← Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

လင်းရီ ပြုံးမိလိုက်ပြီး ဘာမှတော့ ပြန်မပြောချေ။

ထို့နောက် သူ တောင်တန်းကြီးများ၏ အလှတရားကို ခံစားရင်း အေးဆေး ‌မောင်းနေလိုက်၏။

နာရီ ၀က်ခန့် ကြာပြီးနောက် လင်းရီတို့ ခန်ကျင်း အိမ်ယာသို့ ရောက်လို့လာသည်။

၀မ်ရင်း သူမ၏ ကုတ်အင်္ကျီကို ပြန်လည် ၀တ်ဆင်လိုက်ပြီး "ငါနင့်ကို ခေါ်လိုက်မယ်...."

လင်းရီ မကြားလိုက်ဟန်ပင်။

"ရီလေး...ငါ့ယောက်ျား ခရီးထွက်သွားရင် နင့်ကို ခေါ်လိုက်မယ်နော်လို့..."

"ကောင်းပါပြီဗျ..ကျွန်တော်လဲ အစ်မရင်း ခေါ်တာကို စောင့်နေပါ့မယ်"

၀မ်ရင်း ထွက်သွားပြီးနောက် မကြာမီ ကြယ်ငါးပွင့် ရီဗျူး ပေးထားကြောင်း အသိပေးစာ ရောက်ရှိလာ၏။ တစ်ချိန်တည်းတွင် မစ်ရှင် လုပ်ဆောင်ချက်၌ နောက်ထပ် ၂၁ ကီလိုမီတာ တိုးလာ၏။

အများကြီး လိုနေသေးသော်လည်း ခြေတစ်လှမ်း နီးလာပြီဟု ဆိုနိုင်ပေသည်။

လင်းရီ ကျိုကျုံး အဆောက်အအုံသို့ မောင်းနေစဉ် ချင်းဟန်ထံ မှ ဖုန်း၀င်လာခဲ့၏။

"သားရီ ဘယ်ရောက်နေလဲဟျောင့်..တစ်ပွဲလောက် ဆွဲလိုက်ရအောင်လေကွာ..."

"ငါခု ကျိုကျုံးဗီလာမှာ...ကားက ခဏနေမှ ရမှာဆိုတော့ ...ခဏလောက် စောင့်ဦး..."

သူကားပြပွဲမှ ၀ယ်လာသည့်ကားများက ယနေ့ ကျိုကျုံး အဆောက်အအုံသို့ ရောက်ရှိလာပေလိမ့်မည်။

အကယ်၍ သူပြိုင်ချင်လျင်တောင်မှ ကားရောက်လာသည်အထိ စောင့်ရပေမည်။ ယခု သူ့လက်ထဲရှိ ရှာရီလေးနှင့် သွားပြိုင်ပါက ချင်းဟန်ကို အရမ်း အထင်းသေးရာ ကျလွန်း၏။

"မဆိုးပါဘူး...မင်းမှာ ကျိုကျုံး ဗီလာကို သွားလည်ဖို့ အခွင့်အရေး ရှိသားပဲ..."ချင်းဟန် ရယ်မောရင်း ပြောဆိုလိုက်၏။

ချင်းဟန်ကတော့ အများကြီး မတွေးခဲ့။ လင်းရီ မှာ ကျိုကျုံးဗီလာသို့ ဧည့်သည်သွားလုပ်သည်ဟုသာ ထင်နေ၏။ သို့သော်လည်း ကျိုကျုံးအဆောက်အအုံ၏ ပိုင်ရှင်မှာ လင်းရီ ဖြစ်လိမ့်မည်လို့ ချင်းဟန် တွေးမိမည် မဟုတ်ချေ။

မည်သို့ပင် ဆိုစေကာမူ သန်း ၈၀၀ ပေါက်ဈေးရှိသည့် ဗီလာမှာ သာမန်လူတစ်ဦး စွမ်းသာသည့် ဈေးနှုန်း မဟုတ်ခဲ့ပေ။

အမှန်အတိုင်း ပြောရမည်ဆိုပါက ချင်းဟန်ကိုယ်တိုင်ပင် အသုံးပြုဖို့ လက်တွန့်လောက်သည့် ဈေးနှုန်း ဖြစ်၏။

"ကောင်းပြီလေ...ငါ့မှာလည်း ဘာလုပ်စရာမှ မရှိတာ..မင်းဆီ လာခဲ့လိုက်မယ်..."

"ရတယ်လေ...လာခဲ့လိုက်.."

ဗီလာနံပါတစ်ထဲတွင်တော့ လင်းရီ ရေနွေးဖြင့် ရေချိုးပြီးနောက် စနစ် စာမျက်နှာကို ဖွင့်လိုက်သည်။

"အလုပ်အသစ် အသက်သွင်းပြီးပါပြီ..."

-LSB-အလုပ်ဟောင်း ပိတ်ထားဆဲ ( ပြီးမြောက်နှုန်း - ၈၅%)

အလုပ်အသစ် - ဖွင့်ပြီး

[ပိုင်ရှင် ကျေးဇူးပြုပြီး လက်ဆောင်ထုပ်ကို လက်ခံပေးပါ...]

"လက်ခံမယ်...."

[ယွမ် ၁၀ မီလီယမ်ကို ပိုင်ရှင်၏ အကောင့်ထဲသို့ လွှပြောင်းပြီးပါပြီ]

[ကျေးဇူးပြုပြီး ပင်ကိုယ် အရည်အချင်း အားလုံးကို တိုးမြင့်ပေးသော ဆေးရည်ကို လက်ခံပေးပါ.. ]

[ကျေးဇူးပြုပြီး ပညာရှိ၏ ဉာဏ်ပညာကို လက်ခံပေးပါ.... ]

"လက်ခံမယ်.."

လင်းရီ ရုတ်ချည်း သူ၏ ကိုယ်ထဲတွင် ပြောင်းလဲမှုများကို ခံစားလိုက်ရ၏။

မရေမတွက်နိုင်သော မှတ်ဉာဏ်များ သူ၏ စိတ်ထဲသို့ တိုး၀င်လာသည်။ သင်္ချာ ၊ ရူပ ၊ဓာတု ၊ နိုင်ငံခြားဘာသာ အစရှိသဖြင့် အမျိုးမျိုးသော အသိဉာဏ်ဗဟုသုတများ သူ၏ စိတ်ထဲသို့ ၀င်ရောက်လာ၏။

ပညာရှိ၏ ဉာဏ်ပညာမှာ အလုပ်လုပ်ကြောင်း လင်းရီ သေချာပေသည်။

ထိုဉာဏ်ပညာ၏ လွှမ်းမိုးမှုအောက်တွင် လင်းရီ၏ ကမ္ဘာကြီးအပေါ် နားလည်မှုနှင့် အသိအမြင်များ ပြောင်းလဲလာရတော့၏။

ယခုဆိုလျင် သူအရာ၀တ္ထုများကို သာမန်မျက်လုံးနှင့် မြင်နိုင်သည်ထက် ပိုမို ကြည်လင် ပြတ်သားစွာ မြင်နိုင်ပြီးဖြစ်သည်။

သို့သော်လည်း ပညာရှိ၏ ဉာဏ်ပညာမဇာ လူသား ဉာဏ်ပညာအား လုံးတို့၏ အထွတ်အထွတ် မဟုတ်သော်လည်း စကြာ၀ဠာအဆင့် ပြဿနာများကို ဖြေရှင်းရန်တော့ လုံလောက်သည်ထက် ပို၏။

သူ၏ ဉာဏ်ပညာအပြင် လင်းရီ ၏ ခန္ဓာကိုယ်မှာလည်း စတင်ပြောင်းလဲလာသည်။

သူ၏ ကြွက်သားများမှာ ပိုမို တင်းကြပ်လာပြီး ၀မ်းဗိုက်ကြွက်သားများမှာလည်း ပြီးပြည့်စုံတော့မည့် အသွင်သို့ ပြောင်းလဲသွား၏။

ထို့အပြင် လင်းရီ၏ ခွန်အား ၊ အာရုံခြောက်ပါး နှင့် အခြားသော ပင်ကိုယ် အရည်အချင်းများလည်း တိုးတက်လာသည်ကို ခံစားနေရသည်။

"ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ကောင်းခိုက်လဲ...."

သူ၏ ခန္ဓာကိုယ်ထဲရှိ ပြောင်းလဲမှု ဖြစ်စဉ်များကို သိပြီးနောက် လင်းရီ ရွှင်မြူးသွား၏။

ငွေကြေးဆုလဒ်နှင့် နှိုင်းယှဉ်ပါက လင်းရီ ယခုလိုမျိူ ပို၍ သန်မာလာသည်ဟူသော ခံစားချက်မျိုးကို ပို၍ နှစ်ခြိုက်မိသည်။

မည်သို့ပင်ဆိုစေ ကျန်းမာမှုဆိုသည်မှာ ငွေကြေးနှင့် ၀ယ်ယူ၍ ရသော အရာမဟုတ်။

ကလင် ကလင် ကလင်

တစ်ချိန်တည်းတွင် လင်းရီ၏ ဖုန်းသံမြည်လာပြီး အမည်မသိ ဖုန်းနံပါတ်ပင်။

"ဟဲလို...."လင်းရီ ဖုန်းဖြေလိုက်၏။

"ဟဲလို..ဒါက မစ္စတာလင်းလားရှင့်..."သာယာနာပျော်ဖွယ် အသံလေးတစ်သံမှာ ဖုန်းတစ်ဖက်မှ ထွက်လို့လာ၏။

"ဟုတ်ပါတယ် ကျွန်တော်ပါပဲဗျ..."

"ကျွန်မက ကျုံးဟိုင် ပင်းချန် တက္ကသိုလ်က ကော်မတီ ခေါင်းဆောင်ပါ...အခု ရှင်က ကျွန်မတို့ရဲ့ အင်တာဗျူးအားလုံးကို အောင်မင်သွားပြီဆိုတော့ မနက်ဖြန်ကစပြီး တရား၀င် အလုပ်ဆင်းလို့ရပြီလို့ ဖုန်းဆက် အသိပေးတာပါရှင့်..."

ကျုံးဟိုင် ပင်းချန် တက္ကသိုလ်...

လင်းရီ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သောအခါ အံ့အားသင့်သွား၏။

ထင်ထားတဲ့ အတိုင်း စနစ်က အားလုံး ပြင်ဆင်ပေးထားတာပဲ....

"ဟုတ်ကဲ့..နားလည်ပါပြီ..ကျွန်တော် မနက်ဖြန် အချိန်မှီ အလုပ်လာဆင်းပါ့မယ်ဗျ...."

ဖုန်းပြောပြီးနောက် လင်းရီ ဖုန်းကို ဘေး၌ ချထားလိုက်၏။

သူတွေးထားခဲ့သည်မှာ စနစ်က သူ့ကို ဖူတန် ဒါမှမဟုတ် ကျုံးဟိုင် ကျောင်းထုံး တက္ကသိုလ် တစ်ခုခုသို့ စေလွှတ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော်လည်း အဆင့် တစ်ရာအတွင်းတောင် မ၀င်သည့် သာမန် ပင်းချန် တက္ကသိုလ်သို့ တာ၀န်ချပေးလိမ့်မည်လို့တော ထင်မှတ်မထားခဲ့ချေ။

သူက ဒီသာမန် တက္ကသိုလ်ကို ထိပ်ဆုံးထိရောက်အောင် ဆွဲခေါ်ပေးသွားရမှာလား....

အင်း...ကြည့်ရသလောက်တော့ ဖြစ်နိုင်ချေ များတာပဲ...

ကလင် ကလင် ကလင်

ဤတစ်ကြိမ်တော့ ချင်းဟန် ဖုန်းပင်။

"ဟျောင့် မင်းဘယ်မှာလဲဟ ..ငါမင်းကို မတွေ့မိပါလား..."

"ငါက အိမ်မှာလေကွာ မင်းက ဘယ်မှာ သွားတွေ့ ချင်သေးတာ..."

"ငိုးမပဲ...မင်းအိမ်ပြန်သွားတယ်ဆိုရင်လည်း ငါ့ကို ပြောလေကွာ ခုတော့ ငါ့မှာ ကျိုကျုံး အဆောက်အအုံထိ ပြေးလာလိုက်ရတာ...."

ချင်းဟန် ကြိမ်းမောင်းလိုက်၏။

"ငါ့အိမ်က ကျိုကျုံး အဆောက်အအုံပဲလေကွာ...ဘာတွေ လာကြောင်နေတာ...."

ဖူး.....

ချင်းဟန် သွေးတစ်လုတ် အန်လိုက်ရ၏။

"ဘာပြောလိုက်တယ်...မင်းအိမ်က ကျိုကျုံး အဆောက်အအုံ....."

"ဒီတိုင်း နေဖို့ အိမ်လေးကိုပဲကွာ...ဘာတွေ အဲ့လောက်ထိ အံ့ဩပြနေတာလဲဟ...."

"ဟျောင့် မင်းပြောနေတဲ့ အိမ်က ကျိုးဟိုင်မှာရှိတဲ့ အကောင်းဆုံး ဗီလာလေကွာ..ဈေးအပေါဆုံးကတောင် သန်း၈၀၀ တန်ကြေးရှိတယ်...သာမန် ဗီလာတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာ...."

"လုံလောက်ပြီ...ပေါက်ပန်းလေးဆယ်တွေ ပြောမနေနဲ့တော့...၀င်လာပြီး လုံခြံရေး အစောင့်ကို ငါ့နာမည်ပြောပြလိုက်..ဘယ်ကောင်မှ မင်းကို မတားရဲစေရဘူး...."

"ကောင်းပြီလေ..."ချင်းဟန် ပြောလိုက်ပြီး "ဒါနဲ့ မင်းနေတာက ဘယ်ဗီခာမှာလဲ...."

"ဗီလာတစ်..."

"အိုကေ..အဲ့ကို လာခဲ့မယ်..."

လင်းရီ ဘယ်မှာ နေလဲဆိုတာ သိရှိပြီးနောက် ချင်းဟန်နှင့် သူ၏ သူငယ်ချင်း တစ်သိုက် အထဲသို့ အတူ ၀င်လာကြ၏။

လမ်းတစ်လျှောက်ရှိ ဗီလာများကတော့ ခြံ၀န်းထဲတွင် အလှပန်းအိုးများ စိုက်ပျိုးထား၏။

အကောင်းဆုံးဗီလာဟု ပြောစမှတ်ပြုရလောက်အောင် ၀င်လိုက်သည်နှင့် အပူပိုင်း မိုးသစ်တောထဲသို့ ရောက်သည့် ခံစားချက်မျိုးကို ရှိလိုက်၏။

အခြားသော ဗိသုကာ လက်ရာများကို အသာထား၊ ရှုခင်း တစ်မျိုးတည်းနှင့်ပင် တစ်မြို့လုံးရှိ ဗီလာများနှင့် ယှဉ်ပြိုင်ပါက အသာအယာလေး အောင်ပွဲဆင်နိုင် ပေသည်။

"သခင်လေချင်း..ရှင့် သူငယ်ချင်းက တကယ်ကြီး ဘာအလုပ်လုပ်တာ...ဒီလို ကျိုကျုံးဗီလာကြီမှာ နေဖို့ ဆိုတာ တော်ရုံချမ်းသာရုံလောက်နဲ့တော့ နေလို့မရဘူး..."

မိနီ စကတ်လေး ၀တ်ဆင်ထားသော မိန်းကဘေးတစ်ဦးမှနေ၍ "သူ့ရဲ့ နောက်ခံက ဘာလဲဆိုတာတော့ ငါလည်း မပြောတတ်ဘူး..ဒါပေမယ့် သူသုံးတာ ဖြုန်းတာတွေကတော့ ငါတို့နဲ့ မတူဘူးဆိုတာကတော့ သေချာတယ် ဒီတော့ ကျိုကျုံးအဆောက်အအုံမှာ ဗီလာတစ်လုံး ၀ယ်ထားတာလည်း မပြောပလောက်ဘူးလေဟယ်..."

"သခင်လေးချင်း....ကျွန်မတော့ သိပ်နားမလည်သေးဘူး..."

"ငါမင်းကို ပြောပြမယ်...ကျိုကျုံးအဆောက်အအုံရဲ့ နံပါတ်တစ်ဗီလာ တန်ကြေးက ၁.၂ ဘီလီယမ် တန်ဖိုး ရှိတယ်ကွာ...ကျိုးဟိုင်က သူဌေးတွေလည်း ဒီလောက် ပမာဏကို ၀ယ်ဖို့တတ်နိုင်တယ် ဒါပေမယ့် အိမ်တစ်လုံးကို ၁.၂ ဘီလီယမ် ပေး၀ယ်မယ်ဆို တန်မယ်လို့ ထင်လား..အဲ့တာကြောင့် ဘယ်သူမှ မ၀ယ်ကြတာ...ဒါပေမယ့် ဒီကောင်ကြီးကတော့ သူများနဲ့ မတူဘူး...ကြိုက်လို့ကတော့ ‌ဈေးကိုမကြည့်ဘူး ၀ယ်ချပစ်တာ...တန်တာ မတန်တာတွေ စဉ်းစားမနေဘူး ..ဒီလောက်ဆို ငါဘာပြောချင်လဲဆိုတာ နားလည်ရောပေါ့...ဟုတ်တယ်မလာ...."

"အွန်း နားလည်ပြီ.."မိနီစကတ် ၀တ်ထားသည့် မိန်းကလေးမှ ခေါင်းညိမ့်လိုက်၏။

သို့သော်လည်း ဘွင်းဘွင်းရှင်းရှင်း ပြောရမည်ဆိုပါက ဂုဏ်သတင်းစည်းစိမ်နှင့် အသောက်အစားမက်သော ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးတစ်ယောက် ဖြစ်နိုင်လောက်၏။ သခင်လေးချင်းကဲ့သို့ ကျိုးကြောင်းဆက်စပ်နိုင်မည့် သူမျိုး မဟုတ်လောက်ပေ။

ယခုကဲ့သို့ သုံးဖြုန်းနေပါက သူ၏ မိသားစုစည်းစိမ် မည်မျှပင် ပေါကြွယ်၀နေစေကာမူ နှစ်အနည်းငယ်အတွင်း ထိုအကောင် သုံးဖြုန်းသည်နှင့် ကုန်သွားလောက်၏။

ဥယျာဉ်ကြီးကို ဖြတ်သန်းပြီးနောက် ချင်းဟန်နှင့် သူ့ဘော်ဒါတစ်သိုက်တို့ ဗီလာနံပါတ်တစ်ထံ ရောက်ရှိလာခဲ့သည်။

လင်းရီကတော့ ဗီလာတံခါးရှေ့တွင် ရပ်စောင့်နေ၏။

"မင်းတို့ကောင်တွေကလည်း တယ်နှေးပါလားဟ..."လင်းရီ ပြောလိုက်၏။

"ဘုရားရေ..သူ့ပေါင်မုန့်ကြီးတွေကလည်း လှလိုက်တာနော်...."

လင်းရီ သူ၏ အောက်ပိုင်းကို တဘက်ဖြင့် ပတ်ထားသောကြောင့် အပေါ်ဘက်ရှိ ၀မ်းဗိုက်ကြွက်သား‌တို့ကို ထုတ်ပြထားသလို ဖြစ်နေ၏။

ထို့ကြောင့် သူ၏ လှပသော ကြွက်သားမျကို မြင်ပြီးနောက် အုပ်စုထဲရှိ မိန်းကလေးနှစ်ယောက် ကြက်‌ေ-သ‌ေ-သသွားရခြင်းပင်။

"ပြဿနာကတော့ ဒီနေရာကြီးက ကြီးလွန်းတာကိုးဟ..ဗီလာနံပါတစ်ကို ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်လိုက်ရှာရသလိုပဲ..."

"အဲ့တာများကွာ တွေ့တဲ့ ဗီလာထဲ ၀င်ကြည့်ကြည့်လိုက်ပေါ့ကွ .."

"လျှောက်ပြောမနေနဲ့ တကယ်လို့ ငါသာ မှားပြီး သူများ ဗီလာတွေထဲ ၀င်မိရင်ကော..."

"ကိစ္စမရှိဘူး..ဗီလာကိုးခုလုံးက ငါ့အပိုင်တွေပဲ..မင်းတို့ ၀င်မိလည်း ဘာကိစ္စမှ မရှိဘူး..."

All Chapters