← Chapters

အခန်း (၁၀၀)

Vol. 7 Ch. 100

အခန်း (၁၀၀)

Vol. 7 Ch. 100

"အစ်မထျန် ..စိတ်လျော့ပါဦး..ဒါက လင်းရီ လုပ်ထားတာလည်း ဟုတ်ချင်မှ ဟုတ်မှာပေါ့..."စုန့်ကျား ပြောလိုက်လေသည်။

"သူက လွဲလို့ ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ..သူငါ့ကို ၀ယ်ပေးမယ်လို့ ပြောဖူးတယ် မဟုတ်လား..."ရှောင်ချန်၏ ရင်ဘက်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဒေါသထွက်လွန်း၍ ပေါက်ကွဲ မတတ် ဖြစ်နေ၏။

စုန့်ကျားကတော့ ရှောင်ထျန်ကို ကြည့်၍ အကယ်၍ သူမ သွေးမဆုံး လျင်တောင် ဒေါသထွက်လွန်း၍ ‌ဟော်မုန်း ပြောင်းလဲမှုများကိုပါ ထိခိုက်သွားစေနိုင်သည်။

ထိုအချိန်တွင်တော့ ခါးတို အင်္ကျီ ၀တ်ထားသည့် အမျိုးသမီး တစ်ဦးရောက်လာခဲ့လေပြီး ထိုအမျိုးသမီးကတော့ ရှောင်ထျန်ကို ခေါ်လိုက်သည့် ရှစ်လိပင်။

"ဒါရိုက်တာထျန် ရှင်က အသက် ၃၀ တောင်မရောက်သေးဘူး ဘာလို့ ဒါတွေ သောက်နေတာလဲ..."ရှစ်လိ မေးလိုက်ပြီး "ပြီးတော့ သောက်လို့ရတယ် ဆိုရင်တောင်မှ ဒီလိုပေါ်တင်ကြီး သောက်နေမှန်း လူသိအောင်တော့လုပ်စရာ မလိုဘူးလေ..."

"ယူသွားစမ်း..အဲ့ဖာတွေကို အမှိုက်ပုံးထဲ လွင့်ပစ်လိုက်..."

ရှောင်ထျန် ရှက်လည်းရှက် ဒေါသလည်း ထွက်နေလေသည်။ ရှက်နေသည်မှာတော့ လူများစွာက သူမကို ဝိုင်းကြည့်နေကြသောကြောင့်ပင်။

ထိုအချိန်တွင်တော့ သူမတို့နား ရှာရီတစ်စီး ရောက်လို့လာပြီး လင်းရီ ပြတင်းပေါက်မှ ခေါင်းပြူ၍ "ဒါရိုက်တာထျန် ..ဒီနှစ်ဖာ ရဖို့အတွက် ပိုက်ဆံတွေ အများကြီး သုံးထားရတာနော်..လွင့်ပစ်လိုက်မယ်ဆိုရင် နှမြောစရာကြီး..ကိုယ် သုံးဖို့အတွက် သိမ်းထားလိုက်လေ...."

"နင်...."

သူပြောချင်တာ ပြောပြီးနောက် လင်းရီ မောင်းထွက်သွား၏။ ရှောင်ထျန် စကားဆုံးအောင်ပင် ပြောခွင့် မရလိုက်ချေ။

"အမယ်လေး ..ဘုရားရေ သူက ချောလိုက်တာနော်..."

ရှစ်လိ ဟက်ထိသွားသည့်လေသံဖြင့် ပြောလိုက်၏။

"ဟေး ဟေး ဟေး အစ်မလိ အဆင်တွေ ဘာတွေ လုပ်‌မနေနဲ့ နင်က ခင်ပွန်းရှိပြီးသားလေ..."

"ခင်ပွန်းရှိတာနဲ့ပဲ ငါက အဆင်တွေ ငမ်းလို့ မရတော့ဘူးလားတဲ့....."

"မပူနဲ့ နင် နောက်ကျရင် သူ့ကို အ၀ ငမ်းလို့ရသေးတယ် ..စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်၏။

"ဘာလို့လဲဆိုတော့ သူက ကျွန်မတို့ ကော်မတီ ရုံးက လုပ်ဖော်ကိုင်ဖက်အသစ်လေ..အစ်မထျန်ကို မစ်အော်ရယ်လ် ဆေးရည်တွေ ၀ယ်ပေးတာလည်း လင်းရီပဲလေ"

"မဖြစ်နိုင်တာ..အဲ့ဒီအဆင်လေးက ဒါရိုက်တာထျန်ကို လက်ဆောင် ပေးတာပေါ့..."ရှစ်လိ အံ့အားသင့်သွားပြီး "ဒါက အချစ်စစ်ပဲ ဖြစ်ရမယ်..."

"အချစ်စစ်....."

"အင်း...ရင်ထဲအသည်းထဲကနေ နှစ်နှစ်ကာကာ ဂရုစိုက်ပေးတယ်ဆိုတာ အဲ့တာကို ခေါ်တာပဲလေ...အဲ့လို ယောက်ျားမျိုးက လက်မလွှတ်သင့်တဲ့ထဲမှာ ပါတယ်...."

"နင်တို့နှစ်ယောက် ဘာအဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေကြတာလဲ..."ရှောင်ထျန် အရှက်သည်းစွာ ပြောလိုက်ပြီး "နင်တို့ ထဲက ယူချင်တဲ့ သူတွေ ယူသွားကြ ငါ့မျက်စိရှေ့မှာ မမြင်ရရင် ပြီးရောပဲ..."

"ဒါရိုက်တာထျန်က မလိုချင်ဘူးဆိုမှတော့ ကျွန်မ ‌အမေကို တိုက်ဖို့အတွက် အိမ်ယူသွားလိုက်မယ်နော်..."ရှစ်လိ စနောက်လိုက်လေသည်။

ရှောင်ထျန် "......"

ငါက သုံးဆယ်ကျော် အရွယ်ကြီး ရုပ် ပေါက်နေလို့လားဟ...

ထိုသို့ပြောလိုက်သော်လည်း ရှစ်လိ ယူမသွားခဲချေ။ ဒီတိုင်း စနောက်နေခြင်းသာ....

လင်းရီက ဒါရိုက်တာထျန်အတွက် ၀ယ်ပေးပါတယ်ဆိုမှ သူမက ဘာလို့ ယူသွားရမှာလဲတဲ့...

ထိုသို့ဖြင့် သုံးယောက်သား ရုံးခန်းဆီသို့ ပြန်လာခဲ့လိုက်၏။ ရှောင်ထျန်ကတော့ စိတ်ဆိုးနေသောကြောင့် တစ်လမ်းလုံး စကား တစ်လုံးမျှပင် မပြောချေ။

"အစ်မထျန်ကလည်း စိတ်ကလေး နည်းနည်းလောက် လျော့ပါဦး..သူက အစ်မကို ဒီလိုတွေ ၀ယ်ပေးတယ်ဆိုတာက အစ်မထျန်ကို ဂရုစိုက်‌လို့လေ..သာမန်လူ‌တွေဆို ဒီလိုမျိုး ရချင်တာတောင် မရကြဘူးနော်..."

စုန့်ကျား ဖြောင့်ဖြပေးလိုက်၏။

"ငါ သွေးဆုံးတော့မယ်လို့ နင်က ထင်နေတာလား...."

"အဲ့လိုပြောချင်တာ မဟုတ်ဘူး..ခုတလော လူတော်တော်များများက အလုပ်ဖိအားတွေ အရမ်းများတော့ မစ်အော်ရယ်လ် ဆေးရည်တွေ သောက်ကြတာ‌ေလ.ပြောကြတာတော့ အားပြည့်စေတယ် ဆိုပဲ.."

"နင်ကတော့ ဒီတစ်ခေါက်လစာ မလိုချင်တော့ဘူးနဲ့ တူတယ်..."

"အဲ့လိုကြီး မပြောနဲ့လေ အစ်မထျန်ကလည်း ..ညီမလေးက ဒီတိုင်း ရှင်းပြတာပဲဟာကို"ဆိုးနွဲ့ချင်သည့် လေသံဖြင့် စုန့်ကျား ရှောင်ထျန်ကို ချွဲနွဲ့လိုက်၏။

"ဒါပေမယ့် ဘာလို့ တစ်ခုခု မဟုတ်သလို ခံစားနေရတာလဲ.."ရှစ်လိ ပြောလိုက်ပြီး "လင်းရီက ဒီနေ့မှ အလုပ်စ၀င်တာ..သူက ဘယ်လိုလုပ် ဒါရိုက်တာထျန်နဲ့ အထုံးလေးတွေ ဖြစ်သွားတာလဲတဲ့..."

စုန့်ကျား ရှစ်လိကို မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြလိုက်၏။

"အဲ့လိုကြီးလား...သူက မကောင်းတဲ့ကောင် ဖြစ်နေမယ်လို့ ထင်ကို မထင်ထားတာ..ရုပ်ရည်လေးက ချောချောလေးဆိုတော့ ..."

"အတိအကျပဲ..မဟုတ်ရင် အစ်မထျန်လဲ သူ့ကို အမြင်မကြည်မှာ မဟုတ်ဘူး...."

"ဒါပေမယ့် သူက အရမ်းချောတာနော်..တကယ်လို့ သူသာ မကောင်းတဲ့ကောင် မဟုတ်ဘူးဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ.."ရှစ်လိ စနောက်နေသည့် အပြုအမူဖြင့် ပြောလိုက်လေသည်။

"ဒါပေမယ့် သူက မကောင်းတဲ့ကောင်ဆိုရင်တောင်မှ ငါကတော့ ကျေကျေနပ်နပ်ကြီး လက်ခံရဲတယ်..."

"သွားပြီ သွားပြီ အစ်မလိကတော့ အဲ့ကောင်ကို ကြွေနေပြီပဲ..."စုန့်ကျား ပြောလိုက်ပြီး "ဒီလိုတွေ လုပ်နေတယ်ဆိုတော့.....အစ်မယောက်ျား သိသွားရင် ဘယ်လိုလုပ်မလဲ..."

"ဘာကြောက် စရာ ရှိလို့လဲ..ငါက ဒီတိုင်း စိတ်ကူးလေးပဲ ယဉ်ကြည့်‌တာပါနော် ..ငါ့ရဲ့ ခန္ဓာကိုယ်ကတော့ ငါ့အယောက်ျား အပိုင်ပါပဲ... "

ရှောင်ထျန်ကတော့ ရှစ်လိကို ပါးစပ်အဟောင်းသားဖြင့် ကြည့်လိုက်ပြီး "နင့်လိုလူတွေက အန္တရာယ်အများဆုံးပဲ..တစ်နေ့နေ့ တစ်ခုမဟုတ် တစ်ခုတော့ ဖြစ်လာဦးမှာ..."

ရှစ်လိကတော့ ရယ်မောလိုက်ပြီး "ဖြစ်ရင်လည်း ဖြစ်ပစေပေါ့...မတော်တဆမှုလေးတွေ မဖြစ်ရင်ရပြီ .."

(မတော်တဆဆိုတာ မထင်မှတ်ပဲ pregnant ဖြစ်သွားတာကိုပါ..)

ရှောင်ထျန်ကတော့ ဆွံ့အသွား၏။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ...

"အစ်မထျန် ကျွန်မ အမြင်ရတော့ လုံလောက်ပြီ ထင်တာပဲ..."စုန့်ကျား ပြောလိုက်လေသည်။

"လင်းရီက ကျောင်းသားတွေအတွက် အလုပ်ကူရှာပေးပြီးတော့ ညီမတို့ရဲ့ ပြဿနာကြီးကိုလည်း ဖြေရှင်းပေးလိုက်သေးတယ်လေ.."

အလုပ်ရှာပေးသည့်အကြောင်း ပြောလိုက်သောအခါ ရှောင်ထျန်၏ ဒေါသမှာ ယူပစ်သကဲ့သို့ လွင့်စင်သွားခဲ့သည်။

သူမ၏ ကျောင်းသားလေးများ အလုပ်ရသွားပြီ ဖြစ်သောကြောင့် စိတ်ချမ်းသာရလေပြီ။

"အစ်မထျန် ညီမအထင်တော့ လင်းရီက တော်တော်လေး မဆိုးပါဘူး...သူ့ရဲ့ နေပုံထိုင်ပုံကတော့ ညီမတို့ ကိစ္စမှ မဟုတ်တာ..သူ့ဘာသူ ဘယ်လို နေနေပေါ့..."စုန့်ကျား ပြောလိုက်ပြီး "တလောတုန်းကတောင်မှ ရူပဗေဒ ဌာနက ဆရာကျောက်တောင် နိုက်ကလပ် သွားသေးတာပဲ...သူကော မကောင်းတဲ့ လူလို့ ထင်လား...."

စုန့်ကျား ပြောသည်မှာလည်း မမှားပေ။ သူမ အရမ်းပဲ ၀င်စွက်ဖက်မိနေပြီလား....

မည်သို့ပင် ဆိုစေကာမူ လင်းရီမှာ သူမတို့ တစ်ဦးကိုမျှ ထိခိုက်နစ်နာစေခဲ့ခြင်း မရှိ‌ခဲ့ပေ။ သူမတွင် လင်းရီကို ပစ်မှတ်ထားရန် အခွင့်အရေး မရှိချေ။

"ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် သူ့ကို ပြန်ပြီး စစ်ဆေးကြတာပေါ့...သူဒီအလုပ်ကို လက်ခံနိုင်ပါ့မလား ဆိုတာ မြင်ချင်တယ်.."ရှောင်ထျန် ပြောလိုက်ပြီး "ဘာပဲဖြစ်ဖြစ် အလုပ်ဆိုတာ ကြိုးစား ရမယ်လေ..သုံးရက် ငါးမျှားပြီး နှစ်ရက် နေလှုံလို့မှ မရတာ..."

"အဲ့တာဆို အစ်မထျန်က သူ့ကို ဘယ်လို စစ်ဆေးမှာ..."

ရှောင်ထျန် ရှစ်လိကို ကြည့်လိုက်ပြီး "နင် မနက်ဖြန် စိတ်ကြိုက်ဘာသာ ရှိတယ်မလား..."

"အင်း..တက္ကသိုလ်ကျောင်းသားတွေရဲ့ အသက်မွေး‌၀မ်းကြောင်း အစီစဉ်လေ..."

တက္ကသိုလ်များ၌ ကျောင်းသားများ၏ အသိဉာဏ် ကြွယ်၀စေရေးအတွက် အမျိုးမျိုးသော စိတ်ကြိုက်ဘာသာရပ်များ စီစဉ်ပေးလေ့ရှိ၏။

ကျောင်းကောင်းလေ..စိတ်ကြိုက်ဘာသာရပ်မှာလည်း ပိုမိုတန်ဖိုးရှိသော သင်ခန်းစာများကို စီစဉ်ပေးနိုင်သည်။

ပင်းချန် တက္ကသိုလ်ကဲ့သို့ သာမန်ကျောင်းတွင်တော့ ထိုဘာသာရပ်များမှာ ထင်သလောက် လက်တွေ့မကျပေ။ သို့သော်လည်း ထိုအတန်းအမှတ်များက အလကားမှတ် ဖြစ်သောကြောင့်သာ ကျောင်းသားများက တက်နေကြခြင်းဖြစ်သည်။

"ကောလိပ်ကျောင်းသားများ၏ အသက်မွေးလမ်းကြောင်း "ထိုကဲ့သို့သော အတန်းမျိုးမှာ ဘာမျှ လက်တွေ့မကျ၊ အသုံးမ၀င်ပေ။ နောက်ဆုံး စာမေးပွဲဖြေနေသရွေ့တော့ မည်သူမဆိုအောင်မြင်နိုင်ပေသည်။

"အဲ့အတန်းတက်တဲ့သူက ၃၀%တောင် မကျော်ဘူးမလား..."ရှောင်ထျန် မေးလိုက်၏။

ရှစ်လိ ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်သည်။

"တတ်တဲ့ကောင်တွေကလည်း အိပ်တဲ့သူ အိပ်နဲ့..နောက်ဆို အဲ့လို‌ပျင်းဖို့ကောင်းတဲ့ အတန်းကြီး မလုပ်စမ်းပါနဲ့ဟယ်..ငါရူးချင်တယ် သိလား..."

"အဲ့အတန်းကို လင်းရီပေးလိုက် နင်တာ၀န်ယူစရာ မလိုတော့ဘူး..."

ရှောင်ထျန် ပြောလိုက်လေသည်။

"တကယ်လို့ အတန်းတက်တဲ့သူသာ ၉၅%အောက်ဆို သူ့ကို အဆင့် Dပေးမယ်လို့ ပြောလိုက် သုံးကြိမ်ဆိုရင် ဘောနပ်စ်ရရင်တောင်မှ ဖြတ်ခံရမယ် ပြီးတော့ လစာကိုလည်း တစ်၀က်ပဲ ပေးမယ်လို့...အဲ့တိုင်း ပြောပြီး ဖိအား နည်းနည်း လောက် ပေးလိုက်..အဲ့ခါကျရင် သူငါ့ကို တက္ကသိုလ်ဌာနမှူးလိုပဲ ပြုံးပြရဲတော့မှာ မဟုတ်ဘူး..."

"မဖြစ်နိုင်ဘူးနော်..စိတ်ကြိုက်ဘာသာရဲ့ အတန်းတက်ဆုံး အများဆုံး စံချိန်ကတောင် ၉၁%ပဲ ရှိတာ ..ဒါတောင် ရေကူးသင်ပေးတဲ့ အခေါက်မို့လို့နော်..ဘယ်သူက ခုလို တက္ကသိုလ်ကျောင်းသားများ အသက်မွေး၀မ်းကြောင်း အစီအစဉ် ဆိုတဲ့ ပျင်းစရာကြီးကို လာချင်ကြမှာလဲတဲ့..."စုန့်ကျား ပြောလိုက်၏။

"အမှန်ပဲ "ရှစ်လိ ပြောလိုက်ပြီး "ငါတို့ လစာကလေးကမှ မဖြစ်စလောက် လေးပါဆို ရတဲ့ ဘောနပ်စ်လေးနဲ့ အသက်ရှင်နေရတာ..နင်သာ သူ့ရဲ့ ဘောနပ်စ်တွေကော လစာတွေပါ ဖြတ်ပစ်မယ်ဆို လင်းရီက ဘယ်လို ထမင်းစားရတော့မှာလဲတဲ့..."

"ဟုတ်ပါ့..သူက မစ်အော်ရယ်လ်ဆေးရည် ၀ယ်ပေးတယ်ဆိုပေမယ့် အဲ့နှစ်ဖာ ၀ယ်ပေးဖို့ဆို ပိုက်ဆံ တော်တော်ကုန်မှာ..."

"ငါက ခုမှ ၂၉ ပဲရှိသေးတယ်..မစ်အော်ရယ်လ်ကြောင်း မပြောစမ်းပါနဲ့ဟယ်..."ထိုသို့ ပြောပြီးနောက် ရှောင်ထျန် ရုံးခန်းထဲသို့ ပြေးသွားလိုက်၏။ သူမ မျက်နှာချင်းဆိုင်ရန်ပင် ရှက်လွန်းလှ၏။

"သူတို့က ရန်သူတွေ ဖြစ်နေတယ်လို့ ဘာလို့ ခံစားနေရတာလဲဟ..."ရှစ်လိ စောဒက တက်လိုက်သည်။

"အင်း ညီမလဲ အဲ့လို ခံစားရတယ်.."

စုန့်ကျား အပြုံးလေးဖြင့် ပြောလိုက်ပြီး"ဘာပဲ ပြောပြော လင်းရီက အရမ်းချောတာပဲ..ဘယ်မိန်းကလေးက သူ့ကို မကြွေဘူးဆိုတာ ဖြစ်နိုင်လို့လဲ...

ထိုအချိန်တွင်တော့ ကျောင်းအင်တာနက်ဖိုရမ်တွင် သတင်းတပုဒ်က ဟစ်ထနေလေသည်။

'လျို့ဝှက်ဆန်းကြယ်သော မင်းသားလေး မည်သူဆိုတာ ပေါ်ပေါက်လာခြင်း ' ထိုခေါင်းစဉ်နှင့် ပိုစ့်မှာ မိနစ်အနည်းငယ်အတွင်း ထိပ်ဆုံးသို့ ရောက်ရှိသွား၏။

"အစ်မကျီ..သတင်းကြီးပဲ...သတင်းကြီး..ဟိုနတ်ဘုရားလို ခန့်ညားချောမောတဲ့ လူငယ်လေးက လင်းရီဆိုပဲ..သူက ညီမတို့ကျောင်းက ကျောင်းသားတော့ မဟုတ်ဘူး..ဒါပေမယ့် ကျောင်းကော်မတီကဆရာတဲ့.."

"သပပဲ..သူက ငါတို့ကျောင်းက ဆရာပေါ့..သောက်ရမ်းမိုက်သွားပြီ..."

"နဂိကတည်းက ငါတို့ကျောင်းက ကောင်လေးတွေက သိပ်ချောတာ မဟုတ်ဘူး..ခုတော့ နတ်ဘုရားလို ခန့်ညားတဲ့ ဆရာ အသစ်လေး ရောက်လာပြီ ဆိုတော့ သူတို့က နှစ်ခါကြည့်ဖို့တောင် မတန်တဲ့ကောင်တွေ ဖြစ်သွားပြီ..."

"ငါတော့ တွေ့ရဖို့ မစောင့်နိုင်တော့ဘူး..."

"ဟေ့ ငါယွမ်၅၀ ပေးမယ် ဘယ်သူ ငါတို့ရဲ့ အိုင်ဒေါ တီချယ်အကြောင်း သိကြလဲ...သူ ဘယ်အတန်းတွေ လုပ်မလဲ ဆိုတာပေါ့...ငါတော့ တကယ်ကြီး သူ့အတန်းကို အရမ်း တက်‌ချင်နေပြီ..."

"အွန်း..ကော်မတီက ဆရာတွေက တော့ ဒီတိုင်း အရေးမကြီးတဲ့ စိတ်ကြိုက်ဘာသာ အတန်းတွေပဲ အချိန်ပိုင်း လုပ်ကြတာမလား ..ငါတို့ရဲ့ အိုင်ဒေါ တီချယ်လည်း အဲ့လို အတန်းပဲ ပြမယ်နေမှာပေါ့:...."

"ငါတော့ အဲ့လို မထင်ဘူးနော်..အိုင်ဒေါတီချယ်က ဒီနေ့မှ ရောက်တာဆိုတော့ အတန်းတွေ ပြဖို့ ကြာဦးမယ်ထင်တယ်..."

"အာ...ငါက မင်းသားလေးလို ဆွဲဆောင်မှု ရှိတဲ့ ဆရာ့ အတန်းကိုမှ တက်ချင်တာပါဆို...ငါ့ရဲ့ အပျိုစင် နှလုံးသားလေးကို ပေးအပ်ဖို့ မစောင့်နိုင်တော့ဘူး..."

"အားလုံးပဲ စိတ်မပူကြနဲ့..ငါတို့ရဲ့ အိုင်ဒေါတီချယ် အကြောင်းကို ငါက နေပြီးတော့ အချိန်နဲ့ တပြေးညီ အက်ပ်ဒိတ် လုပ်သွားပေးမယ်..."

All Chapters