← Chapters

ငါ့နာမည်က မိုဝူကျိ

Vol. 61 Ch. 844

ငါ့နာမည်က မိုဝူကျိ

Vol. 61 Ch. 844

“ အဖွားရော ရှိနေသေးလား ” မိုဝူကျိ စိတ်ထဲမှ အပြစ်ရှိစိတ်က ပို၍ ထင်ရှားလာသည်။ သူသာ ယခင်တုန်းက သုတေသနလုပ်ငန်းကို စိတ်ရောကိုယ်ပါနှစ်ထား၍ အလုပ်မလုပ်ခဲ့လျှင် ဝမ်ရှောင်ချီအား ဆုံးရှုံးခဲ့မည် မဟုတ်ပေ။ သူမအနေနှင့်လည်း ဝမ်းနည်းဖွယ် ဘဝမျိုးနှင့် ဆက်လက် ရှင်သန်သွားရမည် မဟုတ်ပေ။

တစ်ချိန်တည်းဆိုသလို မိုဝူကျိက ထိုအရာများ မပါလျှင် ယနေ့လက်ရှိ သူ ဖြစ်နေမည် မဟုတ်ကြောင်း ကောင်းကောင်း သိပေသည်။ လမ်းကြောင်းဖွင့် ဆေးရည်မပါရှိဘဲ သူက ပြန်လည်ဝင်စားပြီးသည့်နောက်တွင်ပင် သာမာန် ဝိညာဉ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

လမ်းကြောင်းဖွင့် ဆေးရည် ဖန်တီးလိုက်ခြင်းကား မမှားယွင်းသော်လည်း သူ့အနေနှင့် ဌက်ကုလားအုတ်လိုနေ၍ ဝမ်ရှောင်ချီအကြောင်း မတွေးမိသည်က မဟုတ်သေးပေ။

မိုချင်းချယ်က ခေါင်းခါကာ “ အဖွားက သေသွားပြီလေ။ အဖွားနဲ့အဖိုးတို့က ချန်လောင် အလယ်တန်းကျောင်းမှာ အတူတူ တက်ခဲ့ကြတာ … အဖွားသေဆုံးသွားတဲ့နောက်ပိုင်း ငါက  ဒီနေရာမှာ ဆရာမ ပြန်လာလုပ်နေတာ …. ”

“ အဲဆို မင်းအဖွားကို ဘယ်မှာမြှပ်ထားတာလဲ။ မင်းမိဘတွေကရော ” မိုဝူကျိက ထပ်မေးမြန်းလိုက်သည်။

မိုချင်းချယ်က ပြန်ဖြေပေးလိုက်၏  “ အဖေက စွန့်ဦးစီးပွားရေး လုပ်ငန်းရှင်တစ်ယောက် ... စီးပွားရေး လုပ်ရင်း အကြွေးလည်ပင်းနစ်လာတယ်။ နောက်ပိုင်းကျ သူက ကာစီနိုမှာ ကံစမ်းချင်ပေမဲ့ ပိုရှုံးသွားရတယ်။ အမေကလည်း စိတ်ဓာတ်ကျပြီး ဆုံးသွားရတယ်။  အဖေက ကာစီနိုမှာ အကြွေးတွေအများကြီးတင်ပြီးတဲ့နောက်ပိုင်း သူတို့က သူ့လက်နှစ်ဖက်ကို ဖြတ်လိုက်ကြတယ်။ နောက်ကျ သူလည်း ဆေးရုံမှာ သေသွားခဲ့တယ်။ အဖွားကတော့ အမြဲတမ်း ကျင်းယန်မှာပဲ နေတာ …. သူမက အဲအကြောင်းသိသွားတာနဲ့  ငါ့ကို တိတ်တိတ်လေး  ခေါ်သွားခဲ့တယ်။ မဟုတ်ရင် ကာစီနိုရဲ့ အပြုအမူတွေအရဆိုရင် ငါလည်း လွတ်နိုင်မှာ မဟုတ်ဘူးလေ …..

အဖွား သေဆုံးပြီးတော့ သူမဆန္ဒအတိုင်း ကျင်းရှို့တောင်မှာ အဖိုးနဲ့အတူတူ မြှပ်နှံ့ပေးခဲ့တယ်။ ဒါပေမဲ့ အဖိုးရဲ့ အုတ်ဂူကျောက်တိုင်က ရှားပါးတဲ့ ကျောက်စိမ်း ဖြစ်နေတယ်လေ …. တခြားလူတွေ သိသွားကြတော့ အဲဒီနေရာဝန်းကျင်ကို တူးဖောက်ခံလာရတယ်။

အဲဒါနဲ ငါလည်း အဖိုးနဲ့အဖွားရဲ့ အုတ်ဂူတွေကို ချန်လောင်မြို့အနားက ရွာအသေးလေးမှာ ရွေ့လိုက်တာ …. ပိုပြီး ထူးဆန်းတာက အဖိုးရဲ့ အုတ်ဂူက ဘာမှကို ရှိမနေဘူး။ သူ့အခေါင်းတလားက လုံးဝဗလာကျင်းနေတာ …. ငါ ဒီကို စာလာသင်ရဲတာက တိယွမ်ဂြိုဟ်က ကာစီနိုအကြောင်းကို သိသွားတော့ ကာစီနိုဘက်က ရှိသမျှအကုန်ရင်းပြီးတော့ ဖြေရှင်းလိုက်ရတယ်တဲ့လေ … ”

ထိုဇာတ်ကြောင်းက မိုဝူကျိအား ကြောင်အမ်းသွားစေ၏။ သူက သူ့မျိုးဆက်တွင် ဤမျှ ခက်ခဲသည့်ဘဝမျိုး ရှိနေလိမ့်မည်ဟု မတွေးထားပေ။

“ အဲဆို အဖေရဲ့ အကြွင်းအကျန်တွေကရော ” မိုဝူကျိက သက်ပြင်းချလိုက်သည်။

“ အဖေနဲ့အမေရဲ့ ပြာတွေကို ပင်လယ်ထဲ မျှောလိုက်ရတာလေ … အဲဒါ အဖေရဲ့ နောက်ဆုံးဆန္ဒမလို့  ”

“ အဲဆို မင်းရဲ့ အဖွားနဲ့တွေ့ဖို့ ခေါ်သွားပေးပါ့လား ” မိုဝူကျိက ဝမ်းနည်းနေမိသည်။ သူက ထိုဝမ်းနည်းသည့် ခံစားချက်ကို ချိုးနှိမ်မထားနိုင်ပေ။ သူ့အသိစိတ်ပင်လယ် ပြန်လည် ကောင်းမွန်စွမ်းလည်း စတင် လျော့ကျလာလေ၏။

မိုချင်းချယ် စကားအဆုံးတွင် သူမက တံခါးဘေးမှ ဂေါ်ပြားလေးကို ယူကာ တံခါးကို ဖွင့်၍  ခြေခင်းကို ဖယ်လိုက်ကာ  တံခါးဝ၌ စတင်တူးတော့သည်။ ကွန်ကရစ်များက မြန်မြန် ကြေမွလာသောကြောင့် သူမက အတွင်းမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်ပြီး အပေါက်ကို ပြန်ဖို့ထားလိုက်သည်။

ထိုအပြုအမူများက မိုဝူကျိအား ဆွံ့အသွားစေသည်။ ဤမိုချင်းချယ်က အိမ်အပြင်ဘက်တွင် တစ်ခုခု ဝှက်ဖို့ရာ အကောင်းဆုံး ကြိုးစားထားလေ၏။

ထိုသေတ္တာလေးကို ဖွင့်လိုက်ပြီးနောက် ပလက်စတစ်အိတ်လေး တစ်လုံးကို ထုတ်လိုက်သည်။  ပလက်စတစ် အလွှာများစွာ ခွာပြီးသည့်နောက်တွင် ဝါကျင့်ကျင့် စာရွက်အပိုင်းတချို့ ထွက်လာသည်။ ထိုအပြင်မှာ ဒိုင်ယာရီစာအုပ် တစ်အုပ်လည်း ပါ၏။

“ ဒါက အဖွားချန်ထားခဲ့တာလေ … ဒီဒိုင်ယာရီကလည်း အဖွားအပိုင်ပဲ။ ရှင်က မိုမိသားစုကဆိုတော့ ရှင့်ကို ပေးလိုက်မယ် ” မိုချင်းချယ်က ထိုစာရွက်များနှင့် ဒိုင်ယာရီကို မိုဝူကျိထံ ပေးလိုက်၏။

မိုဝူကျိက ထိုပစ္စည်းများကို လက်ခံလိုက်ပြီးနောက် ဒိုင်ယာရီကို ဖွင့်မကြည့်ဘဲ  ထိုဝါကျင့်ကျင့် စာရွက်အပေါ် အကြည့်ရောက်သွားကာ  အဖြစ်အပျက်ကို နားလည်သွားတော့သည်။ ထိုစာရွက်များအပေါ်မှ အကြောင်းအရာမှာ သူ ဆေးရည်ဖော်စပ်စဉ်အခါက နမူနာအနေနှင့် သုံးထားသည့် မပြည့်စုံသော ဖော်မြူလာများ ဖြစ်နေသည်။

သူက ထိုဖော်မြူလာများကို အခွင့်ကြုံ၍ ရလာခြင်း ဖြစ်သော်လည်း ယခု နောက်တစ်ဖန် ပြန်တွေ့လိုက်သည့်အခါ သူက ဝမ်ရှောင်ချီက ပေးခဲ့ကြောင်း မည်သို့ မသိဘဲ နေမည်နည်း။ ထိုသည်မှာ ကော်ပီတစ်ခုမျှ ဖြစ်ပြီး မူလကို သူ ဖျက်စီးပစ်ပြီးလေပြီ။

“ ဒီဖော်မြူလာတွေက အရမ်းအဖိုးတန်တယ်။ အဖိုးကို ရှားရိုယင်က ဒီဟာကြောင့် သတ်လိုက်တာလို့ ကြားဖူးတယ်။ ရှင် ယူပြီးတာနဲ့ ထွက်သွားတော့ …. တကယ်လို့ နောင်ကျ အခွင့်အရေးရှိရင် ဖော်မြူလာထဲမှာ ပြုစုထားတဲ့စာရင်းအတိုင်း လုပ်ကြည့်ပေါ့။ ရှင်တို့ မိုမျိုးနွယ်လည်း ဒီကနေ ကြီးပွားနိုင်တာပဲလေ ” မိုချင်းချယ်က အလေးအနက် ပြောလိုက်သည်။

မိုဝူကျိက ထိုဖော်မြူလာများနှင့် ဒိုင်ယာရီစာအုပ်အား သိုလှောင်လက်စွပ်ထဲ ထည့်လိုက်သည်။

“ အယ် … ရှင့်ပစ္စည်းတွေကို ဘယ်မှာသိမ်းလိုက်တာလဲ ” မိုချင်းချယ်က မိုဝူကျိအား တအံ့တဩ ကြည့်ကာ မေးလိုက်သည်။ သူမက မျက်လှည့်ပညာရပ် ပြုလုပ်လိုက်တာလားဟုပင် အထင်မှားမိသွားသည်။ ပစ္စည်းများက လေထဲ ပျောက်သွားလေ၏။

သို့သော်လည်း သူက သူမ မေးခွန်းကို မဖြေဘဲ သူ့ဘာသာ ပြန်မေးလိုက်သည် “ ရှားမိသားစုက ဒီဖော်မြူလာကို လိုချင်နေတယ်လို့ ပြောတယ်မလား။ အခု မင်းက ငါ့ကို ပေးလိုက်ပြီဆိုတော့  သူတို့တွေ မင်းကို လာရှာတဲ့အခါကျ ဘာလုပ်မှာလဲ ….  ”

မိုချင်းချယ်က ခေါင်းခါကာ  “ ကျမ လုပ်နိုင်တာ ဘာမှမရှိဘူး။ ဒီအတိုင်း ထွက်သွားရုံပဲလေ။  ငါတို့တွေ အတူတူ ထွက်သွားလို့ မရဘူး။ မင်းလမ်း မင်းသွား … ငါလည်း ကိုယ့်လမ်းကိုသွားမယ်။ မင်းကို ပစ္စည်းပေးလိုက်မယ်။ ငါတို့က အဖိုးတစ်ယောက်တည်းဆိုပေမဲ့ အခုငါက အရမ်းဆင်းရဲနေလို့ မင်းကို ငွေရေးကြေးရေးတော့ မကူညီပေးနိုင်ဘူး … ”

“ ရှားမိသားစုက မင်းကို လွှတ်ပေးမယ်လို့ ထင်နေတာလား။ အပြင်ဘက်မှာတောင် ရှားမိသားစုရဲ့ နောက်လိုက်တွေက မင်းကို စောင့်ကြည့်နေလောက်တယ် ” မိုဝူကျိက သံသယ ဝင်ခြင်းလည်း မဟုတ်သလို စိတ်စွမ်းအားကို ဖြန့်ကျက်၍ စစ်ဆေးကြည့်ထားခြင်းလည်း မဟုတ်ပေ။ ဤအတိုင်း သိနေခြင်း ဖြစ်၏။

“ ကြီးကြီးမားမား မဟုတ်ဘူးဆိုရင် ငါ မိုချင်းချယ်က မမြင်ဖူးတာ မရှိပါဘူး။ ဘာကိုကြောက်နေရဦးမှာလဲ … ရှင်ကြောက်နေရင် အရင်သွားလိုက်တော့ ” မိုချင်းချယ်က ဂရုမစိုက်စွာ ပြန်ပြောလိုက်သည်။

“ လိုအပ်တာအားလုံးကို သိမ်းပြီး ငါနဲ့ လိုက်ခဲ့ ….ပြီးရင် ငါ့ကို မင်းအဖွားရဲ့ အုတ်ဂူဆီ လိုက်ပို့ပေး ” မိုဝူကျိက သက်ပြင်းချကာ ပြောလိုက်သည်။

အံ့အားသင့်စရာကောင်းသည်က သူမက မငြင်းပယ်ဘဲ စိတ်အားတက်ကြွစွာဖြင့်  “ ကောင်းပြီလေ … ဒါနဲ့ အခုအထိ ရှင့်နာမည်ကို မသိသေးပါ့လား။ ဒီအတိုင်း ဝမ်းကွဲဆိုပြီး ဆက်ခေါ်နေလို့ မဖြစ်ဘူးလေ …. ”

မိုဝူကျိက မိုချင်းချယ်အား စိုက်ကြည့်လိုက်သည့်အခါ ဝမ်ရှောင်ချီ၏ ပုံရိပ်က သူ့မျက်ဝန်းထဲ ပေါ်လာသည်။ သူတို့ ချန်လောင်၌ အတူတူ ကုန်ဆုံးခဲ့သည့်အချိန်များကို ပြန်လည် မြင်ယောင်လာမိသည်။

“ ဟေး … ရှင့်ကို မေးနေတာလေ။ ဘာလို့ စိုက်ကြည့်နေတာလဲ ” မိုချင်းချယ်က သူ့မတုံ့ပြန်မှုကို အတော်လေး သဘောမတွေ့ပေ။

“ ငါ့နာမည် မိုဝူကျိပါ … ”

သူမက ရေခွက်ကို မြှောက်၍ ရေသောက်ခါနီး ဖြစ်၍ မိုဝူကျိ၏ အဖြေကို ကြားလိုက်ရသောအခါ  ပါးစပ်ထဲမှ ရေများအားလုံး ဖူးခနဲ ပြန်ထွက်ကုန်တော့သည်။

သို့သော် ရေများက သူ့ဆီ လာမစင်ဘဲ ကြမ်းပေါ်သို့ ကျသွားသည်။

“ ရှင်ပြောတာ  ရှင့်နာမည်က မိုဝူကျိ …. အဖိုးနဲ့ နာမည်အတူတူ ရှိတာ ….” မိုချင်းချယ်က ဆက်မပြောတော့ပေ။ မည်သို့ပင် ဖြစ်နေစေကာမူ သူတို့အဖိုးနှင့်နာမည်တူကို မှည့်ရဲကြမည် မဟုတ်ပေ။ ဤလူက သူမ အဖိုးကိုယ်တိုင် မဖြစ်နေသရွေ့ လုံးဝ မဖြစ်နိုင်ပေ။

မိုဝူကျိက လေးလေးနက်နက်ဖြင့် ခေါင်းညိတ်ပြကာ  “ ငါက မိုဝူကျိပါ။ မင်း ခန့်မှန်းတဲ့အတိုင်းပဲ … မင်းအဖိုး … ”

“ ရှင်က ရှားမျိုးနွယ်ရဲ့ နောက်လိုက်မလား။ ကျမ ပစ္စည်းတွေ လာယူတာမလား ” မိုချင်းချယ်က မိုဝူကျိအား ကျယ်ကျယ်လောင်လောင် စွပ်စွဲလိုက်သည်။

မိုဝူကျိက သက်ပြင်းချကာ သူမအား ဖြောင့်ဖြလိုက်လေ၏ “ မဖြစ်နိုင်တာမျိုး ဆိုပေမဲ့ တကယ် ဖြစ်နေတာပါ …. ငါ ရှင်းပြတာ နားထောင်ပါဦး ”

……………….…

ကျင်းရှို့တောင် အနီးတွင် အနက်ဝတ် အမျိုးသားလေးယောက်က ထန်ကျန်းမန်အား တားလိုက်ကြ၏။

ထန်ကျန်းမန်က ဤနေရာသို့ ရောက်လာသည်မှာ မိုဝူကျိကို လာရှာခြင်း ဖြစ်သော်လည်း ထိုအနက်ဝတ် လေးယောက်က သူမအား တားထားလိမ့်မည်ဟု မထင်မိပေ။

“ ရှင်တို့တွေ ဘာလုပ်တာလဲ ” အစပိုင်းတိုက်ခိုက်မှုအပြီးတွင် သူမက ကိုယ့်ဘာသာ တည်ငြိမ်အောင် ထိန်းထားလိုက်၏။ သူမက ထူးခြားဆန်းကြယ်လှသော ပါရမီရှင် မိုဝူကျိ ဆီမှ ပညာသင်ထားခြင်းဖြစ်ရာ သာမာန်အနက်ဝတ် လေးယောက်လောက်ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။

“ ဘာမှတော့ မဟုတ်ပါဘူး …. မင်း ငါတို့နောက်ကို လိုက်ပြီး သူဌေးနဲ့ လိုက်တွေ့လှည့် …” တစ်ယောက်က ပြောလိုက်သည်။

ထန်ကျန်းမန် မျက်နှာမှာ မှုန်မှိုင်းသွားလေ၏  “ အားနာပါတယ် အချိန်မရှိဘူး  …. ကျမလမ်းက ဖယ်စမ်း ”

“ အဲဒါက မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး ” အနက်ဝတ် လေးယောက်လုံးက တစ်ပြိုင်နက် သူမဆီ ပြေးဝင်လာသည်။

သူမက စတင်လန့်လာပြီး သူမ၏ ပေါ့ပါးမှုဖြင့် ထိုလူလေးယောက်ကို နောက်ချန်ရစ်ထားနိုင်ကြောင်း မေ့လျော့သွားတော့သည်။ ထိုစဉ် သူမက ဓားမြှောင်ကို ထုတ်၍ ချိန်ရွယ်ထားလိုက်သည်။

“ ရွှပ် … ရွှပ် … ရွှပ် … ရွှပ် ” သွေးတန်းလေးခု ထွက်လာ၏။ သူတို့လေးယောက်က ထန်ကျန်းမန် အနားမရောက်ခင် ထိုဓားချက်ဖြင့် အသတ်ခံလိုက်ရသည်။ တစ်ယောက်ချင်းစီတွင် လည်ပင်း၌ ဓားဖြတ်ရာ ရှိနေပြီး တိကျမှုမှာ သူမပင် ကိုယ့်မျက်လုံးကို ယုံမှားသံသယ ဝင်လာမိသည်။

အလန့်တကြားဖြစ်နေသည့် ထန်ကျန်းမန်က နောက်ဆုတ်လိုက်လေ၏။ သူမက လက်ထဲမှ ဓားမြှောင်ကို ကြည့်လိုက်သည်။ သူမ လှုပ်ရှားလိုက်သည့်အခါ ထိုလူများ၏ လည်ပင်းကို သေချာခံစားမိနေပြီး ထိုတည်နေရာအတိုင်း ပိုင်းဖြတ်လိုက်ခြင်း ဖြစ်၏။

“ အားကောင်းလိုက်တာ ” သူမက ကိုယ့်ဘာသာ ရေရွတ်လိုက်ပြီး သူမစိတ်ထဲမှ မသက်မသာဖြစ်မှုအား ချိုးနှိမ်ထားလိုက်သည်။

သူမက သူမ အားကောင်းကြောင်း မဟုတ်ဘဲ မိုဝူကျိသည် အမှန်တကယ် အားကောင်းလွန်းကြောင်း ဆိုလိုခြင်း ဖြစ်၏။ တစ်နာရီမျှ လမ်းညွှန်ပေးမှုဖြင့် တစ်လတာမျှ လေ့ကျင့်လိုက်ခြင်းက သူမအား အမှန်တကယ် အံ့ဖွယ် ပညာရပ်များကို ပိုင်ဆိုင်သွားစေသည်။ မိုဝူကျိ ကိုယ်တိုင်က မည်မျှ အားကောင်းနေမည်နည်း။

ထန်ကျန်းမန်က သူမ သတ်လိုက်သည့် လူလေးယောက်ကို ကြည့်လိုက်ပြီးနောက် ကျင်းရှို့တောင်ကို တဖန်ပြန်ကြည့်လိုက်သည်။ ထိုစဉ် သူမက အခွင့်အရေးကောင်းကြီး လက်လွှတ်လိုက်ရကြောင်း သိလိုက်သည်။ သူမအတွက် မိုဝူကျိလို ပါရမီရှင်မျိုးနှင့် တွေ့ဆုံခွင့်ရသည်မှာ အမှန်တကယ် ကံကောင်းလှပြီ ဖြစ်ရာ သူနှင့် ဒုတိယအကြိမ် မည်သို့တွေ့ဆုံနိုင်မည်နည်း။

သူမက ထိုအမျိုးသားလေးယောက်ကို စုံစမ်းမကြည့်ဘဲဖြင့် ရှားမျိုးနွယ်စုမှ လူများဖြစ်ကြောင်း သိလိုက်သည်။ သူမက အမုန်းတရား ထားတတ်သူ မဟုတ်လေရာ သူမအနေနှင့် အများကြားထင်းနေသည့် အချိန်အခါမှာလည်း ကြယ်သုံးလုံး စာမေးပွဲအတွင်း၌သာ ဖြစ်၏။ ရှားမျိုးနွယ်က သူမ၏ စာမေးပွဲရလဒ်ကို သိသည်နှင့် ရှားမျိုးနွယ်စုက သူမအား ဖမ်းပြီး အကြောင်းအရင်းအား ဖော်ထုတ်ကြပေလိမ့်မည်။

ယခု သူမက ရှားမျိုးနွယ်ဝင်အား သတ်ထားပြီးပြီ ဖြစ်ရာ အာကာသညွှန်ကြားရေး အဖွဲ့၏ စာမေးပွဲကို အောင်ပြီး တိယွမ်ဂြိုဟ်ဆီ ထွက်သွားရုံမှအပ တခြားရွေးချယ်စရာ မကျန်ရှိတော့ပေ။

ထန်ကျန်းမန်က ထိုအတွေးဖြင့် ဓားမြှောင်ကို သိမ်းလိုက်ပြီး ချီရှုမြို့ဆီ ပြန်ဖို့ ဆုံးဖြတ်လိုက်သည်။

***

All Chapters