နတ်ဘုရား ပုံရိပ်သဖွယ်
Vol. 8 Ch. 106
လင်းရီ ပြုံးလိုက်ပြီး "လူတိုင်းကို မင်းလို ဘွဲ့သာရထားပြီးတော့ ဘာမှ သုံးစားမရတဲ့ကောင်လို့ ထင်နေတာလား..."
"မစ္စတာလင်း ခင်များ ပြဿနာကို သေချာဖြေရှင်းသင့်တယ်လို့ ထင်တယ်နော...အဲ့ဒီမှာပဲ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးလို လုပ်ပြီး ထိုင်မနေနဲ့..တကယ်လို့သာ မဖြေရှင်းနိုင်ဘူးဆိုရင် ရှက်စရာကြီး .."
"ဒါပေါ့..ဒီအခြေနေထိတောင် ရောက်လာပြီးမှတော့ တစ်ခုခုတော့ လုပ်သင့်တာပေါ့..."
လုရင်းကတော့ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
လင်းရီတွင် ထိုပြဿနာကိုဖြေရှင်းနိုင်မည့် စွမ်းရည် ရှိလိမ့်မည် မဟုတ်ဟု ထင်နေ၏။
ချိုင်းနားရှိ ထိပ်တန်း သုတေသန ပညာရှင်များကပင်ထိုပြဿနာကို မဖြေရှင်းနိုင်မှတော့ မားကတ်တင်း မေဂျာမှ ကျောင်းသားလေးက မည်ကဲ့သို့ ဖြေရှင်းနိုင်လိမ့်မည်နည်း။
သိလျက်ကြီးနဲ့ သူက ဘာလို့ စမ်းကြည့်ချင်နေသေးတာလဲတဲ့...
မရရင် သူပဲ အရှက်ရမှာ မဟုတ်ဘူးလား..
ဘာလို့ အဲ့လို လုပ်ချင်နေပါလိမ့်.
တောက် တောက် တောက်
လင်းရီ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် မိုးရေစက်များကဲ့သို့ ကျဆင်းသွားပြီး ပရိုဂရမ် ကုတ် ရောင်စုံ စာလုံးများမှာ ကွန်ပျူတာ စခရင်ပေါ်တွင် ထွက်ပေါ်လာတော့၏။
ပထမတော့ စင်တာရှိ လူတိုင်းမှာ ပြပွဲတစ်ခု ကြည့်နေသကဲ့သို့ကြည့်နေကြသည်။ မားကတ်တင်း လေ့လာသည့်ကျောင်းသားက မိုက်ခရိုချစ်ပ်များအကြောင်း သိနိုင်မည်နည်း။
သို့သော်လည်း မကြာမီ တစ်ခုခု မူမမှန်ကြောင်း သတိထားမိသွားသည်။
လင်းရီ ရိုက်ထည့်နေသည်မှာ အသုံးမ၀င်သည့် ကုတ်များ မဟုတ်ချေ။ ယူနစ်ကို ထိန်းချုပ်သည့် ပရိုဂရမ် ကုတ်များပင်။
ပိုပြီးအံ့ဩဖို့ကောင်းသည်မှာတော့ လင်းရီ ရေးသားသည့်ကုတ်များမှာ ရင်းနှီးနေပြီး ပို၍ ဖတ်ရလွယ်ကူစေသည်။
တူပုံပေါ်နေသော်လည်း သူတို့ ယခင်က ရေးသားထားသည့် ကုတ်ပုံစံများနှင့်တော့ မတူညီချေ။
ဘွင်းဘွင်းရှင်းရှင်းပြောရမည်ဆိုပါက အနည်းငယ်သာ တူညီလေသည်။ အနီးကပ်ကြည့်မည်ဆိုပါက လင်းရီ ရေးသားသော ကုတ်များက လုံး၀ ကွဲပြား နေကြောင်း သတိပြုမိပေလိမ့်မည်။
သူတို့ အရင်က စိတ်ကူးထားသည်နှင့် လုံး၀ ကွဲပြားနေလေသည်။
လင်းရီမှာ လုံး၀ မတူညီတော့သည့် လူတစ်ယောက်အသွင် ဖြစ်နေ၏။
"မစ္စတာလင်း ခင်များ ရေးထားတဲ့ ကုတ်က..."စွန်းဖုယွီ လေးနက်စွာဖြင့် မေးမြန်းလိုက်သည်။
"ခင်များတို့ ဘာလို့ ယူနစ်ပရိုဂရမ်ကို မထိန်းချုပ်နိုင်တာလဲဆိုတော့ ခင်များတို့ ရေးထားတဲ့ ကတ်မှာ error တွေ ပါနေလို့ပဲ.."လင်းရီ ပြောလိုက်ပြီး "အခု ကျုပ်ကုတ်အသစ်ကို ရေးထားလိုက်ပြီ ..နောက်လိုရင်လည်း သုံးရအောင် သိမ်းထားလိုက် အဲ့လိုဆို ကြန့်ကြာနေမှာ မဟုတ်တော့ဘူး..."
"ပြီးတော့ DFT, Floorplan,CTS, parasitic parameter sတွေမှာလည်း error တွေက အများကြီးပဲ..ခု ပြင်ပေးပြီးသွားပြီဆိုတော့ ရှိတော့မှာတော့ မဟုတ်တော့ဘူး.."
အားလုံး ကြက်ေ-သေ-သသွားပြီး အံ့ဩသွားကြသည်။
လင်းရီ ချစ်ပ်နှင့် ပတ်သက်၍ အရမ်းကျွမ်းကျင်နေလိမ့်မည်လို့ မည်သူကမျှ ထင်မထားကြ။
ထို အရည်အချင်းမှာ သူတို့၌ပင် မရှိသော စွမ်းရည်ဖြစ်၏။
လုရင်း၏ မျက်လုံးများကတော့ ပြူးကျယ်သွားပြီး တက်ကြွမှုများ ပြည့်နှက်လာသည်။
သူမ ကြည့်နေသော ကုတ်များမှာ သူမ၏ မျက်လုံးထဲတွင်တော့ အချစ်၏ သင်္ကေတ နှင်းဆီပန်းများထက်ပင် ဆွဲဆောင်မှု ရှိနေလေသည်။
သို့သော်လည်း ပိုပြီး ဆွဲဆောင်နေတာက ကွန်ပျူတာရှေ့၌ ထိုင်နေသော လူငယ်လေးပင်။
ဖြစ်နိုင်တာက သူ သုတေသန စင်တာကို ၀ယ်လိုက်တာက သူ့နှလုံးသား ဆန္ဒအရလား...
မသိလိုက် မသိစွာဖြင့် လုရင်း၏ စိတ်ထဲတွင်တော့ လင်းရီ၏ ပုံရိပ်မှာ ကြီးသထက် ကြီးမားလာပြီး အဆုံးမရှိ ဆွဲဆောင်မှုများနှင့် ပြည့်နှက်သွားသည်။
သုံးနာရီကြာပြီးနောက် လင်းရီ၏ လုပ်ဆောင်ချက်များမှာ လူတိုင်းကို မှင်တက်သွားစေ၏။
သူတို့အတွက် ကမ္ဘာသစ်တံခါးတစ်ချပ် ဖွင့်ပေးလိုက်သကဲ့သို့ပင်။
ယေရှု သူတို့ထံ ဆင်းသက်လာ၍ ဉာဏ်အလင်း ဖွင့်ပေးလိုက်သကဲ့သို့ ခံစားနေရ၏။
ထိုအချိန်အတွင်း လူတိုင်း ကုတ်လေးတစ်ကြောင်း လွတ်သွားမည်စိုး၍ အိမ်သာသွားဖို့ပင် မေ့လျော့နေကြသည်။
သူတို့အတွက်တော့ ကုတ်လေးတစ်ကြောင်း လွတ်သွားသည်ကပင် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်၏။
"ဟူး...."
လင်းရီ လေတစ်ချက် မှုတ်ထုတ်လိုက်ပြီး "အားလုံးပြီးသွားပြီ..ငါမင်းတို့အတွက် ဖောင်ဒေးရှင်း အခိုင်အမာ ချပေးပြီးသွားပြီ ကျန်တာ ကတော့ ကိုယ့်ဘာကိုယ် ကြည့်လုပ်လိုက်ကြတော့..."
"မစ္စတာလင်း ကုတ်ကို တစ်ချက် ပြန်မစစ်ဆေးကြည့်တော့ဘူးလား..."စွန်းဖုယွီ မေးမြန်းလိုက်၏။
ကုတ်ရေးခြင်းမှာ တစ်နည်းအားဖြင့်ဆိုသော် စာတမ်းရေးသားသည်နှင့် အတူတူပင်။ errorများ ထွက်ပေါ်လာစေရန် လွယ်ကူ၏။ ထို့ကြောင့် နောက်ဆုံးတွင် အစဉ်အမြဲ စစ်ဆေးကြရသည်။
"မလိုဘူး..ခင်များတို့ စမ်းသုံးကြည့်ရင် သိလမ့်မယ်.."
လင်းရီ ပြောလိုက်၏။
စွန်းဖုယွီ လင်းရီ ရေးသားထားသော ကုတ်ကို ထိန်းချုပ်သည့် ယူနစ်ဖြင့် ပေါင်းစပ်လိုက်သောအခါ မည်သည့် error မျှ တက်မလာခဲ့။
ထို့ပြင် ပရိုဂရမ်မှာလည်း အပြစ်အနာဆာမရှိ အလုပ်လုပ်နေလေသည်။
ဟစ်....
ထိုမြင်ကွင်းကိုမြင်တော့ စင်တာရှိလူတိုင်း လေအေးများ ရှုရှိုက်လိုက်မိကြသည်။
သူတို့ရှေ့မှာ ရှိတဲ့ လူက လုံး၀ ဂျီးနီးယပ်စ်ပဲ...
သူတို့ သုံးနှစ်လောက် လုပ်ရမယ့် ပရောဂျက်ကြီးကို သုံးနာရီနဲ့ အပြီးရေးပြသွားတယ်ပေါ့...
ငိုးပဲ..ဒါ ပြိုင်စံရှား ပါရမီရှင်ပဲကွ...
"ဘာပြဿနာမှ မရှိဘူး ဟုတ်တယ်မလား..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်သည်။
"ဒါပေါ့ ဒါပေါ့ဗျ ..ကုတ်က လုံး၀ ပါဖက်ပဲ..ကျုပ်တို့ နောက်ထပ် ဘာလုပ်ရမလဲဆိုတာ နားလည်သွားပြီ.."
စွန်းဖုယွီ ပြောလိုက်ရင်း သူ၏ မျက်လုံးထဲရှိ တောက်ပမှုများကိုတော့ ဖုံးမကွယ်နိုင်ခဲ့ချေ။
လုရင်းလည်း လင်းရီကို ရှော့ခ်ရစွာဖြင့် ကြည့်လိုက်မိသည်။
ဒီလူက လုံး၀ အမေးဇင်းပဲ...
ဘွဲ့ကလည်း မရသေးဘူး..ယူထားတဲ့မေဂျာကလည်း ခုဟာနဲ့ ဘာမှ မဆိုင်ဘူး..
သူမကတော့ နာမည်ကြီး တက္ကသိုလ်ကနေ PhD ရခဲ့တာတောင်မှ သူနဲ့ယှဉ်ရင် အများကြီး အလှမ်းဝေးနေသေး၏။
လင်းရီ ခေါင်းမော့၍ လျိုချူးကို ကြည့်လိုက်ပြီး "မင်းက ဒီပရောဂျက်ရဲ့ တာ၀န်ခံမလား..ခုငါက ဒီပရောဂျက်ကို အဆုံးသတ်လိုက်ပြီဆိုတော့ မင်းလိုကောင်မျိုးကိုလည်း မလိုအပ်တော့ဘူး..တံခါးက နောက်နားလေးတင်ပဲ..ကိုယ့်ဘာကိုယ် ဖွင့်ပြီး ထွက်သွားလိုက်တော့... "
"မစ္စတာလင်း ကျုပ်တောင်းပန်ပါတယ်ဗျာ..ကျုပ်ခင်များကို အထင်မသေးသင့်ခဲ့ဘူး..."
လျိုချူး သူ၏ မျက်လုံးများဖြင့် လင်းရီ၏ အရည်အချင်းများကို မြင်ပြီးနောက် လုံး၀ အထင်ကြီးနေလေသည်။
အကယ်၍ သူသာ စင်တာ၌ ဆက်နေပါက နိုင်ငံတွင်း ချစ်ပ်ထုတ်လုပ်သည့် နယ်ပယ်မှာ လင်းရီ ရေးထားသည့် ကုတ်များဖြင့် မတိုင်းအဆမရှိ ကြီးထွားလာမည်မှာ ဧကန်မုချပင်။
လင်းရီသာ ဒီမှာ ရှိနေသရွေ့ ဒီနယ်ပယ်ရဲ့ ခေါင်းဆောင်ကြီးဖြစ်လာမှာပဲမလား...
ထိုအခါ ဤနယ်ပယ်ရှိ လျိုချူး၏ ရာထူးမှာလည်း အတိုင်းအစမရှိ ကြီးထွားလာပေလိမ့်မည်။
သို့သော်လည်း လျိုချူးသာ ထွက်သွားရမည်ဆိုပါက အရာအားလုံးမှာ ပျက်စီးသွားပေလိမ့်မည်။
"ငါက သဘောထား သေးသိမ်တဲ့ကောင်မဟုတ်ဘူ..အဲ့လို အသေးမွှားလေးတွေလောက်နဲ့တော့ စိတ်မဆိုးတတ်ဘူး..ဒီတိုင်း မင်းရဲ့ အရည်အချင်းက ဒီလိုအလုပ်မျိုး လုပ်ဖို့ မပြည့်မှီလို့ပဲ...ကိုယ့်အထုပ်ကို ဆွဲပြီးတော့ ထွက်သွားလိုက်တော့..."
"ဟုတ် ဟုတ်ကဲ့ပါဗျ..."
လင်းရီ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်တော့ လျိုချူး ခေါင်ငိုက်စိုက်ချ၍ သုတေသန စင်တာမှ ထွက်သွားလိုက်တော့သည်။
လင်းရီ ကျန်နေသည့်သူများကို ကြည့်လိုက်ပြီး "ငါလုပ်သင့်တာတွေကိုတော့ လုပ်ပြီး သွားပြီ ..ကျန်တာကိုတော့ ခင်များတို့ဆီပဲ လွှဲထားခဲ့လိုက်တော့မယ်"
"အိုး ဟုတ်သားပဲ..ဒီက ပစ္စည်းတွေက တော်တော်လေး ဟောင်းနေပြီ စာရင်းတစ်ခု လုပ်ထားလိုက် အသစ် အစားထိုးလို့ရအောင်..."
"အသစ်တွေနဲ့ အစားထိုးမယ်..."
စွန်းဖုယွီ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး "မစ္စတာလင်း ရိုးရိုးသားသား ပြောရမယ်ဆိုရင် ဒီက ပစ္စည်းတွေ အားလုံး နီးပါးက ဒိတ်အောက်နေပြီ..အားလုံးကို အသစ်နဲ့ လဲမယ်ဆိုရင် အနည်းဆုံး သန်း၃၀လောက်တော့ ကျမှာနော်..အဲ့တာက နည်းတဲ့ ပမာဏတော့ မဟုတ်ဘူးဗျ...."
"ကျုပ် ခင်များကို သန်း ၅၀ လွှဲပေးလိုက်မယ်.. ခင်များတို့ တစ်ယောက်ချင်းစီတိုင်း ဘောနပ်စ် ၅ သိန်း ခွဲယူလိုက်..ပြီးတော့ အကောင်းဆုံးပစ္စည်းတွေကိုပဲ ၀ယ်.ကျန်တာကိုတော့ သုတေသန ရန်ပုံငွေ အဖြစ် ထားထားလိုက်ပေါ့...ကုန်သွားရင်လည်း ကျွန်တော့်ကို ထပ်ပြော.."
လူတိုင်း လင်းရီကို တောက်လောင်နေသော အကြည့်များဖြင့် ကြည့်မိလိုက်ကြသည်။
သူတို့ အနည်းငယ် ရှက်သလိုတောင် ခံစားမိသွားသည်။ အစက သူတို့ ထင်နေသည်မှာ ဘော့စ်အသစ်က မရင့်ကျက်သေးသည့် ကောင်လေးတစ်ယောက်ဟု ထင်နေသော်လည်း သူတို့ထက် အများကြီး အစွမ်းထက်သည့် နတ်ဘုရားသဖွယ် လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထို့ပြင် သုတေသနစင်တာကိုလည်း ထောက်ပံ့ဖို့ ငွေပမာဏ မြောက်များစွာကိုပင် လက်မတွန့်ပဲ ထုတ်ပေးလိုက်သေး၏။ သူတို့ကသာ လင်းရီကို အထင်လွဲနေကြခြင်းပင်။
"စင်တာက အဖွဲ့၀င်တွေကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်ပါရစေ မစ္စတာလင်းရဲ့ယံုကြည်မှုတွေကို အလဟဿ မဖြစ်စေရပါဘူး..."
လင်းရီ ခေါင်းညိမ့်၍ စင်တာ အပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။
ထိုအချိန်တွင် လုရင်း သူ့နောက်သို့ ပြေးလိုက်လာပြီး "ဒါရိုက်တာလင်း..ခဏလောက် စောင့်ပါဦးရှင့်...."