← Chapters

အန္တိမ မစ်ရှင်

Vol. 6 Ch. 82

အန္တိမ မစ်ရှင်

Vol. 6 Ch. 82

ကလင် ကလင် ကလင်

လင်းရီ ကားနား ရောက်တော့မည့်အချိန်တွက် ကျီချင်းရန် ထံမှ ဖုန်း၀င်လာ၏။

"နှာဘူးကောင်...."

"အဲဗျာ...သူကလဲ အရင်လာနမ်းပြီးတော့ လူကို နှာဘူးလို့ ‌လာခေါ်နေပါလား...."

"အဲ့တာက နင့်ကို ဆုချတာလေ...ဘယ်သူက နင့်ကို အဲ့လိုတွေ လျှောက်ကိုင်ဖို့ ပြောလို့လဲ....."

"နမ်းတာက ပျင်းစရာကြီး...ပျော်ဖို့ကောင်းအောင် တခြားနေရာလေးတွေကော ကလိပေးဦးမှပေါ့...အဲ့တာကမှ အရသာရှိတာ...."

"ကျွတ်...ဘာပေါက်တတ်ကရတွေ ပြောနေပြန်ပြီလဲ မသိဘူး...."ကျီချင်းရန် ပြောလိုက်၏။

"ဒါပဲ...ငါ့ကို မနက်ဖြန်ကျ အလုပ်လိုက်ပို့ဖို့ မေ့‌မနေနဲ့ဦးနော်..."

"အိုကေပါ...ငါ့ကို အိမ်မှာပဲ စောင့်နေလိုက် လာကြိုပေးမယ်...."

နောက်တစ်နေ့ နံနက်ခင်း လင်းရီ ကျီချင်းရန်၏ ဗီလာသို့ ရောက်ရှိလာသည့် အချိန်တွင်တော့ ချင်းရန်မှာ အဆင့်သင့် ဖြစ်နေပြီး ဖြစ်၏။

ရှပ်အင်္ကျီ အပြာရောင် နှင့် အဖြူရောင် ဂါ၀န်လေးတို့ကို ၀တ်ဆင်ထားပြီး ဂရုစိုက်တတ်သော အစ်မကြီး တစ်ယောက်၏ ပုံရိပ်ကို ‌ထင်ဟပ်နေလေသည်။

မနေ့ညက ဖြစ်ပျက်ခဲ့သည့် ကိစ္စကို နှစ်ယောက်လုံး နားလည်သော်လည်း နှစ်ယောက်ကြား ဘာမှ မဖြစ်သကဲ့သို့ ဘာမျှ မဖြစ်သလို ဟန်ဆောင်နေကြ၏။

"နင့်ဖုန်းကို သေချာကြည့်ဦးနော် ငါအော်ဒါ တင်လိုက်တော့မယ်..."

ကျီချင်းရန် ဖုန်းကိုင်ရင်း ပြောလိုက်သည်။

"ငါကြည့်နေတယ်...."

အော်ဒါ လက်ခံပြီးနောက် လင်းရီ သူ၏ ရှာရီလေးဖြင့် ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်တော့၏။

ရှာရီမှာ ပျက်စီးလုနီးနီး ဖြစ်နေသော်လည်း စီးရသည်မှာတော့ လွန်စွာ သက်တောင့်သက်သာ ရှိလှ၏။ ပန်ဂနီက ပို၍ ဈေးကြီးသော်လည်း သူယခု မောင်းနေသော ရှာရီလောက်တော့ သက်တောင့် သက်သာ မဖြစ်ဟု ခံစားမိ၏။

သို့သော်လည်း ကြွားဝါမည်ဆိုပါက ပန်ဂနီကတော့ အလွန်ကောင်းသည့် ရွေးချယ်မှု တစ်ခုပင်။

ကုမ္ပဏီသို့ ရောက်လာပြီးနောက် ကျီချင်းရန် သူမ၏ လက်ဆွဲအိတ်ကို ကိုင်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

"ကောင်းကောင်းလေး သွားဦးနော် ဘော့စ်ကျီ..ကျွန်တော့်ကို ကြယ်ငါးပွင့် ရီဗျူး ပေးဖို့လည်း မေ့မနေနဲ့ဦး...."

"နင်မနေ့ညတုန်းက ငါ့ကို အနိုင်ကျင့်ထားတာကိုတောင်မှ ဘာမှ မပြောရသေးဘူးနော်...ကြယ်ငါးပွင့် ရီဗျူးရဖို့ စဉ်းတောင် မစဉ်းစားနဲ့...."

"စတော်ဘယ်ရီ အရသာ နှုတ်ခမ်းနီ ကလည်း ကောင်းတာ မဟုတ်ပဲနဲ့...ငါလည်း မင်းကို မကောင်းတဲ့ ရီဗျူး မပေးရသေးဘူး..."

"နင် မဟုတ်တာတွေ ဆက်ပြောနေ...."ကျီချင်းရန် မျက်နှာ နီရဲ လျက်ပြောလိုက်ပြီး "အဲ့ရှက်ဖို့ ကောင်းတာကြီးကို ထပ်မပြောနဲ့တော့...."

"အဲ့တာဆို မင်း သရက်သီး အနံ့ နှုတ်ခမ်းနီ ပြောင်းသုံးဖို့ စဉ်းစားပြီးပြီပေါ့...."

ကျီချင်းရန် မျက်စောင်းထိုးလိုက်ပြီး "ငါ ရောင်းတဲ့ နေရာ ရှိလားဆိုတာ ရှာကြည့်လိုက်ဦးမယ်...."

ထိုသို့ပြောပြီးနောက် ကျီချင်းရန် သူမ၏ အိတ်ကို သယ်၍ ကားထဲမှ ထွက်၍ မြေအောက် ကားပါကင်ရှိဓာတ်လှေကားထဲသို့ ၀င်သွား၏။

စက္ကန့် အနည်းကယ်ကြာပြီးနောက် လင်းရီ ကျီချင်းရန်မှ ကြယ်ငါးပွင့်ရီဗျူး ပေးထားကြောင်း အသိပေးစာတစ်စောင် ၀င်လာခဲ့၏။

တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲ၌လည်း အသိပေးစာ ၀င်လာခဲ့၏။

[စနစ် မစ်ရှင် : ကီလိုမီတာ ၅၀၀၀ကို ဘောကင်းစွာ ခရီးသွားခြင်း( ၁၀၈၉/၅၀၀၀)

ဆုလဒ် : အတွေ့အကြုံမှတ် ၁၅၀,၀၀၀]

"‌ေ-သစမ်း...ဒီမစ်ရှင်က အတော်ခက်မှာပဲကွ...."

မစ်ရှင်ပြီးမြောက်နှုန်း နေရာကိုကြည့်လိုက်သောအခါ လင်းရီ လွန်ခဲ့သော အပတ်က ကီလို ၁၁၀၀ ခန့် မောင်းနှင်ထားသောကြောင့် ယခု ကီလို ၃၉၀၀ နီးနီး မောင်းရန် ‌ကျန်နေသေး၏။

သူ၏ သူတော်ကောင်း စိတ်ထားအရဆိုပါက ဤမစ်ရှင်ကို ပြီးမြောက်ရန် တစ်လခန့် ကြာမြင့်ပေလိမ့်မည်။

ထို‌အကြောင်းကို စဉ်းစားမိတော့ အကယ်၍ သူသာ ဝါရင့် Didi ဒရိုင်ဘာ တစ်ယောက် ဖြစ်ပါက ထိုကဲ့သို့သော မစ်ရှင်မျိုးကို ပြီးမြောက်ရန် လ၀က်ခန့်သာ လိုအပ်လိမ့်မည်ဖြစ်ကြောင်း စဉ်းစားမိသွား၏။

ထို့အပြင် မစ်ရှင်၌ တခြား ဖုံးကွယ်ထားသော လိုအပ်ချက်များလည်း ရှိကောင်း ရှိနိုင်သေးသည်။

သာဓက အားဖြင့်ဆိုရသော် ကြယ်ငါးပွင့်ရီဗျူး ပေးသည့် ခရီးစဉ်ကိုမှ မစ်ရှင်က ခရီးကီလိုမီတာ ထည့်သွင်းခြင်းကဲ့သို့ပင်။

မစ်ရှင်မှာ ခက်ခဲသည်ဟု မဆိုသာသော်လည်း အချိန်အတော်လေး ပေးရမည့် မစ်ရှင် ဖြစ်နေ၏။

ကြိုးစားပမ်းစား လုပ်မည်ဆိုလျင်တောင် လ၀က်ခန့် ကြာနိုင်၏။

အင်း...အဲ့လိုဆိုမှတော့ အလုပ်အသစ် အရင် စထားလိုက်မယ်ကွာ...

အလုပ်အသစ် အသက်သွင်းပြီးနောက် သူ၏ အလုပ်ဟောင်းမှာ တစ်ပတ်ခန့် ငြိမ်သက်ခြင်းအခြေအနေသို့ ရောက်ရှိနေလိမ့်မည်။

လင်းရီ မေးကို ပွတ်၍ စဉ်းစား လိုက်သည်။

ခုမစ်ရှင်နဲ့စာရင် အရင် မစ်ရှင်ကတောင် လွယ်နေသလားလို့...

သို့သော်လည်း လင်းရီ နားလည်ပေး၍ ရ၏။

အကယ်၍ သူသာ မစ်ရှင်ပြီးမြောက်ပါက အတွေ့အကြုံမှတ် တစ်သိန်းခွဲ ရရှိပေလိမ့်မည်။

ထို တစ်သိန်းခွဲဖြင့် သူ၏ အလုပ်ပြီးမြောက်နှုန်းမှာ ၁၀၀%သို့ရောက်ရှိသွားပြီး အန္တိမ ဆုလဒ်ကို ရရှိပေလိမ့်မည်။

အန္တိမ ဆုလဒ်မှာ အခြားသော ဆုလဒ်များထက် သာလွန်မည် ဖြစ်သောကြောင့် ခက်ခဲ နှုန်း တိုးလာခဲ့သည်မှာလည်း သဘာ၀ပင်။

ထိုအချက်ကို စဉ်းစားမိတော့ လင်းရီ စိတ်သက်သာရရသွားပြီး အိမ်သို့ အရင် မောင်းသွားကာ အလုပ်အသစ်ကို အသက်သွင်းထားလိုက်သည်။ သို့သော်လည်း စနစ်မှ သူ့ကို မည်သည့်ကျောင်း၌ ကထိက လုပ်ခိုင်းမည်လဲဆိုတာကိုတော့ လင်းရီလည်း မသိသေးပေ။

ကျွတ် ကျွတ် ကျွတ် လင်းရီ နှုတ်ခမ်း တွန့်ကွေးသွားပြီး "ငါကျောင်းမှာ ကထိက လုပ်ရမယ်လို့ အိပ်မက်ထဲတောင် ထည့်မမက်ဖူးဘူးကွာ...."

ထိုအကြောင်းကို စဉ်းစားရင်း လင်းရီ ကားကို လှည့်ကာ ထွက်ခွာရန် ပြင်လိုက်၏။

သို့သော်လည်း အံ့ဩကြီးစွာဖြင့် ရဲကားတစ်စီးမှာ ပါကင် ဧရိယာC၌ ထိုးထားကြောင်း တွေ့လိုက်ရသည်။

လင်းရီ မျက်မှောင် အနည်းငယ်ကြုတ်သွားပြီး 'ငါစဉ်းစားတာ မှန်မယ်ဆိုရင် ရဲကားက တစ်ယောက်ယောက်ကို လာဖမ်းတာပဲ ဖြစ်ရမယ်...ဖြစ်‌နိုင်တာကတော့ ကျောက်နန်ပင်းကိုပဲ နေမှာ...

လင်းရီ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျီချင်းရန်ထံ ဖုန်းဆက်လိုက်၏။

"ငါ ကားပါကင်နားမှာ ရဲကားတွေ့လို့ အဲ့တာ မင်းခေါ်ထားတာလား..."

"အွန်း..ဟုတ်တယ်..မှုခင်းတိုက်ဖျက်ရေး ဌာနက ငါ့မိတ်‌ဆွေ တစ်ယောက်ရဲ့ကားလေ..အခု သူငါ့ရုံးခန်းထဲမှာ..ငါသူ့ကို အကျိုးအကြောင်း ရှင်းပြပေးပြီးတာနဲ့ စပြီး လှုပ်ရှားတော့မှာလေ..."

"ကောင်းပြီလေ..အဲ့ဒါဆိုလည်း မနှောင့်ယှက်တော့‌ဘူး...မင်းသူ့ကို အရင်ရှင်းလိုက်ပေါ့..."

လင်းရီ အခြေအနေကို နားလည်သွားပြီးနောက် ဘာမှ အပိုတွေ ပြောမနေတော့ပဲ ဖုန်းချလိုက်၏။

ကျီချင်းရန်မှာ အလုပ်လုပ်ရာ၌ အတော်လေး ပြတ်သားကြောင်းတော့ လင်းရီ ၀န်ခံ ရပေမည်။

သို့သော်လည်း သူ ထွက်ခွာတော့မည့် အချိန်တွင် ဒေါက်ဖိနပ်သံများကို ကြားလိုက်ရ၏။

လင်းရီ နောက်ကြည့်မှန်မှ တစ်ဆင့် ကြည့်လိုက်သောအခါ ကိုယ်လုံးကိုယ်ပေါက် လှပသော အမျိုးသမီး တစ်ယောက် သူ့ကားဆီသို့ လာနေကြောင်း တွေ့လိုက်ရ၏။

ထိုအမျိုးသမီးမှာ မီးခိုးရောင် ၀တ်စုံကျပ်ကို ၀တ်ဆင်ထားပြီး အသားရောင် စတော်ကင် နှင့် ဒေါက်ဖိနပ်တို့ကို ၀တ်ဆင်ထားလေသည်။ အ‌ဝေးမှ ကြည့်ပါက အတော်လေး မျက်စိဖမ်းစားနိုင်၏။

ထိုသူကတော့ လင်းရီ၏ လုပ်ဖော်ကိုင်ဖက် ဟောင်း အစ်မကြီး ၀မ်ရင်းပင်။

တစ်ချိန်တည်းတွင် ၀မ်ရင်းလည်း သူမရှေ့ရှိ ရှာရီကို မြင်တော့ လင်းရီ ကားမှန်း မျက်တန်းမှန်းမိသွားပြီး မျက်လုံးများ တောက်ပလာကာ မသိလိုက် မသိစွာဖြင့် ထိုကားဆီသို့ ခပ်သွက်သွက် လျှောက်လာလိုက်၏။

လင်းရီလည်း ထိုင်ခုံ ခါးပတ် ပြန်ဖြုတ်ကာ ကားထဲမှ ထွက် ပြီး ၀မ်ရင်းနှင့် တွေ့လိုက်သည်။

"ရီ...နင်ဒီရောက် နေတာပေါ့...."

"ဟုတ်တယ်..အစ်မရင်းရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က Didi လှမ်းခေါ်လို့လေ..အဲ့တာ လာခဲ့တာ..."လင်းရီ ပြောလိုက်၏။

လင်းရီ ညာနေခြင်း မဟုတ်ပေ။ ကျီချင်းရန်မှာ ကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သောကြောင့် ၀မ်ရင်း၏ လုပ်ဖော်ကိုင်ဖက်ဟု ပြောပါကလည်း မမှားပေ။

ဒီတိုင်း သူမထက် ရာထူး နည်းနည်း မြင့်သွားခြင်းသာ။

"အစ်မရင်း ကကော ဘယ်သွားမလို့လဲ..."လင်းရီ မေးလိုက်၏။

၀မ်ရင်း သူမ လက်ထဲရှိ လက်ဆွဲအိတ်ကို ကြည့်လိုက်ရင်း "ခန်ကျင်း အိမ်ယာ ၊ ကဏ္ဍ ၃က ရောင်းလို့ရနေပြီလေ...အဲ့တာ အစ်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနာဂတ်ကျရင် ရောင်းချမယ့် ပလန်တွေကို သွား ဆွေးနွေးမလို့...ပြီးကျရင် ဘော့စ်ကျီကိုလည်း တင်ပြရဦးမှာ..."

"ဝိုး....ဒါတွေက အရောင်းဒါရိုက်တာ တွေရဲ့ အလုပ်မဟုတ်လား...ကြည့်ရသလောက်တော့ အစ်မရင်းကို အရောင်းဒါရိုက်တာ ရာထူး ခန့်လိုက်ပြီ ထင်တယ်...ဘယ်အချိန်ကျမှ အတည်ပြုစာ ကျလာမှာလဲတဲ့..."လင်းရီ ပြုံးလျက် မေးလိုက်လေသည်။

လင်းရီ မြောက်ပင့်သံကို ကြားတော့ ၀မ်ရင်း ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "ငါ့ကို လှောင်ရယ်မနေနဲ့...ငါဒီနေရာ ရောက်လာတာလည်း နင့်ကို ကျေးဇူးတင်ရမှာ..နင်နဲ့ ဥက္ကဌကျီရဲ့ ဆက်နွယ်မှုကြောင့်သာမဟုတ်ရင် ဒီရာထူးကို ရမှာတောင်မဟုတ်ဘူး...တရား၀င် ခန့်အပ်လွှာကတော့ မကြာခင် ရမယ် ပြောတာပဲ..ဘယ်အချိန်လဲ တော့ အတိအကျ မသိဘူး..."

"ဘာမှ မဖြစ်ပါဘူး...အချိန်တန်ရင် ရောက်လာမှာပေါ့..မဟုတ်ဘူးလား...."

"အွန်း..."၀မ်ရင်း လင်းရီ ကို စိုက်ကြည့်လိုက်ပြီး..

"မောင်လေး ရီကကော ဘယ်အချိန်အားမှယ ...အားရင် မောင်လေးကို တစ်နပ်လောက် လိုက်ကျွေးချင်လို့...မမ၀မ်ကို အများကြီး တိတ်တိတ်ကလေး ကူညီထားတာ‌ဆိုတော့ ကျေးဇူးတင်ဖို့ အခွင့်အရေးတော့ ပေးရမယ်နော်...."

"ဒါပေါ့ဗျ...ကျွန်တော်လည်း ခုတလော အရမ်းအားနေတာနဲ့ သေချာပေါက် အခွင့်အရေး ရှိပါတယ်...."လင်းရီ ပြုံးလိုက၏။

လင်းရီမှာ မနက်ကိုး -ညနေငါး အထိ တက္ကသိုလ်တွင် ကထိက အဖြစ် တာ၀န်ထမ်းရတော့မည်။

ထို့ကြောင့် သူ၏ အားလပ်ချိန်မှာ ပုံမှန် ပြန်ဖြစ်သွားပြီး တစ်နပ်လောက် လိုက်စားတာလောက်ကတော့ ပြဿနာ မရှိတော့ပေ။

၀မ်ရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး "ဒီခု လောလောဆယ်တော့ မရသေးဘူး...အစ်မယောက်ျားက ခရီးကနေ ဒီရက်ပိုင်း အတွင်း ပြန်လာတော့မှာ ဆိုတော့.....ဒါပေမယ့် သိပ်မကြာခင် သူ အရှေ့မြောက်ဘက်ကို တစ်လလောက် ခရီးပြန်သွားဦးမှာပါလေ...အဲ့ခါကျမှ မောင်လေးရီကို ဖိတ်ကျွေးတာပေါ့ အဆင်ပြေတယ်မလား....."

All Chapters