ဘော့စ်လင်း ကျွန်မ ငွေလက်ခံလိုက်ရမလား
Vol. 7 Ch. 92
"မကောင်းတဲ့ကောင် ..သူက ဘာမှ မလုပ်ပဲနဲ့ ဘယ်လိုလုပ် မကောင်းတဲ့ကောင် ဖြစ်လာတာလဲတဲ့..."
စုန့်ကျားကတော့ ရှောင်ထျန် ထိုသို့ သမုတ်လိုက်သည်ကို သေချာပေါက် သဘော မကျသည့်ပုံပင်။
ဒီလောက် ချောမော ခန့်ညားနေတဲ့ ရှောင်ကောကောကိုများ
ဟမ့် သူက မကောင်းတဲ့ကောင်လေး ဘာလေး နဲ့ပြောနေလိုက်တာ...
"နင်သူ့ဘေးနား ထိုင်နေတဲ့ မိန်းကလေးကို မမြင်ဘူးလား...အဲ့ကောင်မလေးကို ကြည့်ရတာ သေချာပေါက် မူးနေတာပဲ ...နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ့်ဘာကို တွေးကြည့်တော့ ငါနင့်ကို မရှင်းပြတော့ဘူး..."ရှောင်ထျန် အေးစက်နေသည့် လေသံဖြင့် ပြောလိုက်၏။
"အမ်....."
စုန့်ကျား မည်သို့ ငြင်းဆန်ရမည်ကိုပင် မသိတော့ချေ။
"ထင်တာပဲ ...ဒါပေမယ့် သူက တကယ်ကြီး ချောတာနော်...."
"အဲ့လောက်ကြီးလည်း မွှန်ထမနေနဲ့ဦး ..ရုပ်ချောတာက နင့်ကို ထမင်းကျွေးမှာ မဟုတ်ဘူး..နင့်ဘာနင် ဘာရုပ်ကြီးပဲ ကေါက်နေပစေ စစ်မှန်တဲ့ ေယာက်ျားကောင်း တစ်ယောက်ကို ရှာသင့်တယ် အလှအပဆိုတာမျိုးက အချိန်တန်ရင်စီးသွားမယ့် အရာမျိုးပဲ.."ရှောင်ထျန် ပြောလိုက်ပြီး
"ပြီးမှ ငါသတိမပေးဘူးလို့ မပြောနဲ့နော်..နောက်ကျမှ လှည့်စားခံရတဲ့အချိန် ငါ့ဆီ ခေါင်းလာမစားနဲ့..."
"အဲ့တာလည်း ဟုတ်ပါတယ် အစ်မထျန်ရဲ့ ..ဒါပေမယ့် အဲ့လိုကြီး ပုံသေပြောလိုက်လို့တော့ မရဘူးလေ..ရုပ်ချောပြီး သဘောကောင်းမနောကောင်းတဲ့ သူတွေလည်း အများကြီးပါ..."စုန့်ကျား ထောက်ပြ ပြောဆိုလိုက်၏။
"ငါတော့ အဲ့လိုလူမျိုးတွေ ရှိတယ်ဆိုတာ မယုံဘူး..."
ရှောင်ထျန် ပြောလိုက်ပြီး "တကယ်လို့ နင်သာ အဲ့ကောင်က လူကောင်းလို့ ထင်နေတယ်ဆိုရင် သူခဏနေကျရင် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်..."
သူမတို့နှစ်ဦးလုံး အလျင်လိုမနေခဲ့။ ထို့ကြောင့် လင်းရီ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းကို မျက်စိဒေါက်ထောက် ကြည့်နေကြ၏။ မကြာမီ လင်းရီ မျက်နှာချင်းဆိုင်ရှိ ဆေးဆိုင်တစ်ဆိုင်သို့ ထွက်သွားသည်ကို မြင်လိုက်ရသည်။
"သူက မမူးဘဲနဲ့ ဆေးဆိုင် ဘာသွားလုပ်လဲ မသိဘူး...မဟုတ်မှလွဲရော သူဟိုပစ္စည်း သွား၀ယ်တာများလား မသိဘူးနော်..."
ရှောင်ထျန် ထိုသို့ပြောိုလိုက်ပြီးနောက် စုန့်ကျား ဘာကို ဆိုလိုချင်လဲဆိုတာ နားလည်သွားတော့၏။
"ဟင်း..အစ်မထျန်ပြောတာ မှန်တာပဲ..သူက တကယ့်ကို မကောင်းတဲ့ကောင်ကြီး..ညီမ နည်းနည်း အတွေးတိမ်သွားမိတယ်..."စုန့်ကျား စိတ်ပျက်အားလျော့နေသည့် လေသံဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီ သူ့ကြောင့်နဲ့ စိတ်ညစ်ခံမနေနဲ့..အထဲ၀င်ပြီး တစ်ခုခု သွားစားကြတာပေါ့..."
"အွန်း..."
စုန့်ကျားနှင့် ရှောင်ထျန်တို့ ဘာဘီကျူးဆိုင်ထဲသို့ ၀င်သွားပြီးနောက် မကြာမီ လင်းရီလည်း ဆေးဆိုင်ထဲမှ ထွက်လာခဲ့၏။
"လင်းရီ နင်ဘယ်တွေ သွားနေတာလဲ..ငါ နည်းနည်းလေး ပူလာသလားလို့..."ကူကျင်းရှန်မှာ မိန်းမောနေသည့် အခြေအနေသို့ ရောက်ရှိနေပြီး "ငါနင့်ကားထဲ ၀င်ပြီးတော့ အ၀တ်တွေ ချွတ်ပစ်လို့ ရလားဟင်..."
"မင်း ငါ့ကားထဲတော့ ၀င်လို့ရတယ် ဒါပေမယ့် အ၀တ်တော့ ချွတ်ပစ်လို့မရဘူး..."
လင်းရီ သူ့လက်ထဲရှိ ဆေးပုံးကို ဖွင့်လိုက်ပြီး ဆေးတစ်လုံးထုတ်ကာ ကူကျင်းရှန်အား တိုက်လိုက်၏။
တစ်ချိန်တည်းတွင် ကူကျင်းရှန်၏ နားထင်ပေါ်၌ အီတာလျံ ရှာလကာရည်ကို သုတ်လိမ်းပေးလိုက်လေသည်။
လင်းရီလည်း အလုပ်ဖြစ်မဖြစ်တော့ မသေချာသော်လည်း ဘာမျှ မလုပ်ဘဲ ဒီတိုင်း အချိန်ဖြုန်းနေသည်ထက် စာရင်တော့ ပိုကောင်း၏။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက် အီတာလျံ ရှာလကာရည်၏ ဂုဏ်သတ္တိအောက်တွင် ကူကျင်းရှန်၏ အခြေအနေမှာ သိသိသာသာ တိုးတက်လာလေသည်။ အနည်းဆုံးတော့ သူမ ၏ မျက်နှာ နီရဲနေခြင်း မရှိတော့ချေ။
"အားနားစရာကြီး ငါသောက်တာ နည်းနည်း များသွားတယ်..."
ယခုထိတိုင်အောင် ကူကျင်းရှန် ဘာဖြစ်နေလဲဆိုတာ နားမလည်သေးချေ။ သူမ အရက်အများကြီး သောက်မိလိုက်ပြီး ဘာမျှ စဉ်းစား၍ မရတော့ဟုသာ ထင်နေလေ၏။
"အဆင်ပြေပါတယ် ကားထဲ၀င်လေ ငါမင်းကို ကောင်းကောင်း အနားယူလို့ရအောင် ဟိုတယ် လိုက်ပို့ပေးမယ်...."
"အွန်း..."
လင်းရီ ကူကျင်းရှန်ကို တွဲကူ၍ ကားထဲ ပို့ပေးလိုက်၏။ သူ၏ စိတ်ထဲတွင်တော့ ချင်းဟန်၏ ဘိုးဘေး ဆယ့်ရှစ်ဆက်လောက်ကို ကျိန်ဆဲနေလေသည်။
ငါဟုန်းရမ်း ရအောင်လည်း မရိုက်ချင်ဘူး ...မင်းရဲ့ သောက်ကျိုးနည်း အကူအညီကိုလည်း မလိုချင်ဘူးကွ...
ကားထဲသို့ ရောက်သောအခါ လင်းရီ ပြတင်းပေါက်မှန် ဖွင့်လိုက်ရင်း ကူကျင်းရှန်ကို နှိုးရန် ကြိုးစားလိုက်သည်။
"လင်းရီ ကျေးဇူးပဲနော်..နင်သာ ဒီနေ့ ပေါ်မလာဘူးဆိုရင် ငါတော့ ချောင်ဇီဟောက်ကြောင့် စိတ်ရှုပ်လို့ ေ-သမှာပဲ..."ကူကျင်းရှန် သူမ နဖူးကို ကိုင်ရင်း လင်းရီကို ပြောလိုက်လေသည်။
"အသေးအမွှားလေးပါ.."လင်းရီ ပြောလိုက်ပြီး "ပြီးတော့ ရှောင်ကျင်းလေးကိုလဲ မင်းပဲ ဂရုစိုက်ပေးနေတာ မဟုတ်လား..အဲ့ဒီအတွက် ကျေးဇူးတင်ရမယ့်သူက ငါပါဟ...."
"ငါတော့ ဆက်ပြီး ဂရုစိုက်ပေးနိုင်မယ် မထင်တော့ဘူး.."ကူကျင်းရှန်ပြောလိုက်ပြီး "ချောင်ဇီဟောက်ကို မြင်လိုက်တိုင်း စိတ်ရှုပ်လွန်းလို့ တခြားကျောင်း ပြောင်းတော့မယ် သူ့ကြောင့် ကျုံးဟိုင် ပထမ အထက်တန်းကျောင်းမှာ ဆက်ပြီး စာမပြချင်တော့ဘူးဟာ...."
"အဲ့တာဆို တခြားကျောင်း ပြောင်းဖို့ ငါ့အကူအညီ လိုသေးလား...."လင်းရီ မေးလိုက်၏။
"ရတယ် မလိုဘူး ငါ့ရဲ့ အရည်အချင်းနဲ့ဆို ငါ့ကို ရဖို့ တိုက်ခိုက်နေကြတဲ့ ကျောင်းတွေမှ တပုံကြီးပဲ..."ကူကျင်းရှန် ပြောလိုက်လေသည်။
"ဟားဟား မင်းက အသင်အပြ အရမ်းတော်တာကိုး..."
ထို့နောက် လင်းရီ ရေဘူးထုတ်လိုက်ပြီး "ရော့ ရေများများ သောက်လိုက်ဦး..."
"အွန်း ကျေးဇူးပဲနော်..."ကူကျင်းရှန် ခေါင်းညိမ့်လိုက်ပြီး "ဒါပေမယ့်..."
"ဘာကို ဒါပေမယ့်လဲ.."
"ဒါပေမယ့် ငါနည်းနည်း ပူနေတုန်းလားလို့..."
ကူကျင်းရှန် သူမ၏ ကော်လံကို ဆောင့်ဆွဲလိုက်သည်။
သူမ အခြေအနေမှာ ကောင်းမွန်လာသော်လည်း ခေါင်းကတော့ သိပ်မကြည်လင်သေးပေ။
လင်းရီ လှည့်ကြည့်လိုက်သောအခါ ကြီးမား တောက်ပနေသော စမ်းချောင်းလေးကို မြင်လိုက်ပြီး သူမ၏ အနက်ရောင် ပန်တီလေးကိုပင် မြင်နေရလေ၏။
"မလှုပ်နဲ့..."
လင်းရီ အီလျံ ရှာလကာရည်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး စိတ်တည်ငြိမ်စေရန် ကျန်လက်တစ်ဖက်ဖြင့် ကူကျင်းရှန်၏ နားထင်ကို သုတ်လိမ်းပေးလိုက်၏။
တစ်ချိန်တည်းတံင် လင်းရီ ကားကို အရှိန်တင် မောင်းနှင်လိုက်ပြီး ဟိုတည်သို့ ဦးတည်လိုက်တော့၏။
ချောင်ဇီဟောက်နှင့် ကျန်ူများမှာ စောရောက်နေကြသော်လည်း အထဲ မ၀င်ကြသေးပဲ လင်းရီနှင့် ကူကျင်းရှနတို့ကို စောင့်နေကြသည်။
လင်းရီတို့ ကားထဲမှ ထွက်လာသောအခါ ကူကျင်းရှန်မှာ သူမ၏ နားထင်ကို လက်ဖြင့် ဖိထား၏။
၎င်းကိုမြင်တော့ ကူကျင်းရှန်၏ မိခင် ရောက်လာပြီး "ကျင်းရှန် သမီး ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လား..."
"ပြေပါတယ် အမေ ဒါပေမယ် သမီး သောက်တာ နည်းနည်း များသွားလို့ ခေါင်းကိုက်နေတာ...."
"အဲ့ဒါဆိုလည်း အထဲ၀င်ပြီ ခဏလောက် သွားအနားယူလိုက်လေ..."
"ဟုတ်ကဲ့..."
ထိုသို့ဖြင့် အုပ်စုမှာ ဟိုတယ်ထဲသို့ ၀င်သွားကြ၏။ ဟိုတယ်၏ လုံခြုံရေး အစောင့်များမှာ လင်းရီကို မြင်တော့ အားလုံး ပြေးလာကြပြီး ရိုသေစွာ နှုတ်ဆက်ကြလေသည်။
"ဟိုတယ်ကြီးတွေက တကယ်ကြီးကို ထူးခြားတာပဲဗျ..သူတို့က ကျုပ်တို့အပေါ် အရမ်း ယဉ်ကျေးတာပဲနော်.."ကူကျင်းဝူ ပြောလိုက်ပိး "တကယ်လို့ ကျုပ်တို့တာ တခြား ဟိုတယ် သွားမယ်ဆိုရင် သူတို့ကတောင် ပြန်ပြီး အထင်သေးတဲ့ အကြည့်နဲ့ ကြည့်လိုက်ကြသေး..."
"ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီလာနေကျ မန်ဘာ တစ်ယောက်မို့လို့လေ..အဲ့တာကြောင့် ဒီလို ၀န်တောင်မှုတွေ ပေးတာပေါ့..."ချောင်ဇီဟောက် ပြောလိုက်လေသည်။
"အော်..အဲ့လိုကိုး..."
ကူမိသားစု၏ ချောင်ဇီဟောက်အပေါ် အမြင်များ ပြောင်းလဲသွားကြပြန်သည်။
ထိုကောင်လေးမှာ လင်းရီလောက် မကောင်းသော်လည်း သင့်တင့် သလောက်တော့ အရည်အချင်း ရှိနေဆဲပင်။
လင်းရီကတော့ ဘာပြောလို့ ပြောရမှန်း မသိတော့ချေ။
သူမိမိုက် သလို ဟန်ဆောင်ဖို့ အရမ်းနောက်ကျသွားပြီလား...
ချိန်ဘေရွမ် လိုမျိုးပဲ သူဘယ်သူလဲဆိုတာ ထုတ်မပြ သေးရင် အဲ့ငနဲက ဆက်ပြီး ကိုယ်ရည်သွေးနေဦးမှာပဲ
ဧည့်ကြိုကောင်တာတွင်တော့ ချောင်ဇီဟောက် သူ၏ မန်ဘာကဒ်ကို ထုတ်လိုက်ပြီး "အခန်း သုံးခန်း ပေးပါ..."
"မင်းပေးစရာ မလိုဘူး..."လင်းရီ ပြောလိုက်၏။
"ဘာလို့ မပေးရမှာ ငါက အန်ကယ်နဲ့ အန်တီကို ခေါ်လာတဲ့သူလေ သေချာပေါက် ငါပဲ ပေးသင့်တာပေါ့ဟ..."
"မင်းက အဲ့လောက် ပေးချင် နေမှတော့ ငါမတားတော့ဘူး..."
"ဟားဟား .."ချောင်ဇီဟောက် အေးစက်စွာ ရယ်မောလိုက်ပြီး "လင်းရီ ငါ့အထင်တော့ မင်းက ၀တ်ကြေတမ်းကြေ ပေးဖို့ မေးတာမလား..မင်းမှာ ပေးဖို့ ရည်ရွယ်ချက် မရှိပါဘူးကွာ..."
"ငါက အဲ့လောက် ငွေလေးကို ဂရုစိုက်မယ့်ကောင်လို့များ ထင်နေတာလားဟ.."လင်းရီကတော့ ပြောစရာ စကား ကင်းမဲ့နေ၏။
"ဘာလို့ မဟုတ်ရမှာ..."ချောင်ဇီဟောက် ပြန်ပြောလိုက်သည်။
"မင်းတို့လို ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက ဘာမှ မပေးဘဲနဲ့ အလကား ပလေးချင်ကြတာလေ...မင်းလည်း အဲ့အတိုင်းပဲ မလား..ငါက မင်းလောက်တော့ ပိုက်ဆံ မရှိပေမယ့် ကျင်းရှန်ရဲ့ မိသားစုအတွက်ဆို ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိနေတူန်းပဲ..မင်းကော အဲ့လို လုပ်ရဲလို့လား...."
"အဲ့ယိုမပြောနဲ့ ယင်းရီက အဲ့ယိုလူစားမျိုး မဟုတ်ဘူး..."ကူကျင်းရှန် ဗလုံးဗထွေးဖြင့် ပြောလိုက်ပြီး သူမ၏ မျက်နှာလေးကတော့ နီရဲနေလေ၏။
"ကျင်းရှန် မင်းက ငါ့ထက် သုံးလေးနှစ်လောက် ငယ်တယ်ဆိုတော့ အတွေ့အကြုံ ရှိဦးမှာ မဟုတ်ဘူး..."ချောင်ဇီဟောက် ပြောလိုက်ပြီး
"ငါသူ့လို ကောင်မျိုးတွေ အများကြီး မြင်ဖူးတယ် သူအရူးလုပ်တာ မခံရစေနဲ့..."
"နင့်မှာ ယင်းရီကို အဲ့ယို ပြောပိုင်ခွင့် မရှိဘူး..."ကျင်းရှန် ချေပလိုက်သည်။
သို့သော်လည်း သူမ၏ လေသံထဲတွင်တော့ ခက်ထန် မာကြောခြင်းများ ရှိမနေချေ။
"ကောင်းပြီ အဲ့လောက်ကြီးလည်း စိတ်တိုမနေနဲ့ .."လင်းရီ သူမကို ရပ်တန့်လိုက်၏။ ယခု အရေးကြီးဆုံးမှာ သူမကို အခန်းထဲသို့ ပို့ရန်ဖြစ်ပြီး ယခုလို အသုံးမ၀င်သည့် အရာများနှင့် ငြင်းခုန်နေရန် မဟုတ်ချေ။
"ဟားဟား ငါသိသားပဲ..ခုတော့ မင်းမှာ ငါ့ကို ပြန်ပြောဖို့ စကား ရှာမရတော့ဘူးမလား..."
"ဟုတ်တယ် ငါက ငတုံးကြီးဆိုတော့ မင်းနဲ့ ပြိုင် မငြင်းတတ်တော့ဘူး...မင်းထင်ချင်သလိုသာထင်..."
"တချို့ လူတွေက တကယ့်ကို စိတ်၀င်စားဖို့ ကောင်းတယ် .သန်းဆယ်ချီ တဲ့ ပြိုင်ကားတွေ မောင်းနေပြီးတော့မှ ယွမ် ထောင်ဂဏန်းလောက်လေး သုံးရမှာကိုကျ နှမြောတွန့်တိုနေတတ်ကြတယ်..ငါတော့ မင်းအစား ရှက်တယ်ဟျောင့်..."
ထိုသို့ပြောရင်း ချောင်ဇီဟောက် သူ၏ ဘဏ်ကတ်ကို လှမ်းပေးလိုက်သည်။
"ရော့ ကတ်ဖြတ်လိုက်..."
ကောင်တာရှိ မိန်းကလေးမှာ အနည်းငယ် တုန့်ဆိုင်းသွားပြီး "ဘော့စ်လင်း ကျွန်မ ဒီပိုက်ဆံကို လက်ခံလိုက်ရမလား...."