← Chapters

အခန်း (၉၇)

Vol. 7 Ch. 97

အခန်း (၉၇)

Vol. 7 Ch. 97

ပီစုန့်ကျန်း၏ ဦးဆောင်မှု အောက်တွင် လင်းရီ အစည်းဝေးခန်းမထဲသို့ ရောက်ရှိလာခဲ့သည်။

လင်းရီကို မြင်တော့ ကုမ္ပဏီနှစ်ခုလုံးမှ လူများအားလုံး အံ့အားသင့်သွားကြ၏။

၀မ်ကျန်းဆိပ်ကမ်း၏ လူမသိသူမသိသော သူဌေးမှာ ဤမျှ ငယ်ရွယ်လိမ့်မည်လို့ မည်သူမျှ ထင်မထားကြ...

ပြီးတော့ အရမ်းလည်း ခန့်ညားသေးတယ်...

"နင်....နင်ပဲ..."ချန်းချန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

"အိုး ချန်းချန်း...မင်း ဥက္ကဌလင်းနဲ့ သိတယ်ပေါ့...."

ရန်ရုံကျွင်း၏ မျက်နှာ လင်းလက်လာသည်။ အကယ်၍ ချန်းချန်းသာ ဥက္ကဌလင်းနဲ့ ရင်းနှီးပါက ၀မ်ကျန်း ဆိပ်ကမ်း၏ ပရောဂျက်မှာ သူတို့အပိုင်ဖြစ်ပြီဟု ပြော၍ ရ၏။

အချို့လူများ ၀မ်းသာနေချိန်တွင်တော့ ကျန်သည့် လူတစ်ချို့လည်း ‌၀မ်းနည်း ဒေါသထွက်နေကြ၏။ ကွမ်းရာဘက်ရှိ အဖွဲ့သားများ၏ မျက်နှာတွင်တော့ ရုပ်ဆိုးသည့် အမူအရာများ ရှိနေကြပေသည်။

အကယ်၍ ရွှီချန်းချန်းသာ လင်းရီနှင့် ရင်းနှီးသည်ဆိုပါက သူမတို့ ရှုံးရန် ရာခိုင်နှုန်း များနေလေသည်။

"ဒီအမျိုးသမီးက ခင်များတို့ ကုမ္ပဏီရဲ့ ၀န်ထမ်းလား...."လင်းရီ မေးလိုက်၏။

"ဟုတ်..ဟုတ်ပါတယ်ဗျ...."ရန်ရုံကျွင်း မတ်တပ်ရပ်၍ ထပြောလိုက်ပြီး "ချန်းချန်းက ကျွန်တော်တို့ ရိုင်ဒါ ဒီဇိုင်းကုမ္ပဏီရဲ့ စီနီယာ လက်ထောက် ဒီဇိုင်နာပါဗျ..ပြီးတော့ ဒီနယ်ပယ်မှာလည်း ဆုတွေ အများကြီး ရထားပြီး ကျော်ကြားတဲ့ ဒီဇိုင်နာ တစ်ယောက်ပါဗျ...."

ကွမ်းရာ ကတော့ မျက်နှာ ဖြူလျော်သွားပြီး သူမ၏ ခေါင်းကို နာကျင်စွာဖြင့် ကိုင်ထားမိသည်။

သူမ နေ့မအိပ် ညမအိပ် ဒီဇိုင်း အစီအစဉ်များ ပြင်ဆင်ထားခဲ့သော်လည်း ယခုလို ရှုံးနိမ့်သွားလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။

"အဲ့လိုဆိုရင်တော့ ခင်များတို့ ကမ္ပဏီက လစ်လိုက်တော့ ခင်များတို့ကို ဒီမှာ မလိုအပ်တော့ဘူး..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်လေသည်။

"ဟမ်...."

လူတိုင်း ကြက်‌ေ-သ‌ေ-သသွားကြ၏။

ဘာတွေလဲဟ..သူတို့ နှစ်ယောက်က အချင်းချင်း သိကြတယ်မဟုတ်ဘူးလား...ဘာလို့ မောင်းထုတ်နေရတာလဲ....

ရန်ရုံကျွင်းလည်း အေးခဲသွားပြီး ရှင်းပြဖို့ ကြိုးစားရင်း "ဘော့စ်လင်း ..ကျွန်တော်တော့ သိပ်နားမလည်ဘူးဗျ...ကျွန်တော်တို့ ရိုင်ဒါ ကုမ္ပဏီက အတွေ့အကြုံတွေ အများကြီး ရှိတဲ့ အပြင် ပြည်တွင်းမှာလည်း နာမည်တစ်လုံးနဲ့ နေလာတာပါ..ကျွန်တော်တို့က လယ်ရီကယ်လာကိုတောင်မှ ဒီဇိုင်းအကြံပေးအဖြစ်နဲ့ ငှားရမ်းထားပါသေးတယ်ဗျ..ဒီရဲ့ ပရောဂျက်ကို ကျွန်တော်တို့ ပိုင်နိုင်စေရမယ်ဆိုတာ ရာနှုန်းပြည့် အာမခံရဲပါတယ်...."

"ခင်များတို့ လုပ်နိုင်တယ် ဆိုတာ ယုံတယ် ဒါပေမယ့် ခင်များတို့ရဲ့ စီနီယာ လက်ထောက်ဒီဇိုင်နာက Audi A8ကြီးမောင်းတာဆိုတော့ ရှာရီလောက်ပဲ စီးနိုင်တဲ့ ကျုပ်က ခင်များတို့ကို ဘယ်လိုလုပ် ငှားရမ်းဖို့ တတ်နိုင်မှာလဲတဲ့..."လင်းရီ လက်နှစ်ဖက် ဖြန့်လိုက်ပြီး "ကျုပ် ဆောရီးပဲလို့ ပြောနိုင်တော့တယ်...."

ရန်ရုံကျွင်း ရွှီချန်းချန်းဘက်သို့ လှည့်၍ ဒေါသထွက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး "ချန်းချန်း..ဘာတွေ ဖြစ်နေတာလဲကွ..."

ရွှီချန်းချန်း ဂနာမငြိမ် ဖြစ်သွားပြီး လင်းရီရှေ့၌ မတ်တပ်ရပ်၍ "ဒါရိုက်တာလင်း ကျွန်မအမှားပါ..ရှိခိုးပြီး တောင်းပန်ဆိုလည်း တောင်းပန်ပါ့မယ် ကျွန်မတို့ကို နောက်ထပ် အခွင့်ရေး တစ်ခါလောက်ပဲ ပေးပါနော်...."

လူတိုင်း ဘာဖြစ်နေလဲ ဆိုတာ နားလည်သွားကြတော့၏။

ရွှီချန်းချန်း၀င်လာစဉ်တုန်းက ကလေက၀ တစ်ယောက်နှင့် တိုးခဲ့သည်ဟု ဆိုဖူးခဲ့၏။ ယခု ဒါရိုက်တာလင်း၏ စကားလုံးများနှင့် ဆက်စပ်တွေးခေါ်ကြည့်ပါက သူမပြောသည့်သူမှာ ဒါရိုက်တာလင်းပင် ဖြစ်ပေရမည်။

ကွမ်းရာနှင့် သူမ၏ အသင်းဖော်များကတော့ အချင်းချင်း တုန်လှုပ်ချောက်ချားစွာ ကြည့်မိလိုက်ကြသည်။

သူမတို့အားလုံး အနည်းငယ် မယုံကြည်နိုင်သလို ခံစားလိုက်ရ၏။

ဒီလောက်ငယ်တဲ့ အသက်အရွယ်မှာတောင် ဒီလိုကြီးမားအောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်းကြီး ရှိနေတာတောင်မှ ဘာလို့ ရှာရီပဲ မောင်းနေတာလဲဟ...

"အခွင့်အရေး...."လင်းရီ၏ အမူအရာမှာ အေးစက်သွားပြီး "ခင်များတို့လိုကောင်တွေက......လူ့ကျင့်၀တ်သိက္ခာက ဘာလဲ ဆိုတာ ပြောပြလည်း နားလည်မှာ မဟုတ်ဘူး...ဒီမှာပဲရပ်လိုက်ပြီးတော့ ကျုပ်ရဲ့အချိန်တွေကို လာမဖြုန်းနဲ့..."

"ဟမ့်..ဒီတိုင်း ပရောဂျက် တစ်ခုလေးပဲမလား..."ရွှီချန်းချန်း ပြောလိုက်ပြီး "ရှင် ကျွန်မတို့ရဲ့ ရိုင်ဒါ ဒီဇိုင်း ကုမ္ပဏီနဲ့ မလုပ်ဘူးဆိုရင် သေချာပေါက် နောင်တရလိမ့်မယ်..."

"နောင်တရမယ်...ဘာလို့လဲ မင်းက စိန်တွေနဲ့ ခြယ်ထားလို့ ငါက နောင်တ ရရမှာလား..."

"နင်...."

ရွှီချန်းချန်း မျက်နှာ မည်းမှောင်သွားပြီး ရန်ရုံကျွင်းကို ကြည့်ကာ.. "ဥက္ကဌရန် ကျွန်မအထင်တော့ ကျွန်မတို့ ဒီပရောဂျက်ကို ယူဖို့ လိုအပ်မယ်လို့ မထင်ဘူး..ရှာရီပဲ မောင်းနိုင်တဲ့ သူက ဒီဇိုင်းကြေး ဘယ်လောက်များများပေးနိုင်မှာ မို့လို့လဲ...သွားစို့..ဒီလို လူမျိုးနဲ့ လက်တွဲလုပ်ဖို့ မတန်ဘူး..."

"မင်း ပါးစပ်ပိတ်ထားစမ်း..."

ရန်ရုံကျွင်း ကျိန်ဆဲလိုက်ပြီး "အခုက စပြီးတော့ ရိုင်ဒါကုမ္ပဏီက မင်းကို အလုပ်ထုတ်လိုက်ပြီ ..."

ရွှီချန်းချန်း ကြက်‌ေ-သ‌ေ-သသွားပြီး "ဥက္ကဌရန် ..ရှင်......"

"မင်းပြောတာ ဘော့စ်လင်းက ဒီဇိုင်နာကြေး အများကြီး မပေးနိုင်ဘူးလို့ ပြောတယ်နော်..."

"ဘော့စ်လင်း ရှာရီမောင်းတာက ဘာလို့လဲဆိုတော့ သူက နိမ့်နိမ့်ချချ နေလို့ပဲကွ...လူတိုင်းက မင်းလို ကျွန်မ သူဌေးကြီးပါဆိုပြီး လိုက်ကြွားဝါနေတယ်များ ထင်နေလား..."

"ဘော့စ်လင်းရဲ့ ပန်ဂနီက မင်းရဲ့ Audi အစီး၂၀ ကျော်လောက် ၀ယ်လို့ရတယ်ကွ...အဲ့တာတောင်မှ မမော်ကြွားဘူး...ပြောလေ ဒေါသထွက်လာ‌လေပဲ ကောင်မ မင်းခု ဒီကနေ ထွက်သွား စမ်းကွာ..."

ရန်ရုံကျွင်းကတော့ အသက်ပင် ရှူမ၀တော့လောက်တဲ့အထိ ဒေါသထွက်နေလေ၏။ ကုမ္ပဏီတစ်ခုလုံးတွင် သူတစ်ယောက်တည်းကသာ ပရောဂျက် မည်မျှ ကြီးမားကြောင်း သိထား၏။ ပထမဆုံး ပြောင်းလဲမှုအတွက် ဒီဇိုင်းခကပင် ယွမ် သန်း၃၀ တန်ကြေးရှိ၏။ ထို့ပြင် နောက်ထပ် ဒုတိယနှင့် တတိယပုံစံ ဒီဇိုင်းများလည်း ပါနိုင်သေး၏။ ထိုအခါ ဒီဇိုင်းတန်ဖိုးမှာ စုစုပေါင်း ၁၀၀မီလီယမ်ကျော်လောက် ဖြစ်သွားလိမ့်မည်။

အကယ်၍ သူသာ ရွှီချန်းချန်းကို မထုတ်ပယ်ပါက သူ၏ ရိုင်ဒါကုမ္ပဏီမှာ ထိုငွေပမာဏကို ‌ဆုံးရှုံးသွားပေလိမ့်မည်။

"သူ...သူ့မှာ ပန်ဂနီ ရှိတယ်...."

ရွှီချန်းချန်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွား၏။

ကမ္ဘာပေါ်၌ ချမ်းသာသော်လည်း နိမ့်နိမ့်ချချနေသူများ ရှိသေးကြောင်း နားလည်သွားတော့၏။

"ကောင်းပြီ ခင်များတို့ ရိုင်ဒါကုမ္ပဏီကလူတွေ အားလုံးလစ်လိုက်တော့ ..ဘာမှ ရှင်းပြစရာ မလိုတော့ဘူး..."

လင်းရီ ပေါ့ပါးစွာပြောလိုက်လေသည်။

"ဘော့စ်လင်း စိတ်ထိန်းပါဦးဗျာ..ကျွန်တော် ရှင်းပြပါရစေ...."

"ကျုပ်ဘာမှ မကြားချင်ဘူး...သွားဆို သွားလိုက်တော့...."

လင်းရီ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုင်ဒါ ကုမ္ပဏီမှ လူများအားလုံး သက်ပြင်းချ၍ ထွက်ခွာသွားကြ၏။

ပါးစပ်ထဲ ရောက်ခါနီး မသားတုံးကြီးမှာ ထိုပုံစံမျိုးဖြင့် ဆုံးရှုံးလိုက်ရချေပြီ။

ထိုသို့ဖြင့် ရိုင်ဒါကုမ္ပဏီက အခွင့်အရေးကို ရာလော့ ကုမ္ပဏီထံ အပ်နှင်း လိုက်ရ၏။

ရာလော့ ကုမ္ပဏီ တစ်ခုတည်းသာ ကျန်သောကြောင့် မျှော်လင့်မထားသည်များ ဖြစ်ပေါ်မလာခဲ့ပါက ပရောဂျက်မှာ သူမတို့ အပိုင်ပင်။

"ကောင်းပြီ ခုခင်များပဲ ကျန်တော့တယ်ဆိုတော့ ဘာမှ ဝေ့ဝိုက်မနေနဲ့တော့ လုပ်စရာ ရှိသာတာလုပ်..."

"နားလည်ပါပြီရှင့် .."

ကွမ်းရာ မတ်တပ်ရပ်၍ စခရင်အကြီးကြီးပေါ်၌ သူမ ပြင်ဆင်ထားသော ဒီဇိုင်း စီမံကိန်းကို ရှင်းပြလိုက်၏။

"တကယ်လို့ ကျွန်မတို့သာ ၀မ်ကျန်းဆိပ်ကမ်းကို ကမ္ဘာ့အကြီးဆုံး ဆိပ်ကမ်းကြီးအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ အရင်ဆုံး ခြေလှမ်း နှစ်လှမ်း လှမ်းဖို့ လိုပါလိမ့်မယ်ရှင့်..."

"ပထမ ခြေလှမ်းကတော့ ဆိပ်ကမ်းက ရွက်လှေ သင်္ဘောတွေကို အကောင်းဆုံးတွေနဲ့ အစားထိုးရမယ် ....ပြီးကျရင်တော့ မြို့ရဲ့ အကြီးမားဆုံး အပန်းဖြေ ဆိပ်ကမ်းအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင်တော့ ဘောစ့်ရဲ့ ဂုဏ်သတင်း အတွက်လည်း အကျိုးရှိမှာပါ..."

ထို့နောက် ကွမ်းရာ ဒီဇိုင်းကို လင်းရီ နိုင်လည်နိုင်မည့် ပုံစံဖြင့် ဆက်လက် ရှင်းပြလိုက်၏။

ရှင်းပြပြီးနောက် ကွမ်းရာ လင်းရီကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး "ဒါရိုက်တာလင်း..ကျွန်မရဲ့ ဒီဇိုင်းကို ဘယ်လို ထင်လဲရှင့်..."

"ကောင်းပါတယ်..."

လင်းရီ ပြောလိုက်ပြီး "ငါက ၀မ်ကျန်း ဆိပ်ကမ်းကြီးကို ကမ္ဘာ့အကြီးမားဆုံး အပမ်းဖြေ ဆိပ်ကမ်းကြီး အဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တောင်မှ တစ်နေ့တည်း ပြီးမြောက်နိုင်တဲ့ အရာမှ မဟုတ်တာ...ဒီတော့ ရွက်လှေတွေ လဲတာကနေ စကြတာပေါ့...."

"ခုလို ပြောကြားပေးတဲ့ အတွက် ကျေးဇူးပါရှင့်..."ကွမ်းရာ ပြောလိုက်ပြီး "ကျွန်မတို့ရဲ့ ကနေဦး ဘတ်ဂျက်အရဆိုရင်တော့ ရွက်လှေတွေ လဲတာက ၂၀၀ မီလီယမ်လောက် ကုန်ကျမှာပါ...."

ကွမ်းရာ သွယ်ဝိုက်‌မနေတော့ပဲ တစ်ခါတည်း ဈေးစကား ပြောလိုက်လေသည်။

"တကယ်လို့ ငါသာ မင်းကို ၂၀၀ မီလီယမ် ပေးမယ်ဆိုရင် ဘယ်အဆင့်လောက်ထိ ရောက်မယ်လို့ ထင်လဲ......"

တခဏမျှ စဉ်းစားပြီးနောက် "တကယ်လို့ ကျွန်မတို့တာ ငွေပမာဏကို ထည့်မတွက်ပဲ အရည်အသွေးကို အဓိက အာရုံစိုက်ထားမယ်ဆိုရင်တော့ ကမ္ဘာ့အဆင့် ငါးထဲ ရောက်ဖို့ဆိုတာ လုံး၀ ကျိန်း‌ေ-သတယ်...."

"တကယ်လို့ ငါသာ ၄၀၀ မီလီယမ်ပေးမယ်ဆိုရင်ကော မင်းဘယ်လောက်ထိရောက်အောင် စွမ်းဆောင်နိုင်မလဲ...."

ရာလော့ ဒီဇိုင်း ကုမ္ပဏီမှ အဖွဲ့သားမျာအားလုံး ရှော့ခ်ရသွားခဲ့ကြသည်။

ဒါရိုက်တာလင်းက သောက်ရမ်း ချမ်းသာတာပဲကွ..သူက ဈေးမစစ်တဲ့အပြင်ကို ဈေးနှစ်ဆတောင် ထိပ်တိုးပေးလိုက်သေးတယ်...

ဤတစ်ကြိမ်တွင်တော့ ကွမ်းရာ ချွေးဇော ပြန်ရမည့် အလှည့်ပင်။

သူမ ဤမတိုင်ခင်က ယခုကဲ့သို့ ဖြစ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

"ကမ္ဘာ့အဆင့်တစ်...."ကွမ်းရာ တခဏမျှ တွေးတောပြီးနောက် ယုံကြည်မှု အပြည့်ဖြင့် အဖြေပြန်ပေးလိုက်၏။

၀မ်ကျန်းဆိပ်ကမ်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ အလွန်ကောင်းမွန်၏။ သူမတို့လက်ထဲ၌သာ သန်း ၄၀၀ လောက် ဘတ်ဂျက်ရှိပါက ကမ္ဘာ့အဆင့်တစ်ဖြစ်အောင် ပြောင်းလဲပေးဖို့ရာ ပြဿနာ မရှိပေ။

သို့သော်လည်း သူမရှေ့၌ ထိုင်နေသော လူငယ်လေးမှာ ထိုမျှ ရည်မှန်းချက် ကြီးမာလိမ့်မည်လို့ ဘယ်တုန်းကမျှ ထင်မထားခဲ့ချေ။

သို့တိုင်အောင် ကွမ်းရာ လင်းရီကို အထင်သေးမိနေဆဲ

ဖြစ်၏။

သူ၏ ရည်မှန်းချက်မှာ အကောင်းဆုံး ဆိပ်ကမ်းကြီး ဖြစ်ရန်သာ မဟုတ်။

"တကယ်လို့ ငါသာ မင်းကို ၈၀၀ မီလီယမ် ပေးမယ်ဆိုရင် ၀မ်ကျန်းဆိပ်ကမ်းကို အနာဂတ် ဆယ်နှစ်လောက်ထိ ကြိုရောက်နေအောင် လုပ်ပေးဖို့ ယုံကြည့်ချက်ရှိလား...."

All Chapters