အခန်း (၈၆)
Vol. 6 Ch. 86
"မင်းအခု ကြောက်နေတာလားကွ...အဲ့တာ သခင်လေးချင်းရဲ့ စတိုင်မဟုတ်ပါဘူး..."လင်းရီ ပြောလိုက်၏။
"မင်းငါ့ကို လှည့်ဖျားဖို့ မကြိုးစားနဲ့..."ချင်းဟန် ပြောလိုက်ပြီး "တကယ်လို့ မင်းသာ ကားတွေ အများကြီး ၀ယ်ထားမှန်း သိရင် မင်းကို ကားပြိုင်ဖို့ မေးတောင် မမေးဘူး..."
ထို့နောက် ချင်းဟန်နှင့် သူ့သူငယ်ချင်းတို့ ကားကိုယ်စီ ထဲ ၀င်သွားလိုက်ကြသည်။ သို့သော်လည်း ချင်းဟန် မထွက်ခွာမီ "ငါအကင်ဆိုင် အသစ်ဖွင့်ထားတယ်..မင်းဒီည အားတယ်ဆိုရင် ငါ့ဆိုင်ကိုလာပြီး အားပေးလို့ရတယ်နော်..."
"မင်းက အရန်စီးပွားရေးတွေ လုပ်လို့ပါလားဟ..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်လေသည်။
"ငါလည်း ပျင်းတယ်လေကွာ..ဒီတိုင်း အပျင်းပြေအောင်လို့ပေါ့...အဲ့လို ဆိုင်လေး တစ်ဆိုင်ဖွင့်ထားတော့ ဘော်ဒါတွေ အချိန်မရွေး ဆုံလို့ရတာပေါ့ကွာ..."
"ကောင်းပြီလေ..ဘယ်နေရာမှာလဲ ငါဒီည လာခဲ့လိုက်မယ်..."
"သေချာတယ်နော်ဟျောင့်...မင်းလာခဲ့ရမှာ"
မိနီ စကတ်နှင့် မိန်းကလေးမှာ ကားထဲသို့ မ၀င်မီ လင်းရီကို ကြည့်၍ "ရှောင်ကောကော ..ကျွန်မ နာမည်က လီနာတဲ့ မှတ်ထားဦးနော် နောက်တစ်ခေါက်ကျရင် ရှင့်ရဲ့ လွိုင်ကန်ထဲမှာ လိုက်စီးလို့ရမလား..."
"ရတာပေါ့...ပြဿနာမရှိဘူး..."
"ဒါပေမယ့် မအိုက်အောင်လို့ အင်္ကျီအပါးလေးတွေပဲ ၀တ်ခဲ့နော်..."
"ဟင် အဲ့တာဆို ကျွန်မ ဘာမှ မ၀တ်ပဲ လာခဲ့လိုက်ရမလား...အဲ့တာဆို ပိုပြီး အေးသွားမှာပေါ့...."
"ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ ကောင်းလိုက်လဲ "
"ကဲကဲ ရပြီ အိညောင်ကွက်ညောင်တွေ လုပ်မနေနဲ့
..ကားထဲ ၀င်တော့.... "
ချင်းဟန်နှင့် ကျန်သူများ ထွက်ခွာသွားပြီးနောက် လင်းရီ ကားကို ဂိုဒေါင်ထဲသို့ ထည့်လိုက်၏။
ဂိုဒေါင်ထဲသွင်းပြီးနောက် သူ၏ ကားအရေအတွက်မှာ မလုံလောက်သေးကြောင်း သတိထားမိသွားသည်။ ထို့ကြောင့်အနာဂတ်တွင် သင့်လျော်သော ကားကောင်းတစ်စီး တွေ့ပါက ၀ယ်ရပေမည်။
ကားများကို ပါကင်ထိုးပြီးနောက် လင်းရီ မောင်းရန် လွိုင်ကန်ကို ထုတ်လိုက်၏။
လက်ရှိ သူ၀ယ်ထားသော ကားများအားလုံးမှာ ယာယီ လိုင်စင်နံပါတ်ပြားများ ဖြစ်သောကြောင့် လိုင်စင်နံပါတ်ပြားကို အရင်သွားလုပ်ရပေမည်။
လိုင်စံနံပါတ်ပြား လုပ်သည့်နေရာတွင်တော့
"ခင်များမှာ ကြိုတင်ရွေးချယ်ထားတဲ့ လိုင်စင် နံပါတ်ပြား ရှိလား..."၀န်ထမ်းမှ မေးလိုက်၏။
ဖွံ့ဖြိးတိုးတက်နေသော အင်တာနက်ခေတ်တွင် လိုင်းပေါ်မှ တစ်ဆင့် အလုပ်များစွာကို ပြုလုပ်၍ ရသည်။
လိုင်စင်နံပါတ် ရွေးချယ်ခြင်းကလည်း ထို့အတူပင်။ တရား၀င် ၁၂၁၂၃ အက်ပ်တွင် နံပါတ်များ ရွေးချယ်ပြီး ဤနေရာ၌ လာထုတ်ရုံပင်။
သို့သော်လည်း လင်းရီ ဘာတစ်ခုမျှ ကြိုတင်မပြင်ဆင်ထားခဲ့။
"မရှိဘူး..ကျုပ်ဒီတိုင်း ကျပန်း ပဲရွေးလိုက်တော့မယ်..."
လင်းရီလည်း ယာဉ်မောင်းအတွေ့အကြုံ ရှိသောကြောင့် ယခုသူရောက်နေသော နေရာနှင့် ပတ်သက်၍ အားလုံးသိ၏။
သူ လိုင်းပေါ်မှ ကြိုတင် ရွေးချယ်သည်ဖြစ်စေ ယခုနေရာရောက်မှ ရွေးချယ်သည်ဖြစ်စေ မိမိအလိုရှိသော နံပါတ်ကျရန်မှာ အင်မတန်မှ ခက်ခဲလှ၏။
အကယ်၍ သူသာ လိုင်စင်နံပါတ် လှလှလေးများ လိုချင်ပါက တခြား ကိုယ်စားလှယ်များထံမှ ဈေးကြီးပေး၍ ၀ယ်ယူရပေမည်။
ဤနေရာ၌ လိုင်စင်နံပါတ် ကောင်းရဖို့ဆိုတာကတော့ မဖြစ်နိုင်လုနီးပါးပင်။
"စမယ်ဆို စပေ့ကို နှိတ်လိုက် ရပ်မယ်ဆိုရင် အန်းတား ကို နှိပ်လိုက် ..ပြီးရင် စခရင်ပေါ်မှာ ကျလာတဲ့ နံပါတ်ပြားတွေထဲက ကိုယ်ကြိုက်တဲ့ နံပါတ်ကို ရွေးယူရုံပဲ...."
"အိုကေ...."
လင်းရီ နှစ်ကြိမ်လောက် ဆက်တိုက် နှိပ်လိုက်လေသည်။ ထို့နောက် စခရင်ပေါ်၌ နံပါတ်ပြားများ ကျလာခဲ့၏။
လင်းရီ ၏ ရည်ရွယ်ချက်မှာ ကျပန်း နံပါတ်တစ်ခု ရယူချင်ရုံပင်။ သို့သော်လည်း တတိယတန်း၏ နောက်ဆုံး ဒုတိယမြောက်တစ်မှာ မျက်စိ ဖမ်းစားနေ၏။
ဟမ် ..NB666
"ဖက်ခ် ANB666 "လင်းရီ အံ့ဩတကြီး ရေရွတ်လိုက်ပြီး "ဘယ်လောက်တောင် လှလိုက်တဲ့ နံပါတ်ပါလိမ့်...ငါ့ကံတွေ ဘယ်တုန်းကများ ဒီလောက်ကောင်းသွားလဲ မသိလိုက်ဘူး...."
၀န်ထမ်းများလည်း လင်းရီ၏ လိုင်စင်နံပါတ်ကို မြင်သောအခါ ကြက်ေ-သေ-သသွားတော့သည်။
ဒီကောင်က တစ်သန်းမှာ တစ်ကြိမ်လောက် ရနိုင်တဲ့ ကံကောင်းမှုကြီးကို ရရှိလိုက်တာပဲ....
တစ်ချိန်တည်းတွင် DMV မှ ကျန်သည့်လူများလည်း ရောက်ရှိလာပြီး လိုင်စင်နံပါတ်ကို မြင်တော့ မျက်လံုးများ ပြူးကျယ်သွားကြသည်။
ဒီလောက် မိုက်တဲ့ လိုင်စင်နံပါတ်ပြားကတော့ အနည်းဆုံး ယွမ်တစ်သန်းလောက် တန်ကြေးရှိမှာပဲ....
မရေမတွက်နိုင်သော ကားပွဲစားများ၏ အာရုံစိုက်မှုမှာ လင်းရီထံသို့ ရောက်ရှိနေသည်။
ဒီကလေးရဲ့ ၀တ်ပုံစားပုံက သာမန် ရုံး၀န်ထမ်း စတိုင်နဲ့...အဲ့လိုဆိုရင်တော့ အဲ့ကောင်ဆီက လိုင်စင်နံပါတ်ပြားကို အသာလေး နှိုက်လို့ရပြီလေ.....
"အဟမ်း...ကျုပ် နောက်ထပ် သုံးခါလောက် လှည့်ရဦးမှာ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"နောက်ထပ် သုံးခေါက်..."
"ဟုတ်တယ် ကျုပ်မှာ ကားလေးစီးရှိတာ..အဲ့ကားတွေအတွက်လည်း လိုင်စင် နံပါတ်လိုတယ်...."
၎င်းကိုကြားတော့ ကားပွဲစားများမှ စူးစမ်းကြည့်ချင်လာသည်။
တစ်ခါတည်းနဲ့ လိုင်စင် နံပါတ်လေးခုဆိုတော့ ..ကုမ္ပဏီ တစ်ခုခုကပဲ ဖြစ်ရမယ်...မဟုတ်ရင် ဒီလောက် ကားတွေ အများကြီး တစ်ပြိုင်တည်းမ၀ယ်ဘူး....
အဲ့လိုဆို ပိုလို့တောင် လွယ်သွားပြီ မဟုတ်လား...
စပေ့နှင့် အန်းတားခေါက်ပြီးနောက် ကျပန်း လိုင်စင်နံပါတ်ပြား ဆယ်ခုမှာ စခရင်ပေါ်တွင် ကျရောက်လို့လာသည်။
"ငိုးပဲဟ NB 888"
လိုင်စင်နံပါတ်ကို မြင်တော့ လူတစ်ချို့မှာ ဟန်ချက်ပင် မထိန်းနိုင်တော့ချေ။
ပထမ တစ်ခေါက်က NB666
ဒုတိယ တစ်ခေါက်ကျ NB 888
ငိုးပဲ...ဒီကောင်ဘာလို့ အဲ့လောက်ထိ ကံကောင်းနေတာလဲဟ....
အနည်းဆုံး နှစ်မီလီယမ် တန်ကြေးရှိသော လိုင်စင်နံပါတ်ပြားနှစ်ခု
ငါတို့ကျ ဘာလို့ အဲ့လို ကံတရားမျိုး မရှိရတာလဲ...
လင်းရီ မေးစေ့ပွတ်လိုက်ပြီး ကိစ္စများက ထိုမျှ မရိုးရှင်းပေ။
ပထမ တစ်ခေါက်တုန်းကတော့ ကံကောင်းလို့ဟုဆို၍ ရှင်းပြ၍ ရ၏။ သို့သော်လည်း ဒုတိယ တစ်ခေါက်ကတော့ ကံကောင်းသွား၍ ဆိုပြီး ရှင်းပြလို့ မရတော့ချေ။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ သူ၏ ပင်ကိုယ်အရည်အချင်းမျာအားလုံး တိုးမြင့်သွားချိန်တွင် သူ၏ ကံတရားပါ တိုးပွားလာခြင်း ဖြစ်နိုင်၏။
ထိုသို့ ဆိုလျင်တောင် ကံဆိုသည်မှာ အကန့်အသတ်နှင့်ပင်။
မဟုတ်ပါက သူနေ့တိုင်း ထီထိုးပြီး ဂျက်မားကို ကျော်နိုင်သည်အထိ ချမ်းသာသွားလောက်၏။
ထိုအချိန်တွင်တော့ သန့်ရှင်းရေး ၀န်ထမ်း အမျိုးသမီး၏ အကြည့်သည်ပင်လျင် လင်းရီ ပေါ်သို့ ကျရောက်လို့နေသည်။
မကြာမီ လင်းရီ သူ၏ တတိယမြောက် လိုင်စင် နံပါတ်ပြားကို ရွေးချယ်လိုက်၏။
666NB
ထို့နောက် စတုတ္ထမြောက်
888NB
"ဖက်ခ်...သောက်ကျိုးနည်းကြီး...."
လင်းရီ၏ လိုင်စင် နံပါတ်ပြား လေးခုကို မြင်တော့ လူတိုင်း အံ့ဩထိတ်လန့်သွားကြတော့၏။
NB666 ၊ NB888၊666NB၊ 888NB
ဒီကောင် ကံကောင်းတာကြီးက ကောင်းကင်ကိုတောင် ဖီဆန်နေပြီ
မကြာမီ လိုင်စင် နံပါတ်ပြား ပြုလုပ်သော ၀န်ထမ်းများမှာ လင်းရီ၏ လိုင်စင် နံပါတ်ပြား လေးခုကို ထုတ်ပေးလိုက်၏။
ထိုအချိန်တွင်တော့ သူ လိုင်စင်နံပါတ်ပြားလေးခုကို ကိုင်ထားသည်ဟု မခံစားရဘဲ ယွမ် ၄ မီလီယမ်ကို ကိုင်ထားသည်ဟု ခံစားလိုက်ရ၏။
"ဟေး..ညီကို အချိန်ရရင် စကားခဏလောက် ပြောလို့ရမလား...."
ဂျင်း အင်္ကျီ ၀တ်ထားသောကတုံးနှင့် လူကြီး တစ်ယောက်မှ မေးလိုက်၏။
"ဘာအကြောင်းပြောမှာ..."လင်းရီ ပြန်လည် မေးခွန်းထုတ်လိုက်၏။
"ငါ့အထင်တော့ မင်းရဲ့ လိုင်စင် နံပါတ်ပြားလေးတွေက တော်တော်လေး မဆိုးဘူး.. မင်းအဲ့တာတွေကို မရောင်းချင်ဘူးလား..."ကတုံးနှင့် လူကြီးမှ ပြောလိုက်၏။
"မင်းရဲ့ နံပါတ်ပြား လေးခုကို တစ်သန်း ပေးမယ်ကွာ...အဲ့တာ မိုးလောက်ထိ မြင့်တဲ့ ဈေးနှုန်းနော်..."
"ငိုးပဲ ယင်း လောင်ရှီး ...ခင်များက တော်တော်လေး လူလည်ကျတဲ့ လူပါလားဗျ...ဒီလောက်လှတဲ့ နံပါတ်ပြား လေးခုကိုတောင် တစ်သန်းပဲပေးတယ်ဆိုောတ့....ခင်များ ဦးနှောက်ကို ခွေးချီသွားလို့လား...."
ထိုအချိန်တွင်တော့ ဆံပင်အရှည်ကြီးနှင့် လူကြီး တစ်ဦး လင်းရီ ထံလျှောက်လာ၍ ပြောလိုက်လေသည်။
"ညီကို အဲ့ကောင်ကို လွှတ်ထားလိုက် ငါမင်းရဲ့ လိုင်စင် နံပါတ်ပြား လေးခုကို ၁.၂ သန်းပေးမယ်...."
"သောက်အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းနဲ့...မင်းတို့က ၁.၂ သန်းကို ပိုက်ဆံ လို့ခေါ်တာလားကွ...ဒီမှာ ကိုယ့်လူ ခင်များရဲ့ လိုင်စင် နံပါတ်ပြား လေးခုကို ၁.၅ သန်းပေးမယ်ဗျာ...."
လင်းရီက တော့ ဆွံ့အနေ၏။ သူလိုင်စင်နံပါတ်ပြားနှင့် ပတ်သက်၍ သိပ်အလေးအနက် မထားသော်လည်း ထိုလင်းတ တစ်သိုက်က အောက်ဈေးပေး၍ ၀ယ်ယူချင်နေကြ၏။
"ငြင်းခုန် မနေကြနဲ့ ..မင်းတို့ကောင်တွေက သူ့ကို အရူးလုပ်ဖို့ လွယ်တယ် ဆိုပြီး လာခဲ့ကြတာလား..."
ပြောလိုက်သူကတော့ အဆီဗိုက်ကြီးဖြင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ပင်။ သူ၏ လက်ထဲတွင်လည်း ရုံးသုံး လက်ဆွဲအိတ် တစ်လုံးကို ကိုင်ထားသေး၏။
"ငါတို့ကို အဲ့လို လာပြောရအောင် မင်းက ကိုယ့်ဘာကိုယ် ဘာကောင်ထင်နေတာလဲကွ..."ယင်းလောင်ရှီး ဆိုသူမှ ငေါက်ငန်းလိုက်သည်။
"ငါက ချိုင်းနား ရောင်း၀ယ်ရေး အုပ်စုရဲ့ အထွေထွေမန်နေဂျာ ကျူးဇီချန်ပဲ ...မင်းတို့က ငါ့ကို ဘယ်ကောင်လို့ ထင်နေလို့လဲ..."ကျူးဇီချန် အော်ဟောက်လိုက်၏။
"မင်းတို့ ကားပွဲစား လုပ်တဲ့ကောင်တွေ ပိုပြီး ရိုးသားရင် ကောင်းမယ်နော်...တကယ်လို့ ငါသာ မင်းတို့ကောင်တွေကို ရီပို့တင်လိုက်ရင် မင်းတို့ လုပ်စားစရာ ပျောက်သွား လိမ့်မယ်..."
ကျူးဇီချန်၏ ခပ်တည်တည် အမူအရာကိုမြင်တော့ အယုံလွယ်သွားကြပြီး ကျန်သူများ စကားတစ်ခွန်းမှ ထပ်မဟရဲကြတော့ချေ။
သူတို့ လုပ်နေသော အလုပ်မှာ အမှန်တကယ်ကို မသန့်ရှင်းပေ။ ထို့ပြင် သူတို့ တအားကြီး မော်ကြွား၍လည်း မဖြစ်။
"ညီလေး..ဒီကောင်တွေက ကားပွဲစားတွေလေ..မင်းလက်ထဲက လိုင်စင်နံပါတ်ပြားကို အောက်ဈေးနဲ့ ရချင်နေကြတာ အရူးလုပ်မခံနဲ့..."
"စိတ်ချပါ ကျွတ်တော်လည်း အရူးမှ မဟုတ်တာ..."
သူတို့နှစ်ဦး အတူ လမ်းလျှောက်နေစဉ်တွင် ကျူးဇီချန်းမှနေ၍ "ညီလေး မင်းဒီကို လာခဲ့တာ ကုမ္ပဏီ ကား လိုင်စင် နံပါတ်တွေ အတွက် မဟုတ်လား..."
"ကုမ္ပဏီကား...ဘယ်သူပြောတာလဲ..."
"လိုင်စင် နံပါတ်ပြား လေးခုလုံးကို တစ်ပြိုင်တည်း လာယူမှတော့ ကုမ္ပဏီမအတွက် ဆိုတာ အသေအချာကြီးပဲ မဟုတ်လား...မဟုတ်ရင် ဘယ်သူက ဒီလောက် ကားတွေအများကြီး ၀ယ်စီးမှာလဲ..."ကျူးဇီချန်း အပြုံးလေးဖြင့် ပြောလိုက်၏။
"ညီကို ငါ့မှာ မင်းကို မြိုးမြိုးမြတ်မြတ်လေး ရစေမည့် စီးပွားရေး တစ်ခုရှိတယ် စိတ်၀င်စားလား...."
"ဘာစီးပွားရေးလဲ...."
"ဒီရဲ့ ကုမ္ပဏီ လိုင်စင် နံပါတ်ပြားတွေကို တိတ်တိတ်လေး ငါ့ကို ရောင်းပေးလိုက်ကွာ.. ငါ့ညီအတွက် နောက်ထပ် လိုင်စင် နံပါတ်ပြား လေးခု အသင့်ဖြစ်စေရမယ်လို့ အာမခံတယ် ..ဒီတော့ မင်းရဲ့ အထက်လူကြီးတွေကို လဲထားတဲ့ နံပါတ်ပြားတွေပဲ သွားပေးလိုက်ပေါ့...."ကျူးဇီချန်း အကြံဆိုးကြီးဖြင့် ပြောလိုက်လေသည်။
"ဒါပေမယ့် စိတ်မပူနဲ့..ငါမင်းကို မညစ်ဘူး...ဒီရဲ့ လိုင်စင်ပြား လေးခုအတွက် ၂ သန်းပေးမယ်...ဈေးက လုံး၀ကို တန်တယ်နော်..."
"အဲ့ သောက်ဖက်တီးကြီးက တကယ်ကြီး ချမ်းသာတာပဲကွ...လိုင်စင် နံပါတ်ပြား လေးခုတည်းကို ၂ သန်းကြီးများတောင် ပေးလိုက်တယ်..."
"ငိုးပဲ..."ဆံပင်ရှည်ရှည်နှင့် လူကြီးမှ ကျိန်ဆဲလိုက်ပြီး "အဲ့သောက်ကလေးကို ကြည့်လိုက်စမ် ..တအား ပိန်းတယ်...ဘယ်လောက်တောင် လိမ်ရ လွယ်လိုက်သလဲ...."
"၀မ်းနည်းဖို့ကောင်းလိုက်တာ..." သူ၏ နံပါတ်ပြား လေးခုအတွက် ၂သန်းဈေးခေါ်လိုက်သည်ကိုကြားတော့ လင်းရီ ပြုံးလိုက်မိသည်။
"ခင်များ အထင်လွဲနေပြီ..ဒီရဲ့ လိုင်စင် နံပါတ်ပြား လေးခုက ကုမ္ပဏီ သုံးမှာ မဟုတ်ဘူး..ကျုပ်ကားတွေ အတွက်ဗျ...."
"မင်းကားတွေ အတွက်...."ကျူးဇီချန်း ခဏ ရပ်တန့်၍ "ဖြစ်နိုင်တာက ဒီညီလေးရဲ့ မိသားစုက ကားရောင်းကား၀ယ် လုပ်တာများလား...."
"အဲ့တာ ခင်များ အလုပ်မဟုတ်ပါဘူး...."
"ဒါပေမယ့် ညီလေး မင်းသေချာ စဉ်းစားတာ ကောင်းမယ်နော်...ဒီလောက် ကောင်းတဲ့ နံပါတ်ကြီးက စကူတာမှာ တတ်မယ်ဆို ဘာမှ အရောင်ထွက်လာမှာ မဟုတ်ဘူး...."
"ဘာပြောချင်နေတာ..ခင်များမှာက ဟော့ဒီလိုင်စင် နံပါတ်အလန်းလေးနဲ့ လိုက်တဲ့ကားတွေ ရှိလို့လား...."
"ဒါပေါ့ကွ..."ကျူးဇီချန်း ပြောလိုက်ပြီး "ဟိုနားလေးက လန်ရိုဗာကို မြင်လား..အဲ့တာ ၁.၆ သန်း တန်ကြေးရှိတယ်တဲ့ ငါ့ကားပဲလေ အခုလိုနေတာက လိုင်စင်နံပါတ်ပြား လှလှလေးပဲ ..စကားပုံအတိုင်းပဲပေါ့ သံမဏိကောင်းမှ ဓားကောင်း ဖြစ်မှာ ..တကယ်လို့ မင်းသာ စကူတာကြီး မောင်းနေပြီးတော့ သောက်ရမ်းမိုက်တဲ့ လိုင်စင်နံပါတ်ပြားကြီးနဲ့ဆိုရင် ယာဉ်ထိန်းရဲက မင်းကို တရားမ၀င် နံပါတ်ပြားကြီး ကောက်တတ်ထားတယ်ဆိုပြီး ဖမ်းသွားရင် ဘယ်လိုလုပ်မှာ...အဲ့တော့ ငါ့ကို ၂ သန်းနဲ့ ရောင်းလိုက်တာက ပိုမကောင်းဘူးလား...၂သန်းဆိုတဲ့ ဈေးနှုန်းက အတော်လေးတောင် များနေပြီနော်...သာမန်ဆို လူတိုင်း အဲ့ဒီလောက် ပေးနိုင်ကြတာ မဟုတ်ဘူး...."
"တကယ်လို့ ခင်များရဲ့ လန်ရိုဗာတောင်မှ အဲ့လောက်ကောင်းတဲ့ လိုင်စင်နံပါတ်ပြား လိုနေရင် ကျုပ်ရဲ့ လွိုင်ကန်ဆိုရင် ဘယ်လောက်မိုက်တဲ့ လိုင်စင်နံပါတ်ပြား လိုလိုက်မလဲ...."
လင်းရီ ပြောနေစဉ် အတောအတွင်းမှာပဲ လွိုင်ကန်၏ ကတ်ကြေးကဲ့သို့ ကားတံခါးများက ၎င်း၏ သခင်ကို ကြိုဆိုနေသကဲ့သို့ ပွင့်လာခဲ့၏။