အခန်း (၉၁)
Vol. 7 Ch. 91
အာ.....
ချောင်ဇီဟောက် ကိုးရို့ကားယား ဖြစ်သွားခဲ့၏။
သူတစ်ချိန်လုံး ယောက်ဖဟု အခေါ်ခံနေခဲ့ရသော်လည်း ယခုတော့ ထိုကောင်က သူ့ရှေ့တွင် တခြားတစ်ယောက်ကို ယောက်ဖဟု ခေါ်နေပြန်သည်။ ,ဤသည်မှာ မျက်နှာပြောင် တိုက်လွန်းလှ၏။
"ကောင်းပြီ ခင်များတို့ သူ့ကားကို ယူလိုက်ပါဗျာ..ကျုပ်ကားက ထိုင်ခုံ နှစ်ခုပဲ ပါတာ..."
လင်းရီ အသေးစိတ်ပြောပြမနေတော့ချေ။ သို့သော်လည်း သူ၏ကားကတော့ လူအများကြီး မဆံ့သည်မှာ အမှန်ပင်။
"ထိုင်ခုံ နှစ်ခုတည်း ..."ကူမိသားစု၀င်များမှာ အံ့အားသင့်သွားကြသည်။
ကားအားလုံးက ထိုင်ခုံ ငါးခု ရှိတာ မဟုတ်လား...
မော်တော်ဆိုင်ကယ်တွေပဲ ထိုင်ခုံ နှစ်လုံးရှိတာလေ..
"လင်းရီ နောက်ဆုံးတော့ ငါဘာတွေ ဖြစ်နေလဲဆိုတာ နားလည်သွားပြီ ထင်တယ်"ချောင်ဇီဟောက် ပြောလိုက်လေသည်။
"ငါက ဘာကြောင့် မင်းနဲ့ သခင်လေးချင်းတို့ကြားမှာ ဆက်ဆံရေးရှိနေတာလဲလို့ ထူးဆန်းနေတာ လက်စသတ်တော့ မင်းက လိုက်ပြီး ဖားယားနေလို့ကိုး..."
"ဖားယားတယ်...."လင်းရီ ပေါ့ပါးစွာပြောလိုက်ပြီး "ငါက ဖားယားဖို့ လိုသေးလို့လား..."
"ဒါပေါ့ကွ.."ချောင်ဇီဟောက် သူ၏ ယုံကြည်မှုကို ပြန်လည် ရရှိသွားပြီး "မင်းက ဆိုင်ကယ် မောင်းတဲ့ကောင်ပဲ ဖြစ်ရမယ် ..မင်းလိုကောင်က ဘယ်လိုလုပ် သခင်လေးချင်းနဲ့ အဆင့်အတန်းချင်း တူနိုင်မှာလဲ..."
ထို့နောက် ကူကျင်းရှန်၏ မိဘများကို ကြည့်လိုက်ပြီး "အန်ကယ်နဲ့ အန်တီ ..ခုလူ့ပတ်၀န်းကျင်ကြီးမှာ အဆက်အသွယ်တွေက ထင်သလောက်ကြီး အရေးမပါဘူး...ကိုယ်ပိုင်အစွမ်းအစ ရှိဖို့လည်း လိုသေးတယ် ..သခင်လေးချင်းက ဘယ်လောက်ပဲ ချမ်းသာတယ် ပြောပြော သူ့လိုကောင်အတွက်နဲ့ ပိုက်ဆံ သုံးပေးမယ်လို့ ထင်လား..."
ကူကျင်းရှန်၏ မိဘများ ခေါင်းညိမ့်လိုက်မိကြသည်။
ချောင်ဇီဟောက် ပြောသည်မှာ လက်တွေ့ကျ၏။
ယနေ့ခေတ်တွင် လူတိုင်း ကိုယ့်ဘ၀ကို ကြောင်းကြရ၏။
လင်းရီမှာ မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်ပြီး ပိုင်ဆိုင်မှုမှာလည်း ဆိုင်ကယ်တစ်စီးတည်းသာ။ ချောင်ဇီဟောက်နှင့် ယှဉ်ပါက အလှမ်းကြီး ကွာဝေးနေသေးသည်။
မည်သို့ပင် ဆိုစေ ချောင်ဇီဟောက် မောင်းနေသော BMWမှာ ယွမ် ၅သိန်း ၀န်းကျင် တန်ကြေး ရှိပြီး လုံး၀ ဈေးမပေါချေ။
ကူကျင်းရှန်၏ မိဘများ စိတ်ယိုင်လာသည်ကိုမြင်တော့ ချောင်ဇီဟောက် ကျေနပ်သွားတော့၏။
သူအစက လုံး၀ ရှုံးနိမ့်သွားပြီဟု ထင်နေသော်လည်း ကောင်းကင်မှ သူ့ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးလိမ့်မည်ဟု ထင်မှတ်မထားခဲ့...
ဒီကောင့်ကို ကြည့်လိုက်စမ်းပါဦးကွာ..မိဘမဲ့ တစ်ကောင်ကြွက်ကများ ငါနဲ့ နောက်ခံ အသိုင်းအဝိုင်းချင်း လာယှဉ်ချင်နေသေးတယ်...
အိပ်မက် ဆက်မက်နေလိုက်...
တီ တီ
ထိုအချိန်တွင် လွိုင်ကန်၏ ရှေ့မီးမျာ လင်းလာပြီး ကတ်ကြေးကဲ့သို့ ကားတံခါးများ ပွင့်လာကာ လူတိုင်းကို ကြက်ေ-သေ-သသွားစေတော့၏။
လှရက်လိုက်တာ...
"ဘုရားရေ..အဲ့တာက လွိုင်ကန် ၇မလား..."
ကူကျင်းရှန် မျက်လုံးလေးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။
"အမှန်ပဲ အဲ့ကားက ၆၆ မီလီယမ်ယွမ် တန်ကြေးရှိတယ်..ပြီးတော့ ကမ္ဘာပေါ်မှာတောင်မှ ခုနစ်စီးတည်းရှိတာ ပိုက်ဆံရှိရုံနဲ့ မောင်းနိုင်တဲ့ ကားမျိုး မဟုတ်ဘူး..."ချောင်ဇီဟောက် ပြောပြလိုက်၏။
"ထင်ထားတဲ့ အတိုင်းပဲ သခင်လေးချင်းရဲ့ အကင်ဆိုင်ဆိုတော့ ဒီလောက်ချမ်းသာတဲ့ သူဌေးကြီးတွေကတောင် လာပြီးအားပေးကြတယ်..ငါတော့ တစ်သက်နဲ့ တစ်ကိုယ် ဒီလောက်လှတဲ့ ကားမျိုး မြင်ကို မမြင်ဖူးတာ...."
"အမှန်ပဲ..၆၆ မီလီယမ် တောင်သုံးပြီး ကား၀ယ်ဖို့ဆိုတာ သာမန်လူတွေ လုပ်နိုင်တဲ့ အရာမဟုတ်ဘူး..."ချောင်ဇီဟောက် ကိုယ့်ကိုယ်ကို သိမ်ငယ်စွာဖြင့် ပြောလိုက်လေသည်။ "ကျွန်တော်တော့ အဲ့လိုကားမျိုး စီးနိုင်မယ့် အခွင့်အရေး ရှိမယ် မထင်ပါဘူးဗျာ...."
"ကျွန်တော််ကတော့ အဲ့လိုကားမျိုး ၀ယ်ဖို့ အိပ်မက်မမက်ပါဘူး..လိုက်စီးနိုင်ရင်ကို ကျေနပ်လှပြီ..."ကူကျင်းဝူ အားကျစွာ ပြောလိုက်၏။
"မင်းလိုက်စီးချင် စီးပေါ့ကွာ..အဲ့လောက်ကြီးတဲ့ ကိစ္စလည်း မဟုတ်ပါဘူးဟ..."လင်းရီ ပြောလိုက်၏။
"ယောက်ဖကြီးကလည်း နောက်နေပြန်ပါပြီ ..ကားတံခါးကြီးက ဒီတိုင်း ပွင့်လျက်ကြီးလေဗျာ အဲ့တာက ပိုင်ရှင် အနီးအနားမှာ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မလား ကျွန်တော်သာ ၀င်သွားလို့ကတော့ အဆဲခံရမှာပေါ့...."
"လင်းရီ မင်းဘာတွေ တွေးနေတာလဲ.."ချောင်ဇီဟောက် မေးခွန်းထုတ်လိုက်၏။
"ဒီလိုကားမျိုး စီးနိုင်တဲ့ကောင်တွေက သူတို့ကားတွေကို သောက်ရမ်း တန်ဖိုးထားတာ ..ဘယ်လိုလုပ်ပြီး လူတိုင်းကို စီးချင်သလို ပေးစီးနေမှာလဲကွ ငါ့အထင်တော့ မင်းက ကျင်းဝူကို လူရှေ့သူရှေ့ အရှက်ကွဲအောင် လုပ်နေတာလို့ပဲ မြင်တယ် ..မင်းက ကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြောတာ မဟုတ်ဘူးပဲ..."
"ဒီကာက ငါ့ကားလေ..ဒီတော့ သူ့ကို ပေးထိုင်တာက ဘာဖြစ်နေလို့လဲ.."လင်းရီ ပြုံးလိုက်ပြီး "ငါ စီးခိုင်းချင်တဲ့သူကို စီးခိုင်းဖို့ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် မဟုတ်ဘူးလား..."
"ဘာပြောလိုက်တယ်..ဒီကားက မင်းရဲ့ကား..."
လင်းရီ သူ့ကားသော့ကို ထုတ်ပြလိုက်ပြီး "ဒီတိုင်း ကားလေးပဲ မဟုတ်လား ဘာလို့ ငါ့ဟာ မဖြစ်န်ုရမှာ "
"မဖြစ်နိုင်တာ..မင်းရဲ့ကားက ထိုင်ခုံ နှစ်ခုပဲ ပါတာ မဟုတ်လား.. ."
"ခုကော ငါ့ကားမှာ ထိုင်ခုံသုံးခု ရှိနေလို့လား.."
ချောင်ဇီဟောက် အံ့အားသင့်သွားခဲ့သည်။
ဟုတ်သားပဲ .. သူဘာလို့ ဒီလောက်ပိန်းတဲ့ မေးခွန်းမျိုး မေးမိပါလိမ့်...
စူပါကားတွေက ထိုင်ခုံနှစ်ခုပဲ ရှိတာ ပုံမှန်ပဲ မဟုတ်လား....
"ယောက်ဖကြီး ခင်များက သောက်ရမ်းအံ့ဩဖို့ကောင်းတာပဲ လွိုင်ကန်ကြီးတောင် စီးနိုင်တယ်ပေါ့..."
ကူကျင်းဝူ သူ၏လက်ရှိ ခံစားချက်ကို ဖော်ပြရန် စကားလုံးပင် ရှာမရတော့ချေ။
အရိုးရှင်းဆုံး ဖော်ပြရမည်ဆိုပါက သောက်ရမ်းမိုက်တယ် ဟုပင်။
"ဒီတိုင်း ကားလေးပါပဲကွာ ရေးကြီးခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့...ဘာမှ အံ့ဩဖို့ကောင်းတာ မပါပါဘူးဟ..."
"ယောက်ဖကြီး ကိုယ်တိုင်ကိုက အမေးဇင်း ဖြစ်နေတာ...."ကူကျင်း၀ူ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျွန်တော် လွုင်ကန်ထဲမှာ ထိုင်လို့ရမလား..."
"ဘာကိစ္စထိုင်မှာလဲ ..နင်က အမေတို့နဲ့ အတူပြန်လိုက် ငါက လင်းရီနဲ့ လိုက်သွားလိုက်မယ်..."ကူကျင်းရှန် ပြောလိုက်လေသည်။
ထိုအချိန်တွင်တော့ ကူကျင်းရှန်လည်း အခြေနေ သိပ်မဟန်ပေ။ သူမ၏ နဖူးကို ကိုင်၍ တည်ငြိမ်ချင်ယောင် ဆောင်ထား၏။
ကူမိသားစုကတော့ ၎င်းမြင်ကွင်းကို အရေးတယူ လုပ်မနေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကူကျင်းရှန်မှာ သောက်လေ့သောက်ထမရှိသောကြောင့် တစ်ခွက်မျှ သောက်သည်နှင့် မှောက်သွားလေ့ရှိ၏။
ထို့ကြောင့် သူမ ယခုကဲ့သို့ ဖြစ်နေသည်မှာ သာမန်ပင်။
ထို့အပြင် လင်းရီလည်း သူမဘေးတွင် ရှိနေသောကြောင့် ဘာမျှ ပူပင်စရာ မလိုပေ။
"မမကလည်းဗျာ ကျွန်တော် တစ်ခေါက်တည်းပဲ စီးမှာပါဗျ..."ကူကျင်းဝူ တောင်းတောင်း ပန်ပန်နှင့် ပြောလိုက်၏။
"ကောင်းပြီ ဝူလေး နင်ပြဿနာ သိပ်မရှာနဲ့ ..."ကူကျင်းရှန်၏ မိခင်မှ ပြောလိုက်ပြီး တက္ကစီပဲ ငှားစီးသွားကြရအောင်..."
"ဟုတ်ကဲ့..."
"မဟုတ်တာဗျာ..ကျွန်တော့်ကား အသင့်ရှိနေတာကိုပဲ ဘာလို့ တက္ကစီ စီးမှာလဲဗျ..."
ချောင်ဇီဟောက် ကားတံခါးဖွက့်၍ ကူကျင်းရှန်၏ မိဘများကို ကြိုဆိုသည့်အသွင် ပြုလိုက်သည်။
ဤသည်မှာ နောက်ဆုံး အခွင့်အရေးပင်။ သူသာ မတိုက်ယူပါက အမှန်တကယ်ကြီး အဆုံးသတ်သွားပေတော့မည်။
ချောင်ဇီဟောက် မည်မျှ စိတ်အားထက်သန်နေလဲ ဆိုတယကို မြင်တော့ ကူမိသားစုမှာ မငြင်းရက်တော့ပဲ သူ့ကားထဲသို့ ၀င်လိုက်ကြ၏။
ချောင်ဇီဟောက်နှင့် ကျန်သူများ ထွက်ခွာပြီးနောက် ကူကျင်းရှန်မှာ လုံး၀ တောင့်မထားနိုင်ချေ။
"လင်းရီ..ကူညီပါဦးဟ..ငါ..ငါ ဘယ်လိုမှ မရပ်နိုင်တော့ဘူး...."
"အိုကေလေ...."
လင်းရီ သူမကို ကူညီရန် အနားသို့သွားလိုက်သော်လည်း ရလဒ်အနေဖြင့် သူမ တစ်ကိုယ်လုံး သူ့အပေါ်သို့ မှီခိုခြင်းကိုသာ ခံလိုက်ရ၏။
"ခဏလောက် သည်းခံလိုက်ဦး ငါမင်းကို ထိုင်ခုံပေါ် တင်ပေးမယ်...."
"အွန်း...."ကူကျင်းရှန် တိုးညင်းစွာ ပြောလိုက်၏။
"တကယ်တော့ ငါတစ်ခွက်တည်း သောက်လိုက်တာ မဟုတ်လား...တစ်ခွက်လောက် သောက်ပြီးတာနဲ့ ဘာလို့ ဒီလောက်တောင် ပူအိုက်လာလဲ မသိဘူး..."
"နေဦး အခု မင်းရဲ့ အ၀တ်တွေကို မချွတ်ပစ်နဲ့ ဦးနော်..ငါတို့ ကားထဲရောက်မှ ပြောကြတာပေါ့..."
"ငါအခု ကားထဲမ၀င်ချင်ဘူး..အပြင်မှာပဲ လေကောင်းလေသန့်ရှူချင်တယ်..."
ကူကျင်းရှန် ပြောလိုက်လေသည်။
"ကောင်းပြီလေ အဲ့တာဆိုလည်း ထိုင်ဖို့နေရာ ရှာကြရအောင်..."
လင်းရီ ကားကို လော့ခ်ပြန်ချလိုက်၏။ ကူကျင်းရှန်ကို အရင်ကိုင်တွယ်ရမည်ဖြစ်သောကြောင့် ယခုလောလောဆယ် သူ မသွားနိုင်သေးချေ။
ထိုအချိန်တွင် Audi A6 တစ်စီး ပါကင်ထိုးလာပြီးနောက် အမျိုးသမီးနှစ်ဦး ထွက်လာခဲ့၏။
အမျိုးသမီး နှစ်ယောက်စလုံးမှာ အသက်မကြီးကြသေးချေ။ ပထမတစ်ယောက်မှာ ရှည်လျားသော ဂါ၀န်ကို ၀တ်ဆင်ထားပြီး ပန်းပုကဲ့သို့ လှပသော ရုပ်ဆင်းခန္ဓာရှိ၏။ ဘဲဥပုံသဏ္ဌာန် မျက်နှာနှင့် စွဲမက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်တို့မှာ မြင်သူတကာ အကြည့်လွဲရန် ခက်ခဲစေလေသည်။
သူမ၏ အသွင်အပြင်မှာ လူအုပ်ကြီးထဲတွင် လုံး၀ ထင်ရှား မြင်သာနေလေ၏။
ဂါ၀န်ရှည် ၀တ်ဆင်ထားသော အမျိုးသမီးကတော့ ရှောင်ထျန် ဖြစ်ပြီး ကျုံးဟိုင် ပင်းချန် တက္ကသိုလ် လူငယ် အသင်းကော်မတီ၏ ဥက္ကဌတစ်ယောက်လည်း ဖြစ်ပေသည်။
အခြားတစ်ယောက်ကတော့ စုန့်ကျားဟု ခေါ်တွင်ပြီး သူမလည်း ရှောင်ထျန်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်ကာ လူငယ်အသင်းကော်မတီ၏ အတွင်းရေးမှူး တစ်ယောက်ဖြစ်၏။
"အစ်မထျန် ခုချိန် လူနည်းတယ်နော...မြန်မြန် သွားကြရအောင်..."
"ငါတို့ မနေ့တုန်းက ဟော့ပေါ့ စားခဲ့တာကို ဒီနေ့ ဘာဘီကျုး ထပ်စားဦးမယ်ပေါ့..နင်စားရတာ မမောသေးဘူးလား..."
ရှောင်ထျန် ပြောလိုက်၏။
"ဒီ ဘာဘီကျူးက မတူဘူး ချင်းဟန် ဖွင့်ထားတာလေ..ညီမတို့ မြည်းကြည့်မှ ဖြစ်မှာပေါ့..."
"ချင်းဟန် ..အဲ့ကောင်က ဘယ်သူကြီးလဲ..."
"မဖြစ်နိုင်တာ ..အစ်မက ကျော်ကြားတဲ့ ချင်းဟန်ကိုတောင် မသိတော့ဘူးပေါ့...သူက ဥက္ကဌ၀မ်လိုမျိုး နာမည်ကြီးတဲ့ ဒုတိယမျိုးဆက် ချင်းဟန်လေ..."
စုန့်ကျား ရှင်းပြလိုက်ပြီး"အစ်မထျန်ကတော့ အရမ်းကို ခေတ်နောက်ကျနေပြီပဲ...
"ငါက အချိန်ပြည် အလုပ်လုပ်နေရတာလေ..အဲ့တာတွေ အာရုံစိုက်ဖို့ အချိန်မှ မပေးနိုင်တာ .ရှောင်ထျန် ပြောလိုက်ပြီး "ဘာလို့ ဒီမှာ ရပ်နေတာလဲ သွားစို့လေ..."
"နေဦး အစ်မထျန်ရဲ့..ဟိုမှာ ရှောင်ကောကော တစ်ယောက်..ကြည့်လိုက်ဦး အရမ်းခန့်တာပဲနော်..."
စုန့်ကျားညွှန်ပြသော နေရာကို ကြည့်လိုက်တော့ ရှောင်ထျန် လှေကားထစ်ပေါ်တွင် ထိုင်နေသော လင်းရီနှင့် ကူကျင်းဟန်တို့ကို မြင်သွား၏။
"ချောတာ ဘာများ ထူးဆန်းနေလို့...သေချာပေါက် မကောင်းတဲ့ကောင်ပဲ နေမှာ...."ရှောင်ထျန် အထင်သေးစွာ ပြောလိုက်လေသည်။