အခန်း (၁၀၅)
Vol. 7 Ch. 105
"Kg တန်း...."
လင်းရီ၏ စကားလုံးများက စင်တာရှိ လူတိုင်းကို ရှော့ခ်ရသွားစေ၏။
ဘော့စ်အသစ်က ကြင်နာတတ်တဲ့ ပုံကြီးပါ ဒါပေမယ့် လူကို ဘာလို့ အဲ့လို ပြောလိုက်တာလဲဟ ..
လျိုချူး မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မကျေနပ်မှုအပြည့်ဖြင့် လက်သီးဆုပ်ကာ"မစ္စတာလင်း ခင်များက ချမ်းသာတယ်ဆိုတာ လူတိုင်း သိတယ်..ဒါပေမယ့် ကျုပ်တို့ကို တန်းတူညီမျှ ဆက်ဆံ ပေးမယ်လို့တော့ မျှော်လင့်တယ်..ကျုပ်က ဖူတန် တက္ကသလိုလ်က ဒေါက်တာဗျ..ခင်များ မြင်နေကြ ရွေ့ပြောင်း လုပ်သားတွေ မဟုတ်ဘူး..ကျုပ်ကို မစော်ကားနဲ့..."
"ငါမင်းကို စော်ကားနေတာ မဟုတ်ဘူး..."လင်းရီ ပေါ့ပါးစွာပြောဆိုလိုက်ပြီး
"ငါက မင်းတို့လောက်လည်း ပညာမတတ်တော့ ရိုးရိုးသားသား ပြောရမယ်ဆိုရင် မင်းတို့လို ပညာကောင်းကောင်း သင်ခဲ့ရတဲ့ သူတွေကို အရမ်းမနာလို ဖြစ်မိတယ်..ဒါပေမယ့် မင်းလိုမျိုး လုပ်နိုင်စွမ်းကမရှိဘဲနဲ့ စောက်တတ်ကြီး ပုံစံ လုပ်တတ်တဲ့ လူတွေကိုတော့ ငါအထင်အသေးဆုံးပဲ..."
လျိုချူး မျက်နှာပေါ်ရှိ ဒေါသထွက်နေသည့်အမူအရာမှာ ပို၍ ထင်ရှားလာပြီး "ကျုပ်က ဘာအရည်အချင်းမှ မရှိဘဲနဲ့ အာချောင်နေတယ်လို့ ထင်တယ်ပေါ့..."
"ငါက လုံရှင်းသုတေသန စင်တာကို ၀ယ်လိုက်တဲ့ ဘောစ့်ပဲ တစ်နည်း ပြောရမယ်ဆိုရင် ငါ့မှာ ဒီစင်တာကို အပြည့်အ၀ ထိန်းချုပ်ပိုင်ခွင့် ရှိတယ်....အလုပ်သမား ဖြစ်တဲ့ မင်းက ငါ့ကို ဟိုလိုလုပ် ဒီလိုလုပ် ဆိုပြီးတော့ ပြောစရာမလိုဘူး...ဟမ်ဟျောင့် မင်းက ကိုယ့်ကုယ်ကို ဘာကောင်ကြီးလို့ ထင်နေတာလဲ..."
စွန်းဖုယွီ တိတ်တဆိတ် တောက်တစ်ချက် ခေါက်မိလိုက်သည်။ ပြောခံရသည့်သူကတော့ မည်သို့ ခံစားနေရမလဲ မသိသော်လည်း ကြားနေရသည့်သူကတော့ ခံစားလို့မကောင်းပေ။
"ကျုပ်ပြောတာ အမှန်တွေကြီးပဲ..."လျိုချူး ငြင်းခုန်လိုက်ပြီး "ကျုပ်တို့ လွတ်လွတ်လပ်လပ် အလုပ်လုပ်ချင်တယ်..မဟုတ်ရင် ကျုပ်တို့ရဲ့ သုတေသန လုပ်ငန်းစဉ်တွေက ရှေ့ဆက် တိုးတက်ဖို့ ခက်ခဲ သွားမှာ..."
လျိုချူး၏ အပြုအမူက အနည်းငယ် ရိုင်းစိုင်းနေသော်လည်း ထိုအချိန်တွင်တော့ လူတိုင်း စဉ်းစားနေသည့်အရာကို သူက ကိုယ်စားပြု ပြောဆိုနေခြင်းပင်။
သူတို့ အစိုးရွံ့ဆုံးအရာမှာ ဘာမျှ မသိသည့်လူက ကျွမ်းကျင်သူများကို ဦးဆောင်နေခြင်းပင်။
"ငါ့မှာ သုတေသန လုပ်ငန်းတွေအတွက် တိကျသေချာတဲ့ အစီအစဉ်တွေ ရှိပြီးသား...တကယ်လို့ ငါက ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ထင်နေတယ်ဆိုရင်လည်း မင်းတခြားအလုပ် သွားလုပ်လို့ ရတယ်..ငါမင်းကို မတားဘူး..."
"မစ္စတာလင်း..ခင်များမှာလည်း ကိုယ်ပိုင်အစီအစဉ်တွေ ရှိမယ်ဆိုတာ ကျုပ်နားလည်တယ်..ဒါပေမယ့် ကိစ္စတွေက ခင်များထင်သလောက် မရိုးရှင်းဘူး.."
လျိုချူး ပြောလိုက်ပြီး
"ကျုပ်လက်ရှိ ကိုင်နေတဲ့ ပရောဂျက်က နောက်ဆုံးအဆင့်ကို ရောက်နေပြီ..တကယ်လို့ ကျုပ်သာ နောက်ဆုံးအခက်အခဲကို ဖြေရှင်းနိုင်သွားပြီ ဆိုတာနဲ့ ပြည်တွင်းချစ်ပ်ထုတ်လုပ်ရေး နယ်ပယ်မှာ ဆယ်နှစ်လောက် ရှေ့ကြိုရောက်သွားမှာ ..တကယ်လို့ ကျုပ်သာ ထွက်သွားလိုက်မယ်ဆိုရင် ပရောဂျက်တွေ အကုန် ရပ်တန့်သွားမှာနော်..အဲ့ခါကျ အကျိုးဆက်တွေက တိုင်းတာလို့တောင်မရဘူး..."
စွန်းဖုယွီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုနှစ်ယောက်မှာ ပထမဆုံး စတွေ့သည့်နေ့ကတည်းကပင် ရန်ဖြစ်နေကြလိမ့်မည်လို့ ထင်မထားခဲ့။
သို့သော်လည်း လျိုချူး ပြောနေသည်မှာ အမှန်ပင်။ သူနှင့် လုရင်းမှာ စင်တာရှိ အတော်ဆုံး သုတေသန ပညာရှင်များဖြစ်၏။ အကယ်၍ သူသာ ထွက်သွားမည်ဆိုပါက ပရောဂျက်အားလုံးမှာ ရပ်တန့်သွားပေလိမ့်မည်။
"ကမ္ဘာကြီးက မင်းမရှိတော့တာနဲ့ပဲ လည်တာ ရပ်သွားမယ်လို့များ ထင်နေတာလား..."လင်းရီ ပြုံး၍ မေးခွန်းထုတ်လိုက်၏။
"မဟုတ်ဘူး..ဒါပေမယ့် ကျုပ်သာမရှိဘူးဆိုရင်တော့ ပရောဂျက်ကြီးက ပြီးမြောက်နိုင်မှာ မဟုတ်ဘူး..."
လျိုချူး ပြန်လည်ချေပလိုက်သည်။
လင်းရီ စွန်းဖုယွီကု ကြည့်လိုက်ပြီး
"ဒါရိုက်တာစွန်း သူက ဘယ်ပရောဂျက်ကို ပြောနေတာလဲ..."လင်းရီ မေးလိုက်၏။
"သူပြောတဲ့ ပရောဂျက်ရဲ့ ကနေဦး အခြေနေကတော့ ပြီးပြည့်စုံသွားပြီ ဒါပေမယ့် ကျုပ်တို့ ယူနစ်ပရိုဂရမ် တစ်ခုချင်းစီတိုင်းကို ထိန်းချုပ်ဖို့လိုနေတုန်းပဲ..ကျုပ်တို့ သုတေသနပညာရှင်တွေကလည်း အဲ့ဒီနေရာကနေ ရှေ့ဆက်မတိုးနိုင်သေးဘူး..ပြီးတော့ ကျုပ်တို့ ရေးထားတဲ့ ပရိုဂရမ်တွေကလည်း ယူနစ်အကုန်လုံးကို ထိန်းချုပ်ဖို့ဆိုတာက တော်တော်လေး ခက်ခဲနေတယ်ဗျ... "စွန်းဖုယွီ ပြောပြလိုက်သည်။
"အဲ့လိုလုပ်တာက တအားကြီး ခက်ခဲနေလို့လား.."လင်းရီ မေးလိုက်၏။
"ဒါပေါ့ဗျ.."စွန်းဖုယွီ သေချာနေသည့် လေသံဖြင့် ပြောလိုက်ပြီး "အဲ့ဒါက ချစ်ပ်သုတေသနမှာ အရေးကြီးဆုံးခြေလှမ်းပဲ..ကျုပ်တို့မှ မဟုတ်ဘူး တခြား ချစ်သုတေသန နယ်ပယ်က ပညာရှင်တွေလည်း ထို့အတူပဲ ...ဒီအပိုင်းရောက်တာနဲ့ ရှေ့ဆက်တိုးဖို့ရာ အရမ်းခက်ခဲသွားပြီ ..."
"အဲ့တာဆို ကျွန်တော်လုပ်မယ်..."လင်းရီ ဘာမဟုတ်သည့်လေသံဖြင့် ပြောလိုက်လေသည်။
"ဘာ...ခင်များက လုပ်မယ်..."
သုတေသန စင်တာထဲရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ မည်သူကမျှ လင်းရီ ထိုသို့ ပြောလာလိမ့်မည်လို့ မျှော်လင့်မထားကြ။
နာမည်ကြီး တက္ကသိုလ်မှ ဘွဲ့ရလာခဲ့သည့် သူတို့လို သိပ္ပံသုတေသန ပညာရှင်တွေတောင်မှ ခက်ခဲ့သည့်အရာကို ဘာမျှ မသိသည့် ဒုတိယမျိုးဆက် သခင်လေးတစ်ယောက်က လုပ်မည်ဟု ဆိုလာတော့ သူတို့ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
အောင်မြင်ဖို့ အခွင့်ရေးကတော့ မရှိသလောက်ပဲ...
အခြားသူများ ဘာတွေးနေသည်ကို လင်းရီ မသိသော်လည်း ထိုပရောဂျက်နှင့် ပတ်သက်၍တော့ လင်းရီ ယုံကြည်ချက် အပြည့်ရှိသည်။
သူ၏ စိတ်ထဲတွင် ချစ်ပ်များ၏ ဖန်တီးရှင် Jack Kirby၏ မှတ်ဉာဏ်များကို ရရှိထားသောကြောင့် ချစ်ပ်တစ်ခုလုံး၏ အလုပ်လုပ်ပုံကို ကောင်းစွာ နားလည်ထား၏။ ထို့ကြောင့် ထိုကိစ္စမှာ သူ့အတွက် ဘာမျှ မခက်ခဲချေ။
လုရင်း အံ့အားသင့်သွားသည်။
ဒါရိုက်တာ အသစ်က ယုံကြည်ချက် အပြည့်နဲ့ပါလား..
သူက တကယ်ကြီး အသေးစိတ်ကျတဲ့ ပရိုဂရမ်ကို တစ်ယောက်တည်း ရေးပြတော့မယ်ပေါ့...
ဒီအလုပ်က သာမန်လူတွေ လုပ်နိုင်တဲ့ အလုပ် မဟုတ်ဘူးလေ...
"မစ္စတာလင်း ဘယ်ကနေဘွဲ့ရခဲ့လဲဆိုတာ ကျွန်တော် သိလို့ရမလားဗျ..."စွန်းဖုယွီ လေးစားသမှုဖြင့် မေးလိုက်၏။
"ကျုပ်က ကျိုးဟိုင် သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် မားကတ်တင်း ဌာနက ဘွဲ့မရသေးတဲ့ ကျောင်းသား.."
ဖူး....
လင်းရီ၏ ဘွဲ့ ဒီဂရီကို ကြားတော့ စွန်းဖုယွီ သွေးအန်မိသွားသည်။
ဒီကောင် ဘာတွေ လာစားနေတာလဲဟ.....
Third-rate တက္ကသိုလ်က ဘွဲ့မရသေးတဲ့ သူက ချစ်ပ်အတွက် ပရိုဂရမ် ရေးမယ်တဲ့လား..ပြီးတော့ ယူထားတဲ့ မေဂျာကလည်း မားကတ်တင်းတဲ့...
ဒီလိုလုပ်ဖို့ဆို ဘယ်လောက်တောင် သောက်ထားလို့လဲ...
ထိုအရာက စွန်းဖုယွီ၏ အတွေးသပ်သပ်ပင်။ အပြင်သို့ ထုတ်မပြောချေ။
မည်သို့ပင် ဆိုစေ လင်းရီမှာ သူ၏ဘော့စ်ဖြစ်၏။ ထို့ကြောင့် မျက်နှာ အနည်းငယ်တော့ ပေးသင့်ပေသည်။
"ဘာဖြစ်လို့လဲ..."လင်းရီ ပြောလိုက်ပြီး "ကျိုးဟိုင် နည်းပညာ တက္ကသိုလ်က ကျောင်းကောင်း ဟုတ်ချင်မှ ဟုတ်မယ်..ဒါပေမယ့် မားကတ်တင်း မေဂျာက ကျောင်းသားတွေကတော့ ပရိုဂရမ်းမင်းမှာ ဆရာကြီးတွေနော်..ကျုပ်တို့ကို အထင်မသေးနဲ့..."
လုံရှင်း သုတေသန စင်တာမှ လူများအားလုံး ဆွံ့အသွားကြသည်။
ညီကို မင်းက သောက်ရမ်းကျွမ်းတဲ့ ဂရိုဂရမ်မာ ဆိုရင်တောင်မှ ယူထားတဲ့မေဂျာက မားကတ်တင်းကြီးလေကွာ..
ဒီမှာ PhD ဘွဲ့ရတဲ့သူတွေ အများကြီး ရှိနေတာတောင်မှ မဖြေရှင်းနိုင်တာ ..ခင်များလက်နဲ့ ပြဿနာဖြေရှင်းချင်နေတာလား..ပြဿနာ ရှာချင်နေတာလား ဒါမှမဟုတ် ငါတို့ အချိန်ကို လာဖြုန်းနေတာလားတော့ မသိဘူး...
ဒီလိုလူရဲ့ လက်အောက်မှာရှိတဲ့ သုတေသန တွေကတော့ အနာဂတ်မှာ ဖွံ့ဖြိုးမှာ မဟုတ်တော့ဘူး...
သူတို့ ဒီ့မတိုင်ခင်က မျှော်လင့်ချက် မီးပွားလေး ရရှိလိုက်သော်လည်း ယခုလို ဖြစ်လာလိမ့်မည်လို့တော့ ထင်မှတ်မထားကြချေ။
အခြေနေတွေက တော်တော် ဆိုးဆိုးရွားရွားကြီးပဲ...
"မစ္စတာလင်း ကျွန်တော်တို့က ခင်များကို အထင်သေးနေကြတာမဟုတ်ပါဘူးဗျ..မစ္စတာလင်းက စမ်းကြည့်ချက်တယ်ဆိုလည်း စမ်းကြည့်လို့ရပါတယ်..."စွန်းဖုယွီ သူ့နှဖူးပေါ်ရှိ ချွေးအေးများကိုသုတ်ရင်း ပြန်ဖြေလိုက်၏။
"ခင်များတို့ ခုလက်ရှိ သုတေသနလုပ်နေတဲ့ ပရောဂျက်ရဲ့ အခြေခံအချက်လက်တွေကို ကော်ပီကူးပေးစမ်းပါ...ဘာအမှားတွေ ရှိလဲလို့ တစ်ချက် ကြည့်ကြည့်ဦးမယ်..."
လျိုချူးကတော့ အထင်သေးမှုများ အပြည့်ပင်။
ဒီအခြေနေထိ ရောက်လာတာတောင်မှ လေကတော့ တစ်စက်မှ မလျော့ဘူးပေါ့...
မင်းသေလောက်အောင် ကြိုးစားရင်တောင်မှ ခုလုပ်နေတဲ့ ပရောဂျက်ကို နားလည်မှာ မဟုတ်ဘူး..အဲ့မှာ ဟန်ဆောင်နေလိုက်...
"လုလေး..မင်းနဲ့ လျိုချူးက လက်ရှိ ပရောဂျက်ရဲ့ တာ၀န်ရှိသူတွေမလား..အခြေခံ အချက်လက်တွေကို မစ္စတာလင်း ကြည့်လို့ရအောင် ယူလာခဲ့ပေးလိုက်..."
"နားလည်ပါပြီ..."
လုရင်း ဖိုင်များ သိမ်းထားသည့် အခန်းထဲသို့ သွား၍ စာရွက်စာတမ်း တစ်ချို့နှင့် USB ဒရိုက်များကို ယူလာပြီး လင်းရီ လက်ထဲသို့ ကမ်းပေးလိုက်သည်။
"ဒါရိုက်တာလင်း ဒါတွေက ပရောဂျက်ရဲ့ အခြေခံ အချက်လက်တွေပါရှင့် ..နားမလည်တာရှိရင် ကျွန်မကို မေးလို့ရပါတယ်.."
လင်းရီ ပြုံးလိုက်ပြီး "ငါနားမလည်ဘူးလို့ မင်းက ထင်နေတာလား..."
"အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး.."လုရင်းပြောလိုက်ပြီး "ဒါရိုက်တာရဲ့ မေဂျာက ဒါတွေနဲ့ ဘာမှ မဆိုင်တော့ မရင်းနှီးနေရင် နားမလည်နေမှာ စိုးလို့ပါ..."
"ကြည့်ရတာ မင်းတို့ကောင်တွေက ငါ့ကို မယုံကြည်ကြတဲ့ပုံပဲ.."လင်းရီ လုရင်းကို ပြောလိုက်ပြီး"မင်းမကျေနပ်တာရှိရင် ငါ့ကို ပြောလို့ရတယ်နော်..
"မဟုတ်ပါဘူးရှင်..."လုရင်း ပြောလိုက်ပြီး "ဒါရိုက်တာလင်းက အထင်လွဲနေပြန်ပါပြီ..."
"ဘာမှ ဖြစ်ဘူး..မကျေနပ်ရင်ယုံကြည်ချက်အပြည့်နဲ့သာ ပြောချလိုက်..ငါဘာမှ မလုပ်ဘူး"
ထို့နောက်လင်းရီ အခြေခံ အချက်လက် တစ်ချို့ကို ကြည့်၍ မှတ်မိအောင် လုပ်လိုက်သည်။
ကျန်တာကတော့ အလုပ်စလုပ်ရန်ပင်။
မျှော်လင့်မထားသည့် ကိစ္စများသာ ဖြစ်မလာပါက ပရောဂျက်ကို ပြီးစီးအောင်လုပ်ရန် အချိန်သုံးနာရီခန့် ကြာမြင့်ပေမည်။
လင်းရီ ပရိုဂရမ်ရေးသည့် ဆော့ဖ်ဝဲများ ဖွင့်လိုက်သည်ကို မြင်တော့ လျိုချူး ပြုံးလိုက်ပြီး "မစ္စတာလင်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ မားကတ်တင်း ကျောင်းသားဆိုပေမယ့် ပရိုဂရမ်းမင်းဆော့ဖ်ဝဲတွေလည်း သုံးတတ်တယ်ပေါ့ ရှားမှရှားပဲဗျို့ ကျုပ်မစ္စတာလင်းကို လက်ခုပ်တီးပြီး ဂုဏ်ပြုပါရစေ။"