← Chapters

အခန်း (၁၀၁)

Vol. 7 Ch. 101

အခန်း (၁၀၁)

Vol. 7 Ch. 101

ကျောင်းမှ ထွက်သွားပြီးနောက် လင်းရီ ကျိုကျုံးဗီလာသို့မပြန်မီ တစ်နေရာ၌ နေ့လည်စာ ၀င်စားလိုက်၏။

နေ့လည်ခင်းတွင်တော့ ကျောင်း သွားရန် အစီအစဉ် မရှိပေ။ မလုပ်စောဆင်းသည်က မကောင်းမှန်းသိသော်လည်း ဒါရိုက်တာ ဖြစ်သူ၏ ရုပ်ဆိုးသော မျက်နှာကို မြင်ယောင်မိသောအခါ လင်းရီ ကျောင်းသွားချင်စိတ်များ ပျောက်ဆုံးသွားတော့၏။

ထိုအစား အိမ်မှာ အိပ်နေသည်က အများကြီး ပိုကောင်းပေသည်။

ကလင် ကလင် ကဘင်

လင်းရီ နေရောင် ခံစားနေချိန်တွင် ဖုန်း၀င်လာပြီး အမည်မသိနံပါတ်ပင်။

လင်းရီကတော့ မည်သူ ဆက်လာလည်းဆိုတာ မှန်းကြည့်၍ ရသည်။

"ဟယ်လို ..ဒါက မစ္စတာလင်းလား ခင်ဗျ...."

ဖုန်းတစ်ဖက်မှနေ၍ အသက်အရွယ် မသိရသည့် အမျိုးသား တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။ နားထောင်ရသလောက်ကတော့ သက်လတ်ပိုင်း ဖြစ်ဖို့များ၏။

"ကျုပ်ပါပဲဗျ..."

"ဟုတ်ကဲ့ ကျွန်တော် ကိုယ့်ဘာကို အရင် မိတ်ဆက်ပေးပါရစေ..ကျွန်တော်က လုံရှင်း သုတေသန စင်တာရဲ့ ဒါရိုက်တာပါခင်ဗျ...ခုလေးတင် မစ္စတာလင်းက လုံရှင်းစင်တာကို ၀ယ်လိုက်ဆယ်ဆို‌တဲ့ သတင်းကြားမိလိုက်လို့ ဆက်သွယ်လိုက်တာပါ..."

"အမှန်ပါပဲ..ကျုပ်လည်း ခင်များတို့ကို ဆက်သွယ်တော့မလို့..."

လင်းရီ ပြုံးလိုက်ပြီး " ဘယ်ချိန်လောက် တွေ့ကြမလဲ..."

"မစ္စတာလင်း ကျွန်တော် တကယ့်ကို အားနာပါတယ်ဗျာ..အခု တုံးပေမှာ ပညာရေး ညီလာခံ ကျင်းပနေလို့ ဒီနေ့တော့ ပြန်မရောက်နိုင်လောက်သေးဘူးဗျ..ဒီမှာ ရှိတဲ့ ကိစ္စလေးတွေ မြန်မြန် အပြတ်ဖြတ်ပြီးတော့ မနက်ဖြန် ညနေတစ်နာရီလောက် စင်တာမှာ တွေ့ကြရင်ကော..."

"အဆင်ပြေပါတယ်.."လင်းရီ တည့်ပဲ ပြောလိုက်ပြီး.."ဒါဆိုလည်း မနက်ဖြန် အဲ့ဒီမှာ ဆုံကြတာပေါ့..."

"ဟုတ်ကဲ့ပါ..."

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ ရုံးသို့ ရောက်ရှိလာပြီး ရှောင်ထျန်လည်း တိုက်ဆိုင်စွာဖြင့်ယခုလေးတင်မှ ရုံးသို့ ရောက်လာကြောင်း တွေ့လိုက်ရ၏။

ရုံးခန်းထဲရှိ သက်တောင့်သက်သာ ဖြစ်နေသော လေထုမှာ လင်းရီနှင့် ရှောင်ထျန်တို့၏ ဆက်ဆံရေးကြောင့် အနည်းငယ်ရှုပ်ထွေးသွားသည်။

ရှောင်ထျန် သူမသာ လင်းရီကို မျက်မုန်းကျိုးနေသည့် အကြည့်များဖြင့် မကြည့်ပါက ထိုအကောင်မှာ အတော်လေး ခန့်ညားပြီး ဘော်ဒီမှာလည်း တောင့်ဖြောင့်နေကြောင်း သတိထားမိသွား၏။

"ဒါရိုက်တာထျန်က ဒီနေ့တော့ တယ်လှနေပါလားဗျ..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

"ဟွန့်..နင်ငါ့ကို လာပြီး ဖားယားနေလည်း အလကားပဲ..."ရှောင်ထျန် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

"ကောင်းပြီလေ ဒါဆိုလည်း ကျွန်တော် ပြန်ပြောင်း ပြောလိုက်မယ်..."

"ဘာကို ပြောင်းပြောမှာ.."

စုန့်ကျားနှင့် ကျန်သူများလည်း အနည်းငယ် သိချင်နေကြသည်။

တခြား ဘယ်လို ပုံစံနဲ့ ပြောမှာလဲတဲ့...

"မစ်အော်ရယ်လ် ဆေးရည်ရဲ့ အစွမ်းသတ္တိကတော့ အံ့မခန်းပဲဗျို့..."

ဖူး.....

စုန့်ကျား မထိန်းနိုင်တော့ပဲ အားရ ပါးရ အော်ရယ်မိလိုက်တော့သည်။

လင်းရီက အရမ်း သတ္တိကောင်းတာပဲ...

"နင်ကကော ဘာတွေ ရယ်နေတာ..ငါမှ အဲ့တာကို မသောက်ဘဲနဲ့...."

ရှောင်ထျန်ကတော့ ဒေါသထွက်နေလေသည်။ သူမယခုလေးတင် လင်းရီအပေါ် အမြင်ပြောင်းရန် ဆုံးဖြတ်ပြီးသော်လည်း ထို‌ေ-သနာက သူမကို ဤသို့ ပြောလာချေ၏။

ယခုတော့ သူမ ဒေါသထွက်လွန်း၍ ‌ေ-သချင်စိတ် ပေါက်နေလေသည်။

"နင် အတန်း လုပ်စရာ ရှိတာတွေ သွားလုပ်တော့..ငါ့ကိုပဲ လာ ဝေဖန်မနေနဲ့..."ရှောင်ထျန် မျက်နှာထား တည်တည်ဖြင့် ပြောလိုက်လေသည်။

"အတန်း...."လင်းရီ ပဟေဠိ ဖြစ်သွပြီး .."ကျုပ်ကတော့ ကျောင်းကော်မတီအတွက် အတန်း အချိန်ဇယား မရှိဘူး ထင်တာပဲ..."

"ဆရာမလိက တခြား ကိစ္စလေး ရှိနေလို့ ခုကစပြီး နင်က 'တက္ကသိုလ်ကျောင်းသားများ အသက်မွေး‌၀မ်းကြောင်း အစီအစဉ်'ကို တာ၀န်ယူပေးရမယ်..."

"အာ...မဖြစ်နိုင်တာ...."

လင်းရီ ရှောင်ထျန်၏ အပြုအမူကြောင့် အငိုက်မိသွားသည်။

စနစ်မှ သူ့ကို အလုပ်အသစ် လက်ဆောင် အနေဖြင့် ပညာရှိ၏ ဉာဏ်ပညာကို လက်ဆောင်ပေးထားလေသည်။ ထိုအသိဉာဏ်တို့ဖြင့် ဘွဲ့မရသေးသော ကျောင်းသား တစ်အုပ်ကို ‌သင်ပြပေးရန်မှာ ပြဿနာ မရှိသော်လည်း 'တက္ကသိုလ်ကျောင်းသားများ အသက်မွေး၀မ်းကြောင်း အစီအစဉ်' ဆိုတာကြီးကိုတော့ သူက မည်သို့ သင်ကြား ပေးရမည်နည်း။ ထိုအရာမှာ လုံး၀ သောက်ရေးမပါသည့် အရာပင်။ ‌စာမေးပွဲဖြေရန်အတွက် အိတ်ဖြည့်အမှတ် လိုအပ်သောကြောင့် ပြုလုပ်ထားသော အတန်း သပ်သပ်ပင်။

"ပြီးတော့ ရှိသေးတယ်..အတန်းတက်တဲ့သူက ၉၅%မောက်ဆိုရင် အတန်းကို Dအဆင့်လို့ သတ်မှတ်မှာနော်..အာ့မျိုး ၃ခါဆိုရင်တော့ နင့်ရဲ့ ဘောနပ်စ်တွေကိုပါ လျော့ပစ်မှာ..."

ရှောင်ထျန်ကတော့ သူမထိုသို့ လုပ်နိုင်နေသည်ကို ဂုဏ်ယူလို့နေသည်။ ကျောင်းကော်မတီ အဖွဲ့၀င်၏ လစာမှာ ယွမ်နှစ်ထောင်မျှသာ ရှိ၏။ အကယ်၍ လင်းရီသာ ဘောနပ်စ်မရပါက မည်သို့မျှ ထမင်းစားနိုင်မည် မဟုတ်ပေ။ ဆန်ပြုတ်နှင့်သာ နှစ်ပါးသွားရပေတော့မည်။

ဤတစ်ခေါက်တော့ သူမ အာဏာပြမှ ရပေမည်။ မဟုတ်ပါက သူမ ဂုဏ်သတင်းမှာ ရစရာပင် ကျန်မည် မဟုတ်တော့ပေ။

"ကောင်းပြီလေ.."

ဟမ်...

ရုံးခန်းထဲရှိ လူတိုင်း ကြက်‌ေ-သ‌ေ-သသွားကြ၏။

"ဘာကို အိုကေတာလဲ..."ရှောင်ထန် မေးလိုက်၏။

"ခင်များပြောတာ ဘောနပ်စ် ဖြတ်မယ်လို့ပြောတ မဟုတ်လား..ဖြတ်လေ..ကျုပ်လခ မလိုချင်တော့ဘူး..အတန်းလည်း မပြချင်ဘူး..."

ရှောင်ထျန်နှင့် ကျန်သူများ တစ်ဖန် ကြက်‌ေ-သ‌ေ-သသွားကြ၏။

လင်းရီက ဘာတွေ ပြောနေတာလဲဟ...

သူက လစာတောင် မလိုချင်တော့ဘူးတဲ့လား...

သူဘယ်လို ထမင်းစားမှာ..ကားဆီဖိုးတွေ ဘာနဲ့ ပေးမှာ...

စုန့်ကျား ရုတ်တရက် သူမ၏ အစ်မထျန်အတွက် စိတ်မကောင်းသလို ခံစားမိလိုက်သည်။

သူမ၏ အပိုင်ကွက်က လင်းရီအပေါ် အလုပ်မဖြစ်သည့်ပုံပင်။

"ဟမ့်..နင်လခ ယူချင်ယူ မယူချင်နေ ငါက အတန်း စီစဉ်ပြီးသားပဲ..."

လင်းရီ : .....

"ကောင်းပြီလေ..ဒီတိုင်း စိတ်ကြိုက် ဘာသာပဲမလား..."

လင်းရီ သေဘာတူလိုက်သည်။

ဒီတိုင်း စိတ်ကြိုက်ဘာသာလေးပဲမလား..

သူသွားပြီးတော့ ကျောင်းသားတွေကို နဲနဲပါးပါး တော်ကီ သွားကျွေး လိုက်ဦးမယ်.. မိုတီ ရသွားအောင်လို့ပေါ့....

သို့သော်လည်း ခက်ခဲသည့်အပိုင်းကတော့ ကျောင်းသား ၉၅%လောက် တက်ရောက်ရန်ပင်။

အကယ်၍ အလုပ်မဖြစ်ပါက သူ ပိုက်ဆံ သုံးပေရတော့မည်။

"လင်းရီ ငါနင့်ကို ကြိုပြောထားလိုက်မယ်..ငါ့အပေါ် အခွင့်ကောင်း ယူဖို့တော့ မစဉ်းစားနဲ့နော်..."

"နင် အတန်းထဲ ၀င်သွားပြီးတဲ့ အချိန်ကျရင် ငါတို့လည်း ရှိနေမှာ ပြီးတော့ လာရောက်တဲ့ ကျောင်းသားဦးရေကို ကိုယ်တိုင် မှတ်တမ်းတင်ထားမှာနော် လှည့်စားဖို့ ကြိုးစားလို့ ရမယ်မထင်နဲ့ ..."

"ဒါရိုက်တာထျန် ခင်များက ဘာလို့ ဒီလောက်ထိ ကျုပ်ကို ခက်ခဲအောင် လုပ်နေရတာလဲဗျ..."လင်းရီ မေးလိုက်သည်။

"ခင်များမှာ တခြား လုပ်စရာ မရှိရင်လည်း အိမ်ပြန်ပြီး မြေးသွားထိန်းနေလေ..ကျုပ်ကို ခေါင်းလာမစားနဲ့..."

၎င်းကိုကြားတော့ ရှောင်ထျန် ကြက်‌ေ-သ‌ေ-သသံား၏။

အိမ်ပြန်ပြီး မြေးသွားထိန်းရမယ်....

စုန့်ကျားနှင့် ကျန်သူများလည်း အံ့ဩမှင်တက်သွားကြ၏။

ရှစ်လိကတော့ သူမ၏ ရယ်ချင်စိတ်ကို အနိုင်နိုင်ထိန်းရင်း "လင်းရီ နင်ဘာတွေ လျှောက်ပြောနေတာလဲ ဒါရိုက်တာထျန်က ခုမှ ၂၉ ပဲရှိသေးတာ..ဘယ်လိုလုပ် မြေး ရှိဦးမှာလဲဟဲ့..."

"အာ...၂၉ပဲ ရှိသေးတာလား.."လင်းရီ အံ့အားသင့်စွာ မေးမြန်းမိလိုက်သည်။

"မဟုတ်သေးပါဘူး..သူ့ပုံစံ ကြည့်ရသလောက်ကတော့ ၉၉လောက် ရှိနေသလိုပဲ..တအား အိုနေတဲ့ပုံပဲနော်...."

"လင်းရီ နင်အလုပ်ဆက်မလုပ်ချင်တော့ဘူးဆိုရင် ဆက်ပြောနေလိုက်...ငါမင်းကို ခုချက်ချင်းပဲ ထွက်သွားခိုင်းလိုက်မယ်..."

ရှောင်ထျန်ကတော့ သူမ ဒေါသထွက်လွန်း၍ ‌ေ-သလုမြောပါး ဖြစ်နေလေသည်။

သူမ လင်းရီအပေါ် အမြင်ပြောင်းလဲချင်သော်လည်း ထိုအကောင်ကိုက မျက်မုန်းကျိုးအောင် နေချင်နေသည်။

သူငါ့ကို ဆန့်ကျင်မှ ရမှာလားတဲ့...

"ကျွန်တော် ထွက်ထားချင်တယ်လို့ ဘယ်သူပြောလဲ.."လင်းရီ ပြောလိုက်ပြီး "ကျုပ် လင်းရီ ဆိုတဲ့ကောင်က ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းကနေ အလုပ်ကြိုးစားလာခဲ့တာ ..ပြီးတော့ ဒီနေရာမှာလည်း တောက်ပရဦးမယ်လေ...ဒီတိုင်း ထွက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

"ကောင်းပြီ လင်းရီ ‌နင်တော်လိုက်တော့..."

စုန့်ကျား သူမဘက်ထဲတွင် စာအုပ်နှစ်အုပ်ဖြင့် လင်းရီကိုခေါ်၍ ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

"မစ္စတာလင်းရေ ကျေးဇူးပြုပြီ တော်လိုက်ပါတော့ ..ရှင်သာဆက်ပြောနေရင် အစ်မထျန် ဒေါသထွက်လွန်းလို့ သေသွားလိမ့်မယ် သိလား.."

"ငါလည်း မပြောချင်ပါဘူး..ဒါပေမယ့် သူကပဲ ငါ့ကို တစ်ချိန်လုံး ပစ်မှတ်ထားနေတာလေ..."

"အမှန်တော့ အစ်မထျန်က သူ့အမှားသူ နားလည်ပြီးနေပြီ..ဒီတိုင်း ၀န်ခံရမှာ ရှက်နေလို့သာ..သူ့ကို ထွက်ပေါက်လေး တစ်ခုတော့ ပေးလိုက်ပါနော်..."စုန့်ကျား ပြောလိုက်၏။

"ပြီးတော့ ရှင်လည်း သူ့အကြောင်း ဘာမှ မသိသေးပါဘူး...မဟုတ်ရင် သူမလည်း ဒီလို ဖြစ်မှာတောင် မဟုတ်ဘူး..."

"သူက ဘာဖြစ်နေလို့လဲတဲ့ ..ငါက သူ့ရဲ့ ရည်းစားဟောင်းနဲ့ တကယ်ကြီး တူနေလို့လား...."

"ဘယ်နားကသာ အစ်မထျန်ရဲ့ Exက ရှင့်လောက်တောင်ချောဘူး..."

"အင်း...မင်းက တကယ်ပဲ အမှန်ကို မြင်တာပဲ...ငါက အချောဆုံးပဲလေ..."

စုန့်ကျားကတော့ သူမ၏ နှုတ်ခမ်းကို အုပ်၍ ရယ်မောလိုက်ပြီး "ကျွန်မ အစ်မထျန်အကြောင်းတော့ အများကြီး မသိဘူး သူနဲ့ သူ့ရည်းစားက တက္ကသိုလ်မှာ တွေ့ခဲ့ကြတာ...ဘွဲ့ရပြီးတော့ အစ်မထျန်ရဲ့ ကောင်လေးက သူ့ရဲ့ အသက်မွေး၀မ်းကျောင်းအတွက် အမေရိက ကို ထွက်သွားခဲ့တယ်လေ..သူကတော့ သုံးနှစ်နေရင် ပြန်လာပြီး အစ်မထျန်ကို လက်ထပ်မယ်တဲ့..ဒါပေမယ့် ဒုတိယနှစ်မှာပဲ ဟိုက ကောင်မလေးတစ်ယောက်နဲ့...... "

စုန့်ကျား စကားဆုံးအောင် မပြောခဲ့သော်လည်း လင်းရီကတော့ ဘာဖြစ်သွားလဲဆိုတာ သဘောပေါက်ပြီး ဖြစ်၏။

"အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ..."

စုန့်ကျား နှုတ်ခမ်း ကိုက်မိလိုက်ပြီး ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။

အမှန်ပင်။လင်းရီ မိန်းကလေးကို အရက်မူးအောင် တိုက်ပြီး ဟိုတယ် ခေါ်သွားလျင်တောင်မှ ထိုအရာမှာ သူ့ကိစ္စသာ ဖြစ်၏။ သူမ အပူ တစ်ပြားမှ မပါချေ။

"ကောင်းပြီ...ခုဒီအကြောင်း မပြောသေးနဲ့ဦး..."

စုန့်ကျား ဖတ်စာအုပ်နှစ်အုပ်ကို လင်းရီ လက်ထဲသို့ ပေးလိုက်ပြီး "ခုအတန်းက နာရီ၀က်နေရင် ပြီးတော့မှာ နောက်အတန်းက ရှင့်အတန်းပဲ..မြန်မြန် သွားပြင်ဆင်တော့..."

"အေးအေး..."

နှစ်ယောက်သား လမ်းခွဲလိုက်ကြပြီး လင်းရီကတော့ အတန်းတက်သူမျအောင် မည်သို့ လုပ်ရမည်ကို စဉ်းစားနေခဲ့သည်။

သူ့တွင် အချိန်အများကြီး မရှိပေ။ ပိုက်ဆံသုံးပြီးခေါ်လျင်တောင်မှ အချိန်လောက်တော့မည် မဟုတ်။

လောလောဆယ်တော့ သူ ဒီနေ့ အတန်းအတွက် မေ့ထားလိုက်ပြီး နောက်တစ်ခေါက်မှ ကောင်းအောင် လုပ်ရမည်လော...

ခေါင်းလောင်းထိုးသံကြားရန် အချိန်သိပ်မကြာလိုက်ပေ။ လင်းရီ စုန့်ကျား၏ ဦးဆောင်မှုအောက်တွင် တတိယတန်းထဲသို့ ၀င်လာခဲ့လိုက်၏။

"မင်္ဂလာပါ ဆရာလင်း..."

လင်းရီ ကျောင်းထဲ ၀င်တော့ စကတ်အတိုလေး ၀တ်ထားသည့်မိန်းကလေးနှစ်ယောက်မှာ သူ့အား နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ရ၏။

"မင်္ဂလာပါ..."လင်းရီ အပြုံးလေးဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။

"ဆရာလင်းက ဖတ်စာအုပ်ကြီးနဲ့ဆိုတော့ အတန်းသွားပြမလို့လားရှင့်..."

မိန်းကလေးနှစ်ယောက်၏ မျက်လုံး‌များ တောက်ပလာပြီး "ဆရာလင်းက ကျောင်းရောက်ကာစပဲရှိသေးတယ်..အတန်း၀င်တော့မယ်ပေါ့..."

"အင်း...ကော်မတီက အဲ့အတိုင်းပဲ စီစဉ်လိုက်တာ..."

"ဆရာလင်းအတန်းက ဘယ်မှာလဲ..သမီးတို့လည်း ဆရာ့ကို ထောက်ပံ့ပေးချင်လို့..."

"တတိယထပ် လေှကားနားလေးက အတန်းလေ..."

"ဟုတ် ဟုတ် ..နောက်မှတွေ့ကြမယ်နော် ဆရာလင်း..."

"အေအေး..."

နှုတ်ဆက်ပြီးနောက် လင်းရီ တတိယထပ်သို့ သွားလိုက်သည်။

တစ်ချိန်တည်းတွင် ကျောင်းဖိုရမ်၌ သတင်း တစ်ပုဒ် တက်လာခဲ့သည်။

"သတင်းထူးဟေ့..ငါတို့ရဲ့ အိုင်ဒေါတီချယ်က လက်ချာအတန်း၀င်တော့မယ်တဲ့...တတိယထပ် လှေကားနားလေးက အတန်းမှာ အားလုံး ဆုံကြမယ်..အချောလေးတွေ အားလုံးကို စုထားကြတော့..."

"မဖြစ်နိုင်တာ..အိုင်ဒေါတီချယ်က ရောက်တာတောင်မကြာသေးဘူး..အတန်း၀င်တော့မှာလားတဲ့...စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ..."

"ဟီးဟီး နောက်ဆုံးတော့ ငါ့ရဲ့ အနက်ရောင် စတော်ကင်လေးက အသုံး၀င်လာပြီလေ..."

"ငါ့ရဲ့ ရင်ခွဲ အင်္ကျီလေးကောပဲ....."

All Chapters