အခန်း (၉၅)
Vol. 7 Ch. 95
"ဘာမစ်ရှင်များလဲ ဗျ.."
လင်းရီကတော့ အများကြီး မတွေးမိပေ။ သူဤနေရာသို့ ရောက်လာမှတော့ သူမတို့ခိုင်းသောမစ်ရှင်ကို ထမ်းဆောင်ရမည်မှာ သာမန်ပင်။
သိပ်အများကြီး ပြောစရာမရှိပေ။
"ဒါက ကျောင်းကနေ ဟိုတယ် စီမံခန့်ခွဲမှုနဲ့ ကျောင်းပြီးထားတဲ့ စီနီယာ ကျောင်းသား သုံးဆယ့်နှစ်ယောက်ရဲ့ နာမည် စာရင်းတွေပဲ..ကျောင်းကသူတို့ကို အလုပ်ရှာပေးဖို့ အလျင်လိုနေတယ် ...အဲ့တာကြောင့် ကျွန်မတို့က သုံးရက်အတွင်း သူတို့ကို ဟိုတယ် တစ်ခုခုမှာ အလုပ်ရအောင် စီစဉ်ပေးရမယ်..."ရှောင်ထျန် ပြောလိုက်၏။
"နားလည်ပါပြီ..."
လင်းရီ တက္ကသိုလ်၌ မားကတ်တင်း လေ့လာစဥ်ကခည်း ယခုလို ကျောင်းမှ အလုပ်အကိုင်များ ရှာပေးခဲ့၏။
သူ၏ ပြောင်မြောက်သော စွမ်းဆောင်နိုင်မှုများကြောင့်သာလျင် အစမ်းခန့်ကာလ၌ ချောင်ရန် အုပ်စုတွင် အလုပ်လုပ်နိုင်ခဲ့ခြင်းဖြစ်၏။
"အလုပ်သင် ရာထူး ဆိုပေမယ့် ကျောင်းက တောင်းဆို မှုလေးတွေတော့ ရှိတယ်နော်.."ရှောင် ထျန် ပြောလိုက်ပြီး နောက်..
"အလုပ်သင် ကာလမှာ လစာငွေက ယွမ် ၃၀၀၀ ထက် နည်းလို့မရဘူး ပြီးတော့ နေစားငြိမ်း...အဲ့တာတွေက အခြေခံအကျဆုံး တောင်းဆိုချက်တွေပဲ..."
လင်းရီ တခဏမျှ တန့်သွား၏။ ဒါကြီးက အရမ်း ခက်ခဲတာပဲဟ...
သူ အလုပ်သင်ကာလတုန်းက ရရှိသည့် လစာငွေမှာ ယွမ် တစ်ထောင်မျှသာ ဖြစ်ပြီး နေစရိတ် စားစရိတ်လည်း ကိုယ့်ဘာကိုယ် ပေးခဲ့ရ၏။
ကျုံးဟိုင် ပင်းချန် တက္ကသိုလ်က ဒီတိုင်း သာမန် ကျောင်းလေးတောင်မှ ကောင်းကင်လောက်ကြီးတွေတောင်းဆိုနေတယ်တဲ့လား..
ငိုးမပဲ..ခင်များ နောက်နေတာ ဖြစ်ရမယ်..
စုန့်ကျားနှင့် လီရှင်းပန်းလည်း ကြက်ေ-သေ-သသွား၏။
ဒါရိုက်တာထျန်က နည်းနည်းလေး မတင်းကြပ်လွန်းဘူးလား...
ကျောင်း၏ စည်းမျဉ်းများအရ ဂုဏ်ထူးနှင့် အောင်မြင်သူ ကျောင်းသူကျောင်းသားထဲမှ တစ်၀က်ခန့်သာ အလုပ်ရှာဖွေပေးဖို့ အရည်အချင်းမှီသည်။
အရေးကြီးဆုံးအနေနဲ့ အနိမ့်ဆုံး လစာငွေ ယွမ်၃၀၀၀ ကတော့ အနည်းငယ် များ၏။
"ဟုတ်ကဲ့ ကျွန်တော် ကြိုးစား ဆောင်ရွက်ပေးပါ့မယ်ဗျ.."လင်းရီ သာမန်အတိုင်း ပြောလိုက်ပြီး "ဒါပေမယ့် ဒီနေ့က ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်စဆင်းတဲ့နေ့ ဆိုတော့ လုပ်ငန်းစဉ်လာတွေနဲ့ ပတ်သက်ပြီးတော့ သိပ်မရင်းနှီးသေးဘူးဗျ..."
သူပြောချင်နေသည်မှာ ထိုအရာပင်။ မစ်ရှင်မှာ လင်းရီ အတွက် လုံး၀ မခက်ခဲသော်လည်း အလုပ်ဆင်းသည့် ပထမရက်တွင် ထိုမျှ ခက်ခဲသည့် မစ်ရှင်ကို ပေးခြင်းကတော့ လျော်ကန်ခြင်း မရှိချေ။
ဒီမိန်းမမှာ လျှိုထားတဲ့ အကွက်တွေ ရှိနေလောက်တယ်...
အကယ်၍ လင်းရီနေရာ၌ တခြားတစ်ယောက်သာ ဆိုပါက ပြီးမြောက်အောင်ပင် လုပ်ဆောင် နိုင်မည်မဟုတ်ချေ။
"ငါသိတယ် ဒါပေမယ့် ရုံးမှာရှိတဲ့ ဆရာတွေ အားလုံးက အလုပ်ရှုပ်နေကြတယ်ဆိုတော့ နင်ကိုပဲ ခိုင်းရတော့တာပေါ့..."ရှောင်ထျန် တည်ငြိမ်စွာ ဖြေရှင်းချက် ပေးလိုက်လေသည်။
"ဆရာတွေ အားလုံးက မအားကြဘူး..."
လင်းရီ လှည့်၍ လီရှင်းပန်း ကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက် ပေးလိုက်၏။
ခင်များက ဆရာ မဟုတ်ဘူးပေါ့...
ရှောင်ထျန် : "......"
စုန့်ကျား : "....."
"အဟွတ် အဟွတ် .."လီရှင်းပန်း အကြိမ်ရည် အနည်းငယ်ခန့် ချောင်းဟန့်လိုက်ပြီး "ဆရာလင်း ဒါရိုက်တာ ထျန်ပြောချင်တာက ကျန်တဲ့ ဆရာတွေ အကြောင်း သိပ်အများကြီး မတွေးနဲ့လို့ ပြောချင်တာပါ..."
"အိုး...အဲ့လိုလား..ကျွန်တော် အတွေး နည်းနည်း လွန်သွားတယ်..."
"ဒါပေမယ့် ရီလေး မင်းက ခုမှ အသစ်ရောက်လာတာဆိုတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်းနှီးဦးမှာ မဟုတ်သေးဘူး..ဆိုတော့ ငါလည်း မင်းနဲ့ လိုက်ခဲ့ပြီးတော့ ဘယ်လိုလုပ်လဲ ဆိုတာ ပြပေးမယ်... "
လီရှင်းပန်း အပြုံးလေးဖြင့် ပြောလိုက်၏။
"ဘာမှ ရှင်းပြပေးဖို့မလိုဘူး..."ရှောင်ထျန် တားမြစ်လိုက်ပြီး "လီ..နင့်ကိုလည်း မစ်ရှင်ပေးဖို့ ရှိတယ် သူ့ဘာသူ သွားပလေ့စေ..."
လီရှင်းပန်း ပခုံးတွန့်လိုက်ပြီး မတတ်နိုင်သည့် ပုံစံ အမူအရာလုပ်ပြလိုက်၏။
သူလည်း အဘယ်ကြောင့် ဒါရိုက်တာထျန်က ၀န်ထမ်းအသစ်လေးအပေါ် ဖိအားတွေ ပေးနေမှန်း နားမလည်ချေ။
"အိုး ..ပြီးတော့ ရှင့်ကို အရေးကြီးတာ ပြောစရာ ရှိသေးတယ်.."ရှောင်ထျန်ပြောလိုက်သည်။
"ပြောပါ.."
"ရှင့်ရဲ့ အလုပ်စာချုပ်ထဲမှာ ရေးထားတယ်နော် ဒီအလုပ်က အစမ်းခန့် တစ်လရှိတယ် ..ပြီးတော့ ဒါက ရှင့်ရဲ့ ၀င်ခွင့်အတွက် စာမေးပွဲမေးခွန်းလို့ ပြောလည်း ရတယ်..."
'ချီ-းပဲ'
လင်းရီမျက်နှာ မည်းမှောင်သွားပြီး 'ခင်းများ ကျုပ်ကို နောက်နေတာလား..'
"အဲ့ဒါဆို ကျုပ်က မစ်ရှင် မပြီးရင် အလုပ်ဖြုတ်ခံရမှာပေါ့..."လင်းရီ မေးလိုက်လေသည်။
"အဲ့အတိုင်းပဲ..ဘာပဲပြောပြော ကျောင်းစည်းမျဉ်းပဲလေ.ကျွန်မလည်း ဘာမှ မတတ်နိုင်ဘူး စာအုပ်ထဲက အတိုင်း လုပ်ရတာဆိုတော့ .ရှင်နားလည် ပေးနိုင်မယ်လို့တော့ မျှော်လင့်တယ်..."
'ငါ့ခြေထောက်ကြီးကို လာနားလည်ပေးလိုက်လေ'
လင်းရီ စိတ်ထဲတွင် ကျိန်ဆဲလိုက်ပြီး 'ငါက တကယ်ကြီး သူ့ရဲ့ ရည်းစားဟောင်းနဲ့များ တူနေတာလားဟ'
အဲ့လောက်တောင် အမြင်ကပ်နေရအောင်...
"ကောင်းပြီ ဘာမှ ပြောစရာ မရှိတော့ဘူး..ရှင် အရင် လုပ်သင့်တာတွေ လုပ်ထားလိုက် ...ကိစ္စတွေ ပြီးတော့မှပဲ စကားထပ်ပြောကြတာပေါ့..."
သို့ဖြင့် ရှောင်ထျန် လင်းရီကို ဘာတစ်ခွန်းမျှ မေးခွန်းထုတ်ရန် အခွင့်ရေး မပေးဘဲ ရုံးခန်းထဲသို့ ပြန်သွားလိုက်သည်။
စုန့်ကျားကတော့ နှုခမ်းကိုက်မိလိုက်၏။
အစ်မထျန်က အရမ်း တဇွတ်ထိုး နိုင်တာပဲ...
လင်းရီ ထိုင်ခုံပေါ်သို့ ပျင်းရိစွာ ထိုင်ချမိလိုက်၏။
သူအရင်ဆုံး မစ်ရှင် ဆုလဒ်ကို လက်ခံရပေမည်။
[အလုပ် စဆင်းသည့် မစ်ရှင် ပြီးမြောက်သွားပါပြီ...
ဆုလဒ် - အတွေ့အကြုံမှတ် ၂၀၀,၀၀၀]
စနစ်ထံမှ အသိပေးသံကိုကြားတော့ လင်းရီ နှုတ်ခမ်းများ တွန့်ကွေးသွား၏။ ယခုတော့ သူလုပ်ချင်တာ လုပ်လို့ရချေပြီ။
ရှောင်ထျန်ပေးသော မစ်ရှင်မှာ တစ်မိနစ်အတွင်း ပြီးအောင် လုပ်၍ ရ၏။ သူလုပ်ဖို့ လိုအပ်သည်မှာ
တော့၀မ်ထျန်းလုံအား လိုအပ်သည်များကို စီစဉ်ခိုင်းလိုက်ရုံပင်။
အတွေ့အကြုံမှတ် ၂၀၀,၀၀၀ ဆိုသည်မှာ နည်းသည့် ပမာဏ မဟုတ်ပေ။
လင်းရီကတော့ ခံစားချက်တွေ ကောင်းနေလေ၏။
"ရီလေး ငါလည်းမင်းကို မကူညီနိုင်တော့ဘူး..ကိုယ့်ဘာကိုယ်ပဲ ကြည့်ကြပ် လုပ်လိုက်တော့ကွာ အဆင်ပြေပါစေ..."
"ဒါပေမယ့် ငါမင်းကို အကြံဉာဏ်တစ်ချို့တော့ ပြောပေးလို့ရတယ်.."
"အစ်ကိုလီ ပြောပါဗျ...."
"ငါတို့ကျောင်းရဲ့ အနေအထားအရဆိုရင် ဟိုတယ် အကြီးစားကြီးတွေမှာ အလုပ်ရဖို့ မလွယ်ဘူးဆိုတာမင်းလည်း သိတယ်မလား..."လီရှင်းပန်း ပြောလိုက်ပြီး "ဒီတော့ ကြယ်သုံးပွင့် ဟိုတယ်တွေကို ပစ်မှတ်ထားလိုက်ကွာ အဲ့တာဆို အောင်မြင်နိုင်ခြေက ပိုများတယ်..."
"ကြယ်သုံးပွင့်..."လင်းရီ မေးလိုက်ပြီး "အဲ့တာကြီးကျတော့လည်း မနိမ့်လွန်းဘူးလား...."
"တအားကြီး မနိမ့်ပါဘူးဟ.."လီရှင်းပန်း ပြောလိုက်ပြီး "မင်းကြည့်လိုက်လေကွာ ငါတို့ တက္ကသိုလ်က ဒီတိုင်း သာမန် တက္ကသိုလ် ကျောင်းလေး တစ်ကျောင်းပဲ...ဟိုတယ် တော်တော်များများက လက်ခံချင်မှာတောင် မဟုတ်ဘူး..."
"ဒါပေမယ့် သင့်တော်တဲ့ ကြယ်လေးပွင့် ဟိုတယ်တွေ ဘာတွေ တွေ့ရင်လည်း သွားကြည့်ပေါ့ကွာ..အောင်မြင်နိုင်ခြေတော့ နည်းတာပေါ..ပုံမှန်ဆို ငါတို့ကတော့ အဲ့ဒီ ကြယ်လေးပွင့် ဟိုတယ်တွေဆီ သွားကို မသွားတာ..ဒီတော့ ကြယ်သုံးပွင့် ဟိုတယ်တွေကိုပဲ ပစ်မှတ် ထားစမ်းပါကွာ..."
ထိုအချိန် စုန့်ကျားကတော့ စိတ်ပျက်လက်ပျက် အမူအရာဖြင့် ထိုင်နေ၏။
ခုမှတော့ သူ့ကို ပြောပြလည်း အသုံးမ၀င်တော့ဘူး...
အစ်မထျန်တောင်မှ ဟိုတယ်စီမံခန့်ခွဲရေး မန်နေဂျာက ကျောင်းသားတွေအတွက် ဘာမှ မလုပ်ပေးနိုင်တာ သူ့ဆီမှာ ဘယ်လိုလုပ် ဖြေရှင်းဖို့ နည်းလမ်း ရှိမှာလဲတဲ့...
သူဘယ်လောက်ပဲ ကြိုးစားကြိုးစား နောက်ဆုံးကျရင်တော့ အလုပ်ထုတ်ခံရမှာပဲလေ...
ဟင်း ခန့်ညားတဲ့ အစ်ကိုလေးအတွက် ဘယ်လောက် သနားဖို့ ကောင်းလိုက်လဲ...
"ဟုတ်ကဲ့ နားလည်ပါပြီ ပြောပြပေးတဲ့အတွက် ကျေးဇူးပါဗျ အစ်ကိုကြီးလီ..."
"ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး..ငါလည်း ဘာမှ အများကြီး ကူညီပေးနိုင်တာ မဟုတ်ဘူး..."လီရှင်းပန်း သူ၏ နာရီကို ကြည့်ပြီးနောက် "အဆင်ပြေပါစေကွာ..ငါလည်း အလုပ်စရတော့မယ်..."
"ကောင်းပါပြီဗျ..."
သူအချိန်မရွေး မစ်ရှင် အောင်မြင်နိုင်သောကြောင့် လင်းရီ ဤနေရာ၌ ဆက်မနေတော့ပဲ ခဏလောက် လျှောက်သွားရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ရှောင်ထျန် ရုံးခန်းထဲမှ ထွက်လာပြီး စာဖိုင် တတွဲကို စုန့်ကျားထံ ပေးလိုက်၏။ ကြည့်ရတာတော့ သူမလုပ်ရမည့် အလုပ်ဖြစ်ပုံရ၏။
"ဒါရိုက်တာထျန် ..."လင်းရီ မသွားခင် ပြောလိုက်၏။
"ဘာလို့လဲ..မေးစရာ ကျန်နေသေးလို့လား..."
"ကျုပ်သူငယ်ချင်းတစ်ယောက်က ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စတိုးဆိုင် တစ်ဆိုင် ဖွင့်ထားတယ်.."
"အဲ့တော့...ငါနဲ့ ဘာဆိုင်လို့လဲ..."ရှောင်ထျန် ပေါ့ပါးစွာ ပြန်ပြောလိုက်၏။
"သူက မစ်အော်ရယ်လ် ဆေးရည်Miss Oral ေရောင်းတယ်လေ..တဗူး၀ယ် တစ်ဗူး လက်ဆောင်တဲ့ ကျုပ်ပြန်လာရင် ဒါရိုက်တာဖို့ တစ်ဘူး ၀ယ်ခဲ့ပေးမယ်.... "
ထို့နောက် လင်းရီ တံခါးဖွင့်၍ ထွက်သွားလိုက်တော့၏။
လင်းရီထွက်သွားပြီးနောက် ရုံးခန်းထဲတွင်တော့ သိပ်သည်းသည့် လေထုက ကြီးစိုးသွားပြီး "ကျွန်...ကျွန်တော် အိမ်သာ သွားဖို့ လိုနေပြီ..."
လီရှင်းပန်းလည်း အခြေနေ မဟန်သည်နှင့် တစ်ပြိုင်နက် အကြောင်းပြချက်ပေးကာ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်၏။
ရှောင်ထျန်ကတော့ မျက်နှာများ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်အထိ ဒေါသထွက်နေတော့သည်။
သူက ငါ့ကို မစ်အော်ရယ်လ် ဆေးရည် ၀ယ်ပေးချင်တယ်တဲ့လား...
ဘာပြောချင်နေတာလဲ
"ထျန်...မစ်မထျန် ..စိတ်လျော့ပါဦးရှင့်...သူက အစ်မထျန်ကို ဂရုစိုက်လို့ ၀ယ်ပေးတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့..."
"ဘာကို ဂရုစိုက်တာလဲ ..ငါကခုမှ ၂၈ ပဲ ရှိသေးတယ်...ဘာဆိုင်လို့ အဲ့တာတွေ သောက်ရမှာလဲ..."
"ကြိုပြင်ဆင်ထားတော့ မကောင်းဘူးလား..စောသောက်ပြီး စောပြင်ဆင်ထားပေါ့..."
စုန့်ကျား ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း ပြောလိုက်လေသည်။
"ငါ့အထင်တော့ နင်လည်း ဒီမှာ အလုပ်မလုပ်ချင်တော့ဘူး ထင်တယ်..."