← Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

ချင်းဟန် လမ်းလျှောက်လာခဲ့နေချိန်တွင်တော့ လင်းရီမှ လွဲ၍ လူတိုင်း စိတ်လှုပ်ရှားနေကြ၏။

"လင်းရီ မင်းဘာလုပ်နေတာလဲကွ...သခင်လေးချင်း ၀င်လာတာတောင်မှ မတ်တပ်မရပ်ဘူးလား...."

လင်းရီ ထိုင်မြဲထိုင်နေသည်ကို မြင်တော့ ချောင်ဇီဟောက် နှာခေါင်းရှုံ့၍ ပြောလိုက်လေသည်။

"သူရောက်လာတာနဲ့ ငါက ဘာလို့ ထပေးရမှာ...."

ချောင်ဇီဟောက် မျက်နှာမည်းမှောင် သွားပြီး

ဒီကောင်က ပြဿနာရှာဖို့ ရောက်လာတာလားကွ....

သခင်လေးချင်း ၀င်လာတာကိုတောင်မှ မတ်တပ်မရပ်ဘူးဆိုတော့ ..ကိုယ့်ကိုယ်ကို ဘာကောင်လို့ ထင်နေလဲ မသိဘူး

သောက်ရမ်း ဟိတ်ဟန်ကြီးကောင်းတဲ့ကောင်...

ကူမိသားစု၀င်များလည်း ခေါင်းခါရမ်းလိုက်ကြသည်။

ဒီလင်းရီက နည်းနည်းလေးတော့ များသွားပြီ

နိုင်ငံကြီးသား ပီသသည့်သူတိုင်း မည်သို့ မတ်တပ်ရပ်၍ တို့စ်ပေးရမည်ကို နားလည်ပေသည်။ သို့သော်လည်း ထိုငနဲကတော့ ထိုင်ပြီးတောင် အားရပါးရ စားနေသေး၏။

ဒီ‌လိုကောင်မျိုးက အနာဂတ်မှာ ကြီးပွားမယ့် ကောင်မျိုး မဟုတ်ပါဘူးကွာ....

ချောင်ဇီဟောက်ကတော့ လင်းရီ ထိုင်စားနေသေးသည်ကို မြင်တော့ ဘာမှ ဆက်ဆိုမနေတော့ပဲ ဝိုင်ခွက်ကိုမြောက်၍ ပြုံးလိုက်ပြီး

"သခင်လေးချင်းကတော့ ကြင်နာလွန်းနေပါပြီ...ကျွန်တော်တို့က ဒီတိုင်း သာမန်ညစာစားပွဲလေး လာလုပ်တာကိုတောင်မှ သီးသန့်ခန်းကြီး တကူးတက ပြင်ပေးတဲ့အပြင် တို့စ်ပါ လုပ်ပေးနေတယ်ဆိုတော နေရခက်အောင် လုပ်နေပြန်ပါပြီဗျာ...ကျုပ်တို့ နောက်မှပဲ တစ်နေ့လောက် အချိန်ပေးပြီး ကောင်းကောင်း သောက်ကြတာပေါ့...."

ချောင်ဇီကွမ်း ချင်းဟန်နှင့် ပျော်ရွှင်စွာ စကားဝိုင်းဖွဲ့နေသည်ကို မြင်တော့ ကူကျင်းဝူ၏ မျက်လုံးများ တောက်ပလာတော့သည်။

ယောက်ဖကြီးက ခန့်ညားလိုက်တာကွာ..အနာဂတ်မှာ ငါသာ ယောက်ဖကြီးရဲ့ ခန်းညားမှု တစ်၀က်လောက်ပဲ ရမယ်ဆိုရင်တောင်မှ ‌ေ-သပျော်ပြီ..

ဟမ်....

ချင်းဟန် ပါးစပ်အဟောင်းသား ဖြစ်သွား၏။

ဘာတွေ ဖြစ်နေတာလဲဟ...

ငါက လင်းရီနဲ့ တို့စ်လုပ်ဖို့ လာတာလေကွာ ..ဒီကောင်က မတ်တပ်ရပ်ပြီး ဘာတွေ လာပြောနေတာလဲဟ...

"နေစမ်းပါဦး..မင်းက ဘာကောင်မို့လဲ ငါက တို့စ်လုပ်ပေးဖို့ ထိုက်တန်တယ်လို့များ ထင်နေတာလား..."

ဟမ်...

ချောင်ဇီကွမ်း ကြက်‌ေ-သ‌ေ-သရမည့် အလှည့်ပင်။ "ချင်း...သခင်လေးချင်း ..ခင်များ ဘာတွေ ပြောနေတာလဲဗျ...ဒီကို ရောက်လာတာ ကျွန်တော်နဲ့ တို့စ်လုပ်ဖို့ မဟုတ်ဘူးလား...."

"မင်းက ဘာကောင်မို့လဲ..."ချင်းဟန်မေးလိုက်ပြီး "ငါက ဒါတွေ အားလုံးကို လင်းရီ အတွက် လုပ်ပေးထားတာ ..ပြီးတော့ သရော်တာတော့ မဟုတ်ဘူး ကိုယ့်သောက်ခွက်ကို ပြန်ကြည့်ပြီးမှ ပြောဦး...ငါက မင်းနဲ့သိတောင် မသိတာကို ဘာကိစ္စ တို့စ်လုပ်ပေးရမှာ..."

လူတိုင်း လင်းရီ ကိုကြည့်ရင်း အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့ အထင်လွဲနေခဲ့ကြတာပဲ...

ချောင်ဇီဟောက်ရဲ့ ဩဇာက အဲ့လောက်လဲ မကြီးမားပါဘူးကွာ..

ထိုအချိန်တွင်တော့ လူတိုင်း လင်းရီကို ကြည့်လိုက်ကြသည်။

သူက ဒီတိုင်း ကျောင်းမှာ တောက်တိုမယ်ရ လိုက်လုပ်ပေးရတဲ့ ကောင်မဟုတ်ဘူးလားဟ..ပြီးတော့ ဘာလွှမ်းမိုးမှုမှ မရှိတဲ့ တစ်ကောင်ကြွက် ..အဲ့လိုကောင်မျိုးက ဘယ်လိုလုပ် ဒီလောက်ထိကြီးမားတဲ့ ဩဇာအရှိန်အဝါတွေ ရှိနေရတာလဲ...

"လာ လာ မင်းရဲ့ခွက်ကို ဖြည့်လိုက် အတူသောက်ကြတာပေါ့..."ချင်းဟန် ပြောလိုက်လေသည်။

"လင်းကြီး ဒီနေ့ မြို့တော်က အကောင်ကြီးကြီးတွေ ရောက်နေတာဆိုတော့ နောက်ကျလို့ ငါ့ကို အပြစ်မတင်ပါနဲ့ကွာ..."

"အေးဆေးပေါ့..ငါကလည်း အဲ့လောက်ထိ ဇီဇာကြောင်တဲ့ကောင် မဟုတ်တာ..."

"ကောင်းတာ‌ပေါ့..."

"ဒီဘေးနားက မိန်းမလှလေးလဲ တစ်ခွက်လောက် သောက်လေ..."

"အာ...သခင်လေးချင်း ကျွန်မက မသောက်တတ်တော့ ဒီ‌တိုင်း အသီးဖျော်ရည်ပဲ သောက်လို့ရမလား..."ကူကျင်းရှန် စိုးထိတ်စွာဖြင့် ပြောလိုက်၏။

ချင်းဟန်၏ ကျော်ကြားမှုမှာ ချိုင်းနားတွင် နယ်နယ်ရရ မဟုတ်ပေ။ သို့သော်လည်း တစ်နေ့တွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးဖြင့် တစ်ခန်းထဲတွင် အတူသောက်ရလိမ့်မည်လို့ မမျှော်လင့်ထားသောကြောင့် သူမ၏ ဦးနှောက်မှာ တခဏမျှ အောက်ဆီဂျင် ပြတ်လပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

"အသီးဖျော်ရည်တွေ လုပ်မနေနဲ့..မသောက်တတ်လည်း နည်းနည်း သောက်ပေါ့..ငါထည့်ပေးမယ်..."ချင်းဟန် ပြုံး၍ ပြောလိုက်လေသည်။

"မဟုတ်တာ သခင်လေးချင်းကလည်း အားနာစရာကြီး..ကျွန်မဘာသာ ဖြည့်လိုက်ပါ့မယ်..."

"ဘယ်ရမှာ..မင်းက လင်းရီရဲ့ မိန်းကလေးဆိုတော့ ငါ ဖြည့်ကို ဖြည့်ပေးမှရမှာ ..."

ကူကျင်းရှန်၏ နှလုံးသားလေးမှာ တဒုတ်ဒုတ် ခုန်သွားပြီး မျက်နှာများ နီရဲလာတော့၏။

အထင်လွဲနေသော်လည်း လွဲလို့ကောင်းသည့် အထင်လွဲမှုမျိုးပင်။

လင်းရီကတော့ ချင်းဟန် မျက်နှာပေါ်ရှိ အပြုံးကို မြင်တော့ တစ်ခုခု မဟုတ်တာလုပ်တော့မည်မှန်း နားလည်ပေသည်။

သို့သော်လည်း ရှင်းပြရန် ပျင်းနေ၏။

ချင်းဟန် ကူကျင်းရှန်၏ ဝိုင်ခွက်ကို ဖြည့်ပေးလိုက်ပြီး "လင်းရီက ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းကြီးပဲ ..ဒီနေ့ ခင်များတို့ အတူလာတယ်ဆိုတော့ ကျုပ်ကို မျက်နှာပေးလိုက်တာပဲ အနာဂတ်မှာ လင်းရီရဲ့ နာမည်ကို ပြောလိုက်တာနဲ့ ခင်များတို့ စားသမျှ အားလုံး ဖရီးဖြစ်စေရမယ်...."

ကူမိသားစု၀င်များကတော့ ဆွံ့အနေတော့သည်။

သူတို့ လင်းရီနဲ့ သိတယ်လို့ ပြောလိုက်တာနဲ့ အလကား စားရမယ်တဲ့လား...ဒါကြီး အရမ်းမိုက်တာပဲ...

တို့စ်လုပ်ပြီးနောက် ချင်းဟန် လင်းရီ ပခုံးကို ပုတ်လိုက်ပြီး "လင်းကြီး ငါ့မှာ ဧည့်သည်တွေ ရှိနေသေးလို့ မနှောက်ယှက်တော့ဘူးကွာ မင်းစားချင်တာသာ စိတ်ကြိုက် မှာစားလိုက်တော့..."

"အိုကေလေ..မင်းလုပ်စရာ ရှိတာသာ သွားလုပ်လိုက် ငါတို့ကို စိတ်ပူမနေနဲ့..."

ချင်းဟန် အားလုံးကို နှုတ်ဆက်ပြီးနောက် လင်းရီကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ပေးကာ ထွက်လာခဲ့လိုက်၏။

လင်းရီ ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။

ဒီကောင် ဒီတစ်ခါလည်း ‌ဘာတွေ မွှေပြန်ဦးမလဲ မသိဘူး...

ချင်းဟန် ထွက်သွားပြီးနောက် ခန်းမမှာ တိတ်ဆိတ်သွားပြီး ကိုးရို့ကားယားနိုင်သော လေထုကြီးက ကြီးစိုးနေလေသည်။

ချောင်ဇီဟောက်ကတော့ ရှက်လွန်း၍ ‌ေ-သချင်နေတော့၏။

"အာ...ဘာလို့ ကျုပ်ကိုကြည့်နေကြတာတုန်းဗျ..."ချောင်ဇီဟောက် ကသိကအောက် ဖြစ်စွာ ပြောလိုက်ပြီး "ဒီတိုင်း နားလည်မှု လွဲသွားတာလေ..ကျုပ်လည်း လင်းရီက အဲ့လောက်ထိ ဩဇာကြီးမားမယ်လို့ ထင်မထားဘူးလေ..."

ကူကျင်းရှန်ကတော့ ချောင်ဇီဟောက်ကို ရှုတ်ချလိုက်ပြီး စိတ်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။

နင် မထင်မှတ်ထားတာတွေ အများကြီး ရှိသေးတယ်....

"ကောင်းပြီ ဆက်မပြောကြနဲ့တော့.."ကူကျန်းကော် လက်ကာပြလိုက်ပြီး "ကျန်းရှန် လင်းရီ ပန်းကန်ပြားထဲမှာ ဘာမှ မရှိတော့ဘူးလေ..သမီးတစ်ခုခုလောက် ချက်ပေးလိုက်ဦး..."

ချင်းဟန်ကြောင့် ကူမိသားစု၏ လင်းရီအပေါ် အမြင်မှာ ၁၈၀° လောက် ပြောင်းလဲသွားတော့၏။

သူတို့ ထုတ်မပြောကြသော်လည်း ချောင်ဇီဟောက်ကို ငြင်းပယ်လိုက်ပြီး ဖြစ်ကြောင်း သိနိုင်ပေသည်။

လင်းရီ၏ မိသားစု နောက်ခံမှာ ချောင်ဇီဟောက်လောက် မကောင်းသော်လည်း ချင်းဟန်နှင့် ဆက်ဆံရေးကတော့ သမုဒ္ဒရာကြီး တမျှ နက်ရှိုင်းလှ၏။ သူတို့ လူရွေးမှားလို့ မဖြစ်ပေ။

"အာ..ကျွန်တော် ဗိုက်ပြည့်သွားပြီ ထပ်မစားချင်တော့ဘူး..."

လင်းရီ၏ စိတ်ကဖုန်းပွတ်ရင်း ယခုလောလောဆယ် တခြားနေရာသို့ ရောက်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ချင်းဟန်မှာ ဝီချက်မှတစ်ဆင့် သူ့ထံ မက်ဆေ့ခ်ျ ပို့လာသောကြောင့်ပင်။

ချင်းဟန် : လင်းကြီး ဟျောင့် ငါတော့ မင်းအတွက် ကြံပေးပြီးသွားပြီနော် ကျန်တာကတော့ မင်းကိစ္စပဲ ..မင်းဘေးနားမှာ ထိုင်နေတဲ့ကောင်မလေးက အပျိုလေးပဲ ရှိသေးတာကွ အတွေးမမှားနဲ့...မင်းဒီနေ့ညတော့ ဟုန်းရမ်းရအောင် ရိုက်မှ ဖြစ်မယ်...

လင်းရီ : ဟမ် ငါ့ကောင် မင်းဘာတွေ ပြောနေတာလဲဟ...

ကူကျင်းရှန်မှာ ခုထိ အပျိုလေးသာ ရှိသေးကြောင်း လင်းရီ ခန့်မှန်းနိုင်သော်လည်း ထိုကောင် ချင်းဟန်က မည်သည့်အခွင့်အလမ်းများ ဖန်တီးထားခဲ့ပေးသနည်း။

ချင်းဟန် : ငါအဲ့ကောင်မလေးကို ဝိုင်ငဲ့ပေးခဲ့တာ မှတ်မိတယ်မလား..အဲ့ဒီအချိန်တုန်းက အမှုန့်လေး နည်းနည်းပါးပါး ထည့်လိုက်တာ ဘေးထွက်ဆိုးကျိုးတော့ မရှိပါဘူးကွာ ဒီတိုင်း ပိုပြီး စိတ်လှုပ်ရှား သွားအောင်လို့ပေါ့....ဟီးဟီး

လင်းရီ : ငိုးပဲ မင်းက တယ်ဆိုးတဲ့ကောင်ပါလားကွ...

လင်းရီ ဘာတွေ ဖြစ်နေလဲဆိုတာ နားလည်သွားတော့၏။ ချင်းဟန် ကူကျင်းရှန်ကို ဝိုင်ဖြည့်ပေးခဲ့ခြင်းမှာ ယခုလို ဂွင်ဆင်ရန် ဖြစ်၏။

"ကဲဗျာ..လင်းရီက မစားတော့ဘူးဆိုမှတော့ ကျွန်တော်တို့လည်း ပြန်ကြတာပေါ့...."

ချောင်ဇီဟောက် ပြောလိုက်လေသည်။

အထင်လွဲပြီးနောက် သူ တစ်စက္ကန့်လေးတောင် ဤနေရာ၌ မနေချင်တော့ပေ။

မင်းတို့ ခံစားဖူးမှ သိမှာ....အဲ့တာကြီးက သောက်ရမ်း ရှက်ဖို့ကောင်းတယ်..

"ကောင်းပြီလေ ငါတို့လည်း စားပြီးနေပြီပဲ..."ကူကျန်းကော် ပြောလိုက်၏။

"အန်ကယ်နဲ့ အန်တီတို့ကတော့ ဒီည မပြန်သေးဘူးမလား..."ချောင်ဇီဟောက် မေးလိုက်ပြီး "ကျွန်တော် အန်ကယ်တို့ အတွက် နေစရာ တစ်ခုခု စီစဉ်ပေးလိုက်မယ်လေ..."

လင်းရီကတော့ ထွက်ခွာရန် အလျင်လိုနေလေသည်။ အဘယ်ကြောင့်ဆိုသော ကူကျင်းရှန်၏ မျက်နှာမှာ ဆေးစွမ်းကြောင့် တဖြည်းဖြည်း ရဲတက်လာသောကြောင့်ပင်။

ဟိုခွားမသေး ချင်းဟန်က ဆေးကို ဘယ်လိုတောင် ထည့်လိုက်တာလဲဟ...

ပြီးတော့ ဆေးစွမ်းကလည်း ဘာလို့ အဲ့လောက် ပြတာ မြန်နေတာ‌လဲ...

"လင်းရီ မင်းအဲ့ဒီအတွက် ဒုက္ခ ခံမနေပါနဲ့ ငါကပဲ အန်ကယ်နဲ့ အန်တီတို့အတွက် အစစအရာရာ အဆင်ပြေအောင် ကြည့်စီစဉ်ပေးလိုက်မယ်..."ချောင်ဇီဟောက် ပြောလိုက်လေသည်။

သူဒီနေ့ မျက်နှာ အများကြီး ပျက်ခဲ့ရ‌ သောကြောင့်သူ၏ ဂုဏ်သတင်းကို အစားထိုးရန် တစ်ခုခု ပြန်မလုပ်ပေးပါက အနာဂတ်တွင် ကူကျင်းရှန်ရှေ့၌ မျက်နှာပြဝံ့မည်တောင် မဟုတ်တော့ပေ။

ဒီလို့တော့ မဖြစ်သေးဘူး ..တစ်ခုခု စီစဉ်ပေးမှ ရမယ်

"ဒါရိုက်တာချောင်ကလည်း လင်းရီကိုပဲ စီစဉ်ခိုင်းလိုက်လေ..."ကျင်းရှန် ကန့်ကွက်လိုက်၏။

ကူကျင်းရှန် ချောင်ဇီဟောက်နှင့် ဘာမျှ ဆက်မပတ်သက်ချင်တော့သည်မှာ သိသာထင်ရှားနေလေသည်။

"ဒီတိုင်း နေဖို့ နေရာလေးပဲ မဟုတ်လား...ဘယ်သူပဲ စီစဉ်ပေးပေး အရေးမကြီးပါဘူး..ပြီးတော့ ငါ သိပ်မဆိုးတဲ့ ဟိုတယ်တစ်လုံးကိုလည်း တွေ့ထားတယ်..."

"အန်ကယ်ပြောနေတဲ့ ဟိုတယ်က ပန်နီဆူလာဟိုတယ်များလား...."လင်းရီ မေးလိုက်၏။

"ပန်နီဆူလာ ဟိုတယ်..."ကူကျင်းဝူ အံ့အားသင့်သွားခဲ့သည်။

"ကျွန်တော် သလောက်ဆိုရင် ပန်နီဆူလာဟိုတယ်က ကျိုးဟိုင်ရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးမလား..."

"အမှန်ပဲ..ငါပြောနေတာလည်း အဲ့ဒီ ပန်နီဆူလာ ဟိုတယ်ပဲ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"မဖြစ်နိုင်တာ..အဲ့လောက်ကောင်းတဲ့ ဟိုတယ်ကြီးလား...ကျွန်တော်သာ တစ်ညလောက် တည်းလိုက်ရရင်တော့ ဖြင့် ပြန်သွားရင် အားပါးတရ ကြွားလို့ရပြီလေ...."

ကူကျင်းဝူကတော့ ဘာဖြစ်နေလဲဆိုတာ မသိတော့လောက်အောင် စိတ်လှုပ်ရှားနေပြီး "ပါးမား သားတို့ ပန်နီဆူလာ ဟိုတည်မှာ တည်းကြရင် မကောင်းဘူးလား...."

"ဟုတ်တယ် ဟုတ်တယ် ပန်နီဆူလာ ဟိုတယ်ကိုသွားကြရအောင်.."ချောင်ဇီဟောက် ဆက်လက်၍ "တကယ်တော့ ကျွန်တော်လည်း အစက ပန်နီဆူလာမှာ တည်းဖို့ ပြောပေးမလို့ပဲ..."

ထိုသို့ပြောရင်း ချောင်ဇီဟောက် ဪင်အောင့်နေတော့၏။

သူတို့၏ အဆင့်အတန်းနှင့် ဆိုပါက ကြယ်သုံးပွင့် ဟိုတယ်လောက်ဆိုလျင် အဆင်ပြေသော်လည်း လင်းရီက ကြယ်ငါးပွင့် ဟိုတယ်ကြီးသို့ ပို့ဆောင်‌ချင်နေလေသည်။

အကယ်၍ ထိုအကောင်သာ မဟပါက ဘာမျှ ဖြစ်မည် မဟုတ်ပေ။

ပန်နီဆူလာဟိုတယ်၏ အနေအထားအရ သူတို့ သုံးယောက် တစ်ည တည်းခိုမည်ဆိုလျင် အနည်းဆုံး ယွမ် ၇ထောင်ခန့် ကျသင့်ပေမည်။

သို့သော်ဘည်း ကံကောင်းစွာဖြင့် သူက အဖွဲ့၀င်ဖြစ်ထားသောကြောင့် ဈေးအနည်းငယ်တော့ လျော့ပေးရသောကြောင့်ပင်။

မဟုတ်ပါက ပို၍ ပင် ကုန်ကျပေလိမ့်မည်။

လင်းရီ ပြုံးလိုက်မိသည်။

ချောင်ဇီဟောက်က တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ ..ဘာလို့ ချမ်းသာချင်ယောင် ဆောင်နေတာလဲဂ....

"ကောင်းပြီလေ အန်ကယ်တို့ကလည်း ခုမှ ဒီရောက်ဖူးတာဆိုတော့ မင်းတို့ စီစဉ်ပေးတာကိုပဲ လက်ခံလိုက်တော့မယ်..."

"အန်ကယ် အန်တီ ကားထဲ ၀င်ပါဗျ ကျွန်တော် မောင်းပြိ့ပေးပါ့မယ်.."

"ဒါရိုက်တာချောင်က နောက်ကျနေပြီဆိုတော့ ပြန်သင့်ပြီထင်တယ်နော..ကျွန်မတို့ ဒီထက်ပိုပြီး ဒုက္ခ မပေးချင်တော့ဘူး..."

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ..ယောက်ဖရဲ့ ကားပဲ စီးကြတာပေါ့...

ကျင်းဝူ ပြောလိုက်လေသည်။

"ကျင်းရှန် ဝူလေးပြောတာကို နားထောင်လိုက်ဦး ..သူက ငါ့ကားမှ စီးချင်တာတဲ့...."

"နေဦး ခင်များ အထင်လွဲနေပြီ ကျုပ်က ခင်များကို ပြောနေတာ မဟုတ်ဘူး..လင်းရီကို ပြောနေတာ...ကိုယ့်ကိုယ်ကိုလည်း အဲ့လောက်ကြီး အထင်ကြီးမနေနဲ့ဦး...."

All Chapters