← Chapters

ဒါက သခင်လေးချင်းရဲ့ စားသောက်ဆိုင်လေ...

Vol. 6 Ch. 87

ဒါက သခင်လေးချင်းရဲ့ စားသောက်ဆိုင်လေ...

Vol. 6 Ch. 87

"ဘာ...ဘာပြောလိုက်တယ်..မင်းရဲ့ လွိုင်ကန်...."

ကျူးဇီချန်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။

အဲ့တာက ၆၀ မီလီယမ် တန်ကြေးရှိတဲ့ လွိင်ကန်လေ...

အဲ့လောက်ငွေကြေးနဲ့ဆို ငါ့ရဲ့ လန်ရိုဗာ တစ်ဒါဇင်လောက် ၀ယ်လို့ရတယ်မဟုတ်လား....

သွားပါပြီကွာ...ဒီနေ့ မိမိုက်သလို လုပ်တာကတော့ကျရှုံးသွားပြီ...

"နှောင့်ယှက်မိတဲ့ အတွက် စိတ်မကောင်းပါဘူး ညီလေးရာ..."

ကျူးဇီချန်း စိတ်ပျက်အားလျော့စွာဖြင့် ထွက်ခွာသွားခဲ့၏။

အရမ်းရှက်ဖို့ ကောင်းတာပဲ....

လင်းရီ လိုင်စင်နံပါတ်ပြား NB666ကို ကားပေါ်တွင် ကပ်လိုက်ပြီး လက်ထဲတွင် တခြား လိုင်စင်နံပါတ်ပြား သုံးခုနှင့်အတူ ထိုနေရာမှ ထွက်လာခဲ့၏။

ခေတ္တမျှ ကြာပြီးနောက် ချင်းဟန်ဆီမှ အသံမက်ဆေ့ချ်ရောက်လာပြီး သူ့ဆိုင်လိပ်စာကို ပို့လာခဲ့သည်။

"လင်းကြီး ငါမင်းကို လိပ်စာပို့ပေးလိုက်ပြီ...."

"အိုကေ...ငါခဏနေ အဲ့ကို ရောက်လာခဲ့မယ်...."

လင်းရီ GPS တွင် ချင်းဟန်၏ အကင်ဆိုင်ကို ရိုက်ထည့်ပြီး ထိုနေရာသို့ ‌မောင်းသွားလိုက်၏။

နာရီ၀က်ခန့်ကြာပြီးနောက် ချင်းဟန်၏ အကင်ဆိုင်သို့ ရောက်ရှိသွားခဲ့သည်။

ယေဘုယျအားဖြင့် အကင်ဆိုင်များမှာ ဈေးကြီးသည့်နေရာ တစ်ခု မဟုတ်ချေ။

သို့သော်လည်း ချင်းဟန် ဖွင့်ထားသော ဆိုင်ဖြစ်သောကြောင့် ကွာခြားသွား၏။

ဆိုင်မှာ မိုက်ခယ်လင်း ကြယ်သုံးပွင့် ရရှိထားသည့် ဆိုင်ကဲ့သို့ တည်ဆောက်ထား၏။

အကင်ဆိုင်မှာ ခမ်းနား ထည်ဝါလှပြီး အထပ်သုံးထပ်ဖြင့် ပိုင်းခြားထားသည်။ အပြင်အဆင်များနှင့်ပင် ကျိုးဟိုင်ရှိ အဆင့်မှီသော ဆိုင်တစ်ဆိုင်အဖြစ် သတ်မှတ်၍ ရနေပြီး ဖြစ်၏။

ပါကင်ထိုးသည့်နေရာဆွင်လည်း မျိုးမျိုးသော ကားအကောင်းစားတို့ဖြင့် ပြည့်နှက်လို့နေသည်။

သန်းပေါင်းများစွာ တန်ကြေး ရှိသော ကားကောင်းများ၊ သိန်းပေါင်းများစွာ တန်ကြေးရှိသော ကိုယ်ပိုင်ကားများမှာ ဆိုင်ထဲရှိ ကတ်စတန်မာများ၏ အဆင့်အတန်းကို သွယ်ဝိုက်၍ ဖော်ပြနေပြီးဖြစ်၏။

လင်းရီ၏ အမြင်မှ ကြည့်မည်ဆိုပါက ထိုအချက်မှာ သာမန်ပင် ။

ပုံမှန်အားဖြင့်ဆိုရသော် စားသောက်ဆိုင်များ ဖွင့်ဖွင့်ချင်းဆိုလျင် ဒစ်စကောင့်ပေးလေ့ ရှိကြ၏။

တစ်ခါတစ်ရံ ၅၀%ထိတောင် ဒစ်စကောင့် ချပေးတတ်ကြသောကြောင့် စားသုံး များပြားနေသည်မှာ မထူးဆန်းပေ။

လက်တွေ့တွင်တော့ လင်းရီ၏ အမြင်မှာ တစ်စိတ်တစ်ပိုင်းသာ မှန်သည်။ အခြား အကြောင်းပြချက်တစ်ခုကတော့ ထိုဆိုင်မှာ ကျိုးဟိုင်၌ လွန်စွာ ထင်ရှား ကျော်ကြားသော ချင်းဟန်မှ ဦးစီး ဖွင့်လှစ်ထားသောကြောင့်ပင်။

ကျော်ကြားသော သခင်လေးချင်းအဖို့ ဖန်မြောက်များစွာ ရှိနေမည်မှာ ပုံမှန်ပင်။

လင်းရီ အထဲ၀င်တော့မည့် အချိန်တွင် သက်လတ်ပိုင်း စုံတွဲနှစ်ယောက်နှင့် လူငယ် သုံးယောက် ရှေ့ကားထဲ မှ ထွက်လာခဲ့သည်ကို တွေ့လိုက်ရ၏။

လင်းရီ အစကတော့ အများကြီး မတွေးဖြစ်လိုက်။ သူထင်နေသည်မှာ သာမန် စားသုံးသူ များသာဖြစ်ရမည်ဟု ထင်နေသော်လည်း သူ့ရှေ့ရှိ အမျိုးသမီးမှာ ကူကျင်းရှန် ဖြစ်နေလိမ့်မည်လို့တော့ မမျှော်လင့်ထား‌ခဲ့ပေ။

ကူကျင်းရှန်မှာ အမျိုးသမီး၀တ်ချည်ထည်ဂါ၀န်ကို ၀တ်ဆင်ထာပြီး အလွန်အမင်း မိန်းမ ပီသသည့်ပုံ ပေါ်နေလေ၏။

သူမ၏ အမူအရာ သွားလာပြုမူ ဆက်ဆံပုံတို့မှ တစ်ဆင့် သတ်လတ်ပိုင်း စုံတွဲနှစ်ယောက်မှာ သူမ၏ မိဘများ ဖြစ်ပေလိမ့်မည်။

"အန်ကယ် အန်တီ ဒီဘက်ကြွပါဗျ..."သာမန် ၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသား တစ်ဦးမှ ပြောလိုက်၏။

"ချောင်လေး ကျေးဇူးပါကွယ်..အဒေါ်တို့က ကျိုးဟိုင်ကို ခုမှ ရောက်ဖူးတာ ..ဒီလိုမျိုး အန်တီတို့ကို တကူးတကကြီး လိုက်ပို့ပေးသေးတယ် ဆိုတော့..ခုလို ဒုက္ခပေးရတာ စိတ်မကောင်းဘူးကွယ်..."

"မဟုတ်တာ အန်တီရယ်..အဲ့တာက ကျွန်တော်လုပ်သင့် လုပ်ထိုက်တာတွေပါဗျ...."

"ကျင်းရှန် အဖေတို့ ပြန်သွားရင် သမီး ချောင်လေးကို ကျေးဇူးတင်ရမယ်နော်...အဖေတို့က ဒီတိုင်းလာလည်တာ နောက်ဆုံးကျတော့ သူ့ကို ဒုက္ခပေးမိသွားတယ်..."

ကူကျင်းရှန် ၏ ဖခင်မှ ပြောလိုက်၏။

"ဟုတ်ပါပြီ အဖေရဲ့...အရင်ဆုံး အထဲ ၀င်ကြရအောင်..."ကူကျင်းရှန် ထူးမခြားနားစွာ ပြောလိုက်သည်။

သူတို့ စကားဝိုင်းကို နားထောင်ရင်း လင်းရီ ထိုသက်လတ်ပိုင်း စုံတွဲမှာ ကူကျင်းရှန်၏ မိဘများ ဖြစ်ကြောင်း သေချာသွားတော့၏။

သာမန် ၀တ်စုံ ၀တ်ဆင်ထားသည့်သူကတော့ သူမကို လိုက်လံပိုးပန်းနေသူ ဖြစ်ပေမည်။

နောက်ဆုံးကျန်သည့် အမျိုးသားကတော့

ကူကျင်းရှန်၏ မောင်လေး ဖြစ်ရပေမည်။

လင်ရီ ထင်ထားသည့်အတိုင်း ကူကျင်းရှန်ကို ပိုးပန်းနေသည့် အမျိုးသား၏ နာမည်မှာ ချောင်ဇီဟောက်ဖြစ်ပြီး သူ၏အဖေကတော့ ပညာရေး ၀န်ကြီးဌာန၏ ရာထူးပိုင်း ခပ်ကြီးကြီးမှ ခေါင်းဆောင်တစ်ယောက်ဖြစ်လေသည်ာ ထို့ကြောင့် သူ့သားဖြစ်သူ ချောင်ဇီဟောက်မှာ အသက်နှစ်ဆယ် အရွယ်မျှဖြင့် ကူကျင်းရှန် တာ၀န်ကျနေသော ကျောင်း၏ ဒါရိုက်တာ ဖြစ်လာခဲ့လေသည်။

ကူကျင်းရှန်၏ မောင်ဖြစ်သူ၏ နာမည်ကတော့ ကူကျင်းဝူဟု ခေါ်တွင်ပြီး ကျိုးဟိုင် အထက်တန်းကျောင်းတွင် ဘာသာပြဆရာ တစ်ဦး ဖြစ်၏။

"ယောက်ဖ ဒီဆိုင်ရဲ့ အပြင်အဆင်တွေက လုံး၀ကို အထက်တန်းစား ဆန်တာပဲ...."

"နင်ဘာသောက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ..သူက ဒီတိုင်း ငါ့ရဲ့ လုပ်ဖော်ကိုက်ဖက် ဘာမှ နင့်ရဲ့ ယောက်ဖ မဟုတ်ဘူး..."

ကူကျင်းရှန်ကတော့ စိတ်အနှောက်အယှက် ဖြစ်လွန်း၍ ‌ေ-သချင်နေသည်။

သူမ၏ မိဘများမှာ သူမထံ လာလည်သည့်အချိန်တွင် ချောင်ဇီဟောက်နှင့် သွားဆုံပြီး ထိုအကောင်က မျက်နှာရအောင် လုပ်ချင်သောကြောင့် သူမတို့ ဤနေရာသို့ ရောက်လာခဲ့ကြခြင်းပင်။

"အစ်မကလည်း ရှက်မနေစမ်းပါနဲ့...ယောက်ဖက ကျွန်တော်တို့ကို တကူးတကကြီး လာကြိုတာတောင်မှ အစ်မက မဟုတ်ဘူး လုပ်ချင်နေသေးတယ်ပေါ့...ကူကျင်းဝူ ပြောလိုက်လေသည်။ "

"ဆိုလိုချင်တာ......"

"ကျင်းရှန်..."ချောင်ဇီဟောက် ပြောလိုက်ပြီး "ဘာမှ မဖြစ်ဘူး ကျင်းရှန် ...အန်ကယ်နဲ့ အန်တီတို့က ဒီနေ့မှ ဒီရောက်လာတာလေ ဒေါသတွေ ကြီး‌မနေပါနဲ့...ပြန်လည် ဆုံစည်းတယ်ဆိုတာ အကောင်းဆုံးပဲ မဟုတ်လား...."

"ကောင်းပြီလေ..အထဲ အရင် ၀င်ကြတာပေါ့..." ကူကျင်းရှန် စိတ်မပါစွာ ပြောလိုက်လေသည်။

"ယောက်ဖ ကျုပ်တို့ နယ်မှာ ရှိတဲ့ အကြီးဆုံး ဟိုတယ်ကြီးကတောင် ဟော့ဒီ အကင်ဆိုင်ကြီးလောက် မကြီးပါလားဗျ..."ကူကျင်းဝူ မနာလိုအားကျစွာ ပြောလိုက်လေသည်။

"အစ်ကိုကြီး ပြောပြမယ်..ဒီဆိုင်က သာမညောင်ည ဆိုင်မဟုတ်ဘူး...ကျော်ကြားတဲ့ သခင်လေးချင်းဟန် ဦးစီးတဲ့ ဆိုင်လေ ဒီလောက်တော့ ရှိမှာပေါ့..."

"ချင်းဟန်...ချင်းဟန်ဆိုတဲ့ကောင်က ကျိုးဟိုင်မှာ နာမည်ကြီးတဲ့ ချမ်းတာတဲ့ ဒုတိယမျိုးဆက် သခင်လေးမလား..."ကူကျင်းဝူ မေးမြန်လိုက်ပြီး "ကျုပ်အင်တာနက်ပေါ်မှာ သူ့သတင်းတွေ အမြဲ ဖတ်ရတယ်..."

"အတိအကျပဲ...အဲ့ဒီသူပဲလေ..."

"ဘုရားရေ..အဲ့တာဆို ဒီမှာစားဖို့ တော်တော် ဈေးကြီးမှာပဲနော်..."

"အဲ့လောက်တော့ မများပါဘူးဟ..ဒါပေမယ့် ငါနဲ့ သခင်လေးချင်းက နဲနဲပါးပါး ရင်းနှီးတော့ ပိုက်ဆံ ပေးစရာတောင် မလိုဘူး..."

ချောင်ဇီဟောက်နှင့် ချင်းဟန်တို့မှာ အကြိမ်ရေ အနည်းငယ်ခန့် ဆုံဖူးကြသော်လည်း အလကား ကျွေးရလောက်သည်အထိတော့ မရင်းနှီးကြချေ။ ထိုအရာကိုလည်း ချောင်ဇီဟောက်ကိုယ်တိုင် နားလည်ပေသည်။

သို့သော်လည်း ချောင်ဇီဟောက်ကတော့ ဂရုမစိုက်။ စားပြီးသောက်ပြီးသည့်အခါကျမှ စေတနာအလျောက် ပေးလိုက်သည်ဟု ဆိုလိုက်လျင် မည်သူ တစ်ဦးကမျှ သူ့ကို သံသယ၀င်လိမ့်မည် မဟုတ်သည်မှာ သေချာပေ၏။

ဤနည်းလမ်းဖြင့် သူ၏ ပုံရိပ်ကိုမြင်တင်နိုင်သောကြောင့် အဘယ်အကြောင်းကြောင့် မလုပ်ရမည်နည်း။

"အောင်မလေးဗျ...ရွှေယောက်ဖကြီး ခင်များက တကယ်ကြီး သခင်လေးချင်းနဲ့ ရင်းနှီးတယ်ပေါ့...."

ကူကျင်းဝူ၏ မျက်လုံးများ တောက်ပလာပြီးချောင်ဇီဟောက်ကို ကြည့်ရင်း သူ၏ အိုင်ဒေါတစ်ယောက်ကို မြင်လိုက်ရသကဲ့သို့ တဆွေ့ဆွေ့ ခုန်နေတော့သည်။

"ပါး မား သားပြောပြမယ်..ဒီဆိုင်ရဲ့ ပိုင်ရှင်ကြီး တ-ရုတ်ပြည်ရဲ့ အချမ်းသာဆုံး ဒုတိယမျိုးဆက်တွေထဲက ‌တစ်ယောက်လေ..ယောက်ဖကြီးက အဲ့လိုလူနဲ့ ရင်းနှီးတယ်တဲ့...အံ့ဩဖို့မကောင်းဘူးလားဗျ..."

ကူကျင်းရှန်၏ မိဘများလည်း ချင်ဇီဟောက်၏ အဆက်အသွယ်များကြောင့် အနည်းငယ် အံ့အားသင့်သွားခဲ့၏။

အဲ့လိုလူမျိုးနဲ့ သိတယ်ဆိုမှတော့ သူတို့ရဲ့ မတော်ရသေးတဲ့ သားမက်လေးက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ...

တကယ်လို့ ကျင်းရှန်လေးနဲ့သာ ညားသွားမယ်ဆို ဘယ်လောက်တောင် လိုက်ဖက်လိုက်မလဲ...

"လင်းရီ...."

ကျင်းရှန် သူမနောက်ရှိ လင်းရီကို မြင်တော့ အလွန်အမင်း အံ့အားသင့်သွားပြီး ရွှင်မြူးစွာဖြင့် လင်းရီထံ ပြေးသွားလိုက်သည်။

"ဒီမှာလာဆုံတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"ဟုတ်ပါ့နော်..ဒါနဲ့ နင်တစ်ယောက်တည်း လာခဲ့တာလား..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အိမ်မှာ ညစာ စားစရာမရှိတာနဲ့ အပြင်ထွက်ပြီး တစ်ခုခု လာစားတာလေ..."

"ကောင်းတာပေါ့...ငါတို့နဲ့ လာစားပါလား..."ကျင်းရှန် ပြောလိုက်လေသည်။

"အာ....မင်းတို့ရဲ့ မိသားစု ညစာစားပွဲဆိုတော့ ငါ၀င်ပါလို့မကောင်းဘူးထင်တယ်နော..."လင်းရီ ပြောလိုက်၏။

"ဘာဖြစ်လို့လဲ...ဒီတိုင်း အတူစားတာပဲ မဟုတ်လား..လူတွေ ပိုမျာတော့ ပိုပြီး အသက်၀င်တာပေါ့"

"ကောင်းပြီလေ..မင်းတောင် စိတ်မရှိမှတော့ ငါလည်း ငြင်းမနေတော့ပါဘူး..."လင်းရီ ပြောလိုက်လေသည်။

သူတို့ နှစ်ယောက်ကြားရှိ နီးကပ်မှုကို မြင်သော ချောင်းဇီဟောင် မျက်လုံးများ ကျဉ်းမြောင်းသွား၏။

လင်းရီက သူ့အပေါ် အနည်းငယ် ခြိမ်းခြောက်နိုင်သည်ဟု မသိစိတ်က ပြောနေ၏။

ထိုအချိန်တွင် ကူမိသားစု ရောက်ရှိလာပြီး အထူးသဖြင့်တော့ ကူကျင်းဝူပင်။ သူလင်းရီအားကြည့်၍ "အစ်မ ဒီကောင်က ဘယ်သူတဲ့လဲ..."

"စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်း...ဒါက ငါ့သူငယ်ချင်း လင်းရီ..."ကူကျင်းရှန် သူ့မောင်ကို မဲပြီးနောက် မိဘနှစ်ပါးကို အပြုံးလေးဖြင့် မိတ်ဆက်ပေးလိုက်၏။

"ပါး မား..သူက သမီးရဲ့ သူငယ်ချင်း လင်းရီတဲ့..."

ကူမိသားစု၏ အမြင်ကတော့ လင်းရီပေါ် သပ်မကောင်းပေ။

သူတို့သမီးက ချောင်းဇီကွမ်းနဲ့ လက်ထပ်တော့မှာလေ..အဲ့တာကို ဘယ်နားက ကလေက၀က ရောက်လာတာတုန်းဟ...

ဘာလာလုပ်မှန်းကို မသိဘူး...ငါတို့ရဲ့ သားမက်လေး အထင်တွေ လွဲသွားမှဖြင့်ကွာ....

"အစ်မ ဒီနေ့က ကျွန်တော်တို့ရဲ့ မိသားစု စားပွဲလေ အပြင်လူတွေ ပါရင် သိပ်ကောင်းမယ် မထင်ဘူးနော်..."

ကူကျင်းဝူ မျက်နှာထား တည်တည်ဖြင့် ပြောလိုက်လေ၏။ သူ လင်းရီ အပေါ် အမြင်ကောင်း ရှိမနေသည်မှာ သိသာလှ၏။

ဒီငနဲက သူ့အစ်မနဲ့ ပတ်သက်မှုကောင်းတွေ ရှိတယ်ဆိုတာ အသိသာကြီးပဲ...

သူ့ရဲ့ ရွှေယောက်ဖကြီးကိုယ်စား ဒီကောင့်ကို ဖယ်ထုတ်ပေးရမယ်...

"အပြင်လူဆိုတာ ဘာကို ပြောချင်တာလဲ..."ကူကျင်းရှန် ဒေါသ အနည်းငယ် ထွက်သွားပြီး "

လင်းရီက ငါ့ကို အရင်တုန်းက အများကြီး ကူညီပေးထားတာ...သူက လုံး၀ အပြင်လူ မဟုတ်ဘူး..."

"ဒါဆို အစ်မက တကယ်ကြီး သူ့ကို ကျွန်တော်တို့နဲ့အတူ ညစာ လိုက်စားခိုင်းတော့မယ်ပေါ့...."

"ဒါပေါ့..."ကူကျင်းရှန် ပြောလိုက်ပြီး "လင်းရီက တစ်ယောက်တည်းလေ...ငါတို့နဲ့ အတူစားတော့ ပိုမကောင်းဘူးလား..."

All Chapters