အခု ငါ့ကိုယ်ငါ မထိန်းနိုင်တော့ရင် ဘယ်လိုလုပ်မှာ
Vol. 7 Ch. 93
"ပေးတဲ့သူကတောင် ပေးနေပြီဆိုတော့ လက်ခံလိုက်ပေါ့ကွာ..."
"နားလည်ပါပြီရှင့် .."
"နေဦး ဘာပြောလိုက်တယ် ..မင်းသူ့ကို ဘော့စ်လင်းလို့ ခေါ်လိုက်တယ် ဟုတ်လား..."ချောင်ဇီဟောက် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်၏။
ကူမိသားစု၀င်များလည်း အလွန်အမင်း အံ့အားသင့်သွားကြပြီး ဘာဖြစ်နေလဲဆိုတာ နားမလည်ကြတော့ချေ။
"ဟုတ်တယ်လေ...ဘော့စ်လင်းက ကျွန်မတို့ ပန်နီဆူလာ ဟိုတယ်ရဲ့ ပိုင်ရှင်လေ..အဲ့တာကြောင့် ကျွန်မတို့က သူ့ကို ဘော့စ်လို့ ခေါ်တာပေါ့ရှင့်..."
အုန်း
ချောင်ဇီဟောက် နားထဲတွင်တော့ မိုးကြိုးပစ်ခံ လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါးပင်။
"လင်း..လင်းရီ ပန်နီဆူလာ ဟိုတယ်က မင်းပိုင်တာပေါ့...."
"သူက ငါ့ကို ဘော့စ်လို့ ခေါ်နေမှတော့ မေးစရာလိုနေသေးလို့လားဟ..."လင်းရီ စိတ်မရှည်စွာ ပြောလိုက်လေသည်။
"တကယ်လို့ ဒါကသာ ငါ့ရဲ့ ဟိုတယ် မဟုတ်ရင် မင်းကို မရှင်းနဲ့လို့ ဘယ်ပြောမှာ..ဒါပေမယ့် ကျေးဇူးပဲကွာ မင်းက ငါ့စီးပွားရေးကို အားပေးဖို့ တအား ထက်သန်နေမှတော့ အားနာနာနဲ့ပဲ လက်ခံပေးလိုက်တော့မယ်..."
ဘာဖြစ်နေလဲဆိုတာကို နားလည်သွားတော့ ချောင်ဇီဟောက်၏ မျက်နှာဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
အဲ့ဒါဆို အစောနတုန်းက လင်းရီ ပြောတာ အမှန်တွေပေါ့ ..သူ့ဟိုတယ်မို့လို့ ပိုက်ဆံ မရှင်းခိုင်းတာပေါ့..
အဲ့လိုဆို ဒီမှာတည်းဖို့ဆို ပိုက်ဆံ ပေးဖို့ မလိုတာ အမှန်ပဲလေ...
"အိုက်ယား ..ဒီဟိုတယ်က ငါ့တူ လင်းရီရဲ့ ဟိုတယ်ဖြစ်မယ်လို့ အန်ကယ်တို့က ထင်တောင် မထင်ထားဘူး"ကျန်းကော် ပြောလိုက်လေသည်။
"အဆင်ပြေပါတယ်ဗျ.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး
ကောင်တာပေါ်ရှိ အခန်းသော့ တစ်ချောင်းကို ယူလိုက်၏။
"ဇီဟောက် အန်တီတို့လည်း ဒီရောက်ပြီးနေပြီ..ဆိုတော့ သားလည်း ပြန်လိုက်တော့လေ လင်းရီကပဲ အန်တီတို့ကို စီစဉ်စရာ ရှိတာတွေ စီစဉ်ပေးလိမ့်မယ်..."ကူကျင်းရှန်၏ မိခင်မှ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ခင်ဗျ...."
ချောင်ဇီဟောက် ကိုးရို့ကားရား ဖြစ်စွာဖြင့် နှုတ်ပင် မဆက်ဘဲ ဟိုတယ်ထဲမှ ထွက်လာခဲ့၏။
ကားထဲသို့ ၀င်ပြီးနောက် ချောင်ဇီဟောက် သက်ပြင်းကြီးစွာ ချလိုက်လေသည်။
ယခု သူ၏ စိတ်အခြေအနေမှာတော့ လုံး၀ အဝေစိ၌ ရောက်လို့နေ၏။
သူမူလက ထင်နေခဲ့သည်မှာ ကူကျင်းရှန် မိဘများ၏ အကူအညီဖြင့် သူမကို အပိုင် သိမ်းနိုင်လိမ့်မည်ဟု တွက်ထားသော်လည်း ထို စူပါမန်းကဲ့သို့ လူသား လင်းရီနှင့် လာဆုံလိမ့်မည်ဟု ထင်မထားခဲ့။
သူလုံး၀ကို ဘက်ပေါင်းစုံမှ တိုက်ခိုက်ခံလိုက်ရပြီး ပြန်ချရန်ပင် အခွင့်အရေး မရရှိခဲ့ပေ။
ကြည့်ရသလောက်တော့ ယနေ့ညကို ကျော်လွန်ပြီးနောက် သူ့တွင် ကူကျင်းရှန်ကို ဆက်လက် ပိုးပန်းရန် အခွင့်အရေး မရှိတော့သည့်ပုံပင်။
အဘယ်ကြောင့်ဆိုသော် လင်းရီနှင့် ကူကျင်းရှန်တို့ အခန်းထဲ အတူ၀င်သွားသည်ကိုပင် သူမ၏ မိဘများက ဘာတစ်ခွန်းမျှ မဆိုသောကြောင့်ပင်။
နှစ်ယောက်သား အခန်းထဲ ၀င်သွားပြီးနောက် ကူမိသားစု၀င်များလည်း အခန်းကိုယ်စီသို့ ပြန်လိုက်ကြ၏။
သူမတို့ သမီးမှာ ထိုမျှကောင်းသော ကောင်းလေးကို ရှာတွေ့သွားသောကြောင့် သူတို့နှစ်ယောက် ဆက်ဆံရေးကို တတ်နိုင်သမျှ ခိုင်မာအောင် ပြုလုပ်စေချင်နေကြသည်။
အခန်းထဲသို့ ၀င်ပြီးနောက် လင်းရီ စားပွဲထိုး အနည်းငယ်ကို ခေါ်လိုက်၏။
သူကိုယ်တိုင် အ၀တ်စားလဲ ပေးပါက အဆင်မပြေ ဖြစ်သောကြောင့် မိနးကလေးများကိုသာ ပြုလုပ်ခိုင်းလိုက်တော့သည်။
အကယ်၍ သူစိတ်မထိန်းနိုင်ဘဲ ကျူးလွန်ခဲ့ပင်လျင် နောက်နေ့နံနက်၌ မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်သော်လည်း လင်းရီမှာ သူတော်ကောင်းကြီး ပီပီ အိပ်ပျော်နေသည့် အလှလေးကို အခွင့်ရေး မယူခဲ့ချေ။
ကိစ္စများကို စီစဉ် ပြီးနောက် လင်းရီ တစ်ကိုယ်တည်း မောင်းပြန်လာခဲ့လိုက်၏။
အိမ်သို့ရောက်ပြီးနောင် လင်းရီ ရေချိုးကာ ဂိမ်းကို ဖွင့်လိုက်ပြီး တစ်ပွဲနှစ်ပွဲခန့် ဆော့ရန် ပြင်လိုက်လေသည်။
ဂိမ်းထဲတွင်တော့ စကတ်အတွန့်လေးမှာ သူ့အား သီးသန့်မက်ဆေ့ခ်ျ ဆောင်ရေ အနည်းငယ်ခန့် ပို့ထား၏။
စကတ်တွန့်လေး : လူရှိလား...
စကတ်တွန့်လေး : ငါဂိမ်းဆော့တော့မလို့
စကတ်တွန့်လေး : ဟိုမကောင်းတဲ့ကောင်တွေကို အတူ သွားဆော်ရအောင်
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : မင်းက ငတုံးလားကွ ..ကိုယ်တိုင်က မကောင်းတဲ့ကောင် ဖြစ်နေတာတောင်မှ မကောင်းတဲ့တွေနဲ့ သွားပြီး ရန်ဖြစ်ချင်နေသေးတယ်ပေါ့ ..အဲ့ဒီ မကောင်းတဲ့ကောင်တွေက မင်းဘိုးဘေးတွေရဲ့ ဂူကို ဖောက်သွားလို့လား ဒါမှမဟုတ် မင်းဖျင်ကြီးကို ချသွားလို့လားကွ....
စကတ်တွန့်လေး :ပြောမှပဲ ငါဒီနေ့ မကောင်းတဲ့ကောင် တစ်ကောင်ကို တွေ့ခဲ့သေးတယ်..သူ ကောင်မလေး တစ်ယောက်ကို မူးအောင် လုပ်ပြီး ဟိုတယ် ခေါ်သွားတာ နင်ပြောကြည့် အဲ့ကောင် မကောင်းတဲ့ကောင် မဟုတ်ဘူးလားလို့...
စကတ်တွန့်လေး : ပြီးတော့ ထပ်ပြီး ပြောလိုက်ဦးမယ် ငါက မကောင်းတဲ့ကောင် မဟုတ်ဘူး..ငါက မိန်းကလေး...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ငိုးပဲ လာပြီး ဟန်ဆောင်မနေနဲ့ မင်းခြေသလုံးမွေးတွေကိုတောင် မြင်နေရတယ် ကောင်မလေးလို လုပ်မနေစမ်းနဲ့ ..ငါရွံလွန်းလို့...
အိမ်တွင်တော့ ဆိုဖာပေါ်၌ ထိုင်နေသော ရှောင်ထျန်မှာ သူမ ခြေသလုံး၌ အမွေးများ ရှိနေသလားဟု ပြန်လည်ဆန်းစစ် ကြည့်လိုက်မိသည်။
စကတ်တွန့်လေး : ကျွတ် ..မယုံလည်း နေပေါ့...
စကတ်တွန့်လေး : မြန်မြန် ဂိမ်းဆော့ရအောင် ငါ့ကို တစ်ပွဲ နှစ်ပွဲလောက် ကယ်ရီ ပေးဦး...
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : အဲ့တာဆိုလည်း မအိပ်ခင် တစ်ပွဲ နှစ်ပွဲလောက် အတူဆော့ကြတာပေါ့..ငါလည်း မနက်ဖြန် လုပ်စရာလေးတွေ ရှိသေးတယ်....
စကတ်တွန့်လေး : ပြဿနာမရှိဘူး ကျေးဇူးပါ နတ်ဘုရားလေးရေ...
မိနစ် လေးဆယ်ခန့် ကြာပြီးနောက် ကစားပွဲမှာ တစ်ပွဲ နိုင် တစ်ပွဲ ရှုံးနှင့် အဆုံးသတ်သွားခဲ့၏။
ပြိုင်ဘက်ကင်း ကြက်တောက်ပံ : မင်းရဲ့ သောက်ရမ်းမိုက်တဲ့ စကေးတွေက ငပိန်းတွေကိုတောင်မှ စော်ကားလိုက်တာပဲကွ..ငါ ဒီလောက်ထိ နတ်ဘုရားသဖွယ် သ-တ်ဖြတ်မှုတွေ ရထားတာတောင်မှ ရှုံးသေးတယ်ဆိုတော့....
စကတ်တွန့်လေး : ဒေါသမထွက်ပါနဲ့ ငါမှားသွားပါတယ် နောက်တစ်ခါ ငါ အတည် ကစားပေးမယ် ..
နောက်တွင် မကျေမနပ် ဖြစ်နေသော အီမိုဂျီလေးဖြင့် ပြောလာခဲ့၏။
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူးကွ...
စကတ်တွန့်လေး : လျော်ကြေးအနေနဲ့ ငါနင့်ကို ပုံတစ်ပုံ ပို့ပေးမယ်လေ..င့ါခြေထောက်မှာ အမွှေးတွေ ရှိမရှိ ကြည့်ကြည့်လိုက်ပေါ့....
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : ဖီး ရွံဖို့ကောင်းလိုက်တာကွာ..သွားအိပ်တော့မယ်..
ပြိုင်ဘက်ကင်း ကြက်တောင်ပံ : မင်းရဲ့ ခုလို လက်စွမ်းမျိုးနဲ့ဆိုရင်တော့ အနှေးနဲ့ အမြန် သောက်နု ဖြစ်လာမှာပဲ...
ထို့နောက် လင်းရီ သူမဘက်မှ ပြန်လာသည့်စာများကို ရီပလိုင်း ပြန်မနေတော့ပဲ အိပ်ရာ တန်း၀င်လိုက်တော့၏။
နောက်တစ်နေ့ နံနက် ခြောက်နာရီထိုးသောအခါ လင်းရီ မျက်လုံးများ ပွင့်လာခဲ့သည်။
လင်းရီ နောက်ထပ် အနည်းငယ် ဆက်အိပ်ချင်နေသော်လည်း သူ၏ ထနေကျ အလေ့အထက ခွင့်မပြုခဲ့။
ထို့ပြင် ယနေ့၌ တက္ကသိုလ်တွင် အလုပ်ဆင်းရမည့် ပထမဆုံးနေ့ဖြစ်သောကြောင့် နောက်ကျ၍ လည်း မဖြစ်။
မျက်နှာသစ် သွားတိုက် ကိစ္စများ ရှင်းပြီးနောက် အ၀တ်စားလဲကာ အိမ်မှ ထွက်လာခဲ့လိုက်၏။
သူကားရွေးရန် ဂိုဒေါင်ထဲ၌ အချိန်တခဏခန့် ယူလိုက်သော်လည်း နောက်ဆုံး၌ ရှာရီ စုတ်လေးသာ စီးရန် ရွေးချယ်လိုက်လေသည်။
ပထမဆုံး နေ့ဖြစ်သောကြောင့် နိမ့်နိမ့်ချချနေ၍ အခြေနေ ဘယ်လိုလဲဆိုတာ တစ်ချက် စုံစမ်းကြည့်ရပေမည်။
ထွက်ခွာရန် ပြင်ဆင်ပြီးနောက် လင်းရီ ကားထဲသို့၀င်၍ မောင်းထွက်တော့မည့် အချိန်တွင် ကျီချင်းရန် ထံမှ ဖုန်း၀င်လာခဲ့၏။
"နင်ပြီးပြီလား..ငါအလုပ်သွားတော့မလို့ အဲ့တာ နင့်ကား ငှားချင်လို့..."
"ဆောတီးပဲ ချင်းရန်ရေ ငါလိုက်မပို့ပေးနိုင်တော့ဘူး..ငါ Didi ဆက်မမောင်းတော့ဘူး တခြား အလုပ်ပြောင်းလိုက်ပြီ .."
"နင်က အလုပ်ပြောင်းလိုက်ပြီ ..."
"အေး...."
လင်းရီ မှာ ငွေပြတ်လပ်နေသည့်သူမဟုတ်ပေ။ အလုပ်အတွေ့အကြုံရရန်သာ Didi ဆွဲနေသူဖြစ်၏။ ယခု သူ အလုပ်အတွေ့ကြုံ လုံလောက်သွားသောကြောင့် အလုပ်ပြောင်းသည်မှာ သဘာ၀ပင်။
"ဒီတစ်ခါကော ဘယ်အလုပ် ပြောင်းလိုက်တာလဲ..ပစ္စည်း လိုက်ပို့တဲ့ သူတော့ မဟုတ်ဘူး မလား..."
ထိုအလုပ်နှစ်ခုမှာ ကန့်သတ်ချက်များ သိပ်မများသောကြောင့် လင်းရီ လုပ်ချင်ပါက လုပ်ကိုင်နိုင်သော အလုပ်မျိုးဖြစ်၏။
"ဘယ်နားကသာ ..ငါက တက္ကသိုလ်မှာ အလုပ်ဆင်းမှာ...အဲ့လောက် အလုပ်အကောင်းစားကြီးတွေ မပြောပြလို့ မရဘူးလား..."
"နင်ကသာ ပြောနေတာ...အဲ့တာက တက္ကသိုလ်နော်..လူတိုင်း ၀င်ချင်တိုင်း၀င် ထွက်ချင်တိုင်းထွက် လုပ်လို့ရတဲ့ နေရာမဟုတ်ဘူး..."ကျီချင်းရန် ပြောလိုက်လေသည်။
"အော် ဟုတ်သား နင်က ဘယ်တက္ကသိုလ်မှာ လုပ်မှာ ပြီးတော့ ဘယ်ရာထူးလဲတဲ့..."
"ကျုံဟိုင် ပင်းချန် တက္ကသိုလ်မှာလေ...ပြီးတော့ ကော်မတီ အတွင်းရေးမှူး ရာထူးနဲ့ပေါ့..."
"အိုး...နားလည်ပြီ..."
ကျီချင်းရန်မှာ တက္ကသိုလ် ရာထူးများနှင့် အကျွမ်းတ၀င်ရှိ၏။
ကျောင်း၏ ကော်မတီ၀န်ထမ်းများမှာ အချိန်ပြည့် စာပြပေးဖို့ မလိုအပ်ချေ။ လိုအပ်ချက်များမှာလည်း သိပ်မများပြားသောကြောင့် လင်းရီ ထိုအလုပ် လျှောက် လိုက်သည်မှာ မထူးဆန်းတော့ချေ။
"အခု နင်က တက္ကသိုလ်မှာ အလုပ်လုပ်နေပြီဆိုတော့ ငါက နင့်ကား ဆက်ငှားလို့ မရတော့ဘူးပေါ့ ဟုတ်လား..."
"အဲ့လိုကြီးလည်း မဟုတ်ပါဘူးဟ..ငါအားတဲ့ အချိန်ကျရင်တော့ မင်းလိုက်စီးလို့ ရပါသေးတယ်..."
"တကယ်တော့ ငါ့ဟာငါ မောင်းလည်း ရပါတယ်.."ကျီချင်းရန် ပြောလိုက်ပြီး "ဘာပဲဆိုဆို နင်က ဒီတိုင်း အတွေ့ကြုံရအောင် လုပ်နေတာပဲလေ...တကယ်လို နင်သာ ငါ့ကုမ္ပဏီကို ပြန်လာမယ်ဆိုရင် ငါနင့်ကို နှစ်ဆ ပေးနိုင်တယ်နော်..."
"ငါမင်းဆီမှာ အလုပ်လုပ်ဖူးပြီးသားမဟုတ်လား...အဲ့မှာ အတွေ့အကြုံတွေက ရလွန်းပြီးသွားပြီ.."
"အဲ့တာက အရောင်းဌာနလေဟယ်..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး
"ငါနင့်ကို ဒီတစ်ခါ အတွင်းရေးမှူး ခန့်ပေးမှာနော်...ဘယ်လိုလဲ စိတ်၀င်စားသွားပြီလား..."
"ဘော်ဒီဂတ်လို ပုံစံမျိုးလား.."လင်းရီ မေးလိုက်ပြီး "အဲ့လိုဆိုရင်တော့ စဉ်းစား ပေးလိုက်မယ်..."
"နင်က ဒီတိုင်း ဒန်ဒီပဲလုပ်ရမှာ "ကျီချင်းရန် ဂုဏ်ယူစွာ ပြောဆိုလိုက်ပြီး "ကောင်းပြီ ငါနင့်အချိန်တွေ ဆက်မယူတော့ဘူး..အလုပ်သွားတော့လေ တော်ကြာ ပထမဆုံးနေ့မှာ အလုပ်နောက်ကျနေဦးမယ်..."
"ကောင်းပြီလေ..နောက်မှ ပြောကြတာပေါ့..."
ဖုန်းချပြီးနောက် လင်းရီ ကျုံးဟိုင် ပင်းချန် တက္ကသိုလ်သို့ မောင်းထွက် သွားလိုက်ပြီး တက္ကသိုလ်သို့ ရောက်ရှိသွားချိန်တွင်တော့ ထိုအချိန်မှာ အစည်ကားဆုံး အချိန် ဖြစ်နေခဲ့၏။
တက္ကသိုလ်ကျောင်းသူလေးများ၏ ဖြူဖွေးသော ပေါင်သားအလှလေးများကို ငေးရင် လမ်းလျှောက်ရသည်မှာတော့ မည်သည့်အရာနှင့်မျှ မလဲနိုင်သည့် လွတ်လပ်သော ခံစားချက်တစ်ခုပင်။
လင်းရီ လမ်းလျှောက်လာသည်ကို မြင်တော့ ကောင်မလေးတချို့ အံ့အားသင့်သွားကြပြီး "ဟဲ့ ဟိုမှာ အဆင်လေးတော့်.... "
"သူက ငါတို့ကျောင်းက ကျောင်းသာလား...ကြည့်ရတာ နည်းနည်းလေး ရင့်ကျက်နေတဲ့ ပုံပေါက်နေသလားလို့..."
"အင်း ကျောင်းသားတော့ မဟုတ်လောက်ဘူး...ဆရာ နေမှာ...."
"ဟူး...အဲ့လောက် ချောတဲ့ ဆရာလေးသာ ငါတို့ကို သင်မယ် ဆိုရင်တော့ နေ့တိုင်း အတန်းတက်တော့မယ်အတန်းမလစ်တော့ဘူး..."
လင်းရီ ကျောင်းရှိ သင်္ကေတမှတ်တိုင်များနောက် လိုက်ရင်း ကျောင်း ကော်မတီ ရုံးခန်းထဲသို့ ရောက်ရှိလာပြီး တံခါးခေါက်လိုက်သည်။
ဒေါက် ဒေါက်
"၀င်ခဲ့ပါ..."
အသံကြားပြီးနောက် လင်းရီ တံခါးကို ဖွင့်၍ ၀င်သွားလိုက်သည်။
ရုံးခန်းထဲတွင်တော့ စားပွဲ ၆လုံး ရှိနေပြီး လေးလုံးကတော့ နေရာလွတ် ဖြစ်နေ၏။
ထိုအထဲတွင်တော့ စားပွဲ တစ်လုံးမှာ သန့်ရှင်းနေပြီး ကွန်ပျူတာ တစ်လုံးမှလွဲ၍ ကျန်တာ ဘာမျှ ရှိမနေ ချေ။ သူ၏အတွေးသာ မှန်ကန်မည် ဆိုပါက ထိုစားပွဲမှာ သူထိုင်ရမည့် နေရာပင်။
"ဟဲလို ကျွန်တော့ နာမည်ကတော့ လင်းရီပါဗျ ..ကျောင်းကို ခုမှ အသစ်စရောက်လာတဲ့ ကော်မတီ ၀န်ထမ်းအသစ်ပါ..ဒီနေ့ အလုပ်လာဆင်းကြောင်း လာတင်ပြတာပါဗျ..."
"ကောင်းပြီ ကောင်းပြီ ဟိုနားမှာ စားပွဲ အလွတ် တစ်လုံးရှိတယ် အဲ့မှာ ၀င်ထိုင်လိုက်..ဒါရိုက်တာကတော့ လိုတာလေးတွေ သွား၀ယ်ဖို့ အပြင်ထွက်သွားခဲ့တယ်.. တင်ပြတာကတော့ သူပြန်လာမှ သူ့ကို တင်ပြလိုက်...."
ပြောလိုက်သူကတော့ အသက်လေးဆယ်အရွယ်ရှိ မျက်မှန် အထူကြီး တပ်ထားသည့် အမျိုးသားတစ်ဦးပင်။
သို့သော်လည်း ထိုအချိန်တွင်တော့ တခြား ဆရာမများက လင်းရီကို ထူးဆန်းသည့် အကြည့်များဖြင့် ကြည့်နေကြောင်း သတိထားမိလိုက်၏။
ဘာတွေ ဖြစ်နေတာလဲဟ...
သူတို့ တစ်ခါမှလည်း တွေ့ဖူးကြတာ မဟုတ်..ဘာလို့ အဲ့လိုကြီး ကြည့်နေတာလဲဟ...
မဟုတ်မှလွဲရော ငါ့ရဲ့ ချောမောခန့်ညားမှုတွေ အောက်မှာ ကျရှုံးသွားတာများလား မသိဘူး...
ပြတင်းပေါက်ဘေးနား၌ ထိုင်နေသော စုန့်ကျားကတော့ လင်းရီကိုမြင်တော့ သူမ၏ မျက်လုံး လှလှလေးများ ပြူးကျယ်သွားတော့၏။
သူမ မနေ့တုန်းက တွေ့ခဲ့သည့် မကောင်းသည့် လူကြီးမှာသူမ၏ လုပ်ဖော်ကိုင်ဖက် အသစ် ဖြစ်လာလိမ်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။
ဒါကြီးက တော်တော်လေး မတိုက်ဆိုင်လွန်းဘူးလားဟ...
သို့သော်လည်း နောက်တစ်ဖန် အနီးကပ်ကြည့်မည်ဆိုပါက ထိုလင်းရီမှာ လူကောင်းမဟုတ်သော်လည်း အတော်လေး ခန့်ညားကြောင်းတော့ ၀န်ခံရပေမည်။
ဟင်း..အဲ့လောက်ကြီး ချောလွန်းတော့ ငါစိတ်မထိန်းနိုင်ရင် ဘယ်လိုလုပ်မလဲ......