလေးမှာ ပါကင်ထိုးသည့်နေရာ၌ ရှိနေဆဲဖြစ်၏။။ သို့ဖြင့် ထိုကားနှင့်ပဲ ကျီချင်းရန်၏ ယွင်ရွှေ ဗီလာသို့ မောင်းနှင်သွားလိုက်ကြသည်။
ဗီလာထဲသို့ ရောက်လျင်ရောက်ခြင်း ကျီချင်းရန် အိမ်နေ၀တ်စုံကို တန်းလဲလိုက်ပြီး ကျောက်စိမ်းကဲ့သို့ ခြေသလုံးသားလေးများကို လှစ်ဟာပြကာ အေပရွန်လေးကို ၀တ်၍ သူမအား အိမ်မှုကိစ္စ နိုင်နင်းသော အိမ်ထောင်ရှင်မ အသွင်သို့ ပြောင်းလဲသွားစေ၏။
ချက်ပြတ်နေစဉ် အတောအတွင်း ကျောက်နန်ပင်း ကိစ္စနှင့် ပတ်သက်၍ ကျီချင်းရန် ဖုန်းကောအနည်းကိုလည်း ဆက်သွယ်လိုက်သေးသည်။
ဤကဲ့သို့ စိတ်မြန် လက်မြန် ရှိသော ကျီချင်းရန်ကို ကြည့်ရင်း လင်းရီ သူမမှာ အလုပ်လုပ်သည့်အခါ၌ လွန်စွာ အနုစိတ်ကြောင်း အသိအမှတ်ပြုသွားစေသည်။
နာရီ၀က်ခန့်ကြာပြီးနောက် ကျီချင်းရန် စတိတ်ခ်နှစ်ပွဲ ၊စပါဂတီ နှစ်ပွဲနှင့် အသီးအရွက်သုတ် တစ်ပွဲတို့ကို စားပွဲခုံပေါ်သို့ သယ်လာခဲ့၏။
"ကဲ ..ပြီးပြီ ကိုယ်တော်ရေ ..သုံးဆောင်လို့ရပါပြီရှင့်..."
လင်းရီလည်း ဟန်ဆောင်ပန်ဆောင် လုပ်မနေတော့ပဲ ချက်ချင်း တစ်လုတ် အရင်မြည်းကြည့်လိုက်၏။
အင်း...အရသာတော့ ရှိသားဟ....
သို့သော်လည်း အနောက်တိုင်း အစားအစာများတွင်တော့ ဟင်းအမယ်သာ အက္ခရာကျ၏။ အသုံးပြုထားသည့် အသားမှာ ကောင်းနေသရွေ့တော့ စတိတ်ခ်မှာလည်း ဆိုးဝါးလိမ့်မည် မဟုတ်ချေ။
"ဗဲရီးဂွတ်......"
"အာ့ဆိုလည်း များများစားပေး..."ကျီချင်းရန် သူမ၏ စိတ်ခ်ကို တစ်၀က်လှီးလိုက်ပြီး ခက်ရင်းဖြင့် လင်းရီပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ "ငါက သိပ်အများကြီး မစားနိုင်ဘူး..ရော့ နင့်အတွက်..."
"ဒါပေါ့...မင်းလျော့စားသင့်တယ်..."လင်းရီ ရောမော၍ ပြောဆိုလိုက်ပြီး "ဒါနဲ့ မင်းပေါင်ဘယ်လောက်လဲ...."
"၉၄ ပေါင်တည်းပါနော်...နင်ထင်သလောက်လဲ မ၀ပါဘူး...."
လင်းရီလည်း မိန်းကလေးများကို ကိုယ်အလေးချိန်နှင့် ပတ်သက်၍ မနောက်သင့်ကြောင်း နားလည်သဖြင့် ခေါင်းစဉ် ပြောင်းပြောလိုက်ပြီး "စကားမစပ် ငါခုနတုန်းက မင်းဖုန်းထဲ မှာ မြင်လိုက်ပါတယ်...မင်း ကျောက်နန်ပင်းရဲ့ ခြေရာလက်ရာတွေကို လိုက်တူးဆွနေတာလား..."
ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "အင်း...တကယ်လို့ အားလုံး အဆင်ပြေတယ်ဆိုရင် မနက်ဖြန် ရောက်တာနဲ့ ကျောက်နန်ပင်းနဲ့ သူ့ရဲ့ အပေါင်းအပါတွေ အားလုံးရဲ့ ဒေတာကို ရတော့မှာ...."
"ဟမ်...အဲ့လောက် မြန်လားဟ..."
"ဒါပေါ့ဟ...ငါ့မှာသာ အဲ့လောက် အစွမ်းအစ မရှိရင် စီအီးအို ဖြစ်ဖို့ မထိုက်တန်ဘူး ဖြစ်သွားမှာပေါ့....."
"ဟီးဟီး..ငါတော့ မင်းကို အထင်သေးမိနေတာပဲ..."
လင်းရီ ရယ်မောရင်း ပြောလိုက်၏။
"ဒါပေါ့..."ကျီချင်းရန် အနည်းငယ် ဂုဏ်ဆာသွားပြီး "ငါသာ အဲ့လောက်လေးတောင် မစွမ်းနိုင်ရင် ကုမ္ပဏီနဲ့ စီမံခန့်ခွဲမှု အပိုင်းမှာ အကုန်လုံး ကမောက်ကမ ဖြစ်ပြီး ဒီလိုမျိုး အေးဆေး ထိုင်နေနိုင်မှာတောင်မှ မဟုတ်ဘူး....."
"အင်း...အဓိပ္ပာယ် ရှိတယ်...."
ကလင် ကလင် ကလင်
နှစ်ယောက်သား စကားပြောနေတုန်း လင်းရီ ဖုန်း မြည်လာ၏။ ချင်းဟန် ဆီမှပင်။
"ဒီကောင် ဘာလုပ်မလို့ ဖုန်းခေါ်လာပါလိမ့်..."
လင်းရီ ဖုန်းကို ကောက်ကိုင်ရင်း တီးတိုး ရေရွတ်လိုက်၏။
ဖုန်းကိုင်ပြီးနောက် လင်းရီ ဘာမှ မပြောရသေးခင် ချင်းဟန်ဘက်မှ စတင် အော်ဟစ်လာသည်။
"ငိုးပဲဟျောင့်..သောက်ရမ်းလန်းတယ်ကွာ..လင်းကြီး မင်းက ချီရွန်၀မ်းကို ၀ယ်ထားတာတောင်မကြာသေးဘူး...ဒီတိုင်း ထားပစ်ခဲ့တယ်ပေါ့...သောက်ရမ်း မိုက်တယ်ကွာ..."
"အေးအေး..နေစမ်းပါဦး..မင်းဘာအကြောင်းတွေ ပြောနေတာ..."
"ဟျောင့် ..ခုမှ လာပြီး မသိသလို ဟန်ဆောင်မနေနဲ့...,မင်းအခု နာမည်ကြီးနေပြီကွ...ငါခု မင်းကို ဗွီဒီယို ပို့လိုက်မယ်..အဲ့တာကြည့်ပြီးရင် ဘာဖြစ်နေလဲ နားလည်ရောပေါ့...."
"ကောင်းပြီလေ"
"ဘာဖြစ်တာလဲတဲ့..."ဖုန်းချပြီးနောက် ကျီချင်းရန် မေးလိုက်၏။
"အဲ့ကောင် ပြောတာတော့ ငါ Dou yin မှာ နာမည်ကြီးနေပြီတဲ့...ဘာဖြစ်နေလဲဆိုတာ တစ်ချက်သွားကြည့်ကြည့်လိုက်ဦးမယ်..."
မကြာမီ ချင်းဟန်ထံမှ မက်ဆေ့ခ်ျရောက်ရှိလာပြီး လင်းရီ ဖွင့်ကြည့်လိုက်၏။
၎င်းဗွီဒီယိုမှာ သူ တင်ကွမ်းကျဲတို့ ကားကို လိုက်တိုက်နေသည့် ဗွီဒီယိုပင်။
သို့သော်လည်း ကပ်ပရှင်ကတော့ အမြင်ဖမ်းစားဖွယ်ဖြစ်နေ၏။
"၄၃ မီလီယမ် တန်ကြေးရှိတဲ့ ဘူဂတီ ချီရွန်၀မ်း... BMW 7 ကို လိုက်တိုက်ပြီးနောက် မလိုချင်တော့ဘူးဟု ပြောကာ ထားသွားခြင်း... "
"လိုက်ခ် သုံးသန်း...ကွန်းမန့်က လေးသိန်းကျော်တောင်လားဟဲ့..."
ကျီချင်းရန် အံ့အားသင့်သွား၏။
"ဒီကောင်တွေကတော့ သောက်ရေးကြီးခွင်ကျယ်တွေ လုပ်နေတာပဲ..ငါတိုက်လိုက်တာ ဘိုအင်း၇၄၇ လဲ မဟုတ်ပဲနဲ့...ဒီလောက်ကြီး ရေးကြီးခွင်ကျယ်လုပ်ဖို့ လိုလို့လားဟ..."လင်းရီ ဆွံ့အသွား၏။
"ချီရွန်၀မ်းက ဘယ်လောက် တန်ကြေးရှိလဲဆိုတာ နင်လဲသိသားနဲ့..သာမန် လူဆိုရင် သူတို့တစ်သက်လုံး လုပ်တောင် အဲ့ကား၀ယ်ဖို့ တတ်နိုင်မှာ မဟုတ်ဘူးလေ...."
"အေး...မင်းပြောတာလည်း ဟုတ်သားပဲ...."
"မရည်ရွယ်ပဲ လုပ်လိုက်တာ..မထင်မှတ်ဘဲ နာမည်ကြီးသွားတာပေါ့...."
"ဟင်း...ထူးချွန်တဲ့ သူတွေက နိမ့်ချပြီး နေဖို့ အရမ်းခက်ခဲတယ်ဆိုတာ တအားမှန်တာပဲ..."
"ကျွတ်..နင်ကပဲ ပြောရတယ် ရှိသေး..."ကျီချင်းရန် ပြောလိုက်ပြီး "ကွန်းမန့်မှာ အဲဗားအွန်လိုင်းတွေက ဘာတွေ မန့်ထားလဲ ဆိုတာကော ဖတ်ကြည့်လိုက်ဦး ..."
ကွန်းမန့် ကဏ္ဍတွင်တော့ လူများစွာ၏ မှတ်ချက်များက တသီတစ်တန်းကြီး ရှိနေပြီး ဖြစ်၏။
"မိန်းကလေးတို့ ငါ့ကို ကူညီပါဦးဟ ငါမကြာခင် သွေးဆုံးတော့မယ်...."
လင်းရီ : .......
"ငါ့တင်ပါးက အရမ်းကြီးတော့ သားလေးမွေးဖို့ သေချာတယ်နော် အချောလေး...."
"ရှောင်ကောကောက ရည်းစား ရှိလားမသိဘူး...မရှိရင် ခုပဲ အိမ်က လူကြီးကို သ-တ်ပစ်မလို့...."
"ဘယ်သူက DDVP ၀ယ်လို့လဲ...ငါ့ကောင်လေးတော့ အေးနေရှာတော့မှာပဲ..ရင်ခွင်ထဲ ထွေးပွေ့ထားချင်လိုက်တာ....ဒါနဲ့မမက E cup နော်...."
"ငိုးပဲ....မင်းဖုန်းနံပါတ် ငါ့ကို ပေးစမ်းဟျောင့်..."
ကွန်းမန့် စက်ရှင်တွင် မန့်ထားသော အမျိုးမျိုးသော မှတ်ချက်များကို တွေ့ပြီးနောက် လင်းရီ ပါးစပ် မစေ့နိုင်တော့ပေ။
"ကြည့်ရသလောက်တော့ နာမည်ကြီးရတာ သိပ်မကောင်းဘူးထင်တယ်..."လင်းရီ ပြောလိုက်၏။
"ကိုယ့်ကိုယ်ကိုမြောက်မနေစမ်းနဲ့..."
"မြန်မြန် စားတော့ အေးတော့မယ်...အွန်လိုင်းက လူတွေနဲ့ အရည်မရ အဖက်မရတွေ ပြောမနေနဲ့..."
"အဲ့ဒါဆိုငါက ဘယ်သူနဲ့ သွားပြောရမှာ.."
"နင်ဘယ်သူနဲ့မှ ပြောလို့ မရဘူး..မြန်မြန် စားစရာရှိသာ စားတော့..."ကျီချင်းရန် မျက်နှာနီရဲလျက် ပြောလိုက်၏။
ထိုအချိန်တွင် ချင်းဟန် ဖုန်းခေါ် လာပြန်သည်။
"လင်းကြီး...စိတ်လှုပ်ရှားဖို့ မကောင်းဘူးလားကွ..ခုဆို မင်းက Dou yin ရဲ့ နာရီကြီး စာရင်းထဲ ၀င်သွားပြီ...ပြီးတော့ ဝေ့ပေါ်မှာ ရှာဖွေမှုလဲ အများဆုံးနာ်...နောက်ဆုံးထွက် မော်ဒယ် ချီရွန် ၀မ်းက ဖျက်စီးခံလိုက်ရပြီ ဆိုတဲ့ သတင်းက ကမ္ဘာ့ထိပ်တန်းသတင်းကြီးပဲ....."
"အေးပါကွာ..ထားလိုက်ပါတော့..ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့ ငါက နိမ့်နိမ့်ချချပဲ နေချင်တာ...မတော်လို့ နောက်ကျ အပြင်ထွက်ရင် လူအုပ်ကြီး ဝိုင်းလိုက်နေပါဦးမယ်ဟ..."
"ငိုးပဲ..နာမည်ကြီးတာ မကြိုက်ဘူးလို့ပြောတာ မင်းတစ်ကောင်ထဲပဲ ရှိမယ်...ငါတို့ အားလုံးက နာမည်ကြီးချင်နေကြတာကြီးပဲ..မင်းကတော့ အလကား နာမည်ကြီးမှာကိုတောင် မရချင်တဲ့ကောင်...."
"ငါ့မှာ ငွေရှားနေတာလည်း မဟုတ်ဘူး...အလကားတွေ ဘာတွေလည်း စိတ်မ၀င်စားဘူးဟေ့ ဒါပဲ..."
"ဖက်ခ်...မင်းကတော့ ဘယ်လို မိမိုက်အောင် ဟန်ဆောင်ရမလဲ ဆိုတာ နားလည်တာပဲကွ..."
"မင်းပြောလို့ ပြီးရင်လဲ ဖုန်းချလိုက်တော့ကွာ..ငါဒီမှာ စားသောက်နေလို့ကွ...."
"နေဦး ငါပြောစရာ ကျန်သေးတယ်..." ချင်းဟန် ပြောလိုက်ပြီး "လွန်ခဲ့တဲ့ သုံးလလောက်တုန်းက ငါ McLaren P1 တစ်စီးရထားတယ်..ခု ငါအားလုံး စိတ်ကြိုက် ရွှိုင်းပြီး သွားပြီး..ငါးမီလီယမ်တောင် ကုန်ကျခံထားတာနော်ဟျောင့်...မနက်ဖြန် တစ်ပွဲလောက် ဆွဲချင်ရင် ပြေးလမ်းကိုသာ လာခဲ့လိုက်..."
"P1လား..ငါသိသလောက်ဆို အဲ့ကောင်က ၁၀ မီလီ
ယမ်တည်းမလား...."
"အေး..မင်းကားလောက်တော့ ဈေးမကြီးဘူးဆိုပေမယ့် ငါးသန်းလောက် ကုန်ပြီး ရှယ်လုပ်ထားတာ...မင်းကို မနက်ဖြန် အနိုင်ပိုင်းပြမယ်..."
ချင်းဟန်ပြောပြနောက် "ဒီတစ်ခါ ပြိုင်လို့မှ မနိုင်ရင် နောက်ဘယ်တော့မှ မင်းနဲ့ မပြိုင်တော့ဘူးလို့ ကတိပေးရဲတယ်ကွာ...."
"ရတယ်လေ...."
ချင်းဟန်နှင့် စကားပြောပြီးနောက် လင်းရီ သူ့ပန်းကန်ပြားထဲရှိ စတိတ်ခ်ကို အပြတ်ဖြတ်လိုက်သည်။
"ကဲ ဗိုက်လည်း ပြည့်သွားပြီ..မင်းရဲ့ ဧည့်၀တ်ကျေပွန်မှု အတွက် ကျေးဇူးပါနော် ချင်းရန်....."
"ခဏလောက် မထိုင်တော့ဘူးလား..ငါနင့်အတွက် ရေနွေးကြမ်း တစ်အိုးလောက် ကြိုပေးမယ်လေ...."ကျီချင်းရန် ပြောလိုက်၏။
"ရပြီ..မင်းလည်း စောစီး နားတော့လေ..မနက်ဖြန် လုပ်စရာတွေ အများကြီး ရှိသေးတယ်မလား...."လင်းရီ ထွက်သွားဟန် ပြင်ရင်း ပြောလိုက်၏။
"လင်းရီ..."ကျီချင်းရန် မတ်တပ်ရပ်လိုက်ပြီး လင်းရီနောက် ပြေးလိုက်လာ၏။
"ဘာဖြစ်လို့လဲ..."လင်းရီ နောက်သို့ လှည့်၍ မေးလိုက်၏။
ကျီချင်းရန် ခဏမျှ တုန့်ဆိုင်းနေပြီ "ဒီနေ့အတွက် ကျေးဇူးပါနော်..."
"မလိုပါဘူး...စိတ်ထဲထားမနေနဲ့..."လင်းရီ ဘာမျှ မဟုတ်သည့် ကိစ္စကဲ့သို့ ပြောလိုက်လေသည်။
"နင်မျက်စိမှိတ်ထား...ငါနင့်ကို ဆုပေးမယ်...."
"ဘာဆုလဲ..ဘာလို့ ဆန်းကြယ်သလိုတွေ လုပ်နေတာ...."
"အများကြီး မမေးနဲ့...ဒီတိုင်း မျက်လုံး မှိတ်ဆို မှိတ်လိုက်...."
လင်းရီ အများကြီး တွေးမနေပဲ မျက်လုံးမှိတ်လိုက်၏။
ထိုအခိုက်အတန့်တွင် လင်းရီ သူ၏ နှုတ်ခမ်းပေါ်တွင် ကျီချင်းရန်၏ နှုတ်ခမ်းသားလေး လာတင်သော နူးညံ့သည့် အထိအတွေ့ကို ခံစားလိုက်ရ၏။
ဟမ်....
လင်းရီ မသိလိုက်ပဲ မျက်စိ ဖွင့်မိလိုက်သည်။ ကျီချင်းရန် ထိုသို့ လုပ်လိမ့်မည်လို့ သူလုံး၀ ထင်မှတ်မထားချေ။
ကျီချင်းရန် ကတော့ ရှက်သွေးဖြန်းနေပြီး ထိုအရာက သူမ၏ ပထမဆုံး အနမ်းပင်။ သို့သော်လည်း သူမ လွယ်လွယ်နှင့် ထိုအကောင်ကို ပေးလိုက်ရ၏။
သူမ နောက်ဆုတ်တော့မည့် အချိန်တွင် လင်းရီ သူမကို ခပ်တင်းတင်းဖက်လိုက်ပြီး အားရပါးရ နမ်းရှိုက်နေတော့၏။
ဝူး........
လင်းရီ သူမ၏ နှုတ်ခမ်းကို ဖိကပ်ထားသောကြောင့် ဝူးဝူးသာ ပြောနိုင်တော့သည်။ သူမ လင်းရီ၏ သန်မာသော လက်မောင်းများကြားထဲတွင် ရုန်းမထွက် နိုင်သော သိုးငယ်လေးတစ်ကောင် ဖြစ်နေခဲ့၏။
ရုတ်တရက် သူမ မှင်တက်သွားပြီး နေရာမှာတွင် အေးခဲသွားတော့၏။
သူမ ဒီတိုင်း ချည်ထည်၀တ်စုံသာ ၀တ်ဆင်ထားသောကြောင့် အထိအတွေ့များက သူမကို ပူလောင်စေပြီး မွန်းကြပ်နေစေ၏။
တစ်မိနစ်ခန့် ကြာပြီးနောက် လင်းရီ သူမကို လွှတ်ပေးလိုက်လေသည်။ မျက်နှာထက်တွင်တော့ အပြုံးများ ဝေဆာနေပြီး နမ်းရှိုက်လိုက်ရခြင်းကို အတော်လေး ကျေနပ်သွားသည့်ပုံပင်။
အခြားတစ်ဖက်တွင်တော့ ကျီချင်းရန် သူမရင်ဘက်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး သူမကိုယ်သူမ စိတ်တည်ငြိမ်စေရန် အသက်ပြင်းစွာ ရှူနေရ၏။
"အရသာကတော့ မဆိုးဘူး...နောက်တစ်ခါကျရင်တော့ သရက်သီးအရသာ နှုတ်ခမ်းနီသုံးရင် ပိုကောင်းမယ်.. သရက်သီးက ပိုအရသာရှိတယ်..."
ထိုအချိန်တွင်တော့ ကျီချင်းရန်၏ စိတ်မှာ ဟာလာဟင်းလင်းဖြစ်နေပြီး သူမ အသိစိတ် ၀င်လာခဲ့သည့်အချိန်တွင်တော့ လင်းရီမှာ မောင်းထွက်သွားပြီး ဖြစ်၏။
ကျီချင်းရန် ပြင်းစွာ ခြေဆောင့်လိုက်ပြီး
"နှာဘူးကောင်...နမ်းတာတော့ နမ်းပေါ့ ဘယ်နေရာတွေ လျှောက်ပွတ်နေလည်း မသိဘူး...."
"ပြီးတော့ ငါက သရက်သီးအရသာ နှုတ်ခမ်းနီကို ဘယ်ကနေ သွားရှာလာခဲ့ရမှာလဲလို့....."