← Chapters

နင့်ကား အစုတ်ကြီးက အဲကွန်းမှ မရှိတာ..

Vol. 6 Ch. 83

နင့်ကား အစုတ်ကြီးက အဲကွန်းမှ မရှိတာ..

Vol. 6 Ch. 83

"အာ...အစ်မရင်းကတော့ လူတွေ အထင်လွဲအောင် ပြောနေပြန်ပါပြီ...."

"ငါ့လို လက်ထပ်ထားတဲ့ အမျိုးသမီး တစ်ယောက်ကတောင် ဘာမှ မကြောက်တာ...မောင်လေးရီလို လူပျိုလူလွတ်ကလေးက ဘာတွေ စိုးရိမ်နေပါလိမ့်..."၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်၏။

"အိုး...ဟုတ်သားပဲ ဒါနဲ့ နင် စူပါကားကြီး မောင်းနေတာ မဟုတ်ဘူးလား...ဘာလို့ ရှာရီ ပြန်စီးနေတာလဲ..."

"ပန်ဂနီက ခြစ်ရာ ထင်သွားလို့ ပြင်တဲ့ နေရာ ပို့ထားတာလေ....အဲ့တာကြောင့်ခု ဒီရှာရီပဲ ပြန်မောင်းနေတာပေါ့....."

"ကောင်းလိုက်တာ....ဒါဆိုလည်း မောင်လေးရီ ကားနဲ့ပဲ သွားကြမယ်လေ...အစ်မလည်း သူများကား ခေါ်စရာ မလိုတော့ဘူးပေါ့...."၀မ်ရင်း ပြောလိုက်လေသည်။

"အဲ့တာဆိုလည်း ၀င်ခဲ့လေဗျာ...ကျွန်တော်လည်း ခု ဘာမှမှ လုပ်စရာ မရှိတာ...."

လင်းရီ ပြုံး၍ ပြောလိုက်၏။

ချပ် ချပ် ချပ် ‌(ခြေသံ)

လင်းရီ နှင့် ၀မ်ရင်းတို့ ကားထဲ ၀င်တော့မည့် အချိန်တွက် နောက်မှ ခြေသံများ ကြားလိုက်ရ၏။

လင်းရီ မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်မိလိုက်သောအခါ ကတ်စတန်မာရေးရာ ဌာနမှ ဖူမင်ကျားကို တွေ့လိုက်ရသည်။

"ဟေး...၀မ်ရင်း မဟုတ်လား..."၀မ်ရင်းကို မြင်တော့ ဖူမင်ကျား အပြုံးလေးဖြင့် သူမထံ လှမ်းသွားလိုက်၏။

"ဒါရိုက်တာ ဖူ..."၀မ်ရင်း အပြုံးလေးဖြင့် နှုတ်လိုက်လေသည်။

၀မ်ရင်း၏ ရာထူးမှာ သတ်မှတ်ပြီး ဖြစ်သော်လည်း တရား၀င် ခန့်အပ်လွှာ မကျရောက်သေးသောကြောင့် လက်ရှိ သူမမှာ အရောင်းဌာနမှာ သာမန် အရောင်း၀န်ထမ်းတစ်ဦးသာဖြစ်၏။

ဖူမင်ကျားမှာ သူမထက် အဆင့်တစ်ခု မြင့်သောကြောင့် တွေ့ဆုံစဉ် ၀တ္တရား အရ ယဉ်ယဉ်ကျေးကျေးလေးတော့ နှုတ်ဆက်သင့်ပေသည်။

"လင်းရီ..မင်းလည်း ဒီရောက်နေပါလားကွ..ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ..."

၀မ်ရင်းမှာ ချောင်ရန် အုပ်စု၏ နတ်ဘုရားမလေးဟု ကျော်ကြားသကဲ့သို့ လင်းရီလည်း ယခင်က ချောင်ရန်အုပ်စု၏ အခန့်ညားဆုံး အမျိုးသားတစ်ဦး ဖြစ်‌ခဲ့ပေသည်။

ထို့ကြောင့် ဖူမင်ကျားမှာ တခြားဌာနမှ ဖြစ်သော်လည်း လင်းရီ၏ အမည်နာမကို ကြားဖူးနေခြင်းပင်။

လင်းရီလည်း ခေါင်းညိမ့်ပြီး အပြုံးလေးဖြင့် ပြန်လည် နှုတ်ဆက်လိုက်၏။

"၀မ်ရင်း..မင်းဘယ်သွားမလို့လဲ..."ဖူမင်ကျား မေးလိုက်လေသည်။

"ခန်ကျင်းအိမ်ရာရဲ့ ကဏ္ဍ၃က ရောင်းလို့ရနေပြီလေ..အဲ့တာ ကျွန်မ ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အနာဂတ်မှာ ဈေးကွက် ထိုးဖောက်ဖို့ အစီအစဉ်တွေ သွားဆွေးနွေးမလို့..."

"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ..ငါလည်း အဲ့ဒီကို သွားမလို့ပဲ ဒီတော့ မင်း သွားဖို့ မလိုတော့ဘူး ပြန်ပြီးတော့ ကိုယ့်အလုပ်ကိုယ်သာ လုပ်နေလိုက်..."

"ဟမ်...ကျွန်မက သွားစရာ မလိုတော့ဘူး..."

လင်းရီနှင့် ၀မ်ရင်းတို့ နှစ်ဦးစလုံး အံ့အားသင့်သွား၏။ ဤစီမံကိန်းမှာ သာမန် အရောင်း စီမံကိန်း မဟုတ်ချေ။

အရောင်း ဒါရိုက်တာ၏ လုပ်ငန်းတာ၀န်ပင်။

တစ်နည်းအားဖြင့် ဆိုရသော် အရောင်းဌာနရှိ ဒါရိုက်တာ၏ တာ၀န်ပင်ဖြစ်၏။

ယခုတော့ ဖူမင်ကျားက မဆီမဆိုင် ၀င်ပါလို့နေ၏။ ဘာတွေ ဖြစ်နေတာလဲဟ......

"အမှန်ပဲ..မင်းသွားဖို့ မလိုတော့ဘူး ကုမ္ပဏီမှာပဲ နေခဲ့လိုက်တော့..."ဖူမင်ကျား ပြောလိုက်ပြီး "ပြီးတော့ ခုကစပြီး ငါ အရောင်းဌာနရဲ့ ဒါရိုက်တာ တာ၀န်တွေကို လွှဲပြောင်းယူတော့မှာ အခုကနေစပြီးတော့ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ပြီနော်..."

"အိုး..ဟုတ်ကဲ့ရှင့်..ဒါဆိုလည်း ဒုက္ခပေးမိပြီ..."

နဂိုမူလက ပျော်ရွှင်နေသော ၀မ်ရင်းမှာ သူမ မျက်နှာထက်တွင် စိတ်ဖိစီးသော အမူအရာ ချိတ်စွဲလျက် ကုမ္ပဏီသို့ ပြန်ရန် ပြင်ဆင်လိုက်၏။

"နေဦး.."လင်းရီ ၀မ်ရင်းကို တား၍ ဖူမင်ကျားကို ကြည့်လိုက်သည်။

"မင်းကို ဘယ်သူက အရောင်းဒါရိုက်တာ ဖြစ်တော့မယ်လို့ ပြောလိုက်တာလဲ..."

"ဒါပေါ့..ဒါရိုက်တာကျောက်ပေါ့ကွ...သူကလွဲရင် ဘယ်သူက အဲ့လိုပြောဖို့ အာဏာ ရှိတယ်လို့ ထင်လဲ..."ဖူမင်ကျန်း ပြုံးလိုက်ပြီး "တကယ်လို့ မင်းမယုံဘူးဆိုရင်လည်း ငါဒါရိုက်တာကျောက်ကို မင်းကိုယ်စား မေးပေးလို့ရ‌တယ်နော်..."

"ရီလေး..နင်မသိသေးတာတွေ ရှိသေးတယ် ဖူမင်ကျားက ဒါရိုက်တာကျောက်ရဲ့ နောက်လိုက်တွေထဲက တစ်ယောက်လေ သူက ကုမ္ပဏီမှာ လုပ်ပိုင်ခွင့်တွေ အများကြီး ရှိတယ်...."

ကုမ္ပဏီမှာ ကျီချင်းရန်၏ အပိုင်ဖြစ်သော်လည်း အခြား အလုပ်အမှုဆောင်များကလည်း ပြောရေးဆိုခွင့် ရှိနေသေး၏။ ထို့ကြောင် ချောင်ရန် အုပ်စုတွင် ဗီတိုအာဏာ အသုံးပြု၍ မရပေ။

မဟုတ်ပါက ၀မ်ရင်း၏ တရား၀င် ရာထူးလွှဲအပ်ကြောင်း စာလွှာ မှာ အစောကြီးကတည်းက ကျလာပြီးဖြစ်၏။

"မင်းပြောနေတဲ့ကောင်က ကျောက်နန်ပင်း ဟုတ်တယ်မလား..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။

"ခုချိန် သူက သူ့ဘာသူတောင် မကာကွယ်နိုင်တာ ငါတို့က ဘာလို့ သူ့ကို ကြောက်ရမှာလဲတဲ့..."

"လင်းရီ..မင်းဘာ သောက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲဟျောင့်.."ဖူမင်ကျား လက်ကို ဆတ်ကနဲ ခါလိုက်ပြီး "ငါတို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌကို လူမြင်ကွင်းမှာ စော်ကားနေတယ်ဆိုတော့....ငါမင်းကို လူလွှတ်ပြီး မောင်းထုတ်ခိုင်းလိုက်လို့ရတယ်ဆိုတာ သိလား

ဟျောင့်......"

"ရီလေး...အဲ့ကောင်နဲ့သွားပြီး ပြိုင်ငြင်းမနေနဲ့..အဲ့တာက ဒီတိုင်း ဒါရိုက်တာ ရာထူးလေးပါဟယ် ဘာမှ အရေးကြီးတာလည်း မဟုတ်ဘူး...."၀မ်ရင်း အသံနိမ့်၍ ပြောလိုက်၏။

"မငြင်းလို့ မရဘူး...ကျွန်တော် အစ်မရင်း အတွက် တရားမျှတမှု ရအောင် ယူပေးမယ်..."

"ဟီးဟီး...လင်းရီ မင်းက တစ်ခုခုတော့ တစ်ခုခုပဲကွ မင်းက ဒီမှာ အလုပ်ထုတ်ခံ ထားရတာတောင်မှ သူများအတွက် ရပ်တည်ပေးနေတုန်းပေါ့...ငါတော့ မင်းကို သောက်ရမ်းတွေ လေးစားသွားပြီ...."ဖူမင်ကျား လက်ပိုက်၍ လင်းရီကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်၏။

"မင်းက ၀မ်ရင်းရဲ့ အဆက်အသွယ်တွေကို သုံးပြီးတော့ ဒီမှာ အလုပ်ပြန်လာလုပ်ချင်နေတာမလား...ငါပြောလိုက်မယ်..ငါကုမ္ပဏီမှာ ရှိနေသရွေ့တော့ မင်းဒီမှာ အလုပ်ရဖို့ စဉ်းတောင် မစဉ်းစားနဲ့...."

လင်းရီ ကားကို မှီ‌လိုက်ပြီး "မင်းက ဒီတိုင်း ကတ်စတန်မာရေးရာ ဌာနက ကြမ်းပိုးသာသာပါကွာ..မင်းမှာ အဲ့လောက်ထိ အာဏာပါဝါတွေ ရှိနေတယ်လို့များ မှတ်နေတာလား..."

"ငါမှာ အဲ့လောက်တော့ အာဏာမရှိဘူး..ဒါပေမယ့် ငါ့စကားလုံးတွေက ချောင်ရန် အုပ်စုမှာ ဝိတ်ရှိတယ်...ငါသာ မလာချင်စေရင် မင်းခြေတစ်လှမ်းတောင် လှမ်းလို့ရမှာ မဟုတ်ဘူး...."

"ဖုံးကွယ်မနေစမ်းပါနဲ့ မင်းရဲ့ နောက်ခံက ကျောက်နန်ပင်း ဆိုတာ မပြောလည်း လူတိုင်းသိတယ်..."

"ဒါပေမယ့် နောက်တစ်ကြိမ် ထပ်ပြောလိုက်ဦးမယ်...သူက ခုချိန်မှာ သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူးနော်..မင်းလည်း ကြည့်ကြပ်နေတာ ကောင်းမယ်...လူမျက်မုန်းကျိုးအောင် မလုပ်မိစေနဲ့"

ဖူမင်ကျား၏ မျက်နှာ ဖြူလျော်သွားပြီး "ဘယ်လိုတောင် ဒါရိုက်တာကျောက်ကို စော်ကားပြီးရင်း စော်ကားရဲနေတာလဲကွ...ငါခု ချက်ချင်း သူ့ကို ခေါ်ပြီးတော့ မင်းကို ချေမွခိုင်းလိုက်လို့ရတယ်...."

"ရတယ်လေ..ပိုတောင်ကြိုက်သေး..အဲ့ကောင်မှာ လုပ်နိုင်စွမ်းရှိလားလို့ ကြည့်ချင်သေးရဲ့..."

"မြန်မြန်ပြေး...."

ဖူမင်ကျန်း ဖုန်းမခေါ်နိုင်ခင် နောက်မှ ဆူညံသံများကို ကြားလိုက်ရ၏။

၀မ်ရင်း နှင့် ဖူမင်ကျားတို့ ရှော့ခ်ရသွားပီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ ရဲသားနှစ်ယောက် ကျောက်နန်ပင်းကို လက်ထိပ်ဖြင့် နောက်မှ လိုက်နေကြောင်း တွေ့လိုက်ရသည်။

"ဒါ....ဒါရိုက်တာကျောက်....ဘာတွေ ဖြစ်နေတာလဲဗျာ....."

ဖူမင်ကျန်း သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ရွှေပေါင်ကြီး ကျောက်နန်ပင်း အဖမ်းခံရလိမ့်မည်လို့ လုံး၀ မမျှော်လင့်ထားချေ။

သူဘာလုပ်မိလို့လဲဟ....

ဖူမင်ကျားကို မြင်သောအခါ ကျောက်နန်ပင်း သက်ပြင်းချလိုက်ပြီး "ငါတော့ အဆုံးသတ်သွားပြီ...ကိုယ့်ဘာကိုယ်သာ ဂရုစိုက်နေတော့ကွာ"

"ရပြီ..သောက်ပိုတွေ ပြောမနေနဲ့တော့ သွားစို့..."

ကျောက်နန်ပင်းကို ရဲများ ဖမ်းခေါ်သွားသည်ကို မြင်တော့ ဖူမင်ကျား အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။

ငါက ရာထူးတောင် မတိုးခံရသေးဘူးလာကွာ..

ခုတော့ ငါဖက်ထာတဲ့ ရွှေပေါင်ကြီးက အဖမ်းခံလိုက်ရပြီတဲ့လား....

ထိုသို့ ဖြစ်လာပါက သူ ပေးဆပ်ခဲ့ရသမျှ သဲထဲရေသွန် ဖြစ်သွားလေပြီ။ ယနေ့ နံနက်ခင်း၌ပင် သူ ရုံးခန်းထဲ၌ ဖျင်ချခံခဲ့ရသေးသည်။

"ကြည့်လိုက်စမ်း...ငါပြောပါတယ် ခု သူက သူ့ဘာသူတောင် မကာကွယ်နိုင်ဘူးလို့...ငါပြောတာ ယုံမှ မယုံပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ငါ...ငါအရင် ပြန်လိုက်ဦးမယ်..မင်းတို့ ခန်ကျင်း အိမ်ယာကို သွားနှင့်ကြတော့..."

ဖူမင်ကျားမှာ ထက်မြက်သူ တစ်ဦးဖြစ်သည်။ ယခု ကျောက်နန်ပင်း ပြုတ်ကျသွားပြီ ဖြစ်သောကြောင့် သူ့ တွင် မည်သည့်နောက်ခံမျှ မရှိတော့ချေ။ ထို့ကြောင့် သူ၏ နဂိုဌာန၌ ‌နေတာကပဲ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"ရီလေး..ဒါနင့်လက်ချက်တော့ မဟုတ်ဘူးမလား"

၀မ်ရင်း မယုံနိုင်သည့် လေသံဖြင့် မေးလိုက်၏။

ယွီလီလီနှင့် လီကျန်းတုန်းတို့ကို ဖြုတ်ချခြင်းက ကိစ္စကြီး မဟုတ်သော်လည်း ကုမ္ပဏီ၏ ဒုဥက္ကဌကို ဖြုတ်ချလိုက်သည်ကတော့ အံဩဘနန်း ကိစ္စကြီးပင်။

သူ ဘော့စ်ကျီနဲ့ ဘယ်လောက်တောင် ရင်းနှီးတာလဲဟ.....

ထို့အပြင် ယခုလို ဖြုတ်ချရန်မှာလည် ဆက်ဆံရေးကောင်း ရှိရုံမျှနှင့်တော့ ရလိမ့်မည် မဟုတ်...

"ငါ့မှာ အဲ့လောက်ကြီးလည်း အစွမ်းအစ မရှိပါဘူးကွာ...အဲ့ကောင် ကျောက်နန်ပင်းက နဂိုကတည်းကနေ အပုပ်နံ့ ထွက်နေပြီးသား အဲ့တော့ ဘော့စ်ကျီ ကိုင်တွယ်တာ လည်း မဆန်းဘူးလေ ဟုတ်တယ်မလား....."

"အွန်း နင်ပြောတ မှန်တယ်...."၀မ်ရင်း ပြောလိုက်ပြီး "သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မသင့်လျော်တဲ့ ဆက်ဆံရေး ရှိနေတာကတင် ဘော့စ်ကျီ အဲ့ကောင်ကို ဖြုတ်ချဖို့ လုံလောက်တယ်...."

"ကောင်းပြီ ဒီ‌အကြောင်းတွေ ဆက်မပြောကြရအောင်...ကျွန်တော် အစ်မ ၀မ်ရင်းကို ခန်ကျင်း အိမ်ယာ လိုက်ပို့ပေးမယ်.."

"ကောင်းပြီလေ..."

နှစ်ယောက်သား ကားထဲသို့ ၀င်ပြီးနောက် ၀မ်ရင်း ဖုန်းကို ထုတ်ကာ အော်ဒါတင်လိုက်၏။

"ရီလေး ငါအော်ဒါတင်လိုက်ပြီနော်...မြန်မြန် ဖမ်းလိုက်ဦး..."

"အစ်မရင်းကလည်းဗျာ..အချင်းချင်းတွေကိုပဲ အလကား လိုက်ပို့ပေးလည်း ရပါတယ်‌ဗျ...."

"မတူဘူးလေဟာ...ငါက သာ အလကား လိုက်စီးနေမယ်ဆိုရင် နင်က ဘ၀အတွေ့ကြုံ ခံစားတာ မဟုတ်တော့ဘဲ လူဆင်းရဲတွေကို ကူညီပေးတာ ဖြစ်သွားမှာပေါ့...."

"ကောင်းပါပြီ‌ဗျာ..အစ်မရင်း သဘောပါ..."

လင်းရီကတော့ အများကြီး တွေးမနေချေ။ အော်ဒါတစ်ခု ရတော့လည်း အန္တိမ ‌ဆုလဒ်နဲ့ ခြေတစ်လှမ်း နီးသွာတာပေါ့....

ကလင် ကလင် ကလင်

လင်းရီ ပါကင်ထိုးသည့် နေရာမှ ထွက်ခါရှိသေး ဖုန်းစိမ်းတစ်ခု ၀င်လာခဲ့၏။

"အစ်မရင်း ကျွန်တော့်ကိုယ်စား ကိုင်ပေးလို့ရမလား...ကျွန်တော်ကားမောင်းနေတော့ ဖြေဖို့ အဆင်မပြေသေးဘူး..."

"ဒီတိုင်း ကြေညာ ဖုန်းနေမှာပါ..."၀မ်ရင်းတီးတိုး ရေရွတ်လိုက်ပြီး ဖုန်းကိုင်လိုက်၏။ ထို့နောက် စပီကာကို ဖွင့်ကာ လင်းရီ ဖုန်းဖြေလို့ အဆင်ပြေအောင် လုပ်ပေးလိုက်၏။

"လင်းရီ ကျေးဇူးပြုပြီး ငါ့ကို အလုပ်မဖြုတ်ပါနဲ့ကွာ...ငါ့ကို အခွင့်အရေး နောက်ထပ်တစ်ခါလောက်ပဲ ပေးပါလား...."

"အလုပ်ထုတ်တယ်...."လင်းရီ အံ့အားသင့်သွားပြီး " မင်းအလုပ်ထုတ်ခံလိုက်ရတာလား....."

"ငါ ကုမ္ပဏီကို ပြန်ရောက်ကာ ရှိသေး ၀န်ထမ်းရေးရာ ဌာနက ငါ့ကို အလုပ်ထုတ်လိုက်ပြီ ဆိုပြီးတော့ အသိပေးစာ ရောက်လာတယ်...ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေးလေး နောက်တစ်ကြမ်လောက်ပဲ ပေးပါကွာ...."ဖူမင်ကျား ငိုသံကြီးနှင့် ပြောလာခဲ့၏။

"မင်းသာ ငါ့ကို အခွင့်အရေးပေးမယ်ဆိုရင် ငါဘာပဲ လုပ်ပေးရ လုပ်ပေးရ လုပ်ပေးပါ့မယ်ကွာ...ဖျင် ဆေးပေး‌ဆိုလည်း ဆေးပေးပါ့မယ်...မင်းငါ့ကို ကြိုက်သလို လုပ်လို့ရတယ်..."

"ဖွီး...မင်းအတွေးလွန်‌နေပြီပဲ...မင်းအလုပ်ထုတ်ခံလိုက်ရတာ ငါနဲ့ ဘာမှ မဆိုင်ဘူး..ငါက လူတွေနောက်ကွယ်မှ သူတို့အတင်းပြောရတာလည်း ဝါသနာ မပါဘူး...အစ်မရင်း ဖုန်းချလိုက်တော့ဗျာ..ကျုပ် အဲ့ကျပ်မပြည့်တဲ့ကောင်ကို ဘလော့ လိုက်တော့မယ်.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"နားလည်ပြီ...."

၀မ်ရင်း ချက်ချင်း ဖုန်းချလိုက်ပြီး ဖူမင်ကျား၏ ဖုန်းနံပါတ်ကို ဘလော့ လိုက်တော့သည်။

"ဒီ ဖူမင်ကျားက...အမြဲတမ်း ဂုဏ်ရှိန်ကြီးတဲ့ ဂိုက်ဖမ်းနေတာ...သူ့နှုတ်က ဒီလို ညစ်တီးညစ်ပတ်တွေ ထွက်လာလိမ့်မယ်လို့ ထင်တောင် မထင်ထားဘူး...."

"စာအုပ်တွေကို အဖုံးကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ...ဟုတ်တယ်မလား..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

၀မ်ရင်း သဘောတူစွာ ခေါင်းညိမ့်လိုက်ပြီး သူမ ကုတ်အင်္ကျီကို ချွတ်လိုက်လေသည်။

သူမ ယူနီဖောင်း ၀တ်ထားချိတ်တွင်တော့ ၀မ်ရင်း၏ ကိုယ်လုံး ကိုယ်ပေါက်ကို သတိမထားမိသော်လည်း ကုတ်အင်္ကျီ ချွတ်လိုက်သည့် အချိန်တွင်တော့ သူမ၏ လုံး၀န်း ကြီးမားသော စနေနှစ်ခိုင်မှာ ဘရာနှင့်ပင် မဆန့်ဘဲ ခုန်ထွက်လု နီးပါးပင်။

"ဘာလို့လဲဗျ အစ်မရင်း..ဘာလို့ ကုတ်အင်္ကျီ ချွတ်လိုက်တာလဲ.."လင်းရီ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ငါနည်းနည်းလေး အိုက်သလားလို့...အဲ့တာ ကုတ်အင်္ကျီ ချွတ်လိုက်ရင် အပူသက်သာမလား လို့ပါဟယ်....."

"အစ်မရင်း နောက်မနေစမ်းပါနဲ့ဗျာ..ကျွန်တော် မောင်းနေတာ ရှာရီလေ ..ပန်ဂနီမှ မဟုတ်တာ..ဘာလို့ ပူနေတာတုန်းဗျ...."

"ဘာလို့ဆို နင့်ကားအစုတ်ကြီးက အဲကွန်း ကောင်းကောင်းမှ မရှိတာ...."

၀မ်ရင်း စနောက်လိုက်ပြီး ထိုင်ခုံခါးပတ်ကို ဆွဲချည်လိုက်သည်။

All Chapters