← Chapters

နှစ်ဖာလောက် သောက်လည်း ရတယ်

Vol. 7 Ch. 102

နှစ်ဖာလောက် သောက်လည်း ရတယ်

Vol. 7 Ch. 102

လင်းရီ တတိယထပ်ရှိ အတန်းထဲသို့‌ေရာက်သောအခါ စုန့်ကျားနှင့် ရှောင်ထျန်တို့မှာ ရောက်‌နှင့်နေပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။

"ဆရာလင်းရေ..ကံကောင်းပါစေနော်.."ရှစ်လိမှ လက် ဝှေ့ရမ်းပြရင်း ပြောဆိုလိုက်သည်။

"ကျေးဇူးပါ ဆရာမလိ..."လင်းရီပြောလိုက်ပြီး "ဘာမှမပူနဲ့..ဒီတိုင်း ၉၅%တက်ရောက်ဖို့ပဲမလား...ထင်သလောက်လည်း မခက်ပါဘူး..."

"လေကြီးမနေနဲ့ဦး..တက္ကသိုလ်၀င်းတစ်ခုလုံးမှာတောင်မှ ကျောင်းသား ဦးရေ ၉၅% တက်တဲ့ အတန်းဆိုတာ ရှိကိုမရှိတာ..."ရှောင်ထျန် ထေ့ငေါ့၍ ပြောဆိုလိုက်၏။

"ဘယ်သူမှ ၉၅%ရအောင် မလုပ်နိုင်ဘူးဆိုရင် ဘာလို့ ကျုပ်ကိုလည်း လာလုပ်ခိုင်းနေတာလဲဗျ...ဒါရိုက်တာထျန်ကတော့ ကျုပ်ကို အမြင့်ကြီး တွေးထားတဲ့ပုံပဲ...."

"မခက်ဘူးဆိုရင် စစ်ဆေးတယ်လို့ ဘယ်ခေါ်နိုင်မှာ..."

"အဲ့တာဆို ကျွန်တော်သာ တက်ရောက်တဲ့ အတန်းသားဦးရေ ၉၅%ရောက်အောင် လုပ်နိုင်ရင်ကော..."

"အဲ့လိုဆို ငါနင့်ကို ယွမ် တစ်ထောင် အပိုပေးမယ်..."

"ဘောနပ်စ်ပေးတာက ပျော်စရာ မကောင်းဘူး.."လင်းရီ ပြောလိုက်ပြီး"ကျွန်တော့်ကိုလည်း ကြည့်လိုက်စမ်းပါဦး အဲ့လောက်ငွေလေးကို လိုနေတဲ့ကောင်လားလို့...

"အဲ့တာဆို နင်က ဘာလိုချင်တာ..."

"ဒီလိုဆိုရင်ကော..ကျွန်တော်သာ ၉၅%ထိ ရအောင် လုပ်နိုင်ခဲ့ရင် ဒါရိုက်တာထျန်က မစ်အော်ရယ်လ် တစ်ဖာ ကုန်အောင် သောက်ပြရမယ်..."

စုန့်ကျားနှင့် ရှစ်လိကတော့ အကြည့်ချင်း ဖလှယ်မိလိုက်ကြသည်။ လင်းရီကတော့ တကယ်ကြီး မစ်အော်ရယ်လ် ကို စိတ်ထဲစွဲနေတာပဲ...

သို့သော်လည်း ယခုအတန်း၏ အမြင့်ဆုံး တက်ရောက်နှုန်းမှာ ၃၀%သာ ရှိပြီး ၉၅%တက်ရောက်ဖို့ဆိုတာကတော့ မည်သို့မျှမှ မဖြစ်နိုင်ချေ။

လင်းရီကတော့ ဒါရိုက်တာထျန်နဲ့ လောင်းတာ သေချာပေါက် ရှုံးတော့မှာပေါ့...

ရှောင်ထျန်ကတော့ လင်းရီကို မျက်လုံးလှိမ့်လိုက်ပြီး "နင်သာ ၉၅%ရောက်အောင် လုပ်နိုင်ခဲ့ရင် မစ်အော်ရယ်လ် တစ်ဖာ မပြောနဲ့ နှစ်ဖာဆိုရင်တောင် သောက်ပေးလိုက်ဦးမယ်..."

"အဲ့တာဆို အတည်ဖြစ်ပြီနော်..."

လင်းရီကတော့ ပြုံးလိုက်မိသည်။သူဘာမျှ မပြင်ဆင်ထားသောကြောင့် ယနေ့အတန်းအတွက် တက်ရောက်သူ ၉၅% ရှိလိမ့်မည်လို့ အာမ မခံရဲချေ။

ထိုသို့‌ဆိုလျင်တောင် ငွေ၏ စွမ်းအားဖြင့် နောက်အတန်းတွင် မရဘူးလို့ မဆိုနိုင်ပေ။

တစ်ဖက်တွင် ရှောင်ထျန်ကတော့ ယုံကြည်ချက်များ ပြည့်လို့နေသည်။သူမတို့ ကောလိပ်၏ အခြေအနေကို သူမ အသိဆုံးပင်။

ပရော်ဖက်ရှင်နယ်အတန်းများပင်လျင် တက်ရောက်နှုန်း အများဆုံးက ၉၄%သာ ရှိ၏။ စိတ်ကြိုက်ဘာသာ အတန်းအတွက်ကတော့ ထိုစံချိန်စံညွန်းကို ရောက်ရှိဖို့ရာ ကောင်းကင်သို့ တက်လှမ်းသည်ထက်ပင် ခက်ခဲပေလိမ့်ဦးမည်။

ထို့ကြောင့် လင်းရီ မည်သို့ ပြောစေကာမူ ပြဿနာ မရှိပေ။ သူမ လုံး၀ ရှုံးနိမ့်ရန် မဖြစ်နိုင်ချေ။

စုန့်ကျားတို့ ထိုင်သည့် နေရာသို့ ရောက်သွားသောအခါ ရှောင်ထျန်မှ "အတန်းစဖို့ သုံးမိနစ်လိုနေသေးတယ် မလား ..ပြီးကျရင် နင်က အတန်းနာမည် ခေါ်ပေးရမယ်နော်..ဒါမှ ငါတို့ အတန်းလူဘယ်လောက် တက်လဲဆိုတာ သိမှာ..."

"အစ်မထျန်ကတော့ အလွန်အကျွံကြီး လုပ်နေပြန်ပပါပြိ..ညီမတို့ကျောင်းမှာ စိတ်ကြိုက်ဘာသာသင်ရင် ဘယ်တုန်းက ၉၅% ရဖူးလို့လဲ..လင်းရီလည်း ရအောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..နာမည်ခေါ်လဲ အလကားပဲ..."

"ငါလိုချင်တာလည်း အဲ့တာပဲလေ..."

အတန်းမစခင် သုံးမိနစ် လိုနေသေး၏။

စုန့်ကျားကတော့ အတန်းထဲသို့ ရောက်ရှိနေကြသည့် ကျောင်းသားဦးရေကိုကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် "အစ်မထျန် ဒီဘာသာကို ယူထားတဲ့ သူက စုစုပေါင်း ၂၅၉ ယောက်ရှိတာနော်..ခု လာတက်သူကတောင် ယောက်၃၀ ပဲရှိသေးတယ်..သူကတော့ ၅၀%ရအောင်တောင် လုပ်နိုင်မည့်ပုံ မပေါ်ဘူး..."

စုန့်ကျားနှင့် ရှစ်လိတို ကိုယ်စီ သက်ပြင်းချမိလိုက်ကြသည်။

လင်းရီကတော့ သေချာပေါက် ရှုံးတော့မှာပဲ...

ထိုအချိန်တွင်တော့ သူမတို့ သုံးယောက်လုံး တံခါး အပြင်ဘက်မှ ရယ်မောသံများ ကြားလိုက်ရပြီး မိန်းကလေး ဆယ်ယောက်ထက်မနည်း တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြ၏။

"ဘာတွေဖြစ်နေတာလဲဟ..ဘာလို့ ဒီလောက်အများကြီး ရောက်လာကြတာလဲတဲ့..."

စုန့်ကျား ကြောင်အစွာဖြင့် မေးမြန်းလိုက်၏။

"နေဦး အဲ့တာက အဓိက မဟုတ်သေးဘူး.."‌ရှစ်လိ ပြောလိုက်ပြီး "အဲ့ကောင်မလေးတွေ ၀တ်လာတာလည်း ကြည့်လိုက်ဦး..မိနီစကတ်တွေ .. စတော်ကင် တွေနဲ့အတန်းလာတက်တယ်လို့တောင် မထင်ရဘူး..."

"ဆရာလင်း မင်္ဂလာပါရှင့်..."

ကျောင်းသူလေး တစ်ဒါဇင်ခန့် လောက် အပြင်မှ ရောက်လာပြီး လင်းရီကို နှုတ်ဆက်လိုက်လေသည်။

သူတို့ နောက်ဆုံးတော့ လင်းရီကို လူကိုယ်တိုင် မြင်ခဲ့နိုင်လေချေပြီ။

အရမ်းချောတာပဲ...

"နင်တို့ မြန်မြန် လုပ်လို့မရဘူးလား...နှေးရင် ထိုင်စရာ နေရာမရပဲ နေဦးမယ်နော်..."

"မတွန်းနဲ့ ငါ့ဘရာက သိပ်မိတာမဟုတ်ဘူး.."

"ဟမ့်..A cup ကိုများ ဘယ်လို ဘရာတွေ ၀တ်နေမှန်းလဲ မသိပါဘူး..စိတ်ပိန်လိုက်တာ..မြန်မြန်လုပ် ငါတော့ ရှေ့ဆုံးတန်းမှာ ထိုင်မှာနော်..."

ရှောင်ထျန် အတွေးနက်နေတုန်း နောက်ထပ် ကောင်မလေး တစ်ဒါဇင်ခန့် ရောက်ရှိလာ၏။ သူမတို့အားလုံး ဟိုဖော် ဒီဖော် အ၀တ်အစား ၀တ်ထားကြပြီး တန်းစီ ထိုင်နေကြပုံမှာ မောလ်တွင် ရောင်းချသော ပစ္စည်းများကဲ့သို့ ကြိုက်ရာ ရွေးယူလို့ရနေသည့် ပုံစံ ဖြစ်နေလေ၏။

မိနစ်နှစ်ဆယ် အတွင်းမှာပဲ တက်ရောက်လာသူ ဦးရေမှာ ၅၀%ကို ကျော်လွန်သွားပြီ ဖြစ်ပြီး ကျောင်းသူ အချို့ဆိုလျင် ပထမတန်း၌ နေရာရရေးအတွက် ရန်ဖြစ်နေကြသေး၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ထျန်ကတော့ မကောင်းတော့သလို ခံစားမိလာသည်။

"ဘာ..ဘာတွေ ဖြစ်နေတာတုန်းဟ..ဘာလို့ လူတွေ ဒီလောက်အများကြီး ရောက်လာတာလဲ..."

စိတ်ကြိုက်ဘာသာ အတန်းတွင် ဤမျှ ကျောင်းသား ဦးရေ များလိမ့်မည်လို့ ရှောင်ထျန် ဘယ်တုန်းကမျှ မထင်ထားခဲ့ပေ။

စိတ်ကြိုက်ဘာသာရပ်ကို အပထား အဓိက ဘာသာရပ်များ သင်ကြားရေး အတန်းတွင်တောင်မှ တက်ရောက်သူ ယခုကဲ့သို့ မများပြားချေ။

"ညီမတော့ ဘာဖြစ်နေလဲဆိုတာ သိတယ်."စုန့်ကျား ပြောလိုက်ပြီး "သူတို့ အားလုံးက လင်းရီကြောင့်ရောက်လာကြတာပဲ ဖြစ်ရမယ်..."

"လင်းရီ ကြောင့်....."

"အင်းလေ..ဆရာလင်းက အရမ်းချောမှတော့ ဒီကောင်မလေးတွေ အားလုံးကလည်း သူ့ကို ငမ်းဖို့ လာတာပဲ နေမှာပေါ့..."

စုန့်ကျား ပြောလိုက်လေသည်။

"သာမန်ပါပဲ..."ရှစ်လိ အသံနိမ့်၍ ပြောလိုက်ပြီး "ဒီကလေးမလေးတွေကို အသာထားလိုက်ဦး လင်ရပြီးတဲ့ ငါတောင်မှ ကြွေဆင်းသွားမှတော့....."

ရှောင်ထျန်ကတော့ မျက်နှာ မကောင်း တော့ချေ။ဘာတွေ ဖြစ်နေကြတာလဲ...

"ကောင်မလေးတွေ လာတယ်ဆိုတာကတော့ လက်ခံပေးလို့ ရတယ်လေ..ဒါပေမယ့် ကောင်တွေကကော ဘာလို့ လာတက်ကြတာလဲဟဲ့...ပြီးတော့ ပျော်တောင် ပျော်နေကြသေးတယ်...."

"ရှင်းနေတာပဲလေ..ဟိုကောင်မလေးကိုကြည့်လိုက် .စကတ်တိုတိုလေး ၀တ်ထားပြီးတော့ ပေါင်တွေ ဘာတွေ ပေါ်နေတာမမြင်ဘူးလား .. သူတို့လည်း ကောင်မလေးတွေကို ကြည့်ချင်လို့ လာခဲ့တာ..."ရှစ်လိ ရှင်းပြလိုက်၏။

ရှောင်ထျန် : "....."

ထိုအချိန်တွင် ခေါင်းလောင်းထိုးသံ မြည်ဟီးလာ‌ သော်လည်း ကျောင်းသူများကတော့ တသဲသဲ ၀င်ရောက်နေတုန်းပင်။

ဆယ်မိနစ်ကြာပြီးနောက် လက်ချာ ခန်းမကြီးတစ်ခုလုံးမှာ လူများ ပြည့်နှက်သွားတော့သည်။

လမ်းများတွင်ပင် ထိုင်စရာနေရာ မရှိတော့ပေ။

လင်းရီ လက်ချာရိုက်မည့် စင်မြင့်မှ လွဲ၍ နေရာတိုင်း လူပြည့်နေ၏။

စုန့်ကျား ပတ်ပတ်လည် လှည့်ကြည့်လိုက်သောအခါ မူလက လူ၃၀၀ သာဆန့်သော ခန်းမကြီးမှာ ယခုတော့ လူ၅၀၀ ၀င်ထိုင်လို့နေသည်။

သို့ပေတည်း နေရာမရှိတော့၍ အပြင်မှ ရပ်ကြည့်နေသူများကိုပင် ထည့်မတွက်ရသေးပေ။

ဒါကြီးက မရူးသွပ်လွန်းဘူးလားဟ...

"အစ်မထျန် ..တက်ရောက်နှုန်းကတော့ ကြည့်စရာတောင် မလိုတော့ဘူးထင်တယ်နော..."စုန့်ကျား အသံနိမ့်၍ ပြောလိုက်လေသည်။

ယခု အခြေအနေရ ၉၅%ကို အပထား ၂၀၀%သို့ပင် ရောက်လုနီးနီး ဖြစ်နေ၏။

ဤနည်းလမ်းဖြင့် လင်းရီကို ပညာပြ၍တော့ လုံး၀မဖြစ်နိုင်တော့။

"အင်း..ငါလည်း အဲ့လိုပဲ တွေးမိတယ်..လူတွေ ဒီလောက်များနေမှတော့ တက်ရောက်နှုန်းတွေ တွက်နေလည်း အလကားပဲ..ပြန်ကြရအောင် ငါတို့ ဒီမှာ ရှိနေလည်း အလကားပဲ..."

ရှောင်ထျန် မျက်နှာ မည်းမှောင်သွားပြီး "ငါတို့ မသွားသေးဘူး...နေဦးမယ်.."

"ဘာလို့လဲ...ညီမတို့က ဒီမှာ လူဘယ်လောက် ရောက်လဲ လာစစ်တာပဲမလား..အခု စစ်ဆေးစရာမှ မလိုတော့တာ....ဘာလုပ်ဖို့ နေဦးမှာလဲတဲ့..."

"သူ အတန်းကို ဘယ်လို လက်ချာတွေ ရိုက်မလဲဆိုတာ နားထောင်ချင်သေးတယ်...."

တစ်ချိန်တည်းတွင် လင်းရီ စင်မြင့်ပေါ်သို့ တက်လိုက်ပြီး စင်အောက်ရှိ လူအားလုံးကို တစ်ချက် ကြည့်လိုက်လေသည်။

"လူတိုင်း ဒီရောက်နေပြီဆိုမှတော့ နာမည်ခေါ်ကြရအောင်..."

ရှောင်ထျန်မှာ တက်ရောက်နှုန်းကို ဆင်ခြေအဖြစ် ပြုလုပ်နေသောကြောင့် သူမကို မပြစ်ရှာမရစေရန် နာမည်ခေါ်ရာမှ တော်ကာကျပေလိမ့်မည်။

"ဆရာလင်း ကျွန်မတို့က ဆရာလင်းရဲ့ အတန်းကို နားထောင်ချင်လို့လာခဲ့တာ..နာမည် စာရင်းထဲမှာ ကျွန်မတို့နာမည် ပါမှာ မဟုတ်ဘူး..."ဆံပင်အရှည်နှင့် ကောင်မလေး တစ်ဦးမှ ပြောလိုက်လေသည်။

"ဟုတ်တယ်....ကျွန်မတို့လည်း တူတူပဲ..ဆရာလင်းအတန်း ဖြစ်နေသရွေ့တော့ ဘယ်တော့မှ အတန်း မပျက်စေရဘူး..."

လင်းရီကတော့ ဆွံ့အနေပြီး "ကြည့်ရတာတော့ မင်းတို့ကောင်တွေ အချိန်အကြာကြီး အတန်းလစ်ထားကြတဲ့ပုံပဲ..ဟုတ်တယ်မလား..."

"ဟုတ်ပါတယ်/ဟုတ်ပါတယ်ရှင့်.."

"ဒီလိုဆိုရင်ကော မင်းတို့ နာမည်တွေကို စာရွက်ပေါ် ချရေးလိုက်..ဒါမှ နောက်ကျရင် တက်ရောက်နှုန်းတွေ စစ်ဆေးလို့ရမှာ.."

ထိုသို့ဖြင့် ကောင်မလေးတစ်ယောက် သူမ၏ နာမည်ကို စာရွက်ပေါ်တွင် ရေးချကာ နောက်တစ်ယောက်ကို လက်ဆင့်ကမ်းလိုက်၏။

နာရီ၀က်ခန့် ကြာသွားသော်လည်း အမည်ရေးပြီးသူမှာ တစ်၀က်ခန့်သာ ပြီးသေး၏။

နောက်တန်း၌ ထိုင်နေသော ရှောင်ထျန်မှာ လုံး၀ သည်းမခံနိုင်တော့ပဲ..

"ဆရာလင်း ခုလောလောဆယ် နာမည်သွင်းတာတွေ ဘေးချိတ်ထားပြီးတော့ အတန်းအရင် စလိုက်ပါလား..."

"ကောင်းပါပြီ..."

လင်းရီ ပြန်ဖြေလိုက်ပြီး အောက်ရှိ ကျောင်းသား/သူ များကို ကြည့်ကာ "ကဲ နာမည်ရေးတာတွေ နောက်မှလုပ်ကြတော့ခုတော့ အတန်းစလိုက်ကြရအောင်..."

"မရဘူး..."

နာမည်ရေးနေသော ကောင်မလေးမှာ ထအော်လိုက်ပြီး "ကျွန်မတို့ နာမည်ရေးထားမှ ရမှာပေါ့...မတော်လို့ ဆရာက ကျွန်မတို့ နာမည်တွေ မေ့သွားရင် ဘယ်လိုလုပ်မလဲ..."

"ဒါပေမယ့် ကော်မတီရဲ့ ဒါရိုက်တာထျန်က ဘေးချိတ်ထားပြီး အတန်းစဖို့ ပြောနေတယ်လေ..."

ကျောင်းသူအားလုံး၏ အကြည့်က ရှောင်ထျန်ဆီသို့ စုပြုံရောက်ရှိသွားသည်။

ရုတ်ချည်းဆိုသလို ရှောင်ထျန်တို့ သုံးယောက်မှာ မိန်းကလေးအုပ်ကြီး၏ ပစ်မှတ် ဖြစ်လာပြီး အကြည့်များဖြင့် လူသ-တ်နိုင်ပါက သူမတို့ သုံးယောက် ကိစ္စတုံးပြီးနေလောက်၏။

"ဆရာမထျန် ရှင်က ကော်မတီရဲ့ ဒါရိုက်တာ ဆိုပေမယ့် ဆရာလင်းရဲ့ အတန်းမှာတော့ ဆရာလင်းရဲ့ အစီစဉ်အတိုင်းပဲ လုပ်သင့်တယ်မဟုတ်လား..."

"ဟုတ်တယ်..တကယ်လို့ ငါတို့သာ သူ့အစီစဉ်အတိုင်း လိုက်နာရမယ်ဆိုရင် ဒီအတန်းမှာ ဆရာရှိနေတော့ကော ဘာထူးမှာ..."

"ဆရာလင်းမှာ သူ့အစီစဉ်နဲ့သူ ရှိတယ် ..ရှင်က ၀င်၀င် မစွက်ဖက်နဲ့လေ..."

ရှောင်ထျန်ကတော့ ကြက်‌ေ-သ‌ေ-သသွား၏။ ထို‌ေ-သနာမလေးများမှာ လင်းရီဘက်မှ ပြောပေးလိမ့်မယ်လို့ လုံး၀ ထင်မှတ် မထားချေ။

ကျောင်းသူအုပ်ကြီး၏ မီး၀င်း၀င်းတောက်နေသော အကြည့်များနှင့် ရင်ဆိုင်ရသောအခါ စုန့်ကျား ရှောင်ထျန်ကို တံတောင်ဖြင့် ညင်သာစွာတို့လိုက်ပြီး "အစ်မထျန်...ညီမတို့ အခု ဘာလုပ်ကြမလဲ "

"ထားလိုက်တော့ လင်းရိလုပ်ချင်တာသာ လုပ်ပလေ့စေတော့..."ရှောင်ထျန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

"ဟေး......"

နာမည် မရေးရသေးသော မိန်းကလေးများမှာ ၀မ်းသာ အားရဖြစ်သွားကြပြီး သူမတို့၏ နာမည်ကို ဆက်လက်ရေးကြတော့သည်။ နောက်ထပ်နာရီ၀က်ကြာပြီးနောက် နာမည်ရေးခြင်း လုပ်ငန်းစဉ်မှာ ပြီးဆုံးသွားတော့၏။

လင်းရီ လက်ထဲသို့ အမည်စာရင်း စာရွက်ပြန်ရောက်လာသောအခါ စာရွက်ကိုကြည့်ရင်း လင်းရီ မျက်မှောင်ကြုတ်မိသွားသည်။

နောက်ဆုံးတော့ သူ ဘာကြောင့် နာမည်ရေးတာ ထိုမျှ ကြာနေသလဲဆိုတာ နားလည်သွားတော့၏။

"ငါက မင်းတို့ကို နာမည်ပဲ ရေးခိုင်းတာမဟုတ်ဘူးလား...ဘာလို့ ဖုန်းနံပါတ်တွေပါ ထည့်ရေးထားကြတာလဲဟ..."

"ဆရာလင်းက ကျွန်မတို့ဆက်သွယ်ချင်ရင် ခက်ခဲနေမှာဆိုးလို့ ဖုန်းနံပါတ် ပေးထားတာပါ...အချိန်မရွေး ဖုန်းဆက်လို့ရတယ်နော်..."

"ဆရာလင်း ကျွန်မရဲ့ ဖုန်းနံပါတ်က ဝီချက်အိုင်ဒီနဲ့ တူတူပဲ...ကောင်လေးနဲ့ ပြတ်သွားတာတောင် မကြာသေးဘူး..ကျွန်မဆီ ဝီချက်အပ်လို့ရတယ်နော်..."

"ဆရာရေ ကျွန်မကတော့ ကောင်လေးတောင် မထားဖူးသေးတဲ့ ရေမရောတဲ့ စင်ဂယ်လေးပါစင့်..."

All Chapters