KG လောက်ပဲ နေခဲ့ရတာလား
Vol. 7 Ch. 104
"ဘာ...သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်..."
လင်းရီ မည်သူလဲဆိုတာကိုသိတော့ ရုံးခန်းထဲရှိ လူတိုင်း မျက်နှာများ ရှုံ့မဲ့သွားကြသည်။
သူတို့ ထင်နေသည်မှာ စင်တာကို ၀ယ်သွားသည့်သူက သုတေသန နယ်ပယ်မှ တိုင်ကွန်းကြီး ဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း မမျှော်လင့်ထားသည့် ချမ်းသာသည့် ဒုတိယမျိုးဆက်သာ ဖြစ်နေလေသည်။
ထိုအရာကိုတော့ သူတို့ အကြောက်ဆုံးပင်။ တစ်နည်းအားဖြင့် ဆိုသော် သူတို့ မဖြစ်ချင်ဆုံးအရာပင်။
ထိုအခြေနေမျိုးသာ ဖြစ်ပေါ်လာပြီ ဆိုပါက သူတို့ စင်တာ၏ အဆုံးသတ်ဟုပင် ဆို၍ ရနေလေပြီ။
"ဒါရိုက်တာဖု..သူဒီစင်တာကို ၀ယ်လိုက်တဲ့နောက်ကွယ်က ရည်ရွယ်ချက်ကို သိလား..."လုရင်း မေးလိုက်လေသည်။
စွန်းဖုယွီ တိတ်ဆိတ်စွာဖြင့် စီးကရက် မီးညှိလိုက်ပြီး "အသေးစိတ်ကိုတော့ ငါလည်း မပြောနိုင်ဘူး..ဖုန်းနဲ့ခဏပဲ ပြောလိုက်ရတယ်ဆိုတော့...ခဏနေ သူလာမှပဲ အကြောင်းစုံ မေးကြည့်ကြတာပေါ့ကွာ..."
"ဟမ့်..မေးနေစရာ လိုသေးလို့လား..ငါတို့အားလုံး သိပြီးနေပြီကိုပဲ..."
ပြောလိုက်သူကတော့ စွန်းဖုယွီကဲ့သို့ အသက်သုံးဆယ် အရွယ်ရှိသည့် သက်လတ်ပိုင်းလူ တစ်ယောက်ပင်။ သူတို့နှစ်ယောက်လုံး မျက်မှန်များ တပ်ဆင်ထားကြ၏။ သို့သော်လည်း ထိုလူကတော့ ဆံပင်အတိုနှင့် မျက်နှာထက်တွင်လည်း အနည်းငယ် ဆရာကြီး လုပ်ချင်သော အမူအရာ ရှိသည်။
ထိုအမျိုးသား၏ နာမည်ကတော့ လျိုချုး ဖြစ်ပြီး ကျိုးဟိုင် ဖူတန် တက္ကသိုလ်မှ ဒေါက်တာ တစ်ယောက်ဖြစ်ပြီး လုရင်းကို အေ-သအလဲ လိုက်ပိုးပန်းနေသူလည်း ဖြစ်၏။
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က လုရင်းကို ဖွင့်ပြောခဲ့သော်လည်း ငြင်းဆိုခြင်း ခံခဲ့ရသည်။ သို့သော်လည်း ယခုထိတိုင်အောင် ဇွဲမလျော့ဘဲ ပိုးပန်းနေဆဲဖြစ်၏။
"မင်းက ခန့်မှန်းနိုင်တယ်ပေါ့..."စွန်းဖုယွီ မေးလိုက်ပြီး "ပြောစမ်းပါဦး သူ့ရဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်မလဲ..."
"ဖြစ်နိုင်ချေက နှစ်ခုပဲ ရှိတယ်..."လျိုချူး ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
"ငါ့အထင်တော့ ဒီရဲ့ ဒုတိယမျိုးဆက်က သူ့နောက်မှာ ရာထူးနောက်ခံ တစ်ခုခု ရှိရမယ်..သူက ငါတို့ရဲ့ သုတေသန ရလဒ်တွေကို အသုံးချပြီးတော့ ဥပဒေကင်းလွတ်ခွင့် တစ်ချို့ လိုချင်နေတာ အဲ့တာဆို သူလည်း ဒီတိုင်း တရား၀င် လမ်းကြောင်းကနေ ရာထူးတွေ တိုးနိုင်သွားပြီလေ..."
လျိုချူး၏ စကားကိုကြားတော့ စွန်းဖုယွီ ခေါင်းညိမ့်မိလိုက်သည်။ တကယ်လဲ ဖြစ်နိုင်ခြေ ရှိ၏။
အဘယ်ကြောင့်ဆိုသော် သူတို့ နိုင်ငံ၏ ချစ်ပ်နယ်ပယ်မှာ အများကြီးနောက်ကျနေသောကြောင့် သူတို့သာ နိုင်ငံတကာရှိ အကောင်ကြီးကြီး ကုမ္ပဏီများနှင့် ယှဉ်နိုင်သော ထုတ်ကုန်တစ်ခုကိုသာ တီထွင်နိုင်ခဲ့ပါက နိုင်ငံ့ခေါင်းဆောင်ပိုင်းများမှာလည်း သူတို့အား အခွင့်ရေး အများကြီး ပေးလာလိမ့်မည်။
ထိုအခွင့်ရေးကို အသုံးချ၍ ရာထူးအာဏာ ရယူမည်မှာ လုံး၀ ဖြစ်နိုင်ချေများ၏။
"အဲ့ဒါဆို နောက်တစ်ခုကကော..."
"နောက်တစ်ခုကတော့ ပြောင်းလဲ ပစ်ဖို့ပဲ..."
လျိုချူး ပြောလိုက်၏။
"သူက ငါတို့ရဲ့ ထူးချွန်တဲ့ ပါရမီအရည်အချင်းတွေကို အသုံးချပြီးတော့ တခြား ပရောဂျက်တစ်ခုကို လုပ်ခိုင်းဖို့ပဲ..ခု ဒီချစ်ပ် သုတေသန လုပ်တာကို စွန့်ပစ်ပြီးတော့ပေါ့...."
"အဒ့လောက်ကြီးတော့ မဆိုးဝါးလောက်ဘူးမလား..."လုရင်း နောင်တရနေသည့် လေသံဖြင့် မေးလိုက်၏။
သူမ ဤနေရာသို့ လာခဲ့သည်မှာ သူမချစ်မြတ်နိုးသည့် ချစ်ပ်များကို သုတေသန ပြုချင်သောကြောင့်ပင်။ အကယ်၍ ပရောဂျက်သာ ပြောင်းရမည်ဆိုပါက ဤနေရာ၌ နေရန် မည်သို့မျှ မဖြစ်နိုင်တော့ချေ။
အခြားသူများလည်း ဤအကြံကို ငြင်းဆိုလိုက်ကြသည်။ သူတို့လည်း အခြား မည်သည့် ပရောဂျက်ကိုမျှ စိတ်မ၀င်စားကြ။ ထိုအကြောင်းကို နားထောင်ပြီးနောက် အားလုံး အင်အား မဲ့သွားသကဲ့သို့ ခံစားလိုက်ကြရသည်။
"ကောင်းပြီ..အဲ့လောက်ကြီး လည်း ၀မ်းနည်းမနေကြနဲ့ဦး..ဒီတိုင်း ယူဆချက်တွေပဲ ရှိပါသေးတယ်..တသတ်မှတ်တည်းကြီး သုံးသပ်မနေကြနဲ့ဦး..ငါတို့ ထင်သလောက်လည်း မဆိုးရွားနိုင်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား..."
စွန်းဖုယွီ ပြောလိုက်လေသည်။
လုရင်း ခေါင်းညိမ့်လိုက်ပြီး "ကျွန်မလည်း နည်းနည်း စိတ်ပူသွားလို့ပါ..ခုကျွန်မရဲ့ သုတေသနတွေက အရမ်းအရေးကြီးတဲ့ အချိန်ကို ရောက်နေလို့..တကယ်လို့များ လက်ရှိပြဿနာကို ဖြေရှင်းနိုင်လို့ကတော့ ပြည်တွင်း ချစ်ပ်ထုတ်ဘုပ်မှုနယ်ပယ်မှာ ပြောင်းလဲမှု အကြီးစားကြီးတွေ ဖြစ်သွားနိုင်တယ် ဒါကြောင့် ကျွန်မတို့ လွယ်လွယ်နဲ့ လက်လျော့လိုက်လို့ မရဘူးနော်..."
"ငါလည်း မင်းရဲ့ အခြေနေကို နားလည်ပါတယ်..ခုလောလောဆယ်တော့ စိတ်အေးအေး ထားလိုက်ဦး.."စွန်းဖုယွီ သူမကို နှစ်သိမ့်လိုက်၏။
"ဒီကိစ္စကို ကျိုးကြောင်း ဆင်ခြင်ပြီးတော့ တွေးပေါ့ကွာ .တအားအစွန်းရောက်ကြီး မတွေးပစ်လိုက်နဲ့ဦး..."
"ဒါရိုက်တာ..ခင်များက အရမ်း အကောင်းမြင်လွန်းတယ်..."လျိုချူး ပြောလိုက်ပြီး "အခြေနေတွေက ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့စင်တာက ချစ်ပ်အကြောင်း နကန်းတစ်လုံးမှ မသိတဲ့သူရဲ့ ဦးဆောင်မှုအောက်ကို ရောက်တော့မယ်ဆိုတာ အမှန်ပဲ...ကျုပ်တို့ရဲ့ ရှေ့ရေးက အကောင်းမြင်လို့ မရမှာကိုတော့ စိုးရိမ်မိသား..."
လျိုချူး၏ စကားကိုကြားတော့ ရုံးခန်းထဲရှိ လူတိုင်းနီူပါး မျက်နှာ ရှုဲ့မဲ့သွားကြသည်။
အခြေနေက မည်သို့ပင် ဖြစ်စေကာမူ လူပျင်းက လူတော်များကို ဦးဆောင်တော့မည် ဆိုသည်ကတော့ ပြောင်းလဲလို့ မရနိုင်ချေ။
သူတို့၏ အနာဂတ် သုတေသန အစီအစဉ်များကတော့ အရင်လို လွယ်ကူ လွတ်လပ်တော့မည် မဟုတ်။
ကလင် ကလင် ကလင်
ထိုအချိန်တွင် စွန်းဖုယွီ၏ ဖုန်းမြည်လာ၏။
"မစ္စတာလင်း..."
"ရောက်နေပြီလားဗျ..ဟုတ်ကဲ့ ကျွန်တော်ခုပဲ လာကြိုပါ့မယ်.."
စကားအနည်းငယ်ပြောပြီးနောက် စွန်းဖုယွီ ဖုန်းချလိုက်လေသည်။ ရုံးခန်းထဲရှိလူတိုင်း အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။ သူတို့ နောက်ဆုံးတော့ ထိုလူကို မြင်ခွင့်ရပေတော့မည်။
"မင်းတို့ကောင်တွေ ဘာမှ လုပ်စရာ မရှိဘူးဆိုရင် ငါနဲ့ လိုက်ခဲ့ကြ..."
အုပ်စုကြီးမှာ ခေါင်းညိမ့်လိုက်ပိး စွန်းဖုယွီနောက်မှ လိုက်ခဲ့ကြ၏။
သူတို့ အပြင်ဘက်၌ မည်သည့် လူအုပ်ကြီးကိုမျှ မတွေ့။ စွန်းဖုယွီ လှည့်ပတ်ကြည့်ရှုလိုက်သောအခါ သာမန် ရှာရီလေးမှ လွဲ၍ တခြား မည်သည့်အရာမျှ ရှိမနေခဲ့ပေ။
"ခင်များက ဒါရိုက်တာ စွန်းဖုယွီပဲ ဖြစ်ရမယ်.."လင်းရီ ရှာရီထဲမှ ထွက်၍ နှုတ်ဆက်လိုက်သည်။
စွန်းဖုယွီ လင်းရီကိုမြင်တော့ လက်ဆွဲနှုတ်ဆက်လိုက်၏။ သူလင်းရီကို ပုံထဲတွင် မြင်ဖူးသောကြောင့်မ မှတ်မိနေလေ၏။
"မစ္စတာလင်း တွေ့ရသာ ၀မ်းသာပါတယ်..ကျွန်တော်တို့ စောင့်နေတာတောင် တော်တော်ကြာနေပြီ..."
အမျိုးသမီးသုတေသန ပညာရှင်များကတော့ စင်တာ၏ ပိုင်ရှင် ဒုတိယမျိုးဆက် ဆက်ခံသူကိုမြင်တော့ အံ့ဩမှင်တက်သွားကြသည်။
သူ...သူက အရမ်း ချောတာပဲ...
"လုလေး ငါတို့က လက်ထပ်ပြီးသွားပြီ ဆိုတော့ အခွင့်အရေး မရှိတော့ဘူး..နင်က ခုထိ စင်ဂယ်နော်..သူ့ကို မစဉ်းစားချင်ဘူးလား..."
"ဟွန့် နင်တို့ကတော့ အမြဲတိုင်း နှာမွန်နေကြတာပဲ...
"
လုရင်း ပြောလိုက်ပြီး " ဒါပေမယ့် သူက တကယ်ကြီး ဆွဲဆောင်မှုတော့ ရှိသားပဲ..."
"ငါ့ကိုကြည့် ငါက သူ့ကို မလိုချင်ဘူး ပြောတာပြောနေတာ..ခန္ဓာကိုယ်ကတော့ အရမ်း ရိုးသားတယ်.."
"အစ်မရွှီတို့ကတော့ လုလေးကို အထင်သေးနေကြတာပဲ..သူက ကပ်စေးကုတ်ပြီးတော့ ရုပ်ချောတဲ့ အဲ့လိုကောင်မျိုးကို ကြိုက်မှာတဲ့လား..စီးလာတဲ့ကားကိုလည်း ကြည့်လိုက်ဦးလေ..ပိုက်ဆံရှိတာတောင်မှ ကပ်စေးကုတ်ပြီး ရှာရီကြီး မောင်းလာတယ်..."လျိုချူးမှ ပြောလိုက်၏။
"နင်က လုလေးကို ကြိုက်နေတာ ငါသိပါတယ်..ငါလည်း အဲ့ကောင်လေးက ဘယ်လောက်ချောကြောင်း ပြောပြနေရုံတင်ပါဟဲ့..."
"မစ္စတာလင်း ရုံးခန်းထဲ အရင်သွားကြရအောင်ဗျ..ဒီနေရာက စကားပြောလို့ အဆင်မပြေဘူး..."
"ရုံးခန်းထဲ မသွားသေးဘူး...ခင်များတို့ အလုပ်လုပ်တဲ့နေရာ အရင်သွားကြရအောင်.."လင်းရီ ပြောလိုက်လေသည်။
အလုပ်တွင်ဖို့အတွက် အဓိက ကတော့ ပစ္စည်းကောင်းဖို့ပင်။ ထိုလူများ မည်မျှ အရည်ချင်းရှိရှိ သုံးသည့် ပစ္စည်းများသာ အရည်အသွေးမမှီပါက အလကားပင်။ ထို့ကြောင့် သူတစ်ချက် သွားစစ်ဆေးကြည့်ရမည်။
"ကောင်းပါပြီဗျ...မစ္စတာလင်းက ကျွန်ေတာ်တို့ရဲ့ဘော့စ်ဆိုတော့ မစ္စတာလင်းရဲ့ စကား အတိုင်းပဲပေါ့..."
"မြောက်ပင့် မနေစမ်းပါနဲ့ဗျာ..ကျုပ်က ဒီတိုင်း အမည်ခံ သပ်သပ်ပါပဲ..အသေးစိတ်ကျတော့ ခင်များကပဲ ကိုင်တွယ်ရမှာ..."
မကြာမီ အုပ်စုမှာ စွန်းဖုယွီနှင့် ကျန်သူများ အလုပ်လုပ်သော နေရာသို့ ရောက်ရှိလာခဲ့၏။
စွန်းဖုယွီ၏ ရှင်းပြပေးမှုအောက်တွင် စင်တာရှိ တစ်ချို့ပစ္စည်းများမှာ ခေတ်နောက်ကျနေပြီး အစားထိုးမှုတစ်ချို့ လုပ်သင့်ကြောင်း နားလည်လာ၏။
"မစ္စတာလင်း ဒါတွေကတော့ လက်ရှိစင်တာရဲ့ ယေဘုယျ အခြေနေပါပဲဗျ..ဘယ်လိုထင်လဲ..."စွန်းဖုယွီမေးလိုက်၏။
"ကျုပ်မှာ အများကြိး ပြောစရာ ရှိတယ်..ဒါပေမယ့် ဒီနေ့တော့ လာကြည့်ရုံသပ်သပ်ပဲဆိုတော့ ကျုပ်အတွေးတွေကို သေချာ စီစစ်ပြီးတော့ နောက်ကျမှပဲ ခင်များတို့ကို ပြောပြပေးမယ်.."
လင်းရီ ပြောလိုက်၏။
"ကောင်းပါပြီဗျ..မစ္စတာလင်းရဲ့ ဆန္ဒ အတိုင်းပါပဲ..."
"နေဦး..."
လင်းရီ ထွက်ခွာတော့မည့် အချိန်တွင် လျိုချူးမှ ဟန့်တားလိုက်၏။
"ဘာဖြစ်လို့လဲ..ဘာပြောချင်သေးတာ.."လင်းရီ မေးလိုက်သည်။
"မစ္စတာလင်း ခင်များက ဒီရဲ့ သုတေသန စင်တာကို ၀ယ်လိုက်တယ်ဆိုတော့ ဒီစင်တာရဲ့ ဘော့စ်ပါပဲ..ကျုပ်ကလည်း စင်တာရဲ့ ၀န်ထမ်း တစ်ယောက်အနေနဲ့ ပြောစရာ နည်းနည်း ရှိတယ်..."
"ကောင်းပြီလေ ပြော..ဘာပြောမှာ..."
"ဒီရဲ့ စင်တာက သူ့လမ်းကြောင်းနဲ့သူ ရှိပြီးထားဆိုတော့ ခင်များက သိပ်ပြီး ၀င်မစွက်ဖက်ဖို့ မျှော်လင့်တယ်...ကျုပ်တို့ လုပ်ချင်တာကို လုပ်ခွင့်ပေးမယ်မလား..."
လျိုချူးပြောလိုက်သည်က ကျန်သည့်သူများ ပြောချင်နေသည့် စကားများပင်။
သူတို့ ဂရုအစိုက်ဆုံးကတော့ လွတ်လပ်စွာ အလုပ်လုပ်ဖို့ပင်။ မလိုလားအပ်သည့် စည်းမျဉ်းများဖြင့် ချုပ်ချယ်ခြင်း မခံချင်ကြ။
ထိုအချိန်တွင်တော့ လူတိုင်းက လင်းရီ၏ အဖြေကို စောင့်ဆိုင်းနေကြ၏။
လင်းရီ လျိုချူးကို ကြည့်လိုက်ပြီး"ခင်များ အတန်းပညာ ဘယ်လောက်ရှိလဲ..."
လျိုချူး ခေါင်းမေ့ာ ရင်ကော့လိုက်ပြီး ဂုဏ်ယူစွာဖြင့် "ဖူတန်၊ကွန်ပျူတာနည်းပညာ PhDဘွဲ့ရ...."
"အိုး PhDလား..."
"ခင်များသာ မပြောပြရင် ကျုပ်က KG အတန်းလောက်ပဲ နေခဲ့ရတယ်လို့ ထင်မိမှာပဲ.."