အခန်း (၈၅)
Vol. 6 Ch. 85
"ဖက်ခ် မင်းဘာပြောလိုက်တယ်....ဗီလာကိုးခုလုံးက မင်းဟာ ဟုတ်လား..."
ချင်းဟန် ဆက်လက်၍ မတည်ငြိမ်နိုင်တော့...
လင်းရီ ချမ်းသာသည်ကို သိသော်လည်း ထိုမျှ ကြွယ်၀ လိမ့်မည်လို့တော့ မထင်ထားခဲ့ချေ။
"အမှန်ပဲ..."
"ငိုးပဲ..မင်းမှာ ထားစရာ နေရာ မလောက်အောင်ကို ချမ်းသာနေတာလားကွ...တကယ်ကြီး ဗီလာကိုးခု လုံးကို ၀ယ်ပစ်လိုက်တယ်ပေါ့..အဲ့တာက လေးငါးဘီလီယမ်လောက် ရှိတာလေ... "
"ပိုက်ဆံဆိုတာ သုံးပေးရတယ် ငါ့ကောင်ရ မသုံးဘဲ သိမ်းထားပြီး ဘာလုပ်မှာ..ဥထားလို့လဲ ကြက်ဥလို အကောင်ပေါက်လာတာမှ မဟုတ်တာ..."
"နောက်ဆုံးတော့ လက်ဖွာတယ်ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီလေ...သောက်ရမ်း အားကျမိပါတယ် ဘဒိုရေ..."
ချင်းဟန် ပြောလိုက်လေသည်။
"ဗီလာကိုးခုလုံးကို တစ်ပြိုင်တည်း ၀ယ်ပစ်လိုက်တယ်ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့ အရာမဟုတ်ဘူး..."
"မင်းတို့ အထင်ကြီးတယ်ဆိုလည်း ကြီးတယ်ပဲ ထားပါတော့ကွာ.."
ထိုအချိန်တွင် လင်းရီ အမည်မသိ ခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိလိုက်ပြီး သူ၏ ကားများ ရောက်လာပြီဖြစ်ကြောင်း ဖုန်းဆက်ပြောလာခဲ့၏။
"ခဏလောက်စောင့်ဦး ငါအ၀တ်စား သွား၀တ်လိုက်ဦးမယ်...ကားက ရောက်လာပြီဆိုတော့ ပြီးမှပဲ လေးငါးပတ်လောက် ပတ်မောင်းကြတာပေါ့...."
"ဒါပေါ့...ရတယ် အေးဆေးလုပ်..."
ချင်းဟန်နှင့် သူ့သူငယ်ချင်းတို့ အောက်ထပ်တွင် လျှောက်ကြည့်နေစဉ် လင်းရီ ဒုတိယထပ်သို့ သွား၍ အ၀တ်စား သွား၀တ်လိုက်၏။
ဇိမ်ခံ ပစ္စည်းများစွာနှင့် မစိမ်းသော ချင်းဟန်ပင်လျင် ကျိုကျုံး ဗီလာနံပါတ်တစ်ရှိ အသုံးပြုထားသော ဇိမ်ခံ ပစ္စည်းများကို မြင်တော့ ဆွံ့အသွားရသည်။
ဒါကြီးက လုံး၀ လူမဆန်တာပဲကွ....
"သခင်လေးချင်းက P1 ပြောင်းလိုက်ပြီဆိုတော့ ဒီတစ်ခေါက် လင်းရီရဲ့ ဇွန်ဒါကို ဖိနှိပ်ထားနိုင်ပြီပေါ့...ဒီတစ်ကြိမ်တော့ သခင်လေးချင်း ကလဲ့စားချေရမယ့် အလှည့် ရောက်လာပြီ..."
"လုံး၀ အဟုတ်ပဲ..."
"သူ မနေ့တုန်းက ဘူဂတီ ချီရွန်၀မ်းကို ၀ယ်ခဲ့သေးတယ် ...တကယ်လို့ အဲ့ဒီ ချီရွန်၀မ်းကြီးနဲ့ဆိုလို့ကတော့ ငါလည်း မပြိုင်ရဲဘူး...ဒါပေမယ့် ဇွန်ဒါဆိုလို့ကတော့ ခေါင်းထဲကိုထည့်မစဉ်းစားတာ...."
"သခင်လေးချင်း..ကျွန်မ သခင်လေးလင်းရဲ့ ကားထဲ လိုက်စီးလို့ရလား..."မီနီစကတ်နှင့် မိန်းကလေးမှ ချစ်စဖွယ်လေသံဖြင့် မေးမြန်းလိုက်၏။
"ဟားဟား..ဟုတ်လို့လား...ငါတော့ မင်းက သခင်လေးချင်းကို ပုံအပ်ချင်နေတာလို့ ဘာကြောင့် မြင်နေမိပါလိမ့်..."
"အာ...တို့က အဲ့လို မဟုတ်ရပါဘူးနော်..."မိနီစကတ်နှင့် မိန်းကလေးမှ ရှက်သွေးဖြန်းလျက် ပြန်ဖြေလိုက်၏။
"အဲ့မေးခွန်းက မင်းငါ့ကို မေးရမှာမဟုတ်ဘူး...ဟိုကောင် လင်းရီကို မေးကြည့်ရမှာ..."
တခဏမျှကြာပြီးနောက် လင်းရီ အ၀တ်စားလဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ချင်းဟန်နှင့် စကားပြောနေသော မိန်းကလေး နှစ်ယောက်မှာ လင်းရီကို မြင်တော့ မျက်လုံးများ ပြူးကျယ်သွားတော့၏။
ဒီလောက်ထိ ခန့်ညားဖို့ လိုလို့လားဟဲ့....
အကယ်၍ သူမတို့သာ ထိုကဲ့သို့သော သူမျိုးနှင့် တစ်ညလောက် ပျော်ပါးခွင့်ရမည်ဆိုပါက တွေဝေခြင်း အလျင်းမရှိ ခေါင်းညိမ့်မိကြပေလိမ့်မည်။
"သွားစို့...ကားကဒီရောက်နေပြီ..တစ်စီးလောက် သွားရွေးရအောင်...."
ထို့နောက် အုပ်စုမှာ ကျိုကျုံးအဆောက်အအုံ၏ ၀င်ပေါက်သို့ ရောက်ရှိလာခဲ့ကြ၏။
ဗီလာပြင်ပ၌ ထရပ်ကားလေးစီး ရပ်ထားသည်ကို မြင်တော့ ချင်းဟန် အံ့အားသင့်သွားခဲ့သည်။
"ဟဲလို...လူကြီးမင်းက မစ္စတာလင်းလား မသိဘူးဗျ..."ယူနီဖောင်း ၀တ်ဆင်ထားသည့် အမျိုးသား တစ်ဦးမှ မေးလိုက်၏။
"ကျုပ်ပါပဲ..."
"မစ္စတာလင်း ကားပြပွဲကနေ ၀ယ်ယူထားတဲ့ ကားတွေ အားလုံး ရောက်ရှိလာပါပြီဗျ...ကျေးဇူးပြုပြီး တစ်ချက်လောက် စစ်ဆေးကြည့်ပါဦး..."
"ကောင်းပြီလေ...."
"နေပါဦးဟ လင်းရီ....."ချင်းဟန် ဟန့်တားလိုက်ပြီး
"ဘာတွေ ဖြစ်နေတာလဲ...မင်းရဲ့ ပန်ဂနီက အထဲမှာ မဟုတ်လား...."
"ဘယ်ဟုတ်မှာ...ပန်ဂနီက ခုချိန်ထိ ၀ပ်ရှော့မှာပဲ ရှိသေးတာ ပြန်ပြင်လို့တောင် မပြီးသေးဘူး...."
ချင်းဟန် တွေးထားခဲ့သည်မှာ ထိုကားက လင်းရီ၏ ပန်ဂနီ ဖြစ်ရမည်လို့ပင်။ သို့သော်လည်း မထင်မှတ်ထားသော အလှည့်အပြောင်းလေး ဖြစ်သွား၏။
"ဟျောင့် သောက်အဓိပ္ပာယ်မရှိတာ..."
ချင်းဟန် ပြောလိုက်ပြီး
"မင်းရဲ့ ချီရွန်၀မ်းကလည်း စုတ်ပြတ်သွားပြီမဟုတ်လားကွ...ခုကကော ဘာတွေလည်းဟ..."
"မင်းIQတွေ ဘာဖြစ်ကုန်တာ...."
လင်းရီ ပျက်ရယ်ပြုလိုက်ပြီး
"ငါကားတစ်စီးတည်း ၀ယ်ခဲ့တာလို့ မင်းကို ဘယ်ကောင် ပြောလိုက်တာလဲ...."
"ငါ-ိုးပဲ..."ချင်းဟန် ၏ မျက်လုံးများ ပြူးကျယ်လာသည်။
"မင်းဖျက်စီးလိုက်တဲ့ ချီရွန်၀မ်းနဲ့ဆိုရင် မင်းက တစ်ပြိုင်တည်း ကားငါးစီး ၀ယ်ခဲ့တာပေါ့...."
"၀ယ်လို့ရတဲ့ ကားအရေအတွက်က မသတ်မှတ်ထားဘူးမလား...ကိုယ်ကြိုက်သလောက် ၀ယ်ပီး လျှောက်မောင်းပေါ့ ဘာဖြစ်တုန်း...."
သွားပြီ....ဒါကြီးက လူမဆန်လွန်းသွားပြီ....
"ကားတွေကို ချလိုက်တော့..."
"ဟုတ်ကဲ့ မစ္စတာလင်း...."
ထို့နောက် ဒရိုင်ဘာမှပထမဆုံး ကွန်တိန်နာ ကို ဖွင့်လိုက်သောအခါ ဘန်ထလေ တစ်စင်းမှာ လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာလေသည်။
"ဘာများလဲလို့ကွာ ဒီတိုင်း ဘန်ထလေပါပဲ..ငါက ကားအလန်းကြီးများလားလို့...လန့်တောင် လန့်သွားတာပဲ..."
ချင်းဟန်၏ ကြွယ်၀မှုနှင့် ဆိုပါက ၄ မီလီယမ်သာ ရှိသော ဘန်ထလေမှာ ဘာမျှ မဟုတ်ပေ။ အချိန်မရွေး ၀ယ်လို့ရနေသည့် ကားတစ်စီးဖြစ်၏။
ထို့နောက် ဒုတိယ ကွန်တိန်နာ ပွင့်လာခဲ့သည်။
"ဖက်ခ်... Rolls-Royce ကြီးလားဟ..."
ချင်းဟန်နှင့် ကျန်သူများလည်း အနည်းငယ် မတည်ငြိမ် ဖြစ်သွားခဲ့သည်။
"ဒီ Rolls-Royce ကတော့ မျက်စိဖမ်းစားနိုင်လောက်တယ်မလား...."
"ဆိုရုံလောက်ပေါ့..."ချင်းဟန် ဘာမှ မဟုတ်သည့် အမူအရာဖြင့် "အဲ့တာက ဒီတိုင်း ၉ မီလီယမ် ကျော်လောက်လေးပဲလေ...."
၉ မီလီယမ် တန်ကြေးရှိသော ကားမှာ ချင်းဟန် မျက်လုံးထဲတွင်တော့ ကားကောင်းဟု ဆိုနိုင်ရုံသာ ရှိသေး၏။
ဆိုလိုချင်တာကတော့ သူလိုချင်ပါက အချိန်မရွေး ၀ယ်၍ ရနေသည့် ကားမျိုးပင်။
"မင်းလေးသံ ကြည့်ရသလောက်တော့ ငါ့ Rolls-Royceကို အထင်သေးနေသလိုပဲ..."
"ငါက ဒီတိုင်း သိပ်အများကြီး မတွေးရုံတင်ပါ..."
ချင်းဟန် ပြောလိုက်လေသည်။
"ဒီကားကလည်း မဆိုးဘူးဆိုပေမယ့် ငါ့ရဲ့ P1နဲ့ယှဉ်ရင်တော့ လိုနေတုန်းပဲလေ...မင်းဘယ်လောက်ပဲ စကေးကောင်းကောင်း ဒီတစ်ခါတော့ ငါ့ကို မမှီစေရဘူး...."
"ဘာတွေ လောနေတာတုန်း အေးဆေးပေါ့..."လင်းရီ ပြုံးလိုက်ပြီး "မဖွင့်ရသေးတဲ့ ကား နှစ်စင်းတောင် ကျန်နေသေးတယ်လေကွာ...."
"ချင်းဟန် ပခုံးတွန့်လိုက်ပိး "ဒီတော့ နောက်ထပ် နှစ်ငစင်း ကျန်သေးတော့ကော ဘာဖြစ်တုန်း မင်းရဲ့ ချီရွန်၀မ်းက ပျက်စီး သွားပြီ မဟုတ်လား...ကျန်တဲ့ ကားတွေလောက်ကတော့ ငါက ရင်ခုန်မှာ မဟုတ်ဘူးနော်..."
ချင်းဟန်၏ မျက်လုံးထဲတွင်တော့ လင်းရီ၏ ချီရွန်၀မ်းကသာလျင် အကောင်းဆုံးဖြစ်၏။
ကျန်သည့်ကားများကတော့ ချီရွန်ကားလောက် မကောင်းပေ။
P1 ၏ရှေ့တွင်တော့ ချီရွန်၀မ်းမှ လွဲ၍ ကျန်သည့်ကားများမှာ ရှောင်တိတိများ ဖြစ်၏။
လင်းရီ ပြုံးလိုက်ပြီး ဒရိုင်ဘာကို ကြည့်ကာ.."အားလုံးကို ဖွင့်လိုက်တော့..."
"ကောင်းပါပြီ ဗျ..."
ထိုသို့ဖြင့် တတိယ ကွန်တိန်နာ ပွင့်လာခဲ့၏။
ငွေရောင် ထောင့်စွန်းလေးကို အရင်ဆုံး မြင်လိုက်ရပြီး
"Koenigsegg Rs ကြီးဟ....."
ချင်းဟန် ဆက်လက်၍ မတည်ငြိမ်နိုင်တော့ချေ။
"ငါမှတ်မိသလောက်ဆိုရင် ဒီကားက ၃၀ မီလီယမ် တန်ကြေးရှိတယ် မလား..."
"ဟမ်..မင်း ဈေးတွေအကြောင်းတော့ ကောင်းကောင်း နားလည်သားပဲ..."လင်းရီ ပြုံးလိုက်၏။
ချင်းဟန်၏ မျက်နှာထက်တွင်တော့ ချွေးအေးများ စို့နေလေသည်။
ဒီကောင် မိမိုက်သလို လုပ်တာကလည်း ငါ့ကို နှလုံးရောဂါ ရအောင် လုပ်နေတာပဲကွ...
RSမှာ ချီရွန်၀မ်းလောက် မကောင်းသော်လည်း စွမ်းဆောင်ရည်ပိုင်းတွင်တော့ ချီရွန်၀မ်းထက် အနည်းငယ်သာ လျော့၏။
လင်းရီ၏ စကေးများနှင့် သာ ပူးပေါင်းလိုက်ပါက သူ၏ P1 ကို အသာအယာလေး ပွဲသိမ်းသွားနိုင်သည်။
ထိုအချိန်တွက်တော့ စတုတ္ထမြောက် ကွန်တိန်ကြီး ပွင့်လာပြီး အနီရောင် လွိုင်ကန် တစ်စီးမှာ လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့၏။
"သောက်ကျိုးနည်း...."
ချင်းဟန် မျက်လုံးများ ပြူးကျယ်သွားပြီး "အဲ့တာ လွိုင်ကန် ၇ မလား ..ချိုင်းနားမှာဆို ေစျးက ၇၀ မီလီယမ်လောက် ရှိတယ်လေကွာ...."
"ဟျောင့် ဒီတိုင်း ၆၀ မီလီယမ်တည်း ရှိတာပါဟ ..မင်းကလည်း သူဌေးသားပါကွာ တအားကြီး အံ့ဩပြမနေစမ်းပါနဲ့...မင်းက ခုမှကမ္ဘာကြီးကို မြင်ဖူးတဲ့ ကလေး တစ်ယောက်လိုမျိုး လုပ်ပြနေလို့...."
"ငိုးမပဲ...အဲ့တာက ၆၀ မီလီယမ် တန်ကြေးရှိတဲ့ ပြိုင်ကားလေကွာ...အဲ့တာကို မင်းက ၆၀ မီလီယမ် 'တည်းပဲ' လို့ ပြောလိုက်တယ်ပေါ့....."
"ဘာလို့လဲ...၆၀ မီလီယမ်က ဈေးကြီးနေလို့လား...."လင်းရဖိ အံ့ဩနေသည့် လေသံဖြင့် ပြောလိုက်လေသည်။
"ငါတော့ မင်းကို တည်ကြီး လေးစားသွားပြီကွာ...."
ချင်းဟန် ပြောလိုက်၏။
"ဒါပေမယ့် ငါမင်းကို ပြောပြလိုက်ဦးမယ်..ဒီရဲ့ လွိုင်ကန်က မင်းရဲ့ ဘူဂတီ ပန်ဂနီတို့နဲ့ ယှဉ်ရင်တော့ သိပ်မကောင်းဘူးနော်...ဒီကောင်ကြီးက ၆၀ မီလီယမ်နဲ့ ရောင်းတယ် ဆိုပေမယ့် ၃၀ မီလီယမ်တန်ကြေးလောက်ပဲ ရှိတဲ့ Rsနဲ့ စွမ်းဆောင်ရည်က သိပ်မခြားနားဘူး....ပေးရတဲ့ ဈေးနဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ သိပ်မတန်ဘူးပေါ့ကွာ...."
"ငါတို့က ဘာကိစ္စ စွမ်းဆောင်ရည် နဲ့ ဈေးနှုန်း မျှမမျှ တွေးနေမှာလဲဟ...အဲ့တာတွေက မလိုပါဘူး..."လင်းရီ လက်ဝှေ့ယမ်း ပြီး ပြောလိုက်လေသည်။
"ငိုးပဲ..."
ချင်းဟန်နှင့် သူ့သူငယ်ချင်းတို့ကတော့ ဘီလီယမ်ပေါင်းများစွာ ထိုးနှက်ချက်များ ခံလိုက်ရသကဲ့သို့ ခံစားမိလိုက်၏။
အကယ်၍ သူတို့သာ လင်းရီ နှင့် ပေါင်းသင်းမည်ဆိုပါက သာမန်လူကဲ့သို့ တွေးခေါ်နေခြင်းကို ရပ်တန်းက ရပ်သင့်ချေပြီ။
ရှေ့ရှိ စူပါကား လေးစီးနှင့် ချီရွန်၀မ်းကို ထည့်ပေါင်းပါက စုစုပေါင်း ကားတန်ဖိုးမှာ ၁၅၀ မီလီယမ်ပင်။
ဒီကောင်က ပြိုင်ကားတွေကို ဟင်းရွက်ကန်စွန်းများ မှတ်နေလား မသိဘူး....
"ရှောင်ကောကော...ကျွန်မ ရှင့်ရဲ့ ကားထဲ တစ်ခေါက်လောက် လိုက်စီးလို့ရမလားဟင်...."မိနီစကတ်နှင့် မိန်းကလေးမှ အရဲစွန့်၍ မေးလိုက်၏။
"ရတယ်..ဒါပေမယ့် အိုက်တယ်လို့တော့ မလုပ်နဲ့နော်...ကားထဲ၀င်ပြီး အင်္ကျီတွေ ချွတ်နေရင်တော့ သိပ်မကောင်းလို့...."
"ရှောင်ကောကော ရှင်က အရမ်း ဆိုးတာပဲ.."
မိနီစကတ်နှင့် မိန်းကလေးမှ ပြောလိုက်ပြီး "စူပါကားတွေက အဲကွန်းမကောင်းဘူးလေ..အဲ့တာကြောင့် ကားထဲရောက်ရင် တို့က အလိုလို အိုက်သွားတာလေ..."
"လင်းကြီး တကယ်လို့ ဒီညီအစ်မနှစ်ယောက်ကို မင်းသဘောကျတယ်ဆိုရင် ခေါ်သွားလေ..."ထို့နောက် လင်းရီ နားနားကပ်၍ "လုံး၀ အသန့်လေးတွေဆိုတာ အာမခံတယ်နော်..."
"မင်းပဲ ကားပြိုင်ချင်တယ် ပြောနေတာ မလား...ကဲပြော..ဘယ်ကားနဲ့ ပြိုင်ပေးရမလဲ..."
"ဘာကို ပြိုင်ဦးမှာ ...ဘန်ထလေနဲ့ Rolls-Royce ကလွဲလို့ ကျန်တဲ့ကားတွေသာ မင်းလက်ထဲရောက်ရင် ငါ့ကို အသာလေး ရို-က် လို့ရနေပြီကို..ရူးနေမှပဲ မင်းနဲ့ ပြိုင်တော့မှာပေါ့ကွ.... "