← Chapters

သခင်လေးချင်းက တို့စ်လုပ်ဖို့ တောင်းဆိုလာတယ်...

Vol. 6 Ch. 89

သခင်လေးချင်းက တို့စ်လုပ်ဖို့ တောင်းဆိုလာတယ်...

Vol. 6 Ch. 89

ခန်းမထဲ သို့၀င်ရောက်ပြီးနောက် ထိုင်ခုံကိုယ်စီ၌ ထိုင်လိုက်ကြပြီး ချောင်ဇီဟောက် ဟင်းပွဲများ စတင်မှာယူကာစားပွဲပေါ်သို့ ယူလာခဲ့ခိုင်းလိုက်၏။

"ယောက်ဖကြီး ခင်များကတော့ ယဉ်ကျေးလွန်းနေပါပြီ...ဘာလို့ ဒီလောက်တောင် ဟင်းပွဲ အကောင်းစားကြီးတွေ အများကြီး မှာလိုက်ရတာလဲဗျ...ကျုပ်ကတော့ ဂျပန် အမဲသားတို့ ဖီလက်မီဂွန် စတိတ်ခ်တို့ဆိုတာကျုပ် တစ်ခါမှ မစားဖူးတဲ့ ဟာတွေ ကြီးပဲ ..."ကူကျင်းဝူ ပြောလိုက်လေသည်။

"ဒီနေ့ အန်ကယ်ကော အန်တီကော ရောက်လာမှတော့ ဘာပဲ ဖြစ်ဖြစ် ဒီလောက်တော့ မှာရမှာပေါ့ ပြီးတော့ ဒီလောက်ကောင်းတဲ့ စားပွဲကြီးနဲ့ဆိုရင် သာမန်ဟင်းပွဲတွေက ဘယ်လိုလုပ် လိုက်ဖက်ညီမှာလဲ..."

"အဲ့ဒါဆိုလည်း ဧည့်၀တ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ယောက်ဖကြီးရာ..."

"ရပါတယ်...မင်းက ငါ့ကို ယောက်ဖလို့ ခေါ်နေမှတော့ ဖြည့်ဆည်းပေးရမှာက ငါ့တာ၀န် ဖြစ်သွားပြီ..."ချောင်ဇီဟောက် အပြုံးလေးဖြင့် ပြောလိုက်လေသည်။

ထိုသို့ပြောရင်း ချောင်ဇီဟောက် လင်းရီကို မသိမသာ တစ်ချက် ကြည့်လိုက်သော်လည်းသူ့မျက်လုံးထဲရှိ အထင်သေးသော အရိပ်အယောင်များကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ချေ။

ဟားဟား ကိုယ့်ကိုယ်ကို လည်း ကြည့်လိုက်စမ်းပါဦးကွာ...ငါနဲ့လာ ယှဉ်ချင်နေတယ်ပေါ့

မင်းမှာ အဲ့လိုလုပ်ဖို့ အင်အားရှိလားလို့ အရင်မေးလိုက်ဦး...

"လင်းရီ ဒါလေးစားကြည့်လေ..နင်နဲ့ ခံတွင်း တွေ့ရင်တွေ့မှာပေါ့..."

ကူကျင်းရှန် ဂျပန်အမဲသား တစ်တုံးကို ယူလိုက်ပြီး လင်းရီ ပန်းကန်ပြားထဲသို့ ထည့်ပေးလိုက်၏။

အခြားသူများက လင်းရီ မည်သူလဲဆိုတာ မသိသော်လည်း သူမကတော့ သိ၏။

သာမန်လူများ၏ မျက်လုံးထဲတွင် ဂျပန်အမဲသားမှာဇိမ်ခံ စားစရာ ဖြစ်နေသော်လည်း လင်းရီအတွက်တော့ ရိုးအီနေသည့် စားစရာပင်။

"ငါက အစားဆို ဂျေးမများတတ်ဘူးလေ..ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်"

"အဲ့တာဆိုလည်း ဒီရဲ့ ဖီလက်မီဂွန် စိတ်ခ်လေး စားကြည့်ပါလား အရမ်းလတ်ဆတ်တဲ့ပုံပဲဟ..."ကူကျင်းရှန် ပြောလိုက်ပြီး "အိုး ဟုတ်သားပဲ နင် အသီးအရွက်လည်း များများ စားပေးရမယ်နော်..ဒါမှ မအီသွားမှာ..."

ကူမိသားစု၀င်များကတော့ ကူကျင်းရှန် လင်းရီ ပန်းကန်ပြားထဲသို့ အစားအစာများ ပုံထည့်ပေးနေသည်ကို ကြည့်ရင်း နေရထိုင်ရ ခက်နေကြ၏။

သူတို့ သမီးလေးက တစ်ခုခုတော့ တစ်ခုခုပဲ

ချောင်လေးက ဒီမှာ ရှိနေတာတောင်မှ ဘာလို့ အပြင်လူကို ဂရုစိုက်ပြနေတာလဲဟ...

"ကျင်းရှန် သမီးသူငယ်ချင်းအတွက်ပဲ ထည့်ပေးမနေနဲ့လေ...သူ့ဘာသာ စားပလေ့စေပေါ့...ချောင်လေးကိုလည်း အသားလေးဘာလေး ထည့်ပေးလိုက်ဦးလေ...."ကူကျင်းရှန်၏ မိခင်မှ လှမ်းသတိပေးလိုက်သည်။

"ဟမ့်..သူ့မှာ လက်ပါတယ်မလား..ကိုယ့်ဘာကိုယ် ထည့်စားပေါ့..."

"သမီး...နင်ဘာတွေ ပြောနေတာလဲ..."ကူကျန်းကော် မပျော်ရွှင်စွာ ပြောလိုက်လေသည်။

"‌‌အန်ကယ်ကလည်း ဒေါသထွက်စရာ မလိုပါဘူး..ဒီတိုင်း အသေးအမွှား ကိစ္စလေးကိုပဲ..."ချောင်ဇီဟောင် အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ချောင်လေး ...ကျင်းရှန်က ငါတို့ ငယ်ငယ်တုန်းက သူ့ကို အလိုလိုက်ထားလို့ ခုလို ဂျစ်ကန်ကန် ဖြစ်နေတာလေ...သားနောက်ကျရင်တော့ သူဆိုးသမျှကို သည်းခံပေး‌ရမယ်နော်..."

"စိတ်မပူပါနဲ့ အန်ကယ် ..ကျင်းရှန်ကို ကျွန်တော့်လက်ထဲသာ အပ်ထားခဲ့လိုက်ပါ သူဘယ်လောက်ဆိုးဆိုး သည်းခံနိုင်ပါတယ်ဗျ...."

"ကြည့်လိုက်စမ်း ..ချောင်လေးဆို ဘယ်လောက် သိတတ်ထားလိုက်လဲ..."ကူကျန်းကော် မြောက်ပင့်‌ ပြောဆိုလိုက်ပြီး "ချမ်းသာတဲ့ မိသားစုက ပေါက်ဖွားလာတဲ့ ကလေးတွေက တကယ်ပဲ လူမှုရေး နားလည်တာပဲကွ...."

လင်းရီ မနေနိုင်ပဲ ရယ်လိုက်မိသည်။ ကူကျင်းရှန် ပြုလုပ်နေသည်မှာ သူမ အမျိုးသားလောင်းရှေ့တွင် နောက်တစ်ယောက်နှင့် ပျော်ပါးနေသည့်အပြုအမူပင်။ သို့သော်လည်း သကောင့်သားမှာ သည်းခံနိုင်သေး၏။စစ်မှန်သော ယောက်ျား တစ်ယောက်ပင်။

"အတိအကျပဲလေ..တကယ်လို့ ကျွန်တော့်ရဲ့ ယောက်ဖကြီးသာ နှလုံးသား မကြီးမြတ်ဘူးဆိုရင် ဘယ်လိုလုပ် သခင်လေးချင်းနဲ့ မိတ်ဆွေတွေ ဖြစ်လာမှာလဲတဲ့...."ကူကျင်း ဝူ ထောက်ခံ ပြောဆိုလိုက်လေသည်။

"အဓိပ္ပာယ်ရှိတယ်.. သား နောက်ဆိုရင် မင်းချောင်လေးဆီက‌နေ များများ သင်ယူရမယ်နော်..."

"ဒါပေါ့ဗျ..ပြောနေစရာတောင် လိုသေးလို့လား...."

လင်းရီနှင့် ကူကျင်းရှန်တို့၏ ရင်းနှီးသော အမူအရာကို မြင်တော့ ကူမိသားစု၀င်များမှာ ရင်ထဲ၌သာကြိတ်၍ သက်ပြင်းချမိလိုက်ကြသည်။

အကယ်၍ လင်းရီသာ ဤမျှ အရိပ်အကဲမသိပါက သူတို့ ခေါ်လာခွင့် ပြုမည်တောင် မဟုတ်ပေ။

ဤကဲ့သို့ အဆင့်အတန်းမြင့်သည့် စားသောက်ဆိုင်ကြီးမှာ သူလာစားသင့်သည့် နေရာမျိုး မဟုတ်‌ပေ။

"ကျင်းရှန် အစတုန်းက ဒီကို အလုပ်လာလုပ်မယ်ဆိုတုန်းကတော့ အန်ကယ်က နည်းနည်းလေး စိုးရိမ်နေသေးတာ ဒါပေမယ့် ငါ့တူရှိနေပြီဆိုတော့ ဘာမှ စိုးရိမ်စရာ မလိုတော့ပါဘူးလေ..."ကူကျန်းကော် ပြောလိုက်လေသည်။

"အဖေရဲ့ စိုးရိမ်နေတာတွေ ဘေးချိတ်ထားစမ်းပါဗျာ...ယောက်ဖကြီးရဲ့ မိသားစု အဆက်အသွယ်တွေနဲ့ဆိုရင် အစ်မရဲ့ အသက်မွေး၀မ်းလမ်းကြောင်းက အားလုံး စမု ဖြစ်သွားပြီ ..ပညာရေး၀န်ကြီးဌာနမှာတောင် ရာထူး တိုးနိုင်လောက်တယ်...."ကူကျင်းဝူ သူ၏ စတိတ်ခ်ကို စားရင်း ပလုတ်ပလောင်းဖြင့် ပြောလိုက်၏။

"ပြီးတော့ ပြောရဦးမယ် ကျွန်တော့် အစ်မကို အလိုက်ကန်းဆိုး မသိတဲ့ကောင်က အနူလက်နဲ့ ရွှေခွက်‌နှိုက်ချင်နေသေးတယ်...တန်ရာတန်ရာတော့ မမှန်းဘဲနဲ့ဗျာ"

"ပြောမှပဲ ကျုပ်မေးချင်နေတာ ကြာပြီ ...မစ္စတာလင်းက ဘယ်မှာ အလုပ်လုပ်လဲ မသိဘူး"

လင်းရီ ခေါင်းထောင်လိုက်၏။ ချောင်ဇီဟောက်မှ ခေါင်းစဉ်ကို သူ့ဘက်သို့ မြားဦး လှည့်လာလိမ့်မည်လို့ ထင်မထားချေ။

"ကျုပ်က တက္ကသိုလ် ကထိကလေ..."

ကထိက....

လူတိုင်း အံ့ဩသွားကြပြီး အထူးသဖြင့်တော့ ကူကျင်းရှန်ပင်။

လင်းရီက ပန်နီဆူလာ ဟိုတယ်ရဲ့ ဘော့စ်မဟုတ်ဘူးလား...

ဘာလို့ ကထိက လုပ်နေတာလဲဟ...

ဖြစ်န်ုတာက သူဘာမှ လုပ်စရာ မရှိတော့လို့များလား...

သူအနာဂတ်မှာ အဲ့ဒါနဲ့ပဲ အသက်မွေး‌ဖို့ စီစဉ်ထားတာလား မသိဘူး...

လင်းရီ၏ ကထိကဟူသော အလုပ်အကိုင်မှာ ကူကျင်းရှန်၏ စိတ်ထဲတွင် သူ၏ ပုံရိပ်ကို မြင့်တက်သွားစေသည်။

မည်သို့ပင်ဆိုစေ ပရော်ဖက်ရှင်နယ်ဆန်သော ကထိကများမှာ လူအများ၏ ပူဇော်ဆည်းကပ်ခြင်းကို ခံကြရ၏။

ချောင်ဇီဟောက် လင်းရီကို ကြည့်လိုက်ပြီး "မစ္စတာလင်း တာ၀န်ကျနေတဲ့ တက္ကသိုလ် ကို သိခွင့် ရှိမလား မသိဘူး..."

"ရပါတယ် ..ကျုံးဟိုင် ပင်းချန် တက္ကသိုလ်ရဲ့ ကော်မတီ အတွင်းရေးမှူးလေ...."

"အတွင်းရေးမှူး ဆိုတော့ ဘယ်ဘာသာကို သင်ကြားပေးတာလဲ မသိဘူး..."

ကူမိသားစု၀င်များကတော့ ကြက်‌ေ-သ‌ေ-သနေတော့သည်။

အဲ့ဒီရာထူးက ဘာလုပ်တာလဲဟ...

"အန်ကယ်နဲ့ အန်တီတို့ နားလည်မှု လွဲနေပြီထင်တယ် ..အတွင်းရေးမှူးဆိုတာက ကြားရတာ ရာထူးကြီးမလိုလိုနဲ့ တကယ့်တကယ်တော့ ဒီ‌တိုင်း လက်တိုလက်တောင်း လုပ်ပေးရတဲ့အလုပ်ပါဗျာ..."

ချောင်ဇီဟောက်မှ ရှင်းပြ‌လိုက်၏။

"သိပြီ..ကြားရသလောက်လဲ ကောင်းတဲ့ အလုပ်မဟုတ်ပါဘူး..ချောင်လေးရဲ့ ဒါရိုက်တာ ရာထူးနဲ့ ယှဉ်မယ် ဆိုရင်ပေါ့..."

"ဒါပေါ့ဗျ...လက်တိုလက်တောင်း လုပ်ရတာ ဘာကောင်းလို့လဲ..."ချောင် ဇီဟောက် အပြုံးလေးဖြင့် ပြောလိုက်ပြီး လင်းရီ ဘက်သို့ လှည့်ကာ "လင်းရီ ငါ့မိသားစုက ပညာရေး ၀န်ကြီးဌာနနဲ့ အဆက်အသွယ်လေး နည်းနည်းပါးပါး ရှိတယ်ဆိုတော့ မင်းကို ရာထူးတိုး‌ပေးဖို့ ကျောင်းကို ပြောပေးရမလား..."

"မလိုပါဘူး..."

ကူကျန်းကော် အနည်းငယ် မျက်မှောင်ကြုတ်မိလိုက်သည်။

ဒီနေ့ခေတ်မှာ အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ နားမလည်ဘူးလားကွ...တကယ်လို့ သူက ခုလို အခွင့်အရေးမျိုးကိုတောင်မှ တန်ဖိုး မထားတက်ဘူးဆိုရင် အနာဂတ်မှာ ကြီးပွားဖို့ အလားအလာ မရှိဘူး...

သူယနေ့တော့ လျစ်လျူရှု၍ ပြန်ရောက်မှ ကျင်းရှန်ကို လင်းရီနှင့် လုံး၀ အဆက်အသွယ် ဖြတ်ရန် သေချာ ပြောထားရမည်။

"ဟားဟား လင်းရီ မင်းက ငါ့ကို တိုက်ရိုက်ကြီး ငြင်းပစ်လိုက်တယ်ဆိုတော့ မင်းမိသားစုက တစ်ခုခုများလား..."ချောင်ဇီဟောက် အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"မင်းရဲ့ မိဘတွေ ဘယ်မှာ အလုပ်လုပ်လဲ မသိဘူး...သူတို့က မင်းကို အလုပ်မှာ ကောင်းကောင်းကြီး ဂရုစိုက်ပေးနိုင်တယ် ထင်တယ်"

ချောင်ဇီဟောက်ကတော့ လင်းရီ၏ အလုပ်မှာ သူနှင့် ကွာခြားရုံသာမက သူတို့ နှစ်ဦး၏ မိသား စုနောက်ခံများပါ ကွာခြားလိမ့်မည်ဟု ယုံကြည်ပေသည်။

ယခုတော့ လင်းရီကို သူတို့နှင့်အတူ ထမင်းစားဖို့ ဖိတ် ခေါ်မိခဲ့သည်မှာလည်း ကောင်းသည်ဟုပင် ခံစားမိလာသည်။

သူနဲ့ တခြားသူတွေကို မနှိုင်းယှဉ်ဘဲနဲ့ လူအုပ်ကြီးထဲက ဘယ်လိုလုပ် ကွဲထွက်‌နေကြောင်း သက်သေပြနိုင်မှာလဲတဲ့....

"ငါ့မိဘတွေက မရှိတော့ဘူး...."

၎င်းကိုကြားတော့ ခန်းမထဲရှိ လူများအားလုံး အံ့အားသင့်သွားကြသည်။

"ဒီတော့ မင်းက တစ်ကောင်ကြွက်ပေါ့..."ချောင်ဇီဟောက် ပြောလိုက်ပြီး "စိတ်မကောင်း ပါဘူးကွာ မင်းအတွက် ခုလို လူ့ပတ်၀န်းကျင်ကြီးမှာ ရှင်သန်ရတာ တော်တော် ခက်ခဲမှာပဲနော..."

" အပိုတွေ ပြောမနေနဲ့ အဲ့တာ မင်း သောက်လုပ်မဟုတ်ဘူး...."

ဒေါက် ဒေါက် ဒေါက်

ထိုအချိန်တွင် သီးသန့် ခန်းမထဲသို့ တံခါးခေါက်သံ ထွက်ပေါ်လာပြီး သူတို့၏ စကားဝိုင်းကို ကြားဖြတ် ၀င်ရောက် နှောင့်ယှက်သွားခဲ့သည်။

"၀င်ခဲ့...."

ထိုအချိန်တွင် စားပွဲထိုးများမှာ တံခါးဖွင့်၍ ၀င်လာခဲ့ပြီး လက်ထဲတွင်တော့ ဟင်းပွဲများနှင့် ဝိုင်နီများ ပါလာခဲ့၏။

"ဒါက သခင်လေးချင်း ပို့ခိုင်းလိုက်တဲ့ ပြင်သစ် ချောကလက်နဲ့ ငန်းအသည်းပါဗျ ..ပြီးတော့ ဒီရဲ့ ရိုမန်နီ ကွန်တီကလည်း ကြိုနွေးပြီးသားပါ အသင့် သောက်သုံးလိုက်ရုံပါပဲခင်ဗျ...."

ချောင်ဇီဟောင် အနည်းငယ် အံ့ဩသွားခဲ့သည်။ သခင်လေးချင်းက သူတို့အတွက် သီးသန့်ခန်း ပြင်ပေးရုံသာမက ယခုကဲ့သို့ ထူးခြားကောင်းမွန်သော ဟင်းပွဲများ ပို့ပေးခိုင်းလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။

ချင်းဟန်က သူ့ကို အရမ်းတွေ အထင်ကြီးနေတာလားဟ....

"ရပြီ နားလည်ပြီ ကျေးဇူးပဲနော်...."ချောင်ဇီဟောက် ရင်ထဲတွင် ကြည်နူးနေသည်ကို တည်ငြိမ်ဟန်ဆောင်‌၍ ပြောလိုက်လေသည်။

ကြည့်ရတာတော့ သခင်လေးချင်းက သူ့ရဲ့ မိသားစုအာဏာကို ပညာရေးဘက်မှာပါ လွှမ်းမိုးချင်လာလို့နေမှာ ...မဟုတ်ရင် သူ့ကို အဲ့လောက်ထိ ခရီးဦးကြို ပြုနေမှာ မဟုတ်ဘူး...

" တခြားတောင်းဆိုရာလေးတွေ မရှိတော့ဘူးဆိုရင် လူကြီးမင်းတို့ကို မနှောင့်ယှက်တော့ပါဘူးဗျ...ပြီးတော့ သခင်လေးချင်းက ခဏနေကျရင် သူကိုယ်တိုင် လာပြီး တို့စ်လာလုပ်ဦးမယ်လို့ ပြောခိုင်းလိုက်ပါသေးတယ်...."

"သူက တို့်စ်လုပ်ဖို့ ပြောခိုင်းလိုက်တယ်........"

ချောင်ဇီဟောက် အနည်းငယ် မူးနောက်သွားသည်။

ကျော်ကြားတဲ့ သခင်လေးချင်းက သူနဲ့ တို့စ်လုပ်ချင်နေတယ်ပေါ့....

စိတ်လှုပ်ရှားဖို့ မကောင်းဘူးလားကွ...

"ကောင်းပြီ ကောင်းပြီ မင်းတို့ အရင် ထွက်သွားလိုက်ကြ..."

"ယောက်ဖကြီး ခင်များက ရမ်းကို အထင်ကြီးဖို့ ကောင်းတာပဲ.. ဒီတိုင်း စားဖို့ လာတယ်ဆိုပေမယ့် သခင်လေးချင်းက ကိုယ်တိုင်ကိုယ်ကျ တို့စ်လုပ်ဖို့ တောင်းဆိုလာလိမ့်မယ်လို့တောင် မထင်ထားဘူးဗျာ....အဲ့လို တိုစ့်လုပ်ခံရတာက လူတိုင်း ရနိုင်တာ မဟုတ်ဘူးနော်...."စားပွဲထိုး ထွက်သွားပြီးနောက် ကူကျင်းဝူ မနာလို ကြီးစွာ ပြောဆိုလိုက်သည်။

"ပြီးတော့ ရိုမနီ ဝိုင်ကလည်း ဈေးပေါမယ့်ပုံ မပေါ်ဘူး..တစ်ပုလင်းကို ယွမ်သိန်းဂဏန်းလောက် ရှိလောက်တယ်..."

"ဟားဟား..သာမန်ပါပဲ..."ချောင်ဇီဟောက် ရယ်မော၍ ပြောဆိုလိုက်ပြီး "ကျုပ်အရှက်ရအောင် မြောက်ပင့်နေပြန်ပါပြီ တစ်မိသားစုတည်းတွေကိုပဲ..."

"ယောက်ဖနဲ့ သခင်လေးချင်းက တအားကြီး ရင်းနှီးနေတော့ ကျုပ်လည်း အလုပ်ကြိုးစားမှ ဖြစ်တော့မယ် ...မဟုတ်ရင် ကျုပ်ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ဆိုရင် သခင်လေးချင်းနဲ့ တွေ့ခဲ့ရင်တောင်မှ မျက်လုံးချင်းဆုံပြီး ကြည့်ရဲမှာ မဟုတ်ဘူး...."

"ကိုယ့်ကိုယ်ကိုလည်း အဲ့လောက်ကြီး အထင်သေးမနေစမ်းပါနဲ့ကွာ..ကြိုးစားနေသရွေ့တော့ အနာဂတ်မှာ ငါ့လို ဖြစ်လာနိုင်တာပဲ မဟုတ်လား...."

ချောင်ဇီဟောက် အပြုံးလေးဖြင့် ပြောလိုက်၏။

"ဟုတ်တာပေါ..ဟုတ်တာပေါ့..."

သူတို့ နှစ်တွေအများကြီး ရှင်သန်လာပြီးမှ ထိုပဲ့သို့သော ကျော်ကြားသည့် ပုဂ္ဂိုလ်မျိုးနှင့် ဆုံရမည်ကို သိတော့ ကူမိသားစု၀င်များလည်း စိတ်ရှုပ်ရှားနေကြသည်။

ထိုအချိန်တွင် သီးသန့်ခန်းမ၏ တံခါးပွင့်လာပြီး ချင်းဟန် အပြင်မှ ၀င်လာခဲ့၏။

All Chapters