← Chapters

ရှောင်ထျန် အာဏာပြခြင်း

Vol. 7 Ch. 94

ရှောင်ထျန် အာဏာပြခြင်း

Vol. 7 Ch. 94

"ငါမင်းအတွက် ရှင်းထားပေးပြီးသား..ဟိုနားလေးမှာ ထိုင်လိုက်တော့လေ..."ဆရာ တစ်ယောက်မှ ပြောလိုက်၏။

"ငါ့ကိုယ်ငါ မိတ်ဆက် လိုက်ဦးမယ်..ငါ့နာမည်က လီရှင်းပန်း ပြီးတော့ ဒါကတော့ စုန့်ကျားတဲ့..နောက်ထပ် ကော်မတီ၀င် လေးယောက်ရှိသေးတယ် သူတို့က ခုလောလောဆယ် အလုပ်များနေတော့ ပြန်လာမှပဲ မင်းကို မိတ်ဆက်ပေးတော့မယ်..."

"ကောင်းပါပြီ ကျေးဇူးပါနော် ဆရာလီ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

သူ၏ လုပ်ဖော်ကိုင်ဖက်အသစ်က မဆိုးပေ။ ထိအတိုင်းဆိုပါက သူတို့ အနာဂတ်တွင် ပါတနာ ကျလောက်၏။

"အဟမ်း ဆရာမစုန့်..."

စုန့်ကျား ငေးငိုင်နေသည်ကို မြင်တော့ လီရှင်းပန်း ချောင်းဟန့် လိုက်၏။

"ဆရာလီ ကျွန်မကို ခေါ်လိုက်တာလား..."

"ဘာတွေများ အတွေးနက်နေလဲလို့ပါ" လီရှင်းပန်း စနောက်လိုက်ပြီး "ဘာလဲ..ဆရာလင်းရဲ့ ချောမောခန့်ညားမှုတွေ မြင်တော့ အုံ့ပုံးချစ်တွေ ပေါက်ဖွားလာလို့လား..."

"မဟုတ်တာရှင်..."စုန့်ကျား ရှက်သွေးဖြန်းသွားပြီး "ဆရာလီကတော့ အစ်ကိုကြီး ဖြစ်ပြီး ကျွန်မကို စနောက်နေပြန်ပြီ..."

လီရှင်းပန်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဆရာလင်းက ခုမှ အလုပ်စဆင်းတာဆိုတော့ ငါတို့ လူငယ် ကောင်းသား ကော်မတီရဲ့ အလုပ်လုပ်ပုံကို နားလည်သွားအောင် တချက်လောက် အကြမ်းဖျင်း ပြောပြလိုက်ပါဦး ဆရာမစုန့်..."

"အိုး..ဟုတ်ကဲ့.."

စုန့်ကျား ဒီတိုင်း ပြောလိုက်ပြီး "ကျွန်မတို့ရဲ့ ကော်မတီက အဓိကအားဖြင့်တော့ ကျောင်းသားအဖွဲ့အစည်းတွေစည်းလုံးညီညွတ်‌အောင် ထိန်းသိမ်းပေးခြင်း၊ ကျောင်းသားတွေ အတွက် အလုပ်ကိုင် ရှာဖွေပေးခြင်း ပြီးတော့ အမျိုးမျိုးသော ဥပဒေနဲ့ ညွှန်ကြားချက်တွေကို အထမြောက်အောင် စီမံခန့်ခွဲတာတို့ပါပဲ ..ပြီးတော့ ကျွန်မ ရှင်းပြလို့မရတဲ့ တခြားဟာတွေလည်း ရှိသေးတယ် အဲ့တာတွေကိုတော့ ရှင် လုပ်ရင်းနဲ့ တဖြည်းဖြည်း ရင်းနှီးသွားမှာပါ..."

"ဟုတ်ကဲ့ ကျေးဇူးပါ..."

"ခုတော့ ဒီလောက်ပဲ..ခင်များ လုပ်ရမယ့် အလုပ်ကတော့ ဒါရိုက်တာကနေပြီး စီစဉ်ပေးလိမ့်မယ်..."

"ကောင်းပါပြီ..."

ထို့နောက် လီရှင်းပန်း ဖိုင်တွဲ ဗီရိုထံ သွားလိုက်ပြီး လင်းရီ အတွက် အသုံးဆောင် ပစ္စည်းများ စီစဉ်ပေးလိုက်၏။

"ရီလေး မင်းရဲ့ အင်္ကျီက ဆိုဒ်ဘယ်လောက်လဲ ငါမင်းအတွက် ကြိုမှာထားပေးမယ်..."

"ဟုတ်ကဲ့ အစ်ကိုလီ ကျေးဇူးပါဗျ..."

"ရပါတယ် ခုကစပြီး ငါတို့က လုပ်ဖော်ကိုင်ဖက်တွေပဲမလား..."

ရိုးရှင်းသော စကားဝိုင်းလေး ပြီးနောက် ရုံးခန်းထဲရှိ လူတိုင်း ကိုယ်စီ ကိုယ်စီ အလုပ်ရှုပ်နေကြတော့သည်။

ထိုအချိန်တွင် စုန့်ကျားကတော့ ဖုန်းကိုင်၍ သူ၏ အစ်မထျန်ဆီ ဝီချက်မှ တစ်ဆင့် စာပို့နေလေ၏။

စုန့်ကျား : အစ်မထျန် ဘယ်ချိန်ကျမှ ရုံးလာမှာလဲ ဒီမှာ ကိစ္စ အကြီးကြီးတွေ ဖြစ်နေပြီနော်..အကြီးကြီးဆိုမှ အကြီးကြီးပဲ....

နောက်ဆုံးတွင် ကြောက်ရွံ့နေ‌သည့် အီမိုဂျီလေး တစ်ခုနှင့် တွဲပို့လိုက်သည်။

ရှောင်ထျန် : ငါက ကျောင်းဂိတ်နားတောင် ရောက်နေပြီ ...

ဘာဖြစ်နေတာလဲတဲ့...

စုန့်ကျား : အစ်မထျန် ညီမတို့ မနေ့ညတုန်းက ဘာဘီကျူးဆိုင်ရှေ့မှာ တွေ့ခဲ့တဲ့ မကောင်းတဲ့ကောင်ကို မှတ်မိသေးလား ..

ရှောင်ထျန် : နင်ကတော့ နှာမွှန်ပြီး ကန်းသွားပြန်ပြီလား...သူက မကောင်းတဲ့ကောင်ဆိုတာ ရှင်းနေတာပဲလေ...ဘာကို မှတ်မိရမှာတုန်း...

စုန့်ကျား : ဒါပေမယ့်သူက မနေ့တုန်းက ကော်မတီက ခန့်အပ်လိုက်တဲ့ ၀န်ထမ်း အသစ်နော်..ခုသူက ရုံးတောင် ရောက်ပြီးနေပြီ..

ရှောင်ထျန် : မဖြစ်နိုင်တာ..အဲ့လောက် တိုင်ဆိုင်ရလားဟဲ့...

စုန့်ကျား : ညီမလည်း အစတုန်းက အမြင်မှားတယ် ထင်နေတာ သေချာကြည့်လိုက်တော့မှ အဲ့ကောင်ဖြစ်နေတာ အစ်မထျန်ရေ...

ရှောင်ထျန် : အဲ့တာဆိုလည်း သူ့ကို အကြောင်းပြချက် တစ်ခုခု ရှာပြီး ထုတ်ပစ်လိုက်လေ..အဲ့လို ကာရိုက်တာ မကောင်းတဲ့ကောင်ကို ငါတို့ ကော်မတီမှာ မထားချင်ဘူး....

စုန့်ကျား : ဒါပေမယ့် သူက အင်တာဗျူး အောင်ပြီးသားကြီးလေ..ညီမတို့မှာ အဲ့လို ထုတ်ပိုင်ခွင့်မှ မရှိတော့တာ...

ရှောင်ထျန် : အစမ်းခန့် ကာလဆိုတာ ရှိတယ်မလား..အဲ့ကာလပြီးရင် ငါကျောင်းကို သူက ကောင်းကောင်း မလုက်နိုင်ဘူးဆိုပြီး ကျောင်းကို တင်ပြလိုက်မယ်

စုန့်ကျား : ဒါပေမယ် အစ်မထျန် အစမ်းခန့် ကာလဆိုတာက ဒီတိုင်း ၀တ်ကြေတမ်းကျေ လုပ်တဲ့ စာချုပ်သက်သက်ပဲ မဟုတ်လား ညီမတို့ကျောင်းမှာ ဘယ်သူက အစမ်းခန့် ကားလ မအောင်တဲ့လူ ရှိလို့လဲ...

ရှောင်ထျန် : အဲ့တာဆို သူက ပထမဆုံးပေါ့...

မကြာမီ တံခါးဖွင့်၍ ရှောင်ထျန် ရုံးခန်းထဲသို့ ၀င်လာခဲ့လိုက်၏။

လင်းရီ သူ၏ ဘော့စ်မှာ အမျိုးသမီးဖြစ်ကြောင်း သတိထားမိလိုက်သည်။

သူမကတော့ အရပ်မြင့်မြင့် ကျစ်လျစ် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး မျက်လုံးများမှာလည်း

ဆောင်းဦး၏ ရေစက်ကလေးများကဲ့သို့ ကြည်လဲ့နေသည်။ နှာတံလေးများမှာလည်း ဖြောင့်စင်းနေပြီး မျက်ခုံးများမှာလည်း ပြီးပြည့်စုံလွန်း၍ အပြစ်ရှာရက်စရာ မရှိပေ။

သူမ၏ ဖြူဖွေးသော ဂါ၀န်ရှည်မှာတော့ မြင်သူတကာ တံထွေးမမျိုချပဲ မနေနိုင်သော ခန္ဓာကိုယ် အလှတရားကို ကောင်းစွာ ဖုံးကွယ်ပေးထား၏။

ခြုံငုံ၍ သုံးသပ်ကြည့်ပါက အဘက်ဘက်မှ ပြီးပြည့်စုံနေသော အမျိုးသမီးတစ်ယောက်ပင်။

ရှောင်ထျန် ၀င်လာသည်ကို မြင်တော့ လီရှင်းပန်း ချက်ချင်း မတ်တပ်ရပ်လိုက်၏။

"ဆရာလင်း ဒါက ကျုပ်တို့ ကျောင်းရဲ့ ကော်မတီ ဥက္ကဌ ဒါရိုက်တာ ထျန်လေ..."

ထိုသို့ပြောပြီးနောက် ရှောင်ထျန်ဘက်သို့ လှည့်ကာ..

"ဒါရိုက်တာထျန် သူကတော့ အခု အသစ်ခန့်အပ်ထားတဲ့ အတွင်းရေးမှူးအသစ် မစ္စတာလင်းရီပါ..."

"ကောင်းပြီ နားလည်ပြီ..."

ရှောင်ထျန် လင်းရီကို ထူးမခြားနားစွာ ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများထဲတွင်တော့ အထင်သေးမှုများ ပြည့်နှက်နေလေသည်။ ထို့နောက် သူမ၏ ရုံးခန်းထဲသို့ ဒေါက်ဖိနပ်သံများနှင့် လှပကျော့ရှင်းစွာ ၀င်သွားခဲ့သည်။

ဟမ်...ဘာလားဟ

လင်းရီ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

ဒီရဲ့ ဒါရိုက်တာ ထျန်က ဓမ္မတာ လာနေတာများလား...

ဒီနေ့မှ အလုပ်စဆင်းတာကို ငါက သူ့မျက်စိထဲမှာ ထော်လော်ကန့်လန့် ဖြစ်နေပြီလားဟ....

ဖြစ်နိုင်တာက ငါက သူ့ရဲ့ ရည်းစားဟောင်းနဲ့ ရုပ်ချင်း ဆင်တူနေလို့များလား....

ရှောင်ထျန် ရုံးခန်းထဲ ရောက်သွားတော့ စုန့်ကျားလည်း သူမ ရုံးခန်းထဲသို့ လိုက်သွားဘိုက်၏။

"အစ်မထျန် ခု သူ့ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ စဉ်းစားပြီးပြီလား..."

"စဉ်းစားဖို့ လိုနေသေးလို့လား..ဒီတိုင်း ကျပန်း အကြောင်းပြချက် တစ်ခု ပေးပြီး ထုတ်ပစ်လိုက်ပေါ့ဟ..."

စုန့်ကျား နှုတ်ခမ်းတွန့်ကွေးသွားပြီး အစ်မထျန်၏ သဘောထားအရ လင်းရီအား ထုတ်ကို ထုတ်ပစ်တော့မည့် ပုံပင်။

ရုံးခန်းထဲတွင်တော့ ရှောင်ထျန် သူမ ၏ ၀တ်စုံကို ချွတ်လိုက်ပြီး ဗီရိုထဲမှ သူမ၏ ယူနီဖောင်းကို ထုတ်လိုက်၏။

"အစ်မထျန် ကြယ်သီးတပ်ဖို့ ကူညီပေးရဦးမလား..."

"ကောင်မလေး တော်တော် ကဲနေတယ်ပေါ့ ဟုတ်လား..နင်ကော ကြယ်သီးတွေ တပ်ဖို့ အကူအညီ လိုလို့လား...."

"ညီမက မလိုဘူးလေ..ဘာလို့လဲဆိုတော့ ညီမရဲ့ ပေါင်မုန့်တွေက သေးသေးလေးတွေရယ် ...ဒီတော့ ကြယ်သီးတပ်ရင် ဘာမှ မဖြစ်ဘူး..." စုန့်ကျား စနောက်လိုက်ပြီး "ဒါပေမယ့် အစ်မဟာကတော့ မတူဘူးလေ..ပေါင်မုန့်ကြီးတွေက အကြီးကြီးတွေဆိုတော့..တပ်လိုက်ရင် ကြယ်သီးတွေတောင် ပြုတ်ထွက် လုနီးပါးပဲ..."

"ရှူး ရှူး လစ်စမ်း..ငါ့ကိုတောင် လာစနောက်နေရဲတယ်ပေါ့..နင့်လစာတွေ ဖြတ်ပစ်မယ်ဆိုတာ ယုံလားတော့ မသိဘူး...."

ရှောင်ထျန်လည်း ပဟေဠိ ဖြစ်နေ၏။ သူမ စားပုံ သောက်ပုံမှာလည်း လူတိုင်းကဲ့သို့ ထူးမခြားနားပင်။ သို့သော်လည်း သူမကျမှ ဘာလို့ အဲ့လောက်ကြီး ဖွံ့ဖြိုးနေလဲဆိုတာတော့ မစဉ်းစားတတ်တော့ချေ။

အကယ်၍ သူမသာ ဘရာကို ဆိုဒ်သေး မ၀တ်ထားပါက ယူနီဖောင်းပင် ၀တ်လို့ရမည် မဟုတ်ပေ။

စုန့်ကျား ရယ်မောလိုက်ပြီးနောက် အသံနိမ့်၍ "အစ်မထျန် မနေ့ညက အဖြစ်အပျက်က ညီမတို့ အထင်လွဲနေတာကော မဖြစ်နိုင်ဘူးလား..."

"နားလည်မှု လွဲတယ်.."ရှောင်ထျန် လေသံမြင့်၍ မေးလိုက်ပြီး "နင်ပြောချင်တာက သူက မူးနေတဲ့ကောင်မလေးကို ဟိုတယ်ပို့ပြီး ဘာမှ မလုပ်ဘဲ ဒီတိုင်း ပြန်လာခဲ့တယ်ပေါ့..."

"အွန်း..အဲ့ဒီ သဘောမျိုးပဲ..."

"နင်က ရူးနေတာလား ဒါမှမဟုတ် ရူးချင်ယောင် ဆောင်နေတာလား..."ရှောင်ထျန် ဆွံ့အသွားပြီး "တကယ်လို့ နင်သာ သူ့နေရာမှာဆိုရင်ကော အဲ့လို လုပ်မှာလား..."

"အမ်...ညီမဆိုရင်တော့ အဲ့လို လုပ်ဖြစ်မယ် မထင်ဘူး..."

"အဲ့ဒါ အဖြေပဲလေ..."

"ဒါပေမယ့် သူက အရမ်းချောတာနော် ရုံးခန်းထဲမှာဆို အရမ်း ကြည့်ကောင်းတာ..."

စုန့်ကျား ခံစားနေရသည့် လေသံဖြင့် ပြောလိုက်လေသည်။

"ဒီလောက်လေးတောင် စိတ်က မခိုင်ရင်လည်း သတိထားဦး တစ်နေ့ကျ သူက မင်းကို နာကျင်အောင် လုပ်သွားနေဦးမယ်..."

စုန့်ကျား နှုတ်ခမ်းကိုက်လိုက်ပြီး စိတ်ထဲတွင်တော့ "နာကျင်လဲ နာကျင်ပစေပေါ့...တခြား ဘာမှ မလုပ်သွားရင် ရပြီ.."

"စကားမစပ် နယ်လှည့်ခရီးသွား အကယ်ဒမီက ကျောင်းသားတွေအတွက် အလုပ်သင် ရာထူးက အခြေနေ ဘယ်လို ရှိလဲ..."ရှောင်ချန် မေးလိုက်၏။

"ဟိုတယ် စီမံခန့်ခွဲမှု မေဂျာက ကျောင်းသားတွေပဲ အလုပ်သင်ရာထူး မရသေးတာ ကျန်တဲ့ သူတွေက အကုန်ရသွားပြီ..ညီမတို့လည်း ကြိုးစား လုပ်ပေးနေတာပဲ..."

"ဘာလို့လဲ သူတို့နဲ့ သင့်တော်တဲ့ အလုပ်ရှင်တွေ မရှိလို့လား.."

"ရှိပါတယ် ...ဒါပေမယ့် သူတို့က နေဖို့ စားဖို့ကျတော့ ကိုယ့်စားရိတ်နဲ့ကိုတဲ့ ..အဲ့တာနဲ့ပဲ ညှိနှိုင်းတာ အဆင်မပြေ ဖြစ်သွားတာ..."

"ဟမ့် အဲ့ ဂုပ်သွေးစုပ်နေတဲ့ သူဌေးတွေကတော့ ငါတို့ကျောင်းသားတွေကို ကူလီ၀န်ထမ်းတွေများ မှတ်နေလား မသိဘူး..အလကားလောက် ခိုင်းချင်နေကြတာ..."

"အဲ့လိုပဲ..ဘာပဲပြောပြော အလုပ်မရသေးတာ မေဂျာ တစ်ခုတည်း ကျန်တော့တာ ဆိုတော့ အထက်လူကြီးတွေကလည်း ညီမတို့ကို ကြီမ်းမောင်းနေကြပြီ...အဲ့တာ ဘယ်လို ကိုင်တွယ်ရမလဲတောင် မသိတော့ဘူး..."

"ငါ့ကို အသေးစိတ် အချက်အလက်တွေ ပို့ပေးလိုက် ငါ့ကြည့်ကြပ် လုပ်လိုက်မယ်..."

"အွန်း ညီမ အီးမေးလ်နဲ့ ပို့ပေးလိုက်မယ်..."

‌ဆွေးနွေးပြီးနောက် စုန့်ကျား သူမထိုင်ခုံသို့ နောင်တရနေသည့် မျက်နှာဖြင့် ၀င်ထိုင်လိုက်သည်။

အစ်မထျန်၏ အကျင့်စရိုက်အတိုင်း ဆိုပါက လင်းရီကို ထုတ်ပစ်မည်မှာ မြေကြီးလက်ခတ် မလွဲပင်။

ဟင်း....နှမြောဖို့ ကောင်းလိုက်တာ...

မကြာမီ ရှောင်ထျန် လက်ထဲတွင် A4 စာရွက် အနည်းငယ်နှင့် လင်းရီ၏ စားပွဲဆီသို့ လျှောက်လာခဲ့၏။

"ဆရာလင်း ကျွန်မမှာ ရှင့်ကို မစ်ရှင်ပေးစရာ ရှိတယ်"

ရှောင်ထျန် သာမန် အတိုင်း ပေုာလိုက်၏။

စုန့်ကျားနှင့် လီရှင်းပန်းတို့ စားပွဲပေါ်ရှိ A4 စာရွက်ကို စပ်စု ကြည့်လိုက်သောအခါ ဟိုတယ် စီမံခန့်ခွဲမှုဖြင့် ကျောင်းပြီး ထားသည့် ကျောင်းသားများ၏ အမည်စာရင်းကို တွေ့လိုက်ရသည်။

ရုတ်ချည်းဆိုသလို သူတို့ရင်ထဲ၌ မကောင်းသည့် ခံစားချက်များ ပေါက်ဖွားလာတော့၏။

လင်းရီက အလုပ်သင် ရာထူးနဲ့ လိုက်ချိတ်ဆက်ပေးရမှာလားဟ....

ရယ်စရာမကောင်းဘူးလား..သူရောက်တာတောင် တစ်ရက်ပဲ ရှိသေးတယ် အလုပ်သင်ရာထူး လိုက်ရှာခိုင်းနေပြီတဲ့လား...

ဒါကြီးကတော့ များလွန်းသွားပြီ

All Chapters