အခန်း (၉၈)
Vol. 7 Ch. 98
အစည်းဝေးခန်းမကြီးမှာ ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက် သွားတော့၏။
လင်းရီ၏ စကားကိုကြားပြီးနောက် လူတိုင်း အံ့အားသင့်သွားကြသည်။
ဒါကြီးက မရူးသွပ်လွန်းဘူးလားဟ....
ကွမ်းရာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။ ဤသည်မှာ သူမ၏ အခွင့်အရေးမှန်း နားလည်ပေသည်။
ယခု သူမ အခြေအနေမှာ လုံလောက်အောင် ကောင်းမွန်ပြီး ဖြစ်၏။ ကျန်တာကတော့ သူမတို့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ရာပင်။
လင်းရီကတော့ အလျင်လိုနေခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ ကွမ်းရာ၏ သဘောထား ကို နှစ်ခြိုက်မိ၏။
အကယ်၍ သူမသာ ချက်ချင်း သဘောတူလိုက်မည် ဆိုပါက သူမနှင့် ပူးပေါင်းဆောင်ရွက်ဖို့ရာ သူတော်တော်လေး စဉ်းစားရတော့မည် ။
တိတ်ဆိတ်ငြိမ်သက်မှုမှာ သုံးမိနစ်ထက် ကျော်လွန်သွားပြီးနောက် ကွမ်းရာ လင်းရီကို တောက်လောင်နေသော အကြည့်များဖြင့် ကြည့်လိုက်ပြီး တစ်လုံးချင်း ပီပီသသဖြင့် "အကယ်၍ ဘော့စ်လင်းသာ ၈၀၀ မီလီယမ် ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ၀မ်ကျန်းဆိပ်ကမ်းကို ဆယ်နှစ် ဒါမှမဟုတ် အဲ့ထက်ကျော်ပြီး ခေတ်ရှေ့ပြေးနေအောင် လုပ်ပေးဖို့ ကျွန်မမှာ ယုံကြည်ချက် အပြည့်အ၀ရှိတယ်..."
"ကောင်းပြီလေ..."
လင်းရီ ပြောလိုက်ပြီး "ငါအရင်ဆုံးမင်းကို ၂၀၀ မီလီယမ် ကြိုပေးထားမယ် ကျန်တာကိုတော့ ပရောဂျက် နောက်တစ်ဆင့် တက်မှပဲ ပေးတာပေါ့..."
လင်းရီ ဤကဲ့သို့ ပေးချေနီးကို ချောင်ရန် အုပ်စု၌ အလုပ်လုပ်ရင်း တတ်မြောက်လာခြင်းပင်။ ပရောဂျက်အတွက် ဘတ်ဂျက်ကို တစ်လုံးတစ်ခဲတည်း ပေးသည်ထက် အပိုင်းအခြားလေးဖြင့် ပေးသည်က ပို၍ ထိရောက်ကောင်းမွန်မှု ရှိ၏။
"ပြဿနာမရှိဘူး..ဘော့စ်လင်းသာ ဘတ်ဂျက် ထောက်ပံ့နေသရွေ့တော့ ကျွန်မက ဒီပရောဂျက်ကို ပြီးစီးအောင် လုပ်နိုင်ဖို့ ယုံကြည်ချက်ရှိတယ်..."
"ကောင်းပြီလေ..ဒီနေ့ ကိစ္စ ပြီးသွားပြီ..ခင်များတို့လည်း ပြန်ပြီး နောက်လာမယ့် ခြေလှမ်းအတွက် ဒီဇိုင်း ပြင်ဆင်တော့ ကျုပ်အချိန်အကြာကြီး စောင့်ရတာ မလိုချင်ဘူး...."
"ကောင်းပါပြီရှင့် ..ကျွန်မတို့ အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်ပေးပါ့မယ်..."
လင်းရီ ခေါင်းညိမ့်၍ ထလိုက်ပြီး အမှုဆောင် အဖွဲ့၀င်များ၏ လိုက်ပါ ပို့ဆောင်ပေးမှုအောက်တွင် ၀မ်ကျန်းဆိပ်ကမ်းမှ ထွက်လာခဲ့လိုက်၏။
ရာလော့၏ ဒီဇိုင်နာများကတော့ အစည်းအဝေး ခန်းမထဲ၌သာ ရှိနေဆဲဖြစ်ပြီး ယခုတိုင် စိတ်မတည်ငြိမ်နိုငိသေးပေ။
ဤမျှ တိုတောင်းသော အချိန်ကာလလေးအတွင်း၌ ကွမ်းရာ ရိုလာကိုစတာ စီးလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"ဒါရိုက်တာကွမ်း..ဒီရဲ့လင်းရီက ဘယ်သူလဲဆိုတာ သိလား..သူ့ရဲ့ ရည်ရွယ်ချက်ကြီးက အရမ်းကြီးမားလွန်းတယ်..."
"ကြီးရုံတင်မကဘူး..သူက ငါတို့ စိတ်ကူးယဉ်နိုင်တာထက်ကို ကျော်လွန်နေပြီ...."
ကွမ်းရာ လက်းရီနှင့် စကားပြောသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်ကြည့်ရင်း ယခုလေးတင် ထွက်သွားသည့် လူငယ်မှာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ကြောင်း အာရုံရနေ၏။
လင်းရီ ၀မ်ကျန်းဆိပ်ကမ်းမှ ထွက်လာပြီးနောက် စိတ်ထဲတွင် တွက်ချက်မှု အချို့ ပြုလုပ်ကာ သူ၏ ရှာရီထဲသို့ ၀င်လာခဲ့လိုက်၏။
စနစ်မှ သူ့ကို ချီးမြင့်ထားသည်မှာ ၅၀၀ မီလီယမ် ရှိသော်လည်း ဂေဟာအတွက် ကားနှင့် အသုံးစရိတ်အတွက် ၁၀၀ မီလီယမ် ၊ ရန်ချိန်တွင် ကား၀ယ်ခြင်းအတွက် ၁၅၀ မီလီယမ်တို့ကို နှုတ်လိုက်ပါက လက်ထဲတွင် ၂၅၀ မီလီယမ်ခန့် ကျန်နေသေး၏။ သို့သော်လည်း ပရောဂျက်အတွက် ၂၀၀ မီလီယမ် ရှင်းပြီးနောက် သူ့တွင် ၅၀ မီလီယမ်လောက်သာ ကျန်တော့သည်။
အတော်လေးကို ငွေကုန်ကြေးကျများမယ့် ပရောဂျက်ကြီးပဲ...
ထင်မှတ်ထားသည့်အတိုင်း စနစ်နှင့်ပင် လင်းရီမှာ မွဲစမြဲ မွဲနေတုန်းပင်။
တ-ရုတ်အက္ခရာ စာလုံးပေါင်း ၃၀၀,၀၀၀လောက် ရှိသော်လည်း "ဆင်းရဲခြင်း "ဟူသော စကားလုံးမှာ ခံစားရ အခက်ဆုံးပင်။
သူ့ရှေ့ရှိ ကိစ္စများကို စီစဉ်ပြီးနောက် လင်းရီ ၀မ်ထျန်းလုံးကို ဆက်သွယ်လိုက်၏။
"အမိန့်ရှိပါ ဒါရိုက်တာလင်း..."
ထျန်းလုံး ပြုံးရွှင်နေသည့် လေသံဖြင့် ဖုန်းထဲမှ ပြောလိုက်၏။
"ငါ့ကို ကျုံးဟိုင် ပင်းချန် တက္ကသိုလ်မှာ စောင့်နေ...."
"ခိုင်းစရာ ရှိလို့လားဗျ...."
"အင်း...ငါတို့ တွေ့တဲ့ အချိန်ကျရင်တော့ အသေးစိတ် ပြောကြတာပေါ့..."
လင်းရီ ပြောလိုက်ပြီး "စကားမစပ် မစ်အော်ရည် နှစ်ဖာလောက် ၀ယ်ခဲ့လိုက်ဦး..ကျသင့်ငွေကိုတော့ မင်း ဘဏ္ဍာရေးဌာနကနေ ပြန်တောင်းလိုက်ကွာ..."
"ဟုတ်ကဲ့ နားလည်ပါပြီဗျ..ကျုပ်အခုပဲ သွား၀ယ်ထားလိုက်ပါ့မယ်...."
အမိန့်များပေးပြီးနောက် လင်းရီ သူ့နာရီကိုကြည့်လိုက်၏။
ပန်နီဆူလာဟိုတယ်မှာ တက္ကသိုလ်နှင့် သိပ်မဝေးသောကြောင့် ထျန်းလုံ မကြာခင် ရောက်လာကောင်း၏။
သူအလျင်စလို လုပ်ရပေမည်။ အကယ်၍ မျှော်လင့်မထားသည့်အရာများသာ ပေါ်ပေါက်မလာပါက နေ့လည် မတိုင်ခင် မစ်ရှင်မှာ ပြီးမြောက်နိုင်၏။
......
ကျုံးဟိုင် ပင်းချန် တက္ကသိုလ်၊ ကော်မတီ ရုံးခန်း
ဒေါက် ဒေါက် ဒေါက်
"၀င်ခဲ့..."
တံခါးခေါက်ပြီးနောက် သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ဦး ယူနီဖောင်းနှင့် အပြင်ဘက်မှ ၀င်လာခဲ့၏။
"ဆရာလီ ဒီနေ့ မနက်ခင်းတုန်းက ယူနီဖောင်း တောင်းဆိုထားသေးတယ်မလား..ကျွန်တော် ယူလာပေးတာပါဗျ...."
"ဟုတ်တယ် ..ကျေးဇူးပဲနော် ..၀မ်ကုန်း..."
"ရပါတယ်..."သက်လတ်ပိုင်း လူရွယ်မှာ ပြုံးလိုက်ပြီး "ယူနီဖောင်းက ဒီမှာပါဗျ..အာ့ဆို ကျွန်တော် သွားပြီနော်...."
ယူနီဖောင်း ရောက်လာသည်ကို မြင်တော့ စုန့်ကျားမှ "အစ်ကိုလီ ညီမအထင်တော့ ယူနီဖောင်းကို ပြန်ပို့လိုက်တာ ကောင်းမယ်နော...လင်းရီမှာ ၀တ်ဖို့ ဘာအခွင့်အရေးမှ ရှိတာလည်း မဟုတ်ဘဲနဲ့..."
"မကောင်းဘူးထင်တယ်နော...ငါက သူ့ကို ပေးမယ်လို့ ပြောထားပြီးမှ မပေးရင် ဘယ်ကောင်းမှာ..."လီရှင်းပန်း မသက်သာသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
"ဒါရိုက်တာထျန်က သူ့ကို သုံးရက်ပဲ အချိန်ပေးထားတာလေ..သူက သုံးရက်ပြီးတာနဲ့ ထွက်သွားရတော့မှာ ဒီယူနီဖောင်းက သူ့ကို ပေးလိုက်ရင်လည်း အလကား ဖြစ်သွားမှာပဲ..."
စုန့်ကျားလည်း လင်းရီကို မထွက်သွားခိုင်းစေချင်ပေ။ သို့သော်လည်း အစ်မထျန်သာ မနေစေချင်ပါက လင်းရီမှာ ထွက်သွားရပေလိမ့်မည်။
သူမ ဖြောင်းဖြနိုင်သည့် နည်းလမ်း မရှိချေ။
"ဟင်း....."လီရှင်းပန်း သဘောတူသည့် အနေဖြင့် သက်ပြင်းချလိုက်မိသည်။
"ခုတော့ သိမ်းထားလိုက်တာပေါ့...တကယ်လို့ ဆရာလင်းထွက်သွားရမယ့်အချိန်ကျမှ ပြန်ပို့လည်း အချိန်မှီပါသေးတယ်...."
လင်းရီ ရုံးတက်သည်မှာ ပထမရက်သာ ရှိသေးသော်လည်း သူနှင့် ပါတနာကျသည်ဟု ခံစားမိ၏။ သူလည်း လင်းရီကို ထွက်မသွားစေချင်ပေ။
"လုံး၀ မဖြစ်နိုင်ဘူး..."စုန့်ကျား ပြောလိုက်ပြီး " ညီမတို့ပဲ ဒါကို ကြိုးစား လုပ်နေတာ မဟုတ်ဘူး...ဒါရိုက်တာထျန်တောင်မှ ဒီကိစ္စကို ကိုင်တွယ်ဖို့ စီစဉ်နေတာ နေ့တွေ လတွေ ကျော်နေပြီ ..ခုထိ အဖြေရှာမရသေးဘူး...လင်းရီက ခုမှ လူသစ် ပြီးတော့ အတွေ့အကြုံလည်း ဘာမှ မရှိသေးဘူး..ဒီတော့ သူ အလုပ်ရှာပေးနိုင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး......"
"အင်း..ဒါပေမယ့် ငါက ဘာလို့ ဒါရိုက်တာထျန်က ရည်ရွယ်ချက်ရှိရှိ ခက်အောင် လုပ်နေတာလို့ ထင်နေရတာလဲ..လင်းရီ ဆိုတာက ဒီနေ့မှ အလုပ်စ၀င်တဲ့သူလေ..သူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေ ရှိဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး..."
"ညီမလည်း ဘယ်သိမှာ..."စုန့်ကျား လိမ်လည်လိုက်ပြီး "ညီမ သိတာကတော့ ဒါရိုက်တာထျန်က လင်းရီကို မထားချင်ဘူးဆိုတာပဲ..ဖြစ်နိုင်မယ် ဆိုရင် အစ်မထျန်က လင်းရီပို သုံးရက်မြောက်တာနဲ့ ရုံးခန်းထဲမှာကို မမြင်ချင်တော့တာနေမှာ..."
"အင်း....လင်းရီက ဒီလောက် ခန့်ညားတာတောင်မှ ကံက မကောင်းရှာဘူး...သူက စိတ်မရှည်တဲ့ လူစားမျိုးလည်း မဟုတ်ပါဘူးဟ..ကော်မတီ အုပ်စုနဲ့လည်း အံကိုက်မယ့်ပုံပဲ.....ဟူး....သူသာ ထွက်သွားရမယ်
ဆိုရင်တော့ တော်တော်လေး နှမြောဖို့ကောင်းမှာပဲ..."
စုန့်ကျား ပခုံးတွန့်လိုက်ပြီး "ညီမတို့လည်း ဘာမှ မတတ်နိုင်ဘူး...အချိန်တန်သာနဲ့ သူက ထွက်သွားရမှာပဲလေ..ဘယ်သူမှ တားဆီးပေးလို့မရဘူး..."
တက် တက် တက်
ဒေါက်ဖိနပ်သံများ ကြားရပြီးနောက် ရှောင်ထျန် သူမရုံးထဲမှ ထွက်လာသည်ကို မြင်လိုက်ရ၏။
"သွားစို့ နေ့လည် ရောက်ပြီဆိုတော့ တစ်ခုခု သွားစားကြရအောင်.."ရှောင်ထျန် စုန့်ကျားကို ခေါ်လိုက်၏။
"အွန်း...အစ်ကိုလီကော လိုက်ခဲ့ဦးမလား..."
"ဒါပေါ့..ငါ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ်..အတူသွားစားကြတာပေါ့ကွာ..."
"ယူနီဖောင်းက ဘာလုပ်ဖို့လဲ..တစ်ယောက်ယောက် ယူနီဖောင်း လဲချင်နေလို့လား..."ရှောင်ထျန် မေးလိုက်လေသည်။
"အစ်ကိုလီက လင်းရီ ကို ပေးဖို့တဲ့..."စုန့်ကျား ကိုယ်စားဖြေပေးလိုက်၏။
"ဆရာလီ...ယူနီဖောင်းကို ပြန်ပေးလိုက်နော်..အလဟဿ မဖြစ်စေနဲ့..."ရှောင်ထျန် ပြောလိုက်ပြီး"ပြီးတော့ သူ့ စားပွဲပေါ်က ပစ္စည်းတွေကိုလည်းပြန်သိမ်းထားလိုက်..သူက နောက်ရက်အနည်းငယ်လောက်နေရင် ထွက်သွားရတော့မှာ သူ့အတွက် ဘာမှ လုပ်ပေးစရာ မလိုဘူး..ဒီတိုင်း အလဟဿ ဖြစ်တာပဲ ရှိမယ်...."
လီရှင်းပန်း နှုတ်ခမ်းများာတွန့်ကွေးသွား၏။
စုန့်ကျားပြောတာ မှန်တာပဲဟ
ဒါရိုက်တာ ထျန်က တကယ်ကြီး လင်းရီကို ဒီမှာ ခေါ်မထားချင်တာ...
"နားလည်ပါပြီဗျ...စားပြီးတာနဲ့ ပြန်သိမ်းလိုက်ပါ့မယ်...."
"အိုကေ..ခုတော့ အရင် သွားစားကြစို့..."ရှောင်ထျန် ဆံပင်သပ်လိုက်ပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်တွင်ပဲ ရုံးခန်းတံခါး ပွင့်လာပြီး လင်းရီနှင့် ၀မ်ထျန်းလုံတို့ ရောက်ရှိလာသည်။
လင်းရီကို မြင်တော့ စုန့်ကျားတို့ သုံးယောက်လုံး အံ့အားသင့်သွားကြ၏။
သူထွက်သွားတာမှဖြင့် ဘယ်လောက်ကြာသေးလို့လဲ...
နေ့လည်စာစားဖို့ ပြန်လာတာများလား....
ထို့အပြင် ထျန်း၀မ်လုံ၏ အသွင်အပြင်ကလည်း
ရှောင်ထျန်တို့ကို သံသယ ဖြစ်စေသည်။
သူက ဘာလို့ အပြင်လူကို ကော်မတီ ရုံးခန်းထဲ ခေါ်လာခဲ့တာလဲဟ...
ဒီလောက်လေးတောင် နားမလည်ဘူးလား....
၀မ်ထျန်းလုံကတော့ လင်းရီနောက်မှ လိုက်နေရင်း ဇောချွေးတွေ ပြန်နေလေ၏။
သူ ရှောင်ထျန်နှင့် စုန့်ကျားတို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီး
တစ်ယောက်ကလည်း လှပ ဆက်စီကျပြီးတော့ ချစ်စရာကောင်းတယ်..နောက်တစ်ယောက်ကျတော့လည်း ထက်မြက်ပြီး ရင့်ကျက်တဲ့ အရှိန်အဝါတွေနဲ့.....နှစ်ယောက်လုံးက အလှလေးတွေလို့ ပြောလို့ရတယ်...
ဒါနဲ့ ဘယ်တစ်ယောက်ကို ဘော့စ်က ပိုးပန်းနေတာလဲဟ....
သူသာ မှားပေးမိရင်တော့ ပျားတုပ်ခံရတော့မှာပဲ....