← Chapters

အခန်း (၉၉)

Vol. 7 Ch. 99

အခန်း (၉၉)

Vol. 7 Ch. 99

"လင်းရီ ဒါက ကော်မတီ ရုံးခန်း ..အပြင်လူတွေ မခေါ်လာရဘူးဆိုတာ နင်နားမလည်ဘူးလား..."

ရှောင်ထျန် ပြောလိုက်၏။

လင်းရီ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး သူ မစ်အော်ရည် များ ၀ယ်လာခဲ့သည်မှာ မှန်ကန်ကြောင်း တွေးမိသွားသည်။

"ဒါရိုက်တာပဲ ကျွန်တော်ကို ကျောင်းသားတွေအတွက် အလုပ်သင်ရာထူး ဆက်သွယ်ပေးဖို့ ပြောထားတယ်မလား...ကျုပ်ဆက်သွယ်ပြီးလို့ အဲ့ဒီက လူကို ဒီခေါ်လာခဲ့တာတောင်မှ မရဘူးလားဗျ...."

"ဘာပြောလိုက်တယ်...နင် အလုပ်ရှာလို့ ရခဲ့ပြီ...."

"ဒါပေါ့ဗျ.."လင်းရီ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး "သူက ပန်နီဆူလာ ဟိုတယ်ရဲ့ စီမံခန့်ခွဲရေး တာ၀န်ခံ မန်နေဂျာ ၀မ်ထျန်းလုံတဲ့...ကျောင်းပြီးထားတဲ့သူတွေအတွက် အလုပ်သင်ရာထူး လိုအပ်ချက်တွေကိုကျ ကျွန်တော်လည်း နားမလည်တော့ စကားပြောဖို့ သူ့ကို ဒီခေါ်လာခဲ့လိုက်တယ်...."

"ဘာပြောလိုက်တယ်...."

"သူက ပန်နီဆူလာ ဟိုတယ်ရဲ့ မန်နေဂျာ..."

ရှောင်ထျန်၏ မျက်လုံး လှလှလေးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုက သူမ မျက်နှာပေါ်တွင် ရေးထိုးထား၏။

ပန်နီ ဆူလာဟိုတယ်မှာ ကြယ်ငါးပွင့် ဟိုတယ်ကြီးဖြစ်ပြီး ကျိုးဟိုင်ရှိ ကြယ်ငါးပွင့် ဟိုတယ်များထဲတွင်မှ ထိပ်တန်း ဟိုတယ်ကြီး တစ်ခုလည်း ဖြစ်သည်။

လင်းရီက ပန်နီလာ ဟိုတယ်ရဲ့ မန်နေဂျာကို ခေါ်လာတယ်တဲ့လား....

ငါနားကြား မှားတာများလား....

"မင်္ဂလာပါ ..ကျွန်တော် ကိုယ့်ဘာကိုယ် မိတ်ဆက်ပေးပါရစေ......ကျွန်တော်က ပန်နီဆူလာ ဟိုတယ်ရဲ့ မန်နေဂျာပါ..ဟိုတယ် စီမံခန့်ခွဲ့ ရေးမှူးလည်း ဟုတ်ပါတယ်ဗျ..."

၀မ်ထျန်းလုံ သူ၏ စီးပွားရေး ကတ်ကို ကမ်းပေးလိုက်ပြီး "ခင်များတို့ရဲ့ကျောင်းနာမည်ကို ကြားဖူးတာ ကြာပြီ အရည်အသွေးပိုင်းကိုတော့ ယုံကြည်ပါတယ် ကျွန်တော်တို့က ခင်များတို့ကျောင်းကနေပြီးသွားတဲ့ ကျောင်းသား ၃၂ ယောက်အတွက် အလုပ်သင်လစာ ၃၅၀၀ အပြင်ကို နေစားငြိမ်း စီစဉ်ပေးနိုင်ပါတယ်ဗျ...ဒါရိုက်တာထျန် ဘယ်လို သဘောရလဲ မသိဘူး...."

နဂိုမူလကတော့ ၀မ်ထျန်းလုံ လစာကို ၃၀၀၀ တည်းကမ်းလှမ်းရန် စီစဉ်ထား၏။ သို့သော်လည်း လင်းရီ၏ မျက်နှာကြောင့် ၅၀၀ ထပ်တိုးပေးလိုက်သည်။

သူတို့ ငွေအနည်းငယ် ဆုံးရှုံးသွားသည်က ပြဿနာမရှိပေ။ သို့သော်လည်း သူတို့ ဘော့စ် ကောင်မလေး ပိုးပန်းသည်ကိုတော့ မည်သည့်နည်းနှင့်မျှ နှောင့်နှေး၍ မဖြစ်။

"ဟမ်...သူတို့က အဲ့လောက်ကြီးမြင့်တဲ့ လစာငွေနဲ့ ကမ်းလှမ်းလာတာလားဟ..."

ရှောင်ထျန်နှင့် ကျန်သည့်နှစ်ယောက်မှာ အံ့အားသင့်သွားကြပြီး သူမတို့ ကြားနေသည်ကိုပင် မယုံနိုင်ကြတော့ပေ။

အမှန်တကယ်တွင်တော့ သူမတို့ တောင်းဆိုသည်မှာ ထိုမျှ မမြင့်မားပေ။ ကုမ္ပဏီမှ အလုပ်သင်လစာ ၃၀၀၀ အောက်ပေးပါက နေရာထိုင်ခင်းနှင့် အစားသောက် စီစဉ်ပေးပါက အဆင်ပြေသေး၏။ ရှောင်ထျန်တို့လိုအပ်သည်မှာ သူမတို့ကျောင်းသားများ အတွေ့အကြုံရရန် ကိုယ့်စားရိတ်နှင့်ကို စိုက်ရသည့် အဖြစ်မျိုးကို အလိုမရှိသောကြောင့်ပင်။

သို့သော်လည်း ဟိုတယ်မှာ အလုပ်သင် လစာ ၃၅၀၀ ကြီး ကမ်းလှမ်းလာရုံတင်မက နေရာထိုင်ခင်းနှင့် စားစရာများကိုပါ စီစဉ်ပေးမည်ဟု ဆိုလာသည်။

သူမတို့ ယခု အလုပ်ထွက်၍ ထိုကဲ့သို့သော ကုမ္ပဏီများ ရှာမည်ဆိုလျင်တောင်ရှာတွေ့ရန် လုံး၀ မဖြစ်နိုင်ပေ။

ထို့ပြင် အရေးကြီးဆုံးသည့်အချက်ကြီးကတော့ ကြယ်ငါးပွင့် ဟိုတယ်ကြီး ပန်နီဆူလာဟိုတယ်ကြီးပင်။

ဘွင်းဘွင်းရှင်းရှင်းပြောရမည် ဆိုပါက ယခုကဲ့သို့ သော ဟိုတယ်ကြီးများတွင် အလုပ်သင် လုပ်ရမည်ဆိုပါက လုပ်ခ လစာ မရပင်လျင် ပြဿနာ မရှိပေ။

"တကယ်လို့ ဒါရိုက်တာ ထျန်တို့ ကျောင်းက မကျေနပ်သေးဘူးဆိုရင် ကျွန်တော်တို့ ညှိနှိုင်းလို့ရပါတယ်ဗျ...."၀မ်ထျန်းလုံ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"မဟုတ် မဟုတ်တာ..ကျွန်မတို့ ဒီကမ်းလှမ်းချက်ကို ကျေနပ်ပါတယ်ရှင်..."

ရှောင်ထျန် တည်ငြိမ်မနေနိုင်တော့ချေ။

သူမ လပေါင်းများစွာ ကြိုးစားနေတာတောင်မှ အရာမထင်ခဲ့သော်လည်း ထိုအကောင်ကတော့ တစ်မနက်ခင်းလေး ထွက်သွားသည်နှင့် ပန်နီဆူလာဟိုတယ်မှ မန်နေဂျာကြီးကိုခေါ်လာပြီး လစာမြင့်မြင့်နှင့်ပင် ရရှိ‌လာသေး၏။

ဒါကြီးက လုံး၀ အမေးဇင်းပဲ...

" အသေးစိတ်ကိုတော့ ခင်များတို့ အေးဆေး ဆွေးနွေးကြပေါ့...နေ့လည်ရောက်နေပြီဆိုတော့ ကျုပ်လည်း သွားစား လိုက်ဦးမယ်... "

"ညီလေးလင်း ငါ့ကိုလည်း စောင့်ပါဦးဟ..အတူသွားစားရအောင်..."လီရှင်းပန်း ပြောလိုက်၏။

"ဒါပေါ့...ရတာပေါ့ဗျ..."

၀မ်ထျန်းလုံကို ချန်ထားရစ်ခဲ့ပြီး လင်းရီနှင့်လီရှင်းပန်းတို့ ထွက်သွားခဲ့ကြ၏။

ဘယ်လိုဆွေးနွေးမလဲဆိုတာကတော့ သူတို့အပေါ်တွင်သာ မူတည်ပေတော့သည်။

တစ်နည်းပြောရလျင် ရှောင်ထျန်တို့ စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ စနစ် မစ်ရှင်မှာလည်း ပြီးမြောက်သွားပေလိမ့်မည်။

ဟီးဟီး တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ကွာ...

ကန်သင်းမှာ ခရစ်ဒစ်ကတ်နှင့်သာလျင် အော်ဒါ မှာ၍ ရ၏။ ထို့ကြောင့် သူပိုက်ဆံနှင့် ၀ယ်စား၍ မရပေ။ သို့သော်လည်း လီးရှင်းပန်းက သူ့ကို နေ့လည်စာ ၀ယ်ကျွေးသောကြောင့် ငတ်တော့ မငတ်သွားပေ။

သူတို့နှစ်ယောက် နေ့လည်စာ ၀ယ်ပြီးနောက်တွင် စနစ်မှ အကြောင်းကြားစာ ရောက်ရှိလို့လာသည်။

[မစ်ရှင် ပြီးမြောက်သွားပါပြီ ....]

[ဆုလဒ် : အတွေ့ကြုံမှတ် ၂၀၀,၀၀၀ ]

[အလုပ်ပြီးမြောက်နှုန်း : ၂၀%

ဆုလဒ် : ကျိုးဟိုင် လုံရှင်း သုတေသန စင်တာ...]

လင်းရီ အနည်းငယ် အံ့ဩသွားခဲ့သည်။

သုတေသန စင်တာလားဟ

ဒီတစ်ခါ ဆုလဒ်က နည်းနည်းတော့ ထူးခြားတာပဲ...

လင်းရီ ထိုစင်တာနှင့် ပတ်သက်၍ ဘာမျှ ဗဟုသုတ မရှိသောကြောင့် အင်တာနက်ပေါ်တွင် ရှာဖွေလိုက်၏။

ရှာဖွေပြီးနောက် ထိုစင်တာမှာ တစ်ခုခုတော့ တစ်ခုခုမှန်း နားလည်သွားတော့၏။

ထိုနေရာမှာ ကွန်ပျူတာ ၊ မိုဘိုင်းဖုန်း နှင့် ကွန်ပျူတာ စီပီယူများကို အဓိက သုတေသန လုပ်သောနေရာဖြစ်၏။

မူလက ထိုစင်တာမှာ ပြည်နယ်မှ ဦးစီးဌာနမှ ဖွဲ့စည်းထားသော်လည်း သူတေသန ရလဒ်များမှာ ဈေးကွက် လိုအပ်ချက်များနှင့် မကိုက်ညီသောကြောင့် ရန်ပုံငွေ လျော့ချပစ်သည်မှာ ကြာလှပြီဖြစ်၏။

ထို့ကြောင့် သုသေသန စင်တာကို တစ်စုံတစ်ယောက်မှ ၀ယ်ယူသွားပြီး စနစ်ကလည်း ထိုသူထံမှ ပြန်လည် ၀ယ်ယူလိုက်သည်။

လုံရှင်း စင်တာမှာ ၀မ်ကျန်းဆိပ်ကမ်း၏ ဖြစ်ပုံနှင့်လည်း အတော်လေး ဆင်တူပေသည်။

လင်းရီ တခဏမျှ သုံးသပ်ကြည့်လိုက်ပြီးနောက်ချိုင်းနား၏ ချစ်ပ် ထုတ်လုပ်သည့် လုပ်ငန်းမှာ ကမ္ဘာတစ်ဝှမ်းရှိ ယူအက်စ်အေတို့နှင့် ယှဉ်လိုက်ပါက အတော်လေး နောက်ကျနေလေသည်။ အကယ်၍ ထိုနယ်ပယ်၌ ထွန်းကားအောင် လုပ်မည်ဆိုလျင်လည်း မဆိုးပေ။

သို့သော်လည်း တစ်ခုတည်းသော ပြဿနာမှာ နည်းပညာလုပ်ငန်း ဖြစ်သောကြောင့် ပိုက်ဆံ ရှိရုံ တစ်ခုတည်းနှင့် မလုံလောက်သေးပေ။ စစ်မှန်သည့် ကျွမ်းကျင်သူများလည်း လိုအပ်နေသေး၏။

အင်း...သိပ်ပြီးတော့ လွယ်မှာ မဟုတ်လောက်ဘူး....

"ညီလေးလင်း ဘာတွေများ အတွေးနက်နေတုန်းတာတုန်းကွ...မင်း ငိုင်နေတာ ကြာလှပြီ..."

"ဘာမှတော့ မဟုတ်ပါဘူးဗျာ..ဒီတိုင်း စိတ်ရှုပ်ထွေးသွားလို့ပါ"

"ညီလေးလင်း မင်းက‌ တစ်ခုခုတော့ တစ်ခုခုပဲ..လုပ်တာ နေ့တစ်၀က်ပဲ ရှိသေးတာတောင်မှ အလုပ်ပြီးသွားတယ်ဆိုတော့... "

လီရှင်းပန်း အသံနိမ့်၍ ပြောလိုက်လေသည်။

"ငါမင်းကို ပြောပြမယ်..ငါတို့ရဲ့ ဒါရိုက်တာကြီးထျန်တောင်မှ ဟိုတယ် စီမံခန့်ခွဲရေး မေဂျာက ကျောင်းသားတွေအတွက် အလုပ်ရှာပေးဖို့ နည်းလမ်းရှာမရ ဖြစ်နေတာ.... "

၎င်းကိုကြားတော့ ရှောင်ထျန်မှာ သူ့ကို ခက်ခဲအောင် လုပ်နေကြောင်း လင်းရီ ပို၍ပင် သေချာ‌သွားတော့၏။

တကယ့်ကို မြေခွေးအိုကြီးပဲ..သူကိုယ်တိုင်ကျ မလုပ်နိုင်ပဲနဲ့ သူများကို လာခိုင်းနေတယ် ..အနိုင်ကျင့်ချင်နေတယ်ဆိုတာ ရှင်းနေတာပဲ...

အကယ်၍ အခြားတစ်ယောက်ဆိုပါက အဆိုပါ မစ်ရှင်ကို ပြီးမြောက်ရန် လုံး၀ မဖြစ်နိုင်ချေ။

မစ်အော်ရယ်လ် နှစ်ဖာလောက် ၀ယ်ခဲ့လိုက်တာ မှန်သွားတာပဲ...

ထိုအချိန်တွင် ရှောင်ထျန်နှင့် စုန့်ကျားတို့ ရောက်လာသည်ကို မြင်လိုက်ရ၏။

သူမတို့ လက်ထဲတွင် ၀ယ်လာသော နေ့လည်စာ ဗန်းများ ကိုင်ထားသော်လည်း သူမတို့၏ အာရုံကတော့ လင်းရီပေါ်သို့ လုံး၀ ကျရောက်နေလေသည်။

လင်းရီ ၀မ်ထျန်းလုံကို မည်ကဲ့သို့ ‌ဆွဲဆောင်ခဲ့သည်ကို အတော်လေး စိတ်၀င်စားနေလေ၏။

ထိုဖြစ်ရပ်ကြီး လုံး၀ အံ့ဖွယ်ပင်။

"ဒါရိုက်တာထျန် ..အလုပ်သင် ရာထူး ကိစ္စတွေက ပြီးသွားပြီလားဗျ..."

" ပြီးတော့မှာပါ သိပ်မကြာတော့ပါဘူး..."

"မန်နေဂျာ၀မ်က အရမ်းကို ပူးပေါင်းပေးတယ်..သူက ငါတို့ရဲ့ တောင်းဆိုချက်တွေကို တစ်ချက်လေးမှတောင် မငြင်းဘူး..."

"အဲ့တာဆို ကျွန်တော် အောင်သွားပြီပေါ့နော် ဟုတ်တယ်ဟုတ်..."လင်းရီ ပေါ့ပါးစွာ ပြောလိုက်လေသည်။

ရှောင်ထျန် မျက်မှောင်ကုတ်လိုက်မိသည်။သူမ လင်းရီ မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို မသိသော်လည်း သူမ၏ ပြဿနာကို ကူဖြေရှင်းပေးခဲ့သည်ကတော့ အမှန်ပင်။

သူဟန်ဆောင်နေတာ မဟုတ်ဘူးပဲ..သူက တစ်ခုခုတော့ တစ်ခုခုပဲ...

"ဒါပေါ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီးတော့ နင့်ကို ကူညီပေးဖို့ စုန့်ကျားကို ပြောလိုက်မယ်..... "

ကလင် ကလင် ကလင်

ရှောင်ထျန် ပြောပြီးနောက် သူမ အိတ်ထဲရှိ ဖုန်းမှာ မြည်လာခဲ့၏။

"ဆရာမလိ.ကျွန်မကို ရှာနေတာလား..."

ခေါ်လိုက်သူမှာတောဘ ရှစ်လိပင်။ သူမမှာလည်း ကျောင်းကော်မတီ အဖွဲ့မှ ဆရာမ တစ်ယောက်ဖြစ်ပြီး ယခုလေးတင် လိုအပ်လေးသည်များ သွား၀ယ် နေသူဖြစ်၏။

"ဒါရိုက်တာထျန် မြန်မြန် လာကြည့်ပါဦး ..ရှင့်ရဲ့ကားက ...."

"ဟမ်...ငါ့ကား က ဘာဖြစ်လို့လဲတဲ့..."

"ညီမလည်း သေချာမပြောတတ်ဘူး..အစမထျန် ကိုယ်တိုင် လာကြည့်တာ ကောင်းမယ် ထင်တယ်..."

"ကောင်းပြီ..ငါအခုပဲ လာခဲ့မယ်..."

ရှုပ်ထွေးစွာဖြင့် ကျီချင်းရန် ဖုန်းချလိုက်ပြီး "နင်တို့ အရင် စားနှင့်ကြ..ငါ ကိစ္စလေး ပေါ်လာလို့..."

"အစ်မထျန် ညီမလည်း လိုက်ခဲ့မယ်လေ..ညီမလည်း ဗိုက်သိပ်မဆာဘူး..."စုန့်ကျား ပြောလိုက်လေသည်။

"အင်း သွားစို့..."

နှစ်ယောက်သား ကန်သင်းထဲမှ ထွက်လာပြီးနောက် ကားပါကင်သို့ ရောက်သောအခါ ကျောင်းသားများမှာ သူတို့ကို ကြည့်ကြည့်ပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြ၏။

ကျောင်းသားများ ညွှန်ပြသော နေရာကို ကြည့်သောအခါ သူမ ကားပေါ်တွင် ပုံးအကြီးကြီး နှစ်ခု တွေ့လိုက်ရ၏။

အနီးကပ်သွားကြည့်လိုက်သောအခါ ထိုဂျက်ဖာကြီးနှစ်ခုမှာ မစ်အော်ရယ်လ်များ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

စုန့်ကျား ရုတ်တရက် သူမ အနားရှိ လေးထုမှာ အေးခဲလာကြောင်း ခံစားလိုက်ရ သောကြောင့် မသိလိုက် မသိစွာဖြင့် သူ၏ အစ်မထျန်နှင့် အလှမ်းကွာ‌စွာ နေမိသွားသည်။

"ဒီ ‌ေ-သနာလေးကတော့ တကယ်ကြီး အဲ့ဒီပစ္စည်းကိုငါ့ကားနား လာထား ရဲတယ်ပေါ့...."

All Chapters