← Chapters

ငါက မင်းလောက် မော်ကြွားမနေဘူး

Vol. 7 Ch. 96

ငါက မင်းလောက် မော်ကြွားမနေဘူး

Vol. 7 Ch. 96

လင်းရီ ရုံးခန်းထဲမှ ထွက်လာပြီးနောက် သူ၏ ရှာရီ အစုတ်လေးထံသို့ ဦးတည်လိုက်၏။

ထိုအချိန်တွင်တော့ ပီစုန့်ကျန်းထံမှ ဖုန်း၀င်လာခဲ့သည်။

လင်းရီ ၀မ်ကျန်း ဆိပ်ကမ်းသို့ ပထမတစ်ခေါက် သွား ရောက်ခဲ့စဉ်က ပစ္စည်းများကို အဆင့်မြင့်တင်ရန် ပြောထားခဲ့၏။

ယခု သူတို့ အကြောင်းထူးလာ၍ ဖုန်းဆက်လာခြင်း ဖြစ်ပေမည်။

"ဘော့စ်လင်း အချိန်ရလားဗျ..."

"ဘာကိစ္စရှိလို့လဲ..ပြောမှာသာ ပြောစမ်းပါ..."

"ဒီလိုပါ..ဘော့စ်ထွက်သွားပြီးတဲ့ နောက်နေ့မှာပဲ ကျွန်တော်တို့ ပရောဂျက် လုတဲ့ပွဲကို ကျင်းပဖို့ ကြေညာလိုက်တယ်..အဲ့နောက် ကုမ္ပဏီနှစ်ခုက ပါ၀င်ဖို့ ဆက်သွယ်လာတယ်ဗျ...သူတို့ ပြောတာတော့ ဒီနေ့ လာမှာဆိုပဲ.. အဲ့လိုကြီးကျယ်တဲ့ ကိစ္စကြီးမှာကျတော့ ဘော့စ်ကပဲ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချရမှာဆိုတော့ မရှိလို့ မဖြစ်ဘူးလေဗျာ...‌"

ပီစုန့်ကျန်း ပြောလိုက်လေသည်။

"တကယ်လို့ ဘော့စ်လင်း အချိန်မရှိသေးဘူးဆိုရင်လည်း သူတို့ကို နောက်နေ့မှာ လာခဲ့ဖို့ ပြောလိုက်ပါ့မယ်ဗျ...."

"မလိုဘူး...ငါအခု အားတယ်..လာခဲ့လိုက်မယ်..."

"ကောင်းပါပြီဗျ..ကျွန်တော် ရုံးမှာ စောင့်နေလိုက်ပါ့မယ်..."

"အိုကေ..."

ဖုန်းချလိုက်ပြီးနောက် လင်းရီ ၀မ်ထျန်းလုံထံ ဆက်သွယ်ရန် အလျင်မလိုခဲ့ပေ။

၀မ်ကျင်းဆိပ်ကမ်းရှိ ကိစ္စကို ကိုင်တွယ်ပြီးတော့မှ ဆက်သွယ်လည်း နောက်ကျလိမ့်မည် မဟုတ်။

ဆုံးဖြတ်ချက်ချပြီးနောက် လင်းရီ သူ၏ ရှာရီလေးဖြင့် ၀မ်ကျန်းဆိပ်ကမ်းသို့ ဦးတည်လိုက်၏။

အဝေးကြီးမှနေ၍ ဆိပ်ကမ်းတစ်ခုလုံးကို ကြည့်လိုက်ပြီးနြော် လင်းရီ နှုတ်ခမ်းများ တွန့်ကွေးသွား၏။

ဤနေရာမှာ သူ၏ ပိုက်နက်ကို တိုးချဲ့မည့် ပထဦးဆုံး ခြေလှမ်း စတင်မည့် နေရာပင်။

လင်းရီ ပါကင်ထိုးသည့် နေရာသို့ ရောက်သွားသောအခါ နေရာတစ်နေရာ လွတ်နေသည်ကို တွေ့လိုက်ရ၏။ ထို့သို့ဖြင့် ပါကင်ထိုးရန် ကြံနေတုန်း တစ်ယောက်တစ်ယောက် ပြောသံကို ကြားလိုက်ရပြီး "သတိထား ငါ့ကားကို မထိစေနဲ့..."

"ခင်များ ကျုပ်ကို ပြောနေတာလား..."

လင်းရီ ပြတင်းပေါက်မှ တစ်ဆင့် ခေါင်းပြူကြည့်လိုက်သောအခါ အနက်ရောင် ၀တ်စုံနှင့် အမျိုးသမီးတစ်ဦး သူ့ဘေး၌ ရပ်နေသည်ကို မြင်လိုက်ရ၏။သူမ၏ ဆံပင်မှာ လှိုင်းများကဲ့သို့ အတွန့်အတွန့်လေးဖြစ်နေပြီး မျက်နှာတစ်ခုလုံး မိတ်ကပ်များဖြင့် ဖုံးလွှမ်းထားပြီး ဒေါက်မြင့်ဖိနပ်တစ်ရံကို စီးထားသေး၏။ ထို့ပြင် မျက်နှာထက်၌လည်း မည်သူ့ကိုမျှ လူမထင်သည့် အမူအရာက ချိတ်ဆွဲထားသေးသည်။

"ဒီမှာ နင်ကလွဲပြီး တခြားသူ ရှိသေးလို့လား..."

လင်းရီ ဘေးဘီဝဲယာကို တစ်ချက်စူးစမ်းလိုက်သောအခါ ထိုအမျိုးသမီးဘေး၌ Audi A8 တစ်စင်း ရပ်ထားသည်ကို တွေ့လိုက်ရပြီး ထိုAudiလေးမှာ လင်းရီ၏ ရှာရီထက် အဆပေါင်းများစွာ တန်ကြေးမြင့်လေသည်။

"မပူပါနဲ့ ကျုပ်လည်း ခင်များကားကို မထိပါဘူး..."လင်းရီ သာမန်လေသံဖြင့် ပြောလိုက်၏။

"ငါကလည်း နင်ထိမိမှာကိုပဲ ကြောက်တာ..."အမျိုးသမီးမှ စာရွက်စာတမ်းများ ထည့်ထားသည့်အိတ်ကို ကိုင်၍ "ငါ့ကားက ယွမ်တစ်သန်းကြီးတောင် ပေးရတာဆို‌တော့.တကယ်လို့နင့်ကြောင့်သာထိခိုက်သွားမယ်ဆိုရင် နင့်ကိုယ်နင် ရောင်းတောင် လျော်ပေးဖို့ လောက်မှာ မဟုတ်ဘူး... "

လင်းရီ ရယ်မော မိလိုက်သည်။

Audi A8 မောင်းရတာကို တအားကြီး ဂုဏ်ဆာပြနေတာလားဟ....

"ဒီတိုင်း Audi A8 လေးပဲမလား..ကျုပ် လွိုင်ကန် မောင်းတုန်းကတောင်မှ ခင်များလောက် မမော်ကြွားဘူး...."

"AUDI A8 လေးပဲ...လွိုင်ကန်..."အမျိုးသမီးမှာ အူလှိုက်သည်းလှိုက် ရယ်မောလိုက်ပြီး "ဘာလဲ ငါ တစ်မီလီယမ် တန်ကားကြီး မောင်းတာ နင့်မာနကို ထိခိုက်သွားလို့လား..နင့်လို ကောင်မျိုးကလွိုင်ကန် မောင်းဖို့ ဆိုတာ အိပ်မက်ပဲ ဆက်မက်နေလိုက် သောက်ရူးကောင်ရဲ့.."

ဒေါက်မြင့်ဖိနပ် စီးထားသည့် အနက်ရောင် ၀တ်စုံနှင့် အမျိုးသမီး စကားပြောပြီးနောက် လင်းရီ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။

ခုခေတ် လူတွေက ဒီလိုပဲ ရန်စောင်ရတာ ကြိုက်ကြတာလားဟ..

သူနည်းနည်းလေး ဘ‌၀င်မြင့်ပြီး နေပြသင့်ပြီလား...

ကားပါကင် ထိုးပြီးနောက် လင်းရီ ၀မ်ကျန်းဆိပ်ကမ်းရှိ ရုံးခန်းထဲသို့ လာခဲ့လိုက်သည်။

ထိုအချိန်တွင်တော့ အစည်းအဝေးခန်းထဲတွင် နှစ်ဆယ်ထက်ပိုသောလူများ ထိုင်နေကြပြီး လေထုမှာလည်း လေးလံသိပ်သည်းနေ၏။

"ဒါရိုက်တာကွမ်း..ကျုပ်မှတ်မိတာသာ မှန်မယ်ဆိုရင် ဒီခုက ကျုပ်တို့ ပရောဂျက်တူလို့ တွေ့တာ သုံးကြိမ်မြောက်ပဲမလား..."

ပြောလိုက်သူကတော့ ၀တ်စုံပြည့်၀တ်ဆင်ထားပြီး မျက်မှန်နှင့် လူကြီးလူကောင်း ပီသသည့် သူတစ်ယောက်ပင်။

သူ၏ အပြုံးကတော့ မတူခြားနားပဲ ယုံကြည်ချက်များ ပြည့်၀လို့နေ၏။

ထိုလူ၏ အမည်မှာ ရန်ရုံကျွင်းဖြစ်ပြီး ကျုံးဟိုင် ရိုင်ဒါ ဒီဇိုင်း ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ တစ်ဦးလည်း ဖြစ်၏။ ၎င်းကုမ္ပဏီမှာ တ-ရုတ်ပြည် တစ်ခုလုံးတွင် နံပါတ်တစ် ကုမ္ပဏီကြီး တစ်ခုလည်း ဖြစ်၏။

ရန်ရုံကျွင်း နှင့် ဆန့်ကျင်ဘက် ထိုင်နေသည့် အနီရောင် ၀တ်စုံနှင့် အမျိုးသမီးကတော့ အသက်သုံးဆယ် အရွယ်ခန့် ရှိပြီး လှပသော မျက်နှာ တစ်ခုကို ပိုင်ဆိုင်ထားသည်။သူမကတော့ မည်သည့် ရှုထောင့်မှကြည့်ကြည့် ချစ်စရာကောင်းနေလေ၏။

အမျိုးသမီး၏ နာမည်ကတော့ ကွမ်းရာ(Guang Ya)ဖြစ်ပြီး ကျုံးဟိုင် ရာလော့ ဒီဇိုင်း ကုမ္ပဏီ၏ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ပေသည်။

သူမလည်း ယခု‌ ပရောဂျက်အတွက် ပြိုင်ဆိုင်သူ တစ်ဦးပင်။

"အဲ့တာဆိုရင်တော့ ရန်သူနှစ်ယောက်ကြားမှာ ရှိတဲ့ လမ်းက ကျဉ်းမြောင်းတယ်လို့ပဲ ဆိုရမှာပေါ့..."ကွမ်းရာ တည်ငြိမ်စွာဖြင့် ပြောလိုက်သော်လည်း သူမ၏ မျက်လုံးထဲတွင်တော့ သတိအပြည့်ပင်။

အဆင့်ချင်းယှဉ်ပါက သူမ၏ ဒီဇိုင်း ကုမ္ပဏီမှာ အနိမ့်ဘက်က ဖြစ်နေ၏။ ထို့ကြောင့် နိုင်ရန် အခွင့်အရေးကတော့ ကံတရားပေါ်တွင် မူတည်နေလေသည်။

"ကျုပ်တို့က မိတ်ဆွေဟောင်းကြီးတွေ မဟုတ်လား ..အဲ့လောက်ကြီး သတိထားဖို့ မလိုပါဘူးဗျ..."ရန်ရုံကျွင်း ပြောလိုက်ပြီး "ကျုပ်အရင်က ခင်များရဲ့ ငှက် နှစ်ကောင်ကို ဖမ်းလိုက်လို့ တွေ့တာနဲ့ ရန်သူလို ဆက်ဆံနေတာလား..."

"အရှုံးနဲ့ အနိုင်ဆိုတာ စစ်ပွဲတိုင်းမှာ ဖြစ်နေကြပဲလေ....အရင်နှစ်ကြိမ်တုန်းက ကျွန်မတို့ ရှုံးနိမ့်သွားခဲ့တယ်ဆိုပေမယ့် ဒီတစ်ကြိမ်တော့ ကျွန်မတို့ သေချာ ပြင်ဆင်လာခဲ့ပြီးသား..ကိုယ့်ကိုယ်ကို တအား ယုံကြည်မှုတွေ လွန်ကဲမနေနဲ့ဦး..."

"ခင်များရဲ့ ရာလော့ က အပြင်ပိုင်း ရှုခင်းဒီဇိုင်းတွေမှာ ပြိုင်စံရှားဆိုပေမယ့် ကျုပ်ရဲ့ ကုမ္ပဏီကလည်း အတွင်းဒီဇိုင်းနဲ့ ပတ်သက်လာရင် ပြည်တွင်းမှာဆို နံပါတ်တစ်ပဲ.ဒါပေမယ့် ဒီတစ်ခါတော့ ကျုပ်တို့ ရဲ့ ချို့ယွင်းချက်ဖြစ်တဲ့ အပြင် ဒီဇိုင်းကိုလည်း ဖြည့်စွက်ပြီးသား..ဒီတော့ စိတ်မကောင်းစွာနဲ့ပဲ ခင်များရဲ့ အားသာချက်လေးက သွားပြီလို့ပဲ ပြောပါရစေ...."

"ကျွန်မကတော့ မန်မေဂျာရန်ရဲ့ စကားတွေကို လက်မခံနိုင်ဘူး..."ကွမ်းရာ ဖျော့တော့နေသည့် လေသံဖြင့် ပြောလိုက်ပြီး

"ထူးချွန်တဲ့ ပြင်ပဒီဇိုင်း ရေးဆွဲတဲ့ ဒီဇိုင်နာတွေရဲ့ ၆၀%လောက်က ကျွန်မတို့ ကုမ္ပဏီမှာပဲ ရှိတာ...ဒီတော့ ရှင့်ရဲ့ ဖြေရှင်းချက်ကြီးဆိုတာကလည်း ကျွန်မတို့နဲ့ သိပ်ပြီး မခြားနားမှာကို စိုးရိမ်မိပါတယ် ဥက္ကဌကွမ်း..."

ရန်ရုံကျွင်း သူ၏ လက်‌ညိုးကို ရမ်း၍ ပြုံးလိုက်ပြီး "တကယ်တော့ ပြည်တွင်းမှာဆိုရင် ထူးချွန်တဲ့ ဒီဇိုင်းနာတွေက သိပ်မရှိဘူး..ဒါပေမယ့် နိုင်ငံခြားက ဆိုရင်ကော..‌ဥက္ကဌကွမ်းက အဲ့ဒီတစ်ချက်ကို မေ့နေတာလား...."

"ရှင်ဘာကို ပြောချင်နေတာ..."

"အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ကျုပ်တို့ ငွေကုန်ကြေးကျခံပြီး မစ္စတာ လယ်ရီကယ်လာကို ကျုပ်တို့ရဲ့ ဒီဇိုင်း အကြံပေးရာထူးအဖြစ်နဲ့ ငှားထားတယ်... "ရန်ရုံကျွင်း ပြောလိုက်ပြီး "ဥက္ကဌကွမ်းလည်း ဒီဇိုင်းနယ်ပယ်မှာ ကျင်လည်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်အနေနဲ့ မစ္စတာ လယ်ရီကယ်လာက ဘယ်သူလဲဆိုတာတော့ သိမှာပါနော...."

"ရှင်....ရှင်တကယ်ကြီး လယ်ရီကယ်လာကို ငှားခဲ့တာလား...."

အဆိုပါ သတင်းကို ကြားပြီးနောက် ကွမ်းရာ တည်ငြိမ်စွာ ထိုင်မနေနိုင်တော့ချေ။

သူမကို အပထား..တက်သစ်စ ဒီဇိုင်နာလေးများပင်လျင် လယ်ရီကယ်လာ မည်သူလဲဆိုတာ သိပေ၏။

ဒူဘိုင်းရှိ ‌နာမည်ကြီး အုန်းပင်ကျွန်းကို ဒီဇိုင်းရေးဆွဲထားသည့်သူမှာ လယ်ရီကယ်လာ ဆိုသူပင်။

အကယ်၍ ရန်ရုံကျွင်းတာ သူ့ကို ဒီဇိုင်း အကြံပေးအဖြစ် ဖိတ်ခေါ်ထားပါက သူမတို့၏ အားသာချက်ကလေးမှာတော့ ဆုံးရှုံးသွားပြီ ဖြစ်၏။

"ဒါပေါ့...ကျုပ်စကားတွေကို သံသယမဖြစ်နဲ့..ကျုပ်က ဘယ်တုန်းကမှ လျှောက်ပြောတတ်တဲ့ကောင် မဟုတ်ဘူး...."

ကွမ်းရာဘေးရှိ ဒီဇိုင်းအသင်းမှာလည်း ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေလေ၏။

သူတို့မှာ ဂုဏ်သတင်ူနှင့်ပတ်သက်၍ အားသာချက်မရှိသော်လည်း ထိုအရာအား ဘေးချိတ်ထား၍ ရသည်။ သို့သော်လည်း လယ်ရီကယ်လာသာ တစ်ဖက် အသင်းတွင် ပါ၀င်လာမည်ဆိုပါက သူတို့အတွက် ဤပရောဂျက်ကို ရရှိရန် ပိုလို့ပင် ခက်ခဲပေဦးမည်။

ထိုအချိန်တွင်တော့ ဒေါက်ဖိနပ်သံများ ထွက်ပေါ်လာပြီး ၀တ်စုံအနက်နှင့် အမျိုးသမီးတစ်ဦး အစည်းဝေးခန်းထဲသို့ ၀င်ရောက်လာခဲ့၏။

"ချန်းချန်း ဘာလို့ အဲ့လောက်တောင် နောက်ကျနေတာလဲဟ..အစည်းဝေးက စတောင်စတော့မယ်..."ရန်ရုံကျွင်း ပြောလိုက်လေသည်။

"ကျွန်မ ဒီတိုင်း ကားပါကင်မှာ ဘယ်ကမှန်း မသိတဲ့ ကလေက၀ တစ်ကောင်နဲ့ တိုးနေလို့ပါ..သူကျွန်မကားကို တစ်ခုခုလုပ်သွားမလားလို့ စောင့်ကြည့်နေရင်းနဲ့ ကြာသွားတာ..."

အမျိုးသမီးနာမည်မှာတော့ ရွှီချန်းချန်းဖြစ်ပြီး ရန်ရုံကျွင်း၏ စီနီယာလက်ထောက်ဖြစ်ကာ ဒီဇိုင်းနယ်ပယ်တွင် ထင်ရှား ကျော်ကြားသူ တစ်ဦးလည်း ဖြစ်၏။

ကွမ်းရာနှင့်အတူ စင်ဟွာတက္ကသိုလ်၌ ကျောင်းပြီးခဲ့ပြီး သူမ၏ ထူးခြားသော ပါရမီစွမ်းရည်ကြောင့် ကွမ်းရာကဲ့သို့ မစွမ်းဆောင်နိုင်‌သော်လည်း ဒီဇိုင်နာ လောကတွင် ထင်ရှားလာသူတစ်ဦးဖြစ်၏။

"ခုတော့ ထားလိုက်တော့ နောက်တစ်ခါဆို ဘယ်တော့မှ နောက်မကျစေနဲ့ ..ဒီလို အရေးကြီးတဲ့ ကိစ္စမှာ နောက်ကျနေတယ်ဆိုရင် သူများက ငါတို့ကို ပရော်ဖက်ရှင်နယ် မဆန်ဘူးဆိုပြီးတော့ ထင်နေဦးမယ်...."

"နားလည်ပါပြီ ဥက္ကဌရန်...."

သူမပြောပြီးနောက် ကွမ်းရာကို ကြည့်လိုက်ပြီး "ရို...ဥက္ကဌကွမ်းက ခုထိ ထွက်မသွားသေးဘူးတဲ့လား....ဒီမှာ နေချင်သေးတယ်ပေါ့...ဘာမျှော်လင့်ချက်တွေနဲ့လဲတဲ့...."

"နင်တို့မှာ လယ်ရီကယ်လာ ရှိပြီဆိုတာနဲ့ပဲ ပရောဂျက်ကို နိုင်ပြီလို့‌များ အောက်မေ့နေလား..နိုင်ငံခြားသားက ငါတို့ တ-ရုတ်ပြည်ရဲ့ ဈေးကွက်နဲ့ ငါတို့ လူမျိုးတွေ နှစ်သက်တဲ့ ပုံစံကို ဘယ်လိုလုပ် သိနိုင်မှာလဲတဲ့.. အဲ့ဒီတော့ငါတို့မှာ အားသာချက် ရှိသေးတယ်...."

"နင်ကတော့ အရင်အတိုင်းပဲ ဘာမှကို မပြောင်း‌လဲသေးဘူး...အခေါင်းမြင်မှ မျက်ရည်ကျရကောင်းမှန်းသိမယ်ပေါ့...ရှုံးမယ်မှန်း သိရင်လည်း အလိုက်တသိနဲ့ ထွက်သွားလိုက်လေဟယ်..."

"ငါသာ နင့်နေရာမှာ ဆိုရင်တော့ ထွက်ပြီးတာကြာပေါ့...နောက်မှဆိုရင် မျက်နှာ ပျက်ရဦးမှာ..."

"နင့်မှာ အချိန်တွေ အားယားနေရင်လည်း တစ်ခုခုလုပ်နေလေ..ဘာလို့ စကား ဒီလောက် ပြောနေတာလဲဟဲ့...."

ရွှီချန်းချန်း ပခုံးတွန့်လိုက်ပြီး "ဒါဆိုလည်း စောင့်ကြည့်လိုက်လေ...ငါတို့ဘယ်တုန်းက ရာလော့ကို ရှုံးခဲ့ဖူးလို့လဲ..."

ထိုအချိန်တွင်တော့ ကော်ရစ်ဒါမှ ခြေသံများ ကြားလာရပြီး အစည်းအဝေးခန်း တံခါး ပွင့်လာ၏။ ပီစုန့်ကျန်းနှင့်အတူ လူငယ်လေး တစ်ယောက် ရောက်ရှိလာပြီး "ဘော့စ်လင်း ဒီဘက်ကြွပါခင်ဗျ...."

All Chapters